22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, February 16, 2012

ဆရာဂွန်အောင်၏ သက်သေခံချက်

လောကီ၊နဲ့လောကုတ္တရာ - ကွယ်လွန်သူလောကဆရာနှင့်အသက်ရှင်ဆဲဓမ္မဆရာ - အံ့သြဘွယ်သက်သေခံချက် thanks GOD. သက်သေခံ၊တရားဟောချက် ဆရာဂွန်အောင် ငယ်စဉ် ၁၉၆၇ ခုနှစ်ကလက်နက်ကိုင်တဖွဲ့ မိမိတို့မောင်နှမမျက်စိရှေ့မှာ မိခင်ကိုမုဒိန်းကျင့်၊ ဘခင်ကိုဘက်နက်နှင့်ထိုးသတ်သွားပြီး၊ဓါတ်ဆီလောင်းမီးရှို့ သွားသည်ကို မြင်ခဲ့ရသော မိဘမဲ့၊ ငယ်စဉ်ကလေး ၇နှစ်သားဘ၀၊ ခြုံပုတ်တွင်ပစ်ထားခံရသော မောင်နှမ၂ယောက်တောထဲဖြစ်ရပ်ဆိုးကြီးမှ အပြန်တွင်ရွာသားများကစောင့်ရှောက်ထားခံရသည့် နာကျည်း၊ခံစားမှုများဖြင့် ကြီးပြင်းလာခဲ့သည်။ ပဲခူးမြို့မှ ၁၀တန်းအောင်ခဲ့ပြီးနောက် ရန်ကုန်စက်မှုတက္ကသိုလ် RIT မှဘွဲ့ရသည့်အင်ဂျင်နီယာတဦးဖြစ်သည်။ မိဘကိုသတ်သောသူအားလိုက်ရှာလက်စားချေရမလား..၁၉၈၈အရေးအခင်းအပြီး တောထဲမရောက်ဖြစ်ပဲ၊ ပဲခူးမှဆရာတော်အားဖြင့် သံယာတော်ဘ၀သို့ရောက်ခဲ့သည်။ ထိုစဉ်က နိုင်ငံအကြီးအကဲ ..ဗိုလ်ချုပ်မှုးကြိးစောမောင်ရဲ့ချီးမြှင့်မှုနဲ့ ဖြင့် ဗုဒ္ဓကျမ်းဂန်များလေ့လာရင်း၊ ဘုန်းကြီးအဖြစ် အိန္နိယမှ MA, သီရိလင်္ကာမှ Ph.D ရရှိခဲ့သည်။ ထို့နောက် နိုင်ငံတော်အမြင့်ဆုံးဘွဲ့ကို ဘနဓ္ဒသမနာလင်္ကရ၊ ပါဠိပါရဂူရ၊ ဂိုရိတ္တ၊မဟာပဏ္ဍိတထေ (စာလုံးပေါင်းမမှန်၍ခွင့်လွှတ်ပါရန်) အားလုံး ဘွဲ့၉ခုရခဲ့သည်။ အသက်အငယ်ဆုံးသံယာအဖြစ်ချီးမြှင့်ခံရသည်။ နိုင်ငံအကြီးအကဲနှင့်အတူ နိုင်ငံများစွာခရီးထွက်ခွာခဲ့သည်။... နောက်ဆုံးတွင် နှလုံးကင်ဆာဖြင့် သွေးစိမ်းအန်ရသေည့်ရောဂါဖြင့် ငယ်ရွယ်စဉ်မှာပင် ကျန်းမာရေးပျက်စီးခဲသည်။ သွေးအန်ရောဂါရရှိသွားသည်။ ဘုန်းကြီးကျောင်းတွင် ရေဒီယိုနားထောင်ခြင်းသည် ၀ိနည်းအရမလုပ်သင့်သောကြောင့် ကိုယ်ရင်တပါးနားထောင်သောရေဒိယိုကို သိမ်းဆည်းပြီး ဆုံးမခဲ့သည်။ ထိုရေဒီယိုကိုမပိတ်မိပဲ ကိုယ်ရင်လေးထွက်သွားချိန် လာနေသောသီချင်းမှာ ပိုးဒါလီသိန်းတန်၏ ကိုယ်ဝန်ဖျက်ချသောအမျိုးသမိးများအတွက် သီချင်းဖြစ်သည်။ သီချင်းပြီးသောအခါ သင်္ခါရမှထာဝရသို့ ဆိုသည့် ၁၅မိနစ်ဟောသွားသောတရားကို အံ့သြမိသည်။ ဗုဒ္ဓတွင် ဘုံ၃၁ခုလွန်ပြီးမှရောက်သော နိဗာန်ရောက်ခြင်းသည် ကောင်းကင်ဘုံနှင့် တူသလားလို့ စဉ်းစားနားထောင်ခဲ့သည်။ ၁၉၉၃တွင် ပြင်ပလောက၊ညရှုခင်းကိုကြည့်စဉ် ကြယ်တလုံးကြွေကျလာသည်။ အောက်ထိမရောက်ခင် ..ပျောက်သွားသည်။ အံ့သြဘွယ် ခဏတဖြုတ်လောကကြီးကို အမြင်သစ်ဖြင့် မြင်လာရသည်။ မနုသကျော်ဝင်းက မိမိကို အထူးလာရောက်ပြုစုသည်။ ဆေးလည်းကုန်ပြီ၊ ရောဂါလည်းကျွမ်းပြီ၊ ဆေးသောက်ပြီးသေရင်လဲသေတော့ ဟု တရားနှင့်ဖြေခဲ့သည်။ တညတွင် မီးအလင်းတန်းတခုညအချိန်ပေါ်လာပြီး၊ ၀န်လေး၍ပင်ပန်းသူများငါ့ထံသို့လာကြလော့၊ ငါသည်ချမ်းသာပေးမည်။ လူမျိုးတကာတို့ ကိုယေရှုအကြောင်းသင့်ကိုပြောစေမည် ..အသံကိုကြားသောကြောင့် အံ့သြမိသည်။ သေလုဆဲလူမမာတယောက်အတွက် မဖြစ်နိုင်သော စကားပင်။ အလင်းရောင်တအားထွက်နေလို့ တံခါးလာခေါက်တဲ့ ဒါယိကာများကို တခါးဖွင့်ပေးခဲ့ရသည်။ ပါဠိ နှင့်ရေးထားသည့်ကျမ်းတခုမှာ ပယ်ထားသည့်ကျမ်းဖြစ်သည်။ အခြားပါဠိစာအုပ်များအလွတ်ရနေသောကြောင့်၎င်း၊ ထိုကျမ်းစာအုပ်ကို လည်းမဖတ်ဖူးသေးသဖြင့် ဖတ်ရန်ဆုံးဖြက်ခဲ့သည်။ စာမျက်နှာသိပ်မများသောကြောင့် မိနစ်၅၀အတွင်း ဖတ်ပြီးသွားသည်။ ထိုစာအုပ်တွင် ..ဗုဒ္ဓနာမကျန်းဖြစ်နေစဉ် ဗုဒ္ဓကို..အာနန္တာကမေးသောအခါ ..ငါသည်ယောင်္ကျားတကာတို့ထက်မြင့်မြတ်သောသူသာဖြစ်တယ်။ တဆူတည်းသောဘုရားဆိုတာရှိတယ်။ အသက်ရှင်သောဘုရားဖြစ်သည်။ ထိုဘုရားအကြောင်းကို ပါဠိလိုရေးထားသည်မှာ ယေရှုခရစ်တော် သံဝါသမရှိမွေးဖွား၊အသက်ရှင်၊ သေလွန်ပြီး ရှင်ပြန်ထမြောက်သည့်အဖြစ်နှင့် အတူတူဗုဒ္ဓဖြေကြားခဲ့သည်ကို ဖတ်လိုက်ရသည်။ နှလုံးကင်ဆာရောဂါကို ၁၉၉၅တွင်...ပြန်လည်ဝဖြိုးလာပြီး၊ ရောဂါလည်းပျောက်သွားခဲ့သည်။ ဘုန်းကြီးအကျွတ်တရားရပြီလား ..ဟု အခန်းတွင်းမှအလင်းတန်းကိုမြင်သောဒါယိကာများက.မေးသောအခါ၊ ရပြီဟု ဖြေခဲ့သည်။ ခရစ်တော်အားဖြင့်အကျွတ်တရားရကြောင်း ထိုစဉ်ကမပြောခဲ့ပါ။ မပြောရဲခဲ့ပါ။ နောက်ဆုံး မန္နလေးတက်လာပြီး . လူထွက်၊ ဆယ်မြောင်း အင်ဂျင်နီယာအလုပ်ကို လုပ်ခဲ့သည်။ ဆရာဦးတင်မောင်ထွန်းတရားများကိုနားထောင်ရင်း၊ ဆရာဦးဇော်ဝင်းထွန်း၏ အသံလွှင့်သော ကျမ်းပိုဒ်ပေါင်း၆၀၀ကျော် အလွတ်ရသည်။ ကျမ်းစာတော့မရှိသေးပါ။ ဆယ်မြောင်းဌာနတွင်အင်ဂျင်နီယာအလုပ် ပြန်လုပ်ရင်း၊ ၁၉၉၆ခုနှစ်တွင် ခရစ်ယာန်တွေအများကြီးရှိသော ကချင်ပြည်သွားရန်အကြံပေးသူရှိသောကြောင့် အလုပ်ထွက်သည်။ ကချင်ပြည် ဖားကန့်ဆိုင်းတောင်တွင် ကျောက်စိမ်းတူးသွားသည်။ ကချင်အသင်းတော်က လက်မခံ၊ ချင်းအသင်းတော်ကလဲ လက်မခံ၊ နောက်ဆုံး ထိုစဉ်က ဆရာဦးရှောလမွန်၏အသင်းတော်တွင် ပါဝင်ခွင့်ရရှိခဲ့သည်။ သူဌေးကကျောက်စိမ်းအလုပ်ရပ်ပြီးနောက် အလုပ်သမားဝေစုငွေ - ၁၉၉၇တွင် ငွေ၃၇သိန်းရရှိပြီးပြန်လာခဲ့သည်။ ထိုစဉ်က ထိုငွေသည်မနဲပါ။ ရန်ကုန်ပြန်ရောက်လာ ကုမရ၍သေမည်ပြောခဲ့သော ဆရာဝန်ကြီးက ဘုန်းကြီးမဟုတ်တော့ပဲ၊ လူဝတ်ဖြစ်နေလဲ အသေချာမှတ်မိပါသည်။ ဟ..ဘယ်လို ရောဂါပျောက်သွားသလဲလို့မေးကာ..အကျီချွတ်ခိုင်းပြီး နှလုံးကိုစမ်းကြည့်သောအခါ နှလုံးအသစ်ဖြစ်နေသည်ကိုသိလိုက်ရသည်။ ဘယ်ဆရာဝန်ကုပေးလိုက်သလဲ ..မေးပြန်ရာ ..သမားတော်ကြီးထက်အများကြီးသာလွန်တဲ့၊ အကောင်းဆုံးဆရာဝန်ဖြစ်တဲ့ ကျမ်းစာအုပ်ကိုပေးလိုက်ပါသည်။ ဆရာဝန်ကြီးက အင်္ဂလိပ်လိုဖတ်လိုသောကြောင့် King Jame အင်္ဂလိပ်ကျမ်းစာကို ပေးလိုက်သည်။ နောက်တခေါက်ပြန်သွားချိန် ဆရာဝန်ကြီး ကျမ်းစာကို၃၉ကြိမ်ဖတ်ပြီး နှစ်ခြင်းခံ၊ပြောင်းလဲခဲ့သည်။ မိမိမကျန်းမာစဉ်က ဆေးကုသပေးခဲ့သည့် ဆေးဝန်ထမ်းများစွာထံ သက်သေခံပြောကြားရင်း ထိုဆေးဝန်ထမ်းများစွာ ပြောင်းလဲခဲ့ကြသည်။ အောင်တော်မူဘုန်းကြီးလည်း မကျန်မာ၊ဆေးကုနေ၊မတတ်နိုင်သောအချိန်တွင် သွားရောက်တွေ့ဆုံ ပြောပြီးသည့်နောက် ဘုန်းကြီးလူထွက်သည်။ သမားတော်ကြိးဒေါက်တာဖေ၀င်းနှင့်အတူ နာဂစ်တွင် သွားရောက်ခဲ့သည်။ မိမိအလုပ်လုပ်စဉ်က ကချင်ပြည်နယ် ကေအိုင်အေ တပ်မဟာ(၆)နယ်မြေနှင့်မြန်မာနိုင်ငံဒေသများတွင် အသင်းတော်များအစပြုပေးပြီး၊ အသင်းတော်၉ပါး အစပျိုးခဲ့ပြီး၊ လက်ဖြင့်နှစ်ခြင်းပေးခဲ့သူ ၁၈၀၀ကျော်ပြီဖြစ်သည်။ ဗုဒ္ဓဘာသမှပြောင်းလဲလာသူများ အများစုဖြစ်သည်။ အိန္နိယပြည်တွင်လည်း သွားရောက်ပြီး၊ အသင်းတော်တခုအစပြုပေးခဲ့သည်။ ယခုထိုင်းနိုင်ငံတွင် ရောက်ရှိပြီး ထိုင်းစကားလဲမတတ်ပါ။ အသင်းတော်အစပျိုးရတွင် ထိုင်း၊မြန်မာအာဏာပိုင်များနှင့်ဆက်ဆံရာတွင် လိုအပ်သောအကူညီအတွက် ယခုဆရာဦးဇော်မင်း အမ်စီအေတွင်မည်သို့လုပ်ဆောင်မည်ဆွေးနွေးရင်း မြန်မာပြည်ပြန်မည်ဖြစ်သည်။ ယနေ့ကွန်ုပ်တို့မျှော်လင့်ကြသည်။ မကျန်းမာသူများ ကျန်းမာရေး၊ ငွေကြးလိုအပ်သူများက ငွေကြေး ..စသဖြင့် မျှော်လင့်ချက်နှင့်အသက်ရှင်ကြသည်။ မိမိဘာကိုမျှော်လင့်သလဲဆိုသည်မှာ အရေးကြိးပါသည်။ မုံရွာထောင်တွင်တနှစ်၊ တရားဟောသောကြောင့် ပိုဆိုးသောခန္နီးထောင်ပို့လိုက်သည်။ ထောင်များတွင် ခန္နီးထောင်သည် အဆိုးဆုံးဖြစ်သည်။ ထောင်ထဲတွင်တရားဟောလျှင် အဆိုးဆုံးကျောက်ထုစခန်းသို့ပို့မည် ..ဆိုလည်း ပို့ပါဟုပြောခဲ့သည်။ အင်းစိန်ထောင်တွင် ရိုက်နှက်၊မေ့မြော၊သွားကျိုးခဲ့သော်လည်း ကျေးဇူးတော်ဖြင့် မိမိရောဂါတိုးလာစေမည့်အတွက်၊ အစာမစားတော့ပဲ၊ရေသောက်၊လမ်းလျှောက်၊ ကျမ်းစာအလွတ်ရွတ်ပါသည်။ ၇ရက်ပြည့်သောအခါ ထောင်တံခါးကပွင့်သွားသည်။ ထောင်မှုးဝင်လာပြီး .. အစာမစားပဲနေတာ ဘာစားသလဲမေးသောအခါ၊ ကျွန်တော်ကိုးကွယ်သောဘုရား၏ ကောင်းကင်တမန်ကပေးသောအစာကိုစားသည်ဟု ဖြေသောအခါ၊ ထောင်မှုးသည် လန့်သွားပြီး မနှိပ်စက်တော့ရန် စီမံပေးသွားသည်။ ကိုယ်တော်ရှာခိုင်းသည်မှာ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းကိုသာရှာခိုင်းပါသည်။ ကျွန်တော်တို့သည် ထိုအရာများသာရှာကြသည်။ (မသဲ ၆း၃၃) စိတ်ဝိညာဉ်ကို ကိုယ်တော်က ကယ်တင်ရုံမက၊ လူခန္တာကိုယ်ကိုပါ ကယ်တင်ပါသည်။ မကျန်းမာမှုရှိပါသည်။ ..လူသားဖြစ်သောကြောင့် မကျန်းမာမှုများရှိသော်လည်း ၁၉၉၆ခုနှစ်မှစပြီး ယခုအချိန်ထိ အမှုဆောင်နိုင်ခွင့်ကိုရရှိပါသည်။ ငွေကြေးကိုမျှော်လင့်လျှင့် ငွေရနိုင်သောနေရာကို ခိုလှုံကြပါသည်။ ယမန်နေ့က လူအုပ်ကြီး၎သောင်းခန့် သူဌေးတဦးထံနောက်လိုက်၊နားထောင်နေသည်ကို တွေ့ပြီး ၀မ်းနည်းမိသည်။ ဆုတောင်းပေးပါသည်။ ထို့ကြောင့်မိမိဘ၀အတွက် ခိုလှုံရာနေရာကိုရှာနိုင်ရန်လိုပါသည်။ ကိုယ်တော်ကိုသာ ခိုလှုံရန်ဖြစ်သည်။ ကျမ်းပိုဒ် - မိက္ခာ ၇း၇ ငါမူကား၊ ထာဝရဘုရားကိုမြော်လင့်မည်။ ငါ့ကိုကယ်တင်တော်မူသော ဘုရားသခင်ကို ငါခိုလှုံမည်။ ငါ၏ ဘုရားသခင်သည် ငါ့စကားကို နားထောင်တော်မူမည်။ အဆုံးသပ် ..စကားချပ် ကျွန်တော့်အဖေ၊အမေကို သတ်သွားသူကို ပုလဲမြို့သစ်၊၃ရပ်ကွက်၊စပယ်လမ်းတွင် တွေ့လိုက်ရသည်။ ထိုသူသည် အသက်၈၀ကျော်ပြီ။ မိဘကိုသတ်သွားသူမှန်းသိသော်လည်း ၁၉၆၇ခုနှစ်က ပုံပြင်တခုကို အရင်ပြောပြသည်။ အမျိုးသမီးနှင့်အမျိုးသား၊ ကလေး၂ယောက် ကားနဲ့လာချိန် ကလေးများရှေ့တွင်ပင် အမျိုးသမီးကို မုဒိမ်းကျင့်ပြီး၊ အမျိုးသားကို လှံစွတ်နှင့်ထိုးသတ်သွားသူ၊ ကလေး၂ယောက်ကို ခြုံပုတ်ထဲထိုးပစ်ခဲ့ခံရခြင်း၊ ကားနှင့်အလောင်းများကိုပါ ဓါတ်ဆီလောင်းမီးရှို့ သွားခြင်းကို အန်ကယ်တို့စစ်တပ်ကများဖြစ်နေမလား .. ဟု ပြောပြခဲ့သည်။ ထို ခြုံထဲပစ်ခံရသော ကလေးတဦးမှာ ကျွန်တော်ပင်ဖြစ်ကြောင်း ပြောပြသောအခါ ..ထိုသူသည် မျက်ရည်ကျပြီး၊ ဒူးထောက်ကာ လုပ်ချင်သလို၊လုပ်ပါ။ ထိုသို့လုပ်သွားသူသည် ကျွန်တော်ဖြစ်ပါတယ် ..ဟုဆိုပါသည်။ သူလည်းပြောင်းလဲပြီး ကျွန်တော့်ကိုလာတွေ့တိုင်း ၀မ်းနည်းခံစားမိသည်။ သူ့အပေါ်မည်သို့မှစိတ်မရှိသော်လည်း.. ..မိမိဘခင်၊မိခင်တို့ ခရစ်တော်ကိုမသိလိုက်ရပဲသေဆုံးသွားခဲခြင်းကို ပြန်အမှတ်ရမိသောကြောင့် ၀မ်းနည်းခြင်းဖြစ်သည်။ ဆရာပီတာ

Friday, January 27, 2012

ဆုန်သင်းပါရ်၊ အဆိုတော် ဘ၀ခရီးလမ်း - ကိုယ်တိုင်သက်သေခံချက်


ဆုန်သင်းပါ သက်သေခံချက် (MCF Church - KL, Malaysia)

Date: 14 Dec, 2008

အားလုံးကို ယေရှုနာမနဲ့ နှုတ်ဆက်ပါတယ်။ ဆုန်သင်းကို တကယ်လို့ သီချင်းဆိုခိုင်းတယ်ဆိုရင်တော့ ၁၀ ပုဒ်ပြည့်အောင် ဆိုဖို့ မကြောက်ဖူ၊ ဒါပေမဲ့ စကားပြောဖို့ဆိုရင်တော့ ၃ မိနစ်ပြည့်အောင် ဘယ်လိုပြောရမလဲလို့ စဉ်းစားတယ်။ တကယ့်တကယ်တော့ ဘုရားက ကိုယ့်ဘ၀အသက်တာမှာ ဒီလောက်ကောင်းမြက်ပေမဲ့ .. အခု ဘုရားရှင်က သူများရှေ့မှာ "ငါ့အသက်တာမှာ အရမ်းကောင်းမြက်ပါတယ်" .. အခု .. ငါဒီလိုဖြစ်နေတာလည်း ဘုရားရှင်က လုပ်ဆောင်ပေးတယ် ဆိုတာ .. တစ်ခါမှာ နှုတ်ကနေပြီး ၀န်ခံပြီး မပြောဖူးဘူး။
ဒီမှာ .. အန်ကယ်ဦးကျော်ဝင်းကနေပြီး ဒီအစီအစဉ်ရှိတယ် .. သမီး .. တဲ့။ ဒီအစီအစဉ်မှာ သမီး ဂုဏ်တော်လည်း ချီးမွမ်းရမယ်၊ သမီးအသက်တာမှာ ဘုရားရှင်ရဲ့ ကောင်းမြက်ခြင်း အကြောင်းကိုလည်း ပြောရမယ်လို့ .. ဆိုတဲ့အချိန်မှာ .... ဘာပြောရမှန်းကို မသိဘူး....။

ဘုရားသခင်က ကိုယ့်အသက်တာမှာ ကောင်းတာကိုတော့ သိတယ်၊ သူများတွေရှေ့မှာ နှုတ်နဲ့ဝန်ခံပြီး စကားနဲ့ပြောဖို့ကို၊ ကိုယ့်အသက်တာက မ၀ံ့မရဲဖြစ်နေတာပေါ့နော်၊ စကားကလည်း ပြောနေကြမဟုတ်တော့ အဲဒီလို သမီးကို တိုက်တွန်းတဲ့ ဆရာကြီးဦးကျော်ဝင်းကိုလည်း အများကြီးကျေးဇူးတင်ပါတယ် .. လို့။

ကျွန်မရဲ့ ဘ၀အကြောင်းကို အနည်းငယ် ပြောချင်ပါတယ်။
ဆုန်သင်း ငယ်ငယ်တုန်းက တကယ့်ကို အဆိုတော် အရမ်းဖြစ်ချင်ခဲ့ပါတယ်။ ဒါပေမဲ့ အိမ်မှာလည်း ကက်ဆက်မရှိဘူး၊ ရဲလိုင်းမှာ နေကြတဲ့အခါမှာ တနေ့မှာ သူများတွေရဲ့ ကက်ဆက်နဲ့ နားထောင်ပြီး ရတဲ့ သီချင်းလေးကို သူငယ်ချင်းတွေနဲ့ အဲဒီသီချင်းလေးတွေ သီဆိုကြတယ်။ တနေ့ကြတော့ အဲဒီ သူငယ်ချင်း၂ယောက်နဲ့ ဆုန်သင်းနဲ့ ရန်ဖြစ်ထားတယ်။ သူတို့အိမ်က ကက်ဆက်ကို ကိုယ်က နားထောင်နေရတာကိုး .. ။ အဲဒီအချိန် "စုဗူးလေးလို စုမယ်" ဆိုတဲ့ သီချင်း အရမ်းခေတ်စားနေတယ်၊ သူတို့က လာပြီးတော့ .. ဟဲ့ .. ဆုန်သင်း .. နင်ဒီသီချင်းကို ဆိုလို့မရဘူးတဲ့။ ဘာလို့လဲ ? ဆိုတော့ အဲဒါ ငါတို့ကက်ဆက်ကနေ နားထောင်ပြီး နင်ရတဲ့သီချင်းတဲ့ .. နင်ဆိုလို့ မရဘူးတဲ့ .. (ရယ်သံများ)။ အဲဒီလို ဘ၀တွေလည်း ကြုံတွေ့ခဲ့ရတယ်ပေါ့။

နောက်ပြီးတော့ ဘုရားကျောင်းမှာလည်း လူငယ်အစီအစဉ်မှာ အမြဲတမ်း ပါဝင်ဖြစ်ခဲ့တယ်။ ကျွန်မတို့ ဘုရားကျောင်းမှာဆို ကျွန်မ အပါတ်တိုင်း သီးချင်းဆိုလွန်းအားကြီးလို့ ဆရာတွေက ကျွန်မကိုပြောတယ်။ ဆုန်သင်း .. ဒီအပါတ်တော့ သမီးက မဆိုနဲ့အုန်းနော် .. တဲ့။ နိုင်ငံခြားက ဧည့်သယ်တွေ ရောက်နေတယ် .. တဲ့။ အစီအစဉ်များတယ်..တဲ့။ အဲဒီလိုမျိုး ကိုယ်ကိုပြောတဲ့ အပါတ်တွေလည်း အများကြီးရှိတယ်ပေါ့။

ဒါပေမဲ့ ကျွန်မစိတ်ထဲမှတော့ ဘုရားရှင်က ကျွန်မ ငယ်ငယ်တုန်းက ဆုတောင်းတဲ့အခါ .. သူများတွေလာမေးကြတယ်။ သမီးအတွက် ဘာဆုတောင်းပေးရမလဲ မေးတဲ့အခါကြရင် .. ကျွန်မ အဆိုတော်ဖြစ်အောင် ဆုတောင်းပေးပါ။ ဒါပဲပြောတယ်။ .. ကျွန်မကိုယ်တိုင်လည်း ဆုတောင်းတယ်။ မဿဲ အခန်းကြီး ၇ မှာပါတဲ့အတိုင်း တောင်းကြလျှင် ရမယ် ဆိုတဲ့ ဆုက ကျွန်မအပေါ် ပြည့်စုံတယ်လို့ ကျွန်မထင်တယ်။ ကျွန်မမှာ ပြည့်စုံသလိုပဲ ဒီမှာရှိနေတဲ့ ယုံကြည်သူ မောင်နှမအားလုံး တယောက်စီ .. စိတ်ထဲကနေ ကိုယ်တောင်းလိုက်တဲ့အရာဟာ တနေ့ကြရင် ဧကန်မုချ အဖြေပေးမယ်ဆိုတာ ကျွန်မ ဒီနေရာကနေ သက်သေထူချင်ပါတယ်။

ကျွန်မ ၁၀တန်းအောင်ပြီးတော့ ဖားအံ့မြို့မှာ အိုင်စီအဖွဲ့ Iron Cross က ကိုလေးဖြူတို့တတွေ လာပြီး ဆိုကြတယ်။ ကျွန်မအဖေက လက်မှတ်ကဈေးကြီးတဲ့အခါကြတော့ ကျွန်မကို တစ်ညပဲကြည့်ပါလို့ .. ပြောတယ်။ ဒါပေမဲ့ ကျွန်မက နောက်တစ်ညလည်း ဆက်ကြည့်ချင်တယ်။ ဆက်ကြည့်ချင်တော့ အဖေက ရိုက်တယ်။ တနေကုန် ငိုတယ်။ တလိုင်းလုံး ကြားအောင်ငိုတယ်။ အဲဒီ စတိတ်ရှိုးကို ကြည့်ချင်လို့...။ အဖေက နောက်ဆုံးတော့ အလျှော့ပေးပြီးတော့ .. အဲဒီစတိတ်ရှိုးကို ကြည့်ခွင့်ပေးလိုက်တယ်။ ဒါပေမဲ့ ငိုထားတဲ့အတွက် မျက်လုံးက မို့နေတယ်။ သူတို့ကို နှစ်ထပ်၊ သုံးထပ်တွေ မြင်နေရတာပေါ့နော် .. (ရယ်သံများ)။

အဲဒီလိုပဲ .. ကျွန်မငိုပြီးတော့ သူတို့ Show ကိုကြည့်ဖို့ ကျွန်မ တနေကုန်ငိုပြီးတော့ သူတို့ကို ကြည့်ချင်လွန်းလို့ ခက်ခက်ခဲခဲ တောင်းခဲ့ရတဲ့ အဖွဲ့နဲ့ အခုအချိန်မှာ ကျွန်မ အိုင်စီအဖွဲ့နဲ့ အတူ သီဆိုခွင့်ကို ပေးတယ်။

ကျွန်မ အသံကောင်းလို့လည်း အဆိုတော်ဖြစ်လာတာ မဟုတ်ပါဘူး။ ကျွန်မ အသံကို နားထောင်လို့ရှိရင် ဟင် ဘယ်လိုအသံကြီးလဲမသိဘူး၊ ယောင်္ကျားသံကြီး၊ .. ညည်းက ဆိုမနေနဲ့ ...တဲ့.။
အရင်တုန်းက မေဆွိတို့၊ စိုင်းထီးဆိုင်တို့ ခေတ်ကဆိုရင် ကျွန်မအဆိုတော် ဘယ်နည်းနဲ့မှ ဖြစ်လာမယ် မဟုတ်ဘူး။ ဒါပေမဲ့ ဘုရားရှင်က ကျွန်မအပေါ် ဘယ်လောက် ကောင်းမြက်လဲ ဆိုတော့၊ ကျွန်မတို့ ငှားနေတဲ့ တိုက်ခန်းဘေးနားမှာ တေးချစ်ူကနေတယ်။ အဲဒီနေရာကနေပြီးတော့ သူ့အသံကို ကြားပြီးတော့ တစ်ခါတည်း သီးချင်းထုတ်ဖို့ လာပြောတာပေါ့နော်...။

အဲဒါကြောင့် ဘုရားရှင်က ပြင်ဆင်ပေးတဲ့အခါ မဖြစ်နိုင်တဲ့အရာ ဘာမှမရှိဘူး၊ တခါတလေကြတော့ ကျွန်မတို့က ထင်တယ်။ ကျွန်မကို အဆိုတော်ဖြစ်ခွင့် အမေရိကားမှာရှိတဲ့ ကျွန်မအမျိုးတွေ၊ နိုင်ငံခြားမှာရှိတဲ့ ကျွန်မရဲ့ အမျိုးတွေက ကျွန်မကို လုပ်ပေးမယ် ? ... မဟုတ်ဘူး...။

တကယ့် တကယ်တော့ မထင်မှတ်တဲ့နေရာ ကျွန်မတို့ ကို ကောင်းကြီးပေးတယ်ဆိုရင်တော့ ဘယ်သူမှ တားလို့မရဘူး၊ လုံးဝ မထင်မှတ်တဲ့ လူတွေကို အသုံးပြုပြီး ကျွန်မတို့ ဖြစ်ချင်တဲ့ ဆန္ဒ၊ ကျွန်မတို့ တောင်းတဲ့ ဆုကို ပြည့်စုံစေတယ် လို့ ဆိုတာကို ဒီနေရာကနေ ကျွန်မ သက်သေထူချင်ပါတယ်။

ကြားနာသူ အယောက်စီတိုင်းကို ဘုရားရှင်ကောင်းကြီးပေးပါစေ။
(လက်ခုပ်သံများ ....)

မှတ်ချက်။
ဆုန်သင်းပါရ် သက်သေခံအပြီးတွင် .. ဓမ္မသီချင်းများဖြင့် သီဆိုချီးမွမ်းသွားပါသည်။ ထို့နောက် Rev. ဆရာဦးကျော်ဝင်း (Ph.D) မှ ဧ၀ံဂေလိတရားကို မလေးရှား၊ ကွာလာလမ်ပူရောက် ထောင်နှင့်ချီသော မြန်မာလူငယ်များကို "ဆင်းရဲ ယုတ်ညံ့သောသူလည်း အခွင့်အရေးရှိသည်" တရားဒေသနာကို ဟောကြားသွားပါသည်။ KLMCF သင်းအုပ် ဆရာမ၀င်ဒီနှင့် အသင်းတော်မှ လက်ခံကျင်းပပေးခဲ့ပါပြီး၊ ဗွီဒီယိုမှတ်တမ်းများကို စင်ကာပူမှ ကိုဂျိုးဇက်ဇေယျာမင်း၊ ဘန်ကောက်မှ ဆရာစိုင်းအေး တို့က မှတ်တမ်းတင်ပေးခဲ့ပါသည် ။ Date: 14-Dec, 2008. ရန်ကုန်မှာ ဒေါ်နန်းသီတာအောင်မှ အသင်းတော်အတွင်း ကန့်သတ်၊ ဖြင့် အခမဲ့ဖြန့်ဝေသည်။ အလှုငွေအားဖြင့် ပါဝင်နိုင်ပါသည်။ ဆက်သွယ်ရန်၊ နန်းသီတာအောင်၊ အမှတ်(၉၄) ဒုထပ်၊ (၅၁)လမ်း၊ ပုဇွန်တောင်၊ ဖုန်း ၀၉ ၈၀၃၁၅၄၃ thida.aung.21@gmail.com

Wednesday, November 16, 2011

အတွေ့အကြုံ

ကိုမေတ္တာ

ရှမ်းပြည်မြောက်ပိုင်း လားရှိုး - မန္တလေး  အသွားကားလမ်းပေါ်တွင်ဖြစ်သည်။ ကျွန်တော်စီးနင်းလိုက်ပါသော ဗင် ကားကလေးသည် လမ်းဖြောင့်ပေါ်တွင် အရှိန်နှင့် တရိပ်ရိပ် ပြေးလို့နေသည်။ ကားလေးမှာ အတော်ကောင်းသဖြင့်လည်းကောင်း၊ ကားမောင်းသူသည် ဂီယာအရွှေ့အပြောင်းနှင့် ဘရိတ်လီဗာ တို့ကို ကျွမ်းကျင်နိုင်နင်းမှုကြောင့် ကျွန်တော်တို့နှင့် စီးနင်းလာရ၍ ငိုက်မြည်း အိပ်ပျော်စ ဖြစ်လာသည်။ ကျွန်တော်သည် ပတ်ဝန်းကျင်ကို သတိထား ကြည့်မိလိုက်ရာမှ ငိုက်မြည်းအိပ်ပျော်ချက်ကို ဖျောက်ပစ်လိုက်သည်။ အဘယ့်ကြောင့်ဆိုသော် ဤလမ်းခရီးတွင် ကျွန်တော်အလွန်နှစ်သက်သည့် ဂုတ်တွင်း သို့ ရောက်တော့မည်ဖြစ်သောကြောင့်တည်း
။ ဂုတ်တွင်း သို့ အဆင်းအတက်များတွင် ကားသည် လမ်းဖြောင့်တွင် ပြေးသည်နှင့်မတူတော့။ ဘယ်ကွေ့၊ ညာကွေ့နှင့် အိပ်ငိုက်လာသော ခရီးသည်များမှာ ယိမ်းထိုးလှုပ်ရှားလာသည်။ ပတ်ဝန်းကျင် ရှုမျှော်ခင်းများကလည်း သာယာလှပါဘိ။ ဂုတ်ထိပ် တံတားကြီးကို ခပ်လှမ်းလှမ်းတွင် မှုန်ပြပြတွေ့ရသည်။ ဒီနေရာကိုရောက်လျှင် ရထား ဖြတ်လမ်းသာ ရှိသော တံတားကြီးသည် မကြည့်မမြင်ရလျှင် မနေနိုင်လောက်အောင်ပင် ကျွန်တော့စိတ်ကို ဆွဲဆောင်ခဲ့ပါသည်။ ပတ်ဝန်းကျင်ကို ကြည့်ရင်း ကားသည် ကွေ့ကာ ၀ိုက်ကာဖြင့် ဂုတ်တွင်း တံတားသို့ ချဉ်းကပ်လာပါသည်။

"သတိ... အတက်ကားကို ဦးစားပေးပါ" ဟူ၍ ဖြစ်သည်။ ထို့နောက် လမ်းတလျှောက်လုံးတွင် အဆိုပါ ဆိုင်းဘုတ်များကို များစွာ ထပ်မံ၍ တွေ့ရသည်။ ပြင်ဦးလွင်နှင့် မန္တလေးအဆင်း ကားလမ်းဘေးတွင်လည်း မကြာခဏ သတိပေး ရေးသားထားသည်ကို တွေ့ရသည်။ ကျွန်တော် ကားမောင်းသမားကို မေးလိုက်သည်။ အဘယ့်ကြောင့် ဒီလိုအဆင်းတွင် အတက်ကားကို ဦးစားပေးရန် သတိပေးရသနည်း။ အဆင်းကားများအတွက်မူ "သတိ..အန္တရယ်ဂုံးဆင်း"   "ဂီယာကြီးဖြင့် ဆင်းပါ"  ဟု သတိပေးဆိုင်းဘုတ်များ ရေးထားသည်။ ဘာကြောင့်လဲဟု မေးလိုက်ရာတွင် ကားမောင်းသူသည် ပြုံး၍ ကျွန်တော်နားလည်အောင် ရိုးရိုးလေး ရှင်းပြပါသည်။

ဒီလိုလေ ဆရာ၊ ကုန်းဆင်း ကုန်းတက် ဒီလိုအကွေ့အကောက်များတဲ့ နေရာတွေမှာ ကားတွေဟာ သတိထားပြီးမောင်းရတယ်။ ကုန်းဆင်းအတွက်တော့ ကားတွေဟာ အရှိန်သတ်ပြီး ဆင်းရတဲ့အခါ သိပ်ပြီးမခက်ခဲပေမဲ့၊ ကုန်တက်ကို အားယူပြီးတက်လာရတဲ့ ကားတွေအတွက်တော့ အခက်အခဲ ရှိတတ်ပါတယ်။ ဒါကြောင့် အတက်ကားတွေကို အဆင်းကားတွေက ကွေ့မှာ ဦးစားပေးရတဲ့ အနေအထားကို ဖော်ပြလိုတဲ့အတွက် ဒီလို သတိပေးစာတန်းကို ရေးထားရတာပါ  .. ဟု ဆိုသည်။

ကားဒရိုင်ဘာ၏ စကားအဆုံးဝယ် ကျွန်တော့အတွက် စဉ်းစားစရာ အကြောင်းများ ခေါင်းထဲသို့ အစီအရီ ၀င်လာခဲ့ပါတော့သည်။ လူ့ဘ၀ အသက်တာသည်လည်း အကွေ့အကောက် အတက်အဆင်းတို့နှင့် ပြည့်နှက်လျှက်ရှိသော ခရီးတာကြီးတခုနှင့် အင်မတန်တူပါသည်။ တခါတရံတွင် ကုန်းတက်ခရီးကို အားကုန်စိုက်ပြီး ရုန်းကန်ရသကဲ့သို့ အကွေ့အကောက်လမ်းတွင် မူးဝေ၊ နွမ်းနယ်ရတတ်သည်။ အဆင်းခရီးကို ကြုံရချိန်တွင်မူ သတိမထားမိသဖြင့် ဘေးသို့ တိမ်းချော်ရခြင်း၊ အရှိန်လွန်၍ မထိန်းနိုင် ဟန်ချက်ပျက်ရသည်များလည်း ရှိတတ်ပါသည်။ မည်သို့ပင်ဖြစ်စေကာမူ လောကခရီးကြမ်းဝယ် ဖြတ်သန်းသွားရသော ကျွန်ုပ်တို့သည် စာနာထောက်ထားစိတ်ဖြင့် နေရာပေးတတ်ရန် လွန်စွာ အရေးကြီးလှပါသည်။ အသက်တာ လမ်း၏ တက်ခြင်း၊ ကျခြင်းများကို အထူးဆင်ခြင် သတိထားရန် လိုအပ်ပေသည်။ မိမိသည် တက်လူဖြစ်သလော၊ ကျလူဖြစ်သလော ?? ဆိုသည်ကို အမြဲသုံးသပ်နေရန် လိုအပ်ပါသည်။ တခါတရံ၌ မိမိ၏ အောင်မြင်မှုနှင့် စွမ်းဆောင်နိုင်မှုသည် အထွဋ်အထိပ်သို့ ရောက်ပြီးနောက်တွင် အသက်အရွယ်အားဖြင့်၎င်း၊ စွမ်းဆောင်နိုင်မှု အရည်အသွေးများ ကျဆင်းလာကြောင်းကို သတိမမူမိဘဲ မိမိ၏ တည်မြဲနေရာမှ မစွန့်ခွာလိုသူများ၊ နောက်တက်မည့် မျိုးဆက်သစ်လူငယ်များတို့အား နေရာမပေးလိုသူများကြောင့် အခက်အခဲများ မကြာခဏ ဖြစ်ပေါ်ဖူးသည်ကို တွေ့ရပါသည်။


ကျွန်တော် ကျမ်းစာကျောင်း တက်စဉ်က အဖြစ်အပျက်များကို ပြန်လည် သတိရမိပါသည်။ ကျမ်းစာကျောင်း ရောက်ကာစ ပထမနှစ် ကျောင်းသူ၊ ကျောင်းသားများအနေနှင့် မိမိတို့ထက် ကျောင်းတော်ကြီးကို စောရောက်သူများဖြစ်သည့် အတန်းကြီးသောသူများကို "အစ်ကိုကြီး၊ အမကြီးများ"  ဟူ၍ လေးစားသမှု ပြုရပါသည်။ သို့ရာတွင် တခါတရံ၌ ပထမနှစ် ကျောင်းသူ၊ ကျောင်းသားများထဲမှ ထူးချွန်ထက်မြက်သော ကျောင်းသူ၊ ကျောင်းသားများ ပါလာတတ်ရာ တခါတရံ ကျောင်းနှင့်ပတ်သက်သော လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရာတွင် အခုမှရောက်ကာစ..ရှိသေး၊ ..လူတတ်တော်တော်လုပ်တယ်။ .. မင်းနုပါသေးတယ်ကွာ .. စသဖြင့် ဝေဖန်ပြောဆိုမှုများကို ခံရတတ်ပေသည်။ မိမိတို့ ကျောင်းရောက်ကာစ နောက်ဆုံးနှစ် အစ်ကိုကြီး၊ အစ်မကြီးတို့က မိမိတို့မြင်ရသော အမြင်များတို့သည် မိမိတို့ကိုယ်တိုင် နောက်ဆုံးနှစ် ဘ၀ရောက်ချိန်တွင် နောက်ရောက်လာသူများအပေါ်တွင် တစ်လှည့်ပြန်မြင်သလို ဖြစ်တတ်ပေသည်။

တစ်ခါက အသင်းတော်တပါးတွင် အသက်ကြီး၍ အိုမင်းမစွမ်းဖြစ်နေသော သင်းအုပ်ဆရာကြီးတပါး ရှိလေသည်။ သူသည် ထိုအသင်းတော်တွင် တာဝန်ယူလာသည်မှာ နှစ်ပေါင်း (၅၀) ကျော်ခဲ့ပြီး ဖြစ်သော်လည်း မိမိအတွက် ဖေးမလက်တွဲ ကူညီရန် အမှုတော်ဆောင် တစ်ပါးကိုမျှ မွေးထုတ်ခြင်းမရှိခဲ့ပါ။ စဉ်းလည်း မစဉ်းစားခဲ့ပါ။ အသင်းသူအသင်းသား များကလည်း ဆရာကြီးကို ချစ်ခင်လေးစားရှာပါသည်။ မိမိတို့၏ သိုးထိန်းအဘ ဆရာကြီးအဖြစ် လက်ခံကာ အမြဲတစေ ရိုသေနာခံမှု ပြုခဲ့ပါသည်။ သို့ရာတွင် ဆရာကြီးအနေဖြင့် အသက်အရွယ်ကြီးရင့်လာသည့်အလျောက် ခန္တာကိုယ်အား နည်းလာကာ သွားချင်တိုင်းလည်း မသွားနိုင်၊ ပြောချင်တိုင်းလည်း မပြောနိုင်၊ စိတ်ရှိတိုင်း မလုပ်နိုင်သည့်အခါ အသင်းတော်အနေဖြင့် လုပ်ငန်းပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုသာမက ၀ိညာဉ်ပိုင်းဆိုင်ရာတွင်လည်း ကျဆင်းမှုများ ကြုံရတော့သည်။ ထိုအချက်ကို သတိပြုမိသော အသင်းတော်လူကြီးတို့က လက်ထောက်သင်းအုပ် ဆရာတပါးကို ရှာဖွေခန့်ထားရန် အကြံပြုသည်။ ဆရာကြီးက ခါးခါးသည်းသည်း ငြင်းဆိုလေသည်။ အသင်းတော်လူကြီးများကလည်း ဆရာကြီး စိတ်ဆင်းရဲမှာစိုး၍ နောက်ထပ် မည်သူမျှ အကြံမပြုဝံ့တော့ပေ။ ဆရာကြီးမှာ မိမိသည် ကျလူ ဖြစ်နေခြင်းကို သတိမမူနိုင်ပဲ  ငါ..အသက်ကြီးပေမဲ့၊ ..လုပ်နိုင်ပါသေးတယ်.. ဟု ပြောက မိမိမနိုင်သည့် ၀န်ကို အတင်းထမ်းကာ နိုင်သယောင် ဆောင်ရွက်သွားလာရာမှ ပင်ပမ်းမှုဒဏ်ကြောင့် ရုတ်တရက် အမောဖောက်ကာ ဆုံးပါးသွားရတော့သည်။

ထိုအဖြစ်အပျက်သည် ကျွန်တော်တို့အတွက် များစွာ သင်ခန်းစာ ယူရန် သင့်ပေသည်။ ယနေ့ ခရစ်ယာန် သာသနာလောကတွင်လည်း ထိုကဲ့သို့ အဖြစ်မျိုးနှင့် ဆင်တူအဖြစ်အပျက်များကို တွေ့နေရပေသည်။ မျိုးဆက်သစ် လူငယ်များအပေါ် အထင်မကြီးမှုများ၊ နေရာမပေးလိုမှုများ၊ လက်တွဲ မခေါ်ဆောင်မှုများကြောင့် သာသနာနှင့် အသင်းတော်သည် တိုးတက်အောင်မြင်သင့်ပါလျှက် မတိုးတက် မအောင်မြင်သော ကိစ္စရပ်များကို တွေ့နေရပေသည်။ ကျွန်တော် ထိုကဲ့သို့ ပြော၍ အသက်အရွယ် ကြီးရင့်သောသူများ တနည်းအားဖြင့် ကျလူများသည် နေရာဖယ်၍ တက်လူများဖြစ်သော လူငယ်များကို နေရာပေးရမည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ အသက်အရွယ်အရသော်လည်းကောင်း၊ လူကြီးများတို့တွင် တန်ဖိုးမဖြတ်နိုင်သော အတွေ့အကြုံများ ရှိနေတတ်ပါသည်။ အသက်ငယ်သူများအနေဖြင့် သက်ကြီးဝါရင့် ပုဂ္ဂိုလ်များထံမှ ကောင်းသော အကြံဥာဏ်များ၊ လမ်းညွန်မှုများကို အမြဲတစေ မျှော်လင့်ထားရန် မမေ့သင့်ပါ။ သူတို့ထံသို့ ရိုသေလေးစားစွာဖြင့် ချဉ်းကပ်၍ ကောင်းသောအကြံဥာဏ်များကို ယူပြီး မိမိ၏ လုပ်ငန်းတွင် အားဖြည့်ရမည်ကို သဘောပေါက် နားလည်ရန် လိုအပ်ပါသည်။ ထို့အတူ လူငယ်လူရွယ်များ၌ ရှိသော ခေတ်နှင့်ညီသည့် အတွေးအခေါ် ကြံဆမှုများနှင့် လုပ်ရည်ကိုင်ရည် စွမ်းအားများကို လူကြီးများထံမှ အကြံပြု လမ်းညွန်ချက်များနှင့် ပေါင်းစပ်လိုက်ပါက၊ လုပ်ငန်းအောင်မြင်မှုကို ကျိန်းသေ ရရှိမည်ကား မလွဲပင်ဖြစ်ပါသည်။

၁၉၉၁ ခုနှစ်ခန့်က ဖြစ်ပါသည်။ ခရစ်ယာန် အသင်းတော်များကောင်စီ လူငယ်ဌာနမှ ဆရာမ ဒေါ်မြမာလာက ကျွန်တော့်အား အစီးအစဉ်တစ်ခုတွင် တင်ပြမှုတစ်ခု ပြုလုပ်ပေးရန် မေတ္တာရပ်ခံပါသည်။ အစ်မသဖွယ် ခင်မင်သည်က တကြောင်းမို့၊ မည်သည့်အကြောင်းကို တင်ပြရမည်နည်းဟု မေးရာ စာပေနှင့်ပတ်သက်၍ လူငယ်တဦး၏ အမြင်ကို တင်ပြပေးရမည် ဟု ဆိုရာ ကျွန်တော် ခေါင်းညိတ်လိုက်ပါသည်။ ဖတ်မိဖတ်ရာ စာများထဲမှ မြန်မာစာပေလောအပေါ် သုံးသပ်ချက်များကို စုစည်းခဲ့ပါသည်။ အမှန်တကယ် တင်ပြချိန် ရောက်သောအခါ ကျွန်တော် ခေါင်းနဘန်းကြီးသွားပါသည်၊ အဘယ့်ကြောင့်ဆိုသော် (Y.M.C.A) ရှိ ခမ်းမတခုတွင် ခရစ်ယာန် စာရေးဆရာ တော်တော်များများက ကျွန်တော်နှင့်တကွ အခြားလူငယ်တဦး တင်ပြမည့် အကြောင်းအရာကို နားထောင်ရန် ရောက်ရှိနေသောကြောင့် ဖြစ်ပါသည်။ ပြောရမည့် ခေါင်းစဉ်မှာ "ခရစ်ယာန်စာပေအပေါ် လူငယ်တစ်ဦး၏ အမြင်" ဟူ၍ ဖြစ်ရာ "ဘုရားသခင်" ဟု တမိပါတော့သည်။ ကျွန်တော့ထက် အရင်တင်ပြမည့် လူငယ်မှာ ယခုအသင်းချုပ် ရုပ်ပြသံကြားဌာန တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်နေသော ဆရာ စောမြမင်းလွင် ဖြစ်ပါသည်။ သူကတော့ ခေါင်းစဉ်ကို ပိုင်ပိုင်နိုင်နိုင် ရရှိထားရာ ခရစ်ယာန်စာပေအပေါ် သူ၏အမြင် သုံးသပ်မှုများကို ပီပီပြင်ပြင် ဇော်ပြသွားနိုင်ခဲ့သော်လည်း ကျွန်တော့မှာ ခရစ်ယာန်စာပေအကြောင်း ဘာမျှ စဉ်းစားထားခြင်း မရှိရကား အခက်တွေ့နေပြီး၊ ဇောချွေးများပင် ကျလာရပါသည်။ ပါးစပ်မှ တွေ့ကရာ ဟိုအကြောင်း၊ ဒီအကြောင်းများ ပြောနေရသော်လည်း မိမိပြောသော အကြောင်းမှာ ခေါင်းစဉ် ဦးတည်ချက်ကို လုံးဝ ထိမိခြင်း မရှိကြောင်း မိမိဘာသာ သိနေပါသည်။ သို့ရာတွင် ကျွန်တော်တို့ ၂ယောက်၏ တင်ပြမှုအပြီးတွင် ခပ်ပိန်ပိန် အသက်ကြီးကြီး ပုဂ္ဂိုလ်တစ်ဦးသည် ထိုင်ခုံမှ ထ၍ စကားပြောပါသည်။ ကျွန်တော်တို့ ခရစ်ယာန် စာပေလောကတွင် အလွန် နာမည်ထင်ရှားသော ဆရာကြီး "သံလျှင်ဖေသွင်" ဖြစ်ကြောင်း သိရပါတော့သည်။ ဆရာကြီးက ကျွန်တော်၏ တင်ပြ၊ သုံးသပ်သွားသော အချက်များအတွက် ချီကျူးအားပေးခဲ့ပြီး နောင်တချိန်တွင် ယခုပြောဆိုတင်ပြသွားသော လူငယ်များသည် ခရစ်ယာန်စာပေလောက၏ မျိုးဆက်သစ်တရပ်ကို ဦးဆောင်သွားမည့်သူများ ဖြစ်လိမ့်မည်ဟု မိမိယုံကြည်ကြောင်း နိဂုံးချုပ် ပြောဆိုသွားခဲ့ရာ ကျွန်တော့မှာ အမြှီးအမောက်မတည့် လွဲချော်မှုကြောင့် ရှက်ကြောက်၊ အားငယ်စိတ်မှ ၀မ်းမြောက်ရွင်လန်းစိတ် ဖြစ်ရကား ဘာပဲဖြစ်ဖြစ် ခရစ်ယာန် စာပေးရေးသားကြည်မည်ဟု ဆုံဖြတ်ခဲ့ပါသည်။ ထိုအချိန်မှစ၍ မြေစမ်းခရမ်းပျိုး အနေဖြင့် ခရီးသွားဆောင်းပါးတပုဒ်ကို အသင်းတော်များ ကောင်စီ၊ လူငယ်ဌာနမှ ထုတ်ဝေသည့် "အမြင်သစ်"  စာစောင်တွင် စတင်ရေးသားခဲ့ပါသည်။ ကျွန်တော့အား ဆက်လက်၍ ဆရာမ မြမာလာက အားပေး၍ ကျွန်တော်ရေးသားသော ခရီးသွားဆောင်းပါးကို အမြင်သစ် စာစောင်တွင် ထည့်သွင်းပေးခြင်းဖြင့်၊ ခရစ်ယာန်စာပေ စင်မြင့်သို့ တက်ရာ လှေခါးရင်းသို့ ပိုခဲ့ပါသည်။ ထို့နောက် ကျွန်တော်သည် အမှုတော်ဆောင်ဘ၀ အတွေ့အကြုံများကို မတတ်တခေါက်ဖြင့် ရေးသားရင်း မေတ္တာတမန် စာမျက်နှာများတွင် ကြိုးကြားဖြင့် ပါဝင်ခွင့်ရခဲ့ပါသည်။ စင်စစ်အားဖြင့် ကျွန်တော် စာမရေးတတ်ပါ။ စာကို ဘယ်လိုရေးရမည်နည်း ?  ဆိုသည်ကိုလည်း ကောင်းစွာမသိပါ။ မိမိသိရှိ ခံစားရသော အကြောင်းအရာလေးများကို မူတည်ကာ ဝေမျှ ရေးသားခြင်းဖြင့် ခရစ်ယာန် စာပေစင်မြင့် ထောင်တစ်နေရာတွင် ရောက်ရှိခဲ့ရပါသည်။ ကျွန်တော်သည် ဆရာစေရွှေရည် (ဆရာဆိုး)၊ ဆရာထွန်းမြတ်အေး၊ ဆရာမိုးစည်၊ ဆရာသံလျှင်ဖေသွင် တို့ကို များစွာ အားကျမိပါသည်။ သူတို့လို ကျွန်တော် စာမရေးတတ်ပါ။ သူတို့ကဲ့သို့ အလွန်ဖြစ်ချင်သည် ဟူ၍ စိတ်ထဲမှ မကြာခဏ တွေးမိပါသည်။

ထို့ကြောင့် ကျွန်တော့အနေဖြင့် မျိုးဆက်သစ် လူငယ်များ အားလုံးကို အားပေးချင်ပါသည်။ ကျွန်တော်တို့ ရှေ့တွင် ဂုဏ်ယူ စံထားဘွယ် ပုဂ္ဂိုလ်မြောက်များစွာ ရှိနေကြမည်ဖြစ်သော်လည်း မိမိတို့အနေဖြင့် အားမငယ်ကြပါနှင့်။ အကောင်းဆုံး ဆပ်ကပ် ကြိုးစား သွားရန် အားပေးလိုပါသည်။ အောင်မြင်မှု လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေသော သူများအနေဖြင့်လည်း မျိုးဆက်သစ် လူငယ်များကို ကြိုဆိုပါ။ နေရာပေးပါ။ လက်တွဲပို့ဆောင်ပါ။ မြှင့်တင်၍ ခေါ်ဆောင်ပါ။ တနည်းအားဖြင့် မိမိတို့သည် အသက်အရွယ်ပိုင်းအရ "ကျလူ"  များဖြစ်နေပါပြီ။   "တက်လူ"  များကို နေရာပေးရန် လိုအပ်ပါသည်။ မန္တလေး-လာရှိုးလမ်း တောင်တက်၊ တောင်ဆင်း လမ်းကွေ့များတွင် တွေ့ရသော ဆိုင်းဘုတ်အတိုင်း - -

" သတိ .. အတက်ကားကို ဦးစားပေးပါ"

ဟူသော နှိုးဆော်ချက်ကို အမြဲသတိရလျှက် မျိုးဆက်သစ် လူငယ်များ၏ အရည်အချင်းကို အသိအမှတ်ပြု၍ သူတို့အား စင်မြင့်တနေရာသို့ ရောက်သည်အထိ ပို့ဆောင်ပေးရန် တာဝန်ရှိကြောင်းနှင့်၊ မိမိသည် အဆင်းဘ၀၊ ကျလူ ဖြစ်နေကြောင်းကို သတိရလျှက် ---

"သတိ .. အန္တရယ်ကုန်းဆင်း၊ ဂီယာကြီးနျင့်ဆင်းပါ"   ဟူသော သတိပေးချက်ကို နှလုံးသွင်းရင်း ခရိးဆက်ကြရန်လည်း နှိုးဆော်ပါသည်။

ကိုမေတ္တာ (သင်းအုပ်ဆရာ)

၂၀၁၀ခုနှစ်တွင် ထုတ်ဝေသော သင်းအုပ်ဆရာတစ်ယောက်၏ဖွင့်ဟ၀န်ခံချက် ကိုမေတ္တာ (သင်းအုပ်ဆရာ) ၏ ၀တ္တုတို၊ဆောင်းပါးပေါင်းချုပ် စာအုပ်မှ ကောက်နုတ်တင်ပြပါသည်။ ဆရာသည် ကယားပြည်နယ်၊ ဒီမောဆိုးဒေသတွင် အမှုတော်ထမ်းဆောင်လျှက်ရှိပါသည်။
ဆက်သွယ်ရန်၊ Email: komitta@gmail.com   Mobile: +95 (092) 400 619

Friday, October 14, 2011

ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့လာ ကြလော့။


အဆွေ ….. အဘယ့်ကြောင့် ဒုက္ခဆင်းရဲခံနေရသနည်း?  Samual Soe Lwin .. 
ချစ်သောအဆွေ၏ ပရိဒေ၀ သောက (အို၊နာ၊သေရေး) ဒုက္ခဆင်းရဲရောက်နေရခြင်းသည် တရားသဘောအားဖြင့် ဆင်ခြင်ကြည့်သော် လူသည် မိမိဘ၀ကို မိမိမပိုင်နိုင်၊ မစီမံနိုင်သောကြောင့်သာ လက်လှမ်းမီရာ ဆေးရုံ၊ ဆေးခန်း၊ လောကဓါတ်ပညာ အတိုအထွာတို့မှ အားကိုးရာရလိုရငြား မျှော်လင့်ချက်ဖြင့် လုပ်ဆောင်နေခြင်းပင်မဟုတ်ပါလား?

“ထက်ရပ်ဘုံတစ်ခွင်နှင့် အောက်ရပ်လူ့ပြည်မှ အပ်ငယ်နှစ်ချောင်း ထိပ်ခြင်းတိုက်ပါသော်မှ လူအဖြစ်ကားရခဲစွတည်း၊ အကယ်လူဖြစ် ဘုရားကိုဖက်ပါမှ မွန်မြတ်ဘ၀ ဆိုအပ်လှ´´ဆိုသော စကားအတိုင်း ရခဲလှသော လူဘ၀တွင် ချစ်သောအဆွေ၏ အားကိုးအားထားပြုရာသည် တဒင်္ဂသာတည်သည့် လောကီဏ္ဍာ၊ ဂုဏ်ရှိန်သတင်း၊ ကျော်စောကိတ္တိတို့ဖြင့် ဘဝ
ကို အချိန်ကုန်လွန်စေကာ၊ ဖာသိဖာသာဖြင့် ဘ၀ကို ရေစုန်မျောကာ လျှစ်လျှူရှုရန်ကား မသင့်လျှော်ပါလေ။ သေခြင်းတရားအား မကြားနာလိုကြသော်လည်း ရှောင်လွှဲရနိုင်ကောင်းသော အရာမဟုတ်သဖြင့် ပညာနှင့် ပြည့်စုံသော အဆွေသည် အသင့်ပြင်ဆင်ထားရှိရန် လိုအပ်လှပေသည်၊။
လူသည် ဓါတ်ကြီးလေးပါးဖြင့်၎င်း၊ အာရုံငါးပါးတို့ဖြင့်၎င်း၊ လိုတမရ ဒုက္ခဆင်းရဲ ဖျားနာနေကြရခြင်းလား၊ သို့တည်းမဟုတ် ဥတု၊ ဗီဇ၊ ကမ္မ၊ နိယာမ တရားသဘောတို့ကြောင့် ဒုက္ခ ပရိဒေ၀တို့နှင့် ယှဉ်တွဲနေရခြင်းမဟုတ်ပါလား။

တရားရှာကိုယ်မှာတွေ့ဟူ၍ ဆိုနိုင်သော်ငြားလည်း ဘုရားကိုကား ကိုယ်ခန္ဓာမှာရှာ၍ မတွေ့နိုင်ပါလေ။
`အနာနှင့်ဆေးတည့်အောင်ပေး ပျောက်ရေးမခက်ပါ´ ဆိုသည့်အတိုင်း လူ့ဘ၀၏အဖြေသည် ဤလောကတွင် မရှိပေ၊ ဘုရားမှတပါး အားကိုးစရာမရှိခြင်းကြောင့် ဤဒုက္ခတိဘုံတွင် မိဘ၊ ဘိုးဘွားမှအစ ကြီးငယ်မဟူ ကိုယ်စီ အပူဒုက္ခ တို့ဖြင့်ရှိကြပြီး၊ အချို့က မူးယစ်ဆေးဝါး တို့ဖြင့်၎င်း၊ ကာမဂုဏ်စည်းစိမ်တို့ဖြင့်၎င်း၊ သတင်းသီလ၊ ဘာသာတရားကိုင်းရှိုင်းခြင်းတို့ဖြင့်၎င်း ကုစားရန်ကြိုးစားကြသော်လည်း ဧငြိမ်းရာ အစစ်အမှန်ကိုကား မတွေ့ရှိနိုင်ကြပေ။ အကြောင်းမှာ ဘုရားကို ပေလျာယကန်ပြုကာ ပလပ်ထားကြခြင်းကြောင့်ပင်ဖြစ်လေသည်။
ဘုရားဟူသည် မပစ်ပယ်ကောင်းသလို မပြစ်မှားအပ်ပေ၊ အကယ်၍ ပစ်မှားခဲ့သော်ကား မိဘ၊ ဆရာသမားတို့ကို စော်ကားသောအပြစ်တရားမှ ရသောကျိန်ခြင်းထက် ကြီးလေးလှသော ဘုရားစာရေသင့် (ကျိန်ခြင်းခံ)၍ ဘ၀ပင်လယ်တွင် ကမ်းမမြင် လမ်းမမြင်ဘဲ အားကိုးရာမဲ့ ဒုက္ခတို့ကိုသာ အဖေါ်ပြုရချေတော့မည်။ ထို့ကြောင့်လည်း လူသားသင်နှင့် ကျွန်ုပ်တို့သည် ဒုက္ခရောက်ခဲ့ရလေပြီ။ ဤအရာတို့သည် အားလုံးအတွက် ကျွန်ုပ်တို့အဘယ်သို့ ဆက်နွယ်နေကြောင်း မြတ်ဘုရား ကျမ်းဂန်မြတ်တွင် အောက်ပါအတိုင်း ဖေါ်ပြထားပါသည်။

၁။ သြကာသလောက။

အစအဦး၌ မြတ်ဘုရားရှင်သည် သြကာသ လောကကို သူ၏ ဣဒ္ဓိပါတ်တန်ခိုးတော်ဖြင့် စီရင်ဖန်ဆင်းတော်မူလေ၏။ စကြာဝဠာ၊ နေ၊ လ၊ ကြယ်တာရာတို့မှအစ နေ့နှင့်ညတို့ပါဝင်ခဲ့ပါတယ် ဓမ္မမိတ်ဆွေ၊

၂။ သတ္တလောက။

တဖန်မြတ်ဘုရားရှင်သည် သူ၏ သဗ္ဗညုတဥာဏ်တော်ရှိသည့်အတိုင်း ဦးစွာ ကုန်းမြေ၊ သစ်ပင်၊ ပန်းမာလာတို့ကို စီရင်ပြီးသော် ကြီးငယ်၊ မျိုးစုံ သတ္တ၀ါအပေါင်းတို့ကို စီရင်ဖန်ဆင်းတော်မူလေသည်။ သို့သော် သင်နှင့် ကျွန်ုပ်တို့လူသားတို့ကိုကား ထိုသို့ မပြုဘဲ တမူထူးကဲစွာ ဖန်ဆင်းတော်မူခဲ့လေသည်ကို ချစ်သောဓမ္မအဆွေ သိမြင်စေရန် မြတ်ဘုရားအလိုတော်ရှိတော်မူလေသည်။

၃။ နိစ္စလောက။

ရှင်တော်မြတ်ဘုရားသည် မနုဿဟူ၍ ခေါ်ဆိုကြသော ကျွန်ုပ်တို့ကိုကား ဓါတ်ကြီးလေးပါး (ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယော)တို့ဖြင့် သာမက ရုပ်ခန္ဓာကို ပြုပြင်ပြီးသော် အသက်မဲ့ ရုပ်သာရှိသေးသော လူသားအား ဇီဝ အသက်တည်းဟူသော နာမ်သက်ကိုပေး၍ အို၊ နာ၊ သေခြင်းကင်းသော လူသားဘ၀ကို ဖန်းဆင်းတော်မူလေသည်။
ထိုလောက သုံးပါးတို့၏ အရှင်မြတ်ဘုရားက လူသားတို့အား ဓမ္မလမ်းစဉ်တစ်ခုကို ချမှတ်ပေးလေသည်။ ၎င်းမှာ ဘုရားစကားတော်နှင့်အညီ နာယူမှတ်သားကာ နေ၊ထိုင်၊ သွားလာစေပြီး မရှိစကား နားဝမှာပင် မကြားရသော ဘ၀ဖြင့် ကောင်းကြီးမင်္ဂလာဖြင့် စစ်မှန်သော လူဘ၀တွင် ဘုရားဖက်၍ အသက်ရှည်ရှည် လိုတရ ဘ၀ဖြင့် နေထိုင်စေတော်မူခဲ့လေသည်။

၎။ အနိစ္စလောက။

“ကဲ ဒါဆို နိစ္စလောကမှ အခုတော့ အနိစ္စလောကဖြစ်လာရခြင်းက ဘာကြောင့်လည်း”ဟူ၍ အဆွေမေးလိုကောင်း မေးပေလိမ့်မည်။
ထိုအရာကိုပင် စာရေးသူကလည်း ဖြေဆိုလိုပေ၏။ အို၊ နာ၊ သေခြင်း မမြဲခြင်းတရားတို့သည် ငါသာလျှင်သခင် ငါသာလျှင်အရှင်ဟူ၍ ဘုရားကို ဖက်ပြိုင်ကာ ဘုရား စာရေ (ကျိန်ခြင်း) သင့်သော မာရ်နတ်မင်း၏ စကားအား ယုံမှတ်၍ ဘုရားကဲ့သို့၎င်း၊ ဘုရားလိုဖြစ်ချင်သောကြောင့် ထိုကနဦး လူသားတို့သည် ဖန်ဆင်းခြင်းရဲ့အရှင်၊ ဖန်ဆင်းသခင်ရဲ့နေရာတွင် ဖန်ဆင်းခံ မာရ်နတ်မင်းကို ရှေ့တန်းတင်မှားမိခြင်းကြောင့် မိဘစာရေသင့်ခြင်းတို့ထက် ကြီးမားသော ဘုရားစာရေသင့်ခြင်းကြောင့် အို၊ နာ၊ သေခြင်း ကင်းသော နိစ္စဘုံသားဘ၀မှသည် ရုတ်ခြည်းပင် အို၊ နာ၊ သေခြင်း၊ ဒုက္ခဆင်းရဲ အတိပြည့်သော အနိစ္စဘုံသို့ရောက်ခဲ့ကြရလေသည်။
ထို့ကြောင့် မိတ်ဆွေ…… အဘယ့်ကြောင့် သင်နှင့် ကျွန်ုပ် ဒုက္ခ၌ ကျင်လည်နေရပါသနည်းဟူမူကား ဘုရားကို ဘုရားမှန်းမသိ၊ တရားကို တရားမှန်းမသိ ၊ ဘုရားကို ဘုရားလို မဆည်းကပ်၊ တရားကို တရားလို မမှတ်ယူ ပစ်ပယ်စော်ကားမိသော အကြောင်းတရားအကျိုးဆက်တို့ကြောင့်ပင် ဖြစ်လေတော့သတည်း။

၅။ နိစ္စဘုံသို့သွားရာလမ်း။

ကျွန်ုပ်တို့သည် ဘုရားမဲ့ဝါဒီများယုံကြည်သကဲ့သို့ လူသည် မွေးဖွားခြင်းဖြင့် စကာ သင်္ချိုင်းတွင် လမ်းဆုံးသွားမည့်သူများ မဟုတ်ပေ။
အကြောင်းမှာ လူသည် အပြစ်၏ အကျိုးဆက်ကြောင့် ဤရုပ်ခန္ဓာသည် သေလွန်ရသော်လည်း နာမ်သက်ခန္ဓာကား ပေးတော်မူသော ဘုရားရှင်ထံသို့ တစ်ဖန်ပြန်၍ စစ်ကြောခြင်းကို ခံရပေတော့မည်။ ထို့ကြောင့်လည်း ငယ်စဉ်က ကြားဘူးသော ဓမ္မကဗျာ၌ ပါသောစာစကားလေးအား အလျှဉ်းသင့်၍ ပြောရမည်ဆိုပါက “သေပြီးမုချ မရဏာမင်းထံရောက်ရ”ဆိုသည့်အတိုင်း အမှန် စစ်ကြောခံရပေမည်။
ကောင်းမှုကုသိုလ်၊ အာပါဒ်ဖြေခြင်းတို့သည် လူလူခြင်းတို့ရှေ့တွင် လက်ခံဖွယ်ဟူ၍ ထင်မှတ်ကြသော်လည်း ဘုရားကိုဖက်ပြိုင်၊ ငါသာလျှင် ပဓါန၊ ငါသာလျှင် ငါ့ရဲ့ပဲ့ကိုင်ရှင်ဟူသော“ငါတကောကောသူ (မိစ္ဆာဒိဌိ) ဖြစ်ခဲ့ပါမူ ပြုမိလေသမျ အရာရာအားလုံးတို့သည် သဲထဲရေသွန် (အဟောသိကံ) ဖြစ်ရပေမည်။ ဤကား လူမျိုးရေးနှင့်မဆိုင် ကျွန်ုပ်တို့နှင့် ဘုရားအကြားသာ ဆိုင်လေသည်တကား။
ထို့ကြောင့် အဆွေ ဒုက္ခဆင်းရဲတို့ဖြင့် ပြည့်နှက်နေသော ဤဘ၀တွင် ဘ၀ နာမှုတွေထဲမှာ ထင်ယောင်ယိုးမှား အချိန်ဖြုန်းတီးမနေပဲ ဘ၀နာ စခန်းသို့ ဆိုက်ရောက်ရန် အချိန်ကောင်းသည် ယခုပင်ဖြစ်လေ၏။
“ကွေးသောလက်မဆန့်မီ၊ ဆန့်သောလက် မကွေးမီ” ကျွန်ုပ်တို့၏ ဘ၀သည်ကား အမှန် ချုပ်ငြိမ်းကာ ဘ၀အသက်ဆီမီးစာ ကုန်ဆုံးသွားနိုင်ပေသည် မဟုတ်ပါလား။
“ဘုရားမှတပါး အားကိုးရာအခြားမရှိ”ဆိုသော စကားအတိုင်း စွန့်ခြင်းကြီးများစွာဖြင့် ကျွန်ုပ်တို့အတွက် “ဇီဝိတဒါန” အသက်တော်ကိုပင် စွန့်လွတ်တော်မူပြီး သေခြင်းမဇ္ဈုမာန်ကို အောင်၍ “နိစ္စထာဝရ”အို၊ နာ၊ သေခြင်းကင်းရာ နန်းအမတ မာဂ်လမ်းကို ဖွင့်ပေးတော်မူသော ယေရှုခရစ်တော်အား မိမိပြုမိလေသမျှ ကာယ၊ ၀စီ၊ မနော အလီလီတို့၏ အပြစ်တို့အား သံဝေဂရလျှက် ၀န်ခံတောင်းပန် လျှောက်ကြားပါက အဆွေသည် ဘုရားစာရေ၊ တရားစာရေ သင့်ခြင်းတို့မှကင်းကာ “ငါတို့သည်ကား နွယ်တော်သားပင် ဘုရားမျိုးပင်ဖြစ်ကြလေ”ဟူသောဓမ္မသဘောအတိုင်း ဘုရားရဲ့အတွင်းလူဖြစ်ကာ ထိုအရှင်ခရစ်တော်ဘုရား၏ စောင့်ထိန်းပဲ့ပြင် မှုအစ “ဘ၀၏မွန်မြတ်ရခဲလှခြင်း” ဟူသော အနှစ်သာရတို့ကို အမှန်သိမြင်လာကာ ဒိဌကိုယ့်တွေ့ခံစားလာရပေတော့မည်။
ဝန်လေး၍ ပင်ပန်းသောသူ အပေါင်းတို့ ငါ့ထံသို့လာကြလော့။ ငါသည်ချမ်းသာပေးမည်။ ဆိုးသောကာလ မရောက်မီ သင့်ကို ဖန်ဆင်းတော်မူသော အရှင် (ဘုရားမြတ်) ကိုအောက်မေ့လော။ ငါ့ကိုခေါ်လော၊ ငါထူးမည်၊ ကြီးသောအရာ သင်မသိနိုင်အောင် နက်နဲသော အရာတို့ကို ငါပြမည်။ အမြင့်ဆုံးသော ဘုရား၏ ကွယ်ကာရာ ဌာနတော်၌ နေသောသူသည် အနန္တ တန်ခိုးရှင် အရိပ်ကိုခိုရလိမ့်မည်ဟူ၍ ကတိပေးတော်မူသော ထိုဘုရားမြတ်အား ယခုပင်ခေါ်ဖိတ်၍ တရားဖက်၍ အမျက်ပြေ၊ ဘုရားဖက်၍ အသက်ရှည်ကာ ဒုက္ခဘုံမှ လွတ်ငြိမ်းနိုင်ကြပါစေသော်………..။
နာမတော်မြတ်၌
SAMUEL SOE LWIN

Friday, September 30, 2011

Samuel Soe Lwin


Samuel Soe Lwin
"အင်းစိန်၊ ခဝဲခြံ နှစ်လမ်း" "သုံးထောင်ပါ" "ပုံမှန် နှစ်ထောင်ပါ
ဘယ်လိုလုပ် သုံးထောင် ဖြစ်ရတာလဲ" "ဒါဆိုလည်း ရပါတယ်
ဆရာ" ခဝဲခြံမှ မြောက်ဥက္ကလာသို့ အပါတ်စဉ် ကြာသပတေး အမျိုးသမီးမိတ်သဟာယနှင့်
တနင်္ဂနွေ ၀တ်ပြု အစည်း အဝေးကို လာရောက်ဦးဆောင် နေကျ ဖြစ်သည်မို့၊ ပုံမှန်
တက္ကစီကို ငှား မစီးဖြစ်သော်လည်း အရေးကြုံပါက မကြာမကြာ ငှါးပြီးပြန်နေကျမို့ တက္ကစီ
ခကို တီးမိ ခေါက်မိ သိနေပါသည်။ ယခုလည်း စာရေးသူ၏ လုံးချင်းစာအုပ်ကို ထုတ်ဝေရန်
အရေးကိစ္စ ရှိနေသေးသောကြောင့် အလျဉ်စလို အိမ်ပြန် လိုသဖြင့် တက္ကစီ တစ်စီးအား
မြရတနာ လမ်းထိပ်တွင် တားလိုက်ခြင်းပါ။ နောက်ဆုံးတော့ ဈေးသင့် သွား
သဖြင့် အသာပင် ၀င်ထိုင်လိုက်သည်။ ကားလေးသည် မြောက်ဥက္ကာအ၀ိုင်းမှ မင်္ဂလာဒုံ
စသည် ဖြင့် မောင်းနှင် နေရင်း… စာရေးသူလည်း မိမိအတွေးယာဉ်ကြောတွင်သာ မျောနေ
မိသည်။ ̏ ဆရာက ခရစ်ယာန် လား" "သြော်….ဟုတ်ပါတယ်၊ ဘာဖြစ်လို့လည်း" "ဘာရယ်
လို့ တော့ မဟုတ်ပါဘူး ဆရာရယ်…မေးကြည့်တာပါ၊ ကျွန်တော်လည်း ယုံကြည်သူပါပဲ"
ဒီလိုနှင့် စပ်မိစပ်ရာ စကား စမြည် ပြောရင်း။ `ဘုရား၊ တရား´ ရေးရာ ရောက်သွား
ကြသည်။




 "ဟုတ်တယ် ဆရာ ရယ်… ကျွန်တော်တို့ ငယ်စဉ်ကတည်းက `အရာရာမှာ
ဘုရားကို ဦးထိပ်ထား´ လို့ အမေ နှင့် အဖေကလည်း မကြာခဏ ပြောဘူးပါတယ်..
ဒါပေမဲ့…." "၀ူး……" ကားဆရာသည် … `ဒါပေမဲ့´ ဟူသော စကားနှင့်အတူ စကား ခေတ္တ
ရပ်သွား သည့် နည်းတူ ပင့်သက်ချသံကိုလည်း ကြားရသဖြင့် စာရေးသူ စိတ်မကောင်း စွာ
ဖြစ်မိရာမှ အားနာသော်လည်း စကား မဆက်ခင် ကြားဖြတ်စကား မေးလိုက်မိသည်။
"စကားဖြတ် ပြောလို့ စိတ်တော့ မရှိနဲ့နော်၊ အစ်ကို ပြောတဲ့ `ဒါပေမဲ့´ ဆိုတာက
ဘာဖြစ်လို့လည်း ကျွန်တော် သိလို့ရမလား" "ဒီလိုပါ ဆရာ…. ကျွန်တော့်ကို မိဘတွေက
ထပ်တူထပ်မျှ ပြောဆို ဆုံးမ ခြဲ့ ကပေမဲ့ တကယ် လက်တွေ့မှာတော့ မိဘစကားကိုလည်း
ကျွန်တော် နားမထောင်ခ့သဲ လို၊ လက်တွေ့မှာ ဘုရားကိုလည်း ကိုးစားခြင်း မရှိခဲ့ပါဘူး"
ကားသမားသည် သူ၏ ရင်တွင်း ဖြစ်ပေါ်နေသော ပရိဝေဒ သောက အဖြာဖြာကို စာရေး
သူအား ရင်ဖွင့် ပြောကြားနေပါသည်။ တစိမ်းတရံဖြစ်သော်လည်း ရင်ဖွင့်နေခြင်းက ဓမ္မ
ဆရာ ဖြစ်၍ပင် ဖြစ်မည်ဟု စာရေးသူ ယုံကြည်မိသည့်အတိုင်း တိတ်ဆိတ်စွာဖြင့်
နားထောင် ပေးနေမိသည်။ "ဆရာရေ…. ကျွန်တော် မနက်မှ ညခင်းအထိ ကားမောင်းပြီး
အိမ်ပြန် ရောက်တော့ ဘယ်လိုနေသလဲ ဆိုတာ အခု ဆရာနှင့် စကားပြောရင်း ပြန်သတိရမှ
ရယ်မောစရာ ဖြစ်နေမှန်းသိတော့တယ်" "ဘယ်လိုဖြစ်လို့လည်း ကျွန်တော့်စကားမှာ အမှား
မပါဘူးလို့တော့ ထင်တယ်၊ အမှား ပါသွားရင်လည်း ခွင့်လွှတ်ပါနော်" "မဟုတ်ပါဘူးဆရာ…
ဒီလို လေ ဆရာက `မနက်ဖြန်ကို အမှီပြု၍ မ၀ါကြွားနှင့်´ ဘုရားကို မမေ့နှင့် ဆိုတာကိုပါ..
ကျွန်တော် အိပ်ပြန်ရောက်ရင် ချက်ခြင်း ထမင်း မစား ရဘူး ဆရာ
ရေ့…" "ဘာဖြစ်လို့လည်း အမျိုးသမီးက အိမ်မှာ မရှိဘူးလား၊ နေ မကောင်းလို့လား"
"မဟုတ်ဘူးဆရာ… အိမ်ရောက်ရင်… ကျွန်တော့် အမျိုး သမီးက ကိုရီးယား ကားကို
ကြည့်နေတတ်တယ်… အဲ့ ကြော်ငြာ မ၀င်မချင်း ကျွန်တော့် အတကွ် အခွင့်အရေး မရှိဘူး၊
ကြော်ငြာ ၀င်တော့မှ တီဗွီရှေ့က ထပြီး ကျွန်တော့် အတွက် ထမင်းဝိုင်းကို ပြင်ပေးတာ"
ဟုသူ၏ အိမ်ထောင်ရေးအကြောင်းကို အခြေခံ လျှက် စာရေးသူသည် "အိမ်ထောင်မှာ
မေတ္တာ" ဆိုသော ဓမ္မတေးကလေးကို ရွတ် ပြရင်း၊ ဘုရားသခင်၏ မေတ္တာတော်
အကြောင်းကို နှီးနှောဖလှယ်ဖြစ်ကြသည်။ သည်လိုနှင့် ခ၀ဲခြံသို့ ရောက်သောအခါတွင်
ကား ပေါ်မှအဆင်း၊ တက္ကစီခ နှစ်ထောင်ကို ထုတ်အပေး…. " အစ်ကို… ကျွန်တော်
ပြောသလို ..ဘုရားကို ဦးစား ပေးပါနော်။ အစ်ကို့ အမျိုးသမီးက အစ်ကို့ထက် ကိုးရီးယား
ကားကို ဦးစားပေးသလို အစ်ကိုကလဲ ဘုရားသခင်ထက် အခြားသော အရာတွေကို
ဦးစားပေးသလို ဖြစ်နေရင် တော့ ဘုရားလည်း ကျေနပ်နိုင်မယ် မထင်ဘူး" "ဟာဗျာ
…ဆရာ ကလည်း ပေါက်ပေါက်ရှာရှာ" "ပေါက်ပေါက်ရှာရှာ ဖြစ်ပေမဲ့ မှန်နေတယ် မဟုတ်
လား" "ဟဲ…ဟဲ….." ကားဆရာသည် ရယ်ရယ်မောမောနှင့် သူ့စကားနှင့်သူ သဘော
ကျကာ ရယ်မောလျှက်ရှိသည်။


"ဆရာရယ် ဒီနေ့ ဆရာ့ကို လိုက်ပို့ရတာ အရမ်း ကျေးဇူး
တင်တယ်။ ဒီနေ့တော့ ကျွန်တော် အမှုတော်မြတ်အတွက် ပါဝင်တယ်လို့ပဲ လက်ခံ လိုက်ပါ
ဆရာ။ ပိုက်ဆံကို မယူတော့ပါဘူး၊ ဆရာပြောတဲ့ မဿဲ ၆း၃၃ ကိုလည်း ကျွန်တော် ကောင်း
ကောင်း နားလည်သွားပါပြီ" "၀ူး……" ငြိမ့်ညောင်းစွာ ထွက်သွားသော တက္ကစီကို သူ
ငေးမောကြည့်နေရင်း ဘုရား သခင်၏ ရင်တွင်းတွင်လည်း ငြိမ့်ညောင်းသာယာသော
သံစဉ်များ လွင့်ပျံနေ ပေတော့ မည်………။ Samuel Soe Lwin

Friday, July 22, 2011

ပညာမတတ်တစ်ခေါက်နဲ့ယုံကြည်ခြင်း

ကျွန်ုပ်သည် ထာဝရဘုရားကိုသိသော ယုံကြည်သူ ခရစ်ယန် မိဘနှစ်ပါးမှ မွေးဖွားခဲ့ပါသည်။ သို့သော်လည်း ခေတ်ပညာမတောက်တခေါက်တတ်ပြီး မိမိမြိုနေထိုင်ရာအနီးတွင်လည်း မိမိကို နားပေါက်အောင်ဟောပြောနိုင်သူမရှိပါ။ ပညာတတ် ကျောင်းဆရာတဦးကိုတော့ အရမ်းလေးစားခဲ့ပါသည်။ 
  သူ၏ သိပ္ပံပညာထူးချွန်မှုကို အားကျသည်။ ဓါတ်ပုံပညာ စတီရီယို၊ ဓါတ်ခွဲခန်း၊ သကြား၊ဆေးဝါးဖေါ်စပ်ခြင်း၊ အရက်ချက် ဓါတ်ခွဲခန်း၊ နာမည်ကြီး ဓါတုဗေဒ ကျောင်းဆရာ စသည့် လောကပညာများကို လေ့လာတပည့်ခံချင်သည်။ သူသင်ပြသော ကျူရှင်တွင် အခမဲ့ တက်ရောက်ခွင့်ရရှိပြီး သူသင်ပေးသော ၁၀တန်းစာမေးပွဲ၊ ဓါတုဗေဒ ဘာသာရပ် ဂုဏ်ထူးထွက်ခဲ့၍ တော်တော် နာမည်ရခဲ့ပါသည်။ အထက်မြန်မာပြည် မြို့ငယ်လေးမှ တဆင့် ရန်ကုန်တက္ကသိုလ်ကြီးတခုတွင် ပညာသင်ကြားခွင့်ရခဲ့ပါသည်။ မိမိမြို့တွင်  ထိုသူသည် ဘုရားကျောင်းတွင် အင်မတန်ကောင်းသော တရားဒေသနာများကို ဟောကြားခဲ့သော်လည်း လက်တွေ့တွင် ပုံသက်သေအားနည်းမှု (၀ိုင်၊ဘီယာ၊အရက် ချက်လုပ်၊သုံးဆောင်ခြင်း) ရှိခဲ့ပါသည်။ သို့သော် ယခု ပင်စင်ယူပြီးနောက် သား၊သမီး၊ ဖနီးတို့နှင့်ဝေလံစွာ မြန်မာပြည်အနှံ့ ဧ၀ံဂေလိလုပ်ငန်း (ယေရှုရုပ်ရှင်ပြခြင်း) လုပ်ဆောင်လျက်ရှိပါသည်။ နိုင်ငံခြားတွင် ယေရှုရုပ်ရှင်ပြရာတွင် လူများစိတ်မ၀င်စားသော်လည်း၊ မြန်မာပြည် မြို့ကြီး၊မြို့ငယ်၊ ကျေးရွာများတွင် ယေရှုရုပ်ရှင်ပြသောအခါ ကလေး၊လူငယ်၊လူကြီးများ တရုံးရုံးနှင့် အားပေးကြသည်ကို ကျေနပ်အမှုဆောင်နေသူဖြစ်သည်။  မယုံကြည်သူအချို့ အာဏာနှင့် တားမြစ်မှုကြောင့် အသက်အန္တရယ် အမှုအခင်းများဖြစ်ခဲ့သော်လည်း အမှုတော်ကို ကျွန်ုပ်၏ ငယ်ဆရာသည် ဆောင်ရွက်နေဆဲပင်ဖြစ်ပါသည်။ မိမိလေးစားသော ငယ်စဉ်က အိမ်နီးချင်း ဆရာတဦအကြောင်းဖြစ်ပါသည်။


    နောက်ဆုံးတွင် ကျွန်ုပ်သည် ရန်ကုန်တက္ကသိုလ်သို့ ခေတ်ပညာများကို သင်ကြားသောအခါ မြိုကြီးရောက် လောကပျော်ရွှင်စရာများ (ငွေကြေးမပါ) နောက်သို့ လိုက်ပြီး ပညာရေးလည်း မထူးချွန်တော့ပါ။ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်တွင် မြန်မာပြည်အခြေအနေက ပညာရေးထူးချွန်လဲ သင်္ဘောသား၊ စစ်ဗိုလ် ဘ၀ရောက်ခြင်းက လောက မျှော်လင့်ချက်တခုပင် မဟုတ်ပါလား။ ဆရာဝန်၊ အင်ဂျင်နီယာလည်း ထိုခေတ်တွင် လူလေးစားသော်လည်း ငွေဗလာ၊ ကွမ်းယာရောင်းသူလောက်ပင် ၀င်ငွေမကောင်းသော ပညာတတ်လူရာမ၀င်သည့် ခေတ်ဖြစ်ပါသည်။ (ယခုတော့ ပညာတတ်များ နိုင်ငံခြားတွင် အလုပ်အကိုင်အဆင်ပြေတတ်ပါသည်)။ နောက်ဆုံးတွင် ဘွဲ့ရပြီး အစိုးရ ပြန်တမ်းဝင်အရာရှိဖြစ်သွားသည်။ နိုင်ငံခြား ပညာသင်စောင့်စားပြီး ကားပါမစ် နှင့် တိုက်ဝယ်ပြီး လူလေးစားခံရရင် တော်ပြီဟူသော လောကရည်ရွယ်ချက်နှင့် မြန်မာပြည်မှာအလုပ်လုပ်ကိုင်ခဲ့ပါသည်။ နောက်ပိုင်း သူငယ်ချင်းများက စင်ကာပူတွင် အလုပ်လုပ်သည့် ခေတ်ဖြစ်လာသောကြောင့် ၁၉၉၀ တွင် စင်ကာပူသို့လာရောက်အလုပ်ရှာ၊ အလုပ်လုပ်ကိုင်ခဲ့သည်မှာ ယခု ၂၀၀၉ အထိဖြစ်ပါသည်။

   စင်ကာပူရောက်သောအခါ ရရာအလုပ်လုပ်ရင်း စင်ကာပူအစိုးရ ရှယ်ယာအများစုပိုင်သော အမေရိကန်နိုင်ငံ Nesdeq Listed MNC ကုမ္ပဏီကြီးတခုတွင် လုပ်ကိုင်ခွင့် ရသောအခါ မိမိထက် ပညာများစွာတတ်သော ဒေါက်တာများ၊ ဖဲလိုး၊ တီထွင်သူများ အပါအ၀င် လစာငွေ တလ ဒေါ်လာ သုည၅လုံးအထက် ပုဂ္ဂိုလ်ကြီးများနှင့် တွေ့ဆုံရင်း မိမိကိုယ် ဟုတ်လှချည်ထင်ထားခဲ့မှုများ တဖြေးဖြေး လွင့်ပျောက်သွားခဲ့ပါသည်။ မြန်မာလူမျိုးများ ဘုရားကပြောလဲမပြောပဲနှင့် "ကြိုးစားရင် ဘုရားတောင်ဖြစ်တယ်" ဆိုသည့် ခံယူချက်လည်း လေထဲပျောက်သွားပြီး မိမိကိုယ်ကိုယ် ဖရီးသင့်ကားလိုလို၊ ဗုဒ္ဒတရားနောက်လိုက်လိုလို၊ ဘုရားစုံဝါဒလိုလို နှင့် ဗြိတိလျှ အတွေးအခေါ်ပညာရှင်ကြီး ဘာထရန်ရပ်ဆဲကို အားကျခဲ့ခြင်းများလည်း ပျောက်ဆုံးသွားပါတော့သည်။ ဘာထရန်ရပ်ဆဲခမျာလည်း သူယောက်ထဲရှိစဉ် တောင်တွေးမြောက်တွေး တွေးရင်း သေမင်းကို တွေးမိသောအခါ မိမိသေလွန်ပြီးဘ၀ကို စဉ်းစားလျှင် အမှောင်ထုကြီးကိုပဲ မြင်ရကြောင်း ရေးသားထားခဲ့ပါသည်။ ယုံကြည်သူများအဖို့ မိမိတယောက်တည်း တောင်တွေးမြောက်တွေး သေလွန်ပြီးနောက်ကာလကို တွေးကြည့်ပါက တောက်ပသောအလင်းကိုမြင်ရပြီး ထာဝရအသက်အတွက် ပျော်ရွှင်ဝမ်းမြောက်ခြင်းကို ရလေ့ရှိပါသည်း


   မိတ်ဆွေ .. ကျွန်တော်တို့ဘ၀၏  တ၀က်ကျော်အချိန်မှာ တယောက်တည်း နေရပါသည်။ ဘေးပတ်ဝန်းကျင်မှာ အလုပ်အတူလုပ်သူများရှိသော်လည်း သင်နှင့်မိတ်သဟာရဖွဲ့ခြင်းမရှိပါ။ သင်တယောက်တည်း (အလုပ်ကိစ္စ၊ မိသားစုကိစ္စ၊ မိတ်ဆွေများကိစ္စ တွေးနေရပါသည်)။ သင့်ဘေးမှာ လူတယောက်မှမရှိသောအချိန် ဥပမာ အိပ်ချိန် ၈ နာရီ၊ အိမ်သာတက်၊ ရေချိုး၊ ခရီးသွား နေချိန်များတွင် သင်ဘာတွေ တွေးနေပါသလဲ။ တချို့ လေယာဉ်အတက်အဆင်း တွင် ပျက်ကျမှ တွေးကြောက်နေရသည်။ အမှောင်ကြီးထဲဖြစ်စေ၊ မိမိကို အလုပ်ခွင်၊ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေးများ၌ ၀ိုင်းတွယ်ခံနေရလျှင်၊ နောက်ဆုံး ဆေးရုံတွင် ပက်လက်ကလေး ဖြစ်နေစဉ်၊ အဆိုးဝါဆုံး ကင်ဆာရောဂါ၊ အိတ်အိုင်ဗွီရောဂါ ရပြီး သေမည့်နေ့ကို စောင့်နေရစဉ်တွင် သင်တယောက်တည်း ဘာတွေ တွေးနေမည်နည်း။

   ထိုသို့သော အထီံးကျန်ဘ၀ကို မခံဖူးသေးပါက လောက၊မိတ်ဆွေ၊ ပျော်စရာများတွင် ဆက်လက်နေနိုင်ပါသည်။ တနေ့သော် မိတ်ဆွေလည်း ထိုသို့ တယောက်တည်း နေရမည့်အချိန် ရောက်လာပါမည်။ အင်မတန် ကုသိုလ်ကံကေင်းသူ (ဗုဒ္ဓဘာသာ) နှင့် ဘုရားကောင်းကြီးရရှိသူ (ခရစ်ယန်) မိတ်ဆွေများမှာ သေလျှင်ပင် ခေါက်ကနဲ လဲသေသွားကြပါသည်။ ထိုသို့ သေသွားသူများ ရှားပါသည်။ တယောက်တည်း သေမင်း (သို့မဟုတ်) အထီးကျန်မှုနှင့်၊ ဒုက္ခကြီးများကို ရင်ဆိုင်ရာတွင် ကျွန်တော်တို့ လူ့ဗီဇ၊ အစွမ်းအစနှင့် တိုက်ပွဲကို မဆင်နိုင်တော့ပါ။ ခန္တာ၊စိတ် အင်အား အင်မတန်နည်းသွားချိန်တွင် ၀ိညာဉ်အားဖြင့် တိုက်ရတော့မည်ဖြစ်သည်။

   ထိုအချိန်တွင် ယုံကြည်ခြင်း ဆိုသောအချက်သည် ရှေ့တန်းရောက်လာပါသည်။

   ကွန်မြုနစ်၊ အရင်းရှင်၊ သိပ္ပံပညာ၊ ကချင်၊ကရင်၊ ဗမာ လူမျိုးရေး စသည့် ယုံကြည်ချက် ကြီးမားသူ တနည်းအားဖြင့် မျက်ကန်းသစ္ဆေမကြောက်သော ယုံကြည်ချက်ကြီးသူများလည်း သေမင်းကို ရဲရဲကြီးရင်ဆိုင်ရဲပါသည်။ စင်ကာပူတွင် ၂၀၀၇ က မျက်စိစွေလူသတ်သမားတဦးရှိပါသည်။ ကိုယ့်ရန်သူ မိသားစုကို ရက်စက်စွာ၊ သွေးအေးအေးနှင့် အိမ်ထဲဝင်ပစ်သတ်၊သတ်ဖျက်ပြီး ကြိုးစင်ပေါ် တွင်တက်စဉ်လည်း အများအမြင်တွင် ပြုံးပြုံး၊ကိုယ်လုပ်တာ ကိုယ်ခံပေါ့ စိတ်ထား၊ လွဲမှားသော ယုံကြည်သူများလည်း သေရမှာမကြောက်ပါ။

   ကျွန်ုပ်တို့ ထိုကဲ့သို့သော လွဲမှားသော ယုံကြည်မှုမျိုးကို တိုက်ခိုက်ရမည်ဖြစ်သည်။ လွဲမှားသောဘ ဘာသာရေးယုံကြည်သူများလည်း သေရမှာမကြောက်ကြပါ။ ထိုသူများကို ထာဝရဘုရား၊ သခင်ယေရှု၊ သန့်ရှင်းသောဝိညာဉ် အကြောင်း ပြောပြရာတွင် အလွန်အခက်ခဲဆုံးဖြစ်ပါသည်။ ကိုယ့်ယုံကြည်ချက်ကို တဖက်သတ်ပြောပြီး သူ့ယုံကြည်ချက်ကို နားမထောင်ချင်ပါက ထိုသူကို ယေရှုအကြောင်း ပြောပြလဲ၊ အားနာ၍သာ နားထောင်နေမည်။ မိမိက ပုံသက်သေကောင်း အနေနှင့် သူ့အကြောင်း၊ သူ့ခံစားချက်ကို နားထောင်ခြင်း ရှိမှ ဧ၀ံဂေလိလုပ်ရနိုင်မည် ဖြစ်သည်။ ပုံသက်သေကောင်းသော သင်းအုပ်ဆရာများမှာ သူတို့ မိုဘိုင်းဖုန်း တဂွမ်ဂွမ်ခေါ်ခြင်းကို  ညသန်းကောင်အချိန်အထိ နားထောင်ပေးရသည်။ 

   အထူးသဖြင့် ကျန်းမာရေး (အိပ်နိုင်၊စားနိုင်၊ သွားလာနိုင်) ကောင်းနေသော လူငယ်လူရွယ်များကို အလုပ်ခွင်များတွင် တွေ့ပါက သူတို့သည် ငွေရှိလျှင် ဘာမဆိုလုပ်လို့ရမည် ပြောကြသည်။ စင်ကာပူရှိ ဆိုင်ကြီးတခုတွင် Money Make Happiness ဟုရေးထားသည်။ အချို့လူကြီးများလည်း ကြီးမိုက်၊ အသက်ကြီးလည်း မြင်းပွဲ၊ ချဲထီ၊ 4D, Toto စသဖြင့် ငွေနောက်လိုက်နေတုန်းဖြစ်သည်ကိုလည်း တွေ့ရသည်။ လူသားဖြစ်သောကြောင့် သခင်ယေရှုက ခွင့်လွှတ်ပါသည်။ အထူးသဖြင့် အနာဂါတ်လူငယ်များကို ဘုရားအကြောင်း သိစေရန် မိဘများက ပုံသက်သေပြရန် အထူးလိုအပ်ပါသည်။ လူငယ်များသည် ဆန့်ကျင်ဖက်လိင်များနှင့်လည်း ဖက်ရမ်းနေထိုင်သော ခေတ်ဖြစ်လာသည်။ သို့သော် သူတို့မှာလည်း နှလုံးသားရေးရာ ရှိလာသည်။ လူငယ်တဦးပြောစကားက ငွေများများသုံး၍ မိန်းကလေးချစ်စကားဆိုပါက ငွေကိုကြိုက်သော Girl Frind ရီစားပဲရမည်ဖြစ်ကြောင်း။ အချစ်စစ်မှန်ကို ရရန်လိုကြောင်း၊ TRUE LOVE   ကိုမရပဲ Money Love ပဲရမည်ဖြစ်ကြောင်း၊ လောကတွင် TRUE LOVE သည် အရေးကြီးလှကြောင်း ဆွေးနွေးမိပါသည်။ ထိုအချိန်သည် သခင်ယေရှု၏ TRUE LOVE အကြောင်းကို ပြောပြရန် အချိန်ကောင်းပင်ဖြစ်ပါသည်။ ကျွန်ုပ်ကတော့ သတ်ရန်လာသော ရန်သူကိုမပြောနှင့် အိမ်မှာတွေ့သော ပိုးဟပ်ကိုပင် သုတ်သင်ပစ်ခြင်သည်။ ကြည့်မရသူဆိုလျင် ဝေးဝေးရှောင်ခြင်သည်။ သခင်ယေရှုကတော့ ခွင့်လွတ်ပြီး၊ ချစ်ခြင်းကိုပင် ပေးပါသည်။ အံ့သြဘွယ်ရာ - ဘယ်လူမှမလုပ်နိုင်ပါ။ ဘုရားဖြစ်သောကြောင့် ဤမျှ ချစ်ခြင်းမေတ္တာကြီးမားလှခြင်းဖြစ်ပါသည် တကား။


    ယုံကြည်ခြင်းဆိုသည်မှာ တဖြေးဖြေးကြီးထွားလာသည်ဟုပြောသည်။ ကျွန်န်ုပ် ယုံကြည်မှုနည်းစဉ်ကာလက သူငယ်ချင်းများပြောသော Emptiness Meditation ကိုကြိုးစားလုပ်ဆောင်ကြည့်သော်လည်း မရပါ။ ဆရာသြဂတ်စတတ်ကို ခရစ်ယာန်များ စိတ်ငြိမ်အောင် ဘာလုပ်ကြပါသလဲ မေးရာ "ကျွန်တော် ဆုတောင်းတယ်" ဟုပြောပါသည်။ ဆုတောင်းခြင်းဖြင့် ယုံကြည်မှုခွန်အားယူခဲ့ရပါသည်။

   ယုံကြည်သူမိဘများမှာ မိမိကလေး ငယ်စဉ်မွေးစကပင် အသင်းတော်ထံ ဆပ်ကပ်ခြင်း၊ ဆန်းဒေးစကူး တပတ်တခါလေးကို ရအောင်ပို့ခြင်း၊ ဗတ္တိဇံမင်္ဂလာ ပေးခြင်း၊ ညစဉ်မိသားစု ကိုးကွယ်ဝတ်ပြုခြင်း များအတူလုပ်ပေးရန် မိဘများတာဝန်ရှိပါသည်။ အထူးသဖြင့် လောကအရာများရှေ့တန်းရောက်လာသော စင်ကာပူတွင် ညတိုင်းမိသားစုဆုံဖို့ ဆိုသည်မှာ အင်မတန်ခက်ခဲလာပါသည်။ လင်မယားပင် နေ့နှင့်ည မှားနေသော စုံတွဲများရှိနေပါသည်။ အမေရိကန်၊ သြစတြေးလျား တို့တွင် အလုပ်ချိန်နည်းပြီး သက်သာမလား ထင်မိသောကြောင့် သွားရောက်လေ့လာကြည့်ရာ စင်ကာပူထက်ပင် ပိုပြီး ရုပ်ဝတ္တု၊လောကအရာများနောက် လိုက်နေကြသည်။ ဟုတ်ပါသည်။ အလုပ်ချိန်ကတော့ နည်းသော်လည်း ဇိမ်ခံ၊ အိမ်ကြီး၊ ကားကြီး နှင့် အစားအသောက်များကြောင့် အမေရိကားခရီးစဉ်မှ ပြန်လာသော ဆရာ အာသာကိုလေး ပြောသကဲ့သို့ ၀ဖြိုး၊ချိနဲ့သော ဗာရှနွားမ ကဲ့သို့ ဖြစ်နေသူများစွာကို တွေ့ရကြောင်း တရားဟောသွားခဲ့ပါသည်။ လူငယ်များအတွက် တေးဂီတဖြင့် ထာဝရဘုရားကို ချီးမွမ်းခြင်းသည် အသင်းတော်လူကြီးများ သိသော်လည်း  မတ်တပ်ရပ်နေရသည်ကို လူကြီးများက ခန္တာအင်အားမတတ်နိုင်ပါ။ ထိုအချက်မှာ Generation Gap ပင်ဖြစ်ပါသည်။ စင်ကာပူရှိ နိုးကြားသောအသင်းတော်များသည် Generation Gap ကိုလက်ခံပြီး သီဆိုချီးမွမ်း၊ကခုန်ခြင်းဖြင့် ဘုရားသခင်ကို ဒါဝိပ်မင်းကြီးကဲ့သို့ ချီမွမ်းပါသည်။

  နောက်ဆုံးအနေဖြင့်  ထာဝရဘုရားကို ယုံကြည်ခြင်းမှာ မိမိအသက်တာအတွက် ယခုဘ၀၊ နောင်ဘ၀ပါ စိတ်ချမ်းသာမှု၊ အလင်းကို ရရှိသောကြာင့် ကျွန်ုပ်သည် ထာဝရဘုရားကို ကိုးစားပါသည်။ ယုံကြည်ပါသည်။

  မိတ်ဆွေလည်း ထိုသို့သော ယုံကြည်ချက်မျိုး ရပြီးလောက်ပြီဟု မျှော်လင့်ပါသည်။ "မရသေးလျှင် သို့မဟုတ် ရပြီးလျှင်လည်း"  အနီးအနားရှိသော ဘုရားကျောင်းတခုသို့ ဖုန်းဆက်မေးမြန်းပြီး၊ တပါတ်တခါ သွားရောက်နားထောင်ပါ။ အချိန်မရှိပါက တရားခွေမှာပြီး (သို့) ဒေါင်းလုပ်ပြီး  MP3, iPod, iPhone ဖြင့် ရံဖန်ရံခါ နားထောင်ကြည့်ပါ။  ကြားနာခြင်းသည် ယုံကြည်ခြင်း၏ အစဖြစ်သလို ကယ်တင်ခြင်းစိတ်ချရန်လည်း ကြားနာနေဖို့ လိုအပ်ပါသည်။

  ဖတ်ရှုသူများအတွက် ကောင်းချီးမင်္ဂလာ ဆက်လက်ရရှိပါစေ။

  ဇော်အောင် (မုံရွာ) 

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )