22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, September 13, 2012

သျှမ်းပြည်တပ်မတော်၏ အဖမ်းခံရသူများ ၀ တပ်ဖွဲ့မလွတ်ပေးသေး (ဆက်သွယ်မေးမြန်းချက်)

သျှမ်းပြည်တပ်မတော်၏ တပ်သားများနှင့်အတူ ဒေသခံလူထုအချို့အား ဝ တပ်ဖွဲ့မှဖမ်းဆီးထိန်းသိမ်းထားသည်မှာ လဝက် ခန့်ရှိပြီဖြစ်သော်လည်း ပြန်လွှတ်ပေးခြင်းမရှိသေးဟု သိရပါသည်။  အဆိုပါအဖမ်းခံရသူများ လွှတ်မြောက်ရေးအတွက် သျှမ်းပြည်တပ်မတော်မှ မည်သို့ကြိုးပမ်းနေသနည်း။ အကြောင်းစုံသိရအောင် သျှမ်းပြည်တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးလောင်ဆိုင်အား သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းထားပါသည်။
http://blog.sina.com.cn/burma မှ ဖော်ပြထားသော ဝ တပ်ဖွဲ့မှ ဖမ်းဆီးထားသော သျှမ်းပြည်တပ်မတော်သားများပုံ
http://blog.sina.com.cn/burma မှ ဖော်ပြထားသော ဝ တပ်ဖွဲ့မှ ဖမ်းဆီးထားသော သျှမ်းပြည်တပ်မတော်သားများပုံ

မေး။    ။ဝ ပြည်သွေးစည်းရေးတပ်မတော်က ဖမ်းဆီးထားတဲ့ သျှမ်းပြည်တပ်မတော်ရဲ့ တပ်သားတွေ ကိုပြန်လွှတ်ပြီလား။

ဖြေ။    ။ မလွှတ်သေးဘူးဗျ။ ဝ ဘက်က ၂ ကြိမ်လူလွှတ်လာတယ်။ ဆွေးနွေးဖို့ အတွက် ကိုယ်စား လှယ်လွှတ်ဖို့။ ကျနော်တို့ဘက်က မိုင်းဆတ်မှာရုံးထိုင်တဲ့အရာရှိတယောက်ကို လွှတ်လိုက်တယ်။ သူက တိုင်းရင်းသားနဲ့ ဗမာအာဏာပိုင်တွေကို ဆက်ဆံတဲ့လူပေါ့။ ကျနော်တို့ ၂ ကြိမ်လွှတ်တယ် ။ တကြိမ်မှ မဆွေးနွေးခဲ့ရဘူး။

မေး။။ဆွေးနွေးမှုမရှိခဲ့ဘူးဆိုတာ ဘာကြောင့်လဲ။ ရာထူး အဆင့်အတန်းသတ်မှတ်ထားတာကြောင့်လား။

ဖြေ။    ။ သူတို့က ရာထူး အဆင့်အတန်း သတ်မှတ်ထားတယ်လဲ မပြောဘူး။   ဘာကြောင့်မဆွေးနွေးခဲ့တာလဲဆိုတာကိုတော့ ကျနော် မသိရပါဘူး။

မေး။    ။သျှမ်းပြည်တပ်မတော်ရဲ့ ဗိုလ်စိုင်းခိုင်ကို ပန်ဆန်းမှာသွားလွှတ်လိုက်တယ်ဆိုတာ မှန်ပါသလား။

ဖြေ။    ။ ဘာမှမကြားရသေးဘူးဘဲ။

မေး။    ။အပစ်ရပ်ငြိမ်းချမ်းရေးဆွေးနွေးပြီးဆိုပေမယ့် မြန်မာစစ်တပ်နဲ့ တိုက်နေရသေးတယ်။ ၀ တပ်ဖွဲ့နဲ့လည်းဆက်ဆံရေး အခြေအနေက သိပ်မကောင်းဘူး။ ဒီပြဿနာဖြေရှင်းဖို့ သျှမ်းပြည်တပ်မတော်အနေနဲ့ ဘယ်ပေါ်လစီကိုသုံးမလဲ။

ဖြေ။    ။ အစိုးရနဲ့ဘဲဖြစ်ဖြစ် တိုင်းရင်းသားတွေနဲ့ဘဲဖြစ်ဖြစ် ဆက်ဆံတဲ့အခါမှာ ကျနော်တို့ က စည်းလုံးညီညွတ်ရေး၊ တွေ့ဆုံဆွေးနွေးရေးနဲ့ သဘောတူညီမှုရရှိရေး ဆိုတဲ့ပေါ်လစီကိုသုံးပါတယ်။ ဒါကြောင့်အခု ဖြစ်နေတဲ့ပြဿနာဟာ ဖြေရှင်းလို့ရတဲ့ပြဿနာဖြစ်ပါတယ်။  ဒီပြဿနာဖြေရှင်းနိုင်ဖို့ အတွက် ဖြေရှင်းချင်တဲ့ဆန္ဒရှိရမယ်။ ငြိမ်းချမ်းစွာတွေ့ဆုံဆွေး နွေးပြီးတော့ဖြေရှင်းသွားတာ အကောင်းဆုံးဘဲလို့မြင်ပါတယ်။ ဒါကြောင့် ကျနော်တို့ ဒီနည်းကိုဘဲသုံးသွားမှာဖြစ်ပါတယ်။

မေး။    ။အဖမ်းခံရတဲ့လူတွေပြန်လည်လွှတ်မြောက်နိုင်ဖို့အတွက် သျှမ်းပြည်တပ်မတော်အနေနဲ့ ဘယ်လို ပြင်ဆင်ထားသလဲ။

ဖြေ။    ။ ကျနော်ခုနပြောသလိုဘဲ ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးပြီး ဖြေရှင်းချင်တယ်။ ဒါကြောင့် ဝ တပ်မတော်ဘက်က ဘယ်လိုပြောလာမလဲဆိုတာ စောင့်ကြည့်နေပါတယ်။  သူတို့ဘက်က ဆန္ဒကိုသိရမှ ကျနော်တို့ လိုက်ပြီးလုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။

မေး။    ။ သျှမ်းပြည်က ပရိသတ်တွေက သျှမ်းသံတော်ဆင့်ကိုဆက်သွယ်မေးမြန်းလာတယ်။ သျှမ်းပြည်တပ်မတော်က အဖမ်းခံရတဲ့တပ်သားတွေလွှတ်မြောက်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်တဲ့ သတင်းမကြားမိဘူး တဲ့။  လူထုရဲ့ မျှော်လင့်ချက်အပေါ်  ဘယ်လိုတုန့်ပြန်ချင်ပါသလဲ။

ဖြေ။    ။ ဟုတ်ကဲ့။ ငြိမ်းချမ်းရေးနဲ့ဖြေရှင်းဖို့ဆိုတာ ကျနော်တို့ဘက်ကဘဲ လုပ်ချင်နေရုံနဲ့ မလုပ်နိုင်ပါ ဘူး။ သူ့ဘက်ကလည်း လုပ်ချင်တဲ့စိတ်ရှိမှပါ။ စည်းလုံးညီညွတ်ရေးဆိုတာလဲအတူတူဘဲ။ ဒါကြောင့် သူတို့ဘက်က ဘာဖြစ်ချင်လဲ ပြောဆိုလာမှ ဆက်လုပ်နိုင်ပါမယ်။ အရောင်းအဝယ်လုပ်တဲ့သဘောပါဘဲ။ ရောင်းချင်တဲ့လူက ဈေးခေါ်မယ်။ ဝယ်မယ့်လူကလဲ သူဘယ်လိုပစ္စည်းမျိုးနဲ့ ဘယ်လောက်တန်ဖိုးရှိ တဲ့ဟာမျိုး လိုချင်တယ်ပြောပြီးမှ အရောင်းအဝယ်လုပ်ဖြစ်မှာပါ။

မေး။    ။အဖမ်းခံရတဲ့လူ အမှန်ကဘယ်နှစ်ယောက်ရှိလဲခင်ဗျ။

ဖြေ။    ။ ၁၄ ယောက်ပါ။

မေး။    ။ဟုတ်ကဲ့။ လူထု ကိုဘယ်လို ပြောပြချင်ပါသလဲ။

ဖြေ။    ။ ကျနော်တို့တပ်ဖွဲ့နဲ့တပ်သားထုအပေါ် အလေးထားမှုကိုကျေးဇူးတင်ပါတယ်။ အကောင်းဆုံးဖြစ်အောင်ကျနော်တို့လုပ်သွားမယ်လို့ကတိပေးပါတယ်။

အဖမ်းခံရသည့် မိမိတပ်သားများ ပြန်လည်လွတ်မြောက်ဖို့အတွက် သျှမ်းပြည်တပ်မတော်ကတော့ ဝ တပ်ဖွဲ့ဘက်က ကမ်းလှမ်းပြောဆိုမှုကိုစောင့်နေကြောင်း  သျှမ်းပြည်တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးလောင်ဆိုင်ကပြောပါသည်။

ဂျူလိုင် ၃၀ ရက်က ချင်းမိုင်ခရိုင် ဖှန်မြို့နယ်နှင့်မျက်နှာချင်းဆိုင် လွယ်ဆမ်ဆစ်ပ်တွင်အခြေစိုက်သော သျှမ်းပြည် တပ် မတော် တပ်မဟာ ၇၂၇ က ၎င်းတို့ထံခိုလှုံနေသည့် ပြည်တွင်းစစ်ပြေးဒုက္ခသည်များအတွက် မိုင်းတုံမြို့နယ် ပုံတောင်း ဘက်၌ စိုက်ပျိုးရေးလုပ်ရာတွင်   ၀ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်က ၎င်းတို့ ထိန်းချုပ်နယ်မြေအား ကျူးကျော် လာသည်ဟုဆိုကာ သျှမ်းပြည်တပ်မတော်၏ တပ်သားတချို့ကို ဝ ပြည်သွေးစည်းရေးတပ်မတော်ကဖမ်းဆီးထားခဲ့သည်။ ကိုယ်စားလှယ်လွှတ်၍ဆွေးနွေးရန် ဝ ဘက်မှတောင်းဆိုသည့်အတိုင်း သျှမ်းတပ်ဖွဲ့ကလွှတ်ပေးသော်လည်း ဆွေးနွေးမှုမရှိဘဲ တပ်သား ၁၄ ဦးမှာ ယနေ့တိုင် အဖမ်းခံထားရဆဲဖြစ်သည်။

ညိုအုန်းမြင့်ရဲ့ မြန်မာပြည် ခရီးစဉ်

မေသင်္ကြန်ဟိန်(မြစ်မခ)

စက်တင်ဘာ ၁၂၊ ရန်ကုန်မြို့။

မိုးသီးဇွန်ရဲ့ သတင်းစာရှင်းလင်းပွဲကို ရောက်ပြီးတဲ့နောက်၊ ဒေါက်တာနိုင်အောင်နဲ့ အင်တာဗျူးပြီးတဲ့နောက်မှာ မြောက်ပိုင်းကိစ္စအတွက် ကျမ ဆက်မေးမှ ရတော့မယ်ဆိုတာ နားလည်ခဲ့ပါတယ်။

 အထူးသဖြင့် မြောက်ပိုင်းကိစ္စတွေကို အနီးစပ်ဆုံးသိနိုင်တဲ့သူတွေကို အဓိကထားပြီး ဆက်သွယ်မေးမြန်းမယ်လို့ စဉ်းစားခဲ့ပါတယ်။ အဲဒီအချိန်မှာ ကိုညိုအုန်းမြင့်နဲ့ တွေ့ခွင့်ရဖို့ အမ တယောက်ရဲ့ အကူအညီနဲ့ ကျမ ကြိုးစားခဲ့ပါတယ်။

ကိုညိုအုန်းမြင့်ရဲ့ အမေအိမ်ကို ကျမတို့မြစ်မခ သတင်းထောက် ကျော်ဇင်မန်းရယ်၊ ငြိမ်းချမ်းရယ် နံနက် ၉နာရီ မထိုးမီမှာပဲ ထွက်လာခဲ့ကြတယ်။

မိုးဖွဲဖွဲတွေကျနေတဲ့ အချိန် FMI City ရောက်တော့ ခြံဝင်းဝက  ခေါင်းလောင်းလေးကို ကျမ ခပ်လှုပ်လိုက်တယ်။

အပြာစင်းတွေပါတဲ့ ရှပ်အကျီာင်္လက်ရှည်နဲ့ ဂျင်းဘောင်ဘီအပြာရောင် တွဲဝတ်ထားတဲ့ ခပ်၀၀နဲ့ အမျိုးသားတဦးက ပြေးလာပြီး ခြံဝင်းတံခါးကို လာဖွင့်ပေးတယ်။

အဲဒီလူဟာ အများက ညိုညိုလို့ ခေါ်တဲ့ ကိုညိုအုန်းမြင့်ပါပဲ။ ဆံပင်တိုတို၊ ရှပ်အကျီာင်္အဖြူပေါ်မှာ အပြာစင်းကို တံတောင်ဆစ်နားထိ မရောက်တရောက်ခေါက်တင် ၀တ်ထားတဲ့ သူက ကျမကို ပြုံးပြနှုတ်ဆက်ပါတယ်။

`“facebook ထဲမှာတော့ တွေ့ဖူးတယ်၊ လူချင်းတော့ ခုမှ တွေ့ဖူးတယ်“လို့ ကိုညိုအုန်းမြင့်က ပြုံးရင်း ပြောပါတယ်။

ကျမကလည်း ကိုညိုအုန်းမြင့်တို့ မြန်မာပြည်ကို ပြန်လာတဲ့နေ့က ကျမတို့မြစ်မခသတင်းထောက်တွေ သွားသတင်းယူရင်း ဗီဒီယိုရိုက်ထားခဲ့ကြောင်း၊ ဗီဒီယိုထဲမှာတော့တွေ့ဖူးပေမဲ့ ခုမှ အပြင်မှာတွေ့ဖူးကြောင်း ပြောရင်း နှုတ်ဆက်ကြပါတယ်။

ဧည့်ခန်းထဲမှာ ၀င်ထိုင်ပြီးတော့ ကျမအနေနဲ့ မေးချင်တဲ့ သိချင်တဲ့ အကြောင်းတွေပြောပြရင်း ဗီဒီယိုမှတ်တမ်းယူဖို့ကိုလည်း ခွင့်တောင်းပါတယ်။

အပြင်မှာ မိုးအုံ့နေတဲ့အတွက် အိမ်ခန်းထဲမှာ ဗီဒီယိုရိုက်ရလောက်အောင် အလင်းရောင် မကောင်းပါဘူး။  ကိုညိုအုန်းမြင့်က အလင်းရောင်ရအောင် မီးတွေလိုက်ဖွင့်ပေးတယ်၊ အသံလုံအောင်လည်း ဖွင့်ထားတဲ့ ပြတင်းပေါက်တွေကို ကိုယ်တိုင်ထပြီး ပိတ်ပေးတယ်။


မေး။ ။ အကိုရဲ့ နိုင်ငံရေးBackgroundလေးကပဲစပြီးမေးပါရစေ ဆိုတဲ့ မေးခွန်းနဲ့ ကျမစပြီး အင်တာဗျူးလုပ်ပါတယ်။

ဖြေ။ ။၁၉၈၈တုန်းက ကျနော် ကရန်ကုန်တက္ကသိုလ်လ်၊ သမိုင်းဋ္ဌာနက ဆရာပါ၊ နည်းပြဆရာပါ။ ပင်မပေါ့။ အရေးအခင်းဖြစ်တဲ့အခါကြတော့ အဲဒီတုန်းက  ဘာခေါ်မလဲ ဆရာသမဂ္ဂလည်း ပါတယ်ပေါ့။ ဒေါ်အောင်ဆန်းစုကြည်ဆီကိုလည်း ရောက်ပါတယ်။ အဲဒီတုန်းကNLD ပါတီ မရှိသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ကိုဝိုင်းလုပ်ပေးရင်းနဲ့ NLDပါတီထောင်တဲ့အခါကြ ဗဟိုကော်မတီလုပ်ပါတယ် ။ နောက် ဗဟိုလူငယ်ဆိုပြီးတော့ တနလာရီတိုင်း ကိုင်ပါတယ်။ ဒါပေမဲ့သိပ်အဖမ်းးအဆီးများလာတယ်။  နောက်တခါ ကျနော်ရဲ့ယုံကြည်ချက်ကပြည်ပမှာရှိနေတဲ့နယ်းစပ်မှာရှိနေတဲ့လက်နက်ကိုင်တိုက်နေကြတဲ့ တိုင်းရင်းသားတွေနဲ့ ဒီဘက်က ဒီမိုကရေစီအင်အားစုနဲ့ကြားထဲမှာက အဆက်ပြတ်နေတယ်။

အဲဒီတုန်းက စစ်အစိုးရကို တော်လှန်တဲ့အချိန်မှာ ကျနော့်ရဲ့ ဆုံးဖြတ်ချက်က တိုင်းရင်းသားတွေနဲ့ ပိုပြီးတော့ ရင်းရင်းနှီးနှီးရှိချင်တယ်။ နောက် အဲဒီတုန်းက ABFDS ရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုက အင်မတန်အရေးကြီးတယ်လို့ ကျနော်တို့ယူဆခဲ့တာပေါ့နော် အဲဒီတုန်းက စခဲ့တာပါ။

အရင်တုန်းကတော့ ကျနော် နိုင်ငံရေးလှုပ်ရှားမှု ဘာမှ မရှိဘူး၊ အတွေ့အကြုံလည်း မရှိဘူး၊ နိုင်ငံရေး မိသားစုကလည်း ပေါက်ဖွားလာတာ မရှိဘူး။အမေရော အဖေရောက အစိုးရ၀န်ထမ်းတွေပါ။ ဒါပေမဲ့ လုပ်သင့်လုပ်ထိုက်တယ် ထင်လို့ ကျနော်ပါလာခဲ့တာပါ။ အဲဒါကတော့ ကျနော့်အယူအဆပေါ့။

ခပ်ဖြေးဖြေး အေးအေးနဲ့စကားကို ပီပီသသနဲ့ ပြောတတ်ပေမဲ့ တခါတရံမှာတော့ စကားသံလုံးနေတတ်တာ  သတိထားမိပါတယ်။

မေး။ ။အကိုတို့က ၈၈ ပြီးတော့၊တောခိုတဲ့ နေရာမှာ ဘယ်ဘက်ကို ထွက်ခဲ့တာပါလဲရှင့်။
ဖြေ။ ။ကျနော်က ၈၈ မှာ မထွက်ပါဘူး ခင်ဗျာ၊ ၈၉ မှာ ထွက်တာပါ။ ကျနော်အရင်တုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ် ၊ အရင်တုန်းက သူ့ရဲ့ ပြောရေး ဆိုခွင့်ရှိသူပေါ့နော်။ ရုံးအဖွဲ့တွေ မလုပ်ခင်ကပေါ့၊နောက်ပိုင်းတော့ လူငယ်တာဝန်ခံဖြစ်ပြီးတော့ တနင်္သာရီတိုင်း တာဝန်ခံဖြစ်တဲ့အတွက် ကျနော်သော့ကောင်းကနေ တောခိုခဲ့တာပါ။ ဟိုဘက်ကမ်းပဲ ဖြစ်မယ်ပေါ့နော်၊ ရနောင်းကို ဖြတ်ပြီးတော့ ကျနော် မနယ်ပလောရောက်ပါတယ်။

မေး။ ။ အကိုကလေ ဒေါ်အောင်ဆန်းစုကြည်နားမှာ နေခွင့်ရခဲ့တယ်ဆိုတော့လေ ဘာကြောင့်တောခိုဖြစ်ခဲ့တာပါလဲ။

ဖြေ။ ။ ဘာကြောင့်တောခိုဖြစ်တာလဲ ဆိုတော့လေ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အကြမ်းမဖက်တဲ့ လမ်းစဉ်ပေါ့နော်။ ဒါပေမဲ့ ရှင်းရှင်းပြောရရင် ကျနော်ရဲ့ ယုံကြည်ချက်က ဖိအားဆိုတာက တခုတည်းဖိလို့မရဘူးပေါ့နော်။ အဲတော့ ကျနော်တို့က နဂိုတည်းကနေပြီးတော့ ကျနော်တို့မှာ Unity လိုတယ်၊  Unity ကလည်း ညီညွှတ်မှသာ အားရှိမှာပေါ့နော်။ အဲတော့ ဒါပေမဲ့ ကျနော်က ဖောက်ခွဲတာတို့ လက်နက်နဲ့ တိုက်တာတို့ ၀ါသနာမပါဘူး။ ဒီဘက်မှာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်တွေ တော်တော်များများလည်း ကျနော်လိုက်ဖူးတယ်လေ၊ အဲဒီအချိန်တုန်းက တပ်ကလည်း တော်တော်ဆိုးတယ်၊ အဲဒီအချိန်မှာ ကျနော် Co-operate လုပ်ပေးနိုင်ရင် ဖိအားတွေ တူမယ်၊ အသံတွေ တူမယ်၊ ကျနော်တို့ညီညွှတ်မယ်ဆိုရင် သူတို့ ဒေါ်အောင်ဆန်းစုကြည်ကို စကားပြောမယ်။ ညှိုနှိုင်းမယ်ပေါ့နော် အဲဒီအချိန်တုန်းက အဲလိုလေး စဉ်းစားတာ။

မေး။ ။အကိုက သမိုင်းဆရာလည်းဖြစ်တယ် ၁၉၈၉မှာလည်း တောခိုခဲ့တော့ လက်နက်ကိုင်ပြီး တိုက်ပွဲဝင်တဲ့ အဖွဲ့တွေနဲ့ရော သဟဇာတ ဖြစ်ပါသလားရှင့်။

ဖြေ။ ။ကျနော်ကတော့ လက်နက်ကိုင်ပြီး တိုက်ပွဲတော့ မ၀င်ခဲ့ပါဘူး။ ABSDF လည်း ကျနော် မလုပ်ပါဘူး။ ဒါပေမဲ့ အဲဒီအချိန်က ABSDF ခေါင်းဆောင်တွေပေါ့နော် ဒေါက်တာနိုင်အောင် ဆိုရင်လည်း ငယ်ငယ်တည်းက ကျောင်းနေဖက်၊ ဒါပေမဲ့ သူက တတန်းကြီးပါတယ်။ ကိုမိုးသီးကလည်း ဒီဘက်မှာ သိသွားတယ်ပေါ့နော်။  သိသွားတော့  ကျနော်တို့ရဲ့ စိုးရိမ်ချက်က အဲဒီအချိန်တုန်းကလည်း ကိုမိုးသီးက NLD ပေါ်မှာ အမြင်သဘောထားတွေ မရှင်းခဲ့ဖူးပေါ့နော်။ မရှင်းခဲ့တော့ ကျနော်တို့အနေနဲ့ မှားသွားမဲ့ သတင်းစကား စိုးရိမ်တယ်၊နောက်တခုက အဲဒီအချိန်က ကိုသန်းလွင်ထွန်းပေါ့နော်၊ သူတို့ကလည်း ရှိနေတယ်။ အဲဒီတော့ ကျနော်တို့ပူးပေါင်းပြီးတော့ နည်းလမ်းတခုပေါ့နော်။ ကျနော်တို့ စကတည်းက တွေ့ဆုံဆွေးနွေးရေးပါ။  ကျနော်က လက်နက်မကိုင်ဘူး။ ကျနော်က ပြည်တွင်းက NLD နဲ့ ပြည်ပမှာ ရှိနေတဲ့ အင်အားစုတွေကြားထဲမှာ ဆက်သွယ်ပေးတဲ့ လူတယောက်အနေနဲ့ ကျနော် နေခဲ့ပါတယ်။

မေး။ ။ ကျမအနေနဲ့ ရှေ့က အကိုတို့ရဲ့ သမိုင်းတွေကို သေချာမသိပါဘူး၊ခုလို အချိန်ရောက်မှ အကိုတို့ရဲ့ နောက်ခံသမိုင်းကြောင်းတွေကို ကမန်းကတမ်းလိုက်ပြီးလေ့လာရတဲ့ အနေအထားဖြစ်နေပါတယ်။ အဲဒါကြောင့်ကျမကို ပြည့်ပြည့်စုံစုံလေး ပြောပေးပါနော်။ ကျမ အနေနဲ့ကလေ အကို့ကို NLD (LA) ကလို့ သိထားပါတယ်၊ ABSDF နဲ့က ဘယ်လို ပါဝင် ပတ်သက်နေသလဲ ဆိုတာလည်း ဆက်စပ်လို့မရဘူးဖြစ်နေတယ်။

ဖြေ။ ။ ဟုတ်ကဲ့ ဒီလိုပါ ခင်ဗျ၊ ကျနော် ဒီဘက်ကို တောခိုလာတဲ့အခါကျတော့ DAB ဆိုတာ ဒီမိုခရက်တစ် တပ်ပေါင်းစု တခုပါ။ အဲဒီတုန်းကတော့ အကြီးဆုံးပါ။  မာနယ်ပလောမှာ အခြေစိုက်ပါတယ်။ အဲတော့ ကျနော်တို့ရဲ့ ယုံကြည်ချက်က အကြမ်းမဖက်တဲ့နည်း၊ ဒေါ်အောင်ဆန်းစုကြည် နည်းပဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်အခါတုန်းကမှ အကြမ်း မဖက်ခဲ့သလို၊ တပ်မတော်ပြိုကွဲအောင်လည်း သူဘယ်တုန်းကမှ မစဉ်းစားဘူးပေါ့နော်။ အချို့လူတွေ ရှိတယ်၊ လာပြောကြတဲ့ လူတွေ ရှိတယ်။ ဒါပေမဲ့ သူက ယုံကြည်တာက တပ်ကွဲတာ တိုင်းပြည်ပျက်တာပဲလေ။ တိုင်းပြည်ပျက်တဲ့ နည်းက တပ်ကွဲတဲ့နည်းပဲ၊ သူက ဒါကို မဖြစ်စေချင်ဘူး။ အဖြစ်စေရဘူးဆိုတော့ သူ့ရဲ့ သဘောထားကို ဟိုဘက်က လက်နက် ကိုင်တဲ့သူတွေ နားလည်အောင်လည်း ရှင်းပြဖို့လိုတယ်လို့ ကျနော် ထင်တယ်လေ။ ဒါတွေအားလုံးကို ဒေါ်အောင်ဆန်းစုကြည် ခိုင်းတာ မဟုတ်ဘူး။ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှု နောက်ကို လိုက်ရတဲ့ အခါကျတော့ သူတို့ရဲသဘောထားကို ဟိုဘက်မှာ လုပ်ပေးဖို့ပေါ့။

အဲဒီအချိန်မှာ ကျောင်းသားက လေးခု ရှိပါတယ်။ ကိုမင်းကိုနိုင်တို့၊ ကိုကိုကြီးတို့၊ ကိုဋ္ဌေးကြွယ်တို့ ကိုမင်းဇေယျာတို့နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကြားထဲမှာ ကျနော်ရယ် ဦးထွေးမြင့်ရယ်က သွားသွားပြီး စကားပြောရတယ်။  အဲဒီအချိန်မှာ ကျောင်းသားရပ်နေတာက မြေပေါ်မှာ ဆိုရင် လူ့ဘောင်သစ်ပါတီအနေနဲ့ ရပ်မယ်၊ ကျောင်းသားသမဂ္ဂတရားဝင် မဖွဲ့အခြင်း မြေအောက်မှာ ကျောင်းသားသမဂ္ဂနဲ့ ရပ်မယ်၊ ပြီးတော့ ကျနော်တို့ တိုင်းပြည်မှာ လက်နက်ကိုင်ပြီးတော့ လမ်းစဉ်ကလွဲပြီး ဘာမှ မရှိတော့ပါဘူးဆိုတဲ့ ယုံကြည်တဲ့ လမ်းစဉ်နဲ့ နောက်တခါ မြို့မှာနေရင် အဖမ်းခံရမယ်ဆိုတာကို စဉ်းစားခဲ့တဲ့ သူတွေပေါ့။ အဲဒီတုန်းက တောခိုခဲ့တာက ထိုင်းမြန်မာ နယ်စပ်တခုတည်းတင် လူ သုံးသောင်းလောက်ရှိပါတယ်။ကြောက်လန့်ပြီးတော့ ပြေးခဲ့ကြတာ၊ ကျနော်တို့ တိုင်းပြည်ကလည်း တကယ့်ကို ဦးနေ၀င်းလက်ထပ်တုန်းက အင်မတန် ကြောက်ရတာ ပေါ့နော်။ ထောက်လှမ်းရေး လာပြီ တံခါးခေါက်ပြီဆိုရင် ညဆိုရင် အိပ်လို့ရတဲ့ နေရာမဟုတ်ဘူး။ အဲဒီတော့ အဲလို လူမျိုးတွေ ပြေးကြတဲ့အခါမှာ ဖရိုဖရဲဖြစ်နေတဲ့ ဒီအင်အားစုတွေက ABSDF ဖြစ်လာတယ်။  ABSDF ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ခိုးပြီးတော့ စာပို့ပါတယ်။ ဒါကြောင့်လည်း ၁၉၈၉ မှာ နေအိမ်အကျဉ်းချခံရတာလည်း ဒါကို စွဲချက်တင်ခံရတာပေါ့။ ဆိုတော့ ဘာပဲပြောပြော ABSDF က တကယ့်တကယ် လက်နက်ကိုင်ချင်လို့တော့ မဟုတ်ဘူး။ ကျန်တဲ့လမ်း ရွေးစရာမရှိတော့လို့။ ၁၉၈၈ ကိုဖုန်းမော်ကစပြီးတော့ မြို့ပေါ်မှာ ပစ်ဟယ် ခတ်ဟယ်နဲ့ဖြစ်ခဲ့ပါတယ်။

အဲလိုပြောရင်း အိမ်အပြင်ကနေ ကြောင်တကောင်အော်နေသံကြားလို့ အသံဖမ်းရာမှာ အနှောက်အယှက်ဖြစ်တယ်လို့ ထင်တဲ့ ကိုညိုအုန်းမြင့်က ထပြီး ကြောင်ကို မောင်းရင်း တံခါးသွားပိတ်ပါတယ်။

မေး။ ။အဲဒီအချိန်တုန်းက ABSDF အဖွဲ့အနေနဲ့တောခိုကျောင်းသားတွေနဲ့ ဖွဲ့စည်းခဲ့တယ်ပေါ့နော်၊ နောက် အကိုက တောခိုပြီးတော့ ABSDF နဲ့ ဘယ်လိုပုံစံမျိုးနဲ့ ပတ်သက်ခဲ့လဲဆိုတာပေါ့ သမိုင်းကြောင်းကို နည်းနည်းရှင်းအောင်ထပ်ပြောပေးပါဦး။

ဖြေ။ ။ဟုတ်ကဲ့ ABSDF ရဲ့ အနေအထားပေါ့ပြီးတော့ကျနော် စိုးရိမ်တာက ကျနော်က သမိုင်းဆရာလည်းဖြစ်ခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သခင်သန်းထွန်းရဲ့ အခန်းကဏ္ဍပေါ့နော်။ အဲလို အခန်းကဏ္ဍတွေမှာ ကျနော့်အနေနဲ့ သမိုင်းတပတ်လည်မှာလည်း စိုးရိမ်မိတယ်။ စိုးရိမ်ခဲ့တယ်ဆိုတော့ ဒီမိုကရေစီကို ကျနော်တို့ လုပ်ကြပါတယ်။  နောက်ပိုင်းမှာတော့ အာဏာတွေ့လာတဲ့အခါကျတော့ ခွဲပြားလာတာတွေ ဖြစ်လာတယ်ပေါ့နော်။ ကျနော်တို့က ကြိုပြီးတော့ နည်းနည်း Moderate ဖြစ်တဲ့ အတွေးအခေါ်ရှိတဲ့ သူတွေနဲ့ မော်နီတာ လုပ်ဖို့ပေါ့နော်။ဒါပေမဲ့ အဲဒီအချိန်မှာ ABSDF ဟာကလည်း သူတလူ ငါတမင်းဖြစ်ခဲ့တယ်။ အဲတော့ အဲဒီလို သူတလူငါတမင်းဖြစ်တဲ့ ပြဿနာတွေကို ကျနော်တို့က နေပြီးတော့ အတတ်နိုင်ဆုံး ဘယ်လိုဖြေရှင်းမလဲပေါ့နော်။ အဲဒီအချိန်မှာ ကျနော်တို့က မာနယ်ပလောမှာ အားလုံးစုံကြတယ်။ အဓိကကတော့ ABSDF နဲ့စာရင် ကျနော်တို့က တိုင်းရင်းသား တွေရဲ့ ပင်လုံစိတ်ဓါတ်တွေ ဘာတွေပေါ်မှာ နားလည်မှု မလွဲစေချင်ဘူး။ ကျနော်တို့မှာ အဆက်အသွယ်လည်း မရှိဘူး။ ၁၇(၁) လည်း ကြောက်ရတယ်။ အကုန်လုံးဖြစ်နေတယ်ဆိုတော့ ကျနော်တို့ တောခိုရတဲ့ အကြောင်းရင်းက ကျနော်တို့ ဟိုကိုသွားပြီးတော့ NLD ရဲ့ သဘောထားတွေကိုပေါ့နော် ပြောမယ်ပေါ့။ အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ်အနေဆုံးက ကျနော်ဖြစ်တယ်။ ဖြစ်နေတယ် ဆိုတော့ အဲဒါလေးကို ၀ိုင်းပြီးတော့ ကျနော်လုပ်ပေးချင်တယ်။ အဲဒီလို စဉ်းစားခဲ့တာဖြစ်တယ်။

မေး။ ။အဲဒီလို တောခိုပြီးတဲ့နောက်ပိုင်းမှာရော ဒေါ်အောင်ဆန်းစုကြည်နဲ့ အဆက်အသွယ်ရခဲ့ပါသေးလား။

ဖြေ။ ။သူနဲ့ တိုက်ရိုက်တော့ ကျနော် မရတော့ဘူးခင်ဗျာ၊မရတော့ဘူးဆိုတာကလည်း ၁၉၈၉မှာ နေအိမ်အကျဉ်းကျပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း တော်တော်သတိထားသွားပုံရပါတယ်။ နောက်နဂိုကတည်းက လက်နက်ကိုင်လမ်းစဉ်ကို သူလုံးဝ မယုံဘူး။ ဒါပေမဲ့လည်း တိုင်းရင်းသားတွေအပေါ်မှာ လုပ်ပေးရမယ်ဆိုတာကို နားလည်တယ်။

မေး။ ။အကိုက နောက်ပိုင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အဆက်အသွယ်မရတော့ဘူးဆိုတော့ နိုင်ငံရေးလုပ်တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားဖြစ်လိမ့်မယ်လို့ ရိပ်ဖမ်းသံဖမ်းနဲ့ လုပ်နေရသလို ဖြစ်နေတာပေါ့။

ဖြေ။ ။ပြောနိုင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရက် ၂၀၀ လောက်တော့ အနီးကပ်နေဖူးတယ်ဆိုတော့ မူတွေကတော့ အကုန်သိထားပြီးသားဖြစ်နေတာပေါ့။ ဥပမာ ဗိုလ်ချုပ်ကြီး စောဗိုမြနဲ့တွေ့တော့ သူတို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို သတင်းထဲမှာပဲ ကြားရတယ်ပြောတယ်။ ဒေါ်အောင်ဆန်းစုကြည်နားက အနီးကပ်လူလာတယ်ဆိုတော့သူတို့ပိုပြီး အားတတ်တာပေါ့။ အဓိကကတော့ တိုင်းရင်းသား တွေ ခွဲထွက်တာတို့ ဘာတို့ပေါ၊ အဲဒါတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သိချင်ခဲ့တဲ့ ဟာတွေပဲ။ အဲလိုဟာမျိုးတွေတော့ ကျနော့်အနေနဲ့ ဆက်စပ်ပေးသလိုဖြစ်ခဲ့တာပေါ့နော်။ အဲတော့ ရိုးရိုးသားသားပြောရမယ်ဆိုရင် သူနောက်ပိုင်း ဘာစဉ်းစားတယ်ဆိုတာတော့ ကျနော်တို့ မသိတော့ဘူး။ ဒါပေမဲ့ အကြံဥာဏ်ကတော့ ပေးလို့ရပါတယ်။ ဥပမာဖြင့် ဒေါ်အောင်ဆန်းစုကြည်ကိုသွားတွေ့ခဲ့တဲ့ အမေရိကားက လွှတ်တော်အမတ်ပေါ့နော် သူသွားတွေ့ခါနီးကို ကျနော်တို့ကို ခေါ်တွေ့တာတို့ပေါ့နော်၊ အဲလိုမျိုးတွေ ရှိခဲ့ပါတယ်။ 

ကျနော် ဘယ်လောက်ထိလဲ ဆိုတော့ ၁၉၉၅ မှာ စီးပွားရေးပိတ်ဆို့မှု လုပ်တာက ဘယ်သူ့အတွက်မှ အကျိုးမရှိဘူးဆိုပြီး စာတမ်းတွေ ရေးခဲ့တဲ့အတွက် ဒီနေ့ ကျနော် NLD ကိုတော့ ပြန်ဖို့ တော်တော်လေးခက်တယ်ပေါ့နော်။ အဲဒီမှာ ကျနော်တို့ အတွေးအခေါ် နည်းနည်းလေး ကွဲသွားတဲ့ သဘောရှိပါတယ်။

မေး။ ဒါဆို အကိုက ABSDF အဖွဲ့နဲ့ ပတ်သက်မှု မရှိဘူးသီးခြားဖြစ်နေတယ်ဆိုတဲ့ သဘောရှိတာပေါ့နော်။

ဖြေ။ ဟုတ်ကဲ့၊ ဟုတ်ပါတယ်။

မေး။ဒါဆိုကျမ တခုလောက်မေးချင်ပါတယ်။ ၁၉၉၂ ခုနှစ်ပြည်ထောင်စုနေ့မှာ ABSDF မြောက်ပိုင်းက AB ကျောင်းသားတွေကိုပဲ သံသယစိတ်နဲ့ သတ်ပစ်ခဲ့တယ်ဆိုတာကိုတော့ အကို ကြားခဲ့ဖူးပါသလားရှင့်။

ဖြေ။ ဟုတ်ကဲ့ပါ။

မေး။ အဲဒါကို ဘယ်လိုကြားခဲ့တာပါလဲရှင့်။
ဖြေ။ အဲဒီတုန်းက သမိုင်းမှာ အင်မတန်မှ ဆိုးဝါးခဲ့ပါတယ်။ ဒါက ကချင်ဘက်တင် ဖြစ်တာမဟုတ်ဘူး။ တယောက်နဲ့ တယောက်ယုံကြည်မှု မရှိဘူး၊ နောက်တခါ အင်မတန်နုနယ်တယ်၊ ကျနော်တို့ လူမျိုးတွေ အင်မတန်ကြောက်စရာကောင်းတယ်။ မြန်မာလူမျိုးရဲ့ အားနည်းချက်က တယောက်နဲ့ တယောက်ချောက်တွန်းကြတာပေါ့နော်…

ရှေ့ဆက်ဖော်ပြပေးပါမည်။
မိတ်ဆွေများအားလုံးကို လေးစားခင်မင်လျက်ပါ

မေသင်္ကြန်ဟိန်(မြစ်မခ)

Friday, August 24, 2012

အာရှ ဖွံ့ဖြိုးရေးဘဏ် သတင်းစာ ရှင်းလင်းပွဲ


သြဂုတ်လ ၁ ရက်နေ့က အင်းယားလိပ် ဟိုတယ်မှာ ရုံးဖွင့်ခဲ့တဲ့ အာရှ ဖွံ့ဖြိုးရေးဘဏ် ADB အနေနဲ့ မြန်မာနိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းတွေမှာ
ပါဝင် ကူညီဖို့ အစီအစဉ်တွေနဲ့ ပတ်သက်လို့ သြဂုတ်လ ၂၁ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲတစ်ခု ပြုလုပ် ခဲ့ပါတယ်။ ( ADB ) အနေနဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုး
တိုးတက်ရေးအတွက် ဒီနှစ်ကနေ စတင်ပြီး ကဏ္ဍပေါင်းစုံ လုပ်ငန်းတွေကို လေ့လာပြီး အစိုးရနဲ့ တိုက်ရိုက်ဖြစ်စေ၊ လူမှုအသင်းအဖွဲ့တွေမှ တစ်ဆင့်ဖြစ်စေ
ဆက်သွယ်ပြီး ပံ့ပိုး ကူညီပေးသွားဖို့ အစီအစဉ်ရှိကြောင်း အာရှ ဖွံ့ဖြိုးရေးဘဏ်မှ Puta.Mr. Kamayana ကပြောဆို သွားခဲ့ပါတယ်။ ၎င်း ပူးပေါင်းကူညီရာမှာ
ကျေးလက်ဒေသတွေ စစ်မက်ဖြစ်ပွားနေတဲ့ နေရာတွေကို ပထမဦးဆုံး အနေနဲ့ ပြုပြင်ပြောင်းလဲဖို့ လိုအပ်ကြောင်းနဲ့ ADB အနေနဲ့ နည်းပညာအရ ဖြစ်စေ၊
capacity building သင်တန်းပေးခြင်း ဖြစ်စေ လိုအပ်တဲ့ ကဏ္ဍတွေမှာ ကူညီပံ့ပိုးသွားဖို့ အစီအစဉ်ရှိကြောင်း ပြောဆို ခဲ့ပါတယ်။ ဒီသတင်းစာ ရှင်းလင်းပွဲကို
ပြည်တွင်း ပြည်ပ သတင်းမီဒီယာ ၃၀ လောက် တက်ရောက် ခဲ့ကြပါတယ်။
သြဂုတ်လ ၁ ရက်နေ့က အင်းယားလိပ် ဟိုတယ်မှာ ရုံးဖွင့်ခဲ့တဲ့ အာရှ ဖွံ့ဖြိုးရေးဘဏ် ADB အနေနဲ့ မြန်မာနိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းတွေမှာ
ပါဝင် ကူညီဖို့ အစီအစဉ်တွေနဲ့ ပတ်သက်လို့ သြဂုတ်လ ၂၁ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲတစ်ခု ပြုလုပ် ခဲ့ပါတယ်။ ( ADB ) အနေနဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုး
တိုးတက်ရေးအတွက် ဒီနှစ်ကနေ စတင်ပြီး ကဏ္ဍပေါင်းစုံ လုပ်ငန်းတွေကို လေ့လာပြီး အစိုးရနဲ့ တိုက်ရိုက်ဖြစ်စေ၊ လူမှုအသင်းအဖွဲ့တွေမှ တစ်ဆင့်ဖြစ်စေ
ဆက်သွယ်ပြီး ပံ့ပိုး ကူညီပေးသွားဖို့ အစီအစဉ်ရှိကြောင်း အာရှ ဖွံ့ဖြိုးရေးဘဏ်မှ Puta.Mr. Kamayana ကပြောဆို သွားခဲ့ပါတယ်။ ၎င်း ပူးပေါင်းကူညီရာမှာ
ကျေးလက်ဒေသတွေ စစ်မက်ဖြစ်ပွားနေတဲ့ နေရာတွေကို ပထမဦးဆုံး အနေနဲ့ ပြုပြင်ပြောင်းလဲဖို့ လိုအပ်ကြောင်းနဲ့ ADB အနေနဲ့ နည်းပညာအရ ဖြစ်စေ၊
capacity building သင်တန်းပေးခြင်း ဖြစ်စေ လိုအပ်တဲ့ ကဏ္ဍတွေမှာ ကူညီပံ့ပိုးသွားဖို့ အစီအစဉ်ရှိကြောင်း ပြောဆို ခဲ့ပါတယ်။ ဒီသတင်းစာ ရှင်းလင်းပွဲကို
ပြည်တွင်း ပြည်ပ သတင်းမီဒီယာ ၃၀ လောက် တက်ရောက် ခဲ့ကြပါတယ်။


Friday, August 17, 2012

သရုပ်ဆောင်၊ အဆိုတော် ချစ်သုဝေနှင့်အင်တာဗျူး




ဆရာဝန်တယောက်လည်းဖြစ်၊ သရုပ်ဆောင်အဆိုတော်လည်းဖြစ်တဲ့ ချစ်သုဝေဟာ ထရေဇာ လို့ သူမကိုသူမ ပြောတတ်တဲ့ ချစ်စရာ မြန်မာအမျိုးသမီးငယ်လေး တယောက်ဖြစ်ပါတယ်။ ဇတ်လမ်းတွေရိုက်နေရလို့ မအားလပ်တဲ့ကြားက အချိန်ပေးပြီး သူမရဲ့ လူငယ်ဘ၀ အသက်တာ ခံယူချက်နဲ့ ဘုရားသခင်အပေါ်မှာ ထားတဲ့ သူမရဲ့ ယုံကြည်ခြင်းအသက်တာ ဘ၀အားဖြင့် ကျမတို့ စာဖတ်သူ ပရိတ်သတ်များအတွက် တစ်ထောင့်တနေရာက ခွန်အားများ ရရှိစေဖို့ အတွက် ရည်ရွယ်ပြီး မှတ်တမ်းတင်ဖေါ်ပြလိုက်ပါတယ်။

မေး။  ။ မင်္ဂလာပါ ထရေဇာ။ ထရေဇာရဲ့ မိသားစုအကြောင်းနဲ့ မိတ်ဆက်ပေးပါအုံး။
ဖြေ။  ။ မင်္ဂလာပါ စစ္စတာရ်။ မိသားစုမှာဆိုရင် ထရောဇာက သမီးအငယ်၊ ဖေဖေက ဦးဇော်ဝမ်း၊ မေမေက ဒေါ်ဖီဖီ၊ ထရေဇာရဲ့ မမက မမ မာရင်းပါ။ ထရေဇာတို့ မိသားစုလေးမှာ မေမေက ခရစ်ယာန်။ ဖေဖေက ဗုဒ္ဒဘာသာပါ။  ထရီဇာတို့ ညီမနှစ်ယေက်စလုံးကတော့ ခရစ်ယာန်ဘာသာဝင်တွေပါ။

မေး။  ။ ထရေဇာက ဘုရားကျောင်းသွားတဲ့အခါ မိသားစုနဲ့ အတူ သွားတတ်တဲ့ အကျင့်လေး ရှိပါသလား။
ဖြေ။  .။ ဟုတ်ကဲ့။ မေမေရယ် ထရေဇာရတို့ ညီအစ်မနှစ်ယောက် ကတော့ တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းကို မပျက်မကွက် တက်ပါတယ်။ ထရေဇာ ခရီးသွားတဲ့ အခါတွေမှာ ကိုယ်ရောက်တဲ့နေရာမှာ ဘုရားကျောင်းကို မဖြစ်မနေ တတ်ဖို့ မေမေက အလေ့အကျင့်လေး လုပ်ပေးထားတယ်။ ဖေဖေကတော့ ဘုရားကျောင်းကို လိုက်ပို့ပါတယ်။



မေး။  ။ မိသားစုနဲ့ ဘုရားကျောင်း တက်ရတဲ့အခါ ထရေဇာ ခံစားချက်လေးကို သိပါရစေ။
ဖြေ။  ။ ဓမ္မသီချင်းတွေ ဆိုတဲ့ အခါမှာတော့ ထရေဇာ အပျော်ဆုံး ပါပဲ။ ဘုရားကျောင်း တက်တဲ့အခါ ဘုရားသခင်နဲ့ ပိုနီးစပ်သွားသလို ခံစားရတယ်။ စိတ်ထဲမှာ ငြိမ်းငြိမ်း ချမ်းချမ်းလေး ဖြစ်တယ်။ ထရေဇာ အပြစ်တွေ ရှိနေရင်လည်း ဘုရားကျောင်း တက်နေတဲ့ တလျှောက် စိတ်ထဲက တတွတ်တွတ်လေး ပြောနေတတ်ပါတယ်။

မေး။  ။ ငယ်ငယ်က ထရေဇာဖြစ်ချင်တဲ့ ပုံစံ၊ လက်ရှိဖြစ်နေတဲ့ ဘ၀အခြေ၊ အကြောင်းအရာ ကိုက်ညီတယ်လို့ ပြောနိုင်မလား။
ဖြေ။  ။ ထရေဇာ ရှင်သန်တဲ့ ဘ၀ပုံစံက နေ့တိုင်းကို ဘုရားသခင် အလိုတော် အတိုင်းပဲ ဖြက်သွားတယ်။ ထရေဇာ ယုံကြည်ထားတာ တစ်ခုက ဘုရားသခင်က သူ့သားသမီးတိုင်းအတွက် စီမံကိန်းတွေ အားလုံး ချထားပြီးသားပါ။ ဘုရားရဲ့ အစီအစဉ် အတိုင်းပဲ အားလုံးက မလွဲမသွေ ဖြစ်လာရမယ် လို့ ထရေဇာ ခံယူထားတယ်။ ဘုရားသခင်က အခွင့်အရေးတွေ ချပေးမယ်။ ဒါကို တန်ဖိုးထားရင် ထားတတ်သလို ဘုရားသခင် အလိုရှိတဲ့ အတိုင်း ဖြစ်လာမယ်။ တန်ဘိုးမထားတတ်ရင် မထားတတ်သလို စိတ်မကောင်းစရာတွေ ဖြစ်လာမယ် လို့ ထရေဇာ ထင်တယ်။ ဒီလို ဖြက်သန်း လာတဲ့အတွက် ငယ်ငယ်ကတည်းက ငါ ဘာကြီးဖြစ်ရမယ်လို့တော့ မရှိခဲ့ပါဘူး။ ထရေဇာ ဘ၀မှာ ချစ်တဲ့လူတွေ ဖြစ်စေချင်တဲ့အတိုင်း ငယ်ငယ် ကတည်းက လိုက်လုပ်ခဲ့တယ်။ မေမေက ဆရာဝန်မကြီး ဖြစ်စေချင်တယ်။ ဒါကြောင့် ထရေဇာ စာကြိုးစားတယ်။ လုပ်ခဲ့တယ်။ လုပ်နိုင်ဖို့ အခွင့်အရေးလေးတွေကို ဘုရားသခင် ပေးခဲ့တယ်။ ရတဲ့အခွင့်အရေးကို ရသလို ကြိုးစားတယ်။ တန်ဖိုးထားတယ်။ အဲဒါကြောင့် ထရေဇာ ဆရာဝန်မကြီး ဖြစ်လာတယ်။ ဖြစ်လာတဲ့ အခါမှာလည်း တန်ဖိုးထားတတ်အောင် ဘုရားသခင် ကျေးဇူးပေးတဲ့ အတွက် တန်ဖိုး ထားတယ်။ နောက်ပြီး ဘုရားသခင်က ထရေဇာကို အနုပညာ လမ်းကြောင်းကို ချပေးတယ်။ သီချင်းဆိုတာ ၀ါသနာ ပါပေမဲ့ သရုပ်ဆောင်ဖို့ ၀ါသနာ မပါခဲ့ဘူး။ ဒါပေမဲ့ ဘုရားသခင် လမ်းကြောင်း ပေးတာလေးက အရမ်းသိသာတယ်။ ဘယ်သူမှ မရတဲ့ အခွင့်အရေးတွေ ထရေဇာကို ပေးတယ်။ ဘုရားသခင် အလိုတော် ရှိတာကို သိတယ်။ တန်ဖိုးထားတယ်။ ကြိုးစားတယ်။ ဒီအတွက် ဒီနေ့ ဒီလို အခြေအနေလေး ဖြစ်လာတယ်။ ဘယ်လိုစိတ်နဲ့ ရှင်သန်နေလဲဆိုရင် ပစ္စုပ္ပန်ကိုပဲ တန်ဖိုး ထားတယ်။ ပစ္စုပ္ပန်မှာ ဘုရားသခင် အလိုရှိနေတဲ့ အတိုင်း တန်ဖိုးထား ကြိုးစားပြီး၊ အကောင်းဆုံးဖြစ်အောင် နေထိုင်ပါတယ်။




မေး။  ။ အခု လုပ်နေတဲ့ အနုပညာလုပ်ငန်းမှာ ကျေနပ်မှု ရှိရဲ့လား။
ဖြေ။  ။ ထရေဇာက ဘ၀ကို မကျေနပ်ရင် ဘာတခုမှ မလုပ်ပါဘူး။

မေး။  ။ ထရေဇာ အနေနဲ့ သာသနာရဲ့ တိုးတက်ရေးအတွက် ဘယ်လိုမျိုး ပါဝင်၊ ကူညီ လုပ်ဆောင်မှုမျိုး ရှိပါသလဲ။
ဖြေ။  ။ ဘုရားသီချင်းတွေတော့ အကူညီ တောင်းလာရင် ဆိုပေးတယ်။ နှစ်ခြင်း အသင်းတော်တွေက အများဆုံး ပေးကြတယ်။

မေး။  ။ ဘာသာမတူ၊ လူမျိုးမတူ၊ ယဉ်ကျေးမှုမတူတဲ့ အသိုင်းအ၀ိုင်း ကြားမှာ ဘယ်လို လိုက်လျော ညီထွေမှုရှိဖို့ ဘယ်လို ကြိုးစား နေထိုင်ပါသလဲ။
ဖြေ။  ။ ဘုရားသခင်ရဲ့ သားသမီး ဆိုတဲ့ စိတ်နဲ့ပဲ လိုက်လျောညီထွေ ဖြစ်အောင် ထရေဇာ နေတတ်ပါတယ်။ ဘုရားသခင် ပြောထားတဲ့ စကားတွေက ထရေဇာ အတွက် လုံလောက်ပါတယ်။


မေး။  ။ ထရေဇာ ရဲ့ လူမှုရေး အသိုင်းအ၀ိုင်းမှာ အခက်အခဲတွေ တွေ့တဲ့အခါ ဘယ်လို ခွန်အားယူပြီး၊ ကျော်ဖြတ် သွားပါသလဲ။
ဖြေ။  ။ စာနာ၊ သည်းခံ၊ ခွင့်လွှတ်၊ နားလည်ခြင်းတို့နဲပဲ ကျော်လွှားပါတယ်။


မေး။  ။ ထရေဇာမှာ သခင်ခရစ်တော်လို လူအများ ကြားမှာ ဘယ်လို နေထိုင် သက်သေ ပြနေပါသလဲ။
ဖြေ။  ။ ထရေဇာ နေထိုင် ပြောဆို လှုပ်ရှားပုံတွေကို ကြည့်ရင် သိနိုင်ပါတယ်။ ထရေဇာက ငါ ဘာတွေ လုပ်နေတယ်။ ဘာကြီး လုပ်နေပါတယ် လို့ ပြောတာထက် ပိုပြီး ထိရောက်ပါတယ်။

မေး။  ။ ထရေဇာ ရဲ့ အားသာချက်တွေကို လက်ခံဖို့ နဲ့၊ အားနည်းချက်တွေကို ဘယ်လို ကျော်ဖြတ်သလဲ။
ဖြေ။  ။ ထရေဇာ ရဲ့ အားသာချက်တွေကို သူများပြောလို့ သတိထားမိရင် Thank You Jesus ပေါ့။ အားနည်းချက်တွေကို အတတ်နိုင်ဆုံး သတိထားပြီး ပြင်တယ်။ ဒါပေမဲ့ ဘုရားသခင်ကို ကတိပေးဖို့ကတော့ ကိုယ့်စိတ်ကို မနိုင်သေးတဲ့ အခြေအနေ တခုမှာ ရှိနေပါသေးတယ်။

မေး။  ။ ရင့်ကျက်တဲ့ လူငယ်တစ်ယောက် ဆိုတာကို ဘယ်လို မြင်သလဲ။
ဖြေ။  ။ ထရေဇာ သတ်မှတ် ထားတဲ့ ရင့်ကျက်တဲ့ လူငယ် တစ်ယောက်ဆိုတာ ဥာဏ်ပညာနဲ့ ပြည့်စုံပြီး၊ စာနာ၊ နားလည်မှု အရင်းခံကာ ရိုးသား၊ ကြိုးစားတဲ့သူ တစ်ယောက်ဖြစ်တယ်။


မေး။  ။ ဘ၀ကို တိုက်ပွဲဝင်နေတဲ့ လူငယ်တွေ အတွက် အားပေးစကားလေးလည်း ကြားချင်ပါသေးတယ်။
ဖြေ။  ။ တချို့တွေကတော့ ဘ၀ဆိုတာ တိုက်ပွဲလို့ ပြောကြတယ်။ တိုက်ပွဲရယ်လို့တော့ မဟုတ်ပါဘူး။ ဘ၀ဆိုတာ ဘုရားသခင် အလိုရှိသလောက်ကို လျှောက်လှမ်းနေရတဲ့ ခရီးတစ်ခု၊ ခရီးဆိုကတည်းက လမ်းမှာ ကြုံတွေ့ရတဲ့၊ လူတွေ၊ သဘာဝဘေးအန္တရာယ်တွေ၊ တစ်ခါတစ်လေ ကိုယ်တိုင်လုပ်မိ လိုက်တဲ့ အခက်အခဲတွေ၊ အမှားတွေ ဆိုတာလည်း ရှိနိုင်တယ်။ လူရယ်လို့ ဖြစ်လာပြီး ဆိုရင် အမှားနဲ့ ကင်းမှာ မဟုတ်ဘူး။ ကိုယ့်ပတ်ဝန်းကျင် ရဲ့ ရိုက်ခတ်တဲ့ ဒဏ်ကို မခံနိုင်ကြဘူး။ အထူးသဖြင့် လူငယ်တွေပေါ့။ ယခုခေတ် ကာလမှာ မှားယွင်းစွာ ဖြတ်သန်းနေကြသော သူတွေကိုလည်း လက်ခုပ် တီးနေကြသော ခေတ်ကာလ ဖြစ်နေတယ်။ ဘေးက လူတွေမှာ ကောင်းတာ၊ ဆိုးတာကို လမ်းညွှန်ပြသူတွေက အရမ်းနည်းသွားတယ်။ မကောင်းတာကိုလည်း လက်ခုပ် တီးနေတဲ့ အခါမှာ ကိုယ်တောင် သံယောင်လိုက်ပြီး မကောင်းတာ လုပ်မှပဲ အဆင်ပြေပြေ ဖြတ်သန်းနိုင်မယ် ဆိုတဲ့ ခေတ်ကာလကြီးထဲ ရောက်လာတယ်။ ထရေဇာ ပြောချင်တာကတော့ လူငယ်တွေကို ဘုရားတရား သိပါ။ မိဘကို ရိုသေပါ။ ရိုးသားပါ။ ဇွဲလုံ့လနဲ့ ကြိုးစားပြီးတော့ ဦးတည်ရာကို ခိုင်မာ ပြက်သားစွာ လျှောက်လှမ်းပါ။ ကိုယ်ကိုယ်တိုင် ခိုင်မာနေတဲ့ သူတစ်ယောက်ဟာ စိတ်ယိုင်ဖို့လည်း နည်းတယ်။ ကိုယ်တိုင် control လုပ်ပြီးသားဖြစ်မယ်။ အဓိက ခေါင်းမာသင့်တဲ့ နေရာမှာ ဒီခေတ်၊ ဒီအခါမှာတော့ ခေါင်းမာပစ်ပြလိုက်ပါ။ ဒီအတွက် တစ်ယောက်တည်း ဖြစ်နေတယ် ဆိုရင် ဘုရားသခင်နဲ့ နေလိုက်ပါလို့ ထရေဇာ ပြောချင်ပါတယ်။

မေး။  ။ နောက်ဆုံးအနေနဲ့ ထရေဇာ ဘ၀မှာ ကျင့်ကြံ နေထိုင်တဲ့ ကျမ်းပိုဒ်လေးကိုလည်း သိပါရစေ။
ဖြေ။  ။ ကျမ်းချက်ထဲမှာတော့ ထရေဇာက အမြဲတမ်း ပင်ပမ်းနေတဲ့သူ ဆိုတော့ " ၀န်လေး၍ ပင်ပမ်းသော သူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည် "  ဆိုတဲ့ ကျမ်းချက်လေးက ထရေဇာအတွက် ခွန်အားရစေပါတယ်။ ခံစားရတဲ့ ကျမ်းပိုဒ်လေးပါ။



အခုလို အချိန်ပေးပြီး ဖြေကြားသွားတဲ့အတွက် ထရေဇာကို အထူး ကျေးဇူးတင်ပါတယ်။ ထရေဇာ ရဲ့ လူငယ်ဘ၀ အသက်တာ၊ အနုပညာရှင်ဘ၀ အသက်တာမှာ ရင့်ကျက်တဲ့ ခရစ်ယာန် လူငယ်ပီသစွာ၊ ဆက်လက် လျှောက်လှမ်းသွားနိုင်ပါစေ။ တွေ့ကြုံရမဲ့ အောင်မြင်မှုတွေ၊ အခက်အခဲတွေကိုလည်း ဘုရားရှင်နဲ့ အတူ ခံစားပြီး၊ လျှောက်လှမ်းသွားနိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်။

ထရေဇာ လည်း ကျေးဇူးတင်ပါတယ် .. စစ္စတာရ်



Monday, July 30, 2012

ရွေးချယ်စရာ မရှိတဲ့ သက်မွန်မြင့်

ခင်လေးမြင့်

သရုပ်ဆောင် မင်းသမီး တစ်ယောက်ဖြစ်ဖို့ အချိန်တွေ များစွာကို ရင်းပြီး ကျော်ဖြတ် ကြိုးစား ကြရတဲ့ သူတွေ အများကြီး ရှိမှာပါ။

ကြိုးစားမှု လုံ့လ ၀ီရိယ ရှိရင် ဘယ်အရာမဆို အောင်မြင်နိုင်တယ် ဆိုတဲ့အတိုင်း ချင်းပြည်နယ်ကနေ ရန်ကုန်ကို လာပြီး သရုပ်ဆောင် ဖြစ်ဖို့ ကြိုးစားခဲ့သူက သက်မွန်မြင့် ဆိုတာ သိထားပြီးကြမှာပါ။

မြန်မာပြည်ရဲ့ ဗီဒီယို၊ ရုပ်ရှင်ဈေးကွက်က သရုပ်ဆောင် မင်းသားပေါ် မူတည်တာကြောင့် သရုပ်ဆောင် မင်းသမီးတွေရဲ့ ရွေးချယ်မှု အနေအထားက များစွာ မရှိပါဘူး။

ဒီလို အခြေအနေမျိုး ရှိပေမယ့် သက်မွန်မြင့်က ကျရာနေရာ ရတဲ့ အနေအထား ပေါ်မှာ အကောင်းဆုံး လုပ်ဆောင် နေသူပါ။

လောလောဆယ်မှာတော့ ဗီဒီယို ဇာတ်ကားတွေ ဆက်တိုက်ရိုက်ဖို့ စီစဉ် ထားသလို ကြော်ငြာတွေ ရိုက်ဖို့ စီစဉ်ထားတဲ့ သက်မွန်မြင့်ကို ရွှေအမြုတေ မဂ္ဂဇင်းအတွက် ဇာတ်ကားရိုက် နားတဲ့ တစ်ရက်မှာ ဓာတ်ပုံရိုက်ဖို့ စီစဉ်ဖြစ်ပါတယ်။

ဓာတ်ပုံ ရိုက်ဖို့ မနက်ပိုင်းနဲ့ ညနေပိုင်း အချိန်တွေသာ အခုလို အချိန်မှာ အဆင်ပြေတာကြောင့် ညနေပိုင်း အချိန်ကို ရွေးဖြစ် ကြပြီး ကမ်းနား တစ်ခုကို ရွေးဖြစ်ကြတာပါ။

ဓာတ်ပုံ ရိုက်ကူးပေးတဲ့ ကိုလင်း (K-Studio)က ဗိုလ်တထောင် ဘုရားနားမှာ ညနေပိုင်း ဆိုရင် စင်ရော်ငှက်လေးတွေ အများကြီး လာတယ်လို့ ဆိုတာ ကြောင့် စင်ရော်ငှက်တွေနဲ့ ဓာတ်ပုံရိုက်ဖို့ စီစဉ်ဖြစ်ပါတယ်။

စင်ရော်ငှက်တွေကလည်း အစာ ပစ်ကျွေးရင် အစာကို ရေထဲ မကျအောင် မိမိရရ ဖမ်းစား တတ်တာကို သဘော ကျနေတဲ့ သက်မွန် မြင့်က အခုလို Outdoor ရိုက်ရတာကိုလည်း သဘောကျနေတာပါ။

လွတ်လွတ်လပ်လပ်နဲ့ ပေါ့ပေါ့ပါးပါး အိုက်တင်တွေ လုပ်ရတာကြောင့် ပိုပြီး နှစ်သက်တယ်လို့ ဆိုတဲ့ သက်မွန်မြင့်က ခေါင်းဆောင် မင်းသမီး နေရာကနေ သရုပ်ဆောင် ရိုက်ကူး နေရပေမယ့် အရမ်း ရိုက်ချင်တဲ့ ဇာတ်လမ်းမျိုး ရွေးချယ်ခွင့် မရဘူး လို့ သိရပါတယ်။ မောင်နှမ ဇာတ်ကားတွေ ရိုက်ချင်ပေမယ့် အချစ်၊ ဟာသဇာတ် ကားတွေ ရိုက်ရတာ ပိုများ နေတဲ့ သက်မွန်မြင့်က မောင်နှမ ဇာတ်ကားတွေမှာ သရုပ်ဆောင်ရတာ နင့်နင့်နဲနဲ ဖြစ်တယ်လို့ ဆိုပါတယ်။ “မင်းသမီးဆိုတော့ ဇာတ်လမ်း ရွေးချယ်စရာ သိပ်မရှိဘူး။ လုံးဝမကြိုက်လို့ အဆင် မပြေနိုင်လို့ ရှိရင်တော့ ညှိလို့ရတယ်။ ဒါပေမဲ့ ဟာသ ကားရိုက်လို့ ဒရာမာ ရိုက်ချင် တယ်ဆိုတာမျိုးတော့ မရ ဘူး။ ဒီကုမ္ပဏီနဲ့ ဒီမင်းသား ရိုက်ဖို့ ချိတ်ပြီးရင် သူတို့စီစဉ် ထားတဲ့ ဇာတ်ကို သက်မွန်တို့ က ရိုက်ရတာ။ အဲဒီလိုမျိုးက ပိုပြီးတော့ များတယ်” လို့ သက်မွန်မြင့်က မင်းသမီး တစ်ယောက် အနေနဲ့ ဇာတ်လမ်း ရွေးချယ်နိုင်မှုကို ပြောပြပါတယ်။

သက်မွန်မြင့်က သရုပ် ဆောင်ချင်ပြီး သရုပ်မဆောင် ဖူးသေးတဲ့ ဇာတ်ကောင် စရိုက်များလည်း ရှိတယ်လို့ သိရပါတယ်။

စိတ်ရောဂါသည် ဇာတ်ကောင် စရိုက်ကို သရုပ်ဆောင်ဖူးပေမယ့် အအနဲ့ မျက်မမြင် ဇာတ်ကောင် စရိုက်မျိုး သရုပ် မဆောင်ဖူးဘဲ သရုပ်ဆောင် ချင်တယ်လို့ သက်မွန်မြင့်က ဆိုပါသေးတယ်။

သက်မွန် သရုပ်မဆောင် ဖူးသေးတဲ့ မျက်မမြင် ပုံစံ သရုပ်ဆောင်မယ်ဆို အခက်အခဲ ဘာတွေများ ရှိဦးမလဲ။


မျက်မမြင် ပုံစံက မျက်လုံးငြိမ်အောင် ထားရမယ်။ အဲဒါက သက်မွန် အတွက် နည်းနည်း ပြဿနာ တက်လိမ့်မယ် ထင်တယ်။ သက်မွန် မျက်လုံးက သိပ် မကောင်းဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သက်မွန် ချစ်တယ် ပြောမှလွှတ်မယ် ရုပ်ရှင်ကားကြီး ရိုက်တဲ့ အချိန်မှာ မျက်လုံးကို ထိထားတော့ မျက်လုံးပါဝါ ကောင်းကောင်း သုံးလို့ မရဘူး။ မျက်လုံး အားစိုက်တဲ့ အခါကျရင် မျက်လုံး ရဲလာတယ်။ မျက်ရည် ကျလာတယ်။ မျက်မမြင် အတွက်က နည်းနည်းခက်လိမ့်မယ်။


မျက်လုံး ဒဏ်ရာအတွက် ဘန်ကောက်မှာ သွားပြသေးတယ် မဟုတ်လား။ အခြေအနေ ဘယ်လိုရှိသေးလဲ။


မျက်လုံးဒဏ်ရာကတော့ ပျောက်သွားပြီ။ ဒါပေမဲ့ ဒဏ် ဖြစ်နေတယ်။ အိပ်ရေးပျက်ခံလို့ မရဘူး။ မျက်လုံးအား သိပ်စိုက်လို့ မရဘူး။ ငိုတာတွေ ဘာတွေ ရိုက်ပြီးရင် မျက်လုံးက အရမ်း ကိုက်လာတယ်။
မျက်လုံး အရမ်းနာတယ်။ မျက်စဉ်းတွေ ထည့်ရတယ်။ ဆရာဝန်ပြတော့ မျက်မှန်တပ်ဖို့ ပြောတယ်။ မျက်မှန် တပ်ဖို့ကျတော့ အလုပ်နဲ့ အဆင်မပြေဘူး။ နေပူထဲလည်း မထွက်ရဘူး။
နေရောင်ရဲ့ဒဏ်ကိုလည်း တိုက်ရိုက် မခံရဘူးလို့လည်း ဆရာဝန်က ပြောတယ်။
သက်မွန်တို့ အလုပ်က မီးထိုးမှန်ထိုးနဲ့ မျက်လုံးကို နေရောင်ရဲ့ အလင်းရောင်က “တဲ့” ၀င်တာ ဆိုတော့၊ ဘယ်လိုမှ ရှောင်လို့ မရဘူးဆိုတော့ မျက်စဉ်းခတ်တယ်။ နားရတဲ့ အချိန်မှာ မျက်လုံးကို အနားပေးပေါ့။

မျက်လုံးက လူ့ခန္ဓာကိုယ်အစိတ်အပိုင်းမှာ အထူးသဖြင့် မျက်နှာမှာ အရေးကြီးဆုံး အစိတ်အပိုင်းပဲလေ။ သက်မွန် လုပ်တဲ့ အလုပ်ကြောင့် မျက်လုံး ဒဏ်ရာရတာ ဆိုတော့ အလုပ်ကို စိတ်မနာဘူးလား။


မရှိပါဘူး။ ဒီအလုပ်ကို သက်မွန် အရမ်း မြတ်နိုးပါတယ်။ ရတောင့် ရခဲပါပဲ။ ဒီအလုပ်မှာ ရပ်တည်ဖို့ဆိုတာ မလွယ်ဘူး။ ပရိသတ်တွေ ဒီလိုချစ်ပြီး ဒီလို အားပေးဖို့ ဆိုတာလည်း မလွယ်ဘူး။
ဒါ အရမ်း ကံကောင်းတယ်လို့ ပြောလို့ ရတာပေါ့နော်။ ဒီနေရာ ရောက်တာကလည်း ပရိသတ်တွေ ပေးတဲ့ နေရာပဲလေ။
သက်မွန်တို့ လုပ်ရတဲ့ အလုပ်က ဘယ်လောက် ပင်ပန်းလဲ၊ ဘယ်လောက်ခက်ခဲလဲ ဆိုတာ သိကြမှာပါ။ ပင်ပန်းလေ ပိုပြီး တန်ဖိုး ထားရလေပဲ။
အရမ်းကို အသေးစိတ်သလို အရမ်းကို အကြမ်း ခံရတယ်။ အရမ်းကို ပင်ပန်း ခံရတယ်။ တကယ်ကို တန်ဖိုး ရှိတဲ့ အလုပ်ပါ။

မျက်လုံးက ဒဏ်ဖြစ်ရုံတင် မဟုတ်ဘဲ ကွယ်သွားမယ် ဆိုရင်ကော ဒီအလုပ်ကို မြတ်နိုး မိဦးမလား။


အဲဒီလိုမျိုးတော့ မတွေးဖူးပါဘူး။ သက်မွန် တွေးဖူးတာက အာဒံဧ၀ ဒဿ ရုပ်ရှင်ရိုက်တုန်းက ကန်တော်ကြီးထဲ ခုန်ချတာ ည ၁၂ နာရီ ဆိုတော့ မှောင်နေပြီ။
ည ၁၂ နာရီက အပုပ်ချိန် ဆိုတော့ နည်းနည်းတော့ လန့်တယ်။ ရေလည်း ကူးတတ်တာ မဟုတ်ဘူး။ ရေအောက်မှာ ဆူးရှိမှာ စိုးလို့ ရှင်းပေးထားတာ ဆိုပေမယ့် ကံဆိုတာ ပြောလို့ရတာ မဟုတ်ဘူးလေ။
ရေနစ်ပြီး အမှောင်ထဲမှာ ငါ့ကိုကယ်လို့မရ ဆယ်လို့ မရဘူးဆိုရင် ငါသေသွားမှာလား ဆိုပြီး အဲဒီလိုမျိုး တွေးမိတယ်။
ပြန်စဉ်းစားရင် သက်မွန် နောက်ဆံတင်းစရာ ဘာမှ မရှိဘူး။ သက်မွန် လုပ်ခဲ့တာတွေက အကောင်းဘက်ကို သွားနေတာပဲ ဆိုတော့ နောက်ဆံ တင်းစရာမရှိဘဲ သေပျော်တယ်ပေါ့။
အဲဒီလိုကို တွေးတာ။ ဒီလိုမျိုး ဆုံးရှုံးတယ် ဘာညာ မတွေးမိဘူး။ သတိ္တရှိတယ် ပြောရမှာပေါ့။ ဒဏ်ရာတွေ ရခဲ့တာလည်း မနည်းဘူး။
ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ် ဇာတ်ကား ရိုက်တုန်းကလည်း ဆိုင်ကယ်ကနေ ကျွမ်းထိုး ပစ်ကျတယ်။

ဒဏ်ရာတွေနဲ့ ပြန်လာတယ်။ မမှတ်ဘူး။ ဆက်လုပ်နေတာပဲ။ မျက်လုံးဒဏ်ရာ စဖြစ်တုန်းက မျက်ကြည်လွှာ ပြဲသွားတာဖြစ်တဲ့ အတွက် ဖွင့်လို့ မရဘူး။
ထိတာက ဘယ်ဘက်မျက်လုံး ဆိုပေမယ့် ညာဘက် မျက်ဆန်ပါ ရွှေ့လို့မရဘူး။ နှစ်ဖက်စလုံး ပိတ်ထားရတယ် ဆိုတော့ မျက်မမြင် ဇာတ်ကားရိုက်ရင် ငါ ဒီလို နေရမှာပဲလို့။
ထမင်းကိုလည်း အမေတို့ပဲ ခွံ့ကျွေးရတယ်။ ဟိုသွားချင်၊ ဒီသွားချင်ဆို စမ်းစမ်း၊ စမ်းစမ်းနဲ့ သွားရတယ်။ မျက်စိပိတ်ရင်တော့ မျက်မမြင် ဇာတ်ကား ရိုက်ရတာ လွယ်လွယ်လေး။
ဒါပေမဲ့ မျက်လုံးဖွင့်ပြီး မမြင်တဲ့ဟာ ဆိုရင်တော့ တော်တော် တိုင်ပတ်မယ်။


အခန့် မသင့်ရင် ဘ၀အတွက် ဆုံးရှုံးမှု တစ်ခု ဖြစ်ရမှာကို မကြောက်မရွံ့နဲ့ လုပ်ခဲ့တယ်နော်။
ဖြစ်မယ်လို့ သက်မွန်က သိတာ မဟုတ်ဘူးလေ။ မတော်တဆ ထိခိုက်မိတာ ဆိုတော့ ဘာမှ မတတ်နိုင်ဘူးပေါ့။
ချစ်တယ်ပြောမှလွှတ်မယ် ရုပ်ရှင်ကား အတွက် သက်မွန် ရှုတင် ၃ ရက်နားရတယ်။ ကားကြီးဖြစ်တဲ့ အတွက် ရှုတင် စရိတ်နဲ့ ကားရိုက်ရက်က အရမ်းကျပ်တယ်။ ၃ ရက်နားပြီးတဲ့ အချိန်မှာ မျက်လုံးက အလင်းထိတာ မခံနိုင်သေးဘူး။ မျက်လုံးကလည်း တစ်ခုနဲ့ တစ်ခု မညီဘူး။ အဲဒီတော့ မျက်မှန်ကြီး တပ်ပြီး ရိုက်ရတယ်။ ရယ်စရာကြီးတော့ ဖြစ်သွားမှာပဲ၊ ပရိသတ် အတွက်တော့လေ။ ကိုယ်က မျက်လုံး ဒဏ်ရာ ရထားတာကိုး။ ဒဏ်ရာရပြီး ကိုဝိုင်းနဲ့ ဗီဒီယို တစ်ကား ရိုက်သေးတယ်။ အဲဒီ ဇာတ်ကားမှာ ဆုတောင်းတိုင်း ပြည့်တဲ့ ကောင်မလေး ဆိုတော့ တစ်ခုခု ဆိုရင် မျက်လုံးကို ကြည့်ရတယ်။ တစ်ကဒ်ရိုက် ပြီးတိုင်း မျက်လုံးက ရဲရဲလာတယ်။ မျက်စဉ်းခတ်ပြီး ခဏစောင့်၊ ပြန်ရိုက် လုပ်ရတယ်။ အာရုံ စိုက်လို့လည်း မရသလို အလင်းရောင် ဒဏ်လည်း မခံနိုင်တော့ဘူး။

သက်မွန် ပြောထားတာ ရှိတယ်။ မောင်နှမ ဇာတ်ကားတွေ ရိုက်ချင်ပေမယ့် ရိုက်ထားရတာ ၃ ကားလောက်ပဲ ရှိတယ် ဆိုတော့ မောင်နှမကားတွေ မရိုက်ဖြစ်တာ သက်မွန်ရဲ့ ခန္ဓာကိုယ် ထွားလို့လား။ ဘယ်လိုကြောင့် ထင်လဲ။


အမှန်တကယ်က မောင်နှမ ဇာတ်ကားတွေက ရှားတယ်။ အဲဒါကြောင့်ပါ။ ပြောရရင် သက်မွန်တို့က မင်းသမီး ဖြစ်တဲ့ အတွက် ပေးလာတဲ့ ဇာတ်ပေါ်မှာပဲ ရိုက်ရတာ ပိုများတယ်။
ဟာသကားတွေ ရိုက်တာများလို့ ဒရာမာကား ရိုက်ချင်လို့ ဒရာမာပဲ ရိုက်မယ်ဆိုပြီး ရွေးချယ်လို့ မရဘူးလေ။
တကယ်လို့ ကိုယ်မလုပ်နိုင်ဘူး ဆိုမှ သူတို့ကို Complain ပြန်တက်။ ညှိနှိုင်း၊ အကူအညီ တောင်းရတယ်။
ဟာသကား ဆက်တိုက်ရိုက် ရတာ ကိစ္စ မရှိဘူး။ ခံနိုင်တယ်။ ဒရာမာ လေးကားလောက် ဆက်တိုက်ရိုက်တဲ့ အချိန်မှာ အရမ်း ပင်ပန်းတယ်။ အဲဒီ အခါကျရင် အရမ်းဒုက်္ခရောက်တယ်။ ဒါပေမဲ့ သက်မွန်တို့မှာ ရွေးချယ်စရာ မရှိဘူး။ ဟာသကား ရိုက်ပေးပါလို့ ပြောလို့ မရဘူး။

အဲဒီလို ရွေးချယ်ခွင့် မရှိတဲ့ မင်းသမီး ဘ၀ကို စိတ်ပျက်မိသေးလား။


အဲဒီလောက်လေးနဲ့ စိတ်ပျက်ရင် သက်မွန် ဒီလောကမှာ အခု အချိန်ထိ နေရမှာ မဟုတ်ဘူး။ အရမ်း ကြိုးစားရတယ်။
သက်မွန်မှာ ဘာအသိုင်းအ၀ိုင်းမှ ရှိတာ မဟုတ်ဘူး။ အစိမ်းသက်သက်နဲ့ ဒီလောကကို လာတာ။ ငွေရေးကြေးရေး ပြည့်စုံတဲ့သူ တစ်ယောက်လည်း မဟုတ်ခဲ့ဘူး။
အဲဒီလောက် လွယ်လွယ်လေးနဲ့ စိတ်မပျက်လို့ ဒီအနေအထားထိ ရောက်လာတာပေါ့။

မြန်မာပြည်ရဲ့ ဗီဒီယို၊ ရုပ်ရှင် ဈေးကွက်က မင်းသားကိုပဲ အဓိက ထားတော့ မင်းသမီး ဈေးကွက် ဆိုတာကိုကော မလိုချင်မိဘူးလား။


တစ်ခါတလေ ကျရင်တော့ တောင့်တတာပေါ့နော်။ မင်းသားကျတော့ ဒါရိုက်တာ ရွေးလို့ရတယ်။ ဇာတ်လမ်း ရွေးလို့ရတယ်။ ကုမ္ပဏီ အတည်တကျ ရှိတယ်။ သူ ဒီနေ့အားရင် ဇာတ်ကားရိုက် စလိုက်လို့ရတယ်။
မင်းသမီး ကျတော့ ဒီရက် အားနေတယ်၊ ငါ ကားရိုက်ချင်တယ် ဆိုပြီး လုပ်လို့ မရဘူး။ ခေါ်တဲ့သူရှိမှ ရိုက်ရတာ။ အဲဒီလို မျိုးပေါ့နော်။ ဒါပေမဲ့ ကိုယ် ကြိုးစားရင် ကြိုးစားတဲ့ ရလဒ်ကတော့ ရှိတာပဲ။

သက်မွန်က မောင်နှမတွေ အပေါ်မှာ သံယောဇဉ် ကြီးတဲ့သူလို့ သိရတယ်။ အဲဒီတော့ တခြားသူတွေ အပေါ်ကော သံယောဇဉ် ကြီးတတ်လား။


ဒါကတော့ မတူဘူး ပေါ့နော်။ သူ့အကန့်နဲ့ သူပါပဲ။

သံယောဇဉ် ထားရမယ့်သူ မရှိတော့တာလား။


ဘယ်အရာမှ အလွန် အကျွံဆိုတာ မကောင်းပါဘူး။ မဇ္ဈိမ ပဋိပဒါပေါ့။ ဒါကတော့ လူတိုင်း သိပါတယ်။ သက်မွန် အများကြီး နားလည်လို့ ပြောတာ မဟုတ်ပါဘူး။

သံယောဇဉ် ထားခဲ့ရတာတွေ များလွန်းလို့ သံယောဇဉ် မထားချင်တာများလား။


အဓိကကတော့ ကိုယ့်ရဲ့ စိတ်ပါပဲ။ ဘယ်အရာမှ အဆိုးချည်းပဲ မရှိသလို ဘယ် အရာမှ အကောင်းချည်းပဲ မရှိဘူး။ အဆိုးပြီးရင် အကောင်းလာမယ်။ အကောင်းပြီးရင် အဆိုးလာမယ်။
ဒီအပေါ် မှာ ကိုယ်က ခံနိုင်ရည်ရှိဖို့ပဲ လို တယ်။ ကောင်းတဲ့ အပေါ်မှာ ရော၊ ဆိုးတဲ့ အပေါ်မှာရောပေါ့။ အဓိကက ကိုယ့်ကိုယ် ကိုယ် စိတ်ချမ်းသာဖို့ အရေး ကြီးတယ်။
ကိုယ့်ဟာကိုယ်ပဲ လုပ်ရမှာပဲ၊ သူများ အပေါ်မှာ ကိုယ်စိတ်ချမ်းသာတာ၊ ကိုယ်စိတ်ဆင်းရဲတာ ဆိုရင် ဒါက ကိုယ့်စိတ်ကို သူများပိုင်တာ။ ကိုယ့်ကိုယ်ကိုယ် မပိုင်ဘူး။
သက်မွန်ကတော့ အဲဒီလို တွေးတာပဲ။ ကားရိုက်တဲ့ အချိန်မှာသာ အခြား Character ၀င်ရတဲ့ အတွက် ကိုယ့်စိတ်နဲ့ကိုယ် မဟုတ်ဘူး။ ကျန်တဲ့ အချိန်ကတော့ ကိုယ့်စိတ်နဲ့ ကိုယ်ပဲ။

ကိုယ်က သံယောဇဉ် ထားပေမယ့် ကိုယ်ထားတဲ့ သံယောဇဉ် အပေါ် တုံ့ပြန်မှု မရရင် အဲဒီလို လူမျိုးကို ဘယ်လို တုံ့ပြန်ချင်လဲ။


ဒါက ကိုယ်နဲ့ မထိုက်တန်လို့ပေါ့နော်။ ကိုယ်ပေး သလောက်မရဘူးဆိုတာလည်း ကိုယ် ပေးဆပ်နိုင်ရင် ပေးဆပ်ပေါ့။
ကိုယ်မပေးဆပ်နိုင်ရင် မပေးဆပ်နဲ့။ ကိုယ့်စိတ်၊ ကိုယ့် ခံယူချက်၊ ကိုယ်လုပ်တဲ့ လုပ်ရပ် အပေါ်မှာ အများကြီး မူတည် တယ်။
ခုနပြောသလို သူများကြောင့် စိတ်က ဖြစ်နေတယ် ဆိုရင် ကိုယ့်စိတ်ကို သူများ ပိုင်သွားတာလေ။ ဒါကို ကိုယ်လိုချင်လား။ ဒါ ရွေးချယ်ရမှာပဲ။
တစ်ခု ရှိတာကတော့ ဘယ်တစ်ဦး တစ်ယောက်ပေါ်မှာ မကောင်းတဲ့ စိတ်မထားဘူး။ အတတ်နိုင်ဆုံး အကောင်းဆုံး နေတယ်။ အဲဒီလို နေတဲ့ အတွက်လည်း ဘာကြီးပဲ ဖြစ်လာဖြစ်လာ ကိုယ့်ဘက်က လိပ်ပြာသန့်တယ်။ ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှု ရှိတယ်။ ကိုယ်သာ မကောင်းခဲ့ဘူး ဆိုရင် ငါမကောင်းခဲ့ဘူး ဆိုတာကို ပြင်လို့ ရရင်လည်းရ။ လူဆိုတာ ကိုယ့်ကိုယ်ကိုယ် အသိဆုံးပါပဲ။ ကိုယ် ကောင်းတာ လုပ်ရင် ကောင်းတာရမယ်။ ဆိုးတာလုပ်ရင် ဆိုးတာ ရမယ်။ ဒါပေမဲ့ တစ်ခု ရှိတာက အတိတ်ကံ ဆိုတာ ပြောလို့မရဘူး။ ဘာမှလဲ ကိုယ်က လုပ်လို့ မရဘူး။ တစ်ခါတလေ ကျရင်တော့ အရမ်း စိတ်ဓာတ် ကျတာတို့၊ အရမ်း ဆိုးဆိုးရွားရွား ဖြစ်လာရင် ၀ဋ်ကြွေး ဆပ်ရတာလို့ပဲ သဘောထားတယ်။

နောင်ဘ၀မှာ ဒီလိုမျိုး ၀ဋ်ကြွေး မကြုံဖို့ ကိုယ် ဘာကို ကောင်းအောင် လုပ်မလဲ။ ဒါပဲ စဉ်းစားတယ်။ အကောင်းအဆိုး ဖြစ်လာခြင်းကို အတိတ် ကံကြောင့်ဆိုတာ ယုံကြည်ထားတဲ့ သက်မွန်မြင့်က အချစ်နဲ့ သံယောဇဉ်ရဲ့ ကွဲပြား ခြားနားမှုကို နားမလည်ဘူးလို့ ဆိုပါသေးတယ်။

သက်မွန်မြင့်က လောလောဆယ်မှာတော့ ဗီဒီယို ဇာတ်ကားရိုက်ဖို့ပဲ စီစဉ် ထားတာပါ။

ရွှေအမြုတေ မဂ္ဂဇင်း အတွက် ဓာတ်ပုံ ရိုက်ကူးမှုကို အချိန်ပေးတဲ့ သက်မွန်မြင့်၊ ဓာတ်ပုံ ကိုလင်း(Studio-K) မိတ်ကပ်၊ ဆံပင်ပြင်ဆင် ပေးတဲ့ မိတ်ကပ်အစိုင်(အောင်အောင်-တောင်ကြီး)နဲ့ အ၀တ်အစား ပြင်ဆင်ပေးတဲ့ တော်ဝင်စင်တာမှ Venus Palace ဆိုင် တို့ကို ကျေးဇူးတင်ပါတယ်။

ခင်လေးမြင့်

(ရွှေအမြုတေ မဂ္ဂဇင်း၊ဇွန်လ ၂၀၁၁)

Tuesday, July 24, 2012

စိုင်းစိုင်းဇာတ်ကားမို့ မကြည့်ချင်ဘူးဆိုတဲ့ သူတွေနဲ့ စကားပြောချင်တယ် ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်

 

စိုင်းစိုင်းခမ်းလှိုင် က ရုပ်ရှင် ကားကြီး တစ်ကား ရိုက်ဖို့ ရှိတာ ကြောင့် ဗီဒီယိုတွေ ရိုက်တာ နားထားပြီး နောက်ထွက်မယ့် သူ့ရဲ့ အခွေ အတွက် ပြင်ဆင် နေတယ်လို့ သိရပါတယ်။
အဲဒီခွေထဲမှာ ဘယ်လို သီချင်းပုံစံတွေက များမလဲဆိုတာကိုတော့ တစ်နေ့တစ်နေ့ ခံစားနေတဲ့ စိတ်တွေက မတူတော့ မုန်းတဲ့ အကြောင်း၊ ချစ်တဲ့အကြောင်း၊ နာကြည်းတဲ့ အကြောင်း အကုန်ရေးထား တယ်။ တကယ် အခွေထဲ ထည့်တဲ့ အချိန်ကျရင်တော့ ဘယ်ဟာ ပိုများသွားမလဲ မပြောတတ်သေးဘူးလို့ ဆိုတဲ့ စိုင်းစိုင်းကို ခဏတာ တွေ့ဆုံလို့ မေးမြန်းဖြစ်ခဲ့ပါတယ်။ သူ့အတွက် အပျော်ဆုံး အချိန်တွေဆိုရင်တော့ ဒါက စိတ်နဲ့ပဲ ဆိုင်ပါတယ်။
တခြားစိတ်သောက ရောက်စရာမတွေးဘဲ လွတ်လပ်ပေါ့ပါးစွာ အပျော်ဆုံးအချိန်က စင်ပေါ်မှာ သီချင်းဆိုနေတဲ့ အချိန်လို့ ဆိုပါတယ်။ ပရိသတ်ကြားထဲ ရောက်သွားပြီး ပရိသတ်နဲ့ စကားပြောနေရတာ သူငယ်ချင်းတွေနဲ့ အပူအပင်မရှိ လျှောက်လည်နေရတာမျိုးကလည်း သူ့အတွက် အပျော်ဆုံးအချိန်တွေပါလို့ ဆိုပါတယ်။
အနုပညာဆိုတာကို စိုင်းစိုင်း ဘယ်လိုဖွင့်ဆိုချင်ပါလဲ။
အနုပညာရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်တော့ မဟုတ်ပါဘူး။ ကျွန်တော် ကြားဖူးဖတ်ဖူးတဲ့ အနုပညာနဲ့ အလှအပဆိုတာက လိပ်စာတစ်ခုထဲမှာ အတိအကျ ရှိရတယ်။ ပိုသွားလို့လည်း မရဘူး။ လိုနေလို့လည်း မရဘူး။ ဥပမာအားဖြင့် အိမ်တစ်အိမ်ကို သွားလည်တယ်ဆိုရင် အဲဒီလိပ်စာအတိုင်း အတိအကျ သွားလုပ်ရပါတယ်။ အဲဒီလိပ်စာထက် ခြေလှမ်း (၁၀) လှမ်းလောက် ပိုလျောက်လိုက်ရင် အဲဒီအိမ်ကို မရောက်သလို ခြေလှမ်း (၁၀) လှမ်းလောက် လိုသွားရင်လည်း အဲဒီအိမ်ကို မရောက်တော့ဘူးဆိုတော့ အနုပညာလုပ်တဲ့ နေရာမှာ သီချင်းရေးတာပဲ ဖြစ်ဖြစ်၊ ဆိုတာပဲ ဖြစ်ဖြစ်၊ အလှအပနဲ့ ပတ်သက်လို့ အလှပြင်တာ ဖြစ်ဖြစ်၊ ကောင်လေး၊ ကောင်မလေးဝတ်တဲ့ ဖက်ရှင်တွေ ဖြစ်ဖြစ် ပိုသွားလို့ မရသလို လိုသွားလို့ မရပါဘူးလို့ ကျွန်တော် ကြားဖူးပါတယ်။ ကျွန်တော် ကိုယ်တိုင်ကတော့ လူသားတစ်ယောက်ပဲဗျာ။ ကျွန်တော်လုပ်လိုက်တဲ့ အနုပညာတွေမှာ လိုတာလည်း ရှိမယ်။ ပိုတာလည်း ရှိမယ်။ ရောက်ရှိသွားတဲ့အခါလည်း ရှိမှာပေါ့ဗျာ။
ဆယ့်နှစ်ကြိုးကဝေနဲ့ ပတ်သက်တဲ့ ဝေဖန်သံတွေကရော။
ဆယ့်နှစ်ကြိုးကဝေမှာ ကျွန်တော့်ကို ပရိသတ်က သိပ်ပြီး ပျစ်ပျစ်နှစ်နှစ် မဝေဖန်ကြဘူး။ အကောင်းတွေ ပြောကြတာ များတယ်။ ကျွန်တော် အားလုံးကို ပြစ်မှာ။ တခြား နောက်ထပ်ရုံတွေမှာ တင်တဲ့ချိန်ထိ စောင့်မှာ။ သူတို့ဘာကို အဓိကထားပြီး ပြောလဲဆို အဲဒီကားထဲမှာ ကျွန်တော်တို့ဂီတ လုပ်ထားတာလေးတွေ၊ နောက်ဝတ်ထားတဲ့ အဝတ်အစားတွေ၊ အရောင်လိုက်ဖက်မှု ရှိတာလေးတွေကို သူတို့ သတိထားမိတယ်။ ကျွန်တော်တို့ လုပ်ခဲ့ရကျိုးနပ်တယ်။ ဒီကားက ကျွန်တော်တို့က နဂိုကတည်းက ကောင်းရင် ဒီဗီဒီတင်မယ်လို့ ဆုံးဖြတ်ထားတာပါ။ ကားဆက်ပြီးတော့လည်း ဒီဗီဒီတင်သင့်တယ် ဆိုပြီး တင်ခဲ့တာပါ။ ရုပ်ရှင်အဖြစ် ပြောင်းဖို့ကျတော့ အချိန်တွေအကြာကြီး စောင့်ရမှာ။ အခက်အခဲကတော့ ရှိတာပေါ့။ ဒါက နေရာတိုင်းပါပဲ။ အရမ်းကြီး ညည်းတွားမနေဘဲ ပရိသတ်က ကြိုက်ကြတယ်ဆိုတော့ အမောပြေသွားတာပေါ့။
စိုင်းစိုင်းဆိုတာ အတိုက်အခိုက်တွေနဲ့ အမြဲပြည့်နေတဲ့သူလား။
ဘဝက အတိုက်အခိုက်တွေနဲ့ အမြဲနေနေရလား ဆိုတာကိုတော့ မပြောတတ်ဘူး။ ဘာဖြစ်လို့လဲဆို ကျွန်တော်က သိပ်မမှတ်ထားတတ်လို့ပါ။ ကျွန်တော်လောလောဆယ် ဒီရက်ပိုင်းမှာ ခံစားမိတာလေးနဲ့ စဉ်းစားမိတာလေးက ကျွန်တော်တို့ ဖန်တီးခဲ့တဲ့ အောင်မြင်ခဲ့တဲ့ သီချင်းတွေက အတိတ်မှာကျန်ခဲ့ပြီ။ ကျွန်တော့်ကိုယ် ကျွန်တော်ပဲ ပြောပါတယ်။ ကျွန်တော် တောဂေါ်လီသီချင်း အောင်မြင်ခဲ့ပြီးပြီ။ ၀မ်းနည်းမှတ်တမ်း အောင်မြင်ခဲ့ပြီးပြီ။ တခြားသီချင်းတွေလည်း ရှိပါတယ်။ ဒါတွေရဲ့ အောင်မြင်မှုက အတိတ်မှာ ကျန်ခဲ့ပြီ။ ကျွန်တော်တို့က ရှေ့ဆက်သွားရမယ်။ အနာဂတ်မှာလည်း ကျွန်တော်က တောဂေါ်လီချည်းပဲ လုပ်နေလို့မရဘူး။ အနာဂတ်နဲ့ ကိုက်ညီတဲ့ သင့်တင့်လျောက်ပတ်တဲ့ အနာဂတ်မှာ အောင်မြင်မှုရနိုင်တဲ့ ဖန်တီးမှုမျိုးကို ကျွန်တော် ကြိုးစားနေပါတယ်။ သီချင်းပဲဖြစ်ဖြစ်၊ ဂီတဖြစ်ဖြစ် အဲဒါကျွန်တော့်ရဲ့ ခံယူချက်ပဲ။
စိုင်းစိုင်းရဲ့ ပရိသတ်က မြို့ကြီးတွေမှာပဲရှိတယ်လို့ ပြောရင်ရော။
အသက်အရွယ်အားဖြင့် Setter ခွဲမယ်ဆိုရင်တော့ လူငယ်ပရိသတ် များတယ်ဆိုတာ ကျွန်တော်ဝန်ခံပါတယ်။ ဒါပေမဲ့ မြို့ပေါ်ချည်းပဲ ဆိုတာတော့ လက်မခံပါဘူး။ နယ်တွေ အများကြီးကို ကျွန်တော် သီချင်းသွားဆိုဖူးပါတယ်။ နောက်ဆုံး တချို့နည်းနည်းဝေးလံတဲ့ နေရာတွေဆို ဇာတ်သဘင်နဲ့ပါ တွဲပြီး ဆိုဖူးပါတယ်။ ကျွန်တော့် ပရိသတ်တွေ အများကြီးရှိပါတယ်။ ဒီတော့ လူငယ်ပရိသတ်တွေ များတယ်ဆိုတာကို လက်ခံပါတယ်။ ဒါပေမဲ့ မြို့ပေါ်က ပရိသတ်တွေပဲ ကျွန်တော့်ကို အားပေးတယ် ဆိုတာကိုတော့ လက်မခံပါဘူး။
ကိုယ့်ကို လူတွေအများကြီး အားပေးလက်ခံဖို့ အတွက်ရော ဘာတွေ အာရုံစိုက်ဖြစ်လဲ။
ကျွန်တော်က ကိုယ့်စိတ်ရော၊ လူရော ဒီအနုပညာအလုပ်ထဲမှာ မြှုပ်နှံထားတာပဲ။ ကျွန်တော့်ဘက်ကတော့ မိုင်ကုန်လုပ်မှာပဲ။ အားပေးတာ၊ မပေးတာကတော့လည်း ကျွန်တော့် ကံကြမ္မာပေါ့ဗျာ။ အရွယ်စုံ လူမျိုးစုံ အားပေးဖို့ဆိုတာကလည်း မလွယ်ပါဘူး။ Facebook Funpage မှာ ကျွန်တော့်ပရိသတ်က လူတစ်သိန်းတောင် မကျော်ဘူး။ ဘရူနိုမားဆို 24.billion အများကြီးပဲ။ ဂျက်စတင်ဘီဘာဆို မပြောနဲ့တော့။ ဖြစ်ချင်တာတော့ ဖြစ်ချင်တာပေါ့။ ကိုယ်တတ်နိုင်သလောက်တော့ လုပ်တာပဲ။ ကံကြမ္မာဆိုတာကလည်း ရှိသေးတယ်။
စိုင်းစိုင်းခမ်းလှိုင် ဇာတ်ကားကို မကြည့်ချင်ဘူးဆိုတဲ့ လူတွေရဲ့ အသံကို ကြားခဲ့မယ်ဆိုရင် ဘယ်လိုခံစားရမလဲ။
စိုင်းစိုင်းဇာတ်ကားမို့ မကြည့်ချင်ဘူးဆိုတာ ရှိလို့လားဗျာ။ အဲဒါဆို ကျွန်တော် သူတို့နဲ့ စကားပြောချင်တယ်။
စိုင်းစိုင်းက အတ္တကြီးသူ တစ်ယောက်လား။
မပြောတတ်ဘူး။ တချို့နေရာတွေလည်း အတ္တကြီးတယ်ဗျ။ ဒါပေမဲ့ တစ်ခါတလေ အနစ်နာခံဖူးတဲ့ အကြိမ်တွေလည်း အများကြီးရှိတာပဲ။ ဘယ်ဟာပိုများမလဲ မပြောတတ်ဘူး။
ခဏခဏ ရည်းစားထားခဲ့ခြင်း ခံရတာလည်း စိုင်းစိုင်းကို ပရိသတ်စိတ်ဝင်စားစေတဲ့ အချက်ဖြစ်စေသလား။
ရည်းစားထားခဲ့ခြင်း ခံရတယ်လို့ ဘယ်သူပြောလဲ။ အဲဒီစကားကို ကျွန်တော်ကန့်ကွက်ပါတယ်။ ပြီးတော့ personal နဲ့ ပတ်သက်ပြီး လောလောဆယ်မှာ ဘာမှ ပြောစရာမရှိသေးပါဘူး။
မြန်မာပြည်ရဲ့ အသည်းကွဲဆုံး celebrity တစ်ယောက်လား။
မဖြစ်နိုင်ပါဘူး။ ကျွန်တော် အသည်းကွဲနေတယ်လို့ ဘယ်တုန်းက ပြောဖူးလဲ။
အနုပညာသမားနဲ့ စီးပွားရေးဆိုတာ
ပန်းချီဆရာတစ်ယောက်က သူဆွဲတဲ့ ပန်းချီကားကို ဘယ်သူ့ကိုမှလည်း မပြဘူး။ ဘယ်သူ့ကိုမှလည်း မရောင်းချင်ဘူး။ ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း ကျေနပ်ပြီး တစ်ယောက်တည်းဆွဲ၊ ကိုယ့်ဘာသာကိုယ် အိမ်မှာ သိမ်းထားဆိုရင်တော့ ဒါက စီးပွားရေးနဲ့ မဆိုင်ဘူးဗျ။ ဒါပေမဲ့ အဲဒီပန်းချီကားကို ဈေးနှုန်းတစ်ခု သတ်မှတ်ပြီး ရောင်းချင်ပြီဆိုရင်တော့ အရောင်းအဝယ်သဘော ပါလာပြီဗျ။ ဒါက ကျွန်တော် အခြေခံကျကျ ပြောပြတာပါ။
 
စိုင်းစိုင်းရဲ့ အနုပညာဖန်တီးမှုတွေမှာရော
ကျွန်တော်တော့ ကိုယ်ဖန်တီး ထုတ်လုပ်ထားတဲ့ အနုပည product တွေကို အိမ်မှာ တစ်ယောက်တည်း ကိုယ့်အတွက်ပဲ မဟုတ်ဘဲနဲ့ ပရိသတ်ကို တင်ဆက်ချင်တဲ့ ကောင်ပါ။ ပြီးတော့ ပရိသတ် နှစ်သက်လက်ခံ အားပေးတာမျိုးလည်း ရှိစေချင်တာဆိုတော့ ကျွန်တော့်ရဲ့ သီချင်းတွေ၊ ရုပ်ရှင်တွေကို လက်ရှိဈေးကွက် ဖြန့်ချိနေကျအတိုင်း ဖြန့်ချိလေ့ရှိပါတယ်။
တလောက ထွက်သွားတဲ့ မြန်မာဗီဒီယို ဇာတ်လမ်းတစ်ပုဒ်မှာ အောင်မြင်တဲ့ အနုပညာရှင်တွေနောက်ကို မူးယစ်ဆေး လိုက်သွားတဲ့ ဇာတ်ဝင်ခန်းမျိုး ပြထားတယ်။ အဲဒီအခြေအနေမျိုး စိုင်းစိုင်းကြုံခဲ့ဖူးလား။
ကျွန်တော် မကြုံခဲ့ဖူးပါဘူး။ ကျွန်တော်က နဂိုကတည်းက ဆေးလိပ်မသောက်ဘူးဆိုတော့ ကျွန်တော့်ကို ဆေးလိပ် မတိုက်ကြဘူး။ ဒါက လူနဲ့ပဲဆိုင်တယ်လို့ ကျွန်တော်ခံယူပါတယ်။ အောင်မြင်လာပြီ မူးယစ်ဆေးဆိုတာက တစ်ဦးချင်းနဲ့ပဲ ဆိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ သပ်သပ်ကြားဖူးတယ်။ အနုပညာရှင်ဆိုရင် ဆေးသုံးတယ်။ စာရေးဆရာဆိုရင် အရက်သောက်တယ်လို့ ဆိုတာ တစ်ယောက်ချင်းစီနဲ့ပဲ ဆိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ အောင်မြင်ပြီးတော့ ပရဟိတတွေ လုပ်နေတဲ့သူတွေလည်း အများကြီးပဲ။ ပြီးတော့ ဒီနေ့ခေတ်မှာ တကယ်တမ်း အောင်မြင်တဲ့ အဆိုတော်တွေ ဈေးကွက်မှာ မားမားမတ်မတ် ရပ်တည်နေတဲ့ အဆိုတော်တွေ ဘယ်သူမှ ဆေးသမား မဟုတ်ကြပါဘူး။

Monday, July 23, 2012

နိုင်ငံကျော် ရုပ်ရှင်မင်းသား မယား


(ယခင်လမှ အဆက်...)

ဒွေး မိန်းမက ထိုင်စားလို့ ရတယ်လို့ အများ အမြင်မှာ မြင်ပေမယ့် ကိုယ့်ဝမ်းနာ ကိုယ်သာ သိတာလား။

ပြောရရင် သမီးတို့ နှစ်ယောက်မှာ ရိုးရိုး သားသားလေးနဲ့ သူများကို ချပြလို့ ရတာက သမီးတို့ နှစ်ယောက် စလုံးက မိသားစုထဲမှာ အကြီး သွားဖြစ်တာ။ သမီးတို့ မိသားစု နှစ်စုလုံးမှာ သားကြီး၊ သမီးကြီး ဖြစ်သလို သူ့ဘက် မိသားစုက မပြည့်စုံဘူး။ သမီးဘက်မှာက အဖေ အမေ မရှိဘူး။ ဒီအကုန်လုံးကို အုပ်ချုပ်ရတဲ့ နှစ်ယောက် ဖြစ်နေတယ်။ နောက်ပြီး သမီးတို့မှာ အမြတ်ခွန် ကိစ္စကလည်း ရှိသေးတယ်။ သူတို့မှာ သားသမီးမှ မရှိတာလို့ အများက မြင်တယ်။ သားသမီး နှစ်ယောက် မွေးထားရင်တော့ နှစ်ယောက်၊ တစ်ယောက် မွေးထားရင် တစ်ယောက်ပဲ ကျွေးရမယ်။ အခု သမီးတို့ ထမ်းထားရတဲ့ ၀န်က အရမ်းများတယ်။ သူများတွေ ထင်သလောက် သမီးတို့ မစုနိုင်ဘူး။ အဲဒီ အခါကျတော့ ကိုယ့်အကြောင်းကိုယ် သိတဲ့အတွက် တစ်ဖက်တစ်လမ်းကနေ အိမ်စရိတ် ကာမိအောင် လုပ်တယ်။ သူ့လောက်တော့ သမီး မရှာ နိုင်ဘူးပေါ့။ အိမ်ရဲ့စရိတ်လေး ကာမိတယ် ဆိုရင် သူ ထမ်းရတဲ့ဝန် နည်းနည်း လျော့တယ်ပေါ့။ အဲဒါကြောင့် အလုပ်တွေ လုပ်တာပါ။

မိသားစု နှစ်စုတင်မကဘဲ အဲဒီ မိသားစု နှစ်စုက ပေါက်ဖွားလာတဲ့ သူတွေ အတွက်လည်း ရှိသေးတာကိုး။


ခုန ဦးပြောသလို သမီးက မုဆိုးမတွေထဲမှာ အရမ်း ပေါ်ပြူလာ ဖြစ်တယ်။ စကား တစ်ခုကို နှိုင်းပြောရင် စီးပွားရေး လုပ်ငန်းရှင် မိန်းမကို လူတိုင်း မသိဘူး။ သမီးထက် ချမ်းသာပါတယ်။ သမီးတို့က သူတို့ရဲ့အစွန်အဖျားလေးပဲ။ မင်းသား၊ မင်းသမီးတွေရဲ့ဒုက္ခက တော်တော်တော့ ကြီးတယ်။ အခြား စီးပွားရေး သမားတွေရဲ့နောက်မှာ Income ဆိုတာရှိတာ။ သူတို့မှာ ကြွားဝါစရာ အဆောင်အယောင်၊ အ၀တ်အစား မလိုဘူး။ အကုန် သပိတ်ဝင်၊ အိတ်ဝင်သွားတယ်။ ဒီခေတ်မင်းသား၊ မင်း သမီးတွေက သနားဖို့ ကောင်းတယ်လို့  သမီးက အဲဒီလိုပဲ မြင် တယ်။ အ၀တ်အစားကို တစ်ကားနဲ့ တစ်ကား မထပ်အောင် ၀တ်ပြရတယ်။ ပရိသတ်က ချစ်တဲ့သူ ဖြစ်လေ ပိုသတိ ထားရလေ။ သမီးတို့တောင် သတိ မထားမိတဲ့ အ၀တ်အစား ပရိသတ်က သိတယ်။ ဒါတွေကို သမီးတို့မှာ ပြန်ကုန်ရတယ်။ မင်းသားတစ်ယောက်၊ မင်းသမီး တစ်ယောက် နာမည်ကြီး လာတာနဲ့ အမျှ စီးတဲ့ကားက အစပြောတယ်။ ဟယ်- မင်းသား လုပ်နေပြီးတော့ကွာ ဆိုပြီး လူတွေက လွယ်လင့်တကူ ပြောလိုက်တာ။ သူ့ဝန်ကို ထမ်းထားရတာ မနည်းဘူး ဆိုတာ ပရိသတ်တွေ မသိဘူး။ အဲဒီအခါကျတော့ သမီးတို့ အတွက် အဆောင်အယောင် လိုလာပြန်ရော။ နေတဲ့၊ စီးတဲ့၊ သွားတဲ့နေရာထိုင်ခင်း၊ အဆောင် အယောင်တွေ လိုလာတော့ အကုန်လုံးက ပြန်ပြီး ထွက်လာတယ်။ အဲဒါတွေကို ကျန်တဲ့ သူတွေက မမြင်ဘူး။ တခြား စီးပွားရေးသမား ထက် သူတို့မှာ ပြန်ထွက်ရ တာ များတယ်။ Taxi စီးလို့ မရဘူး။ ယံမိုး ပြောသလိုပေါ့။ ဘဘလိုတော့ အောင် မြင်ချင်တယ်တဲ့။ စင်ကာပူ လေဆိပ်မှာ ကိုရီးယားက အဆိုတော် လေးယောက် လာကြတော့ စစ်တပ်တွေပါ ချထားရတယ်။ အဲဒီမှာ သမီးရဲ့မောင်ကို သွားကြိုတာ။ သမီးနဲ့ မောင်လေးရဲ့ သမီးက မိန်းကလေးလည်း မိန်းကလေး ဆိုတော့ တိုးကြိတ်ပြီး ကြည့်တယ်။ အဲဒီမှာ ယံမိုးက ထိုင်နေ၊ မရှက်ဘူးလား၊ ငြိမ်ငြိမ်ထိုင်နေ ဆိုပြီး သူ့ညီမ ၀မ်းကွဲကို ပြောတယ်။ အဲဒီ အချိန်မှာ ယံမိုးက ဘာပြောလဲဆိုတော့ သူ ဘဘလို ဖြစ်ချင်တယ်တဲ့၊ ဒါပေမဲ့ အဲဒီလို အောင်မြင်ရင် တော်သေးတယ်၊ မအောင်မြင်ရင် လမ်းခုလတ်မှာ ဘာလုပ်မလဲတဲ့။ သမီးက သူ မပြောခင် စိတ်ထဲမှာ တွေးနေတာက သြော်-ငါတို့လည်း တစ်ချိန်တုန်းက ဒီလိုပါလားပေါ့။ ယံမိုး ပြောလိုက်တဲ့အချိန်မှာ သမီး စိတ်မကောင်းဘူး။ သူ တွေးတတ်တယ်။ အဲဒီမှာ သမီး ချုံးပွဲချငိုတာ။ ကဲ-တော်ပြီ။ ဒီစကား ဒီမှာတင်ရပ်လို့ ပြောပြီး ရပ်လိုက်ရတယ်။ နောက်ပိုင်းမှာ အဲဒီလိုပုံစံမျိုးမြင်ရမယ့်နေရာတွေကို ရှောင်လိုက်တယ်။ ကိုယ့်ကိုယ်ကိုယ် သတိ လေးနဲ့ နေလိုက်ကြတယ်။

ဝေယံမိုးက မိုးမိုးမောင် အငယ်ဆုံးက မွေးတာနော်၊ သားကြီးကလည်း ချစ်တယ်ဆိုတာ သတိထားမိတယ်။


ယံမိုးက သူ့အတွက် Hero က သူ့ဘဘတဲ့။ သားကြီးလို့ ပြောတယ်။ ယံမိုးက သမီးတို့ လက်ထဲကို ၆ လသားကတည်းက ရောက်လာတာ။ သမီးတို့ သားသမီး အရင်းလို ဖြစ်သွားပြီး သမီးတို့နဲ့ အတူတူ အိပ်လာလိုက်တာဟာ သားကြီး သေတဲ့ အထိပဲ၊ တစ်အိပ်ရာတည်း ၃ ယောက် အတူတူ အိပ်တာ။ သားကြီးကလည်း သူ့စိတ်ထဲမှာ သူ့သားအရင်းပဲ။ သမီးကလည်း ကိုယ့်သား လိုပဲ။ အဲဒီတော့ သမီးရဲ့ချမ်းသာသမျှကို ယံမိုး ၁၈ နှစ်ပြည့်ရင် အကုန် လွှဲပေးမှာ။ နောက်နောင် ဘယ်သူ့  အတွက်မှ မဖြစ်စေရဘူးပေါ့။ သမီးတစ်ခုခု လုပ်ကောင်း လုပ်ချင်လုပ်မယ်။ ဒါပေမဲ့ ဒီအချိန်မှာ ရထားတဲ့ စီးပွားသည် သားကြီး ရှာသွားတာ။ ကျန်တဲ့သူ ဘယ်သူ့မှ ရပိုင်ခွင့် မရှိဘူးပေါ့။ ကျန်တဲ့ ကိစ္စက သမီးရဲ့စိတ်ခံစားမှုနဲ့ ဆိုင်တယ်။ သမီးရဲ့ဘ၀ တစ်ခုနဲ့ ဆိုင်တယ်။ သမီး အကန့်ကို ခွဲထားလိုက်တယ်။ သမီး မရခဲ့ရင် ယံမိုးပဲ ရသင့်တယ်။ ယံမိုးအသက် ၁၈ နှစ် ပြည့်ရင် လွှဲဖို့ အဆင်သင့် ဖြစ်နေပြီ။ လွှဲလို့ရတဲ့ဟာ အကုန်လွှဲမယ်၊ ချိတ်ဆက်လို့ ရတာ အကုန်လုံး သမီးနဲ့ သူ ချိတ်ထားမယ်။ သမီး တစ်ခုခု ဖြစ်သွားရင် သူ့လက်ထဲပဲ အကုန် ရရမယ်။ နောင်တစ်ချိန်မှာ ဖြစ်လာတဲ့ စီးပွားက တစ်မျိုး၊ ဒါက သမီး ဘယ်သူ့ကိုပဲဖြစ်ဖြစ် ညီညီမျှမျှ တွေးပေးရမယ်။
အခုဆိုရင် သားကြီး ဆုံးတာလည်း လေးနှစ် ရှိသွားပြီ။ အင်မတန် အောင်မြင်တဲ့ သူရဲ့မိန်းမလည်း ဖြစ်တယ်။ နောက်ပြီး သားကြီးက မိုးမိုးကို ချောင်မှာလည်း မထားဘဲ အပြင်ကို ဆွဲ ထုတ်ထားတဲ့သူ ဆိုတော့ မိုးမိုးက Celebrity မဟုတ်သော်လည်း Celebrity နီးပါး သိကြတယ်။ အဲဒီလိုဆိုတော့ သားကြီး မရှိတော့တဲ့ နောက်ပိုင်းမှာ မိုးမိုး နေထိုင်ရတဲ့ ဆင်ခြင်မှုလေးတွေကို သိချင်တယ်။ နောက်ပြီး သားကြီး ဆုံးတာ လေးနှစ် ရှိသွားပြီ ဖြစ်သလို မိုးမိုးလည်း အရွယ်ရှိတဲ့ မိန်းမတစ်ယောက် ဖြစ်တာကြောင့် အိမ်ထောင်ရေးကို ဘယ်လို စဉ်းစားလဲဆိုတာ သိချင်တယ်။

အခု အချိန်မှာ သမီး အရွယ်က ချစ်တယ်လို့ ပြောရမယ့် အရွယ် မဟုတ်တော့ဘူး။ နှလုံးသားနဲ့ ခံစားရမယ့် အရွယ် မဟုတ်တော့တဲ့ အတွက် မေတ္တာတော့ ရှိရမယ်။ ကိုယ် ရွေးတဲ့သူ ပေါ်မှာပေါ့။ အဲဒီအခါ ကျတော့ နံပါတ်တစ် ယံမိုး အတွက် သမီး စဉ်းစားတယ်။ နံပါတ်နှစ် သမီးအတွက် သမီး စဉ်းစားတယ်။ နံပါတ်သုံး သမီး မိသားစု မောင်နှမ အပြင် ကိုရန်အောင်၊ သားညီ၊ သားကြီးရဲ့အဖေ၊ သူတို့ အတွက်လည်း စဉ်းစားတယ်။ သေသွားပြီ၊ မဆိုင်တော့ဘူးလို့ သမီးဘက်က သတ်မှတ် လိုက်ရင် ရတယ်။ ဒါပေမဲ့ ဘယ်တော့မှ မသတ်မှတ်ဘူး။ အဲဒီတော့ သမီး ရွေးလိုက်တဲ့ သူသည် သမီးအတွက် ပိုက်ဆံ မလိုဘူး။ သားကြီး ဆုံးခါစမှာ အပွင့်လင်းဆုံး ပြောရရင် ငတ်တစ်လှည့် ပြတ်တစ်လှည့် ကြုံရတယ်။ အကြွေးတွေလည်း အများကြီးပဲ။ သမီး တစ်ယောက်တည်း ဖြေရှင်း လိုက်ရတဲ့ ဒုက္ခက တစ်နှစ်ခွဲ လောက် ရှိတယ်။ အဲဒီ အခါမှာ ရှိသမျှ အပေါင်းအသင်း ဟောင်းတွေ အကုန်လုံးကို ဖြတ်လိုက်ပြီး သမီး တစ် ယောက်တည်း နေလိုက် တယ်။ သူများတွေကတော့ စိတ်ဆိုးကောင်း စိတ်ဆိုးလိမ့်မယ်။ မိုးမိုးက ငါတို့ဆီက အကူအညီ တောင်းမလား ဆိုတဲ့ အတွေးလည်း အ၀င်မခံနိုင် ဘူး။ ထင်လည်း အထင်မခံ နိုင်ဘူး။ ဖြစ်သမျှ ပြဿနာ အကုန်ရှင်းမယ်။ ယံမိုးကို ကျောင်းထားလိုက်တဲ့ အချိန်မှာ သမီး အိမ်မရောင်းရသေးဘူး။ သမီး မြန်မာပြည်က ထွက်ဖို့ လုပ်တဲ့အချိန် Immigration မှာ အပိတ် ခံထားရတဲ့ အခြေအနေထိ ဆိုးတယ်။ ကြွေးကျန်လို့။ ဒါ အခုမှ ပြောပြတာ တော်တော်ကြီးကို ဒုက္ခရောက်တယ်။ ဒါတွေကို ဘယ်သူမှ မသိလိုက်ဘူး။ သမီးနဲ့ ဘေးနားမှာ ရှိတဲ့ ကိုရန်အောင်၊ သားညီ တို့ပဲ သိလိုက်တယ်။

အဲဒီလို အားလုံးကို ဖြတ်လိုက်တဲ့ အချိန် သမီးအနားကို ရောက်လာတဲ့ ယောက်ျားတွေ အကုန်လုံးကို ဘာပေတံနဲ့ တိုင်းမလဲ။ ဘာမှတိုင်းလို့ မရဘူး။ သမီး ဘေးနားကို ယောက်ျားတွေ တော်တော်များများ ရောက်လာကြပါတယ်။ ဖြူတာလား၊ မည်းတာလား၊ တကယ်လား၊ ပိုက်ဆံကြောင့်လား ဆိုတာ အဲဒီ အချိန်မှာ ဘာပေတံနဲ့မှ တိုင်းလို့မရဘူး။ စိတ်ညစ်ညစ်နဲ့ ပုလဲကွန်ဒို အိမ်ကို ပြောင်းသွားလိုက်တယ်။ ပြောင်းသွားတဲ့ အချိန်မှာ ထပ်ပြီး ရင်ဆိုင်ရတာက ဘယ်ကနေ ဘယ်သူ တွေမှန်းမသိတဲ့ ပြဿနာတွေက အိမ်တံခါးဝကို ရောက်လာ တယ်။ အောက်ထပ်က လုံခြုံရေးကို နေ့တိုင်း ခေါ်ရတယ်။ အဲဒီမှာ ပြဿနာတွေကို ဖြေရှင်းဖို့ ဆိုတာ သမီး တစ်ယောက်တည်း ဘယ်လိုမှ ဖြေရှင်းလို့ မရဘူး။ ဖုန်းဆက်ပြီး ဘယ်သူ လာပါ၊ ဘယ်ဝါလာပါ ခေါ်ရတယ်။ ဘောက်ထော် အိမ်မှာလည်း ဘောက်ထော်အလျောက်။ ရိုင်းရိုင်း ပြောရရင် လူကြီး လူကောင်းတွေချည်းပဲ။ အဲဒီ အချိန်ကတည်းက စပြီး သမီး လူတွေကို မယုံတော့ဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း ရှက်မိတယ်။ ငါများ အနေအထိုင် မတတ်လို့လားပေါ့။ သမီး ကိုယ့်ကိုယ် ကိုယ် ကာကွယ်ရတော့မယ်။ သမီး ပိုက်ဆံလိုချင်သလား စဉ်းစားလိုက်တယ်။ ငါ အိမ်ထောင်တစ်ခုကို မတည်ထောင် ရင်တောင် ငါ့နားမှာ ယောက်ျားတစ်ယောက်တော့ ရှိသင့်ပြီလို့ တွေးလိုက်တယ်။

အဲဒီတော့ ပိုက်ဆံမလိုချင်ဘူး။ ကာဗာလုပ် ပေးမယ့်သူ လိုချင်တာ။ ပိုက်ဆံ ရှာနိုင်တဲ့အားတော့ သမီးမှာ ရှိတယ်။ ပိုက်ဆံ လိုချင်ရင် သူဌေး တစ်ယောက်တော့ ရနိုင်တယ်။ သူဌေးကို ရွေးရင် သမီးနဲ့ သက်တူရွယ်တူပဲ ဖြစ်မယ်။ သမီးထက်ငယ်တဲ့ ချာတိတ်ထဲမှာတော့ သူဌေး မရှိလောက် ဘူး။ အဲဒီအခါကျတော့ သူဌေးကို ရွေးလိုက်လို့ မယားငယ် ဖြစ်ရင် ကံကောင်း၊ အဲဒီ အချက်ကို ပြန်တွေးတယ်။ သမီး တိတ်တိတ်ပုန်း မယားပဲ ဖြစ်မယ်။ အဲဒါ အရိုင်းဆုံး စကားကို သုံးလိုက်တာ။ အဲဒီအခါကျတော့ သမီးက နံပါတ်တစ် နေရာမှာ အမြဲ နေလာတာ၊ တစ်ပဲ နေချင်တယ်။ တစ်ကနေတော့ သမီး ဆင်းမသွားချင်ဘူး။ အဲဒီတော့ သမီး ရွေးတဲ့လူသည် လူပျိုပဲ ဖြစ်ရတော့မယ်။ သမီးကို ညှာရမယ့်သူ၊ သမီး ဖြစ်နေတဲ့ ပြဿနာတွေကို ရင်ဆိုင်ပြီး နေတဲ့သူ၊ အမှန်တရားကိုသိပြီး ကျန်တဲ့ သူကို ရွေးနိုင်ရတော့မယ်။ အဲဒီတော့ သမီးရဲ့ဒုက္ခ၊ ပြဿနာတွေကို ချပြလိုက်တယ်။ အဲဒီမှာ ကျန်ခဲ့တဲ့ သူက သမီးအတွက် အမှန်ပဲ ဆိုပြီးပေါ့၊ ခုန ပြောသလို သမီးရဲ့ပစ္စည်းတွေ အကုန်လုံးကို ယံမိုးကို လွှဲကြောင်းကိုလည်း သိရမယ်။ ဒီလူရဲ့လက်ထဲမှာ တိုးပွားရင် ဒီလူနဲ့ သမီးရဲ့ပိုက်ဆံ။ ဒါတွေကို တင်ပြလို့ ကျန်တဲ့သူက သမီးအတွက် အမှန်ပဲဆိုပြီး ယောက်ျား တစ်ယောက်ကို ရွေးရတယ်။ ဒါပေမဲ့ ဒါသည်လည်း မမှန်နိုင်သေးဘူးပေါ့ ဦးရယ်။ သမီးစောင့်တော့ ကြည့်ရဦးမယ်။ ဒါချက်ချင်း မသိနိုင် သေးဘူး။ ငယ်ငယ်တုန်းကနဲ့ အခု အချိန်က မတူတော့ဘူး။ အခုအချိန်က အရမ်းခေတ်မီနေပြီ။ ခဏလေး တွေ့ရုံလောက်နဲ့ ယောက်ျားတစ်ယောက်ရဲ့စိတ်ကို သမီး ဘယ်လိုမှ မသိနိုင်ဘူး။ ဒါတောင်မှ သမီးက ယောက်ျားတောထဲနေလာလို့ သူများထက် စာရင် နည်းနည်းသိတယ်။ လိမ်သွားရင် နှစ်နှစ်နေမှလည်း လိမ်မယ်၊ သုံးနှစ်နေမှလည်း လိမ်သွားနိုင်တယ်။ ယောက်ျား တစ်ယောက်က အယုံသွင်းပြီးမှ လိမ်သွားနိုင်တာဆိုတော့ အမြဲ သတိ ၀ီရိယနဲ့ နေတယ်။ မျိုးစုံ စမ်းသပ်ပြီး နေတယ်။ သမီးမှာ ဘာမှ မရှိဘူး။ ဒုက္ခတွေနဲ့ချည်းပဲ ချပြတယ်။ အဲဒီနောက်မှာမှ ကောင်းတာတွေ တစ်ခုပြီးတစ်ခု ပြန်ပေးပြီး ယုံရသလားဆိုပြီး အကောင်းနဲ့ ပြန်စမ်းသပ်ရတယ်။ သမီးမှာ ရှိတဲ့ အလုပ်ကိုခိုင်း ကြည့်တယ်။ နောက်ထပ်တွေ ခိုင်းကြည့်တယ်။ အဆင်ပြေလာတယ် ဆိုရင် ဒီလူဟာ ပိုက်ဆံ မလိုချင်တော့ဘူး ဆိုတာ ကျိန်းသေ သွားပြီ။ ပိုက်ဆံကို အထုပ် လိုက်ပေးလိုက်တယ်။
လူက ပိုက်ဆံ ကြိုက်တယ်၊ ၂ နှစ်လောက် အောင့်ထားပြီးမှ ပိုက်ဆံအထုပ် လိုက်ချပေးရင် ပေါ်လာတာပဲ။ မျိုးစုံ စမ်းသပ်တယ်။ နောက် ဆုံးမှာ လုပ်ပိုင်ခွင့်အကုန်လွှဲပြီး လုပ်ခိုင်းတဲ့အချိန် အားလုံး အဆင်ပြေတဲ့ အတွက် ဒီလူတစ်ယောက်က သမီးနားမှာ ရှိသင့်တယ်လို့ သတ်မှတ်လိုက်တယ်။ သမီး လိုချင်တာက မေတ္တာ၊သမီး သား အပေါ်ထားတဲ့ မေတ္တာ။ ခုနလိုမျိုး ၂ နှစ်ဆိုတဲ့အချိန်အတွင်းမှာ ယံမိုးနဲ့ ပေးတွေ့ လိုက်တယ်။ ယံမိုးအပေါ် သည်းခံမှု ဘယ်လောက်ရှိမလဲ။ ယံမိုးကကော ဘယ်လောက် အတိုင်း အတာတစ်ခုအထိ သွားမလဲ။ လက်မှတ် ထိုးယူတာက နောက်မှပေါ့။ သူတို့ နှစ်ယောက်စလုံးကို ပေးတွေ့ပြီး သူတို့နှစ်ယောက်စလုံးရဲ့အခြေအနေကို ၂ နှစ် စောင့်ကြည့်လာတယ်။ ယံမိုးက သူ့ရဲ့ဘဘလိုပဲ ဒီဘက်ကို သာလာတယ်။ ဒါပေမဲ့ သူ့ဘဘက သူ့ဘဘပေါ့၊ ဒီဟာက သတ် သတ်။ တစ်ခါတလေ သူ အမှတ်တွေ ကောင်းရင် သမီး မသိလိုက်ရဘူး၊ ရန်ကုန်ကို လှမ်းပြော တာ။ ဒါတွေက ကြည်နူးစရာတစ်ခုပဲပေါ့ ဦးရယ်။ အဆင်ပြေတယ်။ ကလေး တစ်ယောက်မှာ ဘာလိုအပ် နေပြီလဲ၊ မေတ္တာလေ။ ဒီမေတ္တာ သူ့ကို ပေးနိုင်တယ်။ အဲဒီမှာပဲ သားအတွက် ပြီးသွား ပြီဆိုတော့ သမီးအတွက်ပေါ့။ သမီးအတွက်က ပိုက်ဆံမလိုတဲ့အတွက် ဒါသွားလုပ်ဆို လုပ်တယ်။ တခြား ယောက်ျားတစ်ယောက်သာ ဆိုရင် သားကြီးအတွက် ငါ့ကို ဒါတွေလုပ်ပေးဆိုရင် မလုပ်ချင် ဘူးလေ။ သူလည်း ယောက်ျားတစ်ယောက်ပဲ။ သားညီနဲ့တည့်အောင် ပေါင်းလိုက်၊ ကိုရန်အောင်နဲ့ တည့်အောင် ပေါင်းလိုက် ဆိုရင်ကော၊ သမီးမောင်နှမ ခဏထား၊ အဆင် ပြေနိုင်ပါ့မလား၊ စဉ်း စားတယ်။ ဦး မြင်တဲ့ အတိုင်းပဲ အကုန်လုံးက သူနဲ့ အဆင်ပြေနေတယ်။ သားညီကလေး ၃ လကတည်းက သူ ထိန်းနေတာ။ သူတို့စိတ်ထဲမှာ ဘယ်လိုပဲ ရှိနေ၊ ရှိနေ မြင်ရတဲ့မြင်ကွင်းက ကြည်နူးစရာပဲ။ သမီးကို ချစ်တယ်ဆိုရင် သမီး နောက်မှာရှိတဲ့လူတွေကိုလည်း ချစ်ရမယ်၊ ကြည်ဖြူ ရမယ်လို့ သမီး ပြောတယ်။ ဒီကလေးတွေကို သမီး တစ်သက်လုံး လုပ်ပေးသွားမှာ ဖြစ်တဲ့အတွက် လက်ခံနိုင်လား၊ သည်းခံနိုင်လား ရွေးချယ်၊ လက်မခံနိုင်လည်း စောစောစီးစီး လမ်းခွဲလို့ ရတယ်။ အခု အချိန်ထိလည်း လမ်းခွဲလို့ ရတယ်။ သမီး ပြောပြီးသား၊ သမီး အသက် အရွယ်အရ သမီး ခံစားရတာနဲ့ အမျှ စိုးရိမ် ပူပန်တယ်ဆိုတာလည်း သိပ်မရှိဘူး။ ခံနိုင်ရည်ရှိ နေတယ်ပေါ့ ဦးရယ်။ အများကြီး ကြုံထားပြီးပြီ ဆိုတော့ ကိုယ့်ကိုယ်ကိုယ်တော့ အများကြီး ကာကွယ်ပြီးသား။ အကုန်လုံးက ညီညီညွတ်ညွတ်လေး ဖြစ်နေတဲ့ အခါကျတော့ သမီးမှာ စိတ် ချမ်းသာရတယ်။

ဒီလူတစ်ယောက်ကို ရွေးသင့်တယ်လို့ သမီးတစ်ယောက်တည်း အတွက် မဟုတ်ဘူး၊ အကုန်လုံး အတွက်ပေါ့၊ ပိုက်ဆံ အများကြီး မရှာနိုင်ဘူး။ သူ့မှာ သည်းခံနိုင်စွမ်း ရှိတယ်။ စိတ်ကောင်းလေး ရှိတယ်။ သမီး လိုချင်တာ စိတ်ကောင်းလေး ရှိဖို့ပဲ။ စိတ်ကောင်းရှိရင် ဘယ်နေရာ သွားသွား အောင်ကို အောင်မြင်တယ်။ သမီး လိုချင်တာ ဒါပဲ။ သမီး စင်ကာပူ ပြန်သွားတယ်။ သူက ဒီမှာ နေတာ။ သမီးက ပြောစရာ မလိုဘူး၊ သမီး အဘွားဆီ သူ့ဘာသာ သွားကန်တော့တယ်။ ဒါလည်း သမီးအတွက် စိတ်ချမ်းသာစရာ တစ်ခုပဲ။ အဘွားအိမ် သွားတော့ အဘွားက ကော်ဖီ သောက်မလားလို့ သမီးကို မေးတော့၊ ပါတယ် အဘွား ကျွန်တော် ယူလာတယ် ဆိုပြီး သမီး အတွက် ကော်ဖီ အဆင်သင့် ယူယူလာတယ်။ ဘာပဲပြောပြော အဘွားလည်း စိတ်ချတယ်။ စိတ်လည်း ချမ်းသာတယ်။ အဘွားကလည်း သူ့ မြေး လိုအပ်နေတာကို ဖြည့်ပေးနေတဲ့သူ ဖြစ်တဲ့အတွက် စိတ်ချတယ်လေ။ သမီး မလုပ်နိုင်တာတွေကလည်း တော်တော်များတယ်။ မိန်းမ တစ်ယောက်ဖြစ်နေတဲ့ အတွက်လေ။ သမီးကတော့ အခု အဲဒီလို စံလေးနဲ့ ရွေးလိုက်တယ်။ ဒါပေမဲ့ သိသာ သိစေ၊ မမြင်စေနဲ့ ဆိုသလိုပဲ သမီးတို့ နှစ်ယောက် ဘယ်ကိုမှ မသွားဘူး။ ဒီလိုပဲ နေလိုက် ကြတယ်။ သူလည်း လုပ်စရာ ရှိတာ လုပ်ကျန်ခဲ့လိုက် တယ်။ သမီးလည်း ပြန်စရာ ရှိတာ ပြန်တယ်။ သူ စင်ကာပူကို လာနိုင်တဲ့ အခါ လာတယ်။ လက်မှတ်ထိုးပြီး ယူဖို့ဆိုတာ သမီး အသက်အရွယ်မှာ မလိုတော့ဘူးလို့ သမီးကတော့ သတ်မှတ်ထားတယ်။ ယံမိုး ကျောင်းပြီး သွားတဲ့ အချိန်ကျရင် သမီး တစ်ယောက်တည်း ကျန်ခဲ့မှာ။ အဲဒီ အချိန်မှာ သူသည် အခုထက်ထိ ကောင်းနေတယ်၊ အခုလိုပဲ ကောင်းနေ တယ်ဆိုရင်တော့ သမီး တရား ၀င်ယူမယ်။ အခု အချိန်ထိတော့ သမီးတို့ နှစ်ယောက်က ဘာပဲပြောပြော နားလည်တဲ့ သူတစ်ယောက်ပေါ့။ သမီးလည်း တတ်နိုင်သလောက် သူ့အပေါ် ပြန်ကောင်းမယ်။

သမီး ရွေးထားတယ်၊ နောက် မပြင်တော့ဘူး၊ စိတ်မပူနဲ့လို့ သူ့ကိုလည်း ပြောလိုက်တယ်။ အသက်လည်း ကြီးလာပြီ၊ ဒီိထက် ရွေးလို့လည်း မရတော့ဘူး။ ပြင်လို့လည်း မရတော့ဘူး။ သမီး တစ်ခုခုတော့ လဲရမယ်လေ၊ ပိုက်ဆံ ချမ်းသာတဲ့ သူ ယူရင် သမီး မိသားစုနဲ့ သမီးကို ပေးကောင်းပေးမယ်။ ဒါမျိုးတွေ ပေးချင်မှ ပေးမှာ။ ပိုက်ဆံ ပေးမယ်။ မေတ္တာ ပေးချင်မှ ပေးမယ်။ သမီးကတော့ ဒီတစ်ချက်နဲ့ပဲ သူ့ကို ရွေးလိုက်တယ်။ ကျန်တာတော့ သမီးမှာ ဘာမှ မရှိဘူး။ လူပျို တစ်ယောက်အနေနဲ့ ရှိကောင်း ရှိခဲ့မယ်။ ဒါလည်း သမီး သိပ်ဂရု မစိုက်ဘူး၊ သမီးအတွက်က အဲဒါတွေ အရေးမကြီးဘူးလို့ ထင်တယ်။ အရေးကြီးတာက သမီး လက်ထဲမှာ သမီးကို ကောင်းကောင်းမွန်မွန် ဆက်ဆံရမယ်။ သမီး သားအပေါ်မှာ အဖေ တစ်ယောက်လို ကောင်းကောင်းမွန်မွန် ဆက်ဆံရမယ်။ ငါ့သား ရိုသေအောင် နေလို့ သူ့ကို တစ်လုံးတည်း ပြောထားတယ်။ ငါလိုချင်တာ ဒါပဲ၊ ငါ့သားက ကြီးလာမှာ၊ ငါ့သား ရိုသေအောင် နေပေးရင် ကျန်တာ ဘာမှ မရှိဘူးလို့။ သမီး လိုချင်တာ ဒါပဲ။ သူက အရိုအသေ တန်အောင်နေရင် သားက ပြောပြီလေ။ သမီး အဲဒါတော့ လက်မခံဘူး။

အခုတော့ မိုးမိုးက တူမလေး တစ်ယောက် ထပ်မွေးထား တယ်နော်။
သမီးအောက် မောင်လေးက မွေးတဲ့ သမီးလေးပါ။ ယံမိုးနဲ့ မောင်နှမ ၀မ်းကွဲတော်တယ်။ သူ့မှာလည်း အမေ မရှိတဲ့ အခါ ကျတော့ မောင်လေးကိုလည်း စောင့်ရှောက်ထားတယ်။ ကလေးကို ယံမိုးလို မွေးစားတာ မဟုတ်ပေမယ့် အပြီးခေါ်ပြီး ဟိုမှာပဲ ကျောင်းထားလိုက်တယ်၊ သမီး အတွက်လည်း မိန်းကလေး အဖော်လေး လိုတယ်။ ယံမိုးက ယောက်ျားလေးလို အားကိုး ရတာလေ။ ကလေးတွေ ရှိနေခြင်းအားဖြင့် သမီးကိုယ် သမီး ထိန်းပြီးသား ဖြစ်တယ်။ သြော်- ငါ အမေတစ်ယောက် ဖြစ်နေပြီပေါ့။ သမီး ခေါင်းပေါ်မှာ အဖေ မရှိဘူး။ အမေ မရှိဘူး။ သမီး လုပ်ချင်တာ လုပ်လိုက်လို့ ရတယ်။ ဘယ်သူ့ သမီးလို့ ဘယ်သူကမှ မပြောဘူး။ ယောက်ျား မရှိတဲ့ အတွက်လည်း သူ့မိန်းမက ဖောက်ပြန်နေတယ်လို့လည်း သမီးကို ဘယ်သူမှ မပြောဘူး။ သားသမီး ဆိုတာကလည်း တကယ်တမ်း ပြောရင် အရင်း မဟုတ်ဘူး။ သူ့အမေကလို့ ဆိုပြီး သမီးကို ပြောလို့ မရဘူး။ သမီးကို ချုပ်ကိုင်ဖို့က တစ်ယောက်တော့ လိုလာပြီ။ အဲဒီတော့ ဒီကလေးတွေကို သမီးရဲ့သားသမီးတွေလို့ သတ်မှတ်လိုက်ပြီး အမေ တစ်ယောက်လို နေလိုက်တဲ့ အခါကျတော့ ကိုယ့်ကိုယ်ကိုယ် အကုန်လုံးက ထိန်းပြီးသား ဖြစ်သွားတယ်။ အခုချိန်မှာ လုပ်ချင်တိုင်း လုပ်လို့ရတယ်။ စိတ်သွားတိုင်း ကိုယ် ပါနေတယ်။ ဖြစ်ချင်တိုင်းတွေ ဖြစ်ချလိုက်လို့ ရတယ်။ တစ်ယောက် မကောင်းရင် တစ်ယောက်၊ တစ်ယောက် မကောင်းရင် တစ်ယောက် လွတ်လပ်တယ်လေ။ သမီးအတွက် ပိုက်ဆံလည်း မလိုဘူး။ အသက်အားဖြင့်လည်း ကြီးနေပြီ။ နေချင်တိုင်း နေချလိုက်လို့ ရတယ်။ ငါ့သားလေးတွေ၊ သမီး လေးတွေ ကြီးလာရင် သူ့အမေက ဘယ်လို၊ ချွေးမက ရန်လုပ်တာလဲ မလိုချင်ဘူးလေ၊ ဇနီးတစ်ယောက် ပီသအောင် နေခဲ့ ပြီးပြီ။ မိခင်တစ်ယောက် ပီသအောင် ဆက်ကိုနေရဦးမယ်။

ပွင့်လင်းတဲ့ မိုးမိုးက နောက် ၄ နှစ်ကြာရင် သူလက်တွဲမယ့် သူအကြောင်းကို ပြောပြ သွားခဲ့ပါပြီ။ တစ်ပင်လဲမူ တစ်ပင်ထူ ဆိုတဲ့ စကားအတိုင်း အိမ်ထောင်တစ်ခု ပြိုလဲ သွားခဲ့ပေမယ့် မုဆိုးမ ဘ၀မှာ သားတစ်ယောက်နဲ့ ရုန်းကန်ပြီး သူ့ဘ၀ နားခိုစရာ ရှာတာဖြစ်လို့ ဒွေးနဲ့အတူ ချစ်ခဲ့ကြတဲ့ ပရိသတ်များကလည်း မိုးမိုးအပေါ်မှာ နားလည် ပေးကြလိမ့်မယ်လို့ မျှော်လင့် ပါတယ်။
ဝင်းငြိမ်း
(ရွှေအမြုတေ မဂ္ဂဇင်း၊အောက်တိုဘာလ ၂၀၁၁)

နိုင်ငံကျော် ရုပ်ရှင်မင်းသား မယား

ပျောက်သောသူ ရှာရင်တွေ့၊ သေသောသူ ကြာရင်မေ့ ဆိုပေမယ့် နှစ်တွေ ဘယ်လောက်ပဲ ကြာကြာ ရင်ထဲက ချစ်ခဲ့ ရသူများကို မမေ့နိုင်ကြတဲ့ လူတွေ အများကြီး ရှိပါတယ်။
ဘ၀ထဲကနေ သူတို့ ပျောက်ကွယ်သွားတဲ့ နှစ်ပတ်လည်နေ့ ရောက်တိုင်း တသသ လွမ်းတတ်ကြပါတယ်။ ကျွန်တော်ဆိုရင် မိသားစုထဲက အရင်ဆုံး ခွဲထွက်သွားတဲ့ နှမငယ် စန္ဒာငြိမ်း ဆုံးသွားတဲ့ ၁၉၇၆ ခုနှစ် မေလ ၁၂ ရက် ကဆုန် လပြည့်နေ့ကို မမေ့သေးသလို ဒုတိယ ခွဲထွက်သွားတဲ့ ဖခင်ကြီး ကျားဘညိမ်း ကွယ်လွန်ခဲ့တဲ့ ၁၉၇၉ ခုနှစ် ဇူလိုင်လ ၈ ရက် ၀ါဆို လပြည့်နေ့ကိုလည်း သတိ ရနေဆဲပါ။ မိခင် ဒေါ်ကြည်ကြည်က ၂၀၀၄ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့မှာ တိမ်းပါးခဲ့ပြီး သား ဇာနည်မျိုးမြင့်ညိမ်း က ၂၀၀၅ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့မှာ ခွဲထွက် သွားပြန်ပါတယ်။ ဒါကြောင့် အရင် သွားနှင့်သူတွေ ခွဲခွာ သွားတဲ့ နေ့တိုင်းမှာ သူတို့ အတွက် ကောင်းမှုကုသိုလ် တွေပြုရင်း လွမ်းဆွေး တသဆဲပါ။

ကျွန်တော့် နည်းတူ နိုင်ငံကျော် ရုပ်ရှင်မင်းသား ဒွေးရဲ့ ဇနီးသည် ဖြစ်သူ မိုးမိုးကလည်း သူ့ခင်ပွန်းသည် ကွယ်လွန်တဲ့ နှစ်ပတ်လည်နေ့ ရောက်တိုင်း ကွယ်လွန်သူ အတွက် ရည်စူးပြီး ကောင်းမှု ကုသိုလ်တွေ ပြုလေ့ ရှိပါတယ်။ ဇူလိုင်လ ၁၁ ရက်နေ့က ဒွေးကွယ်လွန်တာ ၄ နှစ် ပြည့်ခဲ့ပါပြီ။ မေ့သူတွေ မေ့နေကြပေမယ့် မမေ့သေးတဲ့ မိုးမိုးက စင်ကာပူ နိုင်ငံက ပြန်လာပြီး ခင်ပွန်းသည် အတွက် ရည်စူးက မှော်ဘီမြို့မှာ ရှိတဲ့         သာသနာ့ ၀န်ဆောင် ကျောင်းတိုက်က သံဃာတော် ၂၄၅ ပါးတို့ကို နေ့ဆွမ်း ကပ်လှူပြီး အမျှအတန်း ပေးဝေ ခဲ့ပါတယ်။

မိုးမိုးနဲ့ မတွေ့ဖြစ်တာ ကြာပါပြီ။ ဒီနေ့တော့ မိုးမိုးက ဖုန်းဆက် ဖိတ်တာကြောင့် မှော်ဘီအထိ တကူးတက သွားပြီး သူ့အလှူကို တက်ရောက်ခဲ့ပါတယ်။ အရွယ် ငယ်သေးပြီး ပစ္စည်းဥစ္စာလည်း တောင့်တင်းတဲ့ သူလို မိန်းကလေး တစ်ယောက်အတွက် အိမ်ထောင်ဖက် ဆိုတာ ရှားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူက သာမန် မိန်းကလေး တစ်ယောက် မဟုတ်ဘဲ ဒွေးရဲ့ဇနီး ဖြစ်ခဲ့ဖူးတာကြောင့် ပတ်ဝန်းကျင် မျက်လုံးပေါင်း ထောင်သောင်းအောက်မှာ အနေတတ်ဖို့ တော်တော် ကြိုးစားခဲ့ ရမယ် ထင်ပါတယ်။ မိုးမိုးကို အေးအေးဆေးဆေး စကား ပြောချင်တာကြောင့် သူ စင်ကာပူ မပြန်ခင် တစ်ရက် ချိန်းပြီး ရွှေအမြုတေ အတွက် စကား ပြောဖြစ်ခဲ့ပါတယ်။ ပွင့်ပွင့်လင်းလင်း စကားပြောတတ်တဲ့ မိုးမိုးက ပရိသတ် သိသင့် သိထိုက်မယ် ထင်တာတွေကို  ပွင့်ပွင့်လင်းလင်း ပြောသွားခဲ့ပါ တယ်။ ဒွေးကို ချစ်တဲ့၊ ရွှေအမြုတေကို ချစ်တဲ့ ပရိသတ်များ မိုးမိုးရဲ့စကားကို နားထောင် ကြည့်ကြပါဦး။
သားကြီး(ဒွေး)နဲ့ စတွေ့ ပုံကနေ အရင်ဆုံး သွားရအောင်။ ကျောင်းသူ၊ ကျောင်းသားဘ၀မှာ စတွေ့တာလား။

ဟုတ်တယ်။ ၈ တန်း ကျောင်းသူ ဘ၀မှာ တွေ့တာ။ ကျောင်းမှာ တွေ့တာတော့ မဟုတ်ဘူး။ သမီး အောက်က မောင်နဲ့ သားကြီးနဲ့က သူငယ်ချင်း။ သမီးတို့က မြောင်းမြလမ်းမှာ နေတယ်။ ဦးကျော်ဟိန်းတို့က ကျောင်းကုန်းလမ်းမှာ နေတယ်။ သမီးမောင်နဲ့လည်း သူငယ်ချင်း ဆိုတော့ လာရင်းနဲ့ သမီးတို့ နှစ်ယောက်က တွေ့သွားတယ်။ သမီးကပဲ ရည်းစား စကား စပြောတယ်ပေါ့။ ပြိုင်ဘီးလေးနဲ့ ရည်းစားစာ လိုက်ပေးလိုက်တာ။ အဲဒီ အချိန်တုန်းက ပြိုင်စက်ဘီးပဲ သမီးက စီးတာ။ ပြိုင်ဘီးစီးပြီး ကျောပိုးအိတ်နဲ့ လျှောက်သွားတယ်။ ငယ်ငယ်ကတည်းက မိန်းမ မဆန်ဘူး။ ဦးလေးတွေ၊ အစ်ကိုတွေ မောင်တွေကြားမှာ ကြီးပြင်း လာတာဆိုတော့ သမီးစိတ်က လုပ်ချင်ရင် လုပ်ချလိုက်တယ်။ သိပ်ပြီး မစဉ်းစားဘူး။

အဖေကလည်း ပြောထားတယ်။ ကြိုက်တာ လုပ်လို့ရတယ်။ ရည်းစား ဘယ်နှယောက် ထားထား အိမ်ခေါ်လာခဲ့။ ရုပ်ရှင်ရုံ မသွားရဘူး။ ပန်းခြံ မသွားရဘူးလို့ ပြောထားတယ်။ အိမ်ရှေ့မှာ သေသေချာချာ လုပ်ပေးထားတယ်။ သမီး ကြိုက်သလောက် ရည်းစားထား။ အိမ်ခေါ်လာလို့ ရတယ်။ သမီးက ကိုယ့်သဘောနဲ့ကိုယ် စာလိုက်ပေးတာ။ မှတ်မှတ်ရရ အမှတ် ၉ ကျောင်းရှေ့မှာ လုပ်တဲ့ သီတင်းကျွတ် ပွဲဈေးတန်းမှာ သမီး စာပေးလိုက်တယ်။ သားကြီးက ယူသွားတယ်။ သမီးတို့ ရည်းစား ဖြစ်တယ်ပေါ့။ သမီးတို့ နှစ်ယောက်မှာ သမီးက တကယ် စိတ်ဝင်စားတာ ဖြစ်တဲ့ အတွက် တော်တော်တော့ ဒုက္ခ ခံနိုင်တယ်။ သူ ကြိုက်သမျှ ရည်းစားတွေ အကုန်လုံးလည်း နောက်ဆုံး သမီးနဲ့ သူငယ်ချင်း ဖြစ်သွားတယ်။ အခုမှ မဟုတ်ဘူး။ ဟိုးအရင်ကတည်းက အဲဒီ အတိုင်းပဲ။ သူ ကြိုက်တယ်။ သမီး သိသွားရင် ပြဿနာ တက်တယ်။ အဲဒီ ကောင်မလေးနဲ့ သမီးနဲ့ သူငယ်ချင်း ဖြစ်သွားတယ်။ သားကြီးနဲ့သာ မခေါ်ရင် မခေါ်မယ်၊ သမီးနဲ့ သူငယ်ချင်း ဖြစ်တယ်။ ဒါက ဟိုးအရင် ၁၆ နှစ် အရွယ်ကတည်းကပဲ။

သမီးရည်းစား ဘ၀နဲ့ ဘယ်နှနှစ်လောက် နေပြီးမှ အိမ်ထောင် ကျကြတာလဲ။


ရည်စားသက်တမ်း ၁၁ နှစ်ပြည့်တဲ့ အချိန်မှာ သမီးတို့ စေ့စပ်တယ်။ စေ့စပ်ပြီး ၁ နှစ်နေတယ်။ ၁၉၈၉ ခုနှစ်မှာမှ လက်ထပ်ကြတယ်။

၁၁ နှစ်နေပြီးမှ လက်ထပ်တာ ဆိုတော့ အဲဒီ အချိန်အတွင်းမှာ စိတ်ဆိုး စိတ်ကောက်တွေက အကြိမ် များစွာပဲလား။


ပြောမနေပါနဲ့တော့။ လက်ချိုးရေလို့ မရတဲ့ ရည်းစားတွေကလည်း အများကြီးပေါ့။
ဒါဆို မိုးမိုးက ၁၁ နှစ်တာ ကာလ အတွင်းမှာ ဒွေးရဲ့  အဆိုးတွေကို သည်းခံနိုင်ခဲ့တာပေါ့။

ဟုတ်တယ်။ ဒွေး ဆိုပြီး မင်းသား ဖြစ်တဲ့ အချိန်မှာ ဒီပြဿနာတွေက မထူးဆန်းဘူးပေါ့။ ဒွေး မဖြစ်ခင်ကတည်း က သူက ဦးကျော်ဟိန်းတူ ဖြစ်နေတာကိုး။ အဲဒီ အချိန်ကတည်းက အတိုင်းအတာ တစ်ခုထိ ပေါ်ပြူလာ ဖြစ်နေတာပေါ့။ အဲဒီမှာ သမီးက သူ့ကိုကြိုက်တဲ့ မိန်းမတွေထဲမှာ တစ်ယောက် အပါအ၀င် ဖြစ်သွားတာပဲ။

ဦးကျော်ဟိန်းတူ ဖြစ်လို့ မိုးမိုးက ကြိုက်တာလား။


ပထမတော့ သမီးက ဦးကျော်ဟိန်းကို ကြိုက်တာ။ ဦးကျော်ဟိန်းရဲ့ ကားဟွန်းသံကို မဟာမြိုင်ထိပ် လောက်ကတည်းက သမီး မှတ်မိတယ်။ အဲဒီလို အသံကြားရင် အိမ်ရှေ့ကနေ အပြေးထွက် ကြည့်ရတာ။ ဒါပေမဲ့ အဲဒီလို ကြိုက်ရင်းနဲ့ သမီးအောက်က မောင်နဲ့ သူငယ်ချင်း ဆိုတော့ ရွယ်တူ ဖြစ်သွားတဲ့ အခါ ဦးကျော်ဟိန်းကို နည်းနည်း မေ့သွားတယ်။ ဒီဘက်ကို စိတ်ပြောင်းသွားတယ်။

မိုးမိုးနဲ့ အိမ်ထောင်ကျပြီး စမ်းချောင်းအိမ်မှာ ဒွေးလိုက်နေတော့ ဒွေးက မင်းသား မလုပ်သေးဘူးနော်။ မင်းသား လုပ်မယ်လို့ ဖြစ်လာချိန်မှာ မင်းသား လုပ်မှာကို မိုးမိုးက သဘော တူခဲ့လား။ ဒါမှမဟုတ် သဘော မတူဘဲ လုပ်ချင်တာကို ခွင့်ပြုခဲ့တာလား။


သားကြီးကလည်း မလုပ်ချင်ဘူး။ သမီးကလည်း လုပ်စေချင်လား၊ မလုပ်စေချင်တာလားဆိုတာကို သမီးကိုယ် သမီး မသိဘူး။ အဲဒီ အချိန်မှာ ဦးကျော်ဟိန်းက မင်းလုပ်သင့်တယ်လို့ ပြောလာချိန်မှာ မဖြစ်မနေ သမီးတို့ နှစ်ယောက်က လုပ်ရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဦးကျော်ဟိန်းရဲ့ ကျေးဇူးက သားကြီး အပေါ်မှာ အများကြီးပဲ။ ကဲ- လုပ်ပေါ့။ လုပ်မှတော့ ဖြစ်အောင် လုပ်ကြမယ်ပေါ့။ သမီးမှာတော့ လုပ်စေချင်တယ် ဆိုတာထက် အောင်မြင်စေချင်တဲ့ စိတ်တစ်ခုကတော့ အဲဒီမှာကတည်းက ရှိနေခဲ့တယ်။ ကဲ-လုပ်မှတော့ ဘယ်လိုပဲ ပံ့ပိုးရ ပံ့ပိုးရ ပိုက်ဆံ မရှိပေမယ့်လည်း ပံ့ပိုးမယ်၊ ဖြစ်အောင် လုပ်ကြတယ်။ သမီးတို့ နှစ်ယောက် ပင်ပင်ပန်းပန်းနဲ့ပဲ ရုန်းကန်ပြီး လုပ်ခဲ့ကြတယ်။

ပထမဆုံး သားကြီး ရိုက်ဖြစ်တဲ့ ကားက....။


ပထမဆုံး ရိုက်တဲ့ကားက ဦးမောင်မောင်မြင့် ရိုက်တဲ့ ကားလို့ထင်တယ်။ ထူးမွန်နဲ့ ရန်ကျော်နဲ့ သရုပ်ဆောင်တာ။

ဓားတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်မည် ရုပ်ရှင် ဇာတ်ကား ဇာတ်သိမ်းခန်းမှာ  သားကြီး ပါတယ်နော်။

အဲဒီကားရဲ့ နောက်ဆုံးခန်းမှာ ပါတယ်။ သူက အဲဒီတုန်းက ရှုတင် မန်နေဂျာ။ သမီးမှာ အခုထိ အဲဒီ မှတ်တမ်းရှိတယ်။ သိမ်းထားတယ်။ သူ့လက်ရေးနဲ့ ရေးထားတာ။ သမီးတို့ အိမ်ထောင် မကျသေးဘူး။ ရည်းစားဘ၀ပဲ ရှိသေးတယ်။ အဲဒီမှာ သူက ရှုတင် မန်နေဂျာ လုပ်တာ။ မီးသွေး ဘယ်နှအိတ်၊ ဆန် အိတ် ဘယ်နှအိတ် ချတယ်။ နေအောင့်အိမ်ကို ဘယ်လို သွားတယ်။ ကျော်သူ့အိမ်ကို ဘယ်လို သွားတယ်။ ကင်မရာ ဘယ်လို ငှားတယ်။ တဲ ဘယ်လို ဆောက်တယ်။ သူ့data တွေ အကုန်ရေးထားတယ်။ သမီးကို သတိ ရကြောင်းလည်း ပါတယ်ပေါ့။ ရှုတင် မန်နေဂျာ၊ ကင်မရာမန်း အနေနဲ့ တာဝန်ယူပြီး တစ်ခန်း၊ နှစ်ခန်း ၀င်ရိုက်တာ။ ဒါပေမဲ့ ဦးကျော်ဟိန်းရဲ့ ဇာတ်ကားတွေမှာ နောက်ခံ သီချင်းတွေ ဆိုနေပြီ။

အဲဒီလို စလုပ်တဲ့ အချိန်က စပြီး သားကြီးက ဒီနေ့အထိ အောင်မြင်ခဲ့တယ်။ သူ့ရဲ့အောင်မြင်မှုကို ဒီနေ့ မင်းသားတွေ မမီသေးဘူး။ အရမ်း အောင်မြင်ခဲ့တော့ တစ်တိုင်းပြည်လုံးက ပရိသတ်တွေ အားပေးကြတယ်။ အထူးသဖြင့် မိန်းကလေး ပရိသတ်တွေပေါ့။ မိုးမိုးကတော့ တရားဝင် ယူထားတာ။ ဘယ်မိန်းမမဆို သ၀န်တို စိတ်တော့ ရှိမှာပဲ။ အခုအချိန်မှာ မိုးမိုး ပြန်စဉ်းစားတော့ ဘယ်လိုနေလဲ။


အဲဒီတုန်းက သ၀န်တိုတာပေါ့။ မျက်ရည်နဲ့ မျက်ခွက်ပဲ။ အိပ်မပျော်လို့တောင် အဲဒါတွေကို မတွေးချင်ဘူး။ ဘီယာ သောက်ရင် အိပ်ပျော်တယ်။ အဲဒီတော့ ဘီယာကို နှာခေါင်းပိတ်ပြီး သောက်တယ်။ အိပ်ဆေးသောက်လို့ အိပ်မပျော်ရင် ဆေးလိပ်တွေ သောက်ပြီး အိပ်တယ်။ မရဘူး။ နောက်ဆုံးတော့ ကြံရာ မရတော့ အဲယားကွန်းနဲ့ မျက်လုံးတည့်တည့် ထားလိုက်တယ်။ အိပ်ပျော်အောင်တောင် မနည်းကြိုးစားရတယ်။ ဒါပေမဲ့ အခုအချိန်မှာ အဲဒါတွေ ပြန်စဉ်းစားတဲ့ အခါ သမီး အခုအချိန်မှာ ရယ်ပြီး ပြောနိုင်နေပြီ။ အဲဒီ အချိန်တုန်းကတော့ မရယ်နိုင်ဘူး။ မရယ်နိုင်လို့တောင်  အိပ်မပျော်လို့ ခုနလိုတွေ လုပ်ရတယ်။ အရူးမီးဝိုင်းလိုပဲ နေစရာ နေရာ မရှိဘူး။ တခြား တစ်ယောက်က ပြောတာကိုလည်း ကြားချင်တယ်။ ကြားလည်း မကြားရဲဘူး။ ကိုယ်က သူများ ပြောမှ သိရမှာကိုး။ သိလည်း သိချင်တယ်။ သိလိုက်ပြီးရင်လည်း မခံစားနိုင်ဘူးပေါ့ နော်။ အဲဒါ ငယ်ငယ်တုန်းက စိတ်ပေါ့။ အရွယ်လေး တော်တော် ရောက်လာတော့ သမီးကို ပြောမယ့် သူကို ရှောင်လာတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မသိချင်တော့ဘူး။ မသိရင် သမီး စိတ်ချမ်းသာတယ်လို့ ထင်တယ်။ သမီး မရှုံးဘူးလို့ ထင်တယ်။ ငယ်ငယ်တုန်းကတော့ သိချင်တယ်။ သိပြီးတော့ မေးချင် တယ်။ သမီးမှာ ဖြစ်တဲ့စိတ်ပေါ့။ မေးချင်တဲ့ အခါကျတော့ ယောက်ျားလေ၊ သမီးကို လိမ်မှာပဲ။ လိမ်တော့ ဒေါသထွက်တယ်။

ဒေါသ ထွက်တော့ သမီးက သူ့ကို မခံနိုင်အောင်ပြော၊ သူကလည်း မခံနိုင်အောင် ပြောဆို တစ်ရှုံးက နှစ်ရှုံး ဖြစ်မယ်။  နည်းနည်း နှစ်ကြာလာတော့ ငါ မိအေး နှစ်ခါနာ မဟုတ်တော့ဘူး၊ သုံးခါနာပဲလို့။ အဲဒီတော့ မမေးတော့ဘူး။ သိလည်း မသိချင်တော့ဘူး။ မေးရင် အလိမ် ခံရတယ်။ မမေးရင် အလိမ် မခံရဘူး။ အဲဒီမှာ တစ်ချိုး ဖြတ်လိုက်တာပေါ့။ နေနိုင်အောင်တော့ တော်တော် ကြိုးစားရတယ်။ ပါးစပ်ကို မနည်းပိတ်ထားရ တယ်။ ဒါပေမဲ့ နည်းနည်း နည်းနည်း အောင်မြင်လာတဲ့ အခါ ရလာတဲ့ အရသာကို ကြိုက်လာရော၊ ကြိုက်လာ တော့ နေရထိုင်ရ သက်သာတယ်။ တဖြည်းဖြည်းနဲ့ စိတ်ကို လျှော့ရင်း၊ လျှော့ရင်းနဲ့ ထားတတ်သွားတာ။
အဲဒီမှာ သားကြီးက ငါ့မိန်းမ ငါ့အပေါ် စိတ်ဝင်စားမှု နည်းလာပြီလို့ မထင်ဘူးလား။

ပထမတော့ သူ အဲဒီလို တွေးကောင်းတွေးတယ်။ သူ့ရဲ့ လိုအင်ဆန္ဒ မှန်သမျှ လိုလေသေး မရှိအောင် လုပ်ပေးတယ်။ တာဝန် ကျေတယ်။ သမီးက ရှုံးသွားတယ်လို့ ထင်တယ်။ ငါ ပေးလိုက်ရတာတွေ အများကြီးပဲ။ နိုင်တော့ နိုင်ချင်တယ်။ အဲဒီအချိန်က ငါနိုင်ဖို့ ဘယ်လိုလုပ်ရင် ကောင်းမလဲပေါ့။ နိုင်ချင် တာက သူ့ကို နိုင်ချင်တာ မဟုတ်ဘူး။ တခြား မိန်းမတွေကို နိုင်ချင်တာ။ ငါ ဒီနေရာကလည်း မဖယ်နိုင်ဘူး။ အဲဒီ အခါကျတော့ အကုန်လုံးနဲ့ သင့်တင့် မျှတအောင် ပေါင်းလိုက်တယ်။ အားလုံးကို မသိကျိုးကျွန် ပြုလိုက်တယ်။ အဲဒီမှာ သားကြီးက သမီးကို ဘာဖြစ် သွားတာလဲ ဆိုတော့ သူ ကြောက်သွားတယ်။ ငါ့မိန်းမက ဖောက်ပြန်တော့မလား။ ငါ့ကိုများ ထားသွားတော့ မလား။ သွေးအေးသွားတယ်ပေါ့။ ငါ့ကို မချစ်တော့ဘူးလား ဆိုပြီး သူ့စိတ်ထဲမှာ သို့လော သို့လောတွေ ဖြစ်လာတယ်။ အဲဒီ အချိန်မှာ ဘာပြန်လုပ်ပေးရလဲ ဆိုတော့ သမီး အပြင်မထွက် တော့ဘူး။ အိမ်မှာပဲ နေတယ်။ သမီးက တစ်ခုခု လုပ်တော့မယ် ဆိုရင် ကိုယ့်ကိုယ်ကိုယ် ကာဗာ လုပ်ပြီးမှ လုပ်တတ်တယ်။ အဲဒါ ငယ်ငယ်ကတည်းကပဲ။ အများကြီး တွေးတယ်။

တွေးပြီး တော့မှ ကိုယ့်ကိုယ်ကိုယ် ကာဗာလုပ်တယ်။ ကိုယ်ပြန် မခံရမယ့် ဟာပေါ့။ သားကြီးနဲ့ စိတ်ဆိုးပြီး ဆင်းသွားတယ် ဆိုရင် သမီး မောင်နှမထက် ဦးဇော်ကြီးတို့ကို ပြောတယ်။ ဦးဇော်ကြီးရေ၊ သမီးတော့ အိမ်ပေါ်က ဆင်းသွားပြီ။ သမီး ဘယ်မှာရှိမယ်။ ဦးဇော် လိုက်လာခဲ့ပါ။ ဒါ သမီး ကိုယ့်ကိုယ်ကိုယ် Cover လုပ်လိုက်တာ။ ဦးဇော်ကြီးနဲ့ ဦးဇော်ကြီး အမျိုးသမီးက သမီး ရှိတဲ့ အရပ်ကို လိုက်လာရတယ်။ သမီးက ဟိုတယ်မှာ နှစ်ည အိပ်တယ်ပဲထားလိုက်။ သားကြီး အမြင်မှာ သူ့ဦးလေးရဲ့ ထိန်းသိမ်းမှု အောက်မှာ ရှိတယ်။ သမီးက တစ်ခုခု လုပ်တိုင်းမှာ အမြဲကာဗာ လုပ်တယ်။ စိတ်ဆိုးလို့ လုပ်တိုင်း လက်လွတ်စပယ် မလုပ်ဘူး။ အခုတော့ နေရင်း နေရင်းနဲ့ သားကြီးဆုံးတဲ့ အချိန်မှာ စိတ်ဆိုးစရာလည်း ရှိတယ်။ စိတ်နာစရာလည်း ရှိတယ်။ ပျော်စရာလည်း ရှိတယ်ပေါ့။ အကုန်လုံးက ညီညီမျှမျှ ဖြစ်တဲ့ အခါကျတော့ အကုန်လုံးကို စိတ်က တော်တော် လေး ထားလို့ ရသွားတယ်။ ဒါပေမဲ့ အခုအချိန် သမီးမှာ ဘာမှ မရှိတော့ဘူး။ ကျေးဇူးတရား တစ်ခုပဲ ကျန်ခဲ့တယ်။

မိုးမိုးက အများ အမြင်မှာ ပြီးပြည့်စုံတဲ့ မိန်းမတစ်ယောက် ဖြစ်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒွေးဆိုတာ ထိပ်ဆုံးက မင်းသား။ မိုးမိုးက အဲဒီ မင်းသားရဲ့ ဇနီးလေ။ ဒါပေမဲ့ မိုးမိုးက တစ်ဖက်တစ်လမ်းကနေ စီးပွားရေး လုပ်တယ်။ အဲဒါ ဘာဖြစ်လို့လဲ။ ရှင်းရှင်းပြောရရင် ကိုယ့်ပေါင် ကိုယ်လှန်ထောင်းတယ်ပေါ့။ လူတိုင်းကတော့ ဘယ်သူမှ ပင်ပင်ပန်းပန်း အလုပ်မလုပ် ချင်ဘူး။ မပြည့်စုံလို့သာ လုပ်တာပေါ့နော်။ ဒါ အတိုဆုံး ပြောတာ။

မိုးမိုးက Isolated ဖြစ်နေတဲ့ အတွက် မိုးမိုးက စီးပွားရေး လုပ်ငန်းလုပ်ပြီး ကိုယ့်စိတ်ကိုယ် ပြန်စိတ်ချမ်းသာအောင် လုပ်တာလား။


အင်း- အဲဒီလိုလည်း ပါတယ်။ တချို့ကိစ္စတွေမှာ သမီး Carry မလုပ်လို့ မရတဲ့ ပြဿနာတွေ ရှိတယ်။ မင်းသားမိန်းမ အိမ်မှာတော့ ဇိမ်နဲ့ နေချင်တာပေါ့နော်။ ခုန ပြောသလို ကာဗာ လုပ်ဖို့ကို အမြဲ စဉ်းစားနေတာ။ ဆုံးရှုံး သွားခဲ့ရင် ဆိုပြီးပေါ့။ ကိုယ့်ယောက်ျားအကြောင်း၊ ကိုယ့်ရဲ့ အိမ်ထောင်ရေး အကြောင်း၊ ကိုယ့်ရဲ့ မိသားစု အကြောင်း သူများ သိတာထက် သမီးက ပိုသိတယ်။ အဲဒီလို ဆိုတော့ အမြဲတမ်း တွက်နေရတယ်။ ဆုံးရှုံးသွားတဲ့အခါ ငါဘာနဲ့ Carry လုပ်သွားမလဲ။ ခုနပြောတဲ့ စကားလိုပဲ၊ သေတဲ့ သူကို အပြစ်မပြော တော့ဘူးပေါ့။ အဲဒီတော့ မဖြစ်လို့ လုပ်ရတယ်ပေါ့။
 
(ဆက်လက်ဖော်ပြပါမည်)

ဝင်းငြိမ်း
(ရွှေအမြုတေ မဂ္ဂဇင်း၊စက်တင်
ဘာလ ၂၀၁၁),

Sunday, July 15, 2012

ရခိုင်ပြည်နယ် ခရီးစဉ်နဲ့ ပတ်သက်ပြီး ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးနဲ့ ဆက်သွယ်မေးမြန်းချက်..



အလယ်သံကျော်ကျေးရွာ၊ နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ် အမှတ် (၇) နယ်မြေတွင် ဖွင့်လှစ်ထားသည့် ဒုက္ခသည်စခန်းရှိ မောရ၀တီကျေးရွာမှ ဒုက္ခသည်များကို ဖြေသိမ့်နှစ်သိမ့်ပေးစဉ်။ (ဇူလိုင် ၁၂ရက်၊ ညနေ ၅း၀၀ နာရီ)
88 Generation Students ဖေ့စ်ဘွတ်ခ်
အလယ်သံကျော်ကျေးရွာ၊ နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ် အမှတ် (၇) နယ်မြေတွင် ဖွင့်လှစ်ထားသည့် ဒုက္ခသည်စခန်းသို့ ငွေကြေးနှင့် ပစ္စည်းများလှူဒါန်းစဉ်။ (ဇူလိုင် ၁၂ရက်၊ ညနေ ၅း၁၀ နာရီ)
 ရခိုင်ပြည်နယ်သို့ ရောက်ရှိနေကြသော ၈၈မျိုးဆက်ကျောင်းသားများသည် ယနေ့ ( ဇူလိုင်လ ၁၃ ရက် ) နံနက် ၇း၀၀နာရီတွင် မြန်မာနိုင်ငံ၏ အနောက်ဘက်စွန်းရှိ မြန်မာ - ဘင်္ဂလားရှေ့ နှစ်နိုင်ငံ နယ်စပ်စည်းရိုးသို့ သွားရောက် လေ့လာကြည့်ရှုခဲ့ကြသည်။

Thursday, June 28, 2012

ဒေါက်တာစင်သီယာမောင်နှင့် ဦးအောင်မင်း တွေ့ဆုံ

ထိုင်း-မြန်မာနယ်စပ်အခြေစိုက် မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာ စင်သီယာမောင်နှင့် မြန်မာအစိုး ရ ငြိမ်းချမ်းရေးကိုယ်စားလှယ် မီးရထားဝန်ကြီး ဦးအောင်မင်းတို့က ထိုင်းနိုင်ငံ မဲဆောက်မြို့၊Wattana Village Resort ဟိုတယ်တွင် ယနေ့ နေ့လည် ၁၂နာရီ၌ တွေ့ဆုံခဲ့သည်။
IMG_6480
နာရီဝက်ကြာ တွေ့ဆုံခဲ့သည့် အဆိုပါ တွေ့ဆုံပွဲတွင် နယ်စပ်ဒေသရှိ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေးကိစ္စ များကို ရှေ့ဆက် ဘယ်လိုလုပ်ဆောင်သင့်သည်များကို အစိုးရ ကိုယ်စားလှယ်ဘက်မှ ဦးအောင်မင်းနှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ ဦးဆောင်ဆွေးနွေးခဲ့ပြီး ဒေါက်တာစင်သီယာမောင်ဘက်မှ ဆရာမ နော်ထူး၊ ဆရာ စောချစ်ဝင်းနှင့် CDC ကျောင်းအုပ် မန်းရွှေနှင်းတို့က ပါဝင်ဆွေးနွေးခဲ့သည်။

ဒေါက်တာစင်သီယာမောင်က “ဦးအောင်မင်းကို နယ်စပ်မှာရှိတဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ ကလေးအခွင့်အရေး အဖွဲ့အစည်းတွေရဲ့ လက်ရှိလုပ်ငန်းတွေကို ကျမတို့ တင်ပြတယ်။ လာမယ့်အခြေအနေမှာ ထိုင်းနိုင်ငံထဲမှာရှိတဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုရေးအခြေခံအဖွဲ့တွေနဲ့ ပြည်တွင်းထဲမှာ ရှိတဲ့အဖွဲ့တွေ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုလုပ်နိုင်အောင် ဆက်ပြီး ဆွေးနွေးသွားမယ်။”ဟု သတင်းထာက်များကို ပြောသွားခဲ့သည်။

တွေ့ဆုံမှုကြောင့် ဦးအောင်မင်းအနေဖြင့် လက်ရှိ ထိုင်း-မြန်မာနယ်စပ်ဒေသရှိ ကျန်းမာရေး၊ ပညာရေးနှင့် လူထုအခြေပြုအဖွဲ့အစည်းများ၏ လုပ်ငန်းများကို ပိုမို သဘောပေါက်သွားပြီဖြစ်သလို ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်ရန် အစိုးရ ကိုယ်စားလှယ်တွေ ထပ်လွှတ်ပေးမည်ဟု ပြောသွားကြောင်း ဒေါက်တာစင်သီယာမောင်က ဆိုသည်။

မီးရထားဝန်ကြီး ဦးအောင်မင်းက “ဆရာမကြီး(ဒေါက်တာစင်သီယာမောင်)လိုအပ်တဲ့ အကူအညီတွေကို ကူညီမယ်။ သမ္မတကြီးကလည်း ကူညီဖို့ လွှတ်လိုက်တာပဲလေ။ ပြီးတော့ ဆရာမကြီးကို ကူညီနိုင်ဖို့ လူမှုရေးနဲ့ ကျန်းမာရေးအလုပ်ကို လုပ်နေတဲ့ ကျနော့်ဇနီးနဲ့ ဦးခင်ရီဇနီးလွှတ်ပေးဖို့ ရှိတယ်။ ဆရာကြီးရဲ့ ဆေးခန်းကို လည်း တရားဝင်ဖြစ်အောင် ကြိုးပမ်းပေးမယ်။”ဟု ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံမှ တိုင်းရင်းသားများအတွက် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်ဒေသတွင် ကြီးမားခက်ခဲ သည့် အလုပ်များကို လုပ်ဆောင်နေသည့် ဒေါက်တာစင်သီယာမောင်အား ကျေးဇူးတင်ကြောင်းနှင့်လိုအပ် သည့် အကူအညီများကို စာဖြင့် ရေးကာ သမ္မတ ဦးသိန်းစိန်ထံသို့ ယူသွားပေးမည်ဖြစ်ကြောင်း ဦးအောင်မင်းက ပြောသည်။

လာမည့် ဇွန်လ ၂၇ရက်နေ့ နံနက် ၆နာရီခွဲတွင် ဦးအောင်မင်းဦးဆောင်သည့် အစိုးရငြိမ်းချမ်းရေးကိုယ်စား လှယ်အဖွဲ့သည် မဲဆောက်ရှိ မယ်တော်ဆေးခန်းတွင် ဒေါက်တာစင်သီယာမောင်အား ထပ်မံ၍ သွားရောက် တွေ့ဆုံဦးမည်ဟုသိရသည်။

ယနေ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ် ဦးအောင်မင်းနှင့်အဖွဲ့သည် မဲဆောက်မြို့ Wattana Village Resort ဟိုတယ်တွင် ကရင်အမျိုးသားအစည်းအရုံး-KNU၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)တို့နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။

Saturday, June 2, 2012

ငယ်ငယ်တုန်းက စီးပွားရေးပဲ လုပ်ခဲ့တာ အခုလို အနုပညာရှင်ဖြစ်လာမယ်လို့ ထင်မထားဘူးဆိုတဲ့ မြင့်မြတ်

 
မေး - သရုပ်ဆောင်အလုပ်ကို ငယ်ငယ်ကတည်းက စိတ်ကူးခဲ့တာလား။
ဖြေ - တစ်ခါမှမတွေးခဲ့ဖူးဘူး။ ပြောရရင် ငယ်ငယ်တုန်းက အနုပညာအလုပ်ကို ဝါသနာမပါခဲ့တာပေါ့။ ဒါပေမဲ့ အသက်မွေးဝမ်းကျောင်း လုပ်နေတာကတော့ ကျွန်တော်တို့ အခွေဆိုင်ဖွင့်တယ်လေ။ အဲဒီအတွက် အနုပညာလောကနဲ့ မစိမ်းပါဘူး။ ဒါပေမဲ့ အဲဒီအချိန်က စီးပွားရေးသဘောမျိုးနဲ့ပဲ လုပ်ကြတာပါ။ အခုလိုဖြစ်လာလိမ့်မယ်လို့လည်း မတွေးခဲ့မိပါဘူး။
မေး - မြင့်မြတ် အရင်ကတွေးထားခဲ့တဲ့ အတွေးကရော ဘယ်လိုပုံစံမျိုးလဲ။
ဖြေ - ကျွန်တော် ၁၀ တန်းအောင်ခါစ ၁၈ နှစ်သား လောက်တုန်းကတော့ အလုပ်တစ်ခုလုပ်ချင်တယ်။ ဒါပေမဲ့ ဘာလုပ်လို့လုပ်ရမှန်းမသိဘူး။ အဲဒီအချိန်မှာ မိဘတွေရဲ့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ အခွေဆိုင်ကိုပဲ ကူညီပြီးလုပ်ရမလားဆိုပြီး ဝေဝေဝါးဝါးရှိခဲ့တာ။ ဒါကတော့ လူငယ်အများစုဖြစ်တတ်တဲ့ သဘောတစ်ခုပါ။ အသက်အရွယ်နဲ့ အချိန်အခါကလည်း လူတစ်ယောက်ရဲ့ အတွေးစိတ်ကို ပြောင်းလဲသင့်သလောက် ပြောင်းလဲစေနိုင်တယ်လေ။
မေး - အနုပညာလောကထဲကို စဝင်လာတဲ့ အချိန်မှာ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရလဲ။
ဖြေ - အနုပညာလောကဆိုတာ ကျယ်ဝန်းသလောက် အလွယ်တကူ ဝင်ရောက်လို့ မရဘူးဗျ။ ဝေလေလေနဲ့ပဲ ပြန်ထွက်သွားရမှာလေ။ အဲဒီအတွက် ကျွန်တော်တို့ ဒီအတိုင်း အစိမ်းသက်သက်တစ်ယောက်ဘဝနဲ့ ဒီလောကထဲ ရောက်ဖို့ဆိုတာ တော်တော်လေးမလွယ်တဲ့ ကိစ္စပါ။ ဒီလောကထဲ ဝင်လာတဲ့ အချိန်မှာ လူတွေရဲ့နှိမ်တာတွေက သေချာကိုရှိတယ်ဗျ။ ဒါပေမဲ့ လူ့သဘာဝကိုက မပြည့်တဲ့အိုး ဘောင်ဘင်ခတ်တဲ့ သဘောရှိတယ်။ ပြည့်တဲ့သူတွေက ဒီလောက် မဟုတ်ဘူး။ လူ့လောကထဲမှာကို တိုက်ခိုက်မှုတွေ ကိုယ့်ရဲ့ဖြစ်တည်ရာ ဖြစ်တည်ကြောင်းထက် ပျက်စီးရာ ပျက်စီးကြောင်းပဲ စဉ်းစားတဲ့သူတွေ၊ ဖြစ်လာရင် မနာလိုတဲ့သူတွေ ဖြစ်လာမှစိုးလို့ နှိမ်တဲ့သူတွေက ဒုနဲ့ ဒေးနဲ့ကို ကြုံတွေ့ခဲ့ရဖူးပါတယ်။

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )