22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, August 8, 2012

WB နှင့် ADBကိုဆပ်ရန် ဂျပန်အစိုးရက ကန်ဒေါ်လာ သန်း ၉၀ဝ ထုတ်ချေးမည် ဟုဆို


ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေး ဘဏ်တို့သို့ ပေးရမည့် ကြွေးကျန် များကို ပြန်ဆပ်ရန် မြန်မာနိုင်ငံကို ကူညီသည့်အနေဖြင့်ဘဏ်လုပ်ငန်း ဘဏ်လုပ်ငန်းယာယီပူးပေါင်းသည့် အဖွဲ့တစ်ခုမှ တစ်ဆင့်မြန်မာနိုင်ငံ သို့ အချိန်တိုချေးငွေအမေရိကန် ဒေါ်လာသန်း ၉၀ဝ ဝန်းကျင်တိုး ချေးရန် ဂျပန်အစိုးရက စီစဉ်လျက် ရှိသည်ဟု ဗုဒ္ဓဟူးနေ့တွင် ထုတ် ဖော်ပြောဆိုခဲ့သည်။
ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုး ရေးဘဏ်တို့၏ စည်းမျဉ်းများ အရ ငွေချေးယူထားသောတိုင်း ပြည်များသည် ဘဏ္ဍာရေးဆိုင်ရာ အကူအညီသစ်မတောင်းဆိုမီြွေကးကျန်များကို ရှင်းလင်းရန်လို အပ်သည်ဟု ဆိုသည်။
ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုး ရေးဘဏ်နှစ်ရပ်လုံးတွင် အကြီးဆုံး အစုရှယ်ယာပိုင်ရှင် အမေရိကန် ပြည်ထောင်စုသည်။ မြန်မာနိုင်ငံ အတွင်းပြုပြင်ပြောင်းလဲမှုများကို လက်ခံလျက် မြန်မာနိုင်ငံနှင့် ပတ် သက်သည့် အရေးယူပိတ်ဆို့မှုများ ကို ဖြေလျော့လျက်ရှိသော်လည်း မြန်မာနိုင်ငံအတွက် လတ်တလော ချေးငွေများတိုးချဲ့ထုတ်ချေးခြင်းမှ အဆိုပါ ဘဏ်နှစ်ရပ်စလုံးကို တား မြစ်ထားဆဲဖြစ်သည်ဟုသိရသည်။
ဝါရှင်တန်သည် မြန်မာနိုင်ငံ နှင့်ပတ်သက်၍ စည်းကြပ်ထား သော ကျန်နေသေးသည့် အရေးယူ ပိတ်ဆို့မှုများကို လာမည့်ဇန်နဝါရီ လတွင် ဖယ်ရှားဖွယ်ရှိရာ ကမ္ဘာ့ ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့ မှ ဘဏ္ဍာရေးကူညီထောက်ပံ့မှု အ တွက် နည်းလမ်းများကို ဂျပန်နိုင်ငံ ၏ အချိန်တိုချေးငွေများက ဖွင့် လှစ်ပေးနိုင်မည်ဟု မြန်မာအစိုးရက မျှော်လင့်ထားသည်။ ကမ္ဘာ့ဘဏ်နှင့်အာရှဖွံ့ဖြိုး ရေးဘဏ်နှစ်ရပ်လုံးသည် မြန်မာ နိုင်ငံအတွက် ငွေထုတ်ချေးရေးစာ ရင်းပြန်ဖွင့်ရန်အတွက် အခြေခံ လုပ်ငန်းများချမှတ်ရန် ရန်ကုန်မြို့ ၌ ဗုဒ္ဓဟူးနေ့တွင် ရုံးခန်းဖွင့်လှစ်ခဲ့သည်။
တစ်ချိန်က နိုင်ငံတကာ အ သိုင်းအဝိုင်းတွင် အထီးကျန်ခဲ့ သည့် တိုင်းပြည်တစ်ခုနှင့်ပြန်လည် ပူးပေါင်းလုပ်ဆောင်ရေးပထမဆင့် အနေဖြင့် တိုင်းပြည်ဆင်းရဲမွဲတေမှု ပပျောက်ရေးကူညီရန် မြန်မာနိုင်ငံ သို့ အမေရိကန်ဒေါ်လာ ၈၅ သန်း တိုးချဲ့ထုတ်ချေးရန်ခွင့်ပြုမည်ဟု အဆိုပါ ကမ္ဘာ့ဘဏ်ခွဲ ဖွင့်ပွဲနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ မြန်မာနိုင်ငံရှိ ပြည်သူ့တစ် ရပ်လုံးအနေဖြင့် အစိုးရ၏ စီးပွား ရေးပြုပြင်ပြောင်းလဲမှုများ၏ အ ကျိုးစီးပွားကို ခံစားနိုင်စေရန် လူ့အ ဖွဲ့အစည်းဖွံ့ဖြိုးရေး စီမံကိန်းများ အတွက် အဆိုပါခွင့်ပြုငွေများကို လျာထားခဲ့ကြောင်း၊ အရှေ့အာရှ နှင့် ပစိဖိတ်ဆိုင်ရာ ကမ္ဘာ့ဘဏ် ဒုတိယဥက္ကဋ္ဌ Pamela Cox က သတင်းထောက်များကို ထုတ်ဖော် ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံမှ ပေးရန်သတ် မှတ်ချိန်ကျော်လွန်နေသည့်ြွေကး မြီများမှာ ကမ္ဘာ့ဘဏ်တွင် ဒေါ်လာ ၃၉၇ သန်းနှင့် အာရှဖွံ့ဖြိုးရေးဘဏ် တွင် ဒေါ်လာသန်း ၅၀ဝ ရှိသည်။ မြန်မာနိုင်ငံတွင် စစ်အစိုးရအုပ်ချုပ် စဉ်က လူ့အခွင့်အရေးချိုးဖောက်ခဲ့ မှုများကြောင့် ၁၉၈၀ ခုနှစ်နှောင်း ပိုင်းကတည်းက မြန်မာနိုင်ငံသို့ ထုတ်ချေးရန် အဆိုပါငွေကြေးအဖွဲ့ အစည်းနှစ်ရပ်စလုံးက ရပ်တန့် ထားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ 
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )