22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, August 8, 2012

၆၅သိန်းနှင့် ကားဟောင်းစလစ်ပေးလျှင် Caldina စက်ရုပ်အပါအဝင် မော်ဒယ်မြင့် ကားများ ရနိုင်မည်ဟုဆို

 

ယာဉ်အို ယာဉ်ဟောင်း စလစ်နှင့် အငှားယာဉ် တင်သွင်းလိုသူများ အတွက် ကျပ်ငွေ ၆၅   သိန်းနှင့် ကားဟောင်းစလစ် ပေးလျှင် Caldima စက်ရုပ် အပါအဝင် မော်ဒယ်မြင့် ကားများ ရရှိနိုင်မည် ဖြစ်ကြောင်း ဆာကူရာ ကားအရောင်းစင်တာ ထံမှ သိရသည်။
“ဒီကားတွေက အငှားယာဉ်အတွက် သီးသန့်ဝန်ဆောင်မှုပါ။ အပြီးအစီး က.ည.န နံပါတ်ပြား (ဗဗ)ရတဲ့အထိပါ”ဟု ဆာကူရာ ကားအရောင်းစင်တာမှတာဝန်ရှိသူ ဦးဇော်ဇော်အောင်ကVenus News Weekly သို့ပြောသည်။ ကျပ်ငွေ ၆၅ သိန်းနှင့် သိန်း ၈၀ အကြားရရှိမည့် မော်ဒယ်မြင့်ကားများမှာ ၂၀ဝ၆ မော်ဒယ်၊Toyota probox, Toyota Caldina, Toyota Coralla, Toyota Fielder ကားများဖြစ်ပြီး အင်ဂျင်ပါဝါများမှာ ၁၃၀ဝ စီစီ၊ ၁၅၀ဝ စီစီနှင့် ၁၈၀ဝ စီစီကားများ ဖြစ်ကြောင်း ထိုကားများကို ဂျပန်မှ မှာယူမည်ဆိုပါက ၁၀ သိန်း ပို၍ပေးဆောင်ရမည်ဖြစ်ကြောင်းသိရ သည်။
“ကားဝန်းထဲမှာတော့ Coldina (စက်ရုပ်)ကို ၂၀ဝ၆ ဆိုရင် ဂရိတ်နိမ့် ၁၈၀ ဝန်းကျင်ဈေးခေါ်နေကြတယ်။ Probox ကတော့ ကျပ် သိန်း ၁၄၀ ဝန်းကျင်လောက်ပါပဲ။ အမြင့်ကားကတော့ ဝင်းထဲမှာ အရောင်းအဝယ်ပါးတယ်”ဟု ဟံသာဝတီကားဝင်းမှ ကားပွဲစားတစ်ဦးက ဆိုသည်။
ဟံသာဝတီကားဝင်းအတွင်းတွင် ကျပ်သိန်း ၁၀ဝ ဝန်းကျင်အောက်ကားများသာ အရောင်းအဝယ် အနည်းငယ်ဖြစ်နေပြီး စလစ် ဈေးနှုန်းများ အနည်းငယ်မြင့် တက်လာကာ ၆၈ သိန်းဝန်းကျင် ဈေးပေါက်နေကြောင်းသိရသည်။ ဆာကူရာ ကားကုမ္ပဏီမှ အငှားယာဉ်များကို ကနဦး ကျပ် သိန်း ၃၀ ပေးချေ ကာ တစ်ရက်လျှင် ၁၂၅၀ဝ နှုန်းဖြင့် နေစဉ် သုံးနှစ်တိတိပေးသွင်းရမည် ဖြစ်ပြီး အင်ဂျင်ပါဝါ ၁၂၀ဝ၊ ၁၃၀ဝ စီစီ ကားများကိကု အရစ်ကျရောင်းချ ပေးနေကြောင်း သုံးနှစ်ပြည့်ပါက မိမိတို့ ကိုယ်ပိုင်ယာဉ်အဖြစ် လွဲ ပြောင်းပေးမည်ဖြစ်ကာ နောက်ထပ် နှစ်နှစ်ကို ကုမ္ပဏီနာမည်ဖြင့် ဆက် လက် ပြေးဆွဲရမည်ဖြစ်ကြောင်း သိရ သည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )