22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, August 8, 2012

ပြည်ထောင်စုဝန်ကြီးများ ရှစ်လေးလုံး အခမ်းအနားအတွက် အလှူငွေပေးအပ်

ပြည်ထောင်စု ၀န်ကြီးတွေဖြစ်တဲ့ ဦးအောင်မင်းနဲ့ ဦးစိုးသိန်းတို့ဟာ ဒီကနေ့ ညနေ (၅) နာရီလောက်မှာ (၂၄) နှစ်မြောက် ငွေရတုအကြို ရှစ်လေးလုံး အရေးတော်ပုံ နှစ်ပတ်လည် အခမ်းအနား ကျင်းပမယ့် မန္တလေးမြို့ ဒက္ခိဏာရာမ ဘုရားကြီး အလယ်တိုက်ကို သွားရောက်ပြီး ဆရာတော် ဦးခေမာကို အလှူငွေ ဆက်ကပ်သလို ကိုမင်းကိုနိုင် ခေါင်းဆောင်တဲ့ (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေကိုလည်း ၈ လေးလုံး အခမ်းအနားအတွက် ကျပ်ငွေ (၁၀) သိန်း ပေးအပ်ခဲ့ပါတယ်။
88 Generation Students
၂၀၁၂ ခုနှစ် သြဂုတ်လ ၇ ရက်က ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းက ကိုမင်းကိုနိုင်ကို (၂၄) နှစ်မြောက် ငွေရတုအကြို ရှစ်လေးလုံး အရေးတော်ပုံ နှစ်ပတ်လည် အခမ်းအနားအတွက် အလှူငွေ ပေးအပ်နေစဉ်။ 

အခုလို လာရောက် ကူညီတာဟာ သမ္မတက ခွင့်ပြုလို့ ဖြစ်တယ်လို့ ၀န်ကြီး ဦးအောင်မင်းက (၈၈) မျိုးဆက် ကျောင်းသားတွေကို ပြောခဲ့ပါတယ်။
"အရင်တုန်းက စနစ်က ခွင့်မပြုဘူး။ အခုက စနစ်က ခွင့်ပြုပြီ။ လုပ်လို့ရသွားပြီ။ နိုင်ငံတော်က ခွင့်ပြု၊ သမ္မတကြီးက ခွင့်ပြုလို့ ကျွန်တော်တို့ လာလို့ရတာပေါ့"
အစိုးရ ဝန်ကြီးတွေ ကိုယ်တိုင် ၈ လေးလုံး အရေးတော်ပုံ နှစ်ပတ်လည် အခမ်းအနားအတွက် အခုလို လာရောက် အားပေးတဲ့အပေါ် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ကြိုဆိုလိုက်ပါတယ်။
"ဒီဟာက ဖြစ်သင့်ဖြစ်ထိုက်တာက ကြာပြီဗျ။ ဘာကြောင့်လဲဆိုတော့ ရှစ်လေးလုံးကြောင့်ပဲ ကျွန်တော်တို့ တိုင်းပြည် အကြီးအကျယ် ပြောင်းလဲခဲ့တယ်။ အမှောင်ထဲကနေ အလင်းဘက်ကို မျက်နှာမူလာတယ်။ အာဏာရှင် ဥခွံကွဲပြီးတော့ ဒီမိုကရေစီ သားပေါက်ခွင့်ရတယ်ပေါ့ဗျာ။ အဲဒီအပေါ်မှာ အသိအမှတ်ပြုတယ်လို့ပဲ ကျွန်တော် နားလည်ပါတယ်။ အဲတော့ ရေရှည်မှာ ကျွန်တော်တို့ တည်ဆောက်ရေးအတွက် အားလုံးပါဝင်တဲ့ နိုင်ငံရေး ဖြစ်စဉ်လို့ သမ္မတကြီးကိုယ်တိုင် ပြောထားတဲ့ အခါမှာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် လေးစားနားလည်မှုက အင်မတန် အရေးကြီးပါတယ်။ အဲဒါကို ဒီကနေ့ တည်ဆောက်နိုင်ခဲ့တယ်။ အတိုင်းအတာ တစ်ခုအထိတော့ တည်ဆောက်နိုင်ခဲ့ပြီ။ ကောင်းတဲ့ လက္ခဏာပါ"
မနက်ဖြန် ကျင်းပမယ့် အခမ်းအနားကို ၀န်ကြီး ဦးအောင်မင်းနဲ့ ဦးစိုးသိန်းတို့ တက်ရောက်မယ်၊ မတက်ရောက်ဘူး ဆိုတာကိုတော့ လောလောဆယ် မသိရသေးပါဘူး။
ဝန်ကြီးတွေနဲ့ ဒီနေ့ညနေ တွေ့ဆုံပွဲမှာ (၈၈) မျိုးဆက် ကျောင်းသားများ အဖွဲ့က ကိုမင်းကိုနိုင် ရေးသားတဲ့ နောက်ကြည့်မှန် စာအုပ်နဲ့ ကိုမြအေး ရေးသားတဲ့ မိုးကောင်းကင်၌ တိမ်တိုက်များ စာအုပ်တွေကို လက်မှတ်ထိုးပြီး ၀န်ကြီးနှစ်ဦးကို မေတ္တာလက်ဆောင် ပေးလိုက်ကြပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )