အငြင်းပွားမှုများ
ဖြစ်ပေါ်နေရာ ရေပြင်သို့ ထိုင်ဝမ်လှေများ အုံနှင့်ကျင်းနှင့် ဝင်ရောက်
လာပြီးနောက် ဂျပန်ကမ်းခြေစောင့် တပ်ဖွဲ့နှင့် အပြန်အလှန် ရေအမြောက်များဖြင့်
ပစ်ခဲ့ကြောင်း သိရသည်။
ထိုင်ဝမ်ငါးဖမ်းလှေ (၄၀)ဝန်းကျင်သည် ကမ်းခြေစောင့်လှေများ ခြံရံကာ ဆန်ကာကူ
ကျွန်းစုအနီးသို့ အင်္ဂါနေ့ နံနက်ပိုင်းက ဝင်ရောက်လာခဲ့သည်။
ဂျပန်တို့က မိမိတို့ ထိန်းချုပ်ထားသော ရေပိုင်နက်သို့ ဝင်ရောက်လာသည်ဟု
အကြောင်းပြကာ ကမ်းခြေစောင့်လှေမှ ရေပက်သည့် အမြောက်များဖြင့်
ငါးဖမ်းလှေများထံလှမ်း၍ပက်ဖြန်းပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ထိုင်ဝမ် ကမ်းခြေစောင့် တပ်များကလည်း ဖိအားမြင့်သည့်
ရေပန်းများဖြင့်
ဂျပန်တို့အား တုံ့ပြန် ပစ်ခတ်ခဲ့သည်။
ယခုကျွန်းပိုင်ဆိုင်မှု အငြင်းပွားခြင်းသည် ဂျပန်အတွက် ဒုတိယကမ္ဘာစစ်
နောက်ပိုင်း အခက်ခဲဆုံး နိုင်ငံတကာ ပြဿနာတစ်ခုဖြစ်လာပြီး ထိုင်ဝမ်အပြင် တရုတ်နှင့်ပါ
ရင်ဆိုင်နေရသည်။
Planet Myanmar Network



5:29 PM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com