22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, August 12, 2012

ရောဂါကြောင့် မဟုတ်ဘဲ အိပ်မပျော် ဖြစ်နေသလား?

 

ရောဂါ ဝေဒနာ တစ်ခုခု ကို ခံစားနေ ရတဲ့ အခါမှာ ကျွန်မတို့ တစ်တွေ ဟာ အိပ် မပျော်နိုင် တာမျိုး ဖြစ်နေတတ်ကြပါ တယ်။ ဒါပေမဲ့ ရောဂါဝေဒနာတစ်ခုကို မှ မခံစားရဘဲလည်း တစ်ခါတစ်ရံမှာ အ တွေးတွေ များတာ၊ ပူပင်သောက များ တာ၊ စိုးရိမ်နေတာစတဲ့ အကြောင်းတွေ ကြောင့် အိပ်မပျော်တတ်ကြပါဘူး။ အဲဒီ အခါ နောက်တစ်နေ့မှာ အာရုံ စူးစိုက် မှုနည်းတာ၊ မှတ်ဥာဏ်အားနည်းတာ၊ လုပ်ကိုင်နိုင်စွမ်း ကျဆင်းတာစတဲ့ အ ခက်အခဲတွေ ဖြစ်လာတတ်ပါတယ်။ ဒီ လိုမဖြစ်စေဖို့အတွက် ည ည နှစ်နှစ်ခြိုက် ခြိုက် အိပ်မောကျနိုင်အောင် အောက် ပါ အချက်တွေကို လိုက်နာသင့်ပါတယ်။
(၁) အိပ်ရာဝင်ချိန်နှင့် အိပ်ရာထချိန် မှန်ကန်မှု ရှိပါစေ
အများသူငါ အလုပ်ပိတ်ရက်၊ ကျောင်းပိတ်ရက်ဖြစ်တဲ့ စနေ၊ တနင်္ဂနွေ နေ့တွေပါမကျန် နေ့ရက်တိုင်းမှာ အချိန် မှန် အိပ်၊ အချိန်မှန်ထတဲ့ အကျင့်ကို လုပ် ပေးပါ။ ဒီအကျင့်ကြောင့် နှစ်နှစ်ခြိုက် ခြိုက် အိပ်မောကျစေနိုင်ပါတယ်။
(၂) အိပ်ပျော်ရန် အတင်းမကြိုးစားပါနှင့်
မအိပ်လို့ မဖြစ်ဘူးဆိုတဲ့ အတွေးကို တွေးပြီး ဇွတ်အတင်း ကြိတ်မှိတ်အိပ်ဖို့ မကြိုးစားပါနဲ့။ အဲဒီလို ကြိုးစားလေလေ ဖိအားများပြီး အိပ်ပျော်ဖို့ ခက်ခဲလေလေ ဖြစ်တတ်ပါတယ်။
(၃) အိပ်ရာဝင်ချိန်တွင် ခန္ဓာကိုယ်ကို အကြောဖြေလျှော့ပါ
အိပ်ရာထဲ ဝင်ပြီးတာနဲ့ ခန္ဓာကိုယ် အပေါ်ပိုင်းကနေ အောက်ပိုင်းအထိ အ စိတ်အပိုင်းတစ်ခုချင်းစီကို အကြောတင်း လိုက်၊ ပြန်ဖြေလျှော့လိုက် လုပ်ပေးပါ။ ခန္ဓာကိုယ် အနားရပြီး အပန်းပြေသွားပါ လိမ့်မယ်။
(၄) အိပ်ရာထဲတွင် ရန်မဖြစ်ပါနှင့်
အထူးသဖြင့် အိမ်ထောင်ဖက်နဲ့ အိပ်ရာထဲ ရောက်တဲ့အထိ စကားများ တာ၊ ရန်ဖြစ်တာ၊ ပြဿနာဖြစ်တာမျိုး ရှောင်ပါ။ တစ်ညလုံး စိတ်ပင်ပန်းကာ အိပ်မပျော်တာမျိုး ဖြစ်တတ်ပါတယ်။
(၅) အိပ်ရာဝင်ခါနီး အောက်ပါတို့ကို လိုက်နာပါ
အိပ်ရာဝင်ခါနီးအချိန်မှာ ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက်၊ အရက်၊ ဆေး လိပ်စတာတွေကို မသောက်ပါနဲ့။ ဗိုက် ဆာရင် နွားနို့၊ ငှက်ပျောသီးစတာတွေ စားပေးပါ။ ထရစ်ပတိုဖန်ဓာတ်ပါဝင်တာ ကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျ စေပါတယ်။ အိပ်ရာဝင်ခါနီး သုံးနာရီအ လိုမှာ လေ့ကျင့်ခန်း မလုပ်ပါနဲ့။ သီချင်း နားထောင်တာ၊ စာဖတ်တာ၊ ဘုရားစာ ရွတ်တာ၊ တရားမှတ်တာတို့ လုပ်ပြီး စိတ် အေးအေးထားကာ အိပ်ရာဝင်ပါ။


Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )