22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, October 10, 2012

ပါကစ္စတန်မှာ မိန်းခလေး အခွင့်အရေး တိုက်ပွဲဝင်သူ ၉ တန်းကျောင်းသူလေးကို သစ္စာဖောက်ဆိုပြီး တာလီဘန်က သေနတ်နဲ့ ပစ်ခတ်



မိန်းခလေး အခွင့်အရေးတွေအတွက်
 လှုပ်ရှားပေးလို့ နိုင်ငံတကာက လှိုက်
လှိုက်လှဲလှဲ အားပေးထောက်ခံမှုကို
ရရှိထားတဲ့ ၁၄ နှစ်အရွယ် ပါကစ္စတန်
ကျောင်းသူလေးကို တာလီဘန်တွေက ပစ်ခတ်သတ်ဖြတ်ရာမှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားပါတယ်။


ကိုးတန်းကျောင်းသူလေး မာလာလာ ယူဆက်ဖ်ဇာအိ (Malala Yousafzai) ဟာ ကျောင်းကားစီးပြီး ပြန်လာချိန်မှာ မျက်နှာဖုံးစွပ်ထားတဲ့ တာလီဘန် နှစ်ဦးအနက် တဦးက ကားကို တားပါတယ်။ ကားမောင်းသူက ကားကို အတင်းမောင်းပြေးပေမယ့် လူသတ်သမားတဦးက ဘတ်စ်ကားနောက်ပေါက်ကနေ အတင်းတက်လာပြီး မာလာလာရဲ့ နာမည်ကို မေးရင်း ဦးခေါင်းကို ပစ္စတိုသေနတ်နဲ့ ချိန်ရွယ် ပစ်ခတ်ပါတော့တယ်။
ခုနှစ်တန်း ကျောင်းသူလေးတဦးလည်း ခြေထောက်မှာ သေနတ်ထိမှန်ခဲ့ရပါသေးတယ်။

ကျောင်းသူလေး မာလာလာဟာ စာတတ်မြောက်ရေးနဲ့ ငြိမ်းချမ်းရေးကို မြှင့်တင်ပေးသူ ဖြစ်ပါတယ်။ အကြမ်းဖက် သတ်ဖြတ်နေတာတွေကြောင့် စိတ်ပျက်နေရတဲ့ ပါကစ္စတန်နိုင်ငံမှာ နိုင်ငံသားတွေ စာတတ်လာကြဖို့၊ ငြိမ်းချမ်းစွာ နေနိုင်ကြဖို့ဟာ မျှော်လင့်ချက်ပါ။ ဒါကြောင့်လည်း ၂ဝ၁၁ ခုနှစ်မှာ ပါကစ္စတန် အစိုးရက ကျောင်းသူလေး မာလာလာကို အမျိုးသားငြိမ်းချမ်းရေဆု နဲ့ ရူပီးငွေ တသန်း ချီးမြှင့်ဂုဏ်ပြုခဲ့ပါတယ်။

အစ္စလမ်ဘာသာရဲ့ အခြေခံဝါဒ (fundamentalism) က တစတစ ကြီးမားကျယ်ပြန့်လာနေချိန်မှာ မိန်းခလေးတွေရဲ ပညာသင်ကြားပိုင်ခွင့်အတွက် ကျောင်းသူလေး မာလာလာက ရဲရဲဝန့်ဝန့် တောင်းဆိုပေးလျက်ရှိပါတယ်။ သူဟာ ဒတ်ခ်ျ အဖွဲ့အစည်းတခုက မနှစ်က ကျင်းပတဲ့ နိုင်ငံတကာ ခလေးများ ငြိမ်းချမ်းရေးဆုအတွက် နောက်ဆုံး ဆန်ကာတင်အဆင့်ထိ ရောက်ခဲ့သူ ဖြစ်ပါတယ်။



တာလီဘန်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအကြောင်းကို မာလာလာဟာ ၂ဝဝ၉ ခုနှစ်မှာ ကလောင် နာမည်တခုနဲ့ ဘီဘီစီ အူရဒူဘာသာ အသံလွှင့်ကဏ္ဍမှာ နေ့စဉ် မှတ်တမ်း ရေးသားချိန်မှာ သူ့ကို သတိပြုလာကြပါတယ်။ သူဟာ ပါကစ္စတန်နိုင်ငံ အနောက်မြောက်ဖက် Swat ချိုင့်ဝှမ်းဒေသက မင်ဂိုရာမြို့မှာ နေထိုင်ပါတယ်။

အဲဒီဒေသနဲ့ လူမျိုးစုဒေသတွေမှာ တာလီဘန်သူပုန်တွေ ကြီးစိုးထားပြီး ပြင်းထန်လွန်းတဲ့ အစ္စလမ်ဥပဒေကို ပြဋ္ဌာန်းကျင့်သုံးပါတယ်။ ကျောင်းပေါင်း ရာပေါင်းများစွာကို ဗုံးခွဲတိုက်ခိုက်ပါတယ်။ အများစုက မိန်းခလေးကျောင်းတွေ ဖြစ်ပါတယ်။ ဘယ်သူမှ စာမတတ်နိုင်အောင် နှိပ်ကွပ်ထားတဲ့ ရည်ရွယ်ချက်ပါပဲ။ ဒီလိုမျိုး အကြမ်းဖက်မှုတွေ ပြင်းထန်ဆိုးဝါးလာတာ ၂ နှစ်လောက် ကြာလာတော့ အဲဒီဒေသကို စစ်တပ်က အကြီးအကျယ် ဝင်ရောက် နှိမ်နှင်းယူခဲ့ရပါတယ်။ အဲဒါကတော့ ၂ဝဝ၉ ခုနှစ်တုန်းကပါ။ ပါကစ္စတန် တာလီဘန်တွေဟာ အာဖဂန်နစ္စတန် အရှေ့ဘက် နယ်စပ်ဒေသတွေဆီကို ဆုတ်ခွာ ထွက်ပြေးခဲ့ကြပါတယ်။

နောက်ပိုင်းမှာ တော်တော်လေး ငြိမ်းချမ်းသွားပါတယ်။ ပါကစ္စတန်ရဲ့ ဆွစ်ဇာလန်လို့ တင်စားရလောက်အောင် ရှုခင်းလှပတဲ့ အဲဒီဒေသကို လာရောက်ကြည့်ရှုသူတွေ ရှိလာခဲ့ပါတယ်။ စစ်တပ်ကလည်း အားပေး စောင့်ရှောက်ထားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်တုန်းက ပွဲတော်တခုကိုတောင် စစ်တပ်က တာဝန်ယူ ကျင်းပပေးလိုက်ပါသေးတယ်။ ဒါပေမယ့် မနေ့က ဖြစ်သွားတဲ့ ဒီလို တိုက်ခိုက်မှုကိုကြည့်ရင် တာလီဘန်တွေဟာ စိမ့်ဝင်လာနိုင်သေးတာကို သက်သေခံနေပါတယ်။

ဒီလိုတိုက်ခိုက်မှုအတွက် ပါကစ္စတန် တာလီဘန်အဖွဲ့က သူတို့လုပ်တာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။ စစ်သွေးကြွ အုပ်စုတစုဟာ ကျောင်းသူလေး မာလာလာကို ပစ်မှတ်ထားခဲ့ရတာကတော့ သူဟာ မူဆလင်အကြောင်း အပျက်သဘော ဝါဒဖြန့်နေတာကြာင့် ဖြစ်တယ်လို့ ပါကစ္စတန် တာလီဘန်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက မီဒီယာကို ခေါ်ဆိုပြောပြသွားပါတယ်။ မာလာလာဟာ အမေရိကန်သမ္မတ အိုဘားမားကို အတုယူဖွယ်ရာ စံပြခေါင်းဆောင် လို့ သဘောထားနေသူဖြစ်ပြီး ရိုင်းစိုင်းယုတ်မာတဲ့ သစ္စာဖောက်တွေအတိုင်း လုပ်နေတာကြောင့် သူ အသက်ရှင်နေဦးမယ် ဆိုရင်လည်း တာလီဘန်တွေက လိုက်သတ်နေဦးမှာ ဖြစ်တယ်လို့ ဆက်ပြောပါတယ်။

ပါကစ္စတန် နိုင်ငံရေးသမားတွေက ပါကစ္စတန် တာလီဘန်တွေရဲ့ အခုလို တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချလိုက်ကြပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Victoria Nuland က ဒီလိုတိုက်ခိုက်မှုဟာ လွန်လွန်းအားကြီးတဲ့ ရက်စက်မှုဖြစ်ပြီး သူရဲဘောကြောင်တဲ့လုပ်ရပ် ဖြစ်တယ်လို့ ရှုတ်ချဝေဖန်သွားပါတယ်။

မာလာလာကို ပက်ရှာဝါမှာရှိတဲ့ စစ်ဆေးရုံကို ဟယ်လီကော့ပတာနဲ့ ပို့ဆောင်ပြီး ကုသပေးလျက်ရှိပါတယ်။ ကျည်ဆန်ဟာ ဦးခေါင်းပိုင်းမှာရှိတဲ့ ကျောရိုးမ (spine) ထဲမှာ နစ်မြှုပ်နေပါတယ်။ ဦးခေါင်းခွံ ယောင်ရမ်းနေသေးတာကြောင့် ဆရာဝန်တွေက ချက်ချင်း ကုသခွဲစိတ်တာ မလုပ်နိုင်သေးဘဲ ဖြစ်နေပါတယ်။

လိုအပ်ရင် နိုင်ငံခြားမှာ ဆေးကုပေးသွားမှာ ဖြစ်တယ်လို့ ပါကစ္စတန်သမ္မတ ဇာဒါရီက ပြောဆိုလိုက်ပါတယ်။



အမျိုးသား လူငယ် ငြိမ်းချမ်းရေးဆုကို သမ္မတက ချီးမြှင့်စဉ် .. Photograph: EPA

ပါကစ္စတန် ဝန်ကြီးချုပ် အာ့ရ်ရာဖ် (Raja Pervez Ashraf) က “ပါကစ္စတန် တာလီဘန်တွေမှာ ဒီလို တိုက်ခိုက်ဖို့ ခံယူချက် ရှိနေတဲ့ စိတ်ထား (mind-set) ကို ကျနော်တို့ တိုက်ဖျက်ပစ်ရပါမယ်။ မာလာလာကို ကျနော့်သမီး.. ခင်ဗျားတို့ရဲ့ သမီးတွေလို သဘောထားရပါမယ်။ တာလီဘန်တွေရဲ့ mind-set က လွှမ်းမိုး တည်ရှိနေမယ်ဆိုရင် ဘယ်သူ့သမီးမှ လုံခြုံမှာ မဟုတ်ပါဘူး” လို့ ပါကစ္စတန် အထက်လွှတ်တော်မှာ ပြောဆိုသွားပါတယ်။

မာလာလာဟာ သူ့ရဲ့ နေ့စဉ်မှတ်တမ်းမှာ တာလီဘန်တွေရဲ့ သြဇာလွှမ်းမိုးမှု ကြီးမားကျယ်ပြန့်လာတဲ့အပေါ်မှာ စိုးရိမ်ပူပန်နေမိတယ်လို့ ရေးပါတယ်။ ပန်းရောင်ကို နှစ်သက်လှတဲ့ သူဟာ တနေ့မှာ ပန်းရောင်ဝတ်စုံကို ဝတ်ဆင်ပြီး မနက်ခင်း လူစုဝေးကြတဲ့ပွဲကို တက်ရောက်ပါတယ်။ အဲဒီအခါမှာ အရောင်အဆင်း ရှိတာတွေ မဝတ်ဆင်ကြဖို့ ပြောခံရပါတယ်။ အရောင်နဲ့ ပတ်သက်ပြီး ကန့်သတ်ချုပ်ချယ်တဲ့ တာလီဘန်တွေက မြင်ရင် ကန့်ကွက်လာနိုင်လို့ ဆိုပါတယ်။

နေ့စဉ်မှတ်တမ်း နောက်တခုမှာ ရေးထားတာကတော့ စိုးရိမ်ပူပန်နေရတာ ကြီးလွန်းတော့ ဘာဖြစ်ဖြစ် ကြောက်နေရတဲ့ အဖြစ်တခုပါ။

“ကျမ ကျောင်းပြန်လာချိန်မှာပေါ့။ လူကြီးတယောက်က နင့်ကို သတ်မယ်လို့ ပြောသံ ကြားလိုက်ရပါတယ်။ ကျမလည်း ခပ်သုတ်သုတ် ပြေးရတော့တာပါပဲ။ လိုက်များလာနေသလားလို့ ခဏအကြာ နောက်ပြန်ကြည့်လိုက်တဲ့အခါကျတော့မှ အဖြစ်မှန်ကို သိရတော့တယ်။ အဲဒီလူကြီးက အခြားတယောက်ကို ဖုန်းဆက်ပြောနေတာ.. ဖုန်းဆက်ပြီး ခြိမ်းခြောက်နေတာဖြစ်မှန်း သိလိုက်ရတော့တယ်။ အဲဒီတော့မှ ကျမမှာ တော်ပါသေးရဲ့ဆိုပြီး စိတ်သက်သာရာ ရမိပါတော့တယ်။”

လွင်အောင်စိုး
၁ဝ-၁ဝ- ၂ဝ၁၂

Haq Nawaz Khan ရေးတဲ့ Taliban says it shot ‘infidel’ Pakistani teen for advocating girls’ rights ကို ဆီလျော်အောင် မြန်မာဘာသာ ပြန်ဆိုထားတာ ဖြစ်ပါတယ်။

မူရင်း - Taliban says it shot ‘infidel’ Pakistani teen for advocating girls’ rights


Swat ချိုမ့်ဝှမ်းဒေသက တာလီဘန် ထောက်ခံသူများ - Photo: AP

မြောက်ကိုရီးယား ဒုံးကျည်ကြွားမယ့်အစား ပြည်သူကို ဝအောင်ကျွေးသင့်

တောင်ကိုးရီးယားရဲ့  ပဲ့ထိန်းတပ် ဒုံးကျည်တွေကို လက်ရှိထက် သုံးဆပိုမိုတဲ့ အကွာအဝေးထိ ပစ်နိုင်စွမ်း ရှိအောင် ချဲ့ထွင်ခွင့်ပြုတဲ့ စစ်ရေးသဘောတူညီ ချက်တစ်ရပ်ကို အမေရိကန်နဲ့ တောင်ကိုးရီးယားတို့
လက်မှတ်ရေးထိုးပြီး နှစ်ရက်အကြာမှာ မြောက်ကိုးရီးယားက သူ့ရဲ့ ဒုံးကျည်တွေဟာ အမေရိကန် ပြည်ထောင်စုအထိ ရောက်အောင် ပစ်နိုင်စွမ်းရှိတယ်လို့ အောက်တိုဘာ (၉)ရက်နေ့ အင်္ဂါနေ့က သတိပေးလိုက်ပါတယ်။

ပြုံယမ်းမြို့တော် မြောက်ကိုးရီး ယား အမျိုးသားကာ ကွယ်ရေးကော်မရှင် ရဲ့ ပြောရေးဆိုခွင့်ရှိသူ က မြောက်ကိုးရီးယားမှာ မဟာဗျူဟာမြောက်ဒုံးကျည်တပ်ဖွဲ့တွေ ရှိနေပြီးတော့ အမေရိကန် ပြည်ထောင် စုကိုသာ မက အမေရိကန်စစ်စခန်းတွေရှိရာ တောင်ကိုးရီးယား၊ ဂျပန်နဲ့ ဂူအမ်ကျွန်းတွေကိုပါ ပစ်ခတ်နိုင်စွမ်းရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

အမေ ရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စဗစ်တိုးရီးယားနျူလယ်န် (Victoria Nuland)က၊ မြောက်ကိုးရီးယားဟာ သူ့ဒုံးကျည်တွေရဲ့ စွမ်းရည်ကို ရှိတာထက် ပိုမိုကြွားလုံး ထုတ်နေပြီးတော့ တကယ်တမ်းမှာ မြောက်ကိုးရီးယားအစိုးရဟာ မြောက်ကိုးရီးယားပြည်သူတွေ ထမင်းဝအောင်ကျွေးရမယ့်အလုပ် ကို အာရုံစိုက်သင့်တယ်လို့ အင်္ဂါနေ့က တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

ခြိမ်းခြောက်မှုတွေနဲ့ ရန်လိုရန်စလုပ်နေတာတွေက၊ မြောက်ကိုးရီးယားကို နိုင်ငံတကာ မိသားစုထဲ ပြန် ၀င်နိုင်အောင်ကြိုးပမ်းမှုတွေကို သေးသိမ်သွားစေလိမ့်မယ်လို့လည်း မစ္စဗစ်နျူလယ်န်က ဆိုပါတယ်။
BOA (မြန်မာပိုင်း)

Saturday, October 6, 2012

အစွန်းရောက် မူဆလင် တရားဟောဆရာ အမေရိကန် လွှဲမည်

အကြမ်းဖက်သမားအဖြစ်စွပ်စွဲခံထားရတဲ့
Abu Hamza အပေါ်စွဲဆိုထားတဲ့ စွဲချက်တွေ
အတွက် အမှုရင်ဆိုင်ဖို့ သူ့ကို ဗြိတိန်နိုင်ငံ
ကနေ အမေရိကန်ကို လွှဲပြောင်းပေးတော့

မှာဖြစ်ပါတယ်၊ Abu Hamza ရဲ့ နောက်ဆုံး အယူခံကို
 ဗြိတိန် ဗဟိုတရားရုံးက သောကြာနေ့မှာ ပယ်ချလိုက်ပြီး Abu Hamza
နဲ့အတူ နောက်ထပ် အကြမ်းဖက်သမားအဖြစ် သံသယရှိသူ ၄ ယောက်ဟာ
 အမေရိကန်ပြည်ထောင်စုမှာ အမှုရင်ဆိုင်ဖို့ သွားနိုင်လောက်တဲ့ ကျန်းမာရေး
အခြေအနေရှိပါတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကျန်းမာရေးမကောင်းတာ နှစ်ပေါင်းကြာနေပြီဖြစ်တဲ့ Abu Hamza ကို
တကိုယ်လုံးကို ဓါတ်မှန်ရိုက်တဲ့ MRI scan မလုပ်ခင် အမေရိကန်လက်ကို
လွှဲပြောင်း မပေးသင့်ဘူးလို့ Abu Hamza ရဲ့ ရှေ့နေတွေက စောဒ
ကတက်နေကြပါတယ်။ အီဂျစ်နိုင်ငံမှာမွေးတဲ့ တရားဟောဆရာ
Abu Hamza ဟာ London မြို့က ဗလီကျောင်းတခုမှာ အစွန်းရောက်တ
ရားတွေ ဟောပြောပြီး အကြမ်းဖက်သမားတွေဖြစ်လာဖို့အလားအလာရှိ
သူတွေကို မွေးထုတ်ပေးနေတာလို့ထောက်လှမ်းရေးတာဝန်ရှိသူတွေက
 ပြောပါတယ်။

Oregon ပြည်နယ်မှာ အကြမ်းဖက်လေ့ကျင့်ရေးစခန်းတခုထောင်ဖို့ ကြိုးစားမှု၊
 ရေမန်နိုင်ငံမှာAl Qaeda တွေဓါးစာခံဖမ်းနိုင်အောင် ကူညီမှုတွေနဲ့ သူ့ကို
အမေရိကန်က အလိုရှိနေတာဖြစ်ပါတယ်။


VOA (မြန်မာပိုင်း)

Facebook အဖွဲ့ဝင် သန်းတထောင်ပြည့်ပြီ

Facebook လူမှုကွန်ယက်ကို ကမ္ဘာတဝန်းသုံး
စွဲသူ သန်းပေါင်း ၁ ထောင်ကျော်သွားပါပြီ။
 Facebook website ကို လစဉ်သုံးစွဲသူပေါင်း
 သန်း ၁ ထောင် September လ

လယ်မှာ  ပြည့်သွားခဲ့တာလို့ Facebook ရဲ့ ကြာသပတေးနေ့က ထုတ်ပြန်ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ ဒီအောင်မြင်မှုဟာ
မယုံကြည်နိုင်အောင်ပါပဲလို့ Facebook ကိုတည်ထောင်သူ Mark Zuckerberg
 က အမေရိကန် NBC ရုပ်သံနဲ့ မေးမြန်းခန်းမှာ ပြောသွားခဲ့ပါတယ်။

"ကျွန်တော်နဲ့ ကျွန်တော့်ရဲ့အဖွဲ့လေးကို သင်တို့ကို ဝန်ဆောင်ခွင့်ပေးတဲ့အတွက် ဂုဏ်ယူ ကျေးဇူးတင်ပါတယ်" လို့ Mark Zuckerberg က သူ့ရဲ့ Facebook
စာမျက်နှာမှာရေးထားပါတယ်။

Member တွေတယောက်နဲ့ တယောက်ကြား ကွန်ယက်ဖြန့်ကြက် ချိတ်ဆက်
ဆက်သွယ်နိုင်တဲ့ Facebook လူမှုကွန်ယက်ကို ၂၀၀၄ ခုနှစ်ကမှ
 စတင်ခဲ့တာဖြစ်ပါတယ်။


VOA (မြန်မာပိုင်း)

သမီးဖြစ်သူကို ဆွဲဆောင်နိုင်သူအား ဒေါ်လာ ၆၅ သန်း ဆုချီးမြှင့်မည်ဟု ဟောင်ကောင်သူဌေးကြီးကြေညာ

ဟောင်ကောင်မှ လုပ်ငန်းရှင် သူဌေးကြီး 
တစ်ဦးသည် ၎င်း၏ လိင်တူ စိတ်ဝင်
စားသည့် သမီးဖြစ်သူအား ကျလောက်အောင် 
ဆွဲဆောင်နိုင်သည့် သတို့သားလောင်းကို
 ဒေါ်လာ (၆၅)သန်း ဆုချီးမြှင့်မည်ဟု အတည်ပြု
 ကြေညာခဲ့သည်။ 
 
တစ်ကမ္ဘာလုံးမှ အမျိုးသားတိုင်း အခွင့်အရေးရှိမည့် ယင်းအစီအစဉ်အတွက် 
 လျှောက်ထားသူများကို လက်ခံသွားမည်ဟု စီဆီလ်ချာအိုက 
ဆိုသည်။
ဟောင်ကောင်မှ လုပ်ငန်းရှင် သူဌေးကြီး တစ်ဦးသည် ၎င်း၏ လိင်တူ စိတ်ဝင်
စားသည့် သမီးဖြစ်သူအား ကျလောက်အောင် ဆွဲဆောင်နိုင်သည့် သတို့
သားလောင်းကို ဒေါ်လာ (၆၅)သန်း ဆုချီးမြှင့်မည်ဟု အတည်ပြု
 ကြေညာခဲ့သည်။ 

တစ်ကမ္ဘာလုံးမှ အမျိုးသားတိုင်း အခွင့်အရေးရှိမည့် ယင်းအစီအစဉ်အတွက် လျှောက်
ထားသူများကို လက်ခံသွားမည်ဟု စီဆီလ်ချာအိုက ဆိုသည်။ လက်ရှိတွင် အသက်
(၃၃)နှစ်ရှိ ဂီဂီအား ပိုးပမ်းရန် လျှောက်ထားသည့် သတို့သားလောင်း (၁၀၀)ကျော်မျှ
 ရှိနေပြီဟုလည်း တောင်တရုတ် မနက်ခင်း သတင်းစာက ဖော်ပြခဲ့သည်။ 



သူဌေးကြီး စီဆီလ်က မိမိ၏ သမီးဖြစ်သူအတွက် သတို့သားလောင်း ရှာဖွေမည့် 
အစီအစဉ်ကို ဗုဒ္ဓဟူးနေ့ ကတည်းက အတည်ပြု ပြောကြားခဲ့ခြင်းဖြစ်ပြီး 
ယခုအခါ လျှောက်လွှာများ လက်ခံရရှိထားခြင်းဟု ဆိုသည်။

"ကျွန်တော့်ဆီကို စာတွေပို့လာတယ်။ Emailနဲ့ Faxတွေရောပေါ့။ အဲဒါတွေ အား

လုံးကို ဖတ်ဖို့ အချိန်တော့ မရသေးဘူး။ ကျွန်တော် ဒီကိစ္စကို ဂီဂီနဲ့ ဆွေးနွေးပါ
ဦးမယ်"ဟု သူဌေးကြီး စီဆီလ်က ပြောကြားခဲ့သည်။ ၎င်းက "တော်တော်များများ 
တူတူညီညီ ပြောနေတာ တစ်ခုပဲရှိတယ်။ 

သူတို့ ဆက်သွယ်လာတာ ငွေကြောင့် မဟုတ်ဘူး။ ကျွန်တော့် သမီးကို ရင်းနှီးချင်လို့ ဆိုတာချည်းပါပဲ"ဟုလည်း ဆက်လက် ပြောဆိုသွားသည်။ ပြင်သစ်မှ ဆက်သွယ်လာသူ 
တစ်ဦးက "ကျွန်တော် အလေးအနက် ပြောတာပါ။ ကျွန်တော်က အမျိုးသမီးတွေကို 
 ပျော်ရွှင်စေတဲ့ ယောက်ျားတစ်ယောက်ပါ။ ပြီးတော့ မိန်းကလေးတွေလိုပဲ နူးညံ့ပါ
 တယ်"ဟု ရေးသားထားသည်။


အခြားလျှောက်လွှာတင်သူ တစ်ဦးကလည်း "ကျွန်တော်က ခင်ဗျားသမီးရဲ့ 

 နှလုံးသားကို သိမ်းပိုက်ပြီး သူ့ကို လက်ထပ်မယ့်သူပယ်။ ပြီးတော့ ကျွန်တော့် 
အပျော်မယား ဘရာဇီးလ်မော်ဒယ်လ် မာရီယန်ကလည်း ခင်ဗျားသမီးအတွက် 
အဆင်ပြေအောင် ကျွန်တော့်ကို ကူညီလိမ့်မယ်"ဟု ရွှတ်နောက်နောက်
 ရေးသားထားပြန်ကြောင်း သိရသည်။

 ဂီဂီကမူ သူမ၏ ဖခင်လုပ်ရပ်အတွက် စိတ်ပျက်ကြောင်းနှင့်သူမသည် အေးအေး
ချမ်းချမ်းသာ နေလိုကြောင်း ဆိုသည်။ ဂီဂီသည် လွန်ခဲ့သော (၇)နှစ်က ပြင်သစ်တွင်
 အမျိုးသမီး တစ်ဦးကို လိင်တူချင်း ထိမ်းမြား လက်ထပ်ဖူးကြောင်းလည်း 
သတင်းများက ဖော်ပြခဲ့သည်။

စီဆီလ်က "ကျွန်တော့် သမီးအတွက် သတို့သားလောင်းက ချမ်းသာ၊ ဆင်းရဲ

မရွေး ပြဿနာ မရှိပါဘူး။ အဓိက အချက်က နှစ်လိုစရာကောင်းပြီး ကြင်
နာတတ်ရပါမယ်။ ဂီဂီက ရုပ်ရည်ချောမောပြီး အရည်အချင်းလည်းရှိတဲ့ 
မိန်းကလေး တစ်ယောက်ပါ။

 မိဘတွေ အပေါ်မှာလည်း သိတတ်ပါတယ်။ ပြီးတော့ ရက်ရောပြီး စေတနာလည်း ထက်သန်ပါတယ်"ဟု ပြောကြားထားသည်။

 ၎င်းက သတင်းများတွင် ဖော်ပြနေသကဲ့သို့ ဂီဂီက လိင်တူ လက်ထပ်ဖူးသည် 
ဆိုခြင်းကို ငြင်းဆိုခဲ့ပြီး မိမိ၏ သမီးသည် အပျိုသာဖြစ်ကာ သင့်တော်သော 
အမျိုးသား တစ်ဦးအတွက် အကောင်းဆုံး ဇနီးတစ်ယောက် ဖြစ်လိမ့်မည်ဟု
လည်း အာမခံသွားသည်။ 

Plannet News

Thursday, September 27, 2012

သူတို့ သမီးဘက်မှ ခင်ပွန်းသည်ကို အသွင်း(အကြွေး) မချေနိုင်၍ ယောက္ခမသတ်၍ ဇနီးသေဆုံး

(ရွှေမြန်မာမီဒီယာဂရု)
ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင် ခင်ပွန်းသည်ကို
သူတို့သမီးဘက်မှ အသွင်းပြီးပြည့်(အကြွေး)
စုံအောင် မချေနိုင်၍ ယောက္ခမ သတ်၍သေ
ဆုံးခဲ့သည်ဟု သိရသည်။


သေဆုံးသူ အမျိုးသမီးမှာ""ပါဘီနာ"" (၂၅)သည် ချူ(က်)ကာလ်၏ ဇနီးဖြစ်ပြီး ဘင်္ဂလား
ဒေ့ခ်ျနိုင်ငံ အလမ်ဒင်ဂမြို့နယ် ရမ်ပူ ရွာမှ ဖြစ်ကြသည်ဟု သိရသည်။

သေဆုံးသူအမျိုးသမီး အလောင်းကို သူ့တို့အိမ်တွင် တွေ့ရှိပြီး ""စန္ဒာ""ဆေးရုံးသို့ ပို့ဆောင်
လိုက်သည် ဟုသိရသည်။

"ပါဘီနာ"နှင့် ချူ(က်)ကာလ်တို့ လွန်ခဲ့သော နှစ်နှစ်အလွန်ကတည်းက အိမ်ထောင်ကျခဲ့ ကြသည်ဟု ဒေသခံအဆိုအရသိရ ကြောင်း၎င်းသတင်းက ဆိုသည်။ သေဆုံးသူ အမျိုးသမီး
 ""ပါဘီနာ""သည် ဆာလက်ခ် မီယာ၏ သမီးဖြစ်ပြီး မဟားပူခရိုင် ဂန်နီမြို့နယ်မှ ဖြစ်
သည်ဟု သိရသည်။

  သူတို့ ဇနီးမောင်နှံ နှစ်ဦးတို့သည် လွန်ခဲ့သော ရက်အနည်းငယ် ကတည်းက မိသား
စုကိစ္စနှင့် ဆက်စပ်ပြီး စကားများ ရာမှ အိမ်ကို သော့ ခလုပ်ခတ်ပြီး ပိတ်ထားခဲ့သည်ဟု
 ဆိုသည်။ စက်တင်ဘာ ၂၃ရက် (တနင်္ဂနွေ) နေ့ညနေပိုင်တွင် နံရံခေါင်ထက် တွင် လက်တွေကိုချဉ်နှောင်ကာ သေဆုံးနေသောသူမအလောင်းကို တွေ့ရှိရသည်
ဟု ဆိုသည်။


""ပါဘီနာ""မှာ စိတ်ထိခိုက်မှုကြောင့် သူ့ဟာသူ သတ်သေသွားကြောင်း ခင်ပွန်းသည်
ချူ(က်)ကာလ်က ထွက်ဆိုသော်လည်း သေဆုံးသူ ဖခင်နှင့် ဒေသခံများက ပါဘီနာမှာ အသွင်းငွေ ပြည့်စုံစွာမချေနိုင်၍ သူ့ယောက္ခမ သတ်သည်ဟု စွပ်စွဲထား သည်။


ရဲဌာနတွင် အမှုဖွင့်ထားသော်လည်း ရဲဌာနမှ မည်သူမည်ဝါ သတ်ဖြစ်သည်ကို အသေးစိတ်
မသိရှိရသေး သည့်အတွက် ဆေးရုံမှ အစီရင်ခံစာ ရောက်မှသာ ပြောဆိုနိုင်မည်ဟု
ဆိုသည်။

ဘင်္ဂလားဒေ့ခ်ျ နိုင်ငံ၌ မူဆလင် လူမျိုးများမှာ အိမ်ထောင်ပြုလျှင် သူတို့သမီးဖက်မှ သူတို့သား
ကို ငွေးပေးပြီး ၀ယ်ယူရ သည်ဖြစ်၍ ဆင်းရဲချမ်းသာ အဆင့်အတန်းအလိုက် ခွဲခြားထား
သည်ဟု သိရသည်။

 ဆင်းရဲသား အမျိုးသမီး တဦးက အမျိုးသား တဦးကိုအိမ်ထောင်ပြုမည် ဆိုလျှင်အနိမ့်ဆုံး
တာကာ ""၃၀၀၀၀ ""ရှိပြီး ချမ်းသာ သားသမီးတို့ ဆိုလျှင် သိန်း ပေါင်းများစွာ ပေးပြီး
ဝယ်ယူကာ အိမ်ထောင်ပြုလေ့ ရှိသည်ဟု သိရသည်။

ယင်းကြောင့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင် သူတို့သမီးဖက်မှ သတို့သားအား အသွင်းငွေ(အကြွေး)
မပေးဆပ်နိုင်၍ တလလျှင် ရာရှိပြီး အမျိုးသမီးများ ညှင်းပန်း နှိပ်စက်ခံ၍
 သေဆုံးလေ့ရှိကြောင်း သိရသည်။

 (ရွှေမြန်မာမီဒီယာဂရု)
မူရင်းလင့်

Wednesday, September 26, 2012

မြန်မာ့နိုင်ငံရေးတိုးတက်မှု အိုဘားမား ချီးကျူး

အမေရိကန် ပြည်ထောင်စု နယူးယောက်
မြို့မှာအင်္ဂါနေ့က စတင်ကျင်းပတဲ့
ကုလသမဂ္ဂ အထွေထွေ ညီလာခံ အတွင်း
အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား
က မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေနဲ့ပတ်သက်လို့ အား
တက်စကား ပြောဆိုသွားပါတယ်။

မြန်မာသမ္မတက နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာ၊ ပိတ်ထားတဲ့ လူမှု
အသိုင်းအ၀ိုင်းကို လွတ်လပ်ခွင့်ပေးတာ၊ ထင်ရှားတဲ့ အတိုက်အခံခေါင်းဆောင်
တယောက်ကို လွှတ်တော်မှာ ပါဝင်ခွင့်ပြုခဲ့တာတွေ ရှိခဲ့ပါတယ်။ လူထုအနေနဲ့လည်း
 နောက်ထပ် အပြောင်းအလဲတွေ ထွက်ပေါ်လာစေဖို့ စောင့်စားနေကြပါတယ်လို့
သမ္မတ အိုဘားမား က ပြောသွားပါတယ်။

မြန်မာနိုင်ငံ အစ အီဂျစ်နိုင်ငံ အဆုံး လူထုရဲ့ လက်ထဲမှာ အာဏာရောက်စေဖို့
ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ရတာကို သူမြင်တွေ့ခဲ့ရတယ်လို့  သမ္မတ
အိုဘားမားက ဆိုပါတယ်။

 ဒီအတွက် ကမ္ဘာကြီးမှာ မျှော်လင့်ချက် ပိုပြီး ထားလာနိုင် သလို အီရတ်စစ်ပွဲကို
အဆုံးသတ်နိုင်ခဲ့တာ၊ အမေရိကန် စစ်သည်တွေ နေရပ်ရင်း ပြန်ခေါ်နိုင်ခဲ့တာတွေ
ကိုလည်း အလေးထား ပြောသွားခဲ့တာပါ။ အီဂျစ်နိုင်ငံမှာ မကြာသေးခင်တုန်းက
 ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေလို အဖြစ်အပျက်မျိုးတွေကို တားဆီးဖို့ အတွက်လည်း
သမ္မတ အိုဘားမားက ပြောပါတယ်။

အထွေထွေ ညီလာခံ အတွင်းမှာတော့ သမ္မတ အိုဘားမား ဟာ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့တော့ မရှိပဲ နိုင်ငံခြားရေး ၀န်ကြီး
ဟီလာရီ ကလင်တန် ကသာ သူ့ကိုယ်စား လက်ခံတွေ့ဆုံသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အဲ့ဒီ့ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ မိန့်ခွန်းထဲမှာပဲ ကမ္ဘာပေါ်မှာ
အကြမ်းဖက်မူနဲ့ အစွန်းရောက်မူကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ဖို့ အမေရိ
ကန်သမ္မတ ဘားရပ်အိုဘားမားက နိုးဆော်သွားပြီး ကမ္ဘာကြီးဟာ သည်းညည်းခံမူ၊
တိုးတက်မူတွေနဲ့ လုပ်ဆောင်နိုင်ပါတယ်လို့ ပြောကြားသွားပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ၆၇ကြိမ်မြောက် ကုလ
သမဂ္ဂအထွေထွေ ညီလာခံမှာ အမေရိကန်သမ္မတ အိုဘားမားက အကြမ်းဖက်မူကို
ကိုယ်တိုင် မကျူးလွန်ရင်တောင်မှ အမေရိကန်ပြည်ထောင်စုနဲ့ အနောက်ကမ္ဘာအပေါ် အမုန်းတရားပွားအောင် လုပ်ဆောင်နေသူတွေကို ဘေးဖယ်ထားဖို့ အချိန်ရောက်ပြီလို့
 ပြောသွားပါတယ်။

တခါ သမ္မတ အိုဘားမား မိန့်ခွန်းပြောကြားနေချိန်မှာ လူတွေက အပေါ်ယံသဘော
လက်ခုပ်တီးပြီး အားပေးတာတွေရှိခဲ့ပါတယ်။

VOA(မြန်မာပိုင်း)

Tuesday, September 25, 2012

အငြင်းပွားမှုများ ဖြစ်ပေါ်နေရာရေပြင် အပြန်အလှန် ရေအမြောက်များဖြင့်ပစ်

အငြင်းပွားမှုများ ဖြစ်ပေါ်နေရာ ရေပြင်သို့ 
ထိုင်ဝမ်လှေများ အုံနှင့်ကျင်းနှင့် ဝင်ရောက်
လာပြီးနောက် ဂျပန်ကမ်းခြေစောင့် တပ်ဖွဲ့နှင့် အပြန်အလှန် ရေအမြောက်များဖြင့် 
ပစ်ခဲ့ကြောင်း သိရသည်။


ထိုင်ဝမ်ငါးဖမ်းလှေ (၄၀)ဝန်းကျင်သည် ကမ်းခြေစောင့်လှေများ ခြံရံကာ ဆန်ကာကူ
ကျွန်းစုအနီးသို့ အင်္ဂါနေ့ နံနက်ပိုင်းက ဝင်ရောက်လာခဲ့သည်။ 

ဂျပန်တို့က မိမိတို့ ထိန်းချုပ်ထားသော ရေပိုင်နက်သို့ ဝင်ရောက်လာသည်ဟု
 အကြောင်းပြကာ ကမ်းခြေစောင့်လှေမှ ရေပက်သည့် အမြောက်များဖြင့်
ငါးဖမ်းလှေများထံလှမ်း၍ပက်ဖြန်းပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ထိုင်ဝမ် ကမ်းခြေစောင့် တပ်များကလည်း ဖိအားမြင့်သည့် ရေပန်းများဖြင့် 
ဂျပန်တို့အား တုံ့ပြန် ပစ်ခတ်ခဲ့သည်။
 ယခုကျွန်းပိုင်ဆိုင်မှု အငြင်းပွားခြင်းသည် ဂျပန်အတွက် ဒုတိယကမ္ဘာစစ် နောက်ပိုင်း အခက်ခဲဆုံး နိုင်ငံတကာ ပြဿနာတစ်ခုဖြစ်လာပြီး ထိုင်ဝမ်အပြင် တရုတ်နှင့်ပါ 
ရင်ဆိုင်နေရသည်။

Planet Myanmar Network

အယူသီးမှု နှင့် မေတ္တာတရား (အရှင်လတ်လတ်မြှုပ်နှံသင်္ဂြိုလ်ခြင်း)


ကျနော်တို့ ခေတ်သစ် ကမ္ဘာမှာ လူမှုကွန်
ယက်နှင့် တကမ္ဘာ လုံး အတိုင်းအတာ 
လူသားအချင်းချင်း ချိတ်ဆက်
စကားပြောနေချိန်မှာ အိန္ဒိယ နိုင်ငံတနေရာမှာတော့ ကလေးလေးတွေကို အရှင်လတ်လတ်မြှုပ်နှံသင်္ဂြိုလ်တဲ့ ဓလေ့ရှိနေပါသေးကြောင်း သတင်းတစ်ပုဒ် ဖတ်လိုက်ရချိန် စိတ်ထဲမှာ မသက်မသာ ခံစားလိုက်ရပါတယ်။
အသက် ခြောက်လမှ ဆယ်နှစ် အရွယ် ခလေးလေးတွေကို နေကြတ်ခြင်းကို ကုစားဖို့ ဆိုပြီး အရှင်လတ်လတ်မြှုပ်နှံသင်္ဂြိုလ်လိုက်ပါတယ်။
ခလေးမိဘတွေရဲ့ လက်ထဲက မျက်ရည်စက်လက်နဲ့ မျက်ရည်ခန်းသွားတဲ့အထိ သနားစရာ အဖြစ်လေးကို မိဘတွေက လွဲပြီး သနားသော အကြည့်နဲ့ ကြည့်နေသူပင် မရှိကြောင်း ဖတ်လိုက်ရချိန်မှာ လူသားအချင်းချင်းကြား ထားအပ်တဲ့ မေတ္တာတရားသည် အယူသီးမှု ၏ နောက်ကွယ်တွင် ကျန်နေနိုင်သလား ဆိုတာကိုပါ စဉ်းစားခဲ့ပါသေးတယ်။
ဒီလို အဖြစ်ဟာ စာပေ ဗဟုသုတ ခေါင်းပါးခြင်းကြောင့် ဖြစ်တယ် ဆိုပြီးတော့လဲ မှတ်ချက်ပြုထားတာ တွေ့ရပါတယ်။
ဒီလိုဆိုရင် စာပေ၊ ဗဟုသုတ နှင့် မေတ္တာတရား ဆက်စပ်မှု ရှိနိုင်ပါသလား။
စာပေ ဗဟုသုတ ပေါကြွယ်ဝသော လူ့အသိုင်းအ၀န်းများတွင်လဲ မေတ္တာတရား ခေါင်းပါးခြင်းများ တွေ့နိုင်ပါသည်။ 
သို့သော်....
မသိခြင်းထက် သိခြင်းသည် လူတွေကို ဆင်ခြင်းတုံတရား ပိုပေးနိုင်ကြောင်း ကိုတော့ သတိထားမိလိုက်ပါသည်။
အခုလိုအဖြစ်မျိုး ဆက်မဖြစ်ရလေအောင် လူ့အခွင့်အရေး လှုပ်ရှားသူများက အစဉ်တစိုက် သက်ဆိုင်ရာ အစိုးရ ကို ဥပဒေ နဲ့ အကာအကွယ်ပေးဖို့ ဆော်သြနေကြပါတယ်။ ဆက်ပြီး ခလေးလေးများ မေတ္တာတရားရဲ့ အရိပ်အာဝါသ အောက်မှာ ရှင်သန်နိုင်ပါစေ လို့ပဲ ဆုတောင်းနေမိပါတယ်။
အရေးအကြီးဆုံးက လူ့အသိုင်းအ၀န်းကြား မေတ္တာ ဂရုဏာတရား ထွန်းကားဖို့သာ ဖို့ပါ။
မူရင်း သတင်းလင့်
http://hitechanalogy.com/children-buried-alive-for-healing-through-solar-eclipse-the-dark-side-of-india/
Chitthuco Coco Facebook မှကူးယူဖော်ပြသည်။

Monday, September 24, 2012

ပါကစ္စတန်ဝန်ကြီးက စော်ကားတဲ့ ရုပ်ရှင်ရိုက်သူကို သတ်ဖို့ ဆုငွေထုတ်

မွတ်စလင်နိုင်ငံတွေ မှာ ဆန္ဒပြမှုတွေ
 ဖြစ်ခဲ့တဲ့ တမန်တော် မိုဟာမက် ကို 
သရော်တဲ့ ဗီဒီယိုကို ရိုက်ကူးခဲ့သူကို 
သတ်ဖြတ် နိုင်တဲ့သူကို ဒေါ်လာ 
တသိန်း ဆုပေးမယ်လို့


 ပါကစ္စတန် အစိုးရ ဝန်ကြီးတဦးက ပြောလိုက်ပါတယ်။


ပါကစ္စတန် ညွန့်ပေါင်း အစိုးရမှာ မီးရထား ဝန်ကြီး တာဝန်ထမ်းဆောင် နေတဲ့ ဂူလမ် 
အာမက် ဘီလား က တာလီဘန် နဲ့ အဲလ်ခိုင်းဒါး အဖွဲ့ဝင်တွေကို လည်း သူ့အခေါ်အရ 
မွန်မြတ်တဲ့ အလုပ်မှာ ပူးပေါင်းပါဝင် ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

သူက နောက်အလားတူ ရုပ်ရှင်ဇာတ်လမ်းမျိုး ရိုက်သူရှိရင်လည်း အဲဒီလူကို 
သတ်နိုင်ရင် နောက်ထပ် ဒေါ်လာ တသိန်း ပေးမယ်လို့ ဆိုပါတယ်။

                                                                                                 ဆုငွေပေးမယ်ပြောတဲ့ ပါကစ္စတန်ဝန်ကြီး ဘီလား 

အဲဒီ နိုင်ငံတွေမှာ လွတ်လပ်စွာ ပြောခွင့်၊ ထုတ်ဖော်ခွင့် ရှိတာကို သူသိကြောင်း၊
 ဒါပေမယ့် အဲဒီနိုင်ငံတွေမှာ တမန်တော်ကို စော်ကားတာကို တားမြစ်တဲ့ ဥပဒေမျိုး
လည်း ရှိဖို့လိုကြောင်းနဲ့ အဲဒီလို မရှိရင် နောင်အနာဂတ် မှာအကြီးအကျယ် အန္တရာယ် 
ရှိလာ နိုင်တယ် လို့လည်း သူကပြောပါတယ်။

ဒါပေမယ့် ပါကစ္စတန် ဝန်ကြီးချုပ် ရဲ့ ပြောခွင့်ရသူကတော့ မစ္စတာ ဘီလားရဲ့
 ပြောကြားချက်တွေနဲ့ သူတို့နဲ့ ဘာမှ ပတ်သက်မှု မရှိဘူးလို့ ဘီဘီစီ ကို
 ပြောပါတယ်။

BBC (မြန်မာပိုင်း)

ခရစ်ယာန်မိန်းကလေးအား လိမ်လည်၍ အမှုဆင်သောမွတ်စလင်ဗလီဆရာအား ဖမ်းဆီး တရားစွဲဆို



ပါကစ္စတန်နိုင်ငံတွင်လောလောလတ
လတ်ဖြစ်ပွားခဲ့သောကိစ္စတခုဖြစ်သည့် အသက် 
(၁၁)နှစ်အရွယ် ခရစ်ယာန်ဘာသာဝင်မိန်း

ကလေးငယ်တဦးမှ ကိုရန်ကျမ်းစာရွက်များအားမီးမွှေး
ရာတွင်သုံးသည်ဆိုကာ တရားစွဲဆိုထားသောအမှုနှင့်ပတ်သက်၍ အဆိုပါခရစ်ယာန်မိန်း
ကလေးအား လိမ်လည်လုပ်ကြံပြီးအမှုဆင်ခဲ့သည်ဟုသတင်းထွက်လာသော မွတ်စလင်
ဗလီဆရာအား ဘာသာရေးအကြည်ညိုပျက်စေမှုနှင့် တရားစွဲဆိုရန်အမှုခိုင်လုံခြင်းရှိမရှိအား
ပါကစ္စတန်ရဲမှစုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ပြီးနောက် ပါကစ္စတန်ရဲမှ ဗလီဆရာဟာဖစ်ခါလစ်ခစ္စတီး
အား ဘာသာရေးအကြည်ညိုပျက်စေမှု (Blasphemy Law) နှင့် တရားစွဲဆိုရန်မှတ်
ပုံတင်ခဲ့သည်ဟု ပါကစ္စတန်ရဲအရာရှိတဦးဖြစ်သူ မူနီယာဂျက်ဖရီမှဆိုသည်။
ကိုရန်ကျမ်းစာအုပ်အားမီးရှို့သည်ဟုအစွပ်စွဲခံရသည့်ခရစ်ယာန်မိန်းကလေး၏အိတ်ထဲသို့
မွတ်စလင်ဗလီဆရာခါလစ်မှ ကိုရန်ကျမ်းစာတအုပ်အားထည့်၍ မိန်းကလေးမှမီးရှို့သည်
ဟုထင်ရစေရန် လိမ်လည်အမှုဆင်ခဲ့ခြင်းအား ဗလီဆရာခါလစ်ဦးစီးဦးဆောင်ပြုသောဗလီ၌
ဝတ်ပြုသူတဦးမှ ဖွင့်ချလာခဲ့အပြီး၌ ခါလစ်အား ယခုလဆန်းပိုင်းတွင် ပါကစ္စတန်ရဲမှဖမ်းဆီးခဲ့
သည်။ ခါလစ်မှလည်းဘူးခံငြင်းခဲ့သည်။
မတရားအမှုဆင်ခံရသောခရစ်ယာန်မိန်းကလေး
အသက် (၁၁) နှစ်သာရှိသေးသော မိန်းကလေးငယ်အား ဘာသာမတူသဖြင့်ဘ၀ပျက်စေရန်
မတရားသဖြင့်လိမ်လည်အမှုဆင်ခဲ့သူ ဗလီဆရာခါလစ်အနေနှင့် ကိုရမ်ကျမ်းစာအုပ်အား
ဖျက်ဆီးမှုသာပြစ်မှုထင်ရှားခဲ့ပါက ကိုယ်ရှူးကိုယ်ပတ်၍ထောင်တသက်ကျမည်ဖြစ်သည်။
ပါကစ္စတန်နိုင်ငံတွင် ကိုရန်ကျမ်းစာအုပ်ကိုဖျက်ဆီးလျှင် ဘာသာရေးအကြည်ညိုပျက်စေ
မှုဥပဒေအရ ထောင်တသက်ကျခံရမည်ဖြစ်သည်။
စွပ်စွဲခံရသူမိန်းကလေးအားခံဝန်နှင့်ပြန်လွှတ်ပေးရန်အတွက် ကြားနာမှုနှင့်ပတ်သက်၍
တရားရုံးမှရုံးချိန်း ရွှေ့ဆိုင်းခဲ့ပြီးနောက် မိန်းကလေး၏ရှေ့နေဖြစ်သူ တာဟီယာနာဗိဒ်ချော်ဒရီမှ
ဒုတိယအကြိမ်မြောက်ထပ်မံကြိုးပမ်းခဲ့ပြီးနောက် မိန်းကလေးပြန်လွတ်လာမည်ဟုယူဆရသည်။
Freedom News Group

ခိုးဝင်သည့် ဘင်္ဂလားဒေရှ် များအား အိန္ဒိယတွင် ထောင်ဒဏ်နှင့်ငွေဒဏ်ချမှတ်


အာင်ပန် ၊ ၊အိန္ဒိယနိုင်ငံ အရှေ့မြောက်ဖက်
ရှိပြည်နယ်တခုဖြစ်သော (မြန်မာပြည်စစ်ကို
င်းတိုင်းနှင့်ကပ်လျက်) မဏိပူရပြည်နယ် အတွင်း
သို့ ခိုးဝင်လာသောဘင်္ဂလားဒေ့ရှ်နိုင်ငံသား

(၂၂)ဦးအား အင်ဖာမြို့အရှေ့ပိုင်းတရားရုံးမှ တရားသူကြီး JudicialMagistrateက ထောင်ဒါဏ်(၂)နှစ်နှင့် ငွေဒါဏ်ရူပီးငွေတသောင်းပေးဆောင်ရန် ပြီးခဲ့
သည်ကြာသပတေးနေ့က ပြစ်ဒါဏ်ချမှတ်ခဲ့သည်။

၁၉၄၆ခုနှစ် နိုင်ငံခြားသားအက်ဥပဒေအရပြစ်ဒါဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ဒါဏ်ငွေ
မဆောင်နိုင်ပါက ထောင်ဒါဏ်(၆)လထပ်မံကျခံရမည်ဖြစ်သည်ဟု The Hindu သတင်းတွင်ဖေါ်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရာပေါင်းများစွာတို့သည် အိန္ဒိယနိုင်ငံအတွင်းသို့ ခေါင်းင်းရွက်ဗြတ်
ထိုးဈေးသည်၊ ကျပမ်းအလုပ်သမားအဖြစ်လုပ်ကိုင်ငွေရှာရန်အတွက် အိန္ဒိယနိုင်ငံအတွင်း
နည်းမျိုးစုံဖြင့် ခိုးဝင်လာနေမှုကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျောက်ကို တင်းကျပ်သော
လုံခြုံရေးအဆင့်ထားရှိစစ်ဆေးနေရသည်။

ရာပေါင်းများစွာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများသည် မြန်မာနယ်စပ်နှင့်ကပ်လျက်
ရှိသော မဏိပူရပြည်နယ်အတွင်းမှတဆင့်ခိုးဝင်ရောက်နေမှု
များပြားလာသည်။

ယခုခိုးဝင်လာသူများမှာမဏိပူရပြည်မြို့တော် အင်ဖာအရှေ့ဖက် ထောင်ပါးခရိုင်
အတွင်းမှတဆင့် ဖြတ်ကျော်ဝင်ရောက်လာစဉ် Serou မြို့ ရဲတပ်ဖွဲ့မှ
ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။

ခိုးဝင်လာသောဘင်္ဂလားဒေ့ရှ်နိုင်ငံသားများအရေးကိစ္စသည် မကြာခင်ကာလအတွင်း
ကြီးမားသောအရေးကြီးသည့် ကိစ္စဖြစ်လာဖြစ်လာတော့မည်ဖြစ်ကြောင်းကို ခရိုင်ရဲ
တပ်ဖွဲ့မှူးကပြောကြားခဲ့သည်။

Freedom News Group

ဂျပန်မှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြ


အမျိုးသားရေး ဝါဒီ အဖွဲ့ တခု ကနေ ဒီ
ဆန္ဒပြပွဲကို စည်းရုံး လုပ်ဆောင် ခဲ့တာ
 ဖြစ်ပါတယ်။အရှေ့တရုတ် ပင်လယ်က
 ကျွန်းစု အငြင်းပွားမှု ကိစ္စ အရှိန်
 မြင့်လာနေချိန်၊

ဂျပန် နိုင်ငံ တိုကျို မြို့တော်မှာ လူပေါင်း ရာနဲ့ချီပြီး တရုတ် ဆန့်ကျင်ရေး ကြွေးကြော်
ဆန္ဒပြခဲ့ကြ ပါတယ်။

ဂန်ဘရီ နီပွန် (ဂျပန်အရေး ဆောင်ရွက်ကြပါ) လို့ ခေါ်တဲ့ အမျိုးသားရေး ဝါဒီ အဖွဲ့
တခု ကနေ ဒီဆန္ဒပြပွဲကို စည်းရုံး လုပ်ဆောင် ခဲ့တာ ဖြစ်ပါတယ်။

ဒီကျွန်းစုတွေကို ဂျပန်က ပိုင်ဆိုင်တယ်ဆိုတာကို ပြတ်ပြတ် သားသား ကြေညာ ပြောဆို
လိုကြောင်း အဲဒီ အဖွဲ့က ပြောပါတယ်။

တရုတ်နိုင်ငံ တလွှား မြို့ကြီးတွေမှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းတွေ အတွင်း ဂျပန် ဆန့်ကျင်ရေး
ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ ပါတယ်။

ဂျပန်လို့ ဆန်ကာကူ တရုတ်လို့ ဂျောင်ယုလို့ ခေါ်တဲ့ ဒီကျွန်းစုတွေကို ဂျပန် ပုဂ္ဂလိကပိုင်
လက်ထဲ ကနေ အခုလ အစောပိုင်းတုန်းက ဂျပန် အစိုးရက ဝယ်ယူလိုက်တာ
 ဖြစ်ပါတယ်။

အမျိုးသားရေး စိတ်ဓာတ် အင်မတန် ပြင်းထန်တဲ့ တိုကျို အုပ်ချုပ်ရေးမှူး ကနေ
ဒီကျွန်းတွေကို ဝယ်ယူဖို့ စီစဉ်ထားရာ၊ အစိုးရက လက်ဦးအောင် အရင်
ဝယ်ယူ လိုက်တာလည်း ဖြစ်ပါတယ်။

BBC (မြန်မာပိုင်း)

Sunday, September 23, 2012

အဓိဂရုဏ်းကြောင့် ဘင်္ဂလာဒေခ်ျ့ စစ်တကောင်း ရမ်ဂါမတီတွင် အရေးပေါ် ပုဒ်မ ၁၄၄ ထုတ်


ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်းတောင်တန်းနယ် သက်လူမျိုးများ နေထိုင်ရာ ရမ်ဂါမတီခရိုင်တွင် သက်ကျောင်းသားများနှင့် ပြောင်းရွှေ့ အခြေချ နေထိုင်သူ ဘင်္ဂလီ လူမျိုးများ
အကြား အပြန်အလှန် တိုက်ခိုက်မူများ ပေါ်ပေါက်ပြီးနောက် ယခုအခါ  ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီဟု The Dailystar သတင်းအရ သိရသည်။
ပုဒ်မ ၁၄၄ ကို ဒေသဆိုင်ရာ အာဏာပိုင်များက ယမန်နေ့ နံနက် ၁၁ နာရီမှ ထုတ်ပြန် လိုက်ခြင်း ဖြစ်ပြီး  အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းရန် အတွက် ဖြစ်သည်ဟု အာဏာ ပိုင်များက ပြောသည်။
ဘင်္ဂလာဒေခ်ျ့ထုတ် သတင်းစာများအရ သိရသည်မှာ သက်အမျိုးသား ကျောင်းသား  (၂) ဦးနှင့် ဘင်္ဂလီကျောင်းသားများ ရမ်ဂါမတီ အစိုးရ ကောလိပ်တွင် ခိုက်ရန် ဖြစ်ပွားသည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် အပြန်အလှန် တိုက်ခိုက်မူများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ပြင်ပတွင်နေထိုင်သူ တချို့က အုတ်ခဲများ၊ တုတ်များ၊ ဓါးများဖြင့် ကောလိပ်ကျောင်း ရှိ ဒေသခံလူမျိုး စု ကျောင်းသားများကို ၀င်ရောက် တိုက်ခိုက်ရာမှ အဓိဂရုဏ်း စတင် ဖြစ်ပွားသည်ဟု သတင်းစာ က ရေးသည်။
တိုက်ခိုက်မူအတွင်း လူပေါင်း ၂၀ ဒဏ်ရာ ရရှိခဲ့ပြီး တချို့ကို ဆေးရုံတင်ပို့ခဲ့ရသည်ဟု ဆိုသည်။
ဘင်္ဂလာဒေခ်ျ့ စစ်တပ်မှ အခြေအနေကို ၀င်ရောက် ထိန်းသိန်းခဲ့ရပြီး ဈေုးဆိုင်များ၊ ကားများ ဖျက်ဆီးခံခဲ့ရသည်။
အခုအခါ အခြေအနေမှာ တည်ငြိမ်နေပြီး စစ်တပ်၊ ရဲနှင့် နယ်စပ် လုံခြုံရေး တပ်ဖွဲ့ဝင် အများအပြားကို တပ်ဖြန့်ချထားလိုက်ကြောင်း သိရသည်။
ရမ်ဂါမတီကို  ရခိုင်အမျိုးသားများက (သက်ထောင်) အဖြစ် သိရှိကြပြီး အဆိုပါ ဒေသတွင် ဌာနေတိုင်းရင်းသား သက်လူမျိုးများနှင့် မြေပြန့်မှ အခြေချနေထိုင်ရန်လာသူ ဘင်္ဂလီလူမျိုးများ အကြား ယခုကဲ့သို့ အဓိဂရုဏ်းများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်းတောင်တန်းနယ်တွင်  ရမ်ဂါမတီ (သက်ထောင်)၊ ခါကာဆိုရီ ( ဖလံထောင်)နှင့် ဘင်ဒရိုင်ဘင် ( ဗိုလ်မင်းထောင်) ဟု ခရိုင် (၃) ခုရှိပြီး အများစု လူမျိုးများမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။
( ယနေ့ တွင် ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် အစ္စလာမ်မစ် အဖွဲ့ ၁၂ ခုက တနိုင်ငံလုံး သပိတ် ခေါ်ထားမူကြောင့် ကား၊ ရထား၊ သဘောင်္များ အသွားအလာများ လုံးဝ ရပ်ဆိုင်းကာ ကျောင်းများ၊ အစိုးရရုံးများ၊ ဈေးဆိုင်များကိုလည်း ပိတ်ထားရသည်။ ယခုကဲ့သို့ တရက်တာ သပိတ် ခေါ်ယူရခြင်းမှာ ယမန်နေ့က  မွတ်ဆလင် ဆန့်ကျင်ရေး “ Innocence of Muslim”  ဗွီဒီယိုကို ဆန့်ကျင် ဆန္ဒပြသူများကို ဒက္ကားမြို့တော်တွင် ရဲတပ်ဖွဲ့က အင်အားသုံး ဖြိုခွဲမူကြောင့် ဖြစ်သည်ဟု သိရသည်။)
နိရဉ္စရာ

""၁၂နှစ်အရွယ် မိန်းကလေးတစ်ဦးအား မုဒိမ်းကျင့်ကာ လည်လှီးသတ်ဖြတ် "

ဇော်ဇော်(ရွှေမြန်မာမီဒီယာဂရု)
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဂျာမာပူမြို့နယ် စာရီရှာ
ဘာရီ ဒေသ၌ အလုပ်ခွင်အတွင်းတွင်
 ၁၂နှစ်အရွယ် မိန်းကလေးတ ဦးအား
 မုဒိမ်းပြုကျင့်ကာ လည်လှီးသတ်ဖြတ်

ထားသော အလောင်ကို စက်တင်ဘာ ၂၀ရက်(ကြာသပတေး)နေ့ ကတွေ့ရှိ
သည်ဟု သတင်းရရှိသည်။

သတ်ဖြတ်ခံရသော ဆာရူဖာသည် ဆိုဘရာအာလီ၏ နောက်ဆုံး သမီးငယ်ဖြစ်ပြီး
ဂျာမာပူမြို့နယ် ကာဝါမာရာ ရွာမှ ဖြစ်သည်ဟု ဆိုသည်။

သူမအား သတ်ဖြတ်ခံမှုနှင့် ဆက်စပ်၍ အလုပ်ရှင်လည်းဖြစ် Pingna Sujat Ali Degree
College ၏ကတိက ဖြစ်သည့် Md Benjamin Hossain နှင့် သူ့မိခင်ကိုပါ အဆို
ပါညဥ့်တွင် ရဲတပ်ဖွဲ့မှ ဆမ်းဆီးခဲ့သည်ဟု ဆိုသည်။

ယခုအခါ Benjamin သားမိနှစ်ယောက်နှင့် Benjamin၏ညီဖြစ်သူ Harun-ur-Rashid
အား မုဒိမ်းပြုကျင့် သတ် ဖြတ်ခံရသည့် မိခင် Hena Begum က ရဲဌာန၌ အမူဖွင့်
တရားစွဲထားသည်ဟု ဆိုသည်။

ကြာပတေးနေ့က Benjamin နဲ့သူ့မိသားစုတွေ အပြင်ကိုသွားတဲ့အချိန်မှာ Sarufa
 တယောက်ထဲ အဲဒီအိမ်မှာရှိ နေခဲ့တယ်။ Saharaအိမ်သည် အိမ်နီးနားချင်း
အိမ်ဖြစ်ပါတယ်။

 ညနေ ၆နာရီခွဲမှာ အဲဒီအိမ်ကအပြင် ရေကန်နား မှာ လူတဦးက မုဒိမ်းပြုကျင့်ပြီး လည်လှီးသတ်ဖြတ်ထားတဲ့ အဲဒီမိန်းကလေးကို တွေ့ရှိတာဖြစ်တယ်လို့ ဒေသခံ
 တွေပြောပြချက် အရသိရကြောင်း သတင်းကဖေါ်ပြသည်။

ပြုကျင့်သတ်ဖြတ် ခံရသည့် မိန်းကလေး၏ မိခင် Hanaက Benjamin ၏ညီ Harun
 ကမုဒိမ်းပြုကျင့် သတ်ဖြတ် ရာတွင် သူနှင့်အတူ မိသားစုပါ ပါဝင်နိုင်သည့်အတွက်
 အဆိုပါမှုကို ၄င်းတို့ဘက်မှ ဖုံးဖိထားသည်ဟု စွပ်စွဲထား သည်။

“အဖြစ်မှန်ကို ဖေါ်ထုတ်နိုင်ဖို့အတွက် ကြိုးစားနေပါတယ်” ရဲဌာနမှ အရာရှိ Kamrul
 Ahsan ကပြောသည်။

အဆိုပါ အလောင်းကို ရဲအဖွဲ့မှ လက်ခံရရှိပြီးနောက် ဂျာမာပူ ဆေးရုံသို့
ပို့ဆောင်းလိုက်သော်လည်း ဆေးရုံ၌ သေဆုံးသွားသည်ဟု
သိရသည်။

ဇော်ဇော်(ရွှေမြန်မာမီဒီယာဂရု)
မူရင်းလင့်

ဒေါ်အောင်ဆန်စုကြည်ကိုအမေရိကန် ကွန်ဂရက်က အမြင့်ဆုံးရွှေတံဆိပ်ဆုချလိုက်ခြင်းကို ၀က်တစ်ကောင်ကို ပုလဲလည် ဆွဲဆင်ပေးလိုက်သလို ပာုပြောဆို


ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်
ကွန်ဂရက်က အမြင့်ဆုံးရွှေတံဆိပ်ဆုချတာဟာ
ဝက်တစ်ကောင်ကို ပုလဲလည်ဆွဲဆင်ပေးလိုက်
သလို ပြက်လုံးတစ်ခု ဖြစ်နေတယ်ဆိုပြီး

ဘင်္ဂါလီတွေကမြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို
စော်ကားလိုက်ပါတယ်။

သူမဟာ ဒီမိုကရေစီအတွက်ရော လူ့အခွင့်အရေးအတွက်ပါ အလေးအနက်ထားတဲ့လူတစ်ယောက်မဟုတ်တဲ့အပြင် သူ့ကို အိမ်အကျယ်
ချုပ်ချတဲ့ စစ်အာဏာရှင်တွေနဲ့ အရမ်းတူတဲ့အယူသန်သူ လူမျိုးရေးခွဲခြားတဲ့ အစွန်းရောက်ဗမာဗုဒ္ဓဘာသာတစ်ယောက်သာဖြစ်ပါတယ် ဆိုပြီးလည်း
 ရေးထားတယ်။


And yet, Suu Kyi is fine with such a marginalization of the Rohingya. What a shameful attitude for someone to be honored with a Nobel Prize for Peace, and now this Congressional Medal of Honor! These awards are becoming jokes like putting a pearl necklace on a swine!


she is not a serious partner for either human rights or democracy. She remains a fanatic and racist Burman Buddhist, very similar to the very regime that she complained about while in house arrest.
----------------------------------------------------------------------------
ဒါဟာ ရခိုင်အရေးအခင်းစဖြစ်တုန်းက မုတ်ဆိပ်တွေက အမေစုခြေသလုံးပြေးဖက်ပြီး ငိုပြလို့
အမေစုက "သားတို့စိတ်မပူနဲ့၊ စိတ်အေးအေးထား၊ လူများစုက လူနည်းစုကို အနိုင်မ
ကျင့်စေရဘူးဆိုပြီး ကာကွယ်ပြောဆိုပေးခဲ့တဲ့ အမေစုကိုဘင်္ဂါလီတွေက ဘင်္ဂါလီနည်းနဲ့ ကျေးဇူးဆပ်လိုက်တာပါဟုဆိုချင်ပါသည်။



မူရင်းလင့်

Saturday, September 22, 2012

ဖမ်းဆီးခံထားရသော ရုရှားပန့်တေးဂီတ Pussy Riot ဝင်များကို လွှတ်ပေးရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

ရုရှားနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထား
ရသော Pussy Riot အမည်ရ ပန့်ရော့ခ်
တေးဂီတအဖွဲ့ဝင်များကိုလွတ်မြောက်
ခွင့်ပေးရန် ဒေါ်အောင်ဆန်းစုကြည်က
 မော်စကိုအစိုးရအား တိုက်တွန်းပြောဆို

လိုက်ကြောင်း NBC သတင်းဌာနကတင်ဆက်ဖော်ပြသွားသည်။

စက်တင်ဘာလ ၂၀ ရက်၊ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီရှိ မြို့ရှိ မြို့
တော်ခန်းမ တွင် Msnbc သတင်းဌာနကတင်ဆက်ပြီး Amnesty International 
 
 
ကကြီးမှူးကျင်းပကာ နာမည်ကျော်အမေရိကန်သတင်းစာဆရာမ Alex Wagner ကဦးဆောင်သည့် ဆွေးနွေးပြောဆိုပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က အထက်ပါ
အတိုင်း Pussy Riot အဖွဲ့ဝင်များကိုလွှတ်ပေးရန် တိုက်တွန်းပြော
ဆိုခြင်းဖြစ်သည်။

"လူသားတွေအနေနဲ့ သူတို့ဆိုချင်တဲ့သီချင်းကိုဘာအတွက်ကြောင့် မဆိုသင့်
ဘူးဆိုတာမျိုးတွေ မရှိဘူးလို့ကျွန်မထင်တယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ စကားပြောဆွေးနွေးခန်းတွင် ပြောကြားသည်။ 
 
ပန့်ရော့ခ်တေးဂီတအဖွဲ့ဖြစ်သည့် Pussy Riot မှအဖွဲ့ဝင်များသည် ရုရှားသမ္မတ 
 ဗလာဒီမာပူတင်(ယခင် ဝန်ကြီးချုပ်နှင့်သမ္မတ)အား လှောင်ပြောင်စော်ကားသည့် 
သီချင်းသီဆိုကာ သရုပ်ဖော်ပြခဲ့ခြင်းကြောင့် ကုန်ခဲ့သည့် သြဂုတ်လတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ထောင်ဒဏ် ၂ နှစ်ပြစ်ဒဏ်ကျခံနေရသည်။

ယခု မြို့တော်ခန်းမ၌ပြုလုပ်သော စကားပြောဆွေးနွေးခန်းတွင် ဖမ်းဆီးခံ
ထားရသော ယင်းတေးဂီတအဖွဲ့ဝင်သုံးဦးအနက်တစ်ဦးဖြစ်သော Nadia 
Tolokonnikova ၏ မိသားစုဝင်များက ဒေါ်အောင်ဆန်းစုကြည်ကို ပန်းစည်း
လက်ဆောင်ပေးအပ်ခဲ့သည်။ 
 
အဆိုပါတေးဂီတအဖွဲ့ကို ၂၀၁၁ ခုနှစ် သြဂုတ်လတွင် မော်စကို၌ စတင်ထူထောင်ခဲ့ပြီး
 ယင်းအဖွဲ့သည် ရုရှားနိုင်ငံရေးလောကနှင့်ပတ်သက်၍ လှောင်ပြောင်သရော်သော သီဆိုတင်ဆက်မှုများအား တမူထူးခြားသောပုံစံဖြင့်ပြုလုပ်ခဲ့သည်။
 
The Voice Weekly 

Thursday, September 20, 2012

ရဲမေနှစ်ဦးကို ဖြားယောင်းခေါ်ယူ သတ်ဖြတ်ခဲ့သည့် မျက်စိတစ်ဖက်လပ် လူသတ်သမား


ဗြိတိန်နိုင်ငံ၊ ဂရိတ်တား မန်ချက်စတာ 
ရဲတပ်ဖွဲ့မှ ရဲမေနှစ်ဦးကို 
အကောက်ကြံ ဖြားယောင်းခေါ်ယူပြီး
 သတ်ဖြတ်ခဲ့သည့် မျက်စိတစ်ဖက်
(သတ်ဖြတ်ခံရသည့် ရဲမေနှစ်ဦး)
လပ် လူသတ်သမားကို ရဲတပ်ဖွဲ့က တရားစွဲဆိုရန် စီစဉ်နေပြီ 
 ဖြစ်သည်။ 
အသက်(၃၂)နှစ်ရှိ ဖီယိုနာဘုန်းနှင့် အသက်(၂၃)နှစ်အရွယ် နီကိုလာဟုဂ်ျတို့မှာ
 ဖောက်ထွင်းမှု တစ်ခုအတွက် သတင်းပို့ တိုင်ကြားသဖြင့် သွားရောက်စဉ်
 အသတ်ခံခဲ့ရခြင်း ဖြစ်သည်။
 ယခင်ကတည်းက သားအဖနှစ်ဦးကို သတ်ဖြတ်မှုအတွက် 
သံသယတရားခံ စာရင်းတွင် သတ်မှတ်ခံထားရသည့် အသက်(၂၉)နှစ်ရှိ 
 ဒေးလ်ကရီဂန်သည်ရဲမေနှစ်ဦးကိုအကြောင်းမဲ့သတ်ဖြတ်ပြီးနောက်
 နီးစပ်ရာ ရဲစခန်းတစ်ခုသို့ အေးအေးလူလူ သွားရောက် 
အဖမ်းခံခဲ့သည်။


ဗြိတိန်သမိုင်းတစ်လျှောက် တာဝန်ထမ်းဆောင်နေရင်း ရဲမေနှစ်ဦး ပထမဆုံး
အကြိမ် တစ်ပြိုင်တည်း အသတ်ခံရမှု သတင်းသည် တစ်ကမ္ဘာလုံးကို
 ခြောက်ခြားသွားစေလောက်အောင် ရိုက်ခတ်မှု ပြင်းထန်ခဲ့သည်။

ယခုရဲမေ နှစ်ဦးသည် သတင်းပို့ တိုင်ကြားမှု ရောက်ရှိလာသည့်နောက်
 ရဲစခန်းမှ လက်နက်မပါဘဲ အခင်းဖြစ်ရာသို့ သွားရောက်
ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း သူမတို့ နှစ်ဦးသည် လူသတ်သမားထံမှ ပစ်လွှတ်လိုက်သော
ကျည်ဆန်များကြောင့် ပုံလျှက်သား လဲကျသွားချိန်တွင် လက်ပစ်ဗုံးတစ်လုံး
 ပစ်သွင်းခံရသည့် နောက်ဆုံး အတွေ့အကြုံကိုသာ ပိုင်ဆိုင်သွားရှာသည်။


ဘုန်းသည် ပွဲချင်းပြီး သေဆုံးသွားပြီး ဟုဂ်ျမှာမူ အလွန်နာကျင်ဆိုးရွားသော
 ဝေဒနာကို အချိန်အတော်ကြာ အံတု ရင်ဆိုင်ခဲ့ရ ရှာသေးသည်။ ဘုန်းသည်

လက်ထပ်ခါနီး စေ့စပ်ထားသူ တစ်ဦးလည်းဖြစ်ကြောင်း သိရသည်။



(လူသတ်သမား လိုက်ပါသွားသည့် BMW ကားကို ဗုံးရှာဖွေရှင်းလင်းရေး 
တပ်ဖွဲဝင်တစ်ဦးက စစ်ဆေးစဉ်)

မျက်စိတစ်ဖက်လပ် လူသတ်သမား ကရီဂန်သည် မေလအတွင်းက ရှော့မိသားစုမှ
သားအဖ နှစ်ယောက်ကို သတ်ဖြတ်မှုအတွက် ရဲများ၏ အလိုရှိသော တရား
ခံစာရင်းတွင် ပါဝင်နေသူ ဖြစ်သည်။

 "ဂရိတ်တား မန်ချက်စတာ ရဲတပ်ဖွဲ့ရဲ့ သမိုင်းမှာတော့ အမှောင်ဆုံးနေ့ပါပဲ။
ကျွန်တော်တို့အတွက် ရဲအရာရှိ နှစ်ယောက်ကို ဆုံးရှုံးခဲ့ရုံသက်သက် မဟုတ်ပါဘူး။
အချစ်ဆုံး၊ တန်ဖိုးအထားရဆုံး လုပ်ဖော်ကိုင်ဖက် နှစ်ယောက်ကိုပါ ဆုံးရှုံးလိုက်
ရတာပါ"ဟု ဂရိတ်တား မန်ချက်စတာ ရဲတပ်ဖွဲ့ အကြီးအကဲ ဆာပီတာဖားဟ်က
 ပြောကြားခဲ့သည်။

 ၎င်းက "လူသတ်သမားဟာ တမင်တကာ ရည်ရွယ်ထားတဲ့ သွေးအေးအေး
 လုပ်ကြံမှုကို ကျူးလွန်ခဲ့တာ သိသာပါတယ်"ဟုလည်း သတင်းထောက်
များထံ ပြောဆိုသွားသည်။



(ရုပ်အလောင်းများအား ရဲတပ်ဖွဲ့ သယ်ဆောင်သွားစဉ်)

ကရီဂန်သည် ဒုစရိုက်လောကမှ ပြိုင်ဘက်များဖြစ်သည့် ဒေးဗစ်ရှော့နှင့် မာ့ခ်ရှော့တို့
သားအဖကို သတ်ဖြတ်ခဲ့သူဟုလည်း ရဲများက ယူဆထားသည်။ ၎င်းသည် မေလက
သားဖြစ်သူ မာ့ခ်ကို သတ်ခဲ့ကာ ပြီးခဲ့သည့် လကမူ ဖခင်ဖြစ်သော ဒေးဗစ်ကိုပါ
လက်စဖျောက်ခဲ့ကြောင်း သိရသည်။

ကရီဂန်သည် ရဲမေနှစ်ဦး ရောက်လာချိန်တွင် ဘုန်းကို ခေါင်းတည့်တည့် ပစ်ခတ်
လိုက်ပြီးနောက် သူမ၏ လုပ်ဖောက်ကိုင်ဖက်ကိုလည်း ဆက်တိုက် ပစ်ခတ်ခဲ့ကြောင်း
ယုံကြည်ရသည်။

ထို့နောက် ၎င်းသည် ရဲမေနှစ်ဦးထံ ဗုံးတစ်လုံး ပစ်သွင်းပြီးနောက် အိမ်ရှေ့သို့ ကျောပိုး
အိတ် တစ်လုံးဖြင့် ထွက်ကာ အေးအေးဆေးဆေးပင် လမ်းလျှောက်သွားသည်။

ရဲတပ်ဖွဲ့၏ စုံစမ်းမှုအရ ကရီဂန်သည် အမျိုးသမီး ဒရိုင်ဗာတစ်ဦး မောင်းနှင်သည်ဟု
ယူဆရသော BMWကားပေါ်တက်ကာ ထိုနေရာမှ ထွက်ခွာသွားကြောင်း
ယုံကြည်ရသည်။



(ရဲမေနှစ်ဦးအား လူသတ်သမားက ဖြားယောင်းခေါ်ယူ သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ပြမြေပုံ)

ရဲများသည် အခင်းဖြစ်ရာသို့ အပြေးအလွှား ရောက်ရှိခဲ့ပြီးနောက် အရေးပေါ်
အသက်ကယ် ဝန်ထမ်းများက ဆိုးရွားစွာ ဒဏ်ရာရထားသည့် ဟုဂ်ျကို
 သေမင်းလက်မှ လုယူရန် ကြိုးစားခဲ့ကြသေးသည်။

သူမကို အခင်းဖြစ်ရာ နေရာတွင်ပင် နှလုံးခုန်အောင် ကြိုးစားပြီး တိမ်ဆိုက်
 ဆေးရုံသို့ တင်ပို့ခဲ့သော်လည်း ရရှိထားသည့် ဒဏ်ရာများ ပြင်းထန်လွန်း
သဖြင့် ဆေးရုံအရောက်တွင် ကွယ်လွန်ခဲ့ရှာကြောင်း သိရှိရသည်။

 Planat.com.mm

"တော်ဝင်မင်းသမီး ဓာတ်ပုံကို ဖော်ပြခဲ့တဲ့ Closer မဂ္ဂဇင်း ဒဏ်ရိုက်ခံရပြီ"


ဗြိတိန် တော်ဝင်မင်းသမီး ကိတ်မစ်ဒယ်
လ်တန်(ကိတ်)ရဲ့ ဓာတ်ပုံကိစ္စနဲ့ ပတ်
သက်ပြီး ဒီဓာတ်ပုံတွေကို ဖော်ပြ
 ခဲ့တဲ့ ပြင်သစ် မဂ္ဂဇင်းဖြစ်တဲ့



 Closser မဂ္ဂဇင်းကို တရားစွဲဆိုထားရာမှာ
 ပြင်သစ် တရားရုံး တခုက မနေ့က စီရင်ချက် ချမှတ်လိုက်ပါတယ်။


တရားရုံးက ဒီလို အမိန့်ချလိုက်တဲ့အချိန်မှာ သူတို့ဟာ တောင်ပစ္စိဖိတ်မှာရှိတဲ့ ဝေးလံတဲ့နေရာ တခုကို ရောက်နေကြ တာပါ။ အဲဒီဒေသထုံးစံလို ၀တ်ဆင်နေကြပြီး ပန်းသရဖူတွေဆောင်းနေပြီး ကခုန်နေချိန်မှာပဲ အခုလို တရားရုံး အမိန့် ချမှတ်မှုနဲ့ တိုက်ဆိုင်နေတာလည်းဖြစ်ပါတယ်။



ကိတ်ရဲ့ အပေါ်ယံ အ၀တ်မပါတဲ့ ဓာတ်ပုံတွေကို ဖော်ပြခဲ့တဲ့ Closser မဂ္ဂဇင်းအနေနဲ့ ယူရိုငွေ ၂၀၀၀ ပေးဆောင်ဖို့ ဒဏ်ငွေ ရိုက်ခဲ့ပါတယ်။ ဒီနောက် ဖော်ပြခဲ့တဲ့ ဓာတ်ပုံတွေကိုလည်း ၂၄ နာရီအတွင်း တော်ဝင် မိသားစုကို လွှဲပြောင်း ပေးရမယ် ဆိုတာပါဘဲ။

ဓာတ်ပုံ- The Sun
အကယ်လို ကိတ်ရဲ့ ဓာတ်ပုံတွေကို လွှဲပြောင်းပေးတဲ့ နေရာမှာ 
လွှဲပြောင်းပေးအပ်ရန် ကြံကြာခဲ့ပါက တစ်ရက်နောက် ကျတိုင်း 
ယူရိုငွေ ၈ ထောင်ကိုလည်း ထပ်မံ တိုးပြီးပေး ဆောင်ရမှာလည်း ဖြစ်ပါတယ်။

(ဧရာဝတီ)

မိုဟာမက်ကို လှောင်ထားတဲ့ ကာတွန်း (Charlie Hebdo) ဂျာနယ်က ယနေ့ တင်ပြမယ်လို့ ကြေညာ

ပြင်သစ်နိုင်ငံက (Charlie Hebdo) ဂျာနယ်က
ယနေ့(19/9/2012)မှာ မိုဟာမက်ကို
 လှောင်ထားတဲ့ ကာတွန်း တင်ပြမယ်လို့
 ကြေညာထားပါတယ်။

ပုံကတော့ 2011 တုန်းက တင်ပြဖူးတဲ့ ကာတွန်းပုံဖြစ်ပါတယ်။ ရုပ်ရှင်ကြောင့် 
မွတ်ဆလင်နိုင်ငံ၂၀ က ဆန္ဒပြတုန်းဖြစ်ပါတယ်။

ပြင်သစ်ဝန်ကြီးတွေက ချာလီ ဟက်ဘ်ဒိုကို ဝေဖန်ပြစ်တင်ခဲပေမယ့် တားမရခဲ့ဘူး။ 
အခုဆို ဂျာနယ်ရုံးရှိတဲ့ နေရာတစ်ဝိုက်မှာ ရဲတွေ လုံခြုံရေး
 စောင့်ရှာက်နေရတယ်။


ချာလီ ဟက်ဘ်ဒိုကတော့ လွတ်လပ်စွာရေးသား ဖော်ပြခွင့်ကို အကြောင်းပြခဲ့တယ်။ စီစဉ်ထုတ်ဝေသူတစ်ဦးကတော့ ဒီကာတွန်းကို မဖြန့်လျှင် ဦးရေဘယ်လောက်မျှ မရှိတဲ့ 
အစွန်းရောက် အကြမ်းဖက်သမားကို အရှုံးပေးတာနဲ့ တူနေမယ်လို့ နယ်မြေတွင်း ရေဒီယိုဌာနတစ်ခုကို ပြောပြသွားပါတယ်။
 
 ခွန်ခမ်းဒွမ် သာမည

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )