22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, August 8, 2012

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီသစ်တွင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ ဖြစ်လာ

 

ပြည်သူ့ လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ သစ်ကို ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂ ပုဒ်မခွဲ ဇ အရ ယနေ့ ဖွဲ့စည်းလိုက်ရာ ကော့မှူးမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်မည်ဖြစ်ပြီး၊ ပုသိမ်မဲဆန္ဒနယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က အတွင်းရေးမှူးအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရ ရှိသည်။
ပြည်ထောင်စုအဆင့်ရှိ ယခုအဖွဲ့အစည်းသစ်ကို သက်တမ်းတစ်နှစ်သတ်မှတ်ထားပြီး ကော်မတီအနေဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူ့အစိုးရတရားရေး အဖွဲ့အစည်းများ၊ ပြည်သူ့ဝန်ထမ်းများ၊ သတင်းမီဒီယာနှင့် သက်ဆိုင်သူအားလုံးကို တရားဥပဒေနှင့် အညီ နေထိုင်ပြုမူ လိုက်နာဆောင်ရွက်နိုင်ရေးအတွက်နှိုးဆော်တိုက်တွန်း ထိန်းညှိကူညီခြင်း၊ အရေးယူဆောင်ရွက်ရန်ရှိပါက ပြည်သူ့လွတ်တော် ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့တင်ပြခြင်း၊ တည်ငြိမ်အေးချမ်းမှုပျက်ပြားစေသော
အကြောင်းကိစ္စများ ပေါ်ပေါက်ပါက၊ ပေါ်ပေါက်သည်ဟု ယူဆပါက သက်ဆိုင်ဆက်စပ်သည့် အဖွဲ့အစည်းများကို ကူညီစောင့်ကြည့် ထိန်းညှိပေးခြင်း၊ တရားဥပဒေစိုးမိုးမှုနှင့်တည်ငြိမ်အေးချမ်းရေးမှတစ်ဆင့်ငြိမ်း ချမ်းရေး ဖော်ဆောင်မှု အောင်မြင်နိုင်ရေးအတွက် လေ့လာသုံးသပ်ဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာ နယ်ပယ်
အသီးသီးရှိ ဌာနအဖွဲ့အစည်းများက ကျင့်သုံးလျက်ရှိသည့် ဥပဒေများကိုလေ့လာ၍ ပယ်ဖျက်၊ ပြင်ဆင်၊ အသစ်ပြဌာန်းရန်များတွေ့ရှိက လွှတ်တော်သို့တင်ပြခြင်း၊သက်ဆိုင်ရာဌာန အဖွဲ့အစည်းများမှ အခါအားလျော်စွာ ထုတ်ပြန်သည့် နည်းဥပဒေ စည်းမျဉ်း စည်းကမ်း အမိန့်ကြော်ငြာစာ အမိန့်ညွှန်ကြားချက်နှင့်လုပ်ထုံးလုပ်နည်းများသည် တည်ဆဲဥပဒေများ၊ ပြည်ထောင်စု လွှတ်တော်မှ ပြဌာန်းလိုက်သည့် ဥပဒေများနှင့်ညီညွတ်ဆီလျော်အောင်ဆောင်ရွက်ခြင်းညီညွတ်ဆီလျော်မှုရှိပါက လိုက်နာ ဆောင်ရွက် မှုကို စောင့်ကြည့် ထိန်းညှိကူညီခြင်းတာဝန်များကို ဆောင်ရွက်ရမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါကော်မတီသည်
လုပ်ငန်းနှင့်ပတ်သက်၍ ဆက်စပ်သက်ဆိုင်သည့် အဖွဲ့အစည်းများ၊ တာဝန်ရှိ ပုဂ္ဂိုလ်များအား ဖိတ်ကြား၍ မေးမြန်းဆွေးနွေးခွင့်ရှိသည်ဟုဆိုသည်။
ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီအဖွဲ့ဝင်များအဖြစ် ပန်းတနော်မဲဆန္ဒနယ်မှဦးမန်းမောင်မောင်ဥာဏ်၊ဒိုက်ဦးမဲဆန္ဒနယ်မှ ဦးမင်းဆွေ၊ အင်ဂျန်းယန်မဲဆန္ဒနယ်မှဒေါ်ဒွဲဘူ၊ မိုင်းပြင်းမဲဆန္ဒနယ်မှဦးစိုင်းထွန်းစိန်၊ မတူပီမဲဆန္ဒနယ်မှ ဒေါက်တာရိုအုပ်၊ ဇီးကုန်းမဲဆန္ဒနယ်မှ
ဦးခင်မောင်မြင့်၊ကျိုက်မရောမဲဆန္ဒနယ်မှဒေါ်မိယဉ်ချမ်း၊ တာမွေမဲဆန္ဒနယ်မှ ဒေါ်လဲ့လဲ့ဝင်းဆွေ၊ ဒီမောဆိုးမဲဆန္ဒနယ်မှ ဦးစိုးရယ်၊ ရသေ့တောင်မဲဆန္ဒနယ်မှဒေါ်ခင်စောဝေ၊ကျောက်မဲ မဲဆန္ဒနယ်မှဦးနယ်ဆင်ခေါ်ဦးဆောင်စီ၊သင်္ဃန်းကျွန်းမြို့နယ်မဲဆန္ဒနယ်မှဦးသိန်းညွန့်တို့ ပါဝင်ကြောင်းသိရသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )