22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, September 5, 2012

အပြစ်ငရဲ မှ ကျွှတ်ရာလမ်း

           ဤလောကမှာ ခရစ်ယာန်တွေ သေဆုံးသွားသည့်အခါ ခရစ်တော်၌ အိပ်ပျော်ခြင်း ဆိုသည့်
စာသားသတင်းစာမှာ၎င်း သချိုင်းကုန်း လက်ဝါးကားတိုင်းပေါ်မှာ R.I.P (rest in peace) တွေ့ရသည်။
အဘယ်ကြောင့်ဆိုသော် ခရစ်ယာန်တွေဟာ သေဆုံးသွားသည့်အခါ အိုခြင်း ၊နာခြင်း ကနေသခဏ 
တာအနားယူ( အိပ်ပျော်ခြင်း) ဖြစ်သည်။ သမ္မာကျမ်းစာက သခင်ဘုရားသည်ကြွေးကြော်ခြင်း
၊ကောင်းကင်းတမန်မင်းအသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကိုမှုတ်ခြင်းနှင့်တကွ၊
ကောင်းကင်ဘုံမှ ကိုယ်တိုင်ဆင်းသက်တော်မှု၍၊ ခရစ်တော်၌ သေလွန်သောသူတို့သည်
အဦးထမြောက်ကြလိမ့်မည်။ (၁ သက် ၄း၁၆) ထိုကြောင့် တဖန်ခရစ်တော်ပြန်လာသည့်အခါ  
ရှင်ပြန်ထမြောက်ပြီး ထာဝရကောင်းကင်းနိုင်ငံ ရောက်ရှိမည်ဖြစ်သောကြောင့် ခရစ်ယာန်တွေသေဆုံး
သွားသည့်အခါ ဝမ်းနည်းပူဆွေးခြင်းမပြုပဲ ဝမ်းမြောက်စွာဖြင့် သီချင်းဆိုနိုင်ခြင်း ဖြစ်သည်။
            မိတ်ဆွေ - သေခြင်းတရားက အသက်အရွယ်၊ အဆင့်အတန်းမခွဲခြားပေ။ သေခြင်းတရားကမင်း
အသက်ငယ်သေး၍ နောက်မှသေ၊ မင်းအသက်ကြီး၍အရင်သေဆိုတာ မျိုးမရှိပါ။ မြန်မာစကားပုံမှာ
ငယ်ရွယ်မှာပညာရှာ၊လူလတ်မှာ ဥစ္စာရှာ၊ အိုမင်းမှ တရားရှာမည် ဆိုပါစို့ မိတ်ဆွေ -  အနေဖြင့် ပညာ
ရှာစဉ် အသက်ဆုံးသွားပါက ကောင်းကင်နိုင်ငံ ရောက်ရမည်လို့ သေချာပါသလား?ကိုယ်ရဲ့ကောင်းမူ
ကုသိုလ်အားဖြင့် ကောင်းကင်းနိုင်ငံ တကယ်ရောက်နိုင်မည်ရဲ့လား?သေချာစဉ်စားပါ ကိုယ်ကျော်ဖြတ်ပြီးခဲ့
သည့်ဘဝတွေမုာ ကောင်းမူကုသိုလ်နှင့်အကုသိုလ် ဘယ်ဟာပိုများသလဲ?ငရဲရောက်မှဘာမှပြုပြင်လို့
မရသောကြောင့်ငရဲရောက် မှနောင်တရသောသူ မဖြစ်စေချင်ပါ။ သေချာပါသည် မိတ်ဆွေ - မြန်မာ
စကားပုံမှာကုသိုလ်တစ်ပဲ ငရဲတစ်ပိသာ ဆိုရိုးစကားရှိပါသည်။ထို့ကြောင့် ကိုယ်ရဲ့ကောင်းမူကုသိုလ်
အားဖြင့်ကောင်းကင်နိုင်ငံလုံးဝ မရောက်နိုင်ပါ။
             နေ့စဉ်နဲ့အမျှ ကာယကံ (ကိုယ်ထိလက်ရောက်ပြစ်မှားခြင်း) ၊ မနောကံ (စိတ်ဖြင့်ပြစ်
မှားခြင်း)၊ ဝိစ္စကံ (နှုတ်ဖြင့်ပြစ်မှားခြင်း)၊ တစ်ခုခုဖြင့် မည်သူမျှမကင်းသည်မဟုတ်ပါလား? မိတ်ဆွေ - 
အနေဖြင့် ကျနော်၊ ကျမ ကသူများသား၊မယားမပြစ်မှားပါ၊ မခိုးပါ၊ မသတ်ပါ၊ မူးယစ်ဆေးဝါးမသုံးစွဲပါ 
စသည့်ဖြင့် အမျိုးမျိုးဖြင့် ဆင်ခြင်ပါလိမ့်မည်။ သမ္မာကျမ်းစာက   ကိလေသာစိတ်နှင့်သူ့မယားကို
ကြည့်ရှုသောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့်ပြစ်မှားပြီ ဟုရေးသားထားပါသည် ။ယောကျာင်္း
ပီသမှန်လျှင် မည်သူကမျှ ကိလေသာစိတ်နဲ့မကင်းနိုင်ကြပါဘူး။ မိန်းမမှန်လျှင် မိမိညီအစ်ကို တစ်ယောက်
ယောက် မုန်းမိမှာသေချာပါသည်။ မိမိညီအစ်ကိုမုန်းသောသူ မည်သည်ကားလူ့အသက်ကိုသတ်သော
သူဖြစ်၏(၁ယော၃း၁၅)ထိုကြောင့် ဘယ်သူကမှ အပြစ်နဲ့မကင်းနိုင်ကြပါ၊ သူများမုန်းတာလောက်
၊ကိလေသာစိတ်လောက်နဲ့တော့ ငရဲမရောက်ပါဘူးလို့ ဆိုမိကြမှာပါ။ ဥပမာ -၁၀တန်းကျောင်းသား
တစ်ယောက်ကဂုဏ်ထူး (၅)ဘာသာရရှိပြီး ကျန်သည့်တစ်ဘာသာ(၃၉)မှတ်ရရင်လည်း စာမေးပွဲကျတာ
ဘဲမဟုတ်လား? ဘုရားသခင်ရှေ.မှာ အပြစ်သေးသည်ဖြစ်စေအပြစ်ကြီးသည်ဖြစ်စေ အပြစ်ရဲ့အခဟာ
သေခြင်(ငရဲ) ဖြစ်သည့်အတွက် ငရဲကျရောက် အမှန်ပါ။ ခရစ်တော်ကလွှဲ၍ အာမခံချက်ပေးနိုင်သော
သူတစ်ယောက်မျှမရှိပါ။  ယေရှုကငါသည်လမ်းခရီးဖြစ်၏။အသက်လည်း ဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် 
အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။(ယော ၁၄း၆) ကျန်သည့် ဘာသာတရားကကောင်းတာ
လုပ်ရင်ကောင်းတာရမည်လို့ တရားဟောခဲ့ပါသည်။ သိပ်မှန်ပါသည်မိတ်ဆွေ-ကောင်းတာလုပ်ရင်
ကောင်းတာရမည်ဆိုပါက ဘုရားလည်မလိုတော့ပါ၊ ဆုတောင်းဖို့၊ဘုရားရှိခိုးဖို့လည်း မလိုတော့ပါ။
ဘုရားဆိုတာ ကိုယ်မလုပ်နိုင်တာမဖြစ်နိုင်တာကို လုပ်ပေးသော ဘုရားဖြစ်သောကြောင့်ဒုက္ခရောက်သော
အခါ ဆုတောင်း၊တမ်းတ၊ဘုရားရှိခိုး ကြသည်မဟုတ်ပါလား?သခင်ယေရှုက ၀န်လေး၍ ပင်ပန်းသောသူ 
အပေါင်းတို့လာကြလော့။ ငါသည်ချမ်းသာပေးမည်။ (မ ၁၁း၂၈)  
          ကိုယ်ရဲ့အကျင့်တရားအားဖြင့်၎င်း၊ ကောင်းမှုကုသိုလ်အားဖြင့်၎င်း၊ ကိုယ့်နည်းကိုယ့်ဟန်ဖြင့်၎င်း
ဘယ်သူကမှငရဲမှ လွှတ်မြောက်ရာလမ်းကို မရောက်နိုင်ကြသဖြင့် လူတွေကမတတ်နိုင်သော အမှုကို 
ဘုရားသခင်သိရှိ၍ သူ၏တပါးတည်းသော သားတော်သခင်ယေရှုခရစ်အားဖြင့် အပြစ်ငရဲမှ လွှတ်မြောက်ရာ
 လမ်းကိုပြင်ဆင်ပေးခဲ့ပါသည်။ ထိုကြောင့် သားတော်ယေရှူှုခရစ်ကို ယုံကြည်သောသူသည် အပြစ်စီရင်
 ခြင်းမခံရ။ မယုံကြည်သောသူမူကား ဘုရားသခင်၌ တစ်ပါတည်းသောသားတော်ကိုမယုံကြည်
သောကြောင့် အပြစ်စီရင်ခြင်းကို ခံရ၏။ (ယော ၃း၁၆) မိတ်ဆွေ - ထိုသခင်ယေရှုခရစ်ကို ယုံကြည်
လက်ခံခြင်းဖြင့်အပြစ်ရဲ့အခငရဲကနေလွှတ်မြောက်ပြီးထာဝရအသက်ရရှိမည်ဖြစ်သည်။ 
ထိုကြောင့်သမ္မာကျမ်းစာက သင့်ကိုအာမခံပေးနေပါသည်။
           မိတ်ဆွေအနေဖြင့် ခရစ်ယာန်တို့၏ ဘုရားကမြင်လို့မရ၊ ကိုင်တွယ်လို့မရပါလား ဆိုမိမှာပါ။လေ
သည် ကိုင်တွယ်လို့မရတဲ့အရာဖြစ်ပေမဲ့ လေတိုက်သည့်အခါ သစ်ပင်တို့သည် ယိမ်းယိုင်ခြင်းအားခြင်း
 လေရှိခြင်း သိသည်မဟုတ်ပါလား? ထိုနည်းတူစွာပဲ နေ၊ လ၊ ကြယ်၊ စကြာဝဌာ၊သက်မဲ့အရာတွေကို
ကြည့်ပြီးဖန်ဆင်းပိုင်သော အရှင်သခင်ရှိခြင်းသိသည်မဟုတ်ပါလား? သမ္မာကျမ်းစာက အစအဦးနှုတ်ကတော်
ရှိ၏ ထိုနှုတ်ကတော်သည်လည်း ဘုရားသခင်ဖြစ်တော်မှု၏။ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသော
အရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော်မူခြင်းနှင့် ကင်းလွတ်လျက်ဖြစ်သော တစ်စုံတစ်ခု
မျှမရှိ။(ယော၁း၁,၃) တရားထိုင်၊ကျင့်စဉ်သည် ကျင့်မှဘုရား ဖြစ်လာတာမဟုတ်ပါ။ အစလည်းသူ
အဆုံးလည်းသူဖြစ်၏။ အနန္တာတန်းခိုးရှင်၊ ဘာနဲ့မျှတုနှိုင်း၍ မရသောကြောင့် ဖန်ဆင်းရှင်ဘုရား၏
ရုပ်တု၊ ဆင်းတုလုပ်၍ မရပါ။ ဘုရားသကာတို့၏ ဘုရားဖြစ်သောကြောင့် ထာဝရဘုရားသခင်ဟု
ခေါ်တွင်ခြင်းဖြစ်သည်။
                                                                          ခရစ်တော်၌ ကံသာ (Kamta)
            

              
            


















Thursday, March 15, 2012

Friday, March 2, 2012

အသစ်သော မွေးဘွားခြင်း - A New Birth


အသစ်သော မွေးဘွားခြင်း - A New Birth
New life in Christ Course III
Lesson 7
ဖတ်ရန်ကျမ်းချက်များ။ ယော၊ ၃း၁-၂၁။ယော၊ ၁း၁ဝ-၁၃။ယော၊ ၈း၃၂-၄၄။
သော့ချက် ကျမ်းပိုဒ်။ '' ယေရှုက၊ ဒုတိယမွေးခြင်းကို မခံ သောသူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်ကိုမမြင်ရဟု ငါအမှန်
အကန်ဆိုသည်ဟု ပြန်၍မိန့်တော်မူ၏'' (ယော၊ ၃း၃)
                ယခင် သင်ခန်းစာ၌ ဤကမ္ဘာကြီးတွင် အိမ်ထောင်စု နှစ်စုသာလျှင်ရှိကြောင်း လေ့လာခဲ့ရပြီး ဖြစ်သည်။ ပဌမ လူ အာဒံ သည် အိမ်ထောင်စု တခု၏ ဦးခေါင်းဖြစ်သည်။ ဘုရားသခင်၏ဒုတိယလူ ဖြစ်သော ခရစ်တော်သည် အခြား အိမ်ထောင်တခု၏ ဦးခေါင်းဖြစ်သည်။
                အချို့သော လူများယူဆကြသည်မှာ ဘုရားသခင်သည် လူသားအားလုံး၏ ဘခင်ဖြစ်သည်။ သို့သော် ဤအယူအဆ သည် မှန်ကန်ခြင်းမရှိပါ။ ခရစ်တော်၏အိမ်ထောင်စု၌ ရှိသောသူများသာလျှင် ဘုရားသခင်သည် သူတို့၏ ဘခင် ဖြစ်သည်။ အာဒံ၏အိမ်ထောင်စုဝင်များ၏ဝိညာဉ်ရေးရာ ဘခင်သည် စာတန်ဖြစ်သည်။ လူသားအားလုံး၏ဘခင်သည် ဘုရားသခင် မဟုတ် ကြောင်း သခင်ယေရှု မြွက်ဆိုခဲ့၏။
                  တနေ့သောအခါ သခင်ယေရှုသည် ယေရုရှလင်မြို့၌ အချို့သော ဘာသာရေးသမားနှင့် စကားပြောဆိုခဲ့၏။ ဤသူများက ဘုရားသခင်သည် သူတို့၏ဘခင်ဖြစ်ကြောင်း ပြောဆိုကြ၏။ သို့သော် သူတို့၏စိတ်နှလုံးသည် ဆိုးညစ်ပြီ၊ ယေရှု ကိုမုန်း၍ သတ်ရန် အလိုရှိကြ၏။ ယေရှုသည် သူတို့၏စိတ်တွင် ဘာရှိသည်ကို သိတော်မူပြီ၊ သူတို့ကို မြွက်ဆိုသည်မှာ '' ယေရှုကလည်း၊ ဘုရားသခင်သည် သင်တို့အဘမှန်လျှင်၊ သင်တို့သည်ငါ့ ကိုချစ်ကြလိမ့်မည်။ အကြောင်းမူကား၊ ငါသည် ဘုရားသခင်အထံတော်မှ ထွက်ကြွရောက်လာ၏။ ကိုယ်အလိုအလျှောက် လာသည်မဟုတ်။ ဘုရားသခင်သည် ငါ့ကို စေလွှတ် တော်မူ၏။''ဟုဆို၏။(ယော၊ ၈း၄၂)
                သခင်ယေရှုြ>ွမက်ဆိုရာ၌ '' ဘုရားသခင်သည် သင်တို့အဘ မှန်လျှင်...'' ဘုရားသခင်သည် သူတို့၏ ဘခင် မဟုတ် ကြောင်းကို ယေရှုသည် ရိုးရှင်းစွာ ဖေါ်ပြတော်မူ၏။ ထိုထက် သာ၍ရှင်းလင်းစွာ နားလည်ရန်အတွက် သူက ထိုသူများ၏ ဝိညာဉ်ရေးရာ ဘခင်သည် မည်သူဖြစ်ကြောင်းကို ပြောကြားတော်မူ၏။ သူက '' သင်တို့သည် သင်တို့အဘတည်းဟူသော မာရ်နတ်မှ ဆင်းသက်ကြ၏။ သင်တို့အဘ၏ အလိုသို့လည်း လိုက်တတ်ကြ၏...'' ဟုဆို၏။(ယော၊ ၈း၄၄)။ ထို့ကြောင် သူတို့ အဘသည် ဘုရားသခင် မဟုတ်၊ သူတို့၏အဘသည် စာတန်ဖြစ်သည်။
                သခင်ယေရှု၌ ယုံကြည်လက်ခံခြင်းမရှိကြသော သူများ အားလုံးတို့သည်လည်း ထိုနည်းတူဖြစ်သည်မှာ အမှန်ဖြစ်သည်။ သခင်ယေရှုသည် ကျွန်ုပ်တို့အယောက်တိုင်း ဘုရားသခင်၏သားသမီးများဖြစ်လာရန်အတွက် သူသည် ပြုလုပ်ပေးခဲ့ပြီ၊ ဖြစ်သောကြောင့် မည်သူတယောက်မျှ စာတန်၏ အိမ်ထောင်စုထဲ၌ ကျန်ရှိနေရန် အလိုမရှိပါ။ ကျမ်းစာက ဤသို့ ဖြစ်ခြင်းကို ''ဒုတိယ မွေးခြင်း'' ဟု ခေါ်သည်။ ကျွန်ုပ်တို့သည် ဒုတိယမွေးခြင်း၏ အဓိပ္ပါယ်ကို နားလည်ရန် ဆက်ကြည့်ကြမည်။
သင်သည် တဖန်မွေးခြင်းကို အမှန်ခံရမည်
                ရှင်ယောဟန် ခရစ်ဝင်ကျမ်း တတိယအခန်း၌ သခင်ယေရှုနှင့် ပြောဆိုရန် ညအချိန်တွင်လာခဲ့သော နိကောဒင်၏ အကြောင်း မှတ်တမ်း တင်ထားခြင်းကို ကျွန်ုပ်တို့ဖတ်ခဲ့ကြရသည်။ ဤသူသည် ဖာရိရှဲ အဖွဲ့ဝင်ဖြစ်ပြီး၊ ထိုအခါက ဘာသာရေး၌ စိတ်အားကြီးသော အဖွဲ့ တဖွဲ့ဖြစ်သည်။ နိကောဒင်သည် ယုဒတရားဇရပ်သို့ သစ္စာရှိစွာ တက်ရောက်သည်။ သူသည်များစွာ ဆုတောင်း၏။ သူသည် ပုံမှန် အလှူငွေ ပေးလှူ၏။ သူသည် ကောင်းမှုများစွာ ပြု၏။ သူသည် ကျမ်းစာကို ကောင်းစွာ နား လည်၏။ သူသည် ယုဒလူတို့တွင် ဆရာတစ်ဦးဖြစ်၏။ သို့သော်လည်း သူသည် ယေရှုထံသို့ လာခဲ့၏။
                နိကောဒင် လာရခြင်းအကြောင်းကို ကျွန်ုပ်တို့ အတိအကျမသိသော်လည်း သို့သော် ယေရှု၏အသက်တာ၌ ဘုရားသခင်၏တန်ခိုးတော် ရှိကြောင်းကို သူ သိမှတ်တော်မူ၏။ ယေရှု၏ ကျမ်းစာမှ အချို့သော သွန်သင်ချက်အသစ်များက သူ၌ အထောက် အကူ ဖြစ်လိမ့်မည်ဟု နိကောဒင် ယူဆကောင်းယူဆပေလိမ့်မည်။ သို့သော် နိကောဒင်သည် သွန်သင်ခြင်းထက် သူ၌သာ၍ လိုအပ်သော အကြောင်းအရာအချို့မှာ သူသည် ဒုတိယ မွေးခြင်းကို ခံရန် လိုအပ်ခြင်း ဖြစ်သည်။ ယေရှုက သူ့အား '' ဒုတိယမွေး ခြင်းကို မခံသော သူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်ကို မမြင်ရဟု ငါအမှန်အကန် ဆိုသည်ဟု ပြန်၍မိန့်တော်မူ၏'' ဟု ဆိုသည်။(ယော၊ ၃း၃)
                ဤမိန့်တော်မူခြင်းက သူ့အား တုန်လှုပ်စေ၏။ သူသည် ဘုရားသခင် ရွေးကောက်သော လူမျိုးတော်ဝင် ယုဒတစ်ဦး မဟုတ်ပေဘူးလား။ သူသည် အကျင့်ကောင်းသော သူတစ်ဦး မဟုတ်ပေဘူးလား။ သူသည် ယုဒလူတို့တွင် ကျမ်းဆရာ တစ်ဦး မဟုတ်ပေဘူးလား။ ဟုတ်ပေသည်။ နိကောဒင်သည် ထိုအရာ အားလုံးဖြစ်ပေ၏။ သို့သော် သူသည် အာဒံ၏အပြစ်သား မိသားစု ဝင်လည်း ဖြစ်နေသေး၏။ သူသည် ဘုရားသခင်၏သား တစ်ဦး မဟုတ်ပါ။
                ယေရှုသည် နိကောဒင်အား တဖန်ထပ်၍ မြွက်ဆိုသည်မှာ '' ဇာတိပကတိမွေးသောအရာသည် ဇတိပကတိ ဖြစ်၏။ ဝိညာဉ်တော် မွေးသောအရာသည် ဝိညာဉ်ဖြစ်၏။- ဒုတိယမွေးခြင်းကိုခံရမည်ဟု ငါဟောပြောသည်ကို အံ့သြခြင်းမရှိနှင့်။''ဟု ဆို ၏။(ယော၊ ၃း၆-၇)
                ဤနေရာ၌ သခင်ယေရှုက ဒုတိယမွေးခြင်းသည် ပကတိ မရှိမဖြစ် လိုအပ်ကြောင်းကို ကြေညာတော်မူ၏။ ဤကား နိကောဒင် တစ်ဦးတည်း ကိုသာ မြွက်ဆိုနေခြင်း မဟုတ်ပါ။ လူ ပုဂ္ဂိုလ် အားလုံးကိုလည်း မြွက်ဆိုနေခြင်း ဖြစ်သည်။ ''သင်သည် မည်သူ မည်ဝါ ဖြစ်နေပါစေ။ ဒုတိယမွေးခြင်းကို ဧကန် အမှန်ခံရပေမည်''။ ကျွန်ုပ်တို့သည် ''အထက်အရပ်မှဖြစ်သော'' သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ဒုတိယမွေးခြင်းကို ခံရပေမည်။ ဘုရားသခင်၏ သားသမီး ဖြစ်လာရန် အခြားသော နည်းလမ်းမရှိပါ။
ယုံကြည်ခြင်းသည် အသစ်မွေးဘွားခြင်း၌ မရှိမဖြစ် လိုအပ်သောအရာ ဖြစ်သည်
                ကျွန်ုပ်တို့၏အပြစ်များအတွက် လက်ဝါးကပ်တိုင်ပေါ် အသေခံသော ယေရှုခရစ်၌ ယုံကြည်ခြင်းသည် အသစ်သော မွေး ဘွားခြင်း၌ လိုအပ်သော အရာ ဖြစ်သည်။ သခင်ယေရှုသည် နိကောဒင်အား ဣသရေလ၏သားသမီးများ တောထဲ၌ လှည့်လည်ခဲ့ စဉ်က သူတို့၌ ဖြစ်ပျက်ခဲ့သော အကြောင်းအရာ အချို့ကို့ သူ၌ အမှတ်ရစေရန် သတိရပေးခြင်းဖြင့် ရှင်းပြခဲ့၏။ လူများသည် တောထဲ၌ ဘုရားသခင်နှင့် မောရှေကို ဆန့်ကျင်ခဲ့ကြ၏။ ထိုကြောင့် ဘုရားသခင်သည် မီးမြွေကို သူတို့ထဲသို့စေလွှတ်ခဲ့၏။ မြွေ ကိုက်ခံရသော သူတို့သည် သေကြ၏။ လူများတို့သည် သူတို့၏အပြစ်ကို တောင်းပန်ပြီး သေခြင်းဘေးမှ လွှတ်မြောက်ရန် မောရှေ ထံ ငိုကျွေးခဲ့ကြ၏။
                မောရှေသည် ဘုရားသခင်ထံ ဆုတောင်းတော်မူ၏။ ထာဝရဘုရားက မောရှေအား ကြေးဝါဖြင့် မြွေရုပ်ကို ပြုလုပ်ပြီး တိုင်ထိပ်တွင် ထားရှိရန်နှင့် ထိုသို့ လူတိုင်း မြော်ကြည်ခြင်းဖြင့် အသက်ရှင်ခြင်းသို့ ရောက်နိုင်မည့်အကြောင်း မိန့်ြ>ွမက်တော်မူ၏။ မောရှေသည် ဘုရားသခင် မိန့်တော်မူသည့်အတိုင်း ပြုတော်မူ၏။ ကျမ်းစာက ''မောရှေသည် ကြေးဝါဖြင့် မြွေကိုလုပ်၍ တိုင်ပေါ် မှာ မြှောက်ထားပြီးလျှင်၊ြေ>ွမကိုက်သောသူ မည်သည်ကား ကြေးဝါမြွေကိုကြည့်ရှုသောအခါ အသက်ချမ်းသာရကြ၏။''ဟု ဆို၏။ (တော၊ ၂၁း၉)
                ထိုနောက် ယေရှုက '' မောရှေသည် တော၌မြွေကို မြှောက်ထားသကဲ့သို့ လူသားသည် မြှောက်ထားခြင်းကိုခံရမည်။- အကြောင်းမူကား၊ ထို သားတော်ကိုယုံကြည်သော သူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရမည်အကြောင်းတည်း။''ဟု ဆိုသည်။(ယော၊ ၃း၁၄-၁၅)
                ဣသရေလ လူများသည် တိုင်ပေါ်တွင်ရှိသော ကြေးဝါမြွေကို ယုံကြည်ခြင်းဖြင့် မြှော်ကြည့်ရုံဖြင့် ကိုယ်ခန္ဓာ သေခြင်းမှ ကယ်တင်ခြင်းသို့ ရောက်ခဲ့ကြ၏။ ထိုကဲ့သို့ပင် လက်ဝါးကပ်တိုင်ပေါ် အသေခံသော ယေရှုကို ယုံကြည်ခြင်းဖြင့် မြှော်ကြည့်သော် ထာဝရသေခြင်းမှ ကယ်တင်ခြင်းသို့ ရောက်ကြရမည်။
အသစ်မွေးဘွားခြင်းသည် နှုတ်ကပတ်တော်နှင့်၎င်း ဝိညာဉ်တော်အားဖြင့်၎င်း ဖြစ်သည် 
                အသစ်သောမွေးခြင်း၌ သန့်ရှင်းသောဝိညာဉ်တော်သည် ထာဝရဘုရား၏နှုတ်ကပတ်တော်ကို အသုံးပြုခြင်းဖြင့် ပြုသော အမှုဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကြားနာခြင်းနှင့်ယုံကြည်ခြင်း မရှိဘဲ မည်သူမျှ ဒုတိယတဖန်မွေးခြင်းကို မခံရ နိုင်ပါ။ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ခြင်း မပါဘဲနှင့် မည်သူမျှ တဖန် ဒုတိယမွေးခြင်းကို မခံရနိုင်ပါ။ ဤနေရာ၌ ကျမ်းပိုဒ် အချို့အားဖြင့် ရှင်းလင်းစွာ နားလည်နိုင်သည်။
နှုတ်ကပတ်တော်
                ''နိမ္မိတသတ္တဝါတို့တွင် ငါတို့သည် အဦးသီးသောအသီးကဲ့သို့ ဖြစ်စေခြင်းငှါ၊ သမ္မာတရားစကားအားဖြင့် မိမိအလိုတော် အတိုင်း ငါတို့ကိုဖြစ်ဘွားစေတော်မူ၏'' (ယာ၊ ၁း၁၈)။
                ''မဖေါက်ပြန် မပျက်စီးတတ်သော မျိုးစေ့တည်းဟူသော အသက်ရှင်၍ အစဉ်အမြဲတည်တော်မူသော ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် ဖြစ်ဘွားသောကြောင့်၊....'' (၁ပေ၊ ၁း၂၃)။
ဝိညာဉ်တော်
                ''ဇာတိပကတိမွေးသောအ ရာသည် ဇတိပကတိဖြစ်၏။ ဝိညာဉ်တော်မွေး သောအရာသည်ဝိညာဉ်ဖြစ်၏'' (ယော၊၃း၆)။
အသစ်မွေးဘွားခြင်း၌ သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို အသုံးပြုတော်မူသည်။ လူ တစ်ဦးသည် အသစ်သောမွေးခြင်းကို မခံရမီ သူသည် အပြစ်သားတဦးဖြစ်ကြောင်း သူ သိမှတ်ရပေမည်။
                သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို အသုံးပြု၍ ကျွန်ုပ်တို့သည် ကယ်တင်ရှင်ကို လိုအပ်သော အပြစ်သား များဖြစ်ကြောင်း ဖေါ်ပြတော်မူသည်။ ထိုနောက် သန့်ရှင်းသောဝိညာဉ်တော်သည် ထို နှုတ်ကပတ်တော် အားဖြင့် ကျွန်ုပ်တို့ လိုအပ်သော ကယ်တင်ရှင် သည် သခင်ယေရှုခရစ်တော် ဖြစ်ကြောင်း ဖေါ်ပြပေးသည်။
အသစ်သောမွေးဘွားခြင်းသည် ဘုရားသခင်က ဖြစ်ဘွားစေခြင်းဖြစ်သည်
                အသစ်သောမွေးခြင်းဆိုင်ရာ ထပ်မံ၍ ရှင်းလင်းပြောဆိုချက်များကို ကြည့်ကြပါစို့။ ကျမ်းစာ၌ သခင်ယေရှုကို ကယ် တင်ရှင်အဖြစ် ယုံကြည် လက်ခံသောသူတိုင်းသည် ဒုတိယမွေးခြင်းကိုခံရသည်။ '' ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွား သော သား မဟုတ်။ မေထုန်သံဝါသ အားဖြင့် ဘွားသော သားမဟုတ်။ လူအလိုအလျောက် ဘွားသောသား မဟုတ်။ ဘုရားသခင် ဘွားတော်မူသော သားဖြစ် သတည်း''ဟု ဆိုသည်။(ယော၊ ၁း၁၃)
အသစ်သောမွေးဘွားခြင်းသည် လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသောသား မဟုတ်
                အဓိပ္ပါယ်မှာ လူသား မိဘအားဖြင့် မဟုတ်ပါ။ မည်သူတယောက်မျှ ခရစ်ယာန် တစ်ဦးအဖြစ် ဤလောကကြီးထဲသို့ မွေးဘွားလာခဲ့ခြင်း မရှိပါ။ ခရစ်ယာန် မိဘ ရှိခြင်းသည် အံ့ဘွယ်ကောင်းပါသည်။ သို့သော် ဤအရာက ဘုရားသခင်၏သား ဖြစ် လာရန် မပြုလုပ်ပေးနိုင်ပါ။ ကျွန်ုပ်တို့ အယောက်စီတိုင်းသည် ဘုရားသခင်၏အိမ်ထောင်မိသားစုထဲသို့ဝင်ရောက်ရန် တစ်ဦးစီ တိုင်း မွေးခြင်းကိုခံရမည်ဖြစ်သည်။
အသစ်သောမွေးဘွားခြင်းသည် မေထုန်သံဝါသအားဖြင့် ဘွားသောသား မဟုတ်
                အဓိပ္ပါယ်မှာ လူ၏ကျိုးစားအားထုတ်မှုအားဖြင့် မိမိကိုယ်ကို ဘုရားသခင်၏သား ဖြစ်လာရန် မည်သူမျှ ပြုလုပ်၍ မရ ပါ။ ထာဝရအသက်သည် အကျင့်(အလုပ်)အားဖြင့် မရနိုင်ပါ၊ သို့သော် ဘုရားသခင်ထံမှ အခမဲ့ ကျေးဇူးတော် လက်ဆောင်ကို ယုံကြည် လက်ခံခြင်းဖြင့်သာ ရရှိခြင်း ဖြစ်သည်။
အသစ်သော မွေးဘွားခြင်းသည် လူအလိုအလျောက် ဘွားသောသား မဟုတ်
                အဓိပ္ပါယ်မှာ မည်သည့် တရားဟောဆရာ (သို့) သင်းအုပ်၊ ဘုန်းတော်ကြီးကမျှ သင့်အား ဘုရားသခင်၏သား ဖြစ် လာရန် မပြုလုပ်ပေးနိုင်ပါ။ ပွဲတော်မင်္ဂလာ (သို့) ဗတ္တိဇံမင်္ဂလာ စသော မည်သည့် ခရစ်ယာန်ဘာသာသွင်း မင်္ဂလာများက သင့် အား ဘုရားသားဖြစ်ရန် မပြုလုပ်ပေးနိုင်ပါ။ ဘုရားကျောင်း၌ အသင်းသားဖြစ်ခြင်းဖြင့် သင့်အား ဘုရားသား မဖြစ်စေနိုင်ပါ။
အသစ်သောမွေးဘွားခြင်းသည် ''ဘုရားသခင်အားဖြင့်'' ဖြစ်သည်   
                ကျမ်းစာက ''ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည် မဟုတ်။ ဘုရားသခင် သနားတော်မူရာ ဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်ခြင်းသို့ ရောက်သည်မဟုတ်၊ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ'' ဟု ဆိုသည်။(ဧ၊ ၂း၈-၉)
                ကောင်းသောအကျင့် ကျင့်ခြင်း၊ ခရစ်ယာန်မိဘမှ ဆင်းသက်လာခြင်း၊ ဘာသာဝင်ခြင်း၊ ဘုရားကျောင်း သွားခြင်း စသည့် မည်သည့် အရာများ က သင့်အား ကယ်တင်ခြင်းကို မပေးနိုင်ပါ။
အသစ်သောမွေးဘွားခြင်း၌ ကျွန်ုပ်တို့၏အခန်းကဏ္ဍ
                အသစ်သောမွေးဘွားခြင်း၌ ကျွန်ုပ်တို့၏အခန်းကဏ္ဍကား အဘယ်နည်း။ ကျွန်ုပ်တို့၏အခန်းကဏ္ဍကား အပြစ်သားတ ယောက်အဖြစ်နှင့် သခင်ယေရှုထံ လာပြီ၊ ယေရှုခရစ်ကို ကယ်တင်ရှင်အဖြစ် လက်ခံရမည် ဖြစ်သည်။ ကျမ်းစာက''ထိုသူကို လက်ခံသမျှသော သူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ ၏''ဟု ဆိုသည်။(ယော၊ ၁း၁၂)
 ကျွန်ုပ်တို့၏အပြစ်အတွက်အသေခံသော ယေရှုခရစ်ကို အမှန်တကယ်ယုံကြည်ပြီး သူ့ကို ကယ်တင်ရှင်အဖြစ် ကျွန်ုပ် လက်ခံခဲ့ချိန်မှစ၍ ကျွန်ုပ်သည် ဒုတိယ မွေးခြင်းကို ခံခဲ့ရပြီ ဖြစ်သည်။
အသစ်သောမွေးဘွားခြင်း၌ ဘုရားသခင်၏အခန်းကဏ္ဍကား အဘယ်နည်း
                ကျွန်ုပ်တို့သည် သခင်ယေရှုကို ကယ်တင်ရှင်အပြစ် လက်ခံခဲ့ချိန်မှစ၍ ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် များစွာ သော အံ့ဘွယ်ရာများကို ပြုလုပ်ပေးပါသည်။ ပြုလုပ်ပေးသောအရာများထဲမှ အောက်ပါ အနည်းငယ်မျှသော အရာများမှာ၊-
၁။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဖြောင့်မတ်စေတော်မူသည်။ အဓိပ္ပါယ်မှာ ဘုရားသခင်သည် ကျွန်ုပ်တို့၏အပြစ်များကို ခွင့် လွတ်တော်မူပြီ၊ ကျွန်ုပ်တို့သည် ခရစ်တော်၌  ဖြောင့်မတ်ပြီး ဖြစ်ကြောင်းကို ကြေညာတော်မူသည်။ '' ယေရှုခရစ် ရွေးနှုတ်တော်မူ သောအားဖြင့် အဘိုးကိုမပေးဘဲ ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ ရောက်ရကြ၏'' (ရော၊ ၃း၂၄)။
၂။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို အာဒံအိမ်ထောင်မိသားစုမှ ထုတ်ဆောင်ပြီး၊ ခရစ်တော်၏အိမ်ထောင်မိသားစုတွင်း၌ ထားရှိ တော်မူသည်။ ကျွန်ုပ်တို့သည် အာဒံထဲ၌ မရှိတော့ပါ။ သို့သော် ခရစ်တော်ထဲ၌ ရှိတော်မူသည်။ ခရစ်တော်ထဲ၌ရှိခြင်း ဆိုသော အရာများကို နောက် သင်ခန်းစာများ၌ သာ၍များစွာ ကျွန်ုပ်တို့ ဆက်လက်လေ့လာကြမည်။
၃။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို သူ၏သားများ ဖြစ်ရသောအခွင့်ကို ပြုတော်မူသည်။ ဘုရားသခင်သည် အခြားသော သတ္တဝါ များ၌ မပြုလုပ်ပေးသောအရာ၊ အချို့သောအရာများကို ကျွန်ုပ်တို့၌ ပြုလုပ်ပေးတော်မူသည်။ ကျွန်ုပ်တို့ကို သူ၏ကိုယ်ပိုင် သား များ ဖြစ်ရသောအခွင့်ကို သူ ပြုလုပ်ပေးတော်မူသည်။ ကျမ်းစာက ''ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်ခြင်းအခွင့်ကို ငါ တို့ သည် ရမည်အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက် ချစ်တော်မူသည်ကို ကြည့်ရှုဆင်ခြင်ကြလော့''ဟု ဆို သည်။(၁ယော၊ ၃း၁)
၎။ ဘုရားသခင်သည် ကျွန်ုပ်တို့အား စိတ်နှလုံးသစ်ကို ပေးတော်မူသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား စိတ်နှလုံးသစ်ကို ပေးတော်မူပြီ၊ သူ၏ဝိညာဉ် တော်ကို ကျွန်ုပ်တို့၏ စိတ်နှလုံးသစ်၌ ကျိန်းဝပ်ရန် သူ ပေးတော်မူသည်။ ဤအရာကို အသစ်ဖြစ်ပွားစေ ခြင်းဟု ခေါ်ပါသည်။ ''စိတ်နှလုံးသစ်ကို ငါပေး မည်။ သဘောသစ်ကို သွင်းထားမည်။ သင်တို့ကိုယ်ခန္ဓာထဲက ကျောက်နှလုံး ကိုနှုတ်၍ အသားနှလုံးကို ပေးမည်။-ငါ့ဝိညာဉ်ကိုလည်း သင်တို့အထဲ သို့ သွင်းပေးသဖြင့်၊ သင်တို့သည် ငါ၏ တရားလမ်းသို့ လိုက်၍၊ ငါစီရင်တော်မူချက်တို့ကို စေါင့်ရှောက်ကြလိမ့်မည်'' (ယေဇ၊ ၃၆း၂၆-၂၇)။
                ဤနေရာ၌ ကျွန်ုပ်တို့ ရှင်းလင်းစွာ နားလည်ထားရန်မှာ ဒုတိယမွေးခြင်း ခံရစဉ် ကျွန်ုပ်တို့၏ ဇာတိဟောင်းသည် ဖယ် ရှားခြင်းကို မခံရပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ အပြစ်ရှိသော ဇာတိဟောင်းကို ဖယ်ရှားမပေးခဲ့ပါ၊ သို့သော် သူသည် ၄င်းကို အောင်မြင်ရန် သူ၏အသက်တာကို ပေးခဲ့ ပါသည်။ သခင်ယေရှုသည် ကျွန်ုပ်တို့ကို သိမ်းဆည်းရန် ကြွလာသည့် နေ့ရက်တိုင် အောင် ကျွန်ုပ်တို့၏ဇာတိဟောင်းကို ဖယ်ရှားပေးလိမ့်မည် မဟုတ်၊ သို့သော် သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့၌ ကျိန်းဝပ်တော်မူခြင်းဖြင့် ကျွန်ုပ်တို့သည် အပြစ်ရှိသော တတ်မက်သော စိတ်ဆန္ဒများ အပေါ် အောင်မြင်ခြင်းကို ရနိုင်ပါသည်။
၅။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ထာဝရအသက်ကို ပေးတော်မူသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် ဘယ်သောအခါမျှ ကွဲကွာခြင်း မရှိတော့ပါ။ ကျမ်းစာက ''သက်သေခံတော်မူချက်ဟူမူကား ဘုရားသခင်သည် ငါတို့အားထာဝရအသက်ကို ပေးတော် မူ၍၊ ထိုအသက်သည်လည်း သားတော်၌ပါ၏။ သားတော်ကိုရသောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏ သားတော်ကို မရ သောသူမူကား အသက်ကိုမရ။''ဟုဆိုသည်။(၁ယော၊ ၅း၁၁-၁၂)
                ဘုရားသခင်သည် ကျွန်ုပ်တို့ ဒုတိယမွေးခြင်းခံရစဉ် အခြား အံ့ဘွယ်သောအရာ များစွာ ကျွန်ုပ်တို့၌ ပြုတော်မူသည်။ သူသည် ကျွန်ုပ်တို့ကို ခရစ်တော်၌ တည်စေတော်မူသည်။ သူ၏သားတော်နှင့် ကျွန်ုပ်တို့ကို ဆက်သွယ်ပေါင်းဖက် စေသည်။ သူ သည် ကျွန်ုပ်တို့ကို မှောင်မိုက်နိုင်ငံနှင့် အပြစ်တန်ခိုးမှ လွှတ်မြှောက်စေသည်။ သူသည် ကျွန်ုပ်တို့အတွက် လောက၊ဇာတိနှင့်   မာရ်နတ်တို့အပေါ် အောင်မြင်ခြင်းကိုရနိုင်ရန် ပြုလုပ်ပေးခဲ့ ပါသည်။ ဤအကြောင်းအရာများကို နောက်ဆက်တွဲသင်ခန်းစာများ၌ သာ၍ ရှာဖွေလေ့လာကြမည်။

ကျွန်ုပ်တို့ ဒုတိယမွေးခြင်း ခံရပြီးကြောင်းကို ဘယ်ကဲ့သို့ အကျွန်ုပ် သိနိုင်မည်နည်း။
                လူသည် ဒုတိယမွေးခြင်းကို အမှန် ခံခြင်း (သို့) မခံခြင်းအပေါ် စိတ်ချမှုအတွက် ကျွန်ုပ်တို့အယောက်စီတိုင်း သိထား သင့်ပြီး၊ ဘုရားသခင်က လည်း ကျွန်ုပ်တို့ သိနိုင်ရန် တိကျသေခြာသော နည်းလမ်းများကို ပေးထားပါသည်။ ဤနေရာ၌ အချက် သုံး ချက်တို့ဖြစ်သည်။
၁။ ဝိညာဉ်တော်၏သက်သေ။ ကျွန်ုပ်တို့ ဒုတိယမွေးခြင်းခံရစဉ် သန့်ရှင်းသော ဝိညာဉ်တော်သည် ကျွန်ုပ်တို့၌ ကျိန်းဝပ်ရန်ြ<ွက လာတော်မူပြီ၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏သား ဖြစ်ကြောင်းကို ဝိညာဉ်တော်သည် ကျွန်ုပ်တို့၏ဝိညာဉ်နှင့်အတူ သက်သေခံ တော်မူသည်။ ဤအကြောင်းအရာကို အခြားသောသူများကို ရှင်းပြရန်သော်၎င်း သက်သေပြရန်သော်၎င်း ဖေါ်ပြ၍ မရနိုင်ပါ၊ သို့သော် ထိုအရာသည် အမှန်ဖြစ်ကြောင်းကို ကျွန်ုပ်တို့ သိသည်။ ကျမ်းစာက ''ငါတို့သည် ဘုရားသခင်၏သား ဖြစ်ကြသည်ဟု ဝိညာဉ်တော်သည် ငါတို့၏ဝိညာဉ်နှင့်အတူ သက်သေခံတော်မူ၏''ဟုဆိုသည်။(ရော၊ ၈း၁၆)
၂။ ဘုရားသခင်၏နှုတ်ကပတ်တော်။ ကျွန်ုပ်တို့ ဒုတိယမွေးခြင်း ခံရစဉ် ဘုရားသခင်၏ဝိညာဉ်တော်သည် ကျွန်ုပ်တို့၏စိတ်နှလုံး တွင် နှုတ်ကပတ်တော် အားဖြင့် အမှန်ဖြစ်ကြောင်း စိတ်ချမှုကိုပေးပြီ၊ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ရောက်ကြောင်းကို ဘုရားသခင်၏နှုတ်ကပတ်တော်မှ သိရပါသည်။ ကျမ်းစာက ''ဘုရားသခင်၏သားတော်ကို ယုံကြည်သော သင်တို့သည် ထာဝရ အသက်ကို ကိုယ်တိုင်ရသည်ဟု သိစေခြင်းငှါ၊ ဤအရာများကို သင်တို့ အား ငါရေး၍ ပေးလိုက်၏''ဟု ဆိုသည်။(၁ယော၊၅း၁၃)
၃။ ကျွန်ုပ်တို့၏အသက်ရှင်ခြင်းများ။ ကျွန်ုပ်တို့ အမှန်တကယ် မွေးခြင်းကိုခံရစဉ်၊ ကျွန်ုပ်တို့၏အပြုအမူများသည်လည်း ပြောင်းလဲ ပေလိမ့်မည်။ ကျွန်ုပ်တို့ သည် ဘုရားသခင်နှင့်သူ၏သားတော် ယေရှုခရစ်ကို နာခံရန် အလိုရှိလာပေလိမ့်မည်။ ကျွန်ုပ်တို့သည် မှန်သောအရာများကို စတင် ချစ်တတ် လာပြီး မှား သောအရာများကို မုန်းတတ်လာပေလိမ့်မည်။ ကျွန်ုပ်တို့သည် ကယ်တင်ခြင်း မခံရသေးသော သူများကို ချစ်ခြင်းရှိလာပြီ၊ ထိုသူများ ကယ်တင်ခြင်း သို့ရောက်ရန် ကျွန်ုပ်တို့ အလိုရှိပေလိမ့်မည်။ အခြားသော ယုံကြည်သူ ခရစ်ယာန်များကို ချစ်ခြင်း ရှိလာလိမ့်မည်။ ကျမ်းစာက ''ငါတို့သည် ညီအစ်ကိုချင်း တို့ကို ချစ်သောကြောင့်၊ သေခြင်း မှ အသက်ရှင်ခြင်းသို့ ကိုယ်ကူးမြောက်သည်ကို ကိုယ်သိရကြ၏။ မိမိညီအစ်ကိုကို မချစ်သောသူသည် သေခြင်း၌တည် ၏''ဟု ဆိုသည်။(၁ယော၊ ၃း၁၄)
                ဤအရာများ အားလုံးသည် ကျွန်ုပ်တို့၌ စတင်ဖြစ်လာလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် ဒုတိယမွေးခြင်းကို ခံရပြီးဖြစ် သောကြောင့် ဖြစ်သည်။
ရှာဖွေတွေ့ရှိခဲ့ရသော ရတနာ
                သင်သည် ဒုတိယမွေးခြင်းကို ဧကန်အမှန်ခံရ ပြီးပြီလား။ သခင်ယေရှု ပြုတော်မူခဲ့သော ကျေးဇူးတော်များကြောင့် ကျွန်ုပ်တို့သည် ဒုတိယမွေးခြင်းခံရန် အခွင့်ကိုရနိုင်ခဲ့ကြပြီ။ ဒုတိယမွေးခြင်းကို ခံခဲ့ရသော် ၄င်းမွေးခြင်းက ကျွန်ုပ်တို့၏ အသက် တာများ၌ ပြောင်းလဲမှုများကို ပြုလုပ်ပေး ပေလိမ့်မည်။
                ဆုတောင်းချက်။ အဖ ဘုရားသခင်၊ ကိုယ်တော်၏သားဖြစ်ရသောအခွင့်နှင့် ကိုယ်တော်ကို ''အဘ'' ခေါ်ရသောအခွင့်ကို ကျွန်ုပ်၌ ပြုနိုင်ရသော အခွင့်ကို ပြုလုပ်ပေးတော်မူသောကြောင့် ကျေးဇူးတင်ပါသည်။ ကျွန်ုပ်၏အသက်တာသည် သခင်ယေရှုနှင့် သာ၍ တူလာရန် အကျွန်ုပ်၌ ပြုတော်မူပါ။ သခင်ယေရှု၏နာမတော်၌ အကျွန်ုပ် ဆုတောင်းပါသည်။ အာမင်။

မေးခွန်းများ
၁။ ယခင် သင်ခန်းစာ၌ သင်ခဲ့ရသည်မှာ ဤ လောက၌ အိမ်ထောင်……….ရှိသည်။ အိမ်ထောင်တခု၏ဦးစီးခေါင်းဆောင်မှာ………………..ဖြစ်သည်။ အခြားအိမ်ထောင် တခု၏ဦးစီးခေါင်းဆောင်မှာ…………………….ဖြစ်သည်။
(က) နှစ်၊ ကာဣန၊ အာဗေလ။
(ခ ) နှစ်၊ အာဒံ၊ ခရစ်တော်။

၂။ ဘုရားသခင်သည် လူ အားလုံးတို့၏ အဖေ ဖြစ်ပါသလား။
(က) ဟုတ်
(ခ ) မဟုတ်။

၃။ ယေရှုက ဆိုသည်မှာ၊ “ ငါ အမှန် အကန် ဆိုသည်မှာ ” (ယော၊ ၃း၃)
(က) လူသည် ဒုတိယမွေးခြင်းကို မခံလျှင် သူသည် ဘုရားသခင်၏နိုင်ငံတော်ကို မမြင်နိုင်ပါ။
(ခ ) လူသည် လောက၌ မွေးဘွားလာခြင်း မရှိပါက သူသည် ကောင်းကင်ဘုံ၌ နေ၍ မရနိုင်ပါ။

၎။ အသစ်သောမွေးဘွားခြင်း၌ လိုအပ်သောအရာမှာ……………………..။
(က) သင့်ကိုယ်၌ သင် ယုံကြည်ခြင်း။
(ခ ) ယုံကြည်ခြင်း။

၅။ ခရစ်ယာန် မိဘမှ မွေးလာခြင်းဖြင့် ဘုရားသခင်၏သား တစ်ယောက် ဖြစ်လာပါသလား။ ဗတ္တိဇံ(နှစ်ခြင်း) ခံခြင်း (သို့) အသင်းတော်၌ ပါဝင်ခြင်းက ဘုရားသခင်၏သား တစ်ယောက် ဖြစ်ရန် ပြုလုပ်ပေးပါသလား။
(က) ဟုတ်။ (ခ ) မဟုတ်။

၆။ ကျွန်ုပ်တို့သည် ဒုတိယမွေးခြင်း ခံရပြီး၊ ဘုရားသခင်သည် …………၏အိမ်ထောင်မှ ထုတ်ယူခဲ့ပြီး၊ ကျွန်ုပ်တို့ကို…….၏ အိမ်ထောင်၌ ထားသည်။
(က) အာဒံ၊ ခရစ်တော်၏။
(ခ ) ကျွန်ုပ်တို့၊ အသင်းတော်။

၇။ ဘုရားသခင်သည် သူ၏၀ိညာဉ်ကို ကျွန်ုပ်တို့၏၀ိညာဉ်သစ်၌ ကျိန်းဝပ်ရန် ပေးခြင်းကို မည်ကဲ့သို့ ခေါ်ပါသနည်း။
(က) အသစ်ဖြစ်ပွားစေခြင်း။
(ခ ) ဗတ္တိဇံ။

၈။ ကျွန်ုပ်တို့သည် ဒုတိယမွေးခြင်းကို ခံရစဉ် ကျွန်ုပ်တို့၏ဇာတိဟောင်းကို ဖယ်ရှားခဲ့ပါသလား။
(က) ဟုတ်။ (ခ ) မဟုတ်။

၉။ ယေရှုခရစ်၌ ယုံကြည်သူများကို မည်ကဲ့သို့သော အသက်တာမျိုး ပေးခြင်း ခံရပါသနည်း။
(က) အလွန် ကြာရှည် ကျန်းမာသော အသက်။
(ခ ) ထာဝရ အသက်။

၁၀။ ကျွန်ုပ်တို့ ဒုတိယမွေးခြင်း ခံရကြောင်းကို အချက် သုံး ချက် ဖြင့် သိနိုင်သည်။ နှစ်ချက်မှာ ၁) ၀ိညာဉ်တော်၏သက်သေ။
၂) ဘုရားသခင်၏နှုတ်ကပတ်တော်။ တတိယ အချက်ကား အဘယ်နည်း။
(က) ကျွန်ုပ်တို့၏ အပြုအမူများ ပြောင်းလဲ လာလိမ့်မည်။
(ခ ) ကျွန်ုပ်တို့သည် မှန်သောအရာများကို ချစ်တတ်လာပြီး၊ မှားသော အရာများကို မုန်းတတ်လာလိမ့်မည်။
(ဂ ) ကျွန်ုပ်တို့ နှလုံးသား၌ ကယ်တင်ခြင်းမရသေးသော သူများကို ချစ်ခြင်း ရှိလာလိမ့်မည်။
(ဃ) အထက်ပါ အရာများ အားလုံး။

Wednesday, December 28, 2011

လူသစ်နှင့် ဘုရားသခင်၏ အလိုတော်

လူ့ဇာတိကိုခံပြီး လောကမှာ နေထိုင်ခဲ့စဉ်အချိန် ခရစ်တော်က “ငါသည် ကိုယ့်အလိုသို့ လိုက်ခြင်းငှာ ကောင်းကင်မှ ဆင်းသက်သည် မဟုတ်၊ ငါ့ကို စေလွှတ်တော်မူသော သူ၏အလိုကို လိုက်ခြင်းငှာ ဆင်းသက်၏” လို့ မိန့်ဆိုခဲ့ပါတယ် (ယော၊၆း၃၈)။ ကိုယ်တော်ဟာ ခမည်းတော်ရဲ့ အလိုတော်ကို ဆောင်ဖို့သက်သက် လောကပေါ်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ စိတ်နှလုံးတော်ထဲမှာရှိတဲ့ အကြံအစည်တော်နဲ့ အလိုတော်ကို ပြည့်ဝစေရေးသာလျှင် သူ့ရဲ့ အဓိက ရည်ရွယ်ချက် ဖြစ်တာကြောင့် “ငါ့ကို စေလွှတ်တော်မူသော သူ၏ အလိုတော်ကို ဆောင်ခြင်း၊ သူ၏အမှုတော်ကို ပြီးစီးစေခြင်းအမှုသည် ငါစားစရာဖြစ်၏” လို့လည်း မိန့်တော်မူခဲ့တာ ဖြစ်ပါတယ် (ယော၊၄း၃၄)။
လူဟောင်းဘဝမှာ လူဟာ မိမိဆန္ဒရဲ့ ကျေးကျွန်ဖြစ်ပါတယ်။ မိမိဆန္ဒပြည့်ဝစေရေးအတွက် ကြိုးစားရုန်းကန် လှုပ်ရှားနေကြရပါတယ်။ လူသစ် ဖြစ်လာသူအတွက်ကျတော့ ဘုရားသခင်ရဲ့ အလိုတော်ကို ဖြည့်စွမ်းဖို့သာ အဓိကဖြစ်လာပါတော့တယ် (၂ကော၊ ၅း၁၄-၁၅)။
(က) ယုံကြည်ခြင်းအကျင့်သည် ဘုရားသခင်၏ အလိုတော်ဖြစ်သည်
ခရစ်ယာန်ဘာသာဝင် အများစုက ဘုရားသခင်ရဲ့ အလိုတော်ကို မသိနားမလည်ကြပါ။ သဘောလည်းမပေါက်ကြပါ။ “ဘုရားသခင်ရဲ့ အလိုတော်အတိုင်း အသက်ရှင်ခြင်းဆိုတာဘာလဲ” ဆိုတဲ့ မေးခွန်းကို တလွဲတချော် ဖြေဆိုတတ်ကြပါတယ်။ ခရစ်တော်က “သခင်၊ သခင်ဟု ငါ့ကို လျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ် ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏ အလိုကို ဆောင်သော သူသာလျှင် ဝင်ရလိမ့်မည်” လို့ မိန့်တော်မူခဲ့ပါတယ် (မဿဲ၊ ၇း၂၁)။ ဆိုလိုတာကတော့ ဘုရားက ဘာအလိုတော်ရှိသလဲဆိုတာကို သေသေချာချာ သိပြီး အလိုတော်ကို လက်တွေ့ဖြည့်စွမ်းဖို့ပါပဲ။
“ဘုရားသခင်ရဲ့ အလိုတော်ကို ဖြည့်စွမ်းနိုင်ဖို့ ဘာလုပ်ရမလဲ”လို့ လူတွေက မေးလာတဲ့အခါ ကိုယ်တော်က “ဘုရားသခင် စေလွှတ် တော်မူသော သူကိုယုံကြည်ခြင်း အကျင့်ကား အလိုတော်နှင့် ညီသောအကျင့်တည်း”လို့ ပြန်ပြောခဲ့ပါတယ် (ယော၊၈း၂၈-၂၉)။ ဒါကြောင့် လူတစ်ယောက်အနေနဲ့ သခင်ခရစ်တော်ကို မိမိရဲ့ ကယ်တင်ရှင်အဖြစ် ယုံကြည်လိုက်ခြင်းဟာ ဘုရားသခင်ရဲ့ အလိုတော်ကို ဖြည့်စွမ်းရာ ရောက်ပါတယ်။ ဒါဟာ ပထမဦးဆုံးနဲ့ အရေးကြီးဆုံး အချက်ဖြစ်ပါတယ်။
 ဘုရားသခင်၏ သားတော်ကို ယုံကြည်သူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်၊ ထာဝရအသက်ကို ရ – (ယော၊၃း၁၆။ ၅း၂၄။ ၆း၄၇)။
 ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင် စိတ်တော်နှင့် မတွေ့နိုင် (ဗြဲ၊ ၁၁း၆)။
 သင်၏ ယုံကြည်ခြင်းသည် သင့်အနာကို ငြိမ်းစေပြီ (မာကု၊ ၅း၃၄)။
 ခရစ်တော်ကို ယုံကြည်သောသူသည် စေလွှတ်သော ခမည်းတော်ကို ယုံကြည်၏ (မဿဲ၊ ၁၀း၄၀)။
 အာဒံနှင့် ဧဝတို့သည် စာတန်၏ စကားကို ယုံကြည်ပြီး ဘုရားသခင်၏ စကားကိုမယုံကြည်ခြင်းကြောင့် ကျဆင်းသွားခဲ့ရသည် (က၊၃း၂၃)။
(ခ) ပျောက်ဆုံးဝိညာဉ် ကယ်တင်ခြင်းသည် ဘုရားသခင်၏ အလိုတော်ဖြစ်သည်
ဒုတိယအချက်အနေနဲ့ ဖော်ပြချင်တဲ့ ဘုရားသခင်ရဲ့ အလိုတော်ကတော့ ပျောက်ဆုံးဝိညာဉ်များ ကယ်တင်ခြင်းသို့ ရောက်ရှိဖို့အတွက် ဖြစ်ပါတယ်။ ၁တိ၊၂း၎ မှာ “လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ ရောက်၍ သမ္မာတရားကို သိစေခြင်းငှာ ဘုရားသခင် အလိုတော်ရှိ၏” လို့ ဆိုထားပါတယ်။ လူတိုင်း ဘယ်သူမဆို ကယ်တင်ခြင်းဆုကျေးဇူးကို ခံစားရရှိကြဖို့ ဘုရားသခင် အလိုတော်ရှိပါတယ်။
 သူတစ်ပါးတို့၏ စိတ်၊ ဝိညာဉ်ကို ရသောသူသည် ပညာရှိဖြစ်၏ (သု၊ ၁၁း၃၀)။
 သင်တို့သွား၍ လူမျိုးတကာကို ငါ့တပည့်ဖြစ်စေ … (မဿဲ၊ ၂၈း၁၉)။
(ခရစ်တော်နောက်ဆုံး မှာခဲ့တဲ့စကား)
 လူတစ်ဦး၏ ဝိညာဉ်သည် စကြဝဠာတစ်ခုလုံးထက်မက အဖိုးတန်၏ (လု၊ ၉း၂၅)။
 ဟောပြောသူမရှိလျှင် အဘယ်သို့ ကြားနိုင်မည်နည်း (ရော၊ ၁၀း၁၄-၁၅)။
(ခရစ်တော်၏ ကယ်တင်ခြင်း သတင်းကောင်းကို ဟောပြောကြေညာခြင်းဖြင့် သူတစ်ပါး၏ ဝိညာဉ်ကို ကယ်တင်ရမည် ဖြစ်သည်။)
(ဂ) ဝိညာဉ်တော်နှင့် ပြည့်ဝခြင်းသည် ဘုရားသခင်၏ အလိုတော်ဖြစ်သည်
ခရစ်ယာန်အသက်တာရဲ့ ထူးခြားချက်ဟာ ခရစ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ခြင်း၊ ချစ်နေခြင်း၊ ဝိညာဉ်တော်နဲ့ ပြည့်ဝနေခြင်း ဖြစ်ပါတယ်။ ကောင်ကင်ပေါ်ကို ပြန်မတက်ကြွခင် ကိုယ်တော်က “သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကို ခံရ၍ မြေကြီးစွန်းတိုင်အောင် ငါ၏ သက်သေဖြစ်ကြလိမ့်မည်” လို့ ပြောထားခဲ့ပါတယ် (တမန်၊ ၁း၈)။
တမန်တော် ရှင်ပေါလုကလည်း “လွန်ကျူးစေတတ်သော စပျစ်ရည်နှင့် ယစ်မူးခြင်းကိုရှောင်၍ ဝိညာဉ်တော်နှင့် ပြည့်စုံလျက်ရှိကြလော့” လို့ ဧဖက်၊၅း၁၈မှာ ပြောထားပါတယ်။ သန့်ရှင်းသော ဝိညာဉ်တော်နဲ့ ပြည့်ဝမှုမရှိတဲ့ ခရစ်ယာန်တစ်ယောက်ရဲ့ အသက်တာကို ဘုရားသခင်က ထိထိ ရောက်ရောက် အသုံးပြုလို့ မရနိုင်ပါ။
တမန်တော်များလက်ထက်က ဝိညာဉ်တော်နှင့် ပြည့်ဝသဖြင့် -
 ဝိညာဉ်တော်တန်ခိုးနှင့် ဟောပြောသက်သေခံမှုကြောင့် တစ်ရက်တွင်ပင် လူ(၃၀ဝ၀)ပြောင်းလဲခဲ့သည် (တမန်၊ ၂း၁-၄၇)။
 မကျန်းမာသူကို ကျန်းမာစေနိုင်ခဲ့သည် (တမန်၊ ၃း၃-၈)။
 ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ရဲရင့်စွာ ဟောပြောကြသည် (တမန်၊ ၄း၃၁)။
 နှိပ်စက်ညှဉ်းပန်းခြင်းကို ခံနိုင်ခဲ့ကြသည် (တမန်၊ ၇း-)။
 အသင်းတော်များ တိုးတက်ပွားများပြီး ဧဝံဂေလိတရား လျင်မြန်စွာ ပျံ့နှံ့ခဲ့သည် (တမန်၊ ၂း၎ရ)။
(ဃ) မိမိအလိုကို ငြင်းပယ်ခြင်းသည် ဘုရားသခင်၏ အလိုတော်ဖြစ်သည်
ခရစ်ယာန်အသက်တာဟာ မိမိအလိုဆန္ဒအတိုင်း စိတ်ကြိုက် အသက်ရှင်နေတာမဟုတ်ဘဲ မိမိရဲ့အလိုကို ငြင်းပယ်ပြီး ဘုရားသခင်အလိုတော်ကို သာ ဆောင်နိုင်ဖို့အတွက် ဆက်ကပ်အပ်နှံထားတဲ့ အသက်တာဖြစ်ပါတယ်။ ခရစ်တော်က “ငါ၌ ဆက်ကပ်လိုသောသူ ဖြစ်လျှင် ကိုယ့်ကိုယ်ကို ငြင်းပယ်ရမည်” လို့ မိန့်တော်မူခဲ့ပါတယ် (မဿဲ၊ ၁၆း၂၄။ ၉း၂၃) အရက်၊ ဆေးလိပ်၊ ကွမ်းယာ စတာတွေ သုံးဆောင်တာကအစ တစ်ခြား ကိုယ်ခန္ဓာရဲ့အလို၊ ဇာတိသွေးသားရဲ့အလိုဆန္ဒတွေကို ငြင်းပယ်ရမှာ ဖြစ်ပါတယ်။
ဂလာ၊၅း၂၄ မှာ “ခရစ်တော်နှင့် စပ်ဆိုင်သော သူတို့သည် ဇာတိပကတိကိုလည်းကောင်း၊ ဇာတိပကတိစိတ်နှင့် အလိုဆန္ဒကိုလည်းကောင်း လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြပြီ” လို့ ရှင်းရှင်လင်းလင်းဖော်ပြထားပါတယ်။
 အာဗြဟံသည် မိမိအလိုကို ငြင်းပယ်၍ မိမိဆွေမျိုးများနှင့် တိုင်းပြည်ကို စွန့်ခွါခဲ့သည်။ တစ်ဦးတည်းသောသားကို ပူဇော်ဆက်သခဲ့သည် (ဘုရားက
သားအစား သိုးတစ်ကောင်ကိုသာ ပူဇော်စေခဲ့သည်) (က၊ ၁၂း၁။ ၂၂း၃-၁၄)။
 မိမိအလိုကိုငြင်းပယ်၍ မိမိလက်ဝါးကပ်တိုင်ကို ထမ်းရမည် (မဿဲ၊ ၁၆း၂၄)။
 အသက်ရှင်းခြင်းလက္ခဏာနှင့် ပြည့်စုံသောယစ်ကို ဘုရားသခင်အား ပူဇော်ဖို့လိုသည် (ရော၊ ၁၂း၁)။
(မိမိ၏ ခွန်အား၊ ခြေ၊ လက်၊ မျက်စိ၊ နား၊ ပါးစပ်နှင့် နှလုံးသားအားလုံးကို ဘုရားအတွက် ပေးလှူခြင်း)။
 မိမိအချိန်ကို ဘုရားအားပေးပါ။ အချိန်မနှောင်းမီ ဘုရားအား ဆက်ကပ်ပါ (ဧဖက်၊ ၅း၁၆)။
 သားတော်ကို ငြင်းပယ်သောသူသည် ခမည်းတော်ကိုမသိ။ သားတော်ကို ငြင်းပယ်သောသူသည် အန္တိခရစ်ဖြစ်၏ (၁ယော၊ ၂း၂၂၊၂၃)။
(မိမိကိုယ်ကိုသာ ငြင်းပယ်ပြီး ခရစ်တော်ကို မငြင်းပယ်မိရန်)။

Saturday, October 8, 2011

ပညတ်တော် (LAW)


   လူသည် ဘုရားသခင်ထံပြန်လည်ရောက်ရှိဖို့ရန် ပညတ်တော်ကျင့်ဖို့ခံယူထားကြသည်။ ပညတ်တော် ကျင့်မှသာကောင်းကင်နိုင်ငံဝင်နိုင်မည်ဟု ယုံကြည်ထားကြသည်။ ထိုသို့ ခံယူယုံကြည်ခြင်းသည် ပညတ်တော်  ၏လုပ်ဆောင်ချက်ကို မသိသောကြောင့် ဖြစ်သည်။ ပညတ်တော်နှင့်ပတ်သက်၍ ကျမ်းစာ၌၊ ပညတ်ကျမ်း ငါးကျမ်းရှိသည်။ ၄င်းတို့မှာ မောရှေ့ရေးထားသော ကမ္ဘာဦးကျမ်း၊ ထွက်မြောက်ရာကျမ်း၊ တရားဟောရာကျမ်း တို့ဖြစ်သည်။ ပညတ်တော်ပေါင်းခြောက်ရာ တစ်ဆယ့်သုံးခုရှိသည်။
သုံးပိုင်းပိုင်းနိုင်
          ပညတ်တော်ကို သုံးပိုင်းပိုင်းနိုင်သည်။ ၄င်းတို့မှာ -
(က)    ဝတ်ပြုခြင်းဆိုင်ရာပညတ်တော်
(ခ)     အုပ်ချုပ်ရေးဆိုင်ရာပညတ်တော်
(ဂ)     ကိုယ်ကျင့်တရားပိုင်းဆိုင်ရာပညတ်တော် တို့ပါဖြစ်သည်။
ဘုရားသခင်ကဣသရေလများထံပေး
          ပညတ်တော်များသည် ဘုရားသခင်က ပေးထားသည်။ ကျမ်းစာ၌၊ ထာဝရဘုရားသည် ငါတို့၏ ပညတ်တရားရှင်ဖြစ်တော်မူ၏ဟုဆိုထားသည် (ဟေရှာ၊ ၃၃း ၂၂)။ ရှင်ယာကုပ်ကလည်း၊ ပညတ်တရား ကိုထားပိုင်သောသူ၊ စစ်ကြောစီရင်ပိုင်သော သူတပါးတည်းရှိတော်မူ၏ ဟုဆိုထားသည် (ယာ၊ ၄း ၁၂)။ ထိုတပါးတည်းသော သူသည် ထာဝရဘုရားပင်ဖြစ်သည်။        ထာဝရဘုရားသည် ပညတ်တရားကို ဣသရေလလူမျိုးများထံ၌သာ ပေးသည်။ သို့သော် ယနေ့တပါး အမျိုးသားများ ကပသတ်တရားသည် မိမိတို့နှင့်ဆိုင်သည်ဟုထင်နေကြသည်။ ကျမ်းစာက၊ သာသနာပ လူတို့သည် ပညတ်တရားကိုမသိဘဲ ကိုယ်အလိုအလျောက် တရားတော်ကို ကျင့်သောအခါ ...  ဟုဆိုသည် (ရော၊ ၂း ၁၄) (အင်္ဂလိပ်ကျမ်းစာ၌၊ အထက်ပါကျမ်းပိုဒ်ကို၊ တပါးအမျိုးသားတို့သည် ပညတ်တရားမရှိ ဟုဆိုထားသည်)။ သို့သော် သာသနာပ (သို့) တပါးအမျိုးသာများသည် ပညတ်တော်ကို လိုက်ဖို့ကြိုးစားတတ် ကြသည်။ ရှင်ပေါလုကလည်း တပါးအမျိုးသားများသည် ပညတ်တော်နှင့်မဆိုင်ကြောင်းကို ဤသို့ရေးသားသည်။ ]]ထိုအခါသင်တို့သည် ခရစ်တော်ကိုမသိ၊ ဣသရေလအပေါင်းအသင်း၌မဝင်၊ ဂတိတော်ပါသော ပဋိညာဉ် တရားတို့နှင့်မဆိုင်၊ မျှော်လင့်ခြင်းမရှိ၊ လောက၌ဘုရားမဲ့နေကြသည်ကိုလည်းကောင်း၊ အောက်မေ့ကြလော့။ ဟူ၍ဖြစ်သည် (ဧ၊ ၂း ၁၂) ထို့ကြောင့်ပညတ်တော်သည် တပါးအမျိုးသားများနှင့်မဆိုင် ဣသရေလလူများ နှင့်သာဆိုင်သည်။
မလိုက်လျှောက်နိုင်
          လူသည် ပညတ်တော်ကို လိုက်လျှောက်မည်ဟု ပြောသော်လည်း မလိုက်လျှောက်နိုင်ပါ။  သခင်ယေရှုက မောရှေသည် ပညတ်တရားကို သင်တို့အား မေးသည်မဟုတ်လော။ ထိုတရားကို သင်တို့တွင် တစုံတယောက် မျှမကျင့်ဟုဆိုသည် (ယော၊ ၇း ၁၉) ရှင်ပေါလုကလည်း ကောင်းသောအကျင့်ကိုကျင့်သောသူမရှိ။ တယောက်မျှမရှိ။ ဟုဆိုထားသည်။ (ရော၊ ၃း ၁၂)ထို့ကြောင့် ပညတ်တော်လိုက်လျှောက်နိုင်သော သူကယောက်မျှမရှိ။
မဖြောင့်မတ်နိုင်
          ပညတ်တော်လိုက်လျှောက်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းမရှိနိုင်ကြောင်းကို အောက်ပါကျမ်းချက်များ  အားဖြင့် သိရသည်။
          ထိုသို့ပညတ်တရားသည် ဒုစရိုက်အပြစ်ကို ထင်ရှားစေသည်ဖြစ်သောကြောင့် ပညတ်တရား၏ အကျင့် အားဖြင့် ဘုရားသခင်ရှေ့တော်၌ အဘယ်သူမျှ ဖြောင့်မတ်ရာသို့ မရောက်ရာ (ရော၊ ၃း ၂၀)  လူသည်  ပညတ်တရား၏ အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့မရောက် (ဂလာ၊ ၂း ၁၅) ပညတ်တရားကို အမှီပြု၍ ဖြောင့်မတ်ရာသို့ရောက်နိုင်လျှင် ခရစ်တော်သည် အချည်းအနှီးအသေခံတော်မူပြီ (ဂလာ၊ ၂း ၂၁)။
ကျိန်ခြင်းခံရမည်
          ပညတ်တော်၏ သဘောတရားနားမလည်သော သူများက ပညတ်တော်လိုက်လျှောက်ဖို့ရန် အပြင်းအထန် ပြောဆိုတတ်ကြသည်။ သို့သော် ပညတ်တော်သည် လူကိုကျိန်ခြင်းခံစေကြောင်း မသိကြ။ ကျမ်းစာက၊ ပညတ်တရားအလုံးစုံကို စောင့်ရှောက်သည်တွင်၊ တစ်စုံတစ်ခု၌ မှားမိလျှင် ပညတ်တရားအလုံးစုံကို လွန်ကျူး သောအပြစ်ရှိ၏ ဟုဆိုထားသည် (ယာ၊ ၂း ၁၀) ထို့အပြင်၊ ပညတ်တရား၏ အကျင့်ကိုအမှီပြုသောသူရှိသမျှတို့သည် အကျိန်နှင့်စပ်ဆိုင်ကြ၏။ အကြောင်းမူကား၊ ပညတ္တိကျမ်းစာပါသမျှ စကားတို့ကို အမြဲမကျင့် သောသူတိုင်း ကျိန်တော်မူခြင်းကို ခံစေသတည်းဟု ကျမ်းစာလာ၏ဟုပါရှိသည် (ဂလာ၊ ၃း၁၀)။ ထို့ကြောင့်  ပညတ်တရားကို လိုက်လျှောက်ရာတွင် ပညတ်တရားအားလုံးကို တခုမကျန်လိုက်လျှောက်၍၊ နေ့တိုင်း အဆက် မပြတ်လိုက်လျှောက်ဖို့လိုသည်။ သို့သော် ပညတ်တရားအားလုံးကို နေ့တိုင်း လိုက်လျှောက်ရန် မဖြစ်နိုင်ပါ။ ထို့ကြောင့် ပညတ်တရားသည် လူကိုကျိန်ခြင်းခံစေသည်။
လူကိုသတ်သည်
          လူတိုင်းကပညတ်တရားသည် အသက်ရှင်စေသော အရာဟုထင်မှတ်ကြသည်။ သို့သော် ပညတ်တရား သည် လူကိုအသက်မရှင်စေဘဲ လူကိုသတ်သောအရာဖြစ်ကြောင်း ရှင်ပေါလုက ပညတ်တရားမရှိလျှင်၊ အပြစ်တရားသေ၏။ အထက်ပညတ်တရားမရှိသဖြင့် ငါသည် အသက်ရှင်၏။ ပညတ်တရားပေါ်သောအခါ အပြစ်တရားသည် ရှင်ပြန်၏။ ငါလည်းသေ၏။ အသက်ရှင်ခြင်းနှင့်ဆိုင်သော ပညတ်တရားသည် သေခြင်းနှင့် ဆိုင်သည်ကို ငါတွေ့၏ အပြစ်တရားသည် ပညတ်တရားအားဖြင့် အခွင့်ရလျှင် ငါ့ကိုလှည့်ဖြား၍ ထိုတရားအားဖြင့် ငါ့ကိုသတ်လေ၏။ဟုဆိုထားသည် (ရော၊ ၇း ၈-၁၁)ဆိုလိုသည်မှာ ပညတ်တရားကြောင့် အပြစ်တရားသည် ရှင်၍ ငါ့ကိုသတ်၍ သေစေသည်။ ပညတ်တရားမရှိလျှင် အပြစ်တရားသည် သေ၍ ငါသည် အသက်ရှင်သည်ဟူ၍ဖြစ်သည်။ ထို့ကြောင့် ပညတ်တရားသည် လူကို အသက်ရှင်စေသည်မဟုတ်ဘဲ သေစေကြောင်းကို တွေ့ရသည်။
အပြစ်သိရန်
          သို့ဖြစ်လျှင် ဖြောင့်မတ်ခြင်းလည်း မပေးနိုင်သည်သာမက ကျိန်ခြင်းနှင့်သေခြင်းကိုဖြစ်စေတတ်သော ပညတ်တရားကို၊ ဘုရားသခင်သည် အဘယ်ကြောင့် ပေးသေးသနည်း။ လူသည် မိမိအပြစ်ကို နားမလည်နိုင်။ ကိုယ်ကိုကိုယ် လူကောင်းအပြစ်မရှိဟု ထင်တတ်သည်။ ထို့ကြောင့် လူ၏အပြစ်ကို ဖော်ပြဖို့ရန် ပညတ်တရား ကိုပေးသည်။ ကျမ်းစာ၌၊ ထိုသို့ ပညတ်တရားသည် အပြစ်ကို ထင်ရှားစေသည်ဖြစ်သောကြောင့် ပညတ်တရား ၏ အကျင့်အားဖြင့် ဘုရားသခင်ရှေ့တော်၌ အဘယ်သူမျှ ဖြောင့်မတ်ရာသို့မရောက်နိုင်ရာဟုဆိုသည် (ရော၊ ၃း ၂၀) ထို့အပြင်၊ ပညတ်တရားအားဖြင့်သာ အပြစ်သဘောကိုငါသိရ၏။ အဘယ်သို့နည်းဟူမူကား လောဘစိတ်မရှိနှင့်ဟု ပညတ်တရားမဆိုလျှင်၊ လောဘသဘောကိုငါမသိ (ရော၊ ၇း ၇) ထို့ကြောင့် ပညတ်တရား၏ အလုပ်တာဝန်မှာ လူများမိမိတို့၏ အပြစ်ကို သိစေဖို့ရန်ဖြစ်သည်။ငါတို့ပို့ဆောင်၍၊ ငါတို့၏ အသိန်းဖြစ်သတည်း (ဂလာ၊ ၃း ၂၄)ဟုဆိုထားပါသည်။ ထို့ကြောင့် ပညတ် တရားသည် ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်စေခြင်းငှာ အထောက်အကူဖြစ်သည်။ သို့သော် ပညတ်တရားကိုသာ အားကိုးလျှင် သေခြင်းကိုသာဖြစ်စေသည်။
သင်ခန်းစာ(၁၁)မှမေးခွန်းများ
၁။       ပညတ္တိကျမ်းစာကို ဖော်ပြပါ။
          --------------------------------------------------------------
၂။       ပညတ်တရားသည် မည်သူများထံပေးသနည်း။
          --------------------------------------------------------------
၃။       တပါးအမျိုးသားများထံ ပညတ်ပေးပါသလား။
          --------------------------------------------------------------
၎။       ပညတ်တရားလိုက်လျှောက်နိုင်သူရှိပါသလား။
          --------------------------------------------------------------
၅။       ပညတ်တရားအားဖြင့် ဖြောင့်မတ်နိုင်ပါသလား။
          --------------------------------------------------------------
၆။  ပညတ်တရားမလိုက်လျှောက်နိုင်လျှင် မည်သို့ခံရမည်နည်း။
          --------------------------------------------------------------
၇။       ပညတ်တရားသည် လူကိုရှင်စေသလော၊ သေစေသလော။
          --------------------------------------------------------------
၈။       ပညတ်တရားသည် ဘယ်အရာကိုသိစေသနည်း။
          --------------------------------------------------------------
၉။       ပညတ်တရားသည် ငါတို့ကို မည်သူ့ထံသို့ ပို့ဆောင်သနည်း။
          --------------------------------------------------------------
၁၀။     မိတ်ဆွေ၊ ပညတ်တရားကို လိုက်လျှောက်ဖို့ ကြိုးစားဘူးပါသလား။
          --------------------------------------------------------------

သခင်ယေရှု ဒုတိယအကြိမ်ကြွလာခြင်း


သခင်ယေရှုဒုတိယအကြိမ်ကြွလာခြင်းသည် ယုံကြည်သူအားလုံးတို့၏မြော်လင့်ခြင်းဖြစ် သည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို ထိန်းချုပ်ထားသည်။ သူသည် သူ၏နှုတ်ကပတ်တော် ထဲတွင် ဖော်ပြထားသော ကတိတော်များနှင့် ပရောဖက်ပြုချက်များပြည့်စုံရန် သစ္စာတရားနှင့်ပြည့် စုံသည်။



Friends18.com Orkut Scraps
သခင်ယေရှုခရစ်တော်ဒုတိယကြွလာသည့်အချိန်တွင် သူသည် ပရောဖက်ဟောပြောခဲ့ သည့်အတိုင်း ဗက်လဟင်မြို့ နွားစားခွက် ထဲတွင် သူငယ်အဖြစ်နှိမ့်ချစွာ ဖွါးမြင်ခဲ့သည်။ သခင် ယေရှုသည် သူ၏မွေးဖွါးခြင်း၊ အသက်ရှင်းခြင်း၊ သာသနာလုပ်ငန်းလုပ်ဆောင်ခြင်း၊ အသေခံခြင်း၊ နှင့် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် မေရှီယနှင့်ပတ်သက်သောပရောက်ဖက်ပြုချက်များစွာ ပြည့်စုံစေ ခဲ့သည်။ သို့ရာတွင် မေရှီယနှင့်ပတ်သက်၍မပြည့်စုံရသေးသောပရောဖက်ပြုချက်များ စွာရှိသေးသည်။

သခင်ယေရှုခရစ်တော်၏ဒုတိယအကြိမ်ကြွလာခြင်းသည် ထိုမပြည့်စုံရသေးသော ပရောဖက်ပြုချက်များကို ပြည့်စုံစေရန်အတွက် ဖြစ်သည်။ သခင်ယေရှုပထမအကြိမ်ကြွလာခြင်းထဲ တွင် သူသည် စေခံတစ်ဦးဖြစ်ခဲ့သည်။ သခင်ယေရှုသည် ဒုတိယအကြိမ်ကြွလာသောအခါ သူသည် အောင်မြင်သော ဘုရင်အဖြစ်ကြွလာမည်ဖြစ်သည်။ သခင်ယေရှုသည် ပထမအကြိမ်ကြွ လာသည့်အချိန်တွင် သူသည် နှိမ့်ချသောအသက်တာဖြင့်ကြွလာခဲ့သည်။ သခင်ယေရှုဒုတိယအ ကြိမ်ကြွလာသောအခါ သူသည် မိမိပတ်ဝန်းကျင်တွင် ကောင်းကင်ဗိုလ်ခြေများနှင့်ကြွဆင်းလာမည် ဖြစ်သည်။ 

ဓမ္မဟောင်းထဲတွင်ရှိသော ပရောဖက်များက သခင်ယေရှု၏ပထမအကြိမ်ကြွလာခြင်းနှင့် ဒုတိယအ ကြိမ်ကြွလာခြင်းတို့၏ခြားနားမှုကို တိကျစွာဖော်ပြထားခြင်းမရှိပေ။ သခင်ယေရှုကြွလာခြင်းအ ကြောင်းကို ဟေရှာယ ၇း၁၄၊ ၉း၆-၇ နှင့် ဇာခရိ ၁၄း၎ ထဲတွင် တွေ့ရှိနိုင်ပါသည်။ ထိုကျမ်းပိုဒ်ထဲ တွင် သခင်ယေရှုကြွလာခြင်းသည် မတူညီသော ပုဂ္ဂိုလ်နှစ်ဦးအဖြစ်ကြွလာလိမ့်မည်ဟု ဖော်ပြထား သည်။

ယုဒလူမျိုးကျမ်းတတ်ပုဂ္ဂိုလ်များက ညှဉ်းပန်းနှိပ်စက်ခြင်းခံသော မေရှီယနှင့် အောင်မြင် သောမေရှီယရှိသည်ဟု ယုံကြည်ကြသည်။ သတို့မသိသောအချက်တစ်ခုသည် ညှဉ်းပန်းနှိပ်စက် ခြင်းခံသော မေရှီယနှင့် အောင်မြင်သောမေရှီယသည် တစ်ဦးတည်းအားဖြင့်ပြည့်စုံမည်ကို မသိ ခြင်းဖြစ်သည်။ သခင်ယေရှုသည် ပထမအကြိမ်ကြွလာသောအချိန်တွင် ညှဉ်းပန်းနှိပ်စက်ခြင်းခံ သောမေရှီယအခန်းကဏ္ဍကို ပြည့်စုံစေခဲ့သည် (ဟေရှာယ အခန်းကြီး ၅၃)။

သခင်ယေရှုသည် ဒုတိယအ ကြိမ်ကြွလာသောအခါ ဣသရေလလူမျိုးများကို ကယ်တင်ရှင်အဖြစ်နှင့် ရှင်ဘုရင် အခန်းကဏ္ဍများ ကို ပြည့်စုံစေမည်ဖြစ်သည်။ ဇာခရိ ၁၂း၁၀ နှင့် ဗျာဒိတ် ၁း၇ ထဲတွင် သခင်ယေရှု ၏ဒုတိယအကြိမ် ကြွလာခြင်းအကြောင်းကို ဖော်ပြထားသည်။ သခင်ယေရှု၏နာကျင်ထိုးနက်ခြင်း ခံခြင်းကို ပြန်လည် ဖော်ပြထားပါသည်။ ဣသရေလလူမျိုးများနှင့် လောကတွင်ရှိသောလူသားအား လုံးတို့သည် သခင်ယေရှု ပထမအကြိမ်ကြွလာသောအခါသူတို့က မလက္ခံခဲ့ကြသောကြောင့် သူတို့သည် နောင်တ ရကြမည်ဖြစ်သည်။ 

သခင်ယေရှုသည် ကောင်းကင်ဘုံသို့ချီဆောင်ခြင်းခံခဲ့ပြီးနောက် ကောင်းကင်တမန်များက တမန် တော်များထံ ဤသို့ကြွေးကြော်ခဲ့ကြသည်။ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ မျှော်ကြည့်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ ၍ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသော ထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ကြွသွားတော်မူသည်နည်းတူ၊ တဖန်ကြွလာ တော်မူလတံ့ဟု ပြောဆို၏” (တမန် ၁း၁၁)။

ဇာခရိ ၁၄း၎ထဲတွင် သခင်ယေရှုဒုတိယအကြိမ်ကြွ လာမည့်နေရာကို ဖော်ပြထားပါသည်။ မဿဲ ၂၄း၃၀ ထဲတွင် “ထိုအခါလူသား၏နိမိတ်လက္ခဏာ သည် ကောင်းကင်၌ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာလူအပေါင်းတို့သည် ငိုကြွေမြည်တမ်းကြ၍၊ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက်၊ မိုဃ်းတိမ်ကိုစီး၍ကြွလာတော် မူသည်ကို မြင်ရကြလိမ့်မည်” ဟုဖော်ပြထားပါသည်။ တိတု ၂း၁၃ ထဲတွင် သခင်ယေရှု၏ဒုတိယ အကြိမ်ကြွလာခြင်းကို “ဘုန်းတန်ခိုးအာနုဘော်တော်အားဖြင့်ထင်ရှားခြင်း” ဟုဖော်ပြထားပါသည်။

ဗျာဒိတ် ၁၉း၁၁-၁၆ ထဲတွင် ဒုတိယအကြိမ်ကြွလာခြင်းအကြောင်းကို စုံလင်စွာဖြင့်ဖော်ပြထားပါ သည်။ “ထိုအခါကောင်းကင်ဘုံဖွင့်လှစ်လျက်ရှိသည်ကို ငါမြင်လျှင်၊ မြင်းဖြူရှိ၏။ မြင်းစီးသောသူ သည် သစ္စာဟူသောအမည်၊ သမ္မာဟူသောအမည်ရှိသတည်း။ ထိုသူသည် တရားသဖြင့်စီရင်တတ် ၏။ တရားသဖြင့်စစ်တိုက်တတ်၏။ မျက်စိတော်သည် မီးလျှံကဲ့သို့ဖြစ်၏။ ခေါင်းတော်ပေါ်၌ သရ ဖူများကို ဆောင်း၏။

ကိုယ်တိုင်မှတပါး၊ အဘယ်သူမျှမသိသောနာမတော်သည် ရေးထားလျက်ရှိ ၏။ အသွေး၌နှစ်ပြီးသောအ၀တ်ကိုဝတ်၏။ ဘုရားသခင်၏နှုတ်ကပတ်တော်ဟူသော အမည်ရှိ၏။ ကောင်းကင်ဗိုလ်ခြေတို့သည် မြင်းဖြူကိုစီးလျက်၊ စင်ကြယ်သောပိတ်ချောဖြူကိုဝတ်လျက်၊ နောက်တော်သို့လိုက်ကြ၏။ လူမျိုးတို့ကို ဒဏ်ခတ်စရာဘို့၊ ထက်သောသန်လျက်သည် ခံတွင်းတော်ထဲက ထွက်၏။ သူတို့ကို သံလှံတံနှင့် အုပ်စိုးတော်မူမည်။

အနန္တတန်ခိုးနှင့်ပြည့်စုံ တော်မူသော ဘုရားသခင်၏ဒေါသအမျက်တော်၏ စပျစ်နယ်ရာတန်ဆာကို ဖိနင်းတော်မူမည်။
ဘု ရင်တို့၏ဘုရင်၊ သခင်တို့၏သခင် ဟု ဘွဲ့နာမတော်သည် အ၀တ်တော်၌၄င်း၊ ပေါင်တော်၌ ၄င်း ရေးထားလျက်ရှိ၏။”

သခင်ယေရှုဒုတိယအကြိမ်ကြွလာခြင်းကိုသင်ဘယ်လိုကြိုမလဲ...။
သင်... ကယ်တင်ခြင်းရပြီလား...။

ကယ်တင်သော ဘုရားရှင်

လူသည် လွန်စွာထူးဆန်းသောသတ္တ၀ါဖြစ်သည်။ မည်သည့်အရာကိုမျှ လွယ် လင့်တကူ မယုံကြည်တတ်ပေ။ သိပ္ပံပညာထွန်းကားနေသော အချိန်ကာလဖြစ်၍ လူ သည်အကြောင်းအရာတစ်ခုကို လက်တွေ့ကျကျထိတွေ့သိမြင်ခံစားပြီးမှသာ လက်

ခံယုံကြည်တတ်ကြသည်။ မိမိတို့၏ဦးနှောက်အသိပညာကို အခြေထားစဉ်းစားပြီး အသက်ရှင်တတ်သောလူသည် ဘုရားဟူသော ပုဂ္ဂိုလ်တော်မြတ်ကို မျက်စိဖြင့်မမြင်

ရသော်လည်း မနှောအာရုံအသိနှင့် နှလုံးတွင်းမှခံစားပြီး သက်ဝင်ယုံကြည် ကိုးစား

ကာ အလေးထားအသက်ရှင်ကြသည်မှာ သဘာဝတရားထက်ကျော်လွန်သော ထူး

ဆန်းအံ့ဘွယ်အမှုတစ်ခုပင်ဖြစ်ပေသည်။ လောကတွင် သဘာဝတရားအများရှိကြ

သည်ဖြစ်ရာ သဘာဝတရားတိုင်းက လောကုတ္တရာကဏ္ဍတွင် သုခချမ်းသာခံစားနိုင်

ရေးအတွက် ယနေ့ပစ္စုပ္ပန်ကာလအသက်ရှင်မှုကို သတိပြုကြဖို့ရန် အသိပေးနိုးဆော်ထားကြပါသည်။

လူမှန်လျှင်ကွာခြားမှုမရှိ

(လု၊ ၁၆း၁၉-၃၁)တွင်လူနှစ်ဦးကိုတွေ့ရသည်။ တစ်ဦးကငွေကြေးဥစ္စာပစ္စည်း

ကြွယ်ဝပြည့်စုံသောသူဌေးဖြစ်ပြီးကျန်တစ်ဦးကလာဇရုအမည်ရှိဆင်းရဲသားဖြစ်သည် သူဌေးသည် နီမောင်းသောအ၀တ်ကိုဝတ်၍ နေ့တိုင်းကာမဂုဏ်စည်းစိမ်၌ပျော်မွေ့

ကာလောကီအရေးကိုသာစဉ်းစားအသက်ရှင်နေကြောင်း တွေ့ရသကဲ့သို့ လာဇရုမှာ

မူ စားစရာမဲ့ငတ်မွတ်လျှက် သူဌေးစားပွဲမှကျသောအစာကိုစားရအံ့သောငှါ တောင့်

တစိတ်နှင့် သူဌေးအိမ်တံခါးနားတွင်နေကြောင်းတွေ့ရသည်။ထိုနည်းတူလောကတွင်

လူချင်းတူသော်လည်း လောကီကဏ္ဍ၌အခြေအနေမတူညီပဲ ကွာခြားမှုရှိကြပေသည်

တချို့ကပညာတတ်သည်။ တစ်ချို့ကပညာမဲ့သည်။ တစ်ချို့ကဆင်းရဲကြသည်။

တစ်ချို့ကချမ်းသာကြသည်။ လောက၌အသက်ရှင်စဉ် ဤမတူညီမှုများရှိလင့်ကစား

အဆုံးတစ်နေ့တွင်ကွာခြားမှုမရှိကြောင်းနားလည်ရသည်။ သူဌေးသည်တစ်နေ့သော

အခါ သေဆုံးရသကဲ့သို့ ဆင်းရဲသားလာဇရုလည်း သေဆုံးရကြောင်းတွေ့ရသည်။

တမလွန်အကျိုးရလဒ်ကွာခြား

သူဌေးသည်လောက၌အသက်ရှင်စဉ် စည်းစိမ်ခံစားရ၍ သက်သာမှုကိုရသော်

လည်းသေလွန်ပြီးသည့်နောက်မရဏာနိုင်ငံ၌ ပြင်းစွာသောဝေဒနာကိုခံစားရကြောင်း

တွေ့ရသည်။ လာဇရုအမည်ရှိသူ ဆင်းရဲသားမှာမူ လောက၌ဆင်းရဲငတ်မွတ်၍ ဒုက္ခ

ဝေဒနာမျိုးစုံခံရသော်လည်း တမလွန်၌သက်သာခြင်းကိုရကြောင်းတွေ့ရသည်။ လူ

သည်လောကီကဏ္ဍ၌သာအသက်ရှင်၍ အဆုံးသတ်ရမည်မဟုတ်ပေ။ လောကုတ္တရာ

ကိုလည်း ခရီးဆက်ရဦးမည်ဖြစ်သည်။ လောက၌မည်မျှပင်ကြွယ်ဝပြည့်စုံ၍ ကောင်း

ကျိုးမင်္ဂလာအဖြာဖြာကိုခံစားရပါစေ၊ တမလွန်၌အပါယ်ငရဲတွင် ပြင်းစွာဝေဒနာခံစား

ရမည်ဆိုပါက မည်မျှအကျိုးဆုံးရှုံးမည်နည်း။ ယနေ့ကျွန်ုပ်တို့အသက်ရှင်နေကြသော

ပစ္စုပ္ပန်ကာလသည် သင်္ခါရဖြစ်သော်လည်း သေပြီးသည့်နောက် ရောက်ကြရမည့် လောကုတ္တရာ(တမလွန်ခရီး)သည် တဒင်္ဂမဟုတ်သည့် ထာဝရကာလဖြစ်ပေသည်။

ဘာသာတရား

လောကတွင် ဘာသာတရားများစွာရှိပါသည်။ ဘာသာတရားတိုင်းက လူ့

အသက်တာအခြေအနေကို မီးမောင်းထိုးပြနေပါသည်။ မကောင်းသောအကျင့်အကြံ

အပြုအမူတို့ကိုရှောင်၍ ကောင်းသောအသက်တာ၌ရှင်သန်ဖို့ သတိပေးနိုးဆော်ပါ

သည်။ လူသည်ကောင်းမကောင်းသိသောဥာဏ်အပေါ် အခြေထား၍ မကောင်းသည်

နှင့်ကောင်းသည်ကိုခွဲခြားသိသော်ငြားလည်းလက်တွေ့မကျင့်သုံးနိုင်၊မကောင်းသည်

ကိုသိလျက်နှင့်မရှောင်နိုင်၊ ကောင်းသည့်အရာကိုသိလျက်နှင့်လည်း မလုပ်နိုင်သည်

မှာ လူ၏မပြည့်စုံသော အားနည်းချက်ပေတည်း။ ကောင်းသောအသက်ရှင်မှုတို့အ

တွက် တမလွန်တွင်ကောင်းကျိုးချမ်းသာကို ခံစားရဖို့ရှိသလို မကောင်းသောကျင့်ကြံ

ပြုမူအသက်ရှင်မှုအတွက် တမလွန်တွင် အပါယ်ငရဲ၌ ပြင်းပြစွာ ဝေဒနာခံစားရမည် ဖြစ်သည်။

မနှောအာရုံအသိက လူတွင်ရှိသည်ဖြစ်၍ တမလွန်အရေးကိုစဉ်းစားတိုင်း လူ

သည် စိတ်ရတက်မအေးနိုင်ရလောက်အောင်ဖြစ်နေပါသည်။ ဘာသာတရားကလူကို

အပါယ်ငရဲမှမကယ်နိုင်ပါ။ ဘာသာတရားကလူကိုမိမိအခြေအနေမှန်ကို သိဖို့ရန်မီး

မှောင်ထိုးပြသည်သာမကအပါယ်ငရဲမှကယ်တင်နိုင်သောဘုရားရှင်ကို ကိုးစားအမှီပြု

ဖို့ရန်ညွန်ပြနေပါသည်။

မေတ္တာတော်ရှင်

ဘာသာတရားနှင့်ဘုရားသည်များစွာကွဲခြားပါသည်။ ဘာသာတရား၌အသက်

မရှိပါ။ ဘုရားဟူသည် မေတ္တာတော်ရှင်ဖြစ်ရုံမျှမက အသက်ရှင်တော်မူသော ပုဂ္ဂိုလ် တော်မြတ်လည်းဖြစ်သည်။ လာဇရုသည် လောကီအသက်ရှင်စဉ် အသက်ရှင်တော်

မူသောဘုရားကို သိရှိယုံကြည်ကိုးစားသောသူဖြစ်ကြောင်း နားလည်ရသည်။ အကြောင်းမှာ လာဇရုသောသောအခါ သူ၏၀ိညာဉ်ကို ကောင်းကင်တမန်တို့က လာ ရောက်ခေါ်ယူသွားကြောင်းတွေ့ရသည်။ သူဌေးသည် အသက်ရှင်စဉ်က ဘာသာတ ရားကိုသိပါသည်။ အာဗြဟံ၏အကြောင်းကိုလည်းသူသိပါသည်။ သို့သော်ထာဝရဘု

ရားကိုပမာဏမပြု။ လောကီကာမဂုဏ်စည်းစိမ်၌ နေ့စဉ်ခံစားပျော်မွေ့ရေးကိုသာ အလေးထားသောကြောင့် သေလွန်သောအခါသူဌေး၏၀ိညာဉ်အား ကောင်းကင်တ မန်များက လာရောက်ခေါ်ယူခြင်းမရှိသဖြင့်မရဏာနိုင်ငံသို့ရောက်ရှိသွားကာ ပြင်းစွာဝေဒနာခံစားရကြောင်း တွေ့ရသည်။

သူဌေးသည် တမလွန်ရောက်ပြီးမှ နောင်တရ၍ မိမိညီများအတွက် စိတ်ပူ ကြောင်း တွေ့ရသည်။ သို့သော်သူဌေး၏နောင်တသည်နောက်ကျသွားပြီဖြစ်သည်။

တမလွန်၌ကောင်းကျိုးချမ်းသာခံစားနိုင်ဖို့ရန်အသက်ရှင်စဉ်အချိန်၌သာကျွန်ုပ်တို့တွင်
ရွေးချယ်စဉ်းစားဆုံးဖြတ်ပိုင်ခွင့်ရှိပါသည်။ယနေ့ကျွန်ုပ်တို့၏ အသက်တာအာမခံချက်
သည် အဘယ်အရာပေါ်၌ တည်ရှိပါသနည်း။ သခင်ခရစ်တော်၏ စကားအပေါ်၌
တည်မှီနေပါက တမလွန်အတွက်စိတ်ချနိုင်ပါသည်။ “ငါသည် သမ္မာတရား၊ အသက်၊
လမ်းခရီးဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်နိုင်

ကြောင်း” သတိပေးပါသည်။(ယော ၁၄း၆)။ သခင်ယေရှုကမိမိကိုယုံကြည်သူများနှင့်

ကပ်ကမ္တာကုန်သည့်တိုင်အောင် အတူရှိမည်ဟု ဂတိပေးပါသည်။

မြည်းစမ်းသိမှတ်ယုံကြည်ပါ

သခင်ယေရှုက “ငါ့ကိုခေါ်လော့၊ ငါထူးမည် ။ငါ့ကိုယုံကြည်သောသူသည် သေ

လွန်သော်လည်းရှင်လိမ့်မည်” ဟုမိန့်တော်မူပါသည်။ သခင်ယေရှုကို အသက်တာ၌

ယုံကြည်ကိုးစားနိုင်ဖို့ရန် သက်သေရလိုပါက ကိုယ်တော်၏နာမ၌ခေါ်ကြည့်ပါ။ ကိုယ်

တော်သည်အမှန်တကယ် အသက်ရှင်တော်မူသောဘုရားဖြစ်ပါက ကျွန်တော်ကျွန်မ ၏အသက်တာကို ဤမည်သောပြသနာအခက်ခဲမှ ကယ်မ၍ သက်သေထူပါဟု ဆုတောင်းကြည့်ပါက ကိုယ်တော်သည်ထူး၍ အသက်ရှင်ကြောင်းသက်သေကို ပြလိမ့်မည်ဖြစ်သည်။

ကျွန်ုပ်တို့၏အသက်တာ၌ ကိုယ်တော့်အားကိုယ်တိုင်မြည်းစမ်း၍ သက်သေခံ စားရပြီး ကယ်တင်ရှင်အဖြစ်လက်ခံယုံကြည်မည်ဆိုပါက ကိုယ်တော်သည်ကျွန်ုပ်တို့နှင့်အတူရှိမည်ဖြစ်သည်။ ၄င်းအပြင် နေ့စဉ်အသက်တာ၌လည်း ကိုယ်တော်အတူပါ

ရှိကြောင်းသက်သေကို ကျွနုပ်တို့အားဖြင့်ထင်ရှားစေမည်ဖြစ်ပါသည်။ ထို့ကြောင့် လူ

သည်ယခုဘ၀အသက်ရှင်ပြီး အဆုံးသတ်သွားမည်မဟုတ်ကြောင်း၊ နောင်ဘ၀၌ ဆက်လက်ရှင်သန်ရန်ရှိသေကြောင်း၊ သခင်ယေရှုကိုယုံကြည်၍ အသက်ရှင်သူတို့

အတွက်၊ တမလွန်၌ ထာဝရဘုရားနှင့်အတူသုခချမ်းသာကို ခံစားနိုင်ကြောင်း သတိ

ပြုဆင်ခြင်လျက် မိမိတို့အသက်တာကိုပြင်ဆင်ပြီး အသက်ရှင်ကြပါမည့်အကြောင်း

မေတ္တာနှင့်အသိပေးဝေငှလိုက်ပါသည်။

Friday, August 19, 2011

တမလွန်အရေးတွက်နှိုင်းယှဉ်ပြခြင်း


ဗုဒ္ဓလမ်းစဉ်။
      အနိစ္စတရားနှင့်အတူ ပြန်လမ်းမရှိ။
      ဆုံးပါးခြင်းနှင့်အတူ နိုးကြားလာခြင်းမရှိ။
      သေခြင်းတရားမှ ရှင်ပြန်ခြင်းမရှိ။
      လွတ်ရာလမ်းလည်းမရှိ။
ခရစ်တော်လမ်းစဉ်။
      အနိစ္စတရားမှ ပြန်လမ်းရှိ။
      တဖန်နိုးကြားရဦးမည်။
      ရှင်ပြန်ထမြောက်ခြင်းရှိသည်။
      လွတ်မြောက်လိုက ကယ်တင်ရာမဂ္ဂင်လမ်းရှိ။

ဘ၀၌အကြီးမားဆုံးသော မျော်လင့်ရာ။
      လောက၌လူတိုင်းက သေခြင်းတရား၏ နောက်ကွယ်တွင် သာ၍ငြိမ်းချမ်း အေးမြရာ တမလွန်ဘ၀ နောင်ရေးအတွက် မျှော်လင့်ခြင်းပင်ဖြစ်သည်။ ဘာသာတရားတိုင်းက ကွဲပြားသော မျော်လင့်ချင်းဖြင့် ထိုအရေးကို မျော်တွေးကြရာတွင်၊ ကမ္ဘာ့ ဘာသာတရားထဲတွင် ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်တို့၏ ကွာခြင်းချက်ကို အောက်ပါအတိုင်း တွေ့မြင်နိုင်သည်။

၁။ ဗုဒ္ဓဘာသာ၏ တမလွန်နောင်ရေး။
      သေခြင်းတရားဟူသည် လုံးဝအဖြေရှာမရသော အရာပင်ဖြစ်သည်။ ဤလောကတွင် လူတို့သည် မေ့မေ့လျှော့လျှော့ ပေါ့ပေါ့ဆဆဖြင့် အသက်ရှင်ကြသည်။ အထူးသဖြင့် သေခြင်း၏နောက်ကွယ်တွင် ဘယ်ကိုသွားရမည်ကို ကျွန်တော်၏ လူမျိုးတော်တို့သည် မသိရှိကြပါ။ ဗုဒ္ဓဂေါတမ၏ သွန်သင်ချက်အရ "လောကရှိလူသားတိုင်းနှင့် အရာရာတို့သည် အကြောင်းတရားကြောင့် ဖြစ်တည်လာရသည်" ဆိုသည့်အချက်ပင်ဖြစ်သည်။ ဗုဒ္ဓဂေါတမကိုယ်တိုင်က ကာမ (သို့) ကံကြမ္မာကို အတည်ပြုပြောဆိုသည်။ ၄င်းကြောင့်ပင် ဘ၀ဖြစ်လာရသည်၊ တဖန် သံသရာလည်ရဦးမည်ဆိုသည်။ ထို့ကြောင့်လည်း ဗုဒ္ဓဘာသာဝင်တိုင်းတို့ကား နောက်ဘ၀တွင် ဤသို့သော လူအဖြစ်ကို ပြန်ရဦးမည်ဆိုသော အတွေးဖြင့် မျော်လင့်တတ်ကြပေသည်။ နောင်ဘ၀တွင် ဘာဖြစ်မည်၊ ဘယ်ဘ၀ရောက်မည်ဆိုသောအရာတို့သည်ကား လောကတွင် အသင်မည်သို့ နေထိုင်ကျင့်ကြံသည် ဆိုသောအရာအပေါ်တွင်သာ ပဓါနကျလှပေသည်။
      ဗုဒ္ဓ၏ သွန်သင်ချက်တွင် ဤလောက၌ သင်သည်ဆိုးသည်၊ ကောင်းသည်ဖြစ်စေ ၄င်းတို့သည် အတိတ်၏ ကံတရားဟူ၍၄င်းဆိုသည်။ ဥပမာအားဖြင့် လူတစ်ဦးသည် လယ်သမား၊ အနုပညာသမား၊ စက်မှုလက်မှုပညာရှင်ပဲဖြစ်ဖြစ်၊ သူခိုး၊ စစ်သား၊ ဘုရင်စသော ဘ၀ကို ရရှိခြင်းသည် အတိတ်ကံနှင့်သာ ဆိုင်လေ၏။ ဤလောက၌ဘာပဲဖြစ်ဖြစ် အရာရာတို့သည် ကံ၏စေရာပင်ဖြစ်သည်။ သတ္တ၀ါအားလုံးတို့သည် ထိုခြားရဟတ်ပမာ ကံ၏ စီမံရာကို ခံကြရလေသည်။ ကံ၏စီမံရာကို၎င်း၊ ကံ၏စေစားရာကို၎င်း နားလည်နိုင်ရန် ဗုဒ္ဓက အောက်ပါအတိုင်း ဆိုထားပေသည်။
      (က) သတ်ဖြတ်ခဲ့၍ အသက်တိုရ၊ မသတ်ဖြတ်ခဲ့၍အသက်ရှည်ရ။
      (ခ) ဖိနှိပ်ညှင်းဆဲခဲ့၍ ရောဂါထူပြောရ၊ မပြု့ခဲ့သူတို့က ကျန်းမာရသည်။
      (ဂ) ဒေါသကြောင့်အရုပ်ဆိုးရ၍၊ ဒေါသမထွက်သောကြောင့် အဆင်းလှ။
      (ဃ) မနာလိုဝန်သိုခဲ့၍ ယုတ်ညံရ၊ ထိုသို့မပြုခဲ့သောကြောင့် ကြီးမြတ်ရ။
      (င) မလှူခဲ့၍ ဆင်းရဲရ၊ လှူခဲ့၍ချမ်းသာရ။
      (စ) အမျိုးယုတ်ညံ့ခြင်းက မနှိမ့်ချ၍၊ အမျိုးမြတ်ရခြင်းက နှိမ့်ချခဲ့သောကြောင့်။
      (ဆ) မထီမဲ့မြင်ပြုသူက ပညာကို မလိုလားသောကြောင့်၊ ပညာလိုသူက ရှာဖွေဆည်းပူးခဲ့သော ကြောင့်ဟူ၍ပင်ဖြစ်သည်။
      လာအိုလူမျိုးအများစုက ဗုဒ္ဓဘာသာ အလိုအလျှောက် ဖြစ်နေကြပေမဲ့၊ သေပြီးနောက်တွင် ဘာဖြစ်မည်ဆိုသည်ကို လုံးဝ နားလည်ခြင်းမရှိ၊ တတ်သိနားလည်ခြင်းနှင့် ဆိုင်သော ညာဏ်အလင်းကိုကား မရရှိကြ။ သင်ကြားခံယူမူတို့သည်လည်း ရှုပ်ထွေးနေပြီး မရှင်းမလင်းမှုများကြောင့် တမလွန်အရေးဟူသည့် အရာကိုပင် နားလည်ခြင်းမရှိဘဲ ဘ၀မီးစာကုန်ခဲ့ကြရသည်။ သေသည်၏ အခြားမဲ့ဘ၀၌ ဘာဖြစ်မည်၊ ဘယ်ကိုသွားမည်ကိုလည်း မသိကြ။ တဖန် ယခုသက်ရှိထင်ရား ရှိနေသေးသူများကလည်း သေခြင်းတရား အား ရင်ဆိုင်ဖို့အရေး မည်သို့ပြင်ဆင်ထားကြရမည်ကို မသိကြ။ ဘ၀ကို ရေဆုန်အတိုင်းမျောလိုက်ရင်း၊ ဘာဖြစ်မည်ကိုလည်း တွေးယူချင်းမရှိကြတော့သည်မှာ လူအများစု၏ လက်ခံကျင့်သုံးမှုပင်ဖြစ်သည်။
      ဘုန်းတော်ကြီးကျောင်းတွင် နေထိုင်သည့် ဘုန်းတော်ကြီးများပင် မျော်လင့်ချက်ကင်းမဲ့သော စကားကိုသာဆိုနေကြမြဲဖြစ်သည်။ အသုဘ ကိစ္စများတွင်လည်း မျက်လွှာကို ယပ်တောင်ဖြင့်အပ်ကာ "သတ္တ၀ါ တစ်ခု၊ ကံတစ်ခု" သဗ္ဗေသတ္တာကမ္မဿကာ၊ ဟူသာဆိုကြသည်။ ၄င်းစကားစုသည် အားပေးခြင်း မဟုတ်ပေ မျော်လင့်ရာမဲ့နေသောအခြေအနေမှန်ကို မီးမောင်းထိုးပြနေခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဂေါတမ၏ စကားတော်အတိုင်း ကြွလာတော်မူမည့် ကယ်တင်ရှင် ယေရှုခရစ်တော်အား ဖူးတွေ့ခြင်း မရှိသေးသ၍ လူထုကြီးသည် မျော်လင့်ရာမဲ့များပင်ဖြစ်သည်။
` ကြီးစွာသော လွဲမှားသည့် ယုံကြည်မှုကား သေခြင်းနောက်တွင် "တစ္ဆေ၊ သရဲဖြစ်ခြင်း" ဆိုသည့်အရာပင်ဖြစ်သည်။ အသက်ရှင်ခိုက်တွင် ချစ်ခင်း၊ ကြင်နာခြင်းတွေဖြင့် ရှိကြသည့်တိုင်အောင် မိသားစုဝင် သေသောအခါတွင်ကား လွန်စွာ ကြောက်လန့်၍ မိမိတို့ကိုမိမိ ကာကွယ်ရန် ကြိုးများကာရံထားကြပြီး တစ္ဆေ၊ သရဲများ ၀င်မလာရန် ဆီးတားထားကြသည်။
      သေဆုံးခြင်းတွင်ကား ရုပ်နှင့် နာမ် ခွဲခွါသည်နှင့်အမျ ခန္ဓာရုပ်ကား မြေမှုန့်မှလာ၍ မြေမြုပ်ခြင်း (သို့) သင်္ဂြိုဟ်ခြင်း ပြုရန်သာဖြစ်လေသည်။ နံဝိညာဉ်မူကား ဘုရားရှင်စီမံ ခန့်ခွဲရာအတိုင်း ခံရန်သာရှိလေသည်။ လူတို့သည် ၄င်းအရာကို သိရှိခြင်းမရှိကြပါ။ ထို့ကြောင့်လည်း သေသည့်နောက်တွင် ကံစီမံရာ အတိုင်း တစ္ဆေ၊ သရဲ ဖြစ်ကာ လှည့်လည်သွားလာနေရမည်ဟု ထင်မှတ်မှားကြခြင်းပင်ဖြစ်သည်။
      လောကတွင် မျော်လင့်ချက်မဲ့ဖြင့် အသက်ရှင်က ဘာဖြစ်မည်နည်း။ ဘယ်သွားမည်နည်းဆိုတာကို မသိဘဲ အသက်ရှင်လိုပါသလား (သို့) တမလွန်အတွက် စိတ်ချမှုဖြင့် အသက်ရှင်လိုပါသလား။ ၄င်းသည်ကား သင်၏ ရွေးချယ် ဆုံးဖြတ်ချက်အပေါ်တွင် မှီတည်၍သာနေသည်။

၂။ ခရစ်တော်၌ရှိသော မျော်လင့်ခြင်း။
      ခရစ်တော်၌ သေလွန်သူတို့၏ မျော်လင့်ရာကား သမ္မာကျမ်းစာတွင် လွန်စွာရှင်းလင်းလှသည်။ သေခြင်းတရားသည် သဘာဝတရား မဟုတ်ကြောင်း၊ ကာမကြောင့် မဟုတ်ကြောင်းနှင့် ၄င်းသည် ဘုရားရှင်အား မနာခံဘဲ အပြစ်တရားကို ဖက်တွယ်ခဲ့သော အကျိုးဆက်ဖြစ်ကြောင်းနှင့် ထိုအကျိုးဆက်ကြောင့် တရားစီရင်ခြင်း ခံရမှုသည် သေခြင်းတရားဖြစ်ကြောင်း ဘုရားရှင်က ဖွင့်ပြထားလေသည်။
      အာဒံသည် အပြစ်၌ ကျဆင်းခဲ့ပြီး သေခြင်းတရားကို ရင်ဆိုင်ရချိန်၊ ဘုရားရှင်သည် လျှစ်လျှူမထားဘဲ လူသားထုအားလုံးအတွက် အကြံအစည်တော်ရှိထားသည်။ ၄င်းကား သားတော်ကို လူ့ဇာတိအဖြစ် ခံယူစေကာ ကျွန်ုပ်တို့ကိုယ်စား အပြစ်တရားအတွက် စီရင်ခြင်းကို ခံယူစေခဲ့သည်။ ထို့ကြောင့်လည်း လူ့ဇာတိကိုခံယူခြင်း၊ ကိုယ်စားခံယူခြင်းနှင့် ခရစ်တော်ဘုရား၏ ရှင်ပြန်ထမြောက်ခြင်းသည် လူသားအားလုံးအတွက် မဟာမျော်လင့်ချက်ကြီးပင်ဖြစ်သည်။ သမ္မာကျမ်းစာက "ယေရှုကလည်း၊ ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်း အကြောင်းဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။ ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူ ရှိသမျှတို့သည်လည်း သေခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်။" ယော ၁၁း၂၅-၂၆။
      သေခြင်းတရားနောက် ခရစ်တော်၌ရှိသော မျော်လင့်ခြင်းနှင့် ဗုဒ္ဓ၏ သေခြင်းနောက် မျော်လင့်ခြင်းတို့သည် လုံးဝကွဲပြားခြားနားသည်။ ခရစ်တော်သည် သေခြင်းတရားနောက် မျော်လင့်ခြင်းသာမက ကမ္ဘာ့လောက အားလုံးတို့၏ အစအဆုံးတို့ကိုလည်း ကွဲကွဲပြားပြား ခြားနာစွာဖေါ်ပြထားသည်။ သမ္မာကျမ်းစာက လုံးဝ သံသရာ မရှိကြောင်းကို အတိအလင်းဆို၏ "လူသည်တခါတည်းသေ၍ ထိုနောက်မှတရားစီရင်တော်မူခြင်းကိုခံရသကဲ့သို့၊" ဟေဗြဲ ၉း၂၇။
      ဘုရားရှင်က လူတစ်စုံတစ်ဦးမျ ပျက်ဆီးခြင်းငှါ အလိုတော်မရှိပါ။ ကျွန်ုပ်တို့အားလုံး နောင်တ တရားနှင့်အတူ ပြင်ဆင်ပေးသော ကယ်တင်ခြင်း အကျွတ်တရားလမ်း ၊ မဂ်ယဉ်ကို ရာယူလိုက်ပါရန် အလိုတော်ရှိသည် ( ၂ ပေ ၃း၉ )။ လောကတွင် သက်ရှိထင်ရှား ရှိနေသူ မှန်သမျ ယုံကြည်၍ ဘုရားထံဆည်းကပ်သူတို့သည် အနိစ္စတရားကြောင့် ခွဲခွါခြင်း ( သို့) သေရသော်လည်း ပြန်လည်၍ ရှင်ရန် လမ်းရှိသည်။ ခရစ်တော်၌ သင်သည် အိပ်ပျော် (သို့) သေပါကလည်း နိုင်းထရခြင်း အခွင့်ရှိပါသည်။ သေခြင်းကို ရင်ဆိုင်ရပါကလည်း တဖန်ထမြောက်ခြင်းအခွင့်ကို ရ၍ လွတ်မြောက်ခြင်းအခွင့်ကို ရကာ အသက်ရှင်ရမည်။ အထက်ပါ အကြောင်းအရာတို့သည် ဗုဒ္ဓဘာသာ၏ သွန်သင်ချက်တို့နှင့် လုံးဝခြားနား၍ ဆန့်ကျင်နေသောအရာပင်ဖြစ်သည်။ အောက်ပါအတိုင်း ဥပမာ ပြဆိုပါမည်။

      က) ပြန်ရန်လမ်းရှိ။
            သမ္မာကျမ်းစာက ခရစ်တော်၌ သေလွန်သူတို့သည် တဖန်ပြန်လည်၍ တွေ့ဆုံရန် ဖြစ်ကြောင်းကို အတိအလင်းဆိုသည် ( ၁ သက် ၄း၁၃)။ ခရစ်တော်ဘုရားကိုယ်၌က သူ၏ တပည့်သာဝက များအား သူသည် တဖန်ကြွလာဦးမည့်အကြောင်းကို ကတိတော်ပေးခဲ့သည် ( ယော ၁၄း၁-၃)။ တပည့်သာဝကများနှင့် လူထု ၅၀၀ ကျော်တို့အားလည်း မျက်ဝါးထင်ထင်ပြကာ သူတို့မျက်မှောက်၌ပင် ကောင်းကင်ဘုံသို့ ချီဆောင်ခြင်းကို ခံယူစဉ်က တပည့်သာဝကတို့အား ကောင်းကင်တမန်က "အိုဂါလိလဲလူတို့၊ အဘယ်ကြောင့် ကောင်းကင်သို့ ကြည့်မျှော်လျက်နေ ကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသော ထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွားတော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့ဟု ပြောဆို၏။ " (တမန်တော် ၁း၁၁)။ အထက်ပါ သမ္မာကျမ်းစာက ကျွန်ုပ်တို့သည် ခရစ်တော်၌ သေလွန်သူအားလုံးတို့သည် တဖန် သူနှင့်အတူ ပြန်လာရ မည်ဖြစ်ကြောင်း မျော်လင့်ခြင်းကို ပေးသော တရားပင်ဖြစ်သည်။


      ခ) ပြန်လည်နိုးထရခြင်း။
            သမ္မာကျမ်းစာက ခရစ်တော်၌ သေလွန်သူတို့သည် လာဇရုကဲ့သို့ပင် အိပ်စက်ခြင်းသာ ဖြစ်ကြောင်း သွန်သင်လေသည်။ ခရစ်တော်ဘုရားက သူ၏ တပည့်သာဝကတို့အား "ငါတို့အဆွေ လာဇရုသည် အိပ်ပျော်၏။ သူ့ကိုနှိုးခြင်းအလိုငှါ ငါသွားမည်ဟု မိန့်တော်မူ၏။ " (ယော ၁၁း၁၁)။ အဓိပ္ပါယ်ကား သင်သည် ခရစ်တော်၌ အိပ်ပျော်ပါက ပြန်လည်၍ နိုးထနိုင်ခွင့်ရှိနေခြင်းပင်ဖြစ်သည်။ သေလွန်သူအားလုံးတို့သည် ဘုရားရှင်ရှေ့တွင် တရားစီရင်ခြင်း ခံယူရန် တဖန်ထမြောက်ကြရမည် ဖြစ်သည်။ ကောင်းကင်နန်းနှင့် အပါယ်ဘုံတွင် အသီးအသီးခံကြရမည်၊ စံကြရမည်ဖြစ်သည်။
      အထက်ပါဖြစ်စဉ်များကို ကြည့်ခြင်းအားဖြင့် ခရစ်တော်အား ယုံကြည်သူတို့သည်လည်း အသက်ရှင် ကြလိမ့်မည်ဖြစ်ကြောင်းပင်ဖြစ်သည် ( ၁ သက် ၄း၁၆)။ မည်ကဲ့သို့ ထမြောက်ရမည်ကို ၁ ကော ၁၅း၁-၅၈ တွင် အတိအလင်းဆိုထားသည်။ ထိုမှတပါး သမ္မာကျမ်းစာတွင် ခရစ်တော်ဘုရားက လာဇရုကို အမည်ခေါ်၍ ထမြောက်စေခဲ့ခြင်းကလည်း စစ်မှန်သော မျော်လင့်ခြင်းကို သာ၍တိုးပွားကာ ခိုင်မာသော ယုံကြည်ခြင်းကို ဖြစ်စေသောအရာပင်ဖြစ်သည်။ ထိုမှ တဖန် ခရစ်တော်ဘုရားကိုယ်၌ကလည်း သေပြီးနောက် သုံးရက်မြောက်တွင် ရှင်ပြန် ထမြောက်တော်မူခဲ့သည်။
  
 
      ဂ)။ လွတ်ရာလမ်းရှိခြင်း။
            လူသည် ဒုက္ခပေါင်း သောင်းခြောက်ထောင်မှ လွတ်ကင်းရန် နည်းလမ်းရှိသော်လည်း၊ သေခြင်းတရားအား လွန်ဆန်ရန်ကား လမ်းမရှိ။ ထိုသို့ဆိုပါက ခရစ်တော်အားဖြင့်လည်း သေခြင်းတရားကို ကျွန်ုပ်တို့ လွန်မြောက်နိုင်ပါမည်လော။ အကြောင်းအရာကား ခရစ်တော်သည် ကျွန်ုပ်တို့အတွက် သေခံတော်မူခြင်းဖြင့် လွတ်မြောက်ခြင်း အခွင့်ကိုရကြောင်း စိတ်ချမှုကို ဖြစ်စေသည်။ ခရစ်တော်က ကားတိုင်ပေါ်တွင် အသက်စွန့်လှူပူဇော်ပြီးနောက် ကိုယ်စားပြု ယတြာပြုခြင်းပင်ဖြစ်သည်။ ရိုးရှင်းစွာ ဆိုရပါက "မယုံကြည်သူမှန်သမျသည် သူတို့၏ အပြစ်တွင် သေကြရမည်" ဖြစ်သည် ( ယော ၈း၂၄ )။ ယုံကြည်သောသူတို့မူကား တရားစီရင်ခြင်း ကို မခံရ ထာဝရ အသက်ကိုရသည်ဖြစ်၍ သေခြင်းမှ လွန်မြောက်ရခြင်းအခွင့်ကိုရသည်" ( ယော ၅း၂၄ )။ သေခြင်းတရားကို မရင်ဆိုင်ရလိုပါက ဦးစွာ အပြစ်တရားမှ ကင်းလွတ်ရန် လိုအပ်လှသည်။ ကယ်တင်ခြင်းသည် အခြားသော လမ်းစဉ်တွင် မရှိသောကြောင့် ထိုနည်းလမ်းတစ်ခုတည်းဖြစ်သော ခရစ်တော်အားဖြင့်သာ ကျွန်ုပ်တို့ လွတ်ရာလမ်း ရှိသည် "ထိုသခင်မှတပါး အဘယ်သူမျှကယ်တင်ခြင်းအမှုကို မတတ်နိုင်။" (တမန် ၄း၁၂ )။ ၄င်းသည် တစ်ခုတည်းသော လမ်းဖြစ်ပြီး အပြစ်တရား၏  စီရင်ခြင်းမှ  ဘုရားရှင်ပြင်ဆင်ပေးသော ကယ်တင်ခြင်းသို့ ရောက်ရန်လမ်းသည် ယေရှုခရစ်တော်အရှင်တစ်ပါးတည်းပင်ဖြစ်လေသည် ( မဿဲ ၁း၂၁)။
 
နိဂုံး။
      အသင်သည် ထိုကိစ္စအ၀၀ကို သိပါက ဘာထပ်လုပ်ဦးမည်နည်း။ မျော်လင့်ခြင်းကင်းသော ဘ၀ဖြင့် အသက်ဆက်ရှင်လိုပါသလား၊ သို့မဟုတ် ခရစ်တော်ဘုရားအား ယုံကြည်လာပြီး ထာဝရအပြစ်စီရင်ခြင်းမှ ကင်းလွတ်သော ဘ၀အသက်တာကို ရယူပိုင်ဆိုင်လိုပါသလား။ ထိုလမ်းစဉ်ကိ ရွေးချယ်ဆုံးဖြတ်ရန်ကား သင်၏ အငန်းအတာပင်ဖြစ်သည်။
      အသင်သည် မှန်ကန်သော လမ်းစဉ်ကို သိမြင်ပြီးနောက် ခရစ်တော်တည်းဟူသော ကယ်ချွတ်ရှင်အား ယုံကြည်ကိုးစား၍ မှန်ကန်သော ဘ၀အတသက်တာကို ရယူနိုင်စေရန်မှာ ကျွန်ုပ်၏ ဆန္ဒနှင့် ဆုတောင်းချက်ပင်ဖြစ်သည်။ ၄င်းသည်ကား ထာဝရ ဘုရားထားရှိတော်မူသော အကြံအစည်တော်ပင်ဖြစ်သည်။
 
သင်၏ အတွေးအခေါ်နှင့် ဆုံးဖြတ်ချက်။
            နားမထောင်သောကြောင့် လူမိုက်သည် သေခြင်းသို့ရောက်ရတတ်၏၊
            မသိခြင်းကြောင့် လည်ပင်းခိုင်မာသောသူသည် သေခြင်းသို့ရောက်ရတတ်၏။
            ပညာရှိသည် တွေးခေါ်ချိန်ဆ၍ ဆုံးဖြတ်တတ်၏၊ မိုက်သောသူမူကား မဆင်မခြင်ပြုလုပ် တတ်၏။ Inta Chathavongsouk
 
၁။ ရှင်းလင်းစာ သိသည့်နောက် ဘာဆက်လုပ်မည်နည်း။
      လာလတံသော ကယ်ချွတ်ရှင်ဘုရားနှင့် စပ်လျှဉ်း၍ အနာဂတ္တိစကား၊ ရှင်းလင်းချက်၊ သက်သေသက္ကာယနှင့် ဆိုင်သော ဗုဒ္ဓ၏ သွန်သက်ချက်များကို ဆွေးနွေးခဲ့ပြီးသည့်နောက် အသင်ဘာဆက်လုပ်မည်နည်း။
      ထိုဘုရားကို လက်ခံယုံကြည်၊ကိုးစားခြင်းအားဖြင့် သင့်ဘ၀ပြောင်းလဲခြင်း အသက်တာရမည်ကို ယုံကြည်ပါသလား။ အကယ်၍ သင့်ဘ၀အတွက် အရေးမကြီးဟု ထင်မှတ်ကာ ဥပေက္ခာပြုမည်ဆိုပါက သင့်အတွက် ကျွန်ုပ်စိတ်မကောင်းပါ။ အကယ်၍ သင်က ထိုအရာတို့သည် မှန်ကန်၍ အရေးကြီးကြောင်းသိရှိလက်ခံမည်ဆိုပါက ကျွန်ုပ်အင်မတန်မှ ၀မ်းမြောက်ဂုဏ်ယူမိပါသည်။ သင့်အနေဖြင် လက်ခံရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ သင့်ရှေ့မှာ မီးမောင်းထိုးပြခဲ့သောအရာတို့သည်ကား သင်၏ နောက်ဆုံးဆုံးဖြတ်ချက်ပင်ဖြစ်သည်။

      က)။ အရေးမကြီးဟုထင်သူများအတွက်။
            သေသည်၏အခြားမဲ့ (သို့) ရုပ်နှင့် နာမ် ခွဲသွားပြီးနောက်။ သင်၏ နာမ်သက်သည် အဘယ်အရပ်သို့ သွားမည်နည်း။ လူပြန်ဝင်စားမည်လော။ တစ္ဆေ၊ သရဲဖြစ်မည်လော။ ၀ိညာဉ်ဘ၀ဖြင့် စာတန်မာရ်နတ်နှင့်အတူ အပါယ်ငရဲတွင် ဝေဒနာ ခံစားရမည်လော။ သို့မဟုတ် ခရစ်တော်နှင့်အတူ စံမြန်းရမည်လော၊ သင်၏ ထင်မြင်ချက်အရ လက်ရှိ အနေဖြင့် သေဆုံးသွားပါက ဘယ်သို့မြန်းရမည်ဟုထင်ပါသနည်း။ လောကီသားအားလုံးတို့ သိသည့်အရာမှာ ကျွန်ုပ်တို့သည် တမလွန်အရေးအတွက် အသင့်ရှိရမည်။ အများစုက ဤအရာသည် ကျွန်ုပ်တို့ မသိနိုင်ပါဟုဆိုကာ ဥပေက္ခာပြုထားကြသည်။ အချို့က အမှန်ကို မသိဘဲ ဇွတ်မှိတ်ယုံကြည်ကာ နေကြသည်။  ဘယ်ကဲ့သို့ပင် သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ခရစ်တော်ဘုရားအား ယုံကြည်ကိုးစားခြင်းမရှိပါက အောက်ပါ အကျိုးဆက်များကို အမှန်ရင်ဆိုင်ရပေမည်။
            (၁)။ ဤလောကတွင် ခရစ်တော်အား ငြင်းပယ်ခဲ့ပါက တမလွန်တွင် အံ့သြခြင်းနှင့် ခရစ်တော်ကို ဖူးတွေ့ရမည်။
            (၂)။ ခရစ်တော်၏ တရားစီရင်ခြင်းအတိုင်း အပါယ်ငရဲသို့သွားရမည်ကိုသိလျက် ကြီးစွာ နောင်တရရမည်။
            (၃)။ ထာဝရ ငရဲမီးအိုင်တွင် ထိတ်လန့်ဖွယ်ရာခံစားရမည်။
            (၄)။ လူမျိုးတိုင်း၊ ဘာသာတိုင်း နောက်ဆုံးတွင် ခရစ်တော်၏ စီရင်ခြင်းအတိုင်း ဒူးထောက်ကာ ခံယူရမည်။

      ခ)။ အားလုံးကယ်တင်ခြင်းရရန် ဘုရားအလိုတော်ရှိသည်။
            ဘုရားရှင်သည် အားလုံးနောင်တရ၍ သူနှင့်အတူ ထာဝရ နန်းအမတတွင် စံစားရန် အလိုတော်ရှိသည်။ ထို့ကြောင့်လည်း လူသားတိုင်းအား အခွင့်အလမ်းကို ပေးတော်မူသည်။ ဘုရားရှင်သည် ခရစ်တော်၌ ပြန်လည်၍ အားလုံးသင့်မြတ်ရန် အလိုရှိသည် ( ရောမ ၅း၁ )။ ထာဝရအသက်ကို၎င်း ( ၁ ယော၊ ၅း၁၁-၁၂)၊ ကြွယ်ဝသော အသက်တာကို၎င်း( ယော ၁၀း၁၀ )၊ ထိုမျှမက ထာဝရ ဘုရားနှင့်အတူ အို၊ နာ၊ သေခြင်းကင်းရာ မှာ ထာဝရ အတူစံစားစေရန် ခရစ်တော်အားဖြင့် အပါယ်ပိတ်လမ်းကို ပေးတော်မူခဲ့သည်။

      ဂ)။ လူတိုင်းက ငြိမ်သက်ခြင်းကို အလှိုရှိသည်။
            ပြဿနာကား လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြခြင်းပင်ဖြစ်သည် ( ရောမ ၃း၂၃ )။ ထိုအပြစ်တရားကြောင့်ပင် ကျွန်ုပ်တို့သည် အောက်ပါအကျိုးဆက်များကို ခံစားကြရသည်။
            (၁)။ ဒုက္ခဆင်းရဲ၊ ၀မ်းနည်းမူများ။
            (၂)။ ရုပ်ပိုင်းသေခြင်း။
            (၃)။ နာမ်သက်သေခြင်း။
            (၄)။ စာတန်မာရ်နတ်နှင့်အတူ စီရင်ခြင်းကိုရင်ဆိုင်ရန်။
            (၅)။ထာဝရ ငရဲမီးအိုင်ဟူသော လမ်းဆုံးတို့ပင်ဖြစ်သည်။

      ဃ)။ အသက်ရှင်စဉ် ခရစ်တော်နှင့်မဆိုင်သူများ ရှောင်လွဲမရသည့်ငါးခုသောအရာ။
            ကျွန်ုပ်တို့ အပြစ်ကိုယ်စား ခရစ်တော်အား ကိုယ်စားဝင်စေခြင်းဖြင့် လုံလောက်သော လွတ်ရာလမ်းကို ဘုရားရှင်ပြင်ဆင်ပေးခဲ့သည် ( ၂ ကော၊ ၅း၂၁)၊ 
            ခရစ်တော်အား ယုံကြည်ဆည်းကပ်ကိုကွယ်သောသူသည် ဘုရားသခင်၏ ရှေ့တော်တွင် အပြစ်တင်ခွင့်နှင့် ကင်းလွတ်ကာ ဖြောင့်မတ်ခြင်းအခွင့်ကို၍ ငြိမ်သက်မူကိုခံစားနိုင်သည် ( ရော၊ ၅း၁)။
            ကျွန်ုပ်တို့ ရုပ်နာမ်ခန္ဓာ သေသော်လည်း နာမ်သက်ဝိညာဉ်ကား သေမည်မဟုတ် ( ယော၊ ၅း၂၄၊ ၁၁း၂၅)။ နောက်ဆုံးသောနေ့တွင်  နာမ်သက်ဝိညာဉ်သည် ငရဲသို့ သွားစရာမလိုဘဲ စီရင်ခြင်းမှ ကင်းလွတ်ခြင်းအခွင့်ကိ ရကြသည် ( ယော၊ ၄း၁၈၊ ၅း၂၄)။
            ဘုရားရှင်က လူသားတို့အား အပြစ်တရားမှ ကင်းလွတ်စေ၍ ၊ နန်းအမတ ၀င်စားနိုင်စေရေး၊ သားတော် ယေရှုခရစ်တော်ကို စေလွတ်၍ ကယ်တင်စေခဲ့သည်။ အခြားသူ၊ အခြားလမ်း တို့သည်  စာတန်မာရနတ်၏ လမ်းစဉ်ပင်ဖြစ်သည်။ အထက်ဖေါ်ပြပါ တရားစီရင်ခြင်းမှ ကင်းလွတ်စိမ့်သောငှါ၎င်း၊ မိမိတို့၏ ဘ၀နောင်ရေးကို အပါယ်ငရဲမှ ကင်းလွတ်၍ တမလွန်အတွက် စိတ်အေးချမ်းသာစွာ လက်ဦးမှုကို ရယူလိုသူတို့သည် ခရစ်တော်ဘုရားအား အချိန်အခါမလင့်မှီ ယုံကြည်လက်ခံဆည်းကပ်ကိုးကွယ်ခြင်းကို ပြုသင့်လှပေသည်။
 
၂။ သွန်သင်ချက်ကို လက်ခံသူတို့အတွက် လမ်းညွှန်ချက်။
      (၁)။ ခရစ်တော် ယေရှုဘုရားနှင့် စပ်လျှဉ်းသော ဗုဒ္ဓ၏အနာဂတ၀ံစကားတို့သည် အမှန်ဖြစ်ကြောင်းသိပါ။
      (၂)။ အပြစ်သားဖြစ်ကြောင်းနှင့် ဖန်ဆင်းရှင်အစား ဖန်ဆင်းခံကို ကိုးကွယ်နေကြောင်းဝန်ခံပါ။
      (၃)။ ကျွန်ုပ်တို့၏ ဘ၀နောင်ရေးအတွက် ခရစ်တော်သည် ဘုရားဖွင့်ပြသော ကယ်ချွတ်ရှင်ဖြစ်ကြောင်းလက်ခံယုံကြည်ပါ။
      (၄)၊ အပြစ်ကိုဝန်ချ၍ မျက်ကန်းယုံကြည်ခြင်းကိုစွန့်ပယ်ကာ နောင်တနှင့်အတူ ဆည်းကပ်ပါ။
      (၅)။ ခရစ်တော်အား သင်၏စိတ်နှလုံးတွင် အုပ်စိုးရန် ခေါ်ဖိတ်လက်ခံပါ။
      (၆)။ အထက်ပါ အကြံပြုချက်များကို အမှန်ပြုပါက အောက်ပါ ဆုတောင်းချက်ကို လိုက်ဆိုပါ။
            "မြင့်မြတ်လှသော အဖဘုရား၊ ကိုယ်တော်သည် ကျွန်ုပ်ကို အသက်ပေး၍ ဖန်ဆင်းရှင်းဖြစ်ကြောင်း သိရသည့်အတါက် ၀မ်းမြောက်ဂုဏ်ယူပါသည်။ ကိုယ်တော်အား မသိခဲ့သဖြင့် ငြင်းပယ်ခဲ့မူများအတွက် တောင်းပန်ပါ၏၊ ကျွန်ုပ်ကိုချစ်၍ အပြစ်ကြွေးယတြာကိုပြုကာ သေခြင်းမှ ၊ မြုပ်နှံခြင်း သုံးရက်မြောက်သောနေ့တွင် တဖန်ပြန်လည် ထမြောက်တော်မူခဲ့သည်ကို အထူးကျေးဇူးတင်ပါ၏၊ ကျွန်ုပ် နှလုံသားတွင် အရှင်သခင်အဖြစ် ၀င်ရောက် အုပ်စိုးလျှက် လမ်းပြတော်မူပါ၊ ယေရှုနာမတော်ဖြင့် ဆုတောင်းပါ၏။ အာမင်= အာမဘန္တေ။"


      က။ သင့်အတွက် အထူးညွှန်ကြားချက်။
            အရေးကြီးသော အချက်သည်ကား သင်၏ အသွေးအသား၊ ကာမဂုဏ်တို့အတိုင်းအသက်မရှင်ဘဲ၊ ဘုရားအလိုတော်နှင့်အညီ အသက်ရှင်ပါက လောကီသားများကဲ့သို့ မျော်လင့်ရာမဲ့ခြင်း ဘ၀ကိုခံစားရတော့မည်မဟုတ်။ ဘုရားရှင်၏ အခွင်တော်တည်းဟူသော စကားတော်တို့သည်ကား သင့်အတွက် ယခုဘ၀၊ နောင်ဘ၀အတွက် တိကျသော အာမခံချက်များပင်ဖြစ်သည်။
      ခ။ ဘာသာတရားတို့သည် ကောင်းသော်ငြားမပြည့်စုံ။
            ဘာသာတရားတို့သည် ကောင်းသော်ငြားလည်း ချွင်းချက်မဲ့မဟုတ်ပါ။ ၄င်းတို့သည် သင်၏ ဘ၀အတွက် လိုအပ်မှုအချို့တို့ကို ပေးစွမ်းသော်လည်း အောက်ပါ အချက်သုံးချက်ကိုကား ဘယ်သောအခါမှ ပေးစွမ်းနိုင်မည်မဟုတ်ပါ။
            (၁)။ စစ်မှန်သော ဘုရား။
            (၂)။ အပြစ်လွတ်ခြင်းတရား။
            (၃)။ ထာဝရ နန်းအမတတို့ပင်ဖြစ်သည်။
                  အထက်ပါ အရာတို့ကို ရရှိနိုင်သော နေရာကား ယေရှုခရစ်တော်သာလျှင်ဖြစ်သည်။ အကြောင်းမူကား ထိုယေရှုခရစ်သည် ဗုဒ္ဓက စောင့်စားမျော်လင့်ရန် ဟောကြားထားခဲ့သော အရိမေတ္တယျ ကယ်ချွတ်ရင်ဖြစ်နေသောကြောင့်ပင်ဖြစ်သည် ( ၁ ယော၊ ၅း၂၀)။ ထိုခရစ်တော်ကား ကျွန်ုပ်တို့၏ အပြစ်နွံတွင်းမှ ရွေးနူတ်ခြင်းအလို့ငှါ ဤလောကသို့ ကြွလသောအရှင်ဖြစ်သည် ( မဿဲ၊ ၁း၂၁)၊ သာမက ဘုရားနှင့် လူသားတို့အား ပြန်လည်ပေါင်းစည်းစေ၍ နန်းအမတကို ပို့ဆောင်ပေသည့် ကယ်ချွတ်ရှင်ပင်ဖြစ်သောကြောင့်ပင်။

      ဂ။ စာရှုသူအတွက်ဆုတောင်း။
            ခမည်းတော်ဘုရား၏ ချစ်ခြင်းမေတ္တာ၊ သားတော်ဘုရား၏ ကျေးဇူးကရုဏာနှင့် ၀ိညာဉ်တော်ဘုရား၏ မိတ်သဟာယနှင့် ကွယ်ကာစောင့်မခြင်းသည် သင့်အပေါ်မှာ ညာဏ်ပညာနှင့်တကွ ထာဝရ တည်ရှိတည်နေပါစေသော်။ 
 
      ဤစာအုပ်ကို ဖတ်ရှုပြီး၍ အသက်တာကို ခရစ်တော်ဘုရားရှင်ထံတွင် ဆည်းကပ်အပ်နှံသူများ (သို့) မေးစရာမေးခွန်းရှိသူများသည် စာအုပ်၏ နောက်တွင်ဖေါ်ပြသော ကျွန်ုပ်၏ လိပ်စာသို့ ရေးသား မေးမြန်းနိုင်ပါကြောင်း မေတ္တာဖြင့်။ 
 
            Inta Chanthavongsouk
The Lao Conference of Churches
P.O.Box 845
La Mirada, CA 90637
(562)974-4651 begin_of_the_skype_highlighting              (562)974-4651      end_of_the_skype_highlighting Ext. 3126, Fax. (562) 943-0160

Buddha's Prophecy of the Messiah
First Editon
October 1999
Printing 1000 copies 
 
Copyright©1999,LCC
The Lao Conference of Churches




Bibliography
The following books are published in the Thai language except the Christian Bible. 
  1. Issan Literature by Precha Pinthong,  Self Published, October 1979.
  2. History of Religions by Souchip Ponyanouphab Published by Thai Department of Religion, 5th Edition 1983.
  3. Comparison of Religion by Sathian Phathalangsy Published by Peavithaya, Bangkok, 1944.
  4. The Buddhist Bible, by Phrasir Visouthvong, Phrasiing Chaingmai, 23,1944 Published by the Thai Bible Society.
  5. The Bible Old and New Testament, Published by the Thai Bible Society, Bangkok, 1988.
  6. Buddhist Bible, People's Edition, by Souchip Ponyanouphab, Mahakudsarad College,1975.
  7. History of Buddhism from His Own Mouth, by Thammathamsaya Foundation, 1970.
  8. Lao Cultural Awareness, Self Published by John C. Kounthanpanya.

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )