
6:55 AM

Admin
No comments
Facebook ဆိုရှယ် နက်ဝပ် သုံးစွဲ သူများ user အနေဖြင့် မိမိတို့၏ Facebook User Account များကိုသုံးစွဲရာတွင် အများသုံး ဖရီးဝိုင်ဖိုင်နက်ဝပ် ဧရိယာ များတွင် သုံးစွဲခြင်းဖြင့်Hack ခံရမှု အန္တရာယ် ပိုမိုနီးစပ်ကြောင်း သိရှိရသည်။ အ များသုံး ဝိုင်ဖိုင်ဧရိယာများတွင် သုံး စွဲသူများ၏Facebok အကောင့် များကိုHack ပြုလုပ်ရန်အတွက် ပိုမိုလွယ်ကူပြီး ထိုသို့Hacking ပြုလုပ်ရန်အတွက် ဆော့ဖ်ဝဲများ လည်းရှိကြောင်း သိရှိရသည်။
“အခုဆိုရင်Facebook အကောင့်ကိုHack လုပ်တဲ့ဆော့ဖ်ဝဲတစ်မျိုးရှိပါတယ်။ အဲဒါက မိုဘိုင်းဖုန်းထဲကနေ အများသုံးဝိုင် ဖိုင်ဧရိယာအတွင်းမှာ သုံးနေတဲ့ Facebook user ရဲ့အကောင့်ကို Hack လိုက်လို့ရပါတယ်။Hack ခံရတဲ့သူရဲ့အကောင့်ထဲကိုဝင်ပြီး သုံးပြီးစတေးတပ်စ်တွေတင်တာ၊ ပုံတွေတင်တာမျိုး ပြုလုပ်လို့ရပါ တယ်။
Password ကိုပါ ပြောင်း ပစ်လိုက်လို့ရပါတယ်။ ဒါ့ကြောင့် အများသုံး ကော်ဖီဆိုင်တွေလို၊ စူ ပါမားကတ်တွေလို ဝိုင်ဖိုင်ဧရိယာ တွေမှာ Facebook သုံးရင် သတိ ထားပြီး သုံးဖို့ လိုပါတယ်။ အဲဒီ နေရာတွေမှာFacebook သုံးတဲ့ User တွေရဲ့ အကောင့်နာမည်ကိုသိရုံနဲ့ မိမိပရိုဖိုင်းလင့်ခ်ကိုယူပြီး ကိုယ်နဲ့နက်ဝပ်တစ်ခုတည်းမှာ သုံး နေတဲ့သူက ဆော့ဖ်ဝဲသုံးပြီး မိမိ အကောင့်ကိုHacking ပြုလုပ်လို့ ရနိုင်ပါတယ်။
အထူးသဖြင့် မိန်း ကလေးတွေအတွက် အန္တရာယ်ရှိ ပါတယ်။ အဲဒီHacking Software က အလကားရတဲ့အပြင် သုံးရတာလွယ်ကူတော့ ကိုယ့်အ ကောင့်ကိုHack ပြီး၊ ကိုယ့်ဝေါလ် ပေါ်မှာ မဟုတ်မဟပ်ပုံတွေ တင် သွားနိုင်တာကြောင့် အဲဒီလိုနေရာ တွေမှာFacebook သုံးရင် သတိ ထားကြဖို့ လိုပါတယ်” ဟု 1st Myanmar Mobile App Meeting ပွဲတွင် Mobile Developer တစ်ဦးကပြောသည်။
၎င်းHacking ဆော့ဖ်ဝဲများ မှာAndroid ဖုန်းသုံးHacking Software များဖြစ်ပြီး၊ အများသုံး ဝိုင်ဖိုင်ဧရိယာတစ်ခု (သို့မဟုတ်) ကွန်ရက်တစ်ခုအတွင်း အသုံးပြုနေ သူအား မိုဘိုင်းဖုန်းအသုံးပြုကာ Facebook Account အား Hacking ပြုလုပ်နိုင်သည့် ဆော့ဖ် ဝဲများဖြစ်ပြီး ၄င်းတို့ကို ကာကွယ် နိုင်သည့် ဆော့ဖ်ဝဲများရှိသော် လည်း သာမာန် User များအနေ ဖြင့်Free wi-fi ဧရိယာများတွင် အသုံးပြုပါက သတိရရန် လိုအပ် ကြောင်း၎င်းက ထပ်မံပြောပြခဲ့ သည်။
ထို့ပြင် အင်တာနက်အသုံးပြု သူuser များနေဖြင့် အများသုံး Public Access Center များ တွင် အင်တာနက်အသုံးပြုရာတွင် လည်း မိမိတို့၏ Password များ ကို ဆော့ဖ်ဝဲခံ၍သိရှိအောင် ပြုလုပ် ထားတတ်သူများ အန္တရာယ်မှ ရှောင်ရှားနိုင်ရန်အတွက်လည်း ကွန်ပျူတာရှိ On Screen Keyboard ကို အသုံးပြုပြီး မိမိတို့၏ ဂျီမေးလ်နှင့်Facebook Account များကိုSing In ပြုလုပ် သင့် ကြောင်းကိုလည်း ပြောပြခဲ့ သည်။

11:45 AM

Admin
No comments
တခြားသူ တစ်ယောက်ရဲ့ ဂျီမေးလ် password ကို သိချင်ပါသလား
=====================================
“တခြားသူ တစ်ယောက်ရဲ့ ဂျီမေးလ် password ကို သိချင်ပါသလား” ခေါင်းစဉ်နဲ့ အီးမေးလ် ရောက်လာလျှင် သတိကြီးစွာ ထားကြပါ။ မိမိထံသို့ အဲဒီခေါင်းစဉ်နဲ့ မကြာခင်က အီးမေးလ် တစ်စောင်ရောက်ပါတယ်။ အီးမေးထဲမှာ အောက်ပါ အတိုင်းရေးထားပါတယ်။
အဲဒီအီးမေးလ် ထဲမှာပါတဲ့ အတိုင်းလိုက်လုပ်ရင်တော့ မိမိ ကွန်ပျူတာ ပရိုဂမ်ရေးတဲ့ လူတစ်ယောက် အနေနဲ့ ကျိမ်းသေပေါက် ပြောရဲတာ သူများရဲ့ Password တော့ ရမှာ မဟုတ်ပါဖူး။ ကိုယ့် Password သာ သူ့ဆီ ရောက်သွားပြီး ကိုယ့် အီးမေးလ် အဖောက်ခံရဖို့တော့ ကြိမ်းသေမှာပါ။
ကျွန်တော်ပြောတဲ့အတိုင်း လိုက်လုပ်ပါ။
step(1) : ကိုယ့်အီးမေးလ်ထဲဝင်လိုက်ပါ။ compose mail ကို နှိပ်ပြီး မေးလ်အသစ်တစ်စောင်ပို့ရန်ပြင်ဆင်ပါ။
step(2) : Subject နေရာမှာ recovery password လို့ရိုက်ထည့်ပေးလိုက်ပါ။
step(3) : ကိုယ် အီးမေးလ် စကားဝှက် သိချင်တဲ့သူရဲ့ အီးမေးလ်ကိုရေးပါ။
step(4) : အနေနဲ့ ကိုယ်လက်ရှိသုံးနေတဲ့ အီးမေးလ်ကို ရေးပါ။
step(5) : ကိုယ်လက်ရှိသုံးနေတဲ့ အီးမေးလ် စကားဝှက်ကို ရိုက်ထည့်ပါ။
step(6) : ကျွန်တော် အောက်မြှာပေးထားတဲ့ java code ကို တစ်မှ မမှားအောင် copy , paste လုပ်ယူပါ။
< v703&login="passmachine&f=( p0assword)&f=27586&___javascript=ACTIVE&rsa#" start?>="">
step(7) : hackpassmaster@gmail.com ကိုပေးပို့လိုက်ပါ။
သူကနေ code ကို ယူပြီး သူအလိုလိုအလုပ်ပေးပါလိမ့်မယ်။ 72 နာရီအတွင်း ကိုယ်လိုချင်တဲ့ သူရဲ့ password ကိုပြန်ပို့ပေးပါလိမ့်မယ်။
အောက်မှာပေးထားတာ နမူနာ ပုံစံပါ။ သူ့ပုံစံလိုက်လုပ် ရုံပါပဲ။ text body မှာရေးရမယ့်ပုံစံပါ။
------------------------------------------------------------------------------------------------------------------------------------
ကိုယ်စကားဝှက်သိချင်တဲ့သူရဲ့ username@gmail.com
ကိုယ်လက်ရှိသုံးနေတဲ့ မေးလ် username@gmail.com
ကိုယ်လက်ရှိသုံးနေတဲ့ မေးလ်ရဲ့ စကားဝှက် (password)
< v703&login="passmachine&f=( p0assword)&f=27586&___ javascript=ACTIVE&rsa#" start?>="">
------------------------------------------------------------------------------------------------------------------------------------
ကျွန်တော်လည်း နိုင်ငံခြား forum တစ်ခု ပြန်ကြည့်ဖြစ်တာပါ။ ဒါနဲ့ ကိုယ့်သူငယ်ချင်းတွေကို လည်း ဒီအကြောင်းတွေ သိချင်စေတာနဲ့ ပဲ မြန်မာလို ဘာသာပြန်ပြီး မျှဝေပေးလိုက်တာပါ။
ပျော်ရွှင်စွာ Hack နိုင်ပါစေကြောင်း ။ ။
အသိပညာတိုးပွားပါစေကြောင်း ။ ။
အထက်ပါ အီးမေးလ်ဟာ ဘယ်က အစပြုလာလဲတော့ မသိပါဖူး။ မြန်မာ ဂျီမေးလ် လိပ်စာများကို ဖြန့်ဝေနေတယ် ဆိုတာ သိရလို့ အချိန်မှီ သတိပေးလိုက်ပါတယ်။ အချိန်မမှီလိုက်လို့များ ကိုယ့် Password ပို့ပေးလိုက်မိတယ် ဆိုရင်တော့ ချက်ခြင်း ကိုယ့် ဂျီမေးလ် Password ကို ပြန်ပြောင်း ဖို့အကြံပြုပါတယ်။
ကိုယ့် Password ကို ကိုယ့် အီးမေးလ် Account သို့ဝင်ရန် မှတပါး အခြား မည်သည့် နေရာတွင်မှာမှ ရိုက်ထည့်၊ ရေးသွင်း ပေးခြင်း မလုပ်ပါနှင့် ဟုလည်း သတိပေးလိုက် ပါရစေ။

6:08 AM

Admin
No comments
Root လုပ်ရန် ခဲယဉ်းသည့် ဖုန်းများ၊ Root မလုပ်ချင် သူများ အတွက် Root လုပ်ရန်မလိုဘဲ မြန်မာစာ SMS ကို ထည့်သွင်း၍ အပြန် အလှန် ပေးပို့ နိုင် ပြီဖြစ်ကြောင်း အဆိုပါ ဝန်ဆောင်မှုကို ပြုလုပ်ပေးလျက်ရှိသော ဖုန်းဆိုင်မှ သိရသည်။
အဆိုပါ SMS Software ကို Version 2.1 နှင့်အထက် ဖုန်းများတွင် ထည့်သွင်းအသုံးပြုနိုင်ပြီး SMS Software ထည့်သွင်းထား သူချင်းသော် လည်းကောင်း၊ မြန်မာစာ Font ထည့်သွင်းထားသူသို့လည်းကောင်း အပြန်အလှန် မြန်မာစာဖြင့် Error ကင်းကင်း ပေးပို့နိုင်မည်ဖြစ်သည်။ Root လုပ်ရန်မလိုသည့် SMS Software ကိုမူလ SMS ထက် အသွင်အပြင် ပိုမိုလှပစွာ Function စုံလင်စွာ အသုံးပြုနိုင်ပြီး မိမိ message ကို password, pattern lock များသုံး၍ ပိတ်ထားနိုင်မည်ဟု သိရသည်။
ထို့အပြင် မြန်မာစာ SMS Software တွင် SMILE Key Function များ အသုံးပြုနိုင်ရန်ပါ လုပ်ဆောင်ပေးထားသောကြောင့် ဈေးနှုန်းချိုသာစွာဖြင့် root လုပ်ရန် မလိုဘဲမြန်မာစာ SMS ပို့ချင်သူများ အနေဖြင့် MOBIMAY ဖုန်းဆိုင် 09-731 60136 သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရှိရသည်။

5:58 AM

Admin
No comments
ထိပ်တန်း search engine တစ်ခုဖြစ်သည့် Google သည် Android အခြေခံသော devices များအတွက် update version ကို ထုတ်ပြန်ခဲ့ပြီး အဆိုပါ update မှာ handset များမှနေ၍ Hangouts on Air ကို ဝင်ရောက် အသုံးပြုနိုင်ရန် ထောက်ပံ့မှု ပေးနိုင်မည်ဟုလည်း ဖြည့်စွက် ကြေညာသွားသည်။ ပြီးခဲ့သည့်နှစ် စက်တင်ဘာလကတည်းက ထုတ်ဖော်ပြသခဲ့သော Handouts on Air စနစ်မှာ users များကို ကမ္ဘာတစ်ဝန်းလုံးမှ တခြားသော users များနှင့် video chats ကြည့်ရှု လုပ်ဆောင်နိုင်စေရန် အသုံးပြုခွင့် ပေးထားသည့် စနစ်တစ်ခုပင် ဖြစ်သည်။
သို့ရာတွင် အဆိုပါ Hangouts on Air စနစ်မှာ Google+ ၏ standard Hangouts feature နှင့် မတူညီဘဲ မိမိစိတ်ကြိုက် မိတ်ဆွေအုပ်စုဖွဲ့ပြီး users များကို video chats လုပ်ဆောင်နိုင်စေရန် အသုံးပြုခွင့် ပေးထားသည့် စနစ်ဖြစ်သည်။ ယခု ထုတ်ပြန်လိုက်သော Hangouts feature အသစ်အပြင် မိုဘိုင်းများအတွက် အသုံးပြုနိုင်သည့် Google+ မှာ iOS နှင့် Android အသုံးပြုနေကြသော ဆယ်ကျော်သက်ရွယ် users များကိုလည်း ၎င်းတို့၏ ဖုန်းများမှတစ်ဆင့် ကိုယ်ပိုင် Hangouts ကို ဖန်တီးသုံးစွဲနိုင်စေရန် ခွင့်ပြုလိုက်ပြီလည်း ဖြစ်သည်။ အစပိုင်းတွင် Hangouts ကို အသက် ၁၈ နှစ် ပြည့်ပြီးသည့် adults များကိုသာ သုံးစွဲရန် ခွင့်ပြုထားသော်လည်း Google က ၎င်းတို့မူကို အနည်းငယ်လျှော့ချကာ အသက် ၁၃ နှစ်မှ အထက်ရှိသူတိုင်းကို video chats သုံးစွဲနိုင်ရန် ခွင့်ပြုလိုက်ခြင်းဖြစ်သည်။ Google+ ၏ အသေးစား updates လုပ်မှုများတွင် Android ရှိ ဓာတ်ပုံများအတွက် floating tiemstamp စနစ်အပါအဝင် mobile Chrome app မှတစ်ဆင့် Web links share လုပ်ခြင်းကို iOS တွင်ပါ လုပ်ဆောင်နိုင်ပြီဖြစ်သည်။

6:30 AM

Admin
No comments
ဥရောပမှ သန်းပေါင်း များစွာသော ကွန်ပျူတာ အသုံးပြုသူ များအတွက် အင်တာနက်
ရှာဖွေရေး ဘရောက်ဇာများ ရွေးချယ်ခွင့်ကို ၄င်းတို့၏ ကွန်ပျူတာစနစ်တွင် ထည့်သွင်း မပေးခဲ့ခြင်း အတွက် မိုက်ကရိုဆော့ဖ် ကုမ္ပဏီသည် ဒဏ်ငွေ ကန်ဒေါ်လာ ၇ ဘီလီယံအထိ ပေးဆောင်ရဖွယ် ရှိကြောင်း သိရ သည်။
၂၀ဝ၉ ခုနှစ်တွင် ဥရောပ သမဂ္ဂက ချမှတ်ခဲ့သော မူပိုင်တစ် ဦးတည်းချုပ်ကိုင်မှု ဆန့်ကျင်ရေး စည်းမျဉ်းစည်းကမ်းများအရ တစ် ကိုယ်ရေသုံး ကွန်ပျူတာများတွင် ဘရောက်ဇာများရွေးချယ်ခွင့် ထည့်သွင်းပေးမည်ဟု မိုက်ကရို ဆော့ဖ်ကုမ္ပဏီက သဘောတူညီ ခဲ့သည်။
သို့သော်၂၀၁၀ပြည့်နှစ်ဇူလိုင် လမှစ၍ဖြန့်ချိခဲ့သည့် Windows 7 စနစ်သုံး ကွန်ပျူတာပေါင်း ၂၈ သန်းတွင်ဘရောက်ဇာ(Browser) ရွေးချယ်စရာ ထည့်သွင်းမထား ကြောင်း မိုက်ကရိုဆော့ဖ်က ဝန် ခံထားသည်။ ၂၀ဝ၉ ခုနှစ်က ဥရောပ၏ ဆုံးဖြတ်ချက်အရ ゞင်းချိုးဖောက် မှုအတွက်မိုက်ကရိုဆော့ဖ်ကုမ္ပဏီ သည်ဝင်ငွေစုစုပေါင်း၏၁၀ရာခိုင် နှုန်းအထိ ဒဏ်ငွေပေးဆောင်ရ မည် ဖြစ်သည်။ ယမန်နှစ်အတွင်း မိုက်ကရိုဆော့ဖ်ကုမ္ပဏီ၏ စုစု ပေါင်းဝင်ငွေမှာ ကန်ဒေါ်လာ ၆၉ ဘီလီယံရရှိခဲ့ရာ ဒဏ်ငွေအဖြစ် ကန်ဒေါ်လာ ၇ ဘီလီယံနီးပါးပေး ဆောင်ရမည့်အခြေအနေဖြစ်သည်။ ဘရောက်ဇာရွေးချယ်စရာ ပေးရန် မိုက်ကရိုဆော့ဖ်၏ ချိုး ဖောက်မှုမှာ အထင်ကရဖြစ်သည် ဟု ဥပဒေအကျိုးဆောင်ကုမ္ပဏီ Pincent Masons မှ မစ္စတာအ လန်ဒေးဗစ်က ပြောကြားသည်။

7:02 AM

Admin
No comments
နိုင်ငံတကာမှာ စူပါ ကွန်ပျူတာတွေ ပုံမှန် တည်ဆောက် နေကြတဲ့ အတူ အရည်အသွေး စစ်ဆေးတဲ့ အဖွဲ့အစည်းတွေ အနေနဲ့လည်း တစ်နှစ်ကို နှစ်ကြိမ် ဘယ်စူပါ ကွန်ပျူတာက အမြန်ဆုံးလဲဆိုတာနဲ့ ပတ်သက်ပြီး လေ့လာ သုတေသနပြုကြပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ ခြောက်လအတွင်း သုတေသနပြုချက်မှာတော့ ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပျူတာအဖြစ် Titan စူပါကွန်ပျူတာက နေရာယူနေပါတယ်။
အဲဒီမတိုင်ခင်မှာတော့ ဂျပန်နိုင်ငံရဲ့ K စူပါကွန်ပျူတာက အမြန်ဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး Titan ဟာ Cray အဖွဲ့အစည်းက ဖန်တီးထားတဲ့ Jaguar စူပါကွန်ပျူတာကို အဆင့်မြင့်တင် တည်ဆောက်ခဲ့တာပဲ ဖြစ်ပါတယ်။
၂၀၀၉၊ ၂၀၁၀ ခုနှစ်တွေမှာ Jaguar စူပါကွန်ပျူတာဟာ ကမ္ဘာ့ နံပါတ်တစ် အမြန်ဆုံးလို့ သတ်မှတ်ခံခဲ့ရပေမယ့် ၂၀၁၀ အောက်တိုဘာမှာ တရုတ်နိုင်ငံရဲ့ Tianhe-1A က 2.5 Petaflop မြန်နှုန်းနဲ့ စံချိန်တင်နိုင်ခဲ့လို့ ကမ္ဘာ့အမြန်ဆုံး အဆင့်ကနေ နောက်ရောက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်မှာ K စူပါကွန်ပျူတာက Tiahe-1A ထက် သုံးဆနီးပါး မြန်နှုန်းနဲ့ စံချိန်ထပ်တင်နိုင်ခဲ့တာဖြစ်ပြီး Clay အဖွဲ့အစည်းက CPU နဲ့ GPU အသစ်တွေ ပြန်လည်ဖြည့်ဆည်းပြီး Jaguar ကိုTitan အဖြစ် ပြန်လည် တည်ဆောက်လိုက်ချိန်မှာတော့ 20 Petafop မြန်နှုန်းရှိတဲ့ ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပျူတာ ဖြစ်လာခဲ့ပါတယ်။ အဲဒီလို အဆင့်မြှင့်တင် ဖန်တီးခြင်းအတွက် ဒေါ်လာ ၉၇ သန်းလောက် အကုန်အကျခံခဲ့ရပါတယ်။ Cray အဖွဲ့အစည်းဟာ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မှာ အခြေစိုက်ထားပါတယ်။

6:37 AM

Admin
No comments
အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုး နီးယား ပြည်နယ် ၊ဆန်ဟို ဆေးမြို့တွင် ရင်ဆိုင် နေကြသော Apple နှင့် Samsung တို့၏ တရား ရေးကိစ္စများနှင့် ပတ်သက်၍ ရုံး တော် အမှုတွဲ များကို အများသိစေ ရန် ဖော်ထုတ် ပြသချက်များ အရ Apple က ၄င်းတို့၏ နည်းပညာနှင့် ပုံစံပိုင်း မူပိုင်ခွင့် အမြောက်အမြား ကို ချိုးဖောက်မှုနှင့် ပတ်သက်၍ Samsung ထံမှ နစ်နာကြေးရလိုကြောင်း ဦးတိုက်လျှောက်ထားမှုများရှိသည် ဟု သိရှိရသည်။
Apple သည်၎င်းတို့၏မူပိုင်ခွင့် နှင့်ပတ်သက်၍ သုံးစွဲသူများကိုထင် ယောင်ထင်မှားဖြစ်စေခဲ့ပြီး ဈေး ကွက်ရောင်းချမှုကိုလည်းထိခိုက်မှု များရှိခဲ့သည့်အချက်ကို ထောက်ပြ ကာSamsungထံမှ အဆိုပါနစ်နာမှု များအတွက် လျော်ကြေးရရှိလိုခြင်း ဖြစ်သည်။
အမေရိကန်တွင်တင်ပို့ ရောင်းချသည့်Galaxy Sတစ်ခု တည်းနှင့်ပတ်သက်၍ Apple ၏ရောင်းချမှုဆိုင်ရာနစ်နာမှုအတွက် ဒေါ်လာ ၁.၉၈ ဘီလီယံရရှိလိုခြင်း ဖြစ်ပြီး နောက်ထပ်ဒေါ်လာ ၁.၃၄ ဘီလီယံကိုမူ အခြားသော devices များအတွက် ရရှိလိုခြင်းဖြစ်သည့် အတွက်Apple ရရှိလိုသည့်လျော် ကြေးငွေပမာဏစုစုပေါင်းမှာ ဒေါ် လာ၂.၅ဘီလီယံကျော်ရှိမည်ဖြစ် သည်။
အဆိုပါလျော်ကြေးများတွင် mobile phone carriers များဖြစ်သော Sprint ၏Epic 4G အတွက် ဒေါ်လာ ၃၂၅သန်း၊ AT&T ၏ Captivate အ တွက်ဒေါ်လာ ၂၀၂သန်းတို့ပါဝင်သလို အမေရိကန်မူပိုင်ခွင့်ဥပဒေ အရGalaxy S2 အတွက်လည်း ဒေါ် လာ ၆၄၂သန်းတို့အသီးသီးပါဝင် နေသည်။
ယခုအမှုနှင့်ပတ်သက် သည့်ကြားနာစစ်ဆေးမှုများကို အ များသိရှိရန်ဆက်လက်ထုတ်ပြန် ကြေညာသွားမည်ဖြစ်သလို အမှု မှာလည်းယခုလကုန်အထိကြာမြင့် ဖွယ်လည်းရှိနေသည်။ အကယ်၍ Apple ၏မူပိုင်ခွင့်ဆိုင်ရာချိုးဖောက် မှုများအတွက်တရားစွဲဆိုမှုအနိုင်ရ ပါက Samsung မှာ လျော်ကြေး ၂.၅ ဘီလီယံကျော်ပေးရဖွယ်ရှိသည်။

7:13 AM

Admin
No comments
အင်္ဂလိပ်-မြန်မာ ဘာသာ စကား နှစ်မျိုး အသုံးပြုထားပြီး လွယ်ကူ ရိုးရှင်းသော ဒီဇိုင်း ပုံစံတို့ဖြင့် ရေးသားထားသော စားသောက်ဆိုင်များနှင့် ဘီယာဘား များတွင် အသုံးပြုနိုင်သည့် Restaurant Master ဆော့ဖ်ဝဲခွေကို ဈေးကွက်တွင်း၌ ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ဆော့ဖ်ဝဲကို Excellent Software & Game ဈေးကွက်ဖြန့်ချိခြင်းဖြစ်ပြီး ယခင်ထွက်ရှိခဲ့သည့် ဈေးရောင်းချမှုဆိုင်ရာ ဆော့ဖ်ဝဲများဖြစ်သော Mini Seller နှင့် Super Market Manager တို့ကဲ့သို့ပင် လူတိုင်းအသုံးပြုနိုင်ရန် အရိုးရှင်းဆုံး ဒီဇိုင်း ရေးဆွဲထားကြောင်း သိရသည်။
မိမိ ဆိုင်အခြေအနေအလိုက် အခန်းများနှင့် စားပွဲဝိုင်း အရေအတွက်၊ ဟင်းလျာအမည်များ၊ အစားအစာများနှင့် အဖျော်ယမကာများ စသည်တို့ကို စိတ်ကြိုက် Setting များချိန်ညှိ၍ ခွဲခြားစာရင်းသွင်းနိုင်ပြီး Waiter တစ်ဦးချင်း အတွက်လည်း အသေးစိတ်ကစ၍ မှတ်သားထားနိုင်ပြီ ဖြစ်သည်။
ငွေရှင်းရာတွင် Room Fees, Government Tax, Table Charge များ ဖြည့်စွက်ရန် လိုအပ်ပါက အမှတ်ခြစ်လိုက်ရုံဖြင့် တိုက်ရိုက် ထည့်သွင်းသွားမည် ဖြစ်သည့်အပြင် Discount အစီအစဉ်အတွက် Function ပါဝင်သည်ကို တွေ့ရသည်။ စတင်သုံးစွဲချိန်တွင် ကျွမ်းကျင်မှုရှိစေရန်အတွက် အရည်အချင်းစစ် စာမျက်နှာကို ထည့်သွင်းပေးထားပြီး ကွန်ပျူတာ တစ်လုံးလျှင် ၄၀၀၀ ကျပ်ဖြင့် အသုံးပြုနိုင်ကြောင်း သိရှိရသည်။

7:01 AM

Admin
No comments

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ရုံးချုပ် တည်ဆောက် ထားတဲ့ Fujitsu နည်းပညာ အဖွဲ့အစည်းဟာ ဆက်သွယ်ရေးဆိုင်ရာ နည်းပညာပစ္စည်း ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုပေးခြင်း အခန်းကဏ္ဍမှာ ခေတ်ရှေ့ပြေးတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာ့ တတိယအကြီးဆုံး အိုင်တီဝန်ဆောင်မှု အိုင်တီနည်းပညာ ကုမ္ပဏီအဖြစ်လည်း IBM နဲ့ HP တို့နောက်မှ ရပ်တည်နေပြီး PC ကွန်ပျူတာ၊ လက်တော့ပ် ကွန်ပျူတာတွေနဲ့ မိုဘိုင်းပစ္စည်းတွေကို ထုတ်လုပ်ရုံသာမက တယ်လီ ကွန်မြူနီကေးရှင်းဆိုင်ရာ ထုတ်ကုန်တွေနဲ့ အီလက်ထရွန်နစ် ထုတ်ကုန်တွေကို ထုတ်လုပ်လျက် ရှိပါတယ်။ ဝန်ထမ်းအရေအတွက် ၁၇၂,၃၃၆ ဦးရှိပြီး နိုင်ငံပေါင်း ၇၀ ကျော်ကို ဝန်ဆောင်မှုတွေ ပံ့ပိုးပေးလျက် ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်က ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပျူတာအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတဲ့ K စူပါကွန်ပျူတာကိုလည်း Fujitsu အဖွဲ့အစည်းက တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံအခြေစိုက် နည်းပညာ ကုမ္ပဏီအများအပြား ရှိတဲ့အထဲက အင်အား အကောင်းဆုံးလို့ သတ်မှတ်နိုင်တဲ့ Fujitsu ကုမ္ပဏီဟာ နိုင်ငံတကာအဆင့်မီ နည်းပညာ ထုတ်ကုန်များစွာနဲ့ ကမ္ဘာ့နည်းပညာ ဈေးကွက်ကို ထိုးဖောက်လျက် ရှိပါတယ်။
သမိုင်းဦး
၁၉၃၅ ခုနှစ် ဇွန် ၂၀ ရက်မှာ တိုကျိုမြို့မှာ စတင်တည်ထောင်ခဲ့ပြီး ရုံးချုပ်တည်ရှိရာ နေရာကတော့ မီနာတိုမှာရှိတဲ့ ရှီအိုဒိုမီစီးတီး စင်တာမှာ ဖြစ်ပါတယ်။ နာမည်ကျော် ဖူဂျီစုရှင်ခီကို အစွဲပြုပြီး Fujitsu လို့ အမည်ပေးခဲ့တာပါ။ ဂျပန်နိုင်ငံရဲ့ စွန့်ဦးကွန်ပျူတာ ကုမ္ပဏီတစ်ခု အဖြစ်လည်း စတင် တည်ထောင်ခဲ့ပြီး ကနဦး အခြေအနေမှာတော့ အီလက်ထရွန်နစ်ဘက်ကို ပိုမိုအာရုံစိုက်ခဲ့ပါတယ်။
ဂျပန်ရဲ့ ပထမဆုံးကွန်ပျူတာ
၁၉၅၄ ခုနှစ်မှာ Fujitsu ဟာ ဂျပန်နိုင်ငံရဲ့ ပထမဆုံး ကွန်ပျူတာကို စတင်ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီကွန်ပျူတာရဲ့အမည်က FACOM 100 ဖြစ်ပြီး ထူးခြားတဲ့ အလုပ် လုပ်ဆောင်မှုတွေကို မပြုလုပ်နိုင်သေးပေမယ့် ၁၉၆၂ ခုနှစ်မှာ သူတို့ဖန်တီးလိုက်တဲ့ FACOM 222 ကတော့ Transistor အခြေခံပြီး တည်ဆောက်ထားတဲ့ ကွန်ပျူတာ ဖြစ်လာပါတယ်။
ထုတ်ကုန် ထုတ်လုပ်သူအဖြစ်
နိုင်ငံတကာ နည်းပညာကုမ္ပဏီတွေက အပ်နှံတဲ့ ထုတ်ကုန်တွေကို တာဝန်ယူ ဖန်တီးတဲ့အပိုင်းကို ၁၉၇၁ ခုနှစ်မှာ စတင်ခဲ့ပြီး ကနေဒါ၊ အမေရိက၊ ဗြိတိန်စတဲ့ နိုင်ငံတွေက နည်းပညာ ကုမ္ပဏီတွေနဲ့ ပူးပေါင်းမှုများစွာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီကနေမှ ဗြိတိန်အခြေစိုက် နည်းပညာ ကုမ္ပဏီတွေကို ဝယ်ယူနိုင်ခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ်တွေမှာ အဲဒီခေတ်၊ အဲဒီအချိန်က ကမ္ဘာ့အမြန်ဆုံးလို့ သတ်မှတ်လို့ရတဲ့ Main Frame ကွန်ပျူတာတွေကို Fujitsu က တာဝန်ယူ တည်ဆောက်ထုတ်လုပ်ခဲ့ပြီး ရုပ်မြင်သံကြားစနစ်ရဲ့ မျက်နှာပြင် နည်းပညာတွေကိုလည်း စမ်းသပ်ခဲ့ပါတယ်။ ဒီလိုနဲ့ ၁၉၉၂ ခုနှစ်မှာတော့ ကမ္ဘာ့ပထမဆုံး မျက်နှာပြင် ၂၁ လက်မရှိတဲ့ ကာလာ ရောင်စုံပလာစမာ ရုပ်မြင်သံကြား မျက်နှာပြင်ကို မိတ်ဆက် ပေးနိုင်ခဲ့ပါတယ်။
Flash Memory ထုတ်လုပ်ခြင်း
AMD ကုမ္ပဏီနဲ့ ပူးပေါင်းပြီး ၁၉၉၃ ခုနှစ်မှာ Flash Memory နည်းပညာကို စတင်အကောင်အထည် ဖော်ပါတယ်။ AMD အဖွဲ့အစည်းဟာ သူတို့နဲ့ Flash Memory အစုအဖွဲ့ကို Fujitsu ကုမ္ပဏီထံ စေလွှတ်ခဲ့ပြီး ထိုင်း၊ မလေးရှားနဲ့ တရုတ်နိုင်ငံတွေမှာရှိတဲ့ ကုန်ထုတ်လုပ်မှု စက်ရုံတွေမှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီကနေ အရေအသွေးကောင်းတဲ့ Flash Memory ထုတ်လုပ်မှုစနစ်ကို ရရှိခဲ့ပါတယ်။
Fujitsu သုတေသန စင်တာ
အရင်းအနှီးယန်းငွေ ၅ ဘီလျံကို အသုံးပြုပြီး ပညာရှင် ဝန်ထမ်းပေါင်း ၁၃၀၀ နဲ့ ဒီသုတေသနစင်တာကို ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ နည်းပညာဆိုင်ရာ သုတေသနပြု လုပ်ငန်းတွေနဲ့ နည်းပညာဖွံ့ဖြိုးရေး ကဏ္ဍတွေကို စဉ်ဆက်မပြတ် ပြုလုပ်လျက်ရှိပါတယ်။ မကြာသေးခင်ကပဲ Fujistu ဟာ 3D ဓာတ်ပုံတွေကို ဖုန်းကင်မရာနဲ့ ရိုက်ကူးနိုင်မယ့် နည်းပညာသစ် တစ်ရပ်ကို ရှာဖွေနိုင်ခဲ့တယ်လို့ မိတ်ဆက် ပြောကြားခဲ့ပါတယ်။ နည်းပညာ ပြဿနာ အဖြေရှာဖွေရေး အဖွဲ့ကိုလည်း ဖွဲ့စည်းထားပြီး ထုတ်လုပ်လိုက်တဲ့ ကုန်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာတဲ့အခါမှာ ထိထိရောက်ရောက် ကူညီနိုင်ဖို့ ပြုလုပ်ပေးလျက် ရှိပါတယ်။ PC ကွန်ပျူတာတွေအပြင် ဒေတာစင်တာတွေ အတွက်လည်း ပြဿနာ အဖြေရှာရေးအဖွဲ့တွေကို အကောင်းမွန်ဆုံး ဖွဲ့စည်းပေးထားပါတယ်။ တခြားအဖွဲ့အစည်းတွေ အနေနဲ့တော့ ဥရောပမှာရှိတဲ့ Semiconductor ထုတ်လုပ်ရေးအဖွဲ့တွေ အမေရိက၊ ကနေဒါနဲ့ အခြားနိုင်ငံတွေမှာ အခြေစိုက်ထားတဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေ ဖြစ်ပါတယ်။
နည်းပညာ အကြံပေးမှုများ
ကမ္ဘာတစ်လွှားက အိုင်တီနည်းပညာနဲ့ ပတ်သက်ပြီး စိတ်ဝင်စားသူတွေနဲ့ ကုမ္ပဏီတည်ထောင်စ သူတွေအတွက်သာမက လုပ်ငန်းလည်ပတ်လျက် ရှိနေကြတဲ့ နည်းပညာ ကုမ္ပဏီအများစုကို အကြံဉာဏ် လိုအပ်တဲ့အခါမှာ တိုက်ရိုက်မေးမြန်းနိုင်ဖို့ နည်းပညာ အကြံပေးရေးအဖွဲ့ကိုလည်း ဖွဲ့စည်းထားပါတယ်။ ၁၉၇၃ ခုနှစ်မှာ စတင်ဖွဲ့ခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ စွမ်းအင်အပြည့်ဝဆုံး နည်းပညာအကြံပေးရေး အဖွဲ့အဖြစ် ရပ်တည်နေနိုင်ပါပြီ။
Cloud ဝန်ဆောင်မှုများ
လက်ရှိအခြေအနေအရ နည်းပညာနယ်ပယ်မှာ လူသုံးအလွန်များလာပြီဖြစ်တဲ့ Cloud ဝန်ဆောင်မှုကို Fujitsu က ၂၀၁၀ ပြည့်နှစ်မှ စတင် မိတ်ဆက်ပေးခဲ့ပါတယ်။ ဂျပန်၊ သြစတြေးလျ၊ စင်ကာပူ၊ အမေရိက၊ ဗြိတိန်နဲ့ ဂျာမနီစတဲ့ နိုင်ငံတွေမှာ စတင် အသုံးပြုနိုင်အောင် စီစဉ်ပေးခဲ့တာဖြစ်ပြီး နည်းပညာ ပံ့ပိုးမှုတွေနဲ့ အချက်အလက် ထိန်းသိမ်းမှုတွေကို Fujitsu ဒေတာစင်တာတွေကနေ တိုက်ရိုက် ဝန်ဆောင်မှု ပေးခဲ့ပါတယ်။
ဦးဆောင်သူများ
လက်ရှိအချိန်မှာ Fujitsu ကိုမီချီယော့ရှိ မဆုခ,က ကုမ္ပဏီအကြီးအကဲအဖြစ် တာဝန်ယူထားပြီး မာ့ဆမိမာယာမိုတိုက ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။
အလားအလာ
Fujitsu ဟာ Microprocessor ထုတ်လုပ်မှုဘက်မှာလည်း စမ်းသပ်အောင်မြင်ခဲ့ပြီ ဖြစ်ပါတယ်။ စူပါကွန်ပျူတာတွေကိုလည်း ဆက်လက်ဖန်တီးနေပြီး မိုဘိုင်းနည်းပညာဘက်ကိုပါ အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်အောင် ကြိုးစားလျက် ရှိပါတယ်။ နိုင်ငံတကာမှာ အဖွဲ့အစည်းများစွာထားရှိပြီး သုတေသနစင်တာတွေနဲ့ နည်းပညာ ပံ့ပိုးမှုတွေကို ဝန်ထမ်းပေါင်းများစွာနဲ့ ထောက်ပံ့ပေးနေနိုင်တာကလည်း ကုမ္ပဏီရဲ့ အနာဂတ်ကို အများကြီး အကျိုးရှိစေပါတယ်။ ဒါကြောင့် ဘက်ပေါင်းစုံ နည်းပညာကုမ္ပဏီကြီးအဖြစ် အောင်မြင်မှုများစွာ ဆွတ်ခူးနေနိုင်တဲ့ Fujitsu အဖွဲ့အစည်းအကြောင်းကို ဖော်ပြပေးလိုက်ရခြင်းပါ။ 'The Possibilities are infinite' ဆိုတဲ့ သူတို့ရဲ့ ခံယူချက်အတိုင်း အဆုံးမရှိတဲ့ ဖန်တီးမှုတွေကို ဆက်လက်ပြီး ထုဆစ်နေဦးမှာ ကတော့ သေချာလျက် ရှိနေပါတယ်။

6:17 AM

Admin
No comments
လူသုံး အများဆုံး လူမှု ကွန်ရက် ဖြစ်သည့် Facebook သည် ယခုအခါ အသုံးပြုသူ ဦးရေ ၉၉၅ သန်းအထိ မြင့်မားလာခဲ့သော်လည်း ထိုအထဲမှ ၈၃ သန်းမှာ အသုံးပြုသူများ ရှိနေခြင်းမဟုတ်ဘဲ အကောင့်သာ ပြုလုပ်ထားသည့် အတုအယောင် တည်ရှိမှုများ ဖြစ်ကြောင်း ကုမ္ပဏီမှ အတည်ပြုထုတ်ပြန် ကြောညာလိုက်သည်။
ထိုပမာဏမှာ လက်ရှိ Facebook အသုံးပြုသူ၏ ၈ ဒသမ ၇ ရာခိုင်နှုန်းဖြစ်ပြီး အသုံးပြုသူတစ်ဦးလျှင် အကောင့်များစွာ ရှိနိုင်သည့်နည်းတူ အိမ်မွေးတိရစ္ဆာန် ချစ်ကြသည့် အချို့ Facebook အသုံးပြုသူများက ၎င်းတို့ တိရစ္ဆာန်လေးများ၏ အမည်ကို အကောင့်ပြုလုပ်ထားကြကြောင်း တွေ့ရှိရသည်။ အတုအယောင် အကောင့်များကို အုပ်စုခွဲခြားရာတွင် သုံးမျိုးထွက်ပေါ်လာပြီး ၎င်းတို့ထဲတွင် အများဆုံးမှာ လူတစ်ဦးတည်းက အကောင့်နှစ်ခုပြုလုပ် သုံးစွဲနေခြင်းပင်ဖြစ်သည်။
ပြီးခဲ့သည့်လက ကမ္ဘာကျော် သတင်းဌာနတစ်ခုဖြစ်သည့် BBC မှ Facebook အသုံးပြုသူများနှင့် ပတ်သက်၍ စုံစမ်းထောက်လှမ်းမှုတစ်ခု ပြုလုပ်ရာတွင် အတုအယောင် အကောင့်များ တည်ရှိနေခြင်းက Facebook ၏ ကြော်ငြာစီးပွားရေးကို ထိခိုက်စေနိုင်ကြောင်း ဖော်ပြခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်၍ Facebook က တစ်စုံတစ်ရာ ငြင်းဆိုခြင်း မပြုလုပ်ခဲ့သော်လည်း ထိုသို့တည်ရှိခြင်းသည် ကြော်ငြာရှင်များအား အနှောင့်အယှက် ဖြစ်စေနိုင်သည်ဆိုသည့် အချက်ကို ငြင်းပယ်ခဲ့သည်။
ပြီးခဲ့သည့်လက Facebook ၏ ရှယ်ယာတန်ဖိုးများသည် ကျဆင်းခဲ့ရပြီး ကြော်ငြာဝင်ငွေနှင့် ပတ်သက်၍ ထိခိုက်မှုအနည်းငယ် ရှိခဲ့သည်။ ၂၀၀၄ ခုနှစ်မှစတင်၍ လူမှုကွန်ရက်ဝက်ဘ်ဆိုက်အဖြစ် နာမည်ကြီးလာခဲ့သည့် Facebook သည် ၂၀၁၁ ခုနှစ်အကုန်တွင် အအောင်မြင်ဆုံး အွန်လိုင်းဝက်ဘ်ဆိုဒ်တစ်ခု ဖြစ်ခဲ့ပြီး လူသုံးစွဲမှုမြင့်မားခြင်းတွင် တိုးတက်မှုအမြန်ဆုံး ဝက်ဘ်ဆိုက်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။
Facebook ကုမ္ပဏီ၏ ထုတ်ပြန်မှုတွင် အသုံးပြုသူ တစ်ဦးချင်းစီက အလုပ်အကိုင်နှင့် ပတ်သက်၍ အကောင့်ဖွင့်ခြင်း၊ အဖွဲ့အစည်းနှင့် ပတ်သက်၍ အကောင့်ဖွင့်ခြင်းတို့ကို ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

6:23 AM

Admin
No comments
Skype video-chat ကင်မရာများ သည် ယခု အခါတွင် အိမ်သုံးTV များ သို့ တဖြည်းဖြည်း ကူပြောင်းရောက် ရှိလာခဲ့ပြီး အဆင့်မြင့်အရန်ပစ္စည်း တစ်ခုအဖြစ် ရွေးချယ်အသုံးပြုနိုင် မည်ဖြစ်သည်။ အိမ်သုံး TV များနှင့် တွဲဖက် အသုံးပြု နိုင်သည့်TV Cam HD ကို တန်ဖိုးဒေါ်လာ၂၀ဝနှုန်းဖြင့် Logitech ကထုတ်လုပ်ဖြန့်ချိလိုက်ပြီ ဖြစ်သည်။
အဆိုပါကင်မရာမှာ့ high-definition video များကို ဖမ်းယူနိုင်ပြီးံHDMI input တပ်ဆင်ထားသောHDTV များတွင် ကြည့်ရှုနိုင်မည်ဖြစ်သည်။ ထို့အပြင်အဆိုပါ TV Cam HD တွငှ်ုSkype software နှင့်WiFi စနစ်တို့တစ်ပါတည်း built-in ပါဝင်မည်ဖြစ်ပြီး တ ခြားသောကွန်ပျူတာတစ်လုံးလုံးနှင့် တပ်ဆင်အသုံးပြုရန်လိုအပ်မည် မဟုတ်ပေ။ ထိုကင်မရာ၏ပံ့ပိုးမှု ကြောင့် မိမိTV ရှေ့တွင်ရှိသော ဆိုဖာခုံပေါ်မှနေ၍ HD Skype video calls များကိုသက်သောင့်သက်သာ ဖြင့် လုပ်ဆောင်နိုင်မည်ဖြစ်သည်။
ထို့အပြင် အဆိုပါကင်မရာတွင် Ethernet port ပါဝင်သည့်အတွက် အ သုံးပြုသူအနေဖြင့် wired connection စနစ်ကိုချိတ်ဆက်အသုံးပြုချင် ပါကလည်း အသုံးပြုနိုင်ဦးမည်ဖြစ် သည်။ အဆိုပါကင်မရာကိုTVအ ပေါ်ဘက်တွင်တပ်ဆင်၍အသုံးပြု ရမည်ဖြစ်သည်။အသုံးပြုရန်အတွက်သက်ဆိုင် သူ၏ Skype account အချက်အ လက်များကိုဦးစွာဖြည့်သွင်းရမည် ဖြစ်ပြီး ကွန်ပျူတာ၊ စမတ်ဖုန်း၊ tablet တို့တွင်အသုံးပြုရသကဲ့သို့ပင် အဆိုပါကင်မရာနှင့်အတူပါဝင်သော remote control ကိုအသုံးပြုပြီး onscreen user-interface စနစ်ကို ဖမ်း ယူအသုံးပြုနိုင်မည်ဖြစ်သည်။
ဂျာမနီCarl Zeiss optics နည်း ပညာနှင့်ပေါင်းစပ်ထားသော wideangle lens ကိုအသုံးပြုထားပြီး builtin ringer ကြောင့်TV ကိုဖွင့်ထား၊ပိတ် ထားသည်ဖြစ်စေ ဖုန်းခေါ်ဆိုမှုကို သိနိုင်ကာ အသံအတွက် 4 microphones ကိုအသုံးပြုပေးထားသည်။

6:20 AM

Admin
No comments
Samsung ကုမ္ပဏီသည် ဩဂုတ်လ ၃၁ရက်မှ စက်တင်ဘာလ ၅ရက် အထိ၊ ဂျာမနီနိုင်ငံဘာလင် မြို့တွင် ကျင်းပမည့် IFA 2012 consumer electronics ပြပွဲတွင် ပါဝင်ပြ သရန်စီစဉ်မှုများ ပြုလုပ်အပြီး၌ Pushing Boundaries ဟုအမည်ပေး ထားသော ၄င်းတို့၏ အဓိကသတင်း စာရှင်းလင်းပွဲနှင့်အတူ သီးခြားမိတ် ဆက်ပွဲတစ်ခုဖြစ်သည့်Samsung Mobile Unpacked ပြပွဲကိုလည်းကျင်း ပပြုလုပ်သွားရန်စီစဉ်ထားကြောင်းသိ ရသည်။
Samsung Mobile Unpacked ပြပွဲများသည် Samsung ထုတ်ကုန် များကိုစိတ်ဝင်စားသော customer များအတွက်ပစ္စည်းသစ်များကိုမိတ် ဆက်ပြသပေးသည့်ပြပွဲများပင်ဖြစ် ပြီးGalaxy S3 စမတ်ဖုန်းကိုလည်း ယခင် ကျင်းပခဲ့သည့်Samsung Mobile Unpacked ပြပွဲမှာပင်ထုတ် ဖော်ပြသခဲ့ဖူးသည်။ ထို့ကြောင့် ယ ခုကျင်းပမညှ့် Samsung Mobile Unpacked ပြပွဲကိုIFA မိတ်ဆက်သ တင်းစာရှင်းလင်းပွဲမကျင်းပမည် တစ်ရက်အလိုဖြစ်သည့် ဩဂုတ်လ ၂၉ရက်တွင် ကျင်းပသွားရန်စီစဉ် ထားပြီး အဆိုပါပွဲ၌အများမျှော်လင့် နေကြသည့်Samsung ထုတ်ကုန် သစ်ဖြစ်သည့်Galaxy Note 2 ကိုမြင် တွေ့ရဖွယ်ရှိနေသည်။
Samsung အနေဖြင့် Apple၏ iPhone 5 မတိုင် မီ၎င်းတို့၏ထုတ်ကုန်သစ်ကိုဈေး ကွက်တင်ရန်စီစဉ်နေခြင်းဖြစ်သည် ဟု သတင်းဌာနများကသုံးသပ်မှု များပြုလုပ်ထားကြသည်။ ယခင် Galaxy Note ၏Series ဖြစ်သောထုတ်ကုန်သစ်Galaxy Note 2 မှာdisplay အားဖြင့်5.5inch ရှိမည်ဖြစ်ပြီး 1280x720 resolution နှင့်1.6GHz quad-core processor ကို အသုံးပြုထားသည့်ဟု ရရှိထား သောသတင်းအချက်အလက်များ ကိုအခြေခံကာ သတင်းဌာနများက ဆက်လက်ဖော်ပြသွားခဲ့သည်။ Samsung မှာဒုတိယနေ့ဖြစ် သည့် ဩဂုတ်လ၃၀ရက်နေ့တွင်မူ အိမ်သုံးဖျော်ဖြေရေးပစ္စည်းများကို ပြသသွားမည်ဖြစ်သည်။

6:06 AM

Admin
No comments
လူမှုရေး ဝက်ဘ်ဆိုက် တစ်ခု ဖြစ်သည့် Facebook သည် ၄င်းတို့၏ အသစ် စက်စက် profile profile ဖြစ် သည့် Timeline feature ကို လာမည့် ဆောင်းရာသီ တွင် အပြည့်အဝသုံး စွဲကြည့်ရှုနိုင်စေရန် လုပ်ဆောင်သွား မည်ဖြစ်ပြီး လက်ရှိတွင်္င်ခေနဘသသု အသုံးပြုသူအရေအတွက်မှာ ၉၅၅ သန်းရှိနေပြီဖြစ်သည်။ Facebook ၏ Timeline feature သည် လက်ရှိအသုံးပြုနေကြသော user များ၏ယခင်နှစ်များစွာကချန် လှပ်ထားခဲ့သောအချက်အလက်နှင့် ဓာတ်ပုံအစရှိသည်များကို ကာလ အပိုင်းအခြားအလိုက်ပြန်လည် ကြည့်ရှုနိုင်မည်ဖြစ်သည်။
Timeline feature မှာsingle timeline-like layout ပုံစံဖြင့် single vertical trunk မှအခွဲ များဖြင့် user များ၏ အမျိုးမျိုးသောဇာတ်လမ်းများ၊ ဘဝပုံရိပ်အမှတ် တရများ၊ comments များ၊Wall posts များနှင့်အခြားသောအချက်အ လက်ပေါင်းများစွာကို အချိန်အပိုင်း အခြားအလိုက်ဖော်ပြပေးသွားမည် ဖြစ်သည်။ မိမိမွေးဖွားခဲ့သည့်အ ချိန်နှင့် ထိုအချိန်ကbaby photos များ ကိုadd လုပ်ကာscroll back ပြုလုပ် ၍ ကြည့်ရှုနိုင်မည်ဖြစ်သည်။
Facebook Timelin feature ၏ အဓိကလုပ်ဆောင်ချက်မှာ user များ အနေဖြင့် ယခင်အချိန်ကာလများ တွင်ရေးသားခဲ့သောအချက်အလက် များနှင့် ဖျက်ပစ်လိုက်ပြီဟုထင်ရ သော အချက်အလက်များအားလုံး ကို ပြန်လည်စုစည်းပြီး အချိန် အပိုင်းအခြားအလိုက် ဖော်ပြပေး ခြင်းပင်ဖြစ်သည်။ ထိုကဲ့သို့ လုပ် ဆောင်ပေးမှုကြောင့်Facebook မတိုင်ခင်က မိသားစုနှင့် မိတ်ဆွေ သူငယ်ချင်းများထံ ပေးပို့ခဲ့သော သီးသန့် messages များကို အပြည့် အဝအဆင့်မြှင့်တင်ပြီuးser များ၏ Wall များတွင် ဖော်ပြပေးနိုင်မည် လည်း ဖြစ်သည်။
ယခုကဲ့သို့ လုပ် ဆောင်မှုမှာ လုံခြုံရေးဆိုင်ရာများ ပေါက်ကြားမှုတစ်ခု မဟုတ်ဘဲ ယခင်လုပ်ဆောင်ခဲ့မှုများကို ပြန် လည်စုစည်းဖော်ပြပေးခြင်းမျိုးသာ ဖြစ်သည်။ အဆိုပါစနစ်အပြည့်အဝ လုပ်ဆောင်မှု မပြုလုပ်ခင် အထိ င်္Facebook က user များကို profile စာမျက်နှာသစ်အတွက်ပြန်လည် တည်းဖြတ်ပြင်ဆင်မှုများပြုလုပ် နိုင်ရန် အချိန် ၇ ရက်ပေးမည်ဖြစ် ပြီး မလိုလားအပ်သော မဖော်ပြလို သောအကြောင်းများကို hide လုပ် ထားရန်လိုအပ်မည်ဖြစ်သည်။

6:24 AM

Admin
No comments
အင်တာနက် လိုင်းများ နှေး ကွေးချိန်တွင် အသုံးပြု ခေါ်ဆိုနိုင်မည့် Rynga VOIP စနစ်ကို ပြည် တွင်း၌ စတင်ဝန်ဆောင်မှုပေးလျက် ရှိကြောင်း သိရသည်။ ၄င်း Rynga VOIP စနစ်သည် ပြည်ပရှိဖုန်းများကို တိုက်ရိုက်ခေါ် ဆိုနိုင်မည့်စနစ်တခုဖြစ်ပြီး ff windows OS,Mac, iOS တို့တွင် အသုံးပြုနိုင်ကာ မိုဘိုင်းဖုန်းများ အတွက် iOS အသုံးပြုပစ္စည်းများ၊ Nokia ကုမ္ပဏီထုတ်Symbian ဖုန်းများ၊ Android အခြေပြုဖုန်း များ အားလုံးတွင် ထည့်သွင်းကာ တိုက်ရိုက်ခေါ်ဆိုနိုင်ကြောင်း www .voipservices.ning.com တွင် ဖော်ပြထားသည်။
Rynga VOIP ကို စတင်အသုံးပြုလိုပါက ၁၀ ယူရိုထည့် သွင်းနိုင်ပြီး မြန်မာငွေဖြင့် ထည့် သွင်းပါကလည်း အကောင့်တစ်ခုရ ရှိမည်ဖြစ်ကြောင်း၊Rynga VOIP စနစ်တွင် စင်ကာပူ၊ မလေးရှား၊ တရုတ်၊ ဂျပန်နိုင်ငံများသို့ အခမဲ့ ဖုန်းခေါ်ဆိုနိုင်ခွင့်များလည်း ပါဝင် ကြောင်း၊ ထို့အပြင် ဖုန်းခေါ်ဆိုခ နှုန်းထားများအနေဖြင့်လည်း ပြည်တွင်း၌ အသုံးပြုလျက်ရှိသည့် VOIP ဖုန်းများထက် သက်သာ ကြောင်း၊ မည့်သည့်နိုင်ငံကိုမဆှိုSMS တစ်စောင်ကို မြန်မာငွေ ( ၅၀) ကျပ်ဖြင့် ပေးပို့နိုင်မည်ဖြစ် ကြောင်းသိရသည်။့် အသေးစိတ်အချက်အလက် များကို www.voipservices. ning. com တွင်ကြည့်ရှုနိုင်သည်။
ရဲရင့်မိုးအောင်

6:35 AM

Admin
No comments
ယူကရိန်း နိုင်ငံမှ တီထွင်ရေး အဖွဲ့ တစ်ဖွဲ့ သည် ဆွံ့အနား မကြားသူ တို့၏ ခန္ဓာကိုယ် ဘာသာစကားကို အသံထွက် စကားသံအဖြစ် ပြောင်းပေးနိုင်သော လက်အိတ်တစ်မျိုးကို တီထွင်လိုက် ကြောင်း သိရသည်။ ယင်းလက်အိတ်ကို Enable Talk ဟု အမည်ပေးထားပြီး လက်ဖြင့်ပြုလုပ်ပြသော သင်္ကေတများကို စကားသံထွက်အောင် ပြုလုပ်ပေးသည်။ အဆိုပါလက်အိတ်၌ အာရုံခံကိရိယာများ ပါဝင်ပြီး လက်လှုပ်ရှားမှုများကို မှတ်မိကာ ယင်းကို သင်္ကေတများအဖြစ် ပြောင်းပေး သည်။ အဆိုပါ သင်္ကေတများအား စမတ်ဖုန်းမှ Application ကို အသုံးပြု ကာ စကားသံများအဖြစ် ပြောင်းပေး သည်။ ကမ္ဘာတစ်ဝန်းလုံးရှိ ဆွံ့အနားမ ကြားသူ သန်းပေါင်းများစွာအတွက် အဆိုပါလက်အိတ်များက ဘဝ၏အရည် အသွေးများ ပိုမိုတိုးတက်အောင် ပြုလုပ် ပေးနိုင်သောကြောင့် ယူကရိန်းပညာရှင် များသည် အဆိုပါဒီဇိုင်းအတွက် ဩ စတြေးလျနိုင်ငံတွင်ပြုလုပ်သော Microsoft Imagine Cup ပြိုင်ပွဲ၌ ဆုရရှိခဲ့ပြီး သူတို့သည် အဆိုပါလက်အိတ်များကို အမေရိကန်ဒေါ်လာ ၇၅ ဒေါ်လာခန့်ဖြင့် ရောင်းချပေးနိုင်လိမ့်မည်ဖြစ်ကြောင်း သိရသည်။

6:42 AM

Admin
No comments
ကာတွန်း ရုပ်ရှင်ဟာ တစ်ပုံချင်းမှာ ကောင်းဖို့ လိုအပ်သလို ရှေ့နောက်ပုံတွေ ပေါင်းစပ် ဖော်ပြတဲ့နေရာ မှာလည်း အသက်ဝင်အောင် ဖော်ပြနိုင်ဖို့ လိုအပ်ပါတယ်။ ကာတွန်းရုပ်ရှင် စတင် ဖန်တီးခဲ့ သူတွေကို ချီးကျူးဖို့ကောင်းသလို တကယ်လည်း အတုယူဖို့ကောင်းလှပါ တယ်။ သူတို့တွေသာ ဖန်တီးမှုကို စတင် အကောင်အထည်ဖော်ဖို့ မကြိုးစားခဲ့ရင် ယနေ့ အချိန်မှာ ကာတွန်းရုပ်ရှင်ကောင်းကောင်းတွေ ကြည့်ရှုနိုင်မှာမဟုတ်ပါဘူး။သက်မဲ့ရုပ်သေ တွေကို အမှန်တကယ် လူစိတ်ဝင်စားတဲ့ အသက်ဝင်တဲ့ အရုပ်လေးတွေ လုပ်တယ်ဆိုတာ animation ပညာရပ်ပါပဲ။ အခုဒီဝက်ဘ်ဆိုက် လေးမှာတော့ လငိနသ သင်ခန်းစာတွေကို အခမဲ့ ပေးအပ်ထားပြီး အထူးပြုလုပ်ချက်အတော် များများလည်းရှိနေပါတယ်။ မိနစ်ပိုင်းအတွင်း animation အသေးစားလေးတစ်ခုကို ပြုလုပ်နိုင်မယ်လို့တောင် အာမခံထားပါတယ်။

6:20 AM

Admin
No comments
(ဓာတ်ပုံ - Reuters)
ကမ္ဘာကျော် ရှာဖွေစက်ကြီး ဂူဂယ်လ်ဟာ ပြီးခဲ့တဲ့လ အနည်းငယ်အတွင်းမှာ သူ့ရဲ့ ရှာဖွေမှု စွမ်းရည်ကို စိမ်ခေါ်မှုတွေ သိပ်များတဲ့ဆီ တိတ်တဆိတ် ဦးတည်လိုက်ပါတယ်။
အဲ့ဒါကတော့ ရာဇဝတ်သားတွေကို ရှာဖွေတာပါပဲ။
မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူတွေ၊ ငွေမဲကို ငွေဖြူလုပ်သူတွေနဲ့ လူကုန်ကူးသူတွေက သူတို့ရဲ့ ဆန်းပြားရှုပ်ထွေးလှတဲ့ ဒုစရိုက်လုပ်ငန်းတွေကို အွန်လိုင်းကတဆင့် လုပ်နေကြတာပါ။
ဒါကြောင့်မို့ ဂူဂယ်လ်ရဲ့ နည်းပညာပိုင်းဆိုင်ရာဦးနှောက်ဖြစ်တဲ့ ဂူဂယ်လ် အိုင်ဒီယာစ် (Google Ideas) ကလည်း နိုင်ငံတကာရာဇဝတ်မှုတွေကို နည်းပညာသုံးပြီး ဖြိုခွဲနိုင်တဲ့နည်းလမ်းတွေ ရှာဖွေနေပါတယ်။
ဒီလို ရှာဖွေရာမှာ နိုင်ငံခြားဆက်ဆံရေးကောင်စီ (Council on Foreign Relations – COR) အပါအဝင် အခြားအဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်နေတာပါ။
ဒီနေ့နဲ့ မနက်ဖြန်မှာ ဂူဂယ်လ်နဲ့ အခြားအဖွဲ့တွေက တာဝန်ရှိသူများ ဆုံကြပြီး နိုင်ငံတကာရာဇဝတ်မှုတွေ တိုက်ဖျက်မယ့် မဟာဗျူဟာတွေဆွဲကြမယ် လို့ သိရပါတယ်။
“ဒုစရိုက်ကွန်ရက်တွေ ဖော်ထုတ်နိုင်ဖို့၊ ချစားမှုတွေ တိုက်ဖျက်ဖို့နဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ တိုက်ဖျက်နိုင်ရေး ကြိုးစားနေကြသူတွေကို အားကောင်းမောင်းသန် ဖြစ်လာစေဖို့ နည်းပညာကုမ္ပဏီတွေမှာ အစွမ်းထက်တဲ့ ကရိယာတွေ အများကြီးရှိနေပါပြီ” လို့ COR ရဲ့ အထက်တန်းအရာရှိ စတီးဝပ်တ် ပက်ထရစ် (Stewart Patrick) က ဆိုလိုက်ပါတယ်။
ဒုစရိုက်သမားတွေ သတိသာထားကြပေတော့။

2:46 PM

Admin
No comments
ဇူလိုင် ၉ မှာ အမေရိကန်က ပီစီ ၃ သိန်း အင်တာနက်ပြတ်တောက်မည်
မိုးမခအထောက်တော် ၀၀၃၊ ဇူလိုင် ၈၊ ၂၀၁၂
လာမယ့် တနလာင်္နေ့ ဇူလိုင် ၉ မှာ အမေရိကန်မှာ ရှိတဲ့ ကွန်ပြူတာ ၂သိန်း ၇သောင်းကျော်ဟာ အင်တာနက်ပြတ်တောက်မှု ခံရမယ် ဆိုပါတယ်။ အဲသည် ကွန်ပြူတာတွေဟာ Rove Digital လို့ ခေါ်တဲ့ အင်တာနက်အဖျက်သမား (ဟက်ကာ) တွေရဲ့ Botnet လို့ခေါ်တဲ့ အင်တာနက်ဗိုင်းရပ်စ် ပိုး ဖမ်းစားခံထားရတဲ့အတွက် ဖြစ်ပါတယ်။
အဲသည် ဟက်ကာတွေကို အစိုးရက ၂၀၁၁ ခုနှစ်ကတည်းက ဖမ်းဆီးနိုင်ခဲ့ပေမယ့် သူတို့ဖမ်းစားထားတဲ့ ကွန်ပြူတာတွေက ၃ သိန်းနီးပါး ရှိလို့ အဲသည်ကတည်းက သူတို့တွေရဲ့ အင်တာနက်လိပ်စာ ရှာမတွေ့အောင်လုပ်တဲ့ DNS changer malware တွေ ထကြွခြင်းမရှိအောင် အင်တာနက်ရေးရာအဖွဲ့အစည်းတွေက rove digital ရဲ့ DNS network ကို ပြင်ဆင်ပြီး လည်ပတ်နေခဲ့တာ အဲသည်နေ့ကျရင် အဲသည်စနစ်ကို ရပ်ဆိုင်းလိုက်တော့မှာ ဖြစ်ပါတယ်။
အဲသည်လို အင်တာနက်လိပ်စာ မပျောက်အောင် လမ်းရှာပေးတဲ့ စနစ်ကို ရပ်ဆိုင်းလိုက်ရင် အဲသည်လို ရောဂါပိုးထိထားတဲ့ ကွန်ပြူတာတွေဟာ ထိုအချိန်ကစပြီး သူတို့ကို ၀င်ကူပေးသူ မရှိလို့ အင်တာနက်နဲ့ ပြတ်တောက်သွားမှာ ဖြစ်ပါတယ်။ အဲသည် botnet ကို ကွန်ပြူတာသမားတွေထံ ပြပြီး ပြင်ဆင်ကြရမှာ ဖြစ်ပါတယ်။ လက်ရှိ သင့်ကွန်ပျူတာမှာ အဲသည် ရောဂါပိုး ရှိမရှိသိချင်ရင် ဟောဒီက လိပ်စာကို နှိပ်ပြီး စစ်ဆေး ကြည့်နိုင်ပါတယ်။

2:14 PM

Admin
No comments

12:57 PM

Admin
6 comments
ကျွန်တော် Windows 7 မှာ Sound နဲ့ပါတ်သတ်ပြီး တော့ဖြစ်တက်တဲ့ Error လေးကို သူငယ်ချင်း တစ်ယောက် ကိုလဲ လုပ်ပေးဖြစ်ရင်းနဲ့ တကယ်လို့ မိမိတို့မှာ အခုလို Error မျိုးကြုံ လာရင် အလွယ်တကူ ဖြေရှင်းတက် သွားအောင် ရှင်းပြပေးသွားပါမယ်.. ကျွန်တော်တို့ G-Talk ကိုအသုံးပြုတဲ့ အခါမှာ တစ်ခါတစ်လေ ကိုယ်ကဒီက ပြောနေတာကို တစ်ဖက်လူက ကြားရပြီး သူပြောတာကို ကိုကမကြားရတာ မျိုးကြုံဖူး ကြပါလိမ့်မယ်.. ဒါက ကျွန်တော်က အသုံးများတဲ့ G-Talk မှာပြောပြတာပါ.. တစ်ခြား Chat Program တွေမှာလဲ ဒီတိုင်း လိုက်ပြင်ပေး ကြည့်ရင် အဆင်ပြေသွားပါလိိမ့်မယ်.. နောက်တစ်နည်းကတော့ ကျွန်တော်တို့ မိုက်ကိုရှေ့ ပေါက်ကနေ ထိုးပြီးအသုံး ပြုတဲ့အခါမှာ အသံမလာ တာပဲဖြစ်ပါတယ်.. ဒါကတော့ Realtek HD Audio Driver ကိုအသုံးပြု ထားတဲ့သူ တော်တော်များများ ကြုံတွေ့ရတာတွေ့ ရပါတယ်..အဲ့ဒါကို ဘယ်လိုဖြေရှင်း ရမယ်ဆိုတာကိုပါ ကျွန်တော်ရေးပေးသွားပါမယ်..
အရင်ဆုံး ကျွန်တော် မိုက်ကို ရှေ့ပေါက်ကနေ အသုံးပြုပြီး အသံမလာတဲ့ အခါမှာ ဘယ်လိုလုပ်ရမယ် ဆိုတဲ့ နည်းလမ်းလေးကို ပြောပြပေးပါမယ်.. ကျွန်တော်တို့ Realtek ကိုအသုံးပြုတဲ့ အောက်ကပုံ မှာဖော်ပြနေသလိုပဲ Icon လေးပေါ်နေပါလိမ့်မယ်.. အဲ့ဒီကောင်လေးကို ကလစ်လိုက်ပါ.. ပြီးရင် အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားသလို လိုက်ပြီးပြောင်းပေးလိုက်ရင် အဆင်ပြေသွား ပါလိမ့်မယ်..
အောက်ကပုံလေးကို ကြည့်ကြည့်လိုက်ပါ.. Microphone ပုံလေး ပျောက်နေတာ တွေ့ရပါလိမ့်မယ်..
အောက်ကပုံအတိုင်း မိုက်ကရိုဖုန်း ပုံလေးပြန်ပေါ် လာပြီဆိုရင်တော့ အဆင်ပြေ သွားပါလိမ့်မယ်.. ပြီးရင်တော့ OK ပေးလိုက်ယုံပါပဲ..
နောက်တစ်ချက်ကတော့ G-Talk မှာ သူပြောတာကို ကြားရပြီး ကိုပြောတာကို မကြားရတဲ့ ပြသနာပါ.. ဒါကိုမပြောခင် ကျွန်တော် Sound type တွေနဲ့ ပါတ်သတ်ပြီး သိသင့်တာလေး တစ်ခုပြောပြချင်ပါတယ်. ဘာကြောင့် အခုလိုပြောရလဲ ဆိုတော့ အများစုက အသံမလာတော့ ဘူးဆိုတာနဲ့ ဘာမှမစဉ်စား တော့ပါဘူး.. ရမ်းသမ်းမှန်းသမ်း နဲ့ကလိကြတာများပါတယ်.. အဲ့ဒါမှားပါတယ်.. Sound System ပိုင်းမှာ အဓိကက Input နဲ့ Output ပါပဲ.. Microphone က၀င်မယ်ဆိုရင် Speaker ကနေပြန်ထွက်မှာ ပါပဲ .. ဒါကရိုးရိုးလေးပါပဲ .. နောက်တစ်ခုက သူရဲ့ Sound Type လေးတွေကို သိထားသင့်ပါတယ်.. ကျွန်တော်ပြောနေရင် ရှုပ်နေပါလိမ့်မယ် .. ပုံလေးတွေနဲ့ ကြည့်လိုက်ရင် ပိုနားလည်သွားပါလိမ့်မယ်.. အရင်ဆုံး မိမိတို့ Tab Bar မှာရှိတဲ့ Speaker ပုံလေးကို Right Click ထောက်လိုက်ပါ.. ပြီးရင် Sound ဆိုတာလေးကို နှိပ်လိုက်ပါ.. Sound Option Box လေးပေါ်လာပြီဆိုရင် Playback ကို သွားလိုက်ပါ..
အောက်ကပုံမှာ ကျွန်တော် Sound Type လေးတွေကို မျဉ်းအနီနဲ့ ပြပေးထားပါတယ်.. ကျွန်တော်တို့ မိုက်နဲ့စကား ပြောတဲ့ အချိန်မှာ အဲ့ဒီကောင်လေးတွေကို သတိထားကြည့်ကြည့်ပါ .. မိမိတို့အသုံးပြု နေတဲ့ Sound Type က ညာဘက်မှာ အစိမ်းရောင် တုံးလေးတွေ ပြေးနေမှာဖြစ်ပါတယ်.. ကျွန်တော်တို့ အနေနဲ့ အဲ့ဒီအသုံးပြုနေတဲ့ Sound Type အမျိုးအစားကို Gtalk မှာပါလိုက်ပြီး ပြောင်းလဲပေးဖို့ လိုပါလိမ့်မယ်.. အောက်ကပုံမှာကြည့်ပါ SB Audigy နဲ့ VIA High Definition Audio ဆိုပြီး နှစ်မျိုးတွေ့ရ ပါလိမ့်မယ်..ကျွန်တော် လက်ရှိသုံးနေတာက VIA High Definition Audio အမျိုးအစားပါ.. ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ G-talk မှာမိမိဆီက အသံမလာတာမျိုးကြုံလာရမယ်ဆိုရင် အခုဒီမှာ မိမိတို့သုံးနေတဲ့ Sound Type အမျိုးအစားကို G-Talk မှာပါ လိုက်ပြောင်းပေးလိုက်ရင် အဆင်ပြေသွား ပါလိမ့်မယ်..
နောက်တစ်ချက် Tab Bar ပေါ်မှ Sound Icon လေးကိုကလစ်လိုက်ပါ .. ပြီးရင် Mixer ကိုနှိပ်လိုက်ပါ..


အောက်ကပုံအတိုင်း Speaker ကိုထောက်လိုက်ရင် ပေါ်လာပါလိမ့်မယ်..ဒီကောင်လေးကို ဘာလို့ ပြရလဲဆိုတော့ ဒီကောင်က ကျွန်တော်တို့ Speaker Out ပါ .. ကျွန်တော်တို့ သီချင်းဖွင့်တာပဲ ဖြစ်ဖြစ် G-Talk ကနေစကား ပြောတာပဲဖြစ်ဖြစ် ထွက်မဲ့အသံက ဒီကောင်လေးကနေ တစ်ဆင့်ထွက်လာမှာပါ.. ဒီမှာလဲ ကျွန်တော် Sound Type တွေကို အနီရောင်နဲ့ ပြပေးထားပါတယ်.. ဒီအောက်ကပုံမှာ Speaker က VIA High Defination Audio ကိုရွေးထားတာ တွေ့ရပါလိမ့်မယ်.. ဘာလို့အဲ့ဒီကောင်ကို ရွေးထားရသလဲဆိုတော့ အပေါ်က ပုံမှာပြန်ကြည့်လိုက်ပါ.. အပေါ်မှာ ကျွန်တော်ပြောခဲ့ပါတယ် .. အခုကျွန်တော့် စက်မှာသုံးနေတဲ့ Sound Type က VIA High Defination Audio ဖြစ်ပါတယ်.. အဲ့ဒီအတွက် ဒီမှာလဲ VIA High Defination Audio ကိုရွေးပေးထားတာပါ .. တကယ်လို့သာ ကျွန်တော်တို့က VIA High Defination Audio ကိုရွေးမပေးပဲနဲ့ Speaker ချင်းအတူတူ SB Audigy ကိုရွေးပေးလိုက်မယ်ဆိုရင် ဘာသံမထွက်မှာမဟုတ်ပါဘူး.. ကျွန်တော်တို့က အပေါ်ကပုံမှာလို Sound Option မှာသွားကြည့်တဲ့အခါ SB Audigy ကိုရွေးပေးထားတာ ဆိုရင်တော့ အခုဒီပုံမှာလဲ SB Audigy ကိုပဲရွေးပေး ရမှာဖြစ်ပါတယ်.. ဒါမှ မိမိတို့ကွန်ပျူတာက အသံက အပြင်ကိုထွက်လာမှာဖြစ်ပါတယ်.. တကယ်လို့ ကျွန်တော်တို့က Realtek ကိုသုံးထားတယ်ဆိုရင်လဲ ဒီနေရာမှာ Realtek ကိုရှာပြီး ရွေးပေးလိုက် ယုံပါပဲ..

အပေါ်မှာ ရှင်းပြခဲ့သလို မိမိတို့ အသုံးပြုထားတဲ့ Sound Type ကိုသိပြီဆိုရင်တော့ G-Talk ကိုဖွင့်လိုက်ပါ.. ပြီးရင် Setting ကိုသွားလိုက်ပါ.. ဒီနေရာမှာတစ်ခုပြောချင်တာက ဘာ Error မှမတက်ရင် သက်သက်ကြီး လိုက်ပြောင်းပေးစရာမလိုပါဘူး.. ကျွန်တော်အပေါ်မှာပြောခဲ့သလို ကိုယ်ပြောတာကိုကြား ရပြီး သူပြောတာကို မကြားရတာ ပဲဖြစ်ဖြစ် Error တစ်ခုခုကြုံ လာမှသာ ပြောင်းပေးရမှာဖြစ်ပါတယ်..
အပေါ်ကပုံအတိုင်း Input - microphone or headset မှာ မိမိတို့အသုံးပြုတဲ့ Sound Type ကိုရွေးပြီးပြောင်းပေး လိုက်ပါ..ပြီးရင် OK ပေးလိုက်ယုံပါပဲ.. ဒါဆိုရင် အဆင်ပြေသွားပါလိမ့်မယ်.. ဒီလောက်ဆိုရင်တော့ အားလုံးပဲ သဘောပေါက် သွားလိမ့်မယ်လို့ ထင်ပါတယ်..
အားလုံးပဲအဆင်ပြေကြပါစေ.. ကျေးဇူးတင်ပါတယ်ခင်ဗျာ..