22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, March 2, 2012

Camera Ebooks Collection ( Myanmar Versions)

အချိန်တွေက ပိုနေလို့လားမသိဘူး ပိုစ့်တွေတော့ တောက်လျှောက်ရေးနေဖြစ်တယ်။ အခုလည်း ကျွန်တော် Crazy ကျကျ လေ့လားခဲ့တဲ့ စာအုပ်လေးတွေ ပေးချင်ပါသေးတယ်။ ဘာစာအုပ်တွေ ဖြစ်မလဲ့ စာဖတ်သူ စိတ်ထဲက သိနေလောက်ပါပြီ။ ခေါင်းစဉ်ကြီးပါနေတာကို :P ။ ကျွန်တော် ကင်မရာအကြောင်းကို အသေးစိတ်တော်တော်လေး လေ့လာဖြစ်ပါသေးတယ်။ စိတ်ဝင်စားစရာတွေလည်း တပုံတခေါင်းပဲ့ တကယ်ပြောတာ။ ပြောလိုက် စာဖတ်လိုက် လက်တွေ့လုပ်လိုက်နဲ့ မှ တဖြေးဖြေး နားလည်လာတာ အရင်က ISO Mode ဆိုတာ ဘာလည်း CCD ဆိုတာ ဘာလည်း ဘာတွက်လည်း ဘာတွေ လုပ်ပေးလည်း တခုမှ သိဘူး။ ကင်မရာရိုက်တက်အောင်များ ဘာခက်လည်းကွာလို့ တော့ မထင်လိုက်နဲ့နော် ဘယ်ပညာမှ မလွယ်တာတော့ အမှန်။
အခု လက်ရှိ စာဖတ်သူလက်ထဲ့ကို ကင်မရာ တလုံးရောက်လာပြီထားပါစို့ ဒီချိန်မှာ ညပိုင်းဖြစ်နေမယ်ဆိုရင် Focus တွေ
Zoom တွေ Mode တွေ ဘယ်လိုချိန်ညှိမလည်း။ လက်သား ဘယ်လိုတင်ပြီး ကင်မရာတလုံးကို ကိုင်တွယ်မလဲ၊ စာဖတ်သူ သိထားသင့်ပါတယ်။ ဒါတွေသိဖို့က စာအများကြီးဖတ်ဖို့တော့ မလိုပါဘူး။ အဓိကကတော့ အတွေ့အကြုံကလည်း ကင်မရာကို ကိုင်တွယ်ဖို့ အကြောင်းရင်းထဲ့မှာ အဓိကက ပါပါတယ်။ ဘာပဲ့ ဖြစ်ဖြစ် စာတွေ့ကနေ စကြတာ အကောင်းဆုံးပဲ့ မဟတ်လား လက်တွေ့ စာတွေ့ပေါင်းစပ်လိုက်ရင် အတော် အစဉ်ပြေသွားပြီ။ ဒါကြောင့် အောက်က စာအုပ်တွေကို သေချာ ဖတ်ကြည့်ပါ။ စာအုပ်သိပ်မများပါဘူး။ 11 အုပ်ထဲ့ပါ။ အဲ့စာအုပ်တွေ ဖတ်နေတဲ့ အချိန်မှာ စာဖတ်သူလက်ထဲ့မှာ ကင်မရာ တလုံးရှိရင်တော့ အတိုင်းထက် အလွန် သိပ်ကောင်းဗျ။ ဒီလို မရှိလို့လည်း စိတ်အားမငယ်သွားပါနဲ့။ စာဖတ်ပြီး တက်မြောက်သွားတဲ့ လူတွေလည်း လောကမှာ မနည်းပါဘူး။ ဒါကြောင့် ဒီ ကင်မရာ Ebooks Collection (Myanmar) ကိုတော့ ဆောင်ပြီး ဖတ်ဖို့ ဗဟုသုတ အဖြစ် သိသင့်သလောက် ဖတ်ထားဖို့ တိုက်တွန်းလိုပါတယ်။
စာတွေ့ မှလက်တွေ့ သို့ .pdf- by geek.thantzinhtay@gmail.com
5581k View Download
ဒီဂျစ်တယ်ကင်မရာဖြင့်လုပ်ငန်းစကြစို့.pdf- by geek.thantzinhtay@gmail.com 
3156k View Download
ဒီဂျစ်တယ်ပုံရိပ်များသိုလှောင်မှု.pdf - by geek.thantzinhtay@gmail.com 
3979k View Download
ဒီဂျစ်တယ်ပုံဖေါ်ခြင်းအတတ်ပညာ.pdf -  by geek.thantzinhtay@gmail.com
2460k
View Download
နိဒါန်း ။ နိဂုံး.pdf -  by geek.thantzinhtay@gmail.com 
5078k View Download
ပုံရိပ်ဖမ်းယူခြင်းအဆင့်.pdf -by geek.thantzinhtay@gmail.com 
7118k View Download
ပုံ၇ိပ်ကျွမ်းကျင်စွာကိုင်တွယ်ဖန်တီးခြင်း.pdf - by geek.thantzinhtay@gmail.com
4163k
View Download
သမားရိုးကျဓါတ်ပုံပညာနှင့်ဒီဂျစ်တယ်ဓါတ်ပုံပညာနှိုင်းယှဉ်ချက်.pdf -  by geek.thantzinhtay@gmail.com
1748k
View Download
သမိုင်း၏ရူထောင့်အမြင်.pdf -by geek.thantzinhtay@gmail.com
2825k
View Download
အဆင့်မြင့်ဒီဂျစ်တယ် ဓါတ်ပုံပညာ အထွေထွေအချက်အလက်များ.pdf -by geek.thantzinhtay@gmail.com
14493k
View Download
ဦးချစ်ဝိန် အင်တာဗျူး.pdf -  by geek.thantzinhtay@gmail.com
1477k
View Download        
 
အားလုံး အဆင်ပြေပါစေ..
TZH

Tuesday, February 7, 2012

How to buy A Camera

ကျွန်တော် ဖိုရမ်မှာတုန်းက သူငယ်ချင်းတစ်ယောက်မေးထားတဲ့ အကြောင်းလေးကို ပြန်ဖြေပေးထားတာလေးကို ကင်မရာ Knowledge အဖြစ်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

ကင်မရာက Sony , Canon တို့ကခေတ်စားတယ်လားလို့ပဲဗျ.. ဒါပေ့မယ် ကျွန်တော်က Sony ဆိုရင်ပုံစံပဲကြိုက်တာ Canon ကျတော့လည်း တစ်ချို့ပုံစံလေးတွေသဘောကျတယ် တစ်ခြားဟာတွေကျတော့သိပ်မကြည့်ဖြစ်ဘူးဗျ မစ်ဂါပစ်ဆယ်ကလည်း ၁၄ လောက်ကနောက်ဆုံးပေါ်ဖြစ်နေတယ်ဗျ အဲဒါက ဘယ်လိုဆိုင်လဲ မက်ဂါပစ်ဆယ်များရင် ပုံထွက်ကြည်တာလား အနီးအဝေးဆွဲလို့ရတာမျိုးလားဗျ.... ??????????????????အဲဒီလိုဆိုတော့ အဲဒါတွေကိုဘယ်လိုရွှေးချယ်မလဲဗျ (နည်းနည်းတုံးနေတယ်ဗျ သင်ပေးကြပါအုံးဗျာ.......)
သူငယ်ချင်းရေ… ငါလည်း အရမ်းတော့ မသိဘူးကွာ.. ပီးတော့ ကင်မရာနဲ့ ပတ်သတ်ပီးတော့ Experience လည်း ငါ့မှာ သိပ်တော့ မရှိဘူး။ သိသလောက်လေးတော့ ၀င်ပြောကြည့်ပါ့မယ်။ တကယ်တော့ ကင်မရာတလုံးမှာ Key က Optical Zoom ပါ။ Lens နဲ့ Auto focus တို့ကို ခဏထားလိုက်ပါဦး ။ ကင်မရာတလုံးကို ၀ယ်မှာလို့ ခေါင်းစဉ်ဆိုပေ့မယ် ကင်မရာတလုံး ဘယ်လောက်ကောင်းကောင်း လက်သားပေါ်မှာ မူတည်ပါတယ်။ လက်သားဆိုတာ ဘာလည်းဆိုတာ ရိုးရိုးရှင်းရှင်းလေးပဲ့ ပြောပြမယ်ကွာ ။ ကင်မရာကို ကိုင်တွယ် ချိန်ပီး ရိုက်တဲ့ချိန်မှာ တည်ညိမ်နိင်တဲ့ အလေ့အကျင့် လက်သားပေါ့။ နောက်တခုက အနုပညာ အတွေးအခေါ်ပေါ်မှာ မူတည်ပီး ကင်မရာကနေ ဓါက်ပုံ တပုံထွက်လာအောင် ရိုက်မယ်ဆိုရင် လည်း Mp ဘယ်လောက်နည်းနည်း ကင်မရာကောင်းတာဆိုတာကို ခွဲလို့ မရဘူး ဆိုတာကို ဟိုးအရင်က ဓါက်ပုံ ကောင်းအောင်ရိုက်ခဲ့တဲ့ ဓါက်ပုံဆရာတွေအများရှိတယ် ဆိုတာတွေနဲ့ နဲနဲ ထောက်ပြပေးချင်ပါတယ်။ ဒါက ပထမ ဆုံး Intro ပေါ့ နောက်ဆက်ပီး သူငယ်ချင်း သိချင်တာလေးတွေကို သိသလောက်လေး နည်းနည်းလေးပြောပြပေးကြည့်ချင်တယ်။ ကင်မရာတလုံးကို ခုနောက်ပိုင်းဆိုရင် Mp ကိုပဲ့ ကြည့်ပီး အကောင်းအဆိုး ခွဲလို့ မရတော့ပါဘူး။ သတိထားပီး Sony နဲ့ Cannon တို့မှာ ကြည့်ကြည့်လိုက်ပါ။ ခုနောက်ပိုင်း 10 Mp လောက် အနိမ့် ဆုံးလောက် ဖြစ်နေပီ။ ဒါတွေကိုကြည့်ပီး Mp များတယ် ကောင်းတယ်ဆိုပီး ခွဲလို့ မရပါဘူး. ။Matrix ဆိုတာလေးတွေလည်း ရှိသေးတယ်။


Lens ဆိုတာ ဘာသာပြန်လိုက်ရင်တော့ မှန်ဘီလူးပေါ့ ။ သူ့က ဘာတွက်အသုံးဝင်လည်းဆိုရင် ဒီတိုင်းရှိတဲ့ ကိုယ်ရိုက်ချင်တဲ့ ပုံရိပ် တခုကို ချိန်တဲ့နေရာမှာ အရမ်းစကားပြောတယ်။ ဘယ်လိုလည်းဆိုတော့ Lens Wide ကျယ်လေ ကိုယ်ရိုက်ချင်တဲ့ ပုံရိပ်ကို (တနေရာတည်း) ထင်ထင်ရှားရှား ပီပြင်အောင်ပိုရိုက်လို့ ရလေပေါ့ ။ သဘောတရားက အဝေးကြီးက ပုံရိပ် တခုဆိုပါတော့ အဲ့  ပုံရိပ်ကို အဝေးကြီးကနေ လှမ်းရိုက်တော့မယ်ဆိုရင် Lens wide က ဒီနေရာမှာ အသုံးဝင်တော့တာပဲ့။ အဝေးကြီးက ပုံရိပ်ကို တနေရာတည်း ကိုယ်လိုချင်တဲ့ နေရာ တခုတည်းကို စုစည်းပီး တိတိကျကျ ပုံဖော်ပေးနိင် အောင် စွမ်းဆောင်နိင်တဲ့ စွမ်းဆောင်ရည် ရှိတယ်ပေါ့။ နောက်တခုက ကိုယ်ရိုက်မဲ့ ပုံရိပ်က မြင်ကွင်းက ကျယ်နေတယ်။ ဒီလို မြင်ကွင်းက ကျယ်နေတယ်ဆိုရင်လည်း အဲ့ဒီ အကျယ်အတိုင်း Zoom ချိန်ဖို့ဆိုတာ Experience မရှိသေးသူ တယောက်တွက်က မလွယ်ဘူး။ ဒီအကျယ်အတိုင်းရိုက်တော့မယ်ဆိုရင်လည်း Lens က Key တခုလို ဖြစ်နေတာပါပဲ့။ ဒီထက် ပိုပီး နားလည်အောင် စာနဲ့ ဘယ်လို ရှင်းပြရမလည်း မသိဘူး။ နောက်တခုက Focus အကြောင်းလေး နဲနဲ့ပြောပြချင်တယ်

ခုနောက်ပိုင်းမှာ Auto focus နဲ့ Manual Focus ဆိုပီး Focus နှစ်မျိုး ပါလာတာ ရှိတယ်။ Auto focus က ဘယ်လိုလည်းဆိုတော့ သူ့ ထဲ့မှာ ပါတဲ့ Shutter speed တို့ ISO Mode တို့ Explosure တို့ကို သူ့ဘာသာ ကင်မရာက နေ ချိန်ညိပီး အလင်းအမှောင်ကို ချိန်ပေးတာကို ပြောတာ။ နောက် Manual ဆိုတာကတော့ ရှင်းပါတယ်။ ကိုယ့်ဘာသာ ချိန်ညှိရတာပေါ့။ အလင်းအမှောင် ကိုယ်က ညရိုက်မှာ ဆိုရင် Shutter Speed ချရိုက်ရတာတို့ကို ကိုယ့်ဘာသာ ချိန်ရမယ်ပေါ့ နနက်ရိုက်မယ်ဆိုရင် Shutter speed ကို မြှင့်ထားရတယ်။ ဒီလို မြှင့်တာ နိမ့်တယ် ဆိုတဲ့ သဘောက ဘယ်လို နိမ့်ရ မြှင့်ရတယ်ဆိုတာလည်း ကိုယ်ကိုင်တဲ့ ကင်မရာကို ဘယ်လို ညှိရမယ်ဆိုတာကိုယ်တိုင် ကိုယ်ကျ နေတွေ ညတွေ မိုးရွာနေတဲ့ ချိန် နှင်းကျနေတဲ့ ချိန်တွေမှာ လိုက်ရိုက်ကြည့်ပီးမှ ချိန်နိင်တဲ့ Speed ကို သိမှာပါ။ Shutter Speed ကို ညရိုက်မယ်ဆိုရင် ဘာလို့ နိမ့်ထားတာလည်းဆိုရင် အလင်းရဲ့ သွားနုန်း အလင်းအမှောင် သွားနုန်းတွေ မတူလို့ပဲ့။ ဒါ Shutter Speed ရဲ့ အလုပ်လုပ်ပုံလေး နည်းနည်းပေါ့။

တကယ်လို့ Shutter Speed ကို ကောင်းကောင်း မကိုင်နိင်ဘူး ဆိုရင် Flash Gun ပါတဲ့ ကင်မရာမျိုးကို ရွေးဝယ်ပီး Flash Gun နဲ့ ရိုက်လို့ ရတယ်ပေါ့။ face detection ဆိုတာဘာလည်းလို့ အပေါ်မှာ မေးထားတဲ့ အထဲ့မှာပါတယ်။ အဲ့တာဘာလည်းဆိုတော့ မျက်နာ ပေါ်မှာ မူတည်ပီးတော့ ကင်မရာ က ပုံရိပ်ယူတာကိုပြောတာပါ။ ခေါင်းစောင်းနေတယ် ဆိုပါဆို ဒါဆို Focus ကပါ နည်းနည်း စောင်းတဲ့ ဘက်ကို လိုက်ပီး ယူနိင်တဲ့ သင့်တင့်တဲ့ ပုံရိပ်ကို ယူနိင်တာတို့ လုပ်တာပါ။နောက်တခုက image stablizer ဆိုတာ ဘာလည်းဆိုတာ ထပ်မေးထားသေးတယ်။ ကဲ့ ဒါနောက်ဆုံးမေးခွန်းဆိုတော့ အားပြည့်နေပီ ( ဖြေလို့ လက်ပေါက်ကပ်တဲ့ မေးခွန်းတွေ ပီးတော့မှာကို ) image stablizer ဆိုတာ အပြေးပြိုင်ပွဲ တခုမှာ ဓါက်ပုံရိုက်တယ် ဆိုပါဆိုကွာ ။ ပြေးနေတဲ့ အပြေးသမားကို ရိုရိုး image stablizer မပါတာနဲ့ ရိုက်လို့ မရဘူးလေ ။ image stablizer မပါတာနဲ့ သွားရိုက်ရင် ၀ါးသွားတာတို့ အလင်းကျန်တာတို့ နောက်ထပ် ဆိုးကျိုးတွေ ရှိတာပေါ့ကွာ။ image stablizer ပါတာကတော့ ပြေးနေတဲ့ လူ တယောက်ကို image stablizer ပါတဲ့ ကင်မရာနဲ့ ရိုက်ရင် အဆင်ပြေပြေနဲ့ ရုပ်ညိမ်တခုကို ရနိင်တဲ့ Function ပါ။ဥပမာ အငြိမ့်မင်းသမီး အက ကနေတာကို ဒီ Function သုံးပီး ရိုက်ရတယ်။ ဒါမှ ပုံက ကနေတဲ့ပုံကိုမှ ရုပ်သေ မ၀ိုးဝါးတဲ့ လိုချင်တဲ့ ပုံမျိုးရမှာပါ။။

ဒီလောက်ဆို အကြမ်းဖျင်းနားလည်ပီ ထင်တယ် သူငယ်ချင်း။နောက်ထပ် Focus မှာ Closest focusing distance တို့ ထပ်ပီး ရှိသေးတယ်။ နောက်ဆုံးတခုကတော့ Shooting Mode ကတော့ Video ရိုက်ကွင်းတွေတွက်ပဲ့။ သူမှာ့ ဒီ Video ဇတ်ကား တကားရိုက်ဖို့ အချိန်တွေ Ratio တွေ နဲ့ Speed တွေ ဆိုပီး အပိုင်းလိုက်ပါဝင်လာတာ ရှိတယ်။ ဒါတွေကို ကိုယ်ကိုတိုင်ပဲ့ ဘယ်လို အနေအထားမျိုးမှာ ဘယ်လို Speed နဲ့ ရိုက်ရမယ် ဘယ်လို အချိန် ယူရမယ်ဆိုတာတွေကို ချိန်ညှိနိင်တယ်… ဒီ Modes မှာ။ Smile Shutter ဆိုတာကတော့ Smile Detection ပါ။ သူ့ရဲ့ သဘောတရားကတော့ ကိုယ်ရိုက်မယ့် ဓါက်ပုံ အရိုက်ခံမယ် သူက ပြုံးမှ ဒီ Shutter နဲ့  ရိုက်လို့ ရတယ်။မပြုံးထားရင် ဒီ Smile Shutter နဲ့ ရိုက်လို့ မရဘူးဆိုတဲ့ သဘောပါပဲ့။ Focal Length ဆိုတာကတော့ Lens ရဲ့ အရှည်ကို ဆိုလို့တာ။ နောက်ဆုံး တခုကတော့ Compensation ပဲ့။ Compensation ဆိုတာက Shooter ကြိုက်တဲ့ Modes ပေါ့။ သူ့မှာ +/- ပါတယ်။ ဒီ သဘောကတော့ Explosure မှာ ပါဝင်တာကို ချိန်ညှိတာ ဥပမာပေါ့ F2 . F3 နိမ့်တာ မြင့်တာတွေကို ဒီ Modes မှာပါတယ်။ ကဲ့ ဒီထက်ပိုပိုပီး ထက်ပီး ရှင်းပြဖို့တော့ သူငယ်ချင်းရေ… လက်ထဲ့မှာ ကင်မရာတလုံး ရှိနေမှ ဒါက ဘာလုပ်တယ် ဒါက ဘာလုပ်တယ်ဆိုတာကို ရှင်းပြရတာ ပိုကောင်းတယ်။ ဒီတိုင်း စာနဲ့ကတော့ တော်တော် ပြောပြရခက်ပါတယ်။ ကင်မရာဆိုတာ ..လက်တွေ့ ဆန်တယ်။ အနုပညာဆန်တယ်။ အတွေးအခေါ်လေး နဲ့ ထွင်းဖောက်နိင်စွမ်းလေးတွေ လိုတယ်ဆိုတာကိုတော့ သိထားဖို့လိုပါတယ်။ ဒီထက်ပိုသိချင်ရင်တော့ ကျောင်းပိတ်ရက်မှာ ငါ့တက္ကသိုလ်ကျောင်းတော်ကြီးဆီကို လာခဲ့လိုက်လေနော်။ ခုက အကြမ်းဖျင်းပေါ့ကွာ။ မိသားစုတွေလည်းသိအောင် သိသလောက်လေး ဖော်ပြတာပါ။တကယ်တော့ မေးထားတာတွေကို လက်တွေ မဟုတ်ပဲ့ ဒီတိုင်း စာတွေ ပြောရတာ အဆင်မပြေဘူး။ ပီးတော့ မေးတာတွေကို လက်တွေ့ နယ်ပယ်မှာ မသုံးဘူး.ရင်ပြန်ပြာပြရတာ အရမ်းခက်တယ် သူငယ်ချင်းလေးရ..ဒီတော့ ကိုယ်တိုင် ကင်မရာတလုံးဝယ်ပီး ကိုယ်တိုင် လေ့လာဖို့ပဲ့ တိုက်တွန်းလိုပါတယ်။
ကင်မရာနဲ့ သက်ဆိုင်တဲ့ စာအုပ်တွေကို ဒီနေရာမှာ တခါ တင်ပေးထားဖူးပါသေးတယ်။ ဒီအောက်မှာ အစုလိုက် ပြန်တင်ပေးလိုက်ပါတယ်။

ကင်မရာ ဖုန်းနဲ့ ပတ်သတ်ပြီး GPS, GPRS and AGPS အကြောင်းကိုလည်း ဒီနေရာမှာ တခါ ဖော်ပြပေးထားဘူးပါတယ်။ 
နောက်ပိုင်း ကင်မရာ တလုံးဝယ်ရင် ဘယ်အပိုင်းတွေကို ကြည့်ရမယ်ဆိုတာကို ကျွန်တော် ဆက်ဖော်ပြပေးပါ့မယ်။ ဒီကြားတည်း စာဖတ်သူများအနေနဲ့ သိချင်တဲ့ အပိုင်းကို comment မှာ မေးခဲ့နိုင်ပါတယ်။ကျွန်တော် တက်သလောက် နားလည်အောင် ဖြေပေးပါ့မယ်။
အဆင်ပြေပါစေ.. 
သန့်ဇင်ဌေး

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )