22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, October 10, 2012

ပါကစ္စတန်မှာ မိန်းခလေး အခွင့်အရေး တိုက်ပွဲဝင်သူ ၉ တန်းကျောင်းသူလေးကို သစ္စာဖောက်ဆိုပြီး တာလီဘန်က သေနတ်နဲ့ ပစ်ခတ်



မိန်းခလေး အခွင့်အရေးတွေအတွက်
 လှုပ်ရှားပေးလို့ နိုင်ငံတကာက လှိုက်
လှိုက်လှဲလှဲ အားပေးထောက်ခံမှုကို
ရရှိထားတဲ့ ၁၄ နှစ်အရွယ် ပါကစ္စတန်
ကျောင်းသူလေးကို တာလီဘန်တွေက ပစ်ခတ်သတ်ဖြတ်ရာမှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားပါတယ်။


ကိုးတန်းကျောင်းသူလေး မာလာလာ ယူဆက်ဖ်ဇာအိ (Malala Yousafzai) ဟာ ကျောင်းကားစီးပြီး ပြန်လာချိန်မှာ မျက်နှာဖုံးစွပ်ထားတဲ့ တာလီဘန် နှစ်ဦးအနက် တဦးက ကားကို တားပါတယ်။ ကားမောင်းသူက ကားကို အတင်းမောင်းပြေးပေမယ့် လူသတ်သမားတဦးက ဘတ်စ်ကားနောက်ပေါက်ကနေ အတင်းတက်လာပြီး မာလာလာရဲ့ နာမည်ကို မေးရင်း ဦးခေါင်းကို ပစ္စတိုသေနတ်နဲ့ ချိန်ရွယ် ပစ်ခတ်ပါတော့တယ်။
ခုနှစ်တန်း ကျောင်းသူလေးတဦးလည်း ခြေထောက်မှာ သေနတ်ထိမှန်ခဲ့ရပါသေးတယ်။

ကျောင်းသူလေး မာလာလာဟာ စာတတ်မြောက်ရေးနဲ့ ငြိမ်းချမ်းရေးကို မြှင့်တင်ပေးသူ ဖြစ်ပါတယ်။ အကြမ်းဖက် သတ်ဖြတ်နေတာတွေကြောင့် စိတ်ပျက်နေရတဲ့ ပါကစ္စတန်နိုင်ငံမှာ နိုင်ငံသားတွေ စာတတ်လာကြဖို့၊ ငြိမ်းချမ်းစွာ နေနိုင်ကြဖို့ဟာ မျှော်လင့်ချက်ပါ။ ဒါကြောင့်လည်း ၂ဝ၁၁ ခုနှစ်မှာ ပါကစ္စတန် အစိုးရက ကျောင်းသူလေး မာလာလာကို အမျိုးသားငြိမ်းချမ်းရေဆု နဲ့ ရူပီးငွေ တသန်း ချီးမြှင့်ဂုဏ်ပြုခဲ့ပါတယ်။

အစ္စလမ်ဘာသာရဲ့ အခြေခံဝါဒ (fundamentalism) က တစတစ ကြီးမားကျယ်ပြန့်လာနေချိန်မှာ မိန်းခလေးတွေရဲ ပညာသင်ကြားပိုင်ခွင့်အတွက် ကျောင်းသူလေး မာလာလာက ရဲရဲဝန့်ဝန့် တောင်းဆိုပေးလျက်ရှိပါတယ်။ သူဟာ ဒတ်ခ်ျ အဖွဲ့အစည်းတခုက မနှစ်က ကျင်းပတဲ့ နိုင်ငံတကာ ခလေးများ ငြိမ်းချမ်းရေးဆုအတွက် နောက်ဆုံး ဆန်ကာတင်အဆင့်ထိ ရောက်ခဲ့သူ ဖြစ်ပါတယ်။



တာလီဘန်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအကြောင်းကို မာလာလာဟာ ၂ဝဝ၉ ခုနှစ်မှာ ကလောင် နာမည်တခုနဲ့ ဘီဘီစီ အူရဒူဘာသာ အသံလွှင့်ကဏ္ဍမှာ နေ့စဉ် မှတ်တမ်း ရေးသားချိန်မှာ သူ့ကို သတိပြုလာကြပါတယ်။ သူဟာ ပါကစ္စတန်နိုင်ငံ အနောက်မြောက်ဖက် Swat ချိုင့်ဝှမ်းဒေသက မင်ဂိုရာမြို့မှာ နေထိုင်ပါတယ်။

အဲဒီဒေသနဲ့ လူမျိုးစုဒေသတွေမှာ တာလီဘန်သူပုန်တွေ ကြီးစိုးထားပြီး ပြင်းထန်လွန်းတဲ့ အစ္စလမ်ဥပဒေကို ပြဋ္ဌာန်းကျင့်သုံးပါတယ်။ ကျောင်းပေါင်း ရာပေါင်းများစွာကို ဗုံးခွဲတိုက်ခိုက်ပါတယ်။ အများစုက မိန်းခလေးကျောင်းတွေ ဖြစ်ပါတယ်။ ဘယ်သူမှ စာမတတ်နိုင်အောင် နှိပ်ကွပ်ထားတဲ့ ရည်ရွယ်ချက်ပါပဲ။ ဒီလိုမျိုး အကြမ်းဖက်မှုတွေ ပြင်းထန်ဆိုးဝါးလာတာ ၂ နှစ်လောက် ကြာလာတော့ အဲဒီဒေသကို စစ်တပ်က အကြီးအကျယ် ဝင်ရောက် နှိမ်နှင်းယူခဲ့ရပါတယ်။ အဲဒါကတော့ ၂ဝဝ၉ ခုနှစ်တုန်းကပါ။ ပါကစ္စတန် တာလီဘန်တွေဟာ အာဖဂန်နစ္စတန် အရှေ့ဘက် နယ်စပ်ဒေသတွေဆီကို ဆုတ်ခွာ ထွက်ပြေးခဲ့ကြပါတယ်။

နောက်ပိုင်းမှာ တော်တော်လေး ငြိမ်းချမ်းသွားပါတယ်။ ပါကစ္စတန်ရဲ့ ဆွစ်ဇာလန်လို့ တင်စားရလောက်အောင် ရှုခင်းလှပတဲ့ အဲဒီဒေသကို လာရောက်ကြည့်ရှုသူတွေ ရှိလာခဲ့ပါတယ်။ စစ်တပ်ကလည်း အားပေး စောင့်ရှောက်ထားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်တုန်းက ပွဲတော်တခုကိုတောင် စစ်တပ်က တာဝန်ယူ ကျင်းပပေးလိုက်ပါသေးတယ်။ ဒါပေမယ့် မနေ့က ဖြစ်သွားတဲ့ ဒီလို တိုက်ခိုက်မှုကိုကြည့်ရင် တာလီဘန်တွေဟာ စိမ့်ဝင်လာနိုင်သေးတာကို သက်သေခံနေပါတယ်။

ဒီလိုတိုက်ခိုက်မှုအတွက် ပါကစ္စတန် တာလီဘန်အဖွဲ့က သူတို့လုပ်တာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။ စစ်သွေးကြွ အုပ်စုတစုဟာ ကျောင်းသူလေး မာလာလာကို ပစ်မှတ်ထားခဲ့ရတာကတော့ သူဟာ မူဆလင်အကြောင်း အပျက်သဘော ဝါဒဖြန့်နေတာကြာင့် ဖြစ်တယ်လို့ ပါကစ္စတန် တာလီဘန်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက မီဒီယာကို ခေါ်ဆိုပြောပြသွားပါတယ်။ မာလာလာဟာ အမေရိကန်သမ္မတ အိုဘားမားကို အတုယူဖွယ်ရာ စံပြခေါင်းဆောင် လို့ သဘောထားနေသူဖြစ်ပြီး ရိုင်းစိုင်းယုတ်မာတဲ့ သစ္စာဖောက်တွေအတိုင်း လုပ်နေတာကြောင့် သူ အသက်ရှင်နေဦးမယ် ဆိုရင်လည်း တာလီဘန်တွေက လိုက်သတ်နေဦးမှာ ဖြစ်တယ်လို့ ဆက်ပြောပါတယ်။

ပါကစ္စတန် နိုင်ငံရေးသမားတွေက ပါကစ္စတန် တာလီဘန်တွေရဲ့ အခုလို တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချလိုက်ကြပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Victoria Nuland က ဒီလိုတိုက်ခိုက်မှုဟာ လွန်လွန်းအားကြီးတဲ့ ရက်စက်မှုဖြစ်ပြီး သူရဲဘောကြောင်တဲ့လုပ်ရပ် ဖြစ်တယ်လို့ ရှုတ်ချဝေဖန်သွားပါတယ်။

မာလာလာကို ပက်ရှာဝါမှာရှိတဲ့ စစ်ဆေးရုံကို ဟယ်လီကော့ပတာနဲ့ ပို့ဆောင်ပြီး ကုသပေးလျက်ရှိပါတယ်။ ကျည်ဆန်ဟာ ဦးခေါင်းပိုင်းမှာရှိတဲ့ ကျောရိုးမ (spine) ထဲမှာ နစ်မြှုပ်နေပါတယ်။ ဦးခေါင်းခွံ ယောင်ရမ်းနေသေးတာကြောင့် ဆရာဝန်တွေက ချက်ချင်း ကုသခွဲစိတ်တာ မလုပ်နိုင်သေးဘဲ ဖြစ်နေပါတယ်။

လိုအပ်ရင် နိုင်ငံခြားမှာ ဆေးကုပေးသွားမှာ ဖြစ်တယ်လို့ ပါကစ္စတန်သမ္မတ ဇာဒါရီက ပြောဆိုလိုက်ပါတယ်။



အမျိုးသား လူငယ် ငြိမ်းချမ်းရေးဆုကို သမ္မတက ချီးမြှင့်စဉ် .. Photograph: EPA

ပါကစ္စတန် ဝန်ကြီးချုပ် အာ့ရ်ရာဖ် (Raja Pervez Ashraf) က “ပါကစ္စတန် တာလီဘန်တွေမှာ ဒီလို တိုက်ခိုက်ဖို့ ခံယူချက် ရှိနေတဲ့ စိတ်ထား (mind-set) ကို ကျနော်တို့ တိုက်ဖျက်ပစ်ရပါမယ်။ မာလာလာကို ကျနော့်သမီး.. ခင်ဗျားတို့ရဲ့ သမီးတွေလို သဘောထားရပါမယ်။ တာလီဘန်တွေရဲ့ mind-set က လွှမ်းမိုး တည်ရှိနေမယ်ဆိုရင် ဘယ်သူ့သမီးမှ လုံခြုံမှာ မဟုတ်ပါဘူး” လို့ ပါကစ္စတန် အထက်လွှတ်တော်မှာ ပြောဆိုသွားပါတယ်။

မာလာလာဟာ သူ့ရဲ့ နေ့စဉ်မှတ်တမ်းမှာ တာလီဘန်တွေရဲ့ သြဇာလွှမ်းမိုးမှု ကြီးမားကျယ်ပြန့်လာတဲ့အပေါ်မှာ စိုးရိမ်ပူပန်နေမိတယ်လို့ ရေးပါတယ်။ ပန်းရောင်ကို နှစ်သက်လှတဲ့ သူဟာ တနေ့မှာ ပန်းရောင်ဝတ်စုံကို ဝတ်ဆင်ပြီး မနက်ခင်း လူစုဝေးကြတဲ့ပွဲကို တက်ရောက်ပါတယ်။ အဲဒီအခါမှာ အရောင်အဆင်း ရှိတာတွေ မဝတ်ဆင်ကြဖို့ ပြောခံရပါတယ်။ အရောင်နဲ့ ပတ်သက်ပြီး ကန့်သတ်ချုပ်ချယ်တဲ့ တာလီဘန်တွေက မြင်ရင် ကန့်ကွက်လာနိုင်လို့ ဆိုပါတယ်။

နေ့စဉ်မှတ်တမ်း နောက်တခုမှာ ရေးထားတာကတော့ စိုးရိမ်ပူပန်နေရတာ ကြီးလွန်းတော့ ဘာဖြစ်ဖြစ် ကြောက်နေရတဲ့ အဖြစ်တခုပါ။

“ကျမ ကျောင်းပြန်လာချိန်မှာပေါ့။ လူကြီးတယောက်က နင့်ကို သတ်မယ်လို့ ပြောသံ ကြားလိုက်ရပါတယ်။ ကျမလည်း ခပ်သုတ်သုတ် ပြေးရတော့တာပါပဲ။ လိုက်များလာနေသလားလို့ ခဏအကြာ နောက်ပြန်ကြည့်လိုက်တဲ့အခါကျတော့မှ အဖြစ်မှန်ကို သိရတော့တယ်။ အဲဒီလူကြီးက အခြားတယောက်ကို ဖုန်းဆက်ပြောနေတာ.. ဖုန်းဆက်ပြီး ခြိမ်းခြောက်နေတာဖြစ်မှန်း သိလိုက်ရတော့တယ်။ အဲဒီတော့မှ ကျမမှာ တော်ပါသေးရဲ့ဆိုပြီး စိတ်သက်သာရာ ရမိပါတော့တယ်။”

လွင်အောင်စိုး
၁ဝ-၁ဝ- ၂ဝ၁၂

Haq Nawaz Khan ရေးတဲ့ Taliban says it shot ‘infidel’ Pakistani teen for advocating girls’ rights ကို ဆီလျော်အောင် မြန်မာဘာသာ ပြန်ဆိုထားတာ ဖြစ်ပါတယ်။

မူရင်း - Taliban says it shot ‘infidel’ Pakistani teen for advocating girls’ rights


Swat ချိုမ့်ဝှမ်းဒေသက တာလီဘန် ထောက်ခံသူများ - Photo: AP

မြောက်ကိုရီးယား ဒုံးကျည်ကြွားမယ့်အစား ပြည်သူကို ဝအောင်ကျွေးသင့်

တောင်ကိုးရီးယားရဲ့  ပဲ့ထိန်းတပ် ဒုံးကျည်တွေကို လက်ရှိထက် သုံးဆပိုမိုတဲ့ အကွာအဝေးထိ ပစ်နိုင်စွမ်း ရှိအောင် ချဲ့ထွင်ခွင့်ပြုတဲ့ စစ်ရေးသဘောတူညီ ချက်တစ်ရပ်ကို အမေရိကန်နဲ့ တောင်ကိုးရီးယားတို့
လက်မှတ်ရေးထိုးပြီး နှစ်ရက်အကြာမှာ မြောက်ကိုးရီးယားက သူ့ရဲ့ ဒုံးကျည်တွေဟာ အမေရိကန် ပြည်ထောင်စုအထိ ရောက်အောင် ပစ်နိုင်စွမ်းရှိတယ်လို့ အောက်တိုဘာ (၉)ရက်နေ့ အင်္ဂါနေ့က သတိပေးလိုက်ပါတယ်။

ပြုံယမ်းမြို့တော် မြောက်ကိုးရီး ယား အမျိုးသားကာ ကွယ်ရေးကော်မရှင် ရဲ့ ပြောရေးဆိုခွင့်ရှိသူ က မြောက်ကိုးရီးယားမှာ မဟာဗျူဟာမြောက်ဒုံးကျည်တပ်ဖွဲ့တွေ ရှိနေပြီးတော့ အမေရိကန် ပြည်ထောင် စုကိုသာ မက အမေရိကန်စစ်စခန်းတွေရှိရာ တောင်ကိုးရီးယား၊ ဂျပန်နဲ့ ဂူအမ်ကျွန်းတွေကိုပါ ပစ်ခတ်နိုင်စွမ်းရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

အမေ ရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စဗစ်တိုးရီးယားနျူလယ်န် (Victoria Nuland)က၊ မြောက်ကိုးရီးယားဟာ သူ့ဒုံးကျည်တွေရဲ့ စွမ်းရည်ကို ရှိတာထက် ပိုမိုကြွားလုံး ထုတ်နေပြီးတော့ တကယ်တမ်းမှာ မြောက်ကိုးရီးယားအစိုးရဟာ မြောက်ကိုးရီးယားပြည်သူတွေ ထမင်းဝအောင်ကျွေးရမယ့်အလုပ် ကို အာရုံစိုက်သင့်တယ်လို့ အင်္ဂါနေ့က တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

ခြိမ်းခြောက်မှုတွေနဲ့ ရန်လိုရန်စလုပ်နေတာတွေက၊ မြောက်ကိုးရီးယားကို နိုင်ငံတကာ မိသားစုထဲ ပြန် ၀င်နိုင်အောင်ကြိုးပမ်းမှုတွေကို သေးသိမ်သွားစေလိမ့်မယ်လို့လည်း မစ္စဗစ်နျူလယ်န်က ဆိုပါတယ်။
BOA (မြန်မာပိုင်း)

ရွှေပြည်သာ မြို့နယ်တွင်း အုပ်ချုပ်ရေးမှူးအဖြစ် အမျိုးသမီး ၁၃ ဦး ရွေးချယ်ခံခဲ့ရ

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ်(၈)ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေး
ချယ်ရေးအတွက်  ဆယ်အိမ်စုကိုယ်စား 
လှယ်ရွေးချယ်  ရာတွင်အမျိုးသမီး(၁၃)ဦး
 ရွေးချယ်ခံခဲ့ရကြောင်း သိရှိရသည်။

"အများထောက်ခံတဲ့ ဆယ်အိမ်စုကိုယ်စားလှယ်တွေထဲကအုပ်ချုပ်ရေးမှူးအတွက်အရွေးချယ်ခံတဲ့ ကိုယ်စား လှယ်တွေကို မူဝါဒ(၁၁)ချက်နဲ့ သေချာစီစစ်မယ်။ ပြီးရင် ကိုယ်စားလှယ်ကအမျိုးသမီးဖြစ်ဖြစ်အမျိုးသားဖြစ်ဖြစ် ခရိုင်က စီစစ်မယ်၊ ပြီးရင် တိုင်းကရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ်ခန့်အပ်သွားမှာဖြစ်တယ်"ဟု အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ကြီးကြပ်ရေးအဖွဲ့ဝင် အမှတ်(၄)ဗိုလ်ကြီးဦးလှိုင်မြင့်(ငြိမ်း)က ပြောသည်။
ဆယ်အိမ်စုကိုယ်စားလှယ်များရွေးချယ်မူခြင်းကို အဆိုပါက ရပ်ကွက်ရှိန၀ရတ်လမ်းအားဗဟိုပြု၍   တောင်နှင့် မြောက်နှစ် ပိုင်းခွဲကာ အောက်တိုဘာ(၆)ရက်၊ (၇)ရက်နေ့များတွင် အောင်မေတ္တာဘိုးဘွားဓမ္မရိပ်သာကျောင်း နှင့်အမှတ် (၁၉) မူလတန်းလွန်ကျောင်းများတွင်မဲပေးရွေးချယ်ခြင်းပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အမှတ် (၈)ရပ်ကွက်တွင် အိမ်ထောင်စုပေါင်း (၂၂၂၉) စုရှိပြီးရွေးချယ်ခံ ဆယ်အိမ်စုကိုယ်စားလှယ် (၂၄၀)ရှိခဲ့ကြောင်း သိရသည်။
၎င်းကိုယ်စားလှယ်များထဲမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွင် ပြည်စုံရမည်အရည်အချင်း(၁၁)ချက်နှင့်  စီစစ်ပြီးကိုက်ညီမှသာလျှင်အုပ်ချုပ်ရေးမှူးအဖြစ်ရွေးချယ်ခံခွင့်ရရှိမည်ဖြစ်ကာကိုက်ညီမှုမရှိပါက အုပ်ချုပ်ရွေးရေးမှူး ရွေးချယ်ခြင်းအတွက်သာမဲပေးခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
"ကျွန်မတို့အနေနဲ့ ဆယ်အိမ်စုကိုယ်စားလှယ်ကို မဲပေးတဲ့ အခါမှာအများအကျိုးအတွက်  စိတ်ပါလက်ပါနဲ့ လုပ်ကိုင်ဆောင် ရွက်ပေးတဲ့သူကိုပဲမဲပေးခဲ့တာပဲ။ အခုအချိန်က အမျိုးသမီးတွေလည်း အမျိုးသားတွေနဲ့ရင်ဘောင်တန်းပြီး အလုပ်လုပ်နိုင်နေတာပဲ။ အမျိုးသားမှအမျိုးသမီးမှမဟုတ်ဘူး။  အများအကျိုးအတွက်သယ်ပိုးနိုင်မဲ့သူကိုသာမဲပေးရွေးချယ်ခဲ့တာ"ဟု အဆိုပါ ရပ်ကွက်မှ ဒေါ်သော်တာအေးက ပြောသည်။
ဆယ်အိမ်စုကိုယ်စားလှယ်များထဲမှ သတ်မှတ်အရည်းအချင်းများဖြင့်ပြည့်စုံသောအုပ်ချုပ်ရေးမှူးရွေးချယ်ခံ ရရှိမည့် ကိုယ်စားလှယ်များကို အောက်တိုဘာ၁၃ရက်၊ ၁၄ရက်နေ့များတွင် ထပ်မံစီစစ်ရွေးချယ်သွားမည်ဖြစ် ကြောင်းသိရှိရသည်။
ရပ်ကွက် (သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွင်ပြည့်စုံရမည်အရည်အချင်းများ (ဥပဒေအခန်း ၃၊ ပုဒ်မ ၅)
(၁) နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသားဖြစ်ခြင်း။
(၂) အသက် ၂၅နှစ်ပြည့်ပြီးသူဖြစ်ခြင်း။
(၃) သင့်တင့်သောပညာအရည်အချင်းရှိသူဖြစ်ခြင်း။
(၄) စားဝတ်နေရေးဖူလုံမှုရှိသူဖြစ်ခြင်း။
(၅) သက်ဆိုင်ရာ ရပ်ကွက် (သို့) ကျေးရွာအုပ်စုများအတွင်း
တစ်ဆက်တည်းအနည်းဆုံး (၁၀)နှစ်နေထိုင် လျက်ရှိသူဖြစ်ပြီး
လက်ရှိတာဝန်ထမ်းဆောင်ချိန်တွင် သက်ဆိုင်ရာ ရပ်ကွက် (သို့)
ကျေးရွာအုပ်စုတွင် အမှန်တကယ်နေထိုင်မည့်သူဖြစ်ခြင်း။
ခြွင်းချက်။ ဒေသခံအငြိမ်းစားဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ရပ်ကွက် (သို့)
ကျေးရွာအုပ်စုအတွင်း နေထိုင်မည့် ကာလကို လျော့ပေါ့စဉ်းစားနိုင်သည်။
 (၆) ရပ်ရွာက ကြည်ညိုလေးစားခြင်းခံရပြီး သိက္ခာ၊ သမာဓိရှိသူဖြစ်ခြင်း။
(၇)  ကျန်းမာရေးကောင်းမွန်ပြီး ပေးအပ်သည့်တာဝန်ကိုထမ်းဆောင်နိုင်စွမ်းရှိသူဖြစ်ခြင်း။
(၈) နိုင်ငံတော်နှင့် ရပ်ရွာဒေသ၏ အကျိုးကို စေတနာထက်သန်စွာဖြင့်တာဝန်ထမ်းဆောင်ရန် ဆန္ဒရှိသူဖြစ်ခြင်း
(၉) အတူနေမိသားစုဝင်များသည်လည်း အကျင့်စာရိတ္တကောင်းမွန်ပြီးရိုးသားဖြောင့်မတ်သူများဖြစ်ခြင်း။
(၁၀) တာဝန်ထမ်းဆောင်ဆဲ အစိုးရ၀န်ထမ်းမဟုတ်ခြင်း။
(၁၁) လက်နက်ကိုင်အဖွဲ့အစည်းဝင်နှင့် မတရားအသင်းအဖွဲ့များ၌ ပါဝင်သူ၊
ဆက်သွယ်သူ မဟုတ်ခြင်း စသည့် မူဝါဒ (၁၁)ချက်ဖြင့် ကိုက်ညီရမည်ဖြစ်ကြောင်း
သိရသည်။
မြစ်မခမီဒီယာ

လက်ပံတောင်း စီမံကိန်း ရပ်ရန် ရွာသင်္ချိုင်းတွင် သရုပ်ဖော် ဆန္ဒပြ

လက်ပံတောင်း ကြေးနီစီမံကိန်း ကန့်ကွက်သည့်အနေဖြင့် ဘိုးဘွားများ၏ အုတ်ဂူသို့ သွားရောက် တိုင်တည်သည့် သရုပ်ဖော် ဆန္ဒပြပွဲ (Performance Art)တရပ် အင်္ဂါနေ့ နေ့လည်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဆည်တဲကျေးရွာ၏ အနောက်ဖက် သင်္ချိုင်းမြေတွင်  လယ်မြေအသိမ်းခံ ၂၆ ရွာမှ လယ်သမား အင်အား ၁,၅ဝဝ ကျော်ဖြင့် စုပေါင်း ကျင်းပခဲ့ကြောင်း ကိုယ်တိုင်ပါဝင်ခဲ့သူ ပြည်သူ့ အကျိုးဆောင် ကွန်ယက်မှ ကိုအောင်စိုး က ပြောသည်။

“လယ်သမားတွေက သူတို့ရဲ့ ဘိုးဘွားအုတ်ဂူတွေဆီ သွားပြီးတော့ လယ်ယာမြေတွေ အဓမ္မသိမ်းခံနေရပြီ ဆိုတဲ့ အကြောင်း တိုင်တည်ကြတဲ့ အချိန်မှာ ဘိုးဘွားတွေရဲ့ ဝိဉာဉ်တွေက ထွက်လာပြီးတော့ သူတို့တွေက လည်း ကြေးနီ စီမံကိန်းကို လက်မခံနိုင်တဲ့ အကြောင်းတွေကို ဆန္ဒထုတ်ဖော်တာပါ။ အုတ်ဂူတွေကနေ၊ တမလွန်ကနေ ဘိုးဘွားတွေ ထလာကြပြီးတော့ ဆန့်ကျင်တဲ့အကြောင်း ပြောတယ်။ လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းပစ်၊ ရပ်ဆိုင်ပစ် ဆိုပြီး ဟစ်ကြွေးကြတယ်ဗျ။ ပြီးတော့ တောင်သူ လယ်သမားတွေက ဒါဒို့မြေ ဒါဒို့မြေ ဒို့ပိုင်တဲ့မြေ ဆိုပြီး နိုင်ငံတော် သီချင်းကို အားလုံး အော်ဆိုပြီး အဆုံးသတ်ကြတယ်ဗျ” ဟု သရုပ်ဖော် ဆန္ဒပြပုံကို ရှင်းလင်း ပြောပြသည်။

အဆိုပါ နာရီဝက်ခန့်ကြာ ဆန္ဒထုတ်ဖော်ပွဲကို ရွာသူရွာသားများနှင့် အတူ ပြည်သူ့ အကျိုးဆောင် ကွန်ယက်နှင့် မြန်မာနိုင်ငံ ဝိဇ္ဇာ/သိပ္ပံကျောင်းသားများ ကွန်ယက်တို့လည်း ပါဝင်ခဲ့ကြသည်။

ရွာသားများ ကိုယ်တိုင် သရုပ်ဖော် တင်ဆက်ကြကာ ၎င်းတို့အစီအစဉ်ဖြင့် ၎င်းတို့ ကျင်းပ ပြုလုပ်ခဲ့တာ ဖြစ်ကြောင်း ကိုအောင်စိုး က ဆက်ပြောသည်။

“လုံခြုံရေးနဲ့ ကျနော်တို့ ထိပ်တိုက်မတွေ့ပါဘူး။ ကျနော်တို့ လုံခြုံရေးနဲ့ ထိပ်တိုက် တွေ့တာကို ရှောင်ထားတာ ခင်ဗျ။ ဘယ်သူ့ကိုမှ ခွင့်မတောင်းပါဘူး” ဟု ဆိုသည်။

ဆည်တဲရွာမှ ဦးပဉ္ဇင်းတပါးကလည်း “ရွာ ၂၆ ရွာက ဒေသခံ တောင်သူလယ်သမားတွေ ချည်းပဲ။ ရွာ့အနောက်ဖက် သင်္ချိုင်းဖက်ကို ထွက်သွားကြတာ။ လက်ပံတောင်းတောင်ကြီး ပျက်စီး ပျောက်ဆုံးသွားမယ့် အရေးကို ဆန့်ကျင်ကြဖို့၊ ဘိုးဘွားဝိဉာဉ်တွေကို တိုင်တည်တဲ့ ပွဲပါ။ လူများကြတယ်” ဟု မဇ္စျိမကို မိန့်ကြားသည်။

ကြေးနီစီမံကိန်း ရပ်ဆိုင်းသွားသည်အထိ အစီအစဉ်များ ချမှတ်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

အစီအစဉ်များတွင် ဆည်တဲရွာရှိ ထန်းပင်များမှာ စီမံကိန်း ကုမ္ပဏီမှ ဘူဒိုဇာဖြင့် ကော်ယူထိုးလှဲ ခံထားရ၍ ထန်းပင်ပေါက်များ အသစ်တဖန်ပြန်လည် စိုက်ပျိုးသွားမည့် ထန်းပင်စိုက်ပွဲများလည်း ပါဝင်သည်။

“ရွာသူရွာသားတွေကလည်း လက်ခံတဲ့အတွက် ထန်းပင်ပေါက်တွေကို ပြန်စိုက်မယ်။ နောက်ဆုံးအဆင့်က အစာငတ်ခံ ဆန္ဒပြဖို့အထိ ဆုံးဖြတ်ထားပါတယ်” ဟု ကိုအောင်စိုး က ဆိုသည်။

မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်၊ တရုတ်နိုင်ငံမှ ဝမ်ပေါင် ကုမ္ပဏီနှင့် ဆားလင်းကြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင် တို့အား မလျော်ကန်သည့် သြဇာအာဏာသုံးစွဲမှု ရွာသူ၊ ရွာသားများအပေါ် မဖွယ်မရာ ပြုလုပ်မှု၊ သိမ်းပိုက်ခံ လယ်ယာမြေ ဧရိယာအတွင်း ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရှိမှုတို့ဖြင့် စက်တင်ဘာ ၈ ရက်နေ့က ဆားလင်းကြီးမြို့နယ် ရဲစခန်းတွင် ရွာသားများက တိုင်ချက်ဖွင့်ခဲ့ရာ ရဲစခန်းမှ အမှုလက်ခံထား လိုက်သည်။

လက်ပံတောင်းတောင် စီမံကိန်းသည် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် တရုတ်ကုမ္ပဏီ ဝမ်ပေါင်းတို့ ဖက်စပ် လုပ်ဆောင်သည့် ကြေးနီ တူးဖော်ထုတ်လုပ်ရေး စီမံကိန်းကြီးတခု ဖြစ်ပြီး အဆိုပါစီမံကိန်းကြောင့် အသိမ်းခံလိုက်ရ သည့် လယ်ယာဧကပေါင်း ၇,၈ဝဝ ကျော် အတွက် တောင်သူများက မကျေနပ်၍ ဇွန်လမှ စတင်ကာ ပြီးခဲ့သည့် စက်တင်ဘာလအထိ ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။

ထိုစီမံကိန်းကြောင့် ပတ်ဝန်းကျင်ရှိ စံပယ်တောင်နှင့် ကြေးစင်တောင် နှစ်ခုမှာ ယခုအခါ တွင်းကျယ်ကြီးများ အဖြစ် ကျန်ရှိပြီး လက်ရှိစီမံကိန်း လုပ်ကိုင်လျက်ရှိသည့် လက်ပံတောင်းတောင်ကိုလည်း ယင်းတောင်များ ကဲ့သို့ ကွယ်ပျောက်သွားမည်ကို ပတ်ဝန်းကျင်ရှိ ကျေးရွာသူ/သားများက စိုးရိမ်ကာ သဏ္ဍာန်အမျိုးမျိုးဖြင့် ဆန္ဒဖော်ထုတ်နေ ကြခြင်း ဖြစ်သည်။

ထိုစီမံကိန်းရပ်တန့်ရန် တောင်းဆိုမှုသည် တိုင်းဒေသကြီး အစိုးရ အနေဖြင့် လုပ်ဆောင်၍ မရနိုင်ဘဲ ရေရှည်စဉ်းစားဆောင်ရွက်ရမည့် ကိစ္စဖြစ်သည်ဟု စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေး က ပြောဆိုထားပြီး တူးဖော်နေသည့် ကုမ္ပဏီများကလည်း မရပ်ဆိုင်းဘဲ ဆက်လက် လုပ်ကိုင်သွားမည်ဟု ပြောဆိုထားသည်။

စစ်တွေ ရဟန်းတော်များ ဆန္ဒပြပွဲ လူတစ်သောင်းခန့် ပူးပေါင်းပါဝင်

စစ်တွေတွင်  ယနေ့ ပြုလုပ်သော ရဟန်းတော်များ ဦးဆောင် ဆန္ဒပြပွဲသို့ လူတစ်သောင်းခန့် ပူးပေါင်း ပါဝင်လာသဖြင့် လူထု လူပ်ရှားမူ ဆန္ဒပြပွဲ တစ်ခု အဖြစ်သို့ ပြောင်းလဲ ရောက်ရှိသွားပြီ ဖြစ်ကြောင်း ဦးဆောင် ဆရာတော် တစ်ပါးက နိရဉ္စရာသို့ မိန့်ကြားသည်။
Photo by: Coral Arakan
Photo by: Coral Arakan

အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအသင်း OIC ရုံးအား မြန်မာနိုင်ငံတွင် ဖွင့်လှစ်ရန် အစိုးရက ကြိုးပမ်းနေသည့်အပေါ် သံဃာတော်များက ဆန္ဒပြ ကန့်ကွက်ခဲ့ခြင်း ဖြစ်ကြောင်း ဦးဆောင်ရာတွင် ပါဝင်သူ ဆရာတော် ဦးပညာဇောတက ပြောသည်။

“အခု ဦးဇင်းတို့က ဦးဥတ္တမ ပန်းခြံကို ရောက်ရှိနေပါတယ်။ ရဟန်းတော်တွေက ၇၀၀နဲ့ ၁၀၀၀ ကြား လောက်မှာ ရှိမှာပါ။ လူကတော့ သောင်းချီပြီး ရှိမယ် ထင်ပါတယ်။ ဘင်္ဂလာဒေခ်ျ့  သံရုံးရှိရာ အနောက်စံပြ ရပ်ကွက်ကနေ လမ်းမကြီးတလျှောက် လူတွေ ပြည့်နေပါတယ်။ အခု ငြိမ်းချမ်းစွာဘဲ လိုလားချက်တွေကို တောင်ဆို ဆန္ဒပြနေကြရပါတယ်”

ထို့အပြင် ဦးဇင်းတို့ တောင်းဆိုတာက “OIC ကို မြန်မာပြည်မှာလည်း အလိုမရှိ၊ ရခိုင်ပြည်နယ် အတွက်လည်း အလိုမရှိ၊ ငြိမ်းချမ်း ယှဉ်တွဲ အတူနေထိုင်ရေး အတွက် အောင်မင်္ဂလာရပ်ကွက်က မွတ်ဆလင်တွေကို မြို့ပြင်သို့ ပြောင်းရွှေ့ပေးပါ၊ ဘင်္ဂလာဒေခ်ျ့ရှိ လူနည်းစု ဗုဒ္ဓဘာသာဝင်တွေကို ကာကွယ်ပေးပါ၊ (၅) တရားမ၀င် ဘင်္ဂလီ ကိစ္စနှင့်ပတ် သက်၍ ပြတ်ပြတ်သားသား မိန့်ကြားခဲ့သော နိုင်ငံတော် သမ္မတကြီးအား ထောက်ခံအပ်ပါသည် ဆိုပြီး အချက် ၅ ချက် တောင်းဆိုပါတယ်” ဟု သူက ပြောသည်။

OIC ကို ကန့်ကွက်ရခြင်းနှင့် ပတ်သက်ပြီးလည်း ဆရာတော်က ယခုလို မိန့်ကြားသည်။

“OIC က နိုင်ငံခြား အဖွဲ့အစည်းလေ။ မွတ်ဆလင်နိုင်ငံတွေက အဖွဲ့အစည်းလေ။ သူတို့က ဒီနိုင်ငံမှာ ဘာမှ ၀င်ရောက် လုပ်ကိုင်စရာ အကြောင်း မရှိဘူး။ အခုလို ရုံးလာဖွင့်တယ်ဆိုတော့ ပြည်တွင်းရေး ကိစ္စကို ၀င်စွက်ဖက်တာ ဖြစ်ပါတယ်။ အခု ဖြစ်တာက ပြည်တွင်းရေး ကိစ္စတယ်။ ဒါကြောင့် ခုလို ၀င်စွက်ဖက်တာကို ဦးဇင်းတို့က လုံးဝ ဆန့်ကျင် ကန့်ကွက်ပါတယ်” ဟု ပြောဆိုသည်။

ယခုအခါ ပြည်သူများမှလည်း OIC အလိုမရှိ၊ အင်ဘာလာကို ရွှေ့ပေးပါ စသော ကြွေးကြော်သံများကို ကြွေးကြော် ကာ ဆန္ဒပြနေကြသည်ဟု သိရသည်။
monks-protest-agenda
ညနေ ၄ နာရီထိ လူစု မကွဲသေးဘဲ ဆက်လက် ဆန္ဒပြနေကြကြောင်း၊ အာဏာပိုင်များမှလည်း

လုံခြုံမှုအတွက် မျှော်လင့်နေကြရသည့် အဆောင်သူလေးများဘဝ

အပျိုကြီးဖြစ်၍ ဇီဇာကြောင်သည်ဟု 
အများက သတ်မှတ်ခြင်းခံရသူ ဒေါ်ကြည်
မှာ အလုပ်ကြောင့် မောက်မာသည့်ပုံ
 ပေါက်နေသည်။ မတစ်ရာ သမီးတွေကို


အုပ်ချုပ်နေရသူဖြစ်ခြင်းကြောင့် ယခုလို မျက်နှာပေါက်တင်းနေရခြင်းဖြစ်ဟန်
တူသည်။

"အဆောင်မှာက နှစ်ရှည်ပြီး အလုပ်လုပ်တဲ့သူတွေ များလာတယ်။ အရင်တုန်းက ကျောင်းသူတွေ သင်တန်း လာတက်တဲ့ကောင် မလေးတွေ အတွက် ရည်ရွယ်ပြီးဖွင့်တာ။  တချို့ကျတော့ ကျောင်းပြီး သွားလို့ အလုပ်လုပ်ဖို့ ဆက်နေတဲ့သူတွေ လည်းရှိတော့   နောက်ပိုင်းမှာ လှည်းတန်းလိုနေရာမျိုးတွေမှာ အဆောင်တွေက ပိုများလာတာ။ သူတို့ကို ကိုယ့်ညီမ၊ သားသမီးလို ချစ်တော့ အမြဲဆို ဆုံးမနေရ တယ်။ဟု ဒေါ်ကြည်က ဆိုသည်။
 ရန်ကုန်မြို့ ကမာရွတ်လှည်းတန်းရှိ လမ်းမတိုင်းလိုလိုတွင် အမျိုးသား/အမျိုးသမီးအဆောင်များ တစ်နှစ်ထက် တစ်နှစ်တိုးမြင့်လာသည်ကို တွေ့နေရသည်။

လှည်းတန်းအဆောင်အသိုင်းအ၀ိုင်း၌ အမျိုးသမီးဆောင်အနီးပတ်ဝန်းကျင်တွင် ယောင်္ကျားလေး ဆောင်များထက် လူပိုစည်ကား တတ်ပြီး၊ မိန်းမလှလေးများ စုဝေးရာ အဆောင်ရှိ ညနေခင်းများဆိုလျှင်  ကိုလူပျိုတို့က လျှောက်ပြန်သံပေး၊   ခေတ်ပေါ်၂သိန်းတန် ဖုန်းတွေနဲ့ ဟန်ထုတ်ရှိုးပြထိုင်စောင့်ခြင်းများ နှင့် လက်ဘက်ရည်ဆိုင်ထိုင်၊ ထမင်းကျွေးစသည့်လူမှုကိစ္စများနှင့့်  ည(၁၀)နာရီဝန်းကျင်အထိ စည်ကားလေ့ရှိ သော အဆောင်လမ်းများပင်။

အချို့အဆောင်နေ မိန်းကလေးများမှာ သူငယ်ချင်းအိမ်တွင်သွားအိပ်မည်ဟု အဆောင်မှူးကိုပြော၍ ကလပ်တက်တာ   ယောင်္ကျားလေးသူငယ်ချင်း နောက်လေ့ရှိသူများလည်း ရှိနေသည်ဟု သိရသည်။
နယ်မှလာပြီး ကျောင်းတက်၊ အလုပ်လာလုပ်ကြသည့် မိန်းမငယ်များ၏ ရပ်တည်မှုဘ၀အခြေအနေ ကျန်းမာရေး၊ လုံခြုံမှုတွေကို လှည်းတန်းရှိ အနီရောင်အဆောင်ကြီးမှာနေသော အဆောင်နေ အမျိုးသမီးတစ်ဦးက ယခုလို ဆိုသည်။
"အမျိုးသမီးတစ်ယောက်အတွက် ရေချိုးတာက လုံခြုံမှုမရှိရင် အခက်အခဲအများကြီးဖြစ်စေတယ်၊ ပြဿနာက ရေချိုးတဲ့နေရာက အကာပဲရှိတယ်။ အမိုးမရှိဘူး ဘေးကတိုက်တွေမှာ ယောက်ျားလေး အဆောင်တွေရှိတယ်၊ ရေချိုးတိုင်းလဲ ခပ်သွက်သွက်နဲ့ချိုးရတယ် အထပ်မြင့်က ယောက်ျားလေး တွေရဲ့ အကြည့်တွေက အချိန်မရွေး ကျရောက်လာနိုင်တယ်။"ဟု သူမက ပြောသည်။

အင်တာနက်လူမှုရေးကွန်ယက်များတွင် အမျိုးသမီးများ ရေချိုးနေသည့်ပုံ တက်မည်ကို စိုးရိမ်သဖြင့် ပူပန်ခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။

မြန်မာအမျိုးသမီးအများစုသည် ကိုယ့်ကျင့်သိက္ခာ၊ အရှက်တရားကို လေးစားတဲ့အတွက် လုံခြုံတဲ့ ရေချိုးခန်းရှိနေစေချင်သည်ဟု အဆောင်နေသူ မနွေဦးက ပြောသည်။
 အဆောင်နေကျောင်းသူတစ်ဦးဖြစ်သည့် မမယ်လေး၏ ချစ်သူမောင်က ၎င်း၏ ရည်းစားအား အဆောင်နေကျောင်းသူ ဘ၀နှင့် ရေရှည်ထားရန် စိတ်ကူးမရှိကြောင်း သိရသည်။
 “ ကျွန်တော်ကတော့ မယ့်အတွက် စိတ်ပူတယ်ဗျ။ အဆောင်ဈေးက ဈေးကြီး၊ လုံကမလုံခြုံ။ သူစိတ် ညစ်ပြီး ပေါက်တက်ကရ လုပ်မှာ ကျွန်တော် စိုးရိမ်တယ်။ သူ့ကို နယ်မှာပြန်ပြီး ကိုယ့်မိဘအိမ်မှာပဲ အေးအေးဆေးဆေး နေစေချင်တယ်။ဟု ကိုမောင်မောင်အေးက သက်ပြင်းအဆုံး စကားအဆုံး ပြောသည်။
 ဆက်လက်၍ တိုက်ချင်းကပ်၊ ထရံချင်းကပ်ဖြစ်နေသည့် အဆောင်များ၏ဖွဲ့စည်းမှုကြောင့် ချစ်သူအတွက် တစ်နေ့မှ ရတက်မအေးနိုင်ကြောင်းကိုလည်း သူက ဆက်ပြောသည်။
 လူငယ်များအနေဖြင့် တိုးတက်ချင်စိတ်တစ်ခုတည်းနှင့် ရန်ကုန်သို့ လာရောက်ခိုနားခြင်းဖြစ်သော် လည်း ၄င်းတို့တွင် ဈေးသက်သာ သည့်အဆောင်များ၌သာ ကိုယ်နဲ့ မသိသည့် အစိမ်းသက်သက် သူငယ်ချင်းများနှင့် စုဖွဲ့နေရခြင်းမျိုးသည်။

လှည်းတန်း(၇)လမ်းနှင့် (၆)လမ်းကြားရှိ တိုက်မြင့်တွေကြား နှစ်ထပ်အိမ်ကြီးတစ်လုံးတွင် မိန်းကလေး အယောက်(၅၀)၀န်းကျင်က အဆောင်သူတွေအဖြစ်နဲ့ (၆ပေ×၄ပေ)အခန်းတွေအကြား စုဝေးနေထိုင် ကြသည်။

တစ်ယောက် အင်္ကျံလဲနေရင် နောက်တစ်ယောက်က အခန်းပြင် စောင့်နေရသည်ထိ အခန်းကျဉ်း လွန်း လှတယ်။ အဆောင်ကြေးကလည်း ဈေးကြီးတယ်။ တစ်ယောက်ကို နှစ်သောင်းခွဲ ပေးနေရ သလို ရေဖိုးနဲ့ မီးမီတာဖိုးတွေ အတွက်လည်း ထပ်ပေးရတယ်ဟု အဆောင်သူမီးမီးက  ညည်းတွား ရင်း ပြောသည်။
 အဆောင်သူအများစုမှာ စတိုးဆိုင်၊ အထည်ဆိုင်၊ ဆေးအရောင်းစားရေး၊ အသေးစားကုမ္မဏီဝန်ထမ်း စသည့် အလုပ်တွေကို လုပ်ကိုင်မှုများပြီး အခြေခံလစာ ကျပ် ၄ သောင်း ကနေ  ၁ သိန်း ၂ သောင်း ရရှိသူများကြောင်းနှင့် အဆောင်လစာနှင့် နေထိုင်မှုစရိတ်တွေကြောင့်လည်း သူတို့တတွေမကြာခဏ စိတ်ဖိစီးမှုတွေ ခံစားနေရလေ့ရှိသည်။
 စားစရိတ်၊ အဆောင်စရိတ်အပြင် အိမ်ကိုပါ တစ်ဖက်တစ်လမ်းက ငွေပို့ပေးနေရသူရသူများလည်း ရှိကြောင်း သိရသည်။
ဝင်ငွေ နဲ့မလောက်တော့ ယောင်္ကျားလေး တော်တော်များများနဲ့ ပတ်သတ်တတ်လာတယ်။ ဒဲာဒီလို ပတ်သတ်ရင်းကနေ အဆောင်ရှင်ကလည်း လူပြောများလာတော့အဆောင်က ထုတ်လိုက်တာပေါ့။ မဇာက အဲ့ဒီမှာတင် စိတ်လေသွားပြီလေ။´ လို့ လှည်းတန်းအဆောင်တစ်ခုမှ အဆောင်မှူးတစ်ဦးက အဆောင်နေကျောင်းသူတစ်ယောက်အကြောင်း ပြောသည်။

လိုအပ်မှုများပြားနေသည့် အမျိုးသမီးငယ်များဘ၀တွင် မိန်းကလေးများအနေဖြင့် သက်သက်သာသာ အလုပ်မျိုးရှာကြံလေ့ရှိပြီး လုံလုံလောက်လောက်သုံးစွဲနိုင်သည့် ငွေကြေးရရှိမှုမျိုးအား သာယာလေ့ရှိ လာကြသည်။

`ကျွန်မရောက်ခါစတုန်းကဆို အရမ်းကို အံ့သြသွားတယ်။ ဒီလောက်ကျဉ်းမြောင်းတဲ့အခန်းတွေထဲမှာ အနံ့ပေါင်းစုံနဲ့ပြွတ်သိပ်ကြပ်နေတဲ့ ဘယ်လိုများနေနိုင်မှာလဲ ဆိုပြီး အိမ်ကိုတောင်ချက်ချင်းပြန် ပြေးချင် တဲ့ စိတ်ပေါက်တယ်။´ဟု အဆောင်နေပြည့်ဖြိုးက ပြောသည်။
 ၁၂ နှစ်ကြာ အဆောင်နေခဲ့သူ ဒေါ်မြင့်ကတော့ လွန်ခဲ့သော အဆောင်နေခဲ့တဲ့ ပင်ပန်းဆင်းရဲ ဘ၀ကို  ရှင်သန်လာပုံအား ပြန်ပြောင်း ပြောဆိုသည်။

`ကျွန်မဘ၀မှာ ရေကို ရောင်းစားရတဲ့အထိ နိမ့်ကျခဲ့ဖူးတယ်။  အဆောင်မှာနေတာဆိုတော့ လူမျိုးစုံ ရှိတယ်။ ကိုယ်ကအဆင်းရဲဆုံးလူဆိုတော့ ပတ်ဝန်းကျင်ကလူတွေက တစ်ခုခုပျောက်ရင်တောင် ကိုယ့်ကို မသင်္ကာတဲ့အကြည့်နဲ့ အရင်ကြည့်တာကို ခံရတယ်။ တစ်လလုံးနေလို့တောင် ငွေတစ် သောင်းကို တစ်ပြိုင်တည်း မကိုင်ဖူးခဲ့ဘူး။ ´ဟု ကြုံတွေ့ခဲ့ရသည့် ဘ၀ဖြတ်သန်းမှုအကြောင်း ပြောသည်။
 တစ်ချို့မိန်းကလေးများမှာ အဆောင်မှူးနှင့် အဆင်မပြေမှု၍ နေထိုင်အဆင်မပြေမှုများကြောင့် သုံးလလျှင် တစ်ခါလောက် အဆောင်ပြောင်းနေကြသူများလည်းရှိသည်။တစ်ချို့အဆောင်များ၏ အနေအထားမှာ မိန်းကလေးများအတွက် လုံခြုံမှုအင်မတန်နည်း၍ု ခဏခဏအဆောင်ပြောင်းရခြင်း ဖြစ်ကြောင်းကိုလည်း သိရသည်။
 `ကျွန်မအခန်းနဲ့ကပ်လျှက်ဟိုဘက်အခန်းက ယောက်ျားလေးတွေနေတဲ့ အခန်းဖြစ်နေတယ်၊ ယောက်ျားလေးတွေ ဆိုတော့ ပြောချင်ရာပြော အော်ချင်ရာအော်နေကြတာလေ၊ စိတ်အနှောင့်အယှက် ခဏခဏဖြစ်နေရလို့ အဆောင်ပြောင်းလိုက်တာ။´လို့ မသဇင်က ပြောသည်။
လခ အနည်းငယ်ကောင်းသူများက သူငယ်ချင်းများနဲ့ စုဝေးပြီး အိမ်ငှားနေကြသည်။
 `ကျွန်မတို့ဝင်ငွေတွေရဲ့ ၃၀ ရာခိုင်နှုန်းလောက်က အိမ်လခနဲ့ ရေဖိုး၊ မီးဖိုးအတွက် သက်သက် ကုန်တယ်။ တစ်လစာ စားဖို့ ၀တ်ဖို့နဲ့ လူမှုရေးကိစ္စလေးတွေပါ တွက်ကြည့်လိုက်ရင်တော့ လခက လောက်တယ်လို့တောင် ကောင်းကောင်းမဆိုနိုင်ဘူး။´ လို့ တစ်လကို ၀င်ငွေတစ်သိန်းနှစ်သောင်း လောက်ရတဲ့ ကုမဏီဝန်ထမ်းတစ်ဦးဖြစ်သူ မဥမ္မာက ပြောသည်။
 အချို့ အမျိုးသမီးအဆောင်များမှာ မိသားစုကဲ့သို့ ဆက်ဆံသောနွေးထွေးမှုများကြောင့် ပိတ်ရက်များ၌ အိမ်မပြန်ချင်သော ကျောင်းသူများပင်ရှိကြောင်းသိရသည်။
သမီးတို့အဆောင်မှူးကတော့ လကုန်ချိန် အဆောင်ခမေးမဲ့သူရှိလားလို့ လာတောင်းတဲ့အချိန်ကလွဲရင် ကျန်တဲ့အချိန် ချစ်ဖို့ကောင်းတယ်၊ အဆောင်သူတွေကိုလည်း မိသားစုလိုဆက်ဆံတယ်ဟု ပဲခူးတိုင်းမှ အဆောင်သူတစ်ဦးက ဆိုသည်။
ရန်ကုန်မြို့ရဲ့ လူစည်ကားရာနေရာတစ်ခုဖြစ်သည့် လှည်းတန်းအနီးတစ်ဝိုက်မှာတင် အဆောင်နေ အမျိုးသမီး (၅၀၀)ကျော်လောက် ရှိနေသည်။ အဆောင်နေ အမျိုးသမီးများမှာ အစားဆင်းရဲ၊ အအိပ်ဆင်းရဲအနေဆင်းရဲပြီး သူတို့ဘ၀ရဲ့ ရည်မှန်းချက် အမြင့်ဆုံးပန်းတိုင်သို့ တစ်နေ့ပြီး တစ်နေ့ ရွေ့လျားရုန်းကန်နေကြရင်း လှည်းတန်းအဆောင်တန်းများ၌ ဆက်လက်၍
လူစည်နေပေဦးမည်။
မြစ်မခမီဒီယာ

မြေလွတ်မြေရိုင်း နည်းဥပဒေ အမြန်ဆုံး ပြဋ္ဌာန်းရေးတောင်းဆို

ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ (UNA) အပါအ၀င် တောင်သူလယ်သမား အရေး နဲ့ လယ်ယာမြေအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက အစိုးရ အနေနဲ့ မြေလွတ်မြေရိုင်း နည်းဥပဒေတွေ အမြန်ဆုံး ပြဋ္ဌာန်းပေးဖို့ ဒီကနေ့ တောင်းဆိုလိုက်ကြပါတယ်။
RFA
ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က ပြုလုပ်သည့် မြေလွတ် မြေလပ် မြေရိုင်း စီမံခန့်ခွဲမှု ဆွေးနွေးပွဲတွင် ကိုယ်စားလှယ်တစ်ဦး ပါဝင်ဆွေးနွေးနေစဉ်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာ ရှိတဲ့ တော်ဝင်နှင်းဆီခန်းမမှာ မြေလွတ် မြေလပ် မြေရိုင်း စီမံခန့်ခွဲမှု ဆွေးနွေးပွဲ ကျင်းပခဲ့တာဖြစ်ပြီး အဲဒီကနေ သဘောထားအမြင် ၁၀ ချက် ထုတ်ပြန်ပြီး တောင်းဆိုလိုက်ကြတာပါ။  ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ UNA အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က RFA ကို အခုလိုပြောပါတယ်။
"စာရင်းထဲမှာ နာမည်မပေါက်တဲ့ တောင်ယာတွေက အများစု ဖြစ်နေတယ်။ ဆိုတော့ မြေလွတ်မြေလပ် မြေရိုင်းတွေကို နိုင်ငံခြားသားတွေကို မြေပုံပေါ်မှာ ကြည့်ပြီး ငှားရမ်းလိုက်မယ်ဆိုရင် တောင်သူလယ်သမားတွေ အတွက် တော်တော်လေး ပြဿနာတခု ထပ်ပြီးတော့ ရင်ဆိုင်ရမယ်ဆိုပြီး ကျွန်တော်တို့ စိတ်ပူတယ်ဗျ။"
ဒီကနေ့ထုတ်ပြန်ခဲ့တဲ့ သဘောထားမှတ်ချက်တွေမှာ မြေလွတ်မြေလပ်မြေရိုင်းဥပဒေ နဲ့ပတ်သက်တဲ့ နည်းဥပေဒေတွေကို အများပြည်သူ သိရှိအောင် နိုင်ငံတော်အနေနဲ့ ထုတ်ပြန်ပေးဖို့၊ သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်တွေ အလိုက် မြေလွတ်မြေလပ်မြေရိုင်း ပမာဏတွေကို အများပြည်သူတွေ သိရှိအောင် ထုတ်ပြန်ကြေငြာပေးဖို့၊ ရင်းနှီးမြှပ်နှံမှု လုပ်ကိုင်ခွင့်ပေးရာမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရန် ထိမ်းညှိဆောင်ရွက်ပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး အပါဝင် တခြား တိုင်းရင်းသားပါတီတွေက တာဝန်ရှိ ပုဂ္ဂိုလ်တွေ၊ ၈၈ မျိုးဆက်ကျောင်းသားတွေ၊ လယ်သမား အလုပ်သမားအရေး ဆောင်ရွက်သူတွေ၊ နိုင်ငံရေးပါတီတွေနဲ့ လူမှုရေး အဖွဲ့အစည်းတွေ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။
လာမယ့် ၁၁ ကနေ ၁၃ ရက်နေ့ အထိ ကျင်းပဖို့ ရှိတဲ့ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ညီလာခံမှာ နိုင်ငံခြားသားတွေ အနေနဲ့ ရင်းနှီးမြှပ်နှံမှုတွေ လုပ်ပိုင်ခွင့်ရှိဖို့ အဓိကထား ဆွေးနွေးကြမှာလို့ သိရပါတယ်။ အဲဒီအစည်းအဝေး မတိုင်ခင် တိုင်းရင်းသားပါတီတွေ အပါအ၀င် အဖွဲ့အစည်းတွေက စုပေါင်း သဘောထား ပေးပို့ကြတာ ဖြစ်ပါတယ်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ကို အာအက်ဖ်အေ ၀ိုင်းတော်သား ဦးဝင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )