22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  
Sunday, September 2, 2012
Apple ကို လျော်ကြေးပေးလိုက်တယ်ဆိုတဲ့ အကြွေစေ့ ထိမှန်ခံရခြင်း)
တယောက်ယောက်က နောက်ပြောင်ပြီးရေးလိုက်တဲ့ အောက်ဖော်ပြပါ သတင်းကို တကယ်ထင်မှတ်သူ အများအပြား ရှိပါတယ် တဲ့။
ကဲ - ဖတ်ကြည့်ပါအုံး။
ဒဏ်ငွေလား … ယူပေါ့
ဒေါ်လာ ၅ ပြားစေ့တွေ အပြည့်တင်ထားတဲ့ ကုန်ကား အစည်း ၃၀ ကျော် မနေ့မနက်က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ ပန်းသီး (Apple) ကုမ္ပဏီ ဌာနချုပ်ရှေ့ကို ရောက်လာပါတယ်။
ကုမ္ပဏီရဲ့ လုံခြုံရေးဝန်ထမ်းတွေက ကုန်ကားတွေ နေရာမှာပြီး ရောက်လာတယ်ပေါ့။
သူတို့ထင်တာ မှားသွားပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ မိနစ်အနည်းငယ်အကြာမှာ ဆမ်ဆုန်င် (Sumsung) ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် (CEO) က ပန်းသီး CEO တင်မ် ကွတ်ခ် (Tim Cook) ကို ဖုန်းဆက်ပြီး အဲ့ဒီငွေတွေအကြောင်း ရှင်းပြတာကိုး။
“ဒီငွေတွေဟာ ကျုပ်တို့ကုမ္ပဏီက ခင်ဗျားတို့ကို ပေးရမယ့် ဒဏ်ငွေတွေပါ” တဲ့။
မူပိုင်ခွင့် ချိုးဖောက်တယ်ဆိုပြီး ဆမ်ဆုန်င် က ပန်းသီးကို လျော်ကြေးငွေ ဒေါ်လာ ၁.၀၅ ဘီလီယံပေးဖို့ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဟိုဆေးမြို့ (San Jose) ဖက်ဒရယ်တရားရုံး ဂျူရီလူကြီးတွေက မကြာသေးခင်ရက်ပိုင်းမှာ အမိန့်ချခဲ့တာပါ။
ဒါပေမယ့် ဒဏ်ငွေပေးဖို့ လက်မှတ်ထိုးရတဲ့ သဘောတူချက်ထဲမှာ ဘယ်လိုနည်းနဲ့ပေးရမလဲဆိုတာကို တိတိကျကျ သတ်မှတ် ထားတာမရှိတာမို့ ဆမ်ဆုန်င်အနေနဲ့ ပေးချင်တဲ့ပုံစံနဲ့ ပေးနိုင်တယ်လို့ သိရပါတယ်။
ဆမ်ဆုန်င်ဥက္ကဌ လီကွန်ဟီး (Lee Kun-hee) ကလည်း မီဒီယာတွေကို အခုလို ပြောပါသေးတယ်။
“သူတို့ဘာသာသူတို့ ဒီအကြွေစေ့တွေနဲ့ အချိုရည်ပဲ ဝယ်သောက်သောက်၊ အဲ့ဒီအကြွေစေ့တွေကို အရည်ကျိုပြီး ကွန်ပျူတာလုပ်လုပ် ကျနော်နဲ့မဆိုင်ဘူး။ ဥပဒေအတိုင်း ပေးစရာရှိတာကို ပေးပြီးပြီလေ။”
ဒေါ်လာ ၁.၀၅ ဘီလီယံအတွက် အကြွေစေ့စုစုပေါင်း ၂၀ ဘီလီယံကို သူ ဘယ်ကများ သွားရှာလာပါလိမ့်။
ကိုးကား။ http://en.paperblog.com/samsung-pays-apple-1-billion-sending-30-trucks-full-of-5-cents-coins-294795/
တကယ်တမ်းတော့ အဲဒါက တရားရုံး ဂျူရီလူကြီးတွေရဲ့ ဆုံးဖြတ်ချက်ပဲ ရှိပါသေးတယ်။
တရားသူကြီးရဲ့ ဆုံးဖြတ်ချက် မဟုတ်သေးပါဘူး။
တရားသူကြီးရဲ့ ဆုံးဖြတ်ချက်ထွက်လာရင် လျော်ကြေးပမာဏက ဒီထက် ပိုများသွားဖွယ်ရှိတယ်လို့ သိရပါတယ်။
သို့သော်လည်း နောက်ပြောင်ရေးလိုက်တဲ့ အထက်ပါ သတင်းကြောင့် တကယ်ပဲ ၅ ဆင့်တန် အကြွေစေ့တွေ ကားနဲ့တင်ပြီး သွားပေးတယ်လို့ ထင်နေသူတွေ မနည်းမနောပါပဲ။
ခုတလော နည်းပညာသတင်းဖတ်သူတွေအတွက်တော့ အရယ်ရဆုံးဖတ်စရာတပုဒ်ပေါ့။
ပျော်စေပျက်စေ ရေးသားသူများက ဧပြီ ၁ ရက်နေ့ရောက်အောင် မစောင့်နိုင်ကြဘူး ဆိုတာ ဒီဖြစ်ရပ်က သက်သေပြနေပါတော့တယ်။
Monday, April 30, 2012
ည၀တ်အင်္ကျီ
အဘွားအိုတစ်ဦးဟာ မင်္ဂလာဆောင်ပြီး မကြာသေးတဲ့ ချွေးမကို ကြည့်ဖို့ သားအိမ်ကို ရောက်သွားခဲ့တယ်။ လူခေါ်ဘဲလ်တီးပြီး တံခါးဖွင့်လာတော့ ဘာအ၀တ်အစားမှ ၀တ်မထားတဲ့ ချွေးမကို တွေ့လိုက်တယ်။ ချွေးမကို ကြည့်ပြီး အဘွားအိုက အလန့်တကြား မေးတယ်။
" ဒါ ဘာလုပ်တာလဲ"
"ယောက်ျားအပြန်ကို စောင့်နေတာလေ"
"ဘာမှ မ၀တ်ဘဲ စောင့်နေရသလား"
"ဒါကို ည၀တ်အိပ် အချစ်အင်္ကျီလို့ ခေါ်တယ်"
"လုံးဝ ၀တ်မထားတာကို ဘာ ည၀တ်အင်္ကျီလို့ ခေါ်တာလဲ"
"ဒါပေမယ့် ကျွန်မ ယောက်ျားက ဒီည၀တ်အင်္ကျီကို ကြိုက်တယ်ရှင့်"
ချွေးမကို ဘာမှ ဆက်မပြောတော့ဘဲ အဘွားအို လှည့်ပြန်လာခဲ့တယ်။
အိမ်ရောက်တာနဲ့ အဘွားအိုဟာ ရေမိုးချိုး၊ အမွှေးအကြိုင်တွေ ဆွတ်ပြီး ဘာအ၀တ်အစားမှ မ၀တ်ဘဲ တံခါးဝမှာ သွားရပ်နေခဲ့တယ်။
တအောင့်ကြာတော့ အဘိုးအို ပြန်ရောက်လာတယ်။ အ၀တ်ဗလာနဲ့ ရပ်နေတဲ့ အဘွားအိုကို မြင်တော့ လန့်ပြီး "ဒါ ဘာလုပ်တာလဲ" လို့ အော်လိုက်တယ်။
"ဒါ ည၀တ် အချစ်အင်္ကျီလေ" လို့ ပြန်ဖြေလိုက်တော့ အဘိုးအိုက " ဟာ မင်းည၀တ်အင်္ကျီကလည်း မီးပူထိုးသင့်နေပြီ။ ကြည့်စမ်း ဟိုကြယ်သီးနှစ်လုံးကလဲ ပြုတ်ထွက်တော့မယ်" လို့ ပြန်ပြောလိုက်သတဲ့။
Sunday, January 15, 2012
ရိုးရိုးတွေးးးးးးးးးးးဟာသဆိုပါတော့
တစ်ခါက ပန်းခြံတစ်ခုမှာ ယောက်ျားရုပ်တုနဲ့ မိန်းမရုပ်တု နှစ်ခုရှိသတဲ့။
ရုပ်တုနှစ်တုကို မျက်နှာချင်းဆိုင် တည်ထားတာ နှစ်ပေါင်းမနည်းတော့ပါဘူး။
တစ်နေ့မှာ အချစ်နတ်သား မြှားနတ်မောင်ဟာ ရုပ်တုနှစ်ခုကို တွေ့သွားပြီး ]]
မင်းတို့နှစ်ယောက် မျက်နှာချင်းဆိုင်ပြီး ငေးမောကြည့်နေရတာ နှစ်ပေါင်းမနည်းတော့ဘူး။
မင်းတို့ကို သနားလို့ ဒီနေ့တော့ မင်းတို့နှစ်ယောက်ကို ၁၅မိနစ်လောက် ငါအသက်သွင်းပေးလိုက်မယ်။ ကြိုက်တာ လုပ်တော့..... }}
လို့ ပြောပြီး လူအဖြစ် အသက်သွင်းပေးလိုက်တယ်။
အသက်ဝင်သွားတဲ့ ရုပ်တုနှစ်ခုဟာ နှစ်ပေါင်းများစွာ ရပ်နေရတဲ့ အမြင့်ကနေ ၀မ်းသာအားရ ခုန်ချပြီး ချုံတစ်ခုထဲ ပြေးဝင်သွားကြတယ်။
၁၀မိနစ်အကြာမှ ချုံထဲက ပြန်ထွက်လာတဲ့ သူတို့နှစ်ယောက်ကို မြှားနတ်မောင်က ]] အချိန်၅မိနစ် ကျန်သေးတယ်.. ကြိုက်တာ လုပ်ကြဦး}} လို့ ပြောတော့ နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ပြုံးကြည့်ပြီး ချုံထဲ နောက်တစ်ကြိမ် ပြန်ပြေးဝင်သွားကြတယ်။
ဒီတစ်ခါတော့ ချုံထဲကနေ မိန်းကလေးအသံကို ကြားလိုက်ရတယ်။ မိန်းကလေး ပြောလိုက်တာက....
]]ကဲ... ဒီတစ်ခါ ရှင့်အလှည့်.. ခိုကို ကျွန်မချုပ်ထားပေးမယ်။ ခိုခေါင်းပေါ် ရှင်မစင်စွန့်ချလိုက်တော့}} ..တစ်ညိုးးးးးးးးတွေးရဘူးးးးးးးးးနော်
သယ်ချင်းများရဲ့အပြုံးးးးးးးးးးးးးးလေးတွေကို.....တွေ့ပါရစေ.....ဗျို့
Thursday, December 15, 2011
နောက်ဆုံး ဟာသကြိုက်သူများ
သက်သေပြမလို့..
စုတ်ပြတ်နုံချာလှသော အ၀တ်အစားများ ၀တ်ဆင်ထားသူတစ်ဦးသည် လမ်းသွားလမ်းလာများထံမှ
တောင်းရမ်းလျှက်ရှိသည်။
ထိုနေရာသို့ သားနားသပ်ရပ်စွာ ၀တ်ဆင်ထားသော လူတစ်ဦးလမ်းလျှောက်လာရာ.....
"အကိုကြီးရယ်.. ကျွန်တော့်မှာစားစရာမရှိလို့ စေတနာရှိသလောက်လေး မစပါခင်ဗျာ"
"မပေးးနိုင်ပါဘူး။ မင်းကို ငွေပေးလိုက်ရင် မင်းဖဲရိုက်လို့ ကုန်သွားမှာပေါ့"
"ကျွန်တော်လောင်းကစား မလုပ်ပါဘူး"
"အရက်သောက်ပစ်မှာပေါ့"
"အရက်လည်းမသောက်တတ်ပါဘူး"
"ဒါဆို မင်းမကောင်းတဲ့မိန်းမတွေဆီ သွားမှာပေါ့"
"ကျွန်တော် အပျော်အပါးလည်း မလိုက်ပါဘူး"
"ok ဒါဆို မင်းကို ငွေ(၅၀၀၀)ပေးမယ်။ မင်းငါ့အိမ်ခဏလိုက်ခဲ့။ အပျော်အပါး အသောက်အစားနဲ့ လောင်းကစား
မလုပ်တဲ့ ယောင်္ကျားတွေ ဘယ်လိုဘ၀ရောက်နေတယ်ဆိုတာ ငါ့မိန်းမကိုပြရမယ်"
သူကစဉ်းစားနေတာ.....
မာဖီးယား ခေါင်းဆောင် က ပြောသည် ။
" ရော့  ဟောဒီ အတာချီကေ့စ် ကို ယူသွား ၊ အထဲ မှာ ဒေါ်လာ တစ်သန်း ပါတယ် ၊
ကျုပ် ကို ထောင်ဒဏ် တစ်နှစ် ပဲ ချဖို့ တရားသူကြီး ကို စည်းရုံးပါ ။ "
" ကျွန်တော် စဉ်းစား ပါရစေ "
" ဘာမှ စဉ်းစား မနေနဲ့ ၊ ခင်ဗျား စဉ်းစားတာ ကျုပ် စိတ်မ၀င်စားဘူး ၊ ပိုက်ဆံ ယူပြီး ကျုပ် ခိုင်းတာလုပ် ၊ ဒါပဲ "
တရားရုံး မှာ ပရိသတ်တွေ အတော် များများ ရောက်နေကြသည် ။ တရားသူကြီး က စီရင်ချက် ကို ဖတ်ကြားသည် ။
" ထောင်ဒဏ် တစ်နှစ် ကျ ခံ စေ "
" မှန်မှန် ပြောစမ်းပါ ။ ထောင်ဒဏ် တစ်နှစ် ပဲ ပေးဖို့ တရားသူကြီး ကို သိမ်းသွင်း ရတာ အတော် ခက်သလား "
" ခက်တာတော့ မပြောနဲ့ တော့ ။ သူ က ခင်ဗျား ကို ကွင်းလုံးကျွတ် လွှတ်မလို့ စဉ်းစားထားတာ.....
နောက်ဆိုမှတ်ထား
ပီတာလေးသည် သူငယ်ချင်းနှင့်အတူလမ်းလျှောက်လာသည်။တစ်နေရာအရောက်တွင်မြောင်းပေါက်တစ်ခု
တွေ့ရာ သူငယ်ချင်းကိုအကောက်ကြံလိုသဖြင့်
 ''မိုးပေါ်ကို ကြည့်လိုက်စမ်း မိကျောင်းတွေ ပျံနေတယ်''
သူငယ်ချင်းကမော့ကြည့်သည်၊ကံကောင်းစွာ မြောင်းပေါက်ထဲမကျချေ၊နှစ်ယောက်သားလမ်းဆက်လျှောက်
သွားကြသည်။ အနောက်မှ မြောင်းရေတွေပေကျံနေသော လူကြီးတစ်ယောက်လိုက်လာပြီးပြောသည်
''ကလေးတို့ နောက်ဆိုမှတ်ထား မိကျောင်းတွေဟာ ဘယ်တော့မှလေပေါ်မှာ မပျံတတ်ဘူး''
လက်ဖြန့်လို့မဖြစ်ဘူး….
ပထမဆုံးကလေးအား မွေးဖွားရက်နီးကပ်လာသဖြင့် ဂျော်နီအမည်ရှိ ဖခင်တစ်ဦးက
ဗေဒင်ဆရာထံသွားမေးလေသည်။
ဂျော်နီ။         ။ မွေးလာမယ့်ကလေးရဲ့ ဇာတာကိုသိချင်လို့ပါ။
ဗေဒင်ဆရာ။           ။ ယောက်ျားလေးမွေးမယ်၊ လက်သီးဆုပ်ပြီးမွေးလာရင် သူခိုးဖြစ်မယ်။
လက်ဖြန့်ပြီးမွေးလာရင် ပညာရှိဖြစ်မယ်။
ဂျော်နီ။            ။ ဟုတ်ကဲ့ ဟုပြောပြီးပြန်လာသည်။
ရက်အနည်းငယ်အတွင်း ဇနီးဖြစ်သူကသားဦးမွေးသဖြင့် သူနာပြုဆရာမက ကလေးငယ်ကိုပွေ့ချီပြီး
အပြင်ဘက်ထုတ်လာရာ-
သူနာပြု။      ။ ကဲ..အဖေဖြစ်သူ ကလေးကြည့်လို့ရပြီ။
အလျင်အမြန် ကလေးငယ်ကိုကြည့်လိုက်ရာ လက်သီးဆုပ်လျက် အနေအထားတွေ့ရသဖြင့်-
ဂျော်နီ။            ။ သား…လက်ဖြန့်လိုက်
သားငယ်။            ။ လက်ဖြန့်လို့မဖြစ်ဘူး….သားလက်ထဲမှာ ဆရာမလက်စွပ်ရှိတယ်..
....ကဲ့
နောက်ဆုံးပေါ်အိမ်သားသုံးစက္ကူ
ကမ္ဘာ့အကောင်းဆုံး အိမ်သားသုံးစက္ကူ ပြိုင်ပွဲကျင်းပသည်။ အမေရိကန်
ကိုယ်စားလှယ်က ခလုတ်ကို နှိပ်လိုက်သည်။ စက္ကူလိပ် အလိုအလျောက် လည်လာပြီး
လိုသလောက် ဖြတ်ပေးသည်။ ပရိသတ်အားလုံး အံ့သြတကြီး လက်ခုပ်တီး
သြဘာပေးကြသည်။
ပြင်သစ်ကိုယ်စားလှယ် မိမိနိုင်ငံထုတ်စက္ကူကို ပြသည်။ စက္ကူသည် Channel No.5
ရေမွှေးကဲ့သို့ သင်းပျံ့ထုံကြိုင်နေသည်။ ပရိသတ်များ အလုအယက် နမူနာ
တောင်းကြသည်။
ဂျပန်နိုင်ငံမှ ကိုယ်စားလှယ် စင်မြင့်ပေါ်မှ ဆင်းလာပြီး အကဲဖြတ်
ဒိုင်လူကြီးများကို ဆေးပြားတစ်ပြားစီ ပေးသည်။ ဒိုင်လူကြီးများ နေရာမှထသွားကြသည်။
"ဘယ်လိုလဲ၊ ဘယ်နှယ့်လဲဟင်"
"ထုပ်ပိုးပြီးသား အိတ်ကလေးနဲ့ ပြန်ထွက်လာတယ်။ အံ့ရော" ပုဇွန်မျက်လုံးပြူးရခြင်းအကြောင်းရင်း
ဆရာမ။    ။ ကလေးတို့ရေ။ ငါးဖယ်ဘာကြောင့် ပြားသလဲ သိကြလား။
ပီတာ။      ။ ဝေလငါးနဲ့အိပ်လို့ပါ။
ထိုအခါဆရာမက စိတ်ဆိုးပြီး ပီတာလေးကို အပြင်သို့ထွက်သွားခိုင်းလေသည်။
ထို့နောက် အတန်းကိုနောက်ထပ်မေးခွန်းတစ်ခုမေးလေသည်။
ဆရာမ။    ။ ကလေးတို့ရေ။ ပုဇွန်ဘာကြောင့်မျက်လုံးပြူးသလဲ။
အတန်းတံခါးဝမှ ပီတာလေးက ထပ်ဖြေလိုက်ပြန်သည်။
ပီတာ။      ။ ဝေလငါးနဲ့ငါးဖယ်နဲ့အိပ်တာကိုတွေ့သွားလို့ပါ။
 "လွဲပြန်ပြီ"
မိုက်ကယ်နှင့်..ဘာသာရေးဆရာတို့နှစ်ဦးဂေါက်ရိုက်နေကြသည် ။ကျင်းစိမ်တာလွဲသွားတိုင်း ..
မိုက်ကယ်က xxxxxxx ဟုဆဲနေသည်..
ဘာသာရေးဆ၇ာက.."ချစ်သား..မဆဲနဲ့မင်းကိုဘုရားသခင်ဒဏ်ခတ်လိမ့်မယ်.".ဟုဆုံးမသည်
။ခဏပဲနေသည်ပြီးရင်းဆဲမြဲအတိုင်းဆဲသည်  ။
ဘာသာရေးဆရာကဆုံးမပြန်သည်...သည်လိုနှင့်.သုံးခါမြောက်ဆဲပြီးသောအခါ..ကောင်းကင်တံခါးကြီးပွင့်လာပြီး..
ဘာသာရေးဆ၇ာကိုမိုးကြိုးပစ်ချလိုက်သည်...
ကောင်းကင်မှ.အသံကြီးထွက်လာသည်...."ဟာကွာတောက် xxxxxxxxxx ဒိတစ်ခါလဲလွဲပြန်ပြီ"ဟူသတည်း..။
မူလအတိုင်း
အသက်တော်တော်ကြီးနေပြီဖြစ်တဲ့ အပျိုကြီးတစ်ယောက်ရှိပါတယ်။
 တနေ့မှာတော့ သူမက သုဘရာဇာဆီမှာအခေါင်းသွားအပ်ပါတယ်။
သေရင်အဆင်သင့် ဖြစ်အောင်လို့ပါ။
သူမက သုဘရာဇာကို ပြောပါတယ် "ကျွန်မကဒီနေ့အထိအပျိုစင်တစ်ယောက်ဖြစ်ပါတယ်၊
ဒါကြောင့်ကျမသေတဲ့အခါ  အားလုံးသိအောင် အခေါင်းဘေးမှာ အပျိုစင်ဖြစ်ကြောင်း
ရေးပေးပါ"လို့ပြောပြီး အခေါင်းအပ်သွားခဲ့ပါတယ်။
မကြာခင်မှာပဲ သူမသေသွားပါတယ်။
သုဘရာဇာကတော့ ဘယ်လိုရေးပေးရမလဲဆိုတာကို စဉ်းစားလို့မရတဲအဆုံး ဒီလိုရေးပေးလိုက်ပါတယ်
" မူလအတိုင်းအသုံးမပြုပဲပြန်ပို့လိုက်သည်"
မပြီးသေးလို့ပါ
တစ်ခါက မြွေ၊ ပုရွက်ဆိတ်၊ ပင့်ကူနဲ့ ကင်းခြေများတို့ဟာ ဖဲအတူရိုက်ကြသတဲ့။ ဖဲရိုက်ရင်း
တအောင့်ကြာတော့ ဆေးလိပ်ကုန်သွားလို့ သွားဝယ်ဖို့ တိုင်ပင်ကြတယ်။
မြွေ...... ငါ့မှာ ခြေမရှိဘူး။ ပုရွတ်ဆိတ်ကို သွားဝယ်ခိုင်းလိုက်
ပုရွတ်ဆိတ်...... ပင့်ကူမှာ ခြေ၈ချောင်းရှိတယ်။ ငါ့ထက်များတယ်.. သူ့ကိုသွားခိုင်းလိုက်...
ပင့်ကူ..... ငါ့မှာ ခြေများတယ်ဆိုပေမယ့် အကိုကြီးကင်းလောက်တော့ မများဘူး။ သူ့ကိုသွားခိုင်းလိုက်..
တစ်ယောက်တစ်ပေါက် ပြောဆိုကြတော့ ကင်းခြေက စိတ်မသက်မသာနဲ့....
"မတတ်နိုင်ဘူး။ ငါက ခြေထောက်ပိုများတော့ ငါပဲသွားပါ့မယ်ကွာ... " ဆိုပြီး ဆေးလိပ်ဝယ်ဖို့ ထွက်သွားခဲ့တယ်။
ကျန်တဲ့အကောင်တွေက စောင့်ရင်း တစ်နာရီကြာတဲ့အထိ ကင်းက ပြန်မလာသေးဘူး။ ဆက်စောင့်ကြရင်း
နှစ်နာရီကြာတဲ့အထိ ပြန်မလာတော့ ကျန်အကောင်တွေက စိတ်ပူပြီး ပင့်ကူကို လိုက်ကြည့်ခိုင်းလိုက်တယ်။
လိုက်ကြည့်ဖို့ ပင့်ကူတံခါးဖွင့်လိုက်တော့ တံခါးဝမှာ ထိုင်နေတဲ့ ကင်းခြေကို တွေ့လိုက်တယ်။
ပင့်ကူက ဒေါသတကြီး "မင်း ကြာလှချည်လား? အားလုံး မင်းကို စောင့်နေတာ
မင်းက ဒီမှာဘာထိုင်လုပ်နေတာလဲ" လို့ အော်တော့ ကင်းခြေ ပြန်ဖြေလိုက်တာက
"ဆေးလိပ်သွားဝယ်ဖို့ ငါဖိနပ်စီးနေတာ မပြီးသေးဘူးကွ" ဟူတည်း။
အကြံပိုင်ချက်
အမေရိကန် အာကာသစခန်းတစ်နေရာမှာ ဖြစ်ပါတယ်။ ဗီနပ်ဂြိုလ်ဆီသွားကြမယ့် လူတွေကို လူတွေ့စစ်ဆေးခဲ့ကြတယ်။
ဗီနပ်ဂြိုလ်သွားမယ့်လူက တစ်ယောက်ထဲဖြစ်ပြီး သွားပြီးနောက် ကမ္ဘာမြေဆီပြန်လာလို့ မရတော့ပါဘူး။
ပထမဦးဆုံး အမေရိကန်က အင်ဂျင်နီယာတစ်ဦးကို လူတွေ့စစ်ဆေးခဲ့တယ်။ လိုချင်တဲ့ ဆုကြေးငွေမေးတဲ့အချိန်မှာ
သူက"ဒေါ်လာ၁ဝသိန်း လိုချင်ပါတယ်။ ဒီငွေတွေကို ကျွန်တော်ရဲ့ မိခင်ကျောင်းအတွက် ကျွန်တော်လှူဒါန်းခဲ့ပါမယ်"
ဒုတိယတစ်ယောက်က အင်္ဂလန်က ဆရာဝန်ဖြစ်တယ်။
"ဒေါ်လာ သိန်း၂ဝ လိုချင်ပါတယ်။ တစ်ဝက်ကို ကျွန်တော့်မိသားစုအတွက် ချန်ထားပြီး တစ်ဝက်ကို ဆေးတက္ကသိုလ်
အတွက်လှူခဲ့ချင်ပါတယ်"
တတိယတစ်ယောက်က xxxx နိုင်ငံက ကျောင်းသားဖြစ်ပါတယ်။
"ဒေါ်လာ သိန်း ၃ဝလိုချင်ပါတယ်"
တစ်ခြားလူထက် ပိုယူတဲ့ကျောင်းသားကို တွေ့ဆုံသူတွေက ဘာကြောင့်ပိုယူသလဲလို့ မေးတော့ ကျောင်းသားက
"ကျွန်တော့်ကို သိန်း၃ဝပေးခဲ့ရင် ခင်ဗျားကို ၁ဝသိန်းပေးမယ်၊ ကျွန်တော် ၁ဝသိန်းယူမယ်။ ကျန် ၁ဝသိန်းကို
အမေရိကန် အင်ဂျင်နီယာကိုပေးပြီး ဂြိုလ်ပေါ်တက်ခိုင်းလိုက်မယ်"
သေသွားတဲ့ လူသုံးယောက် ကို ယမမင်းက ဘယ်လိုသေခဲ့ကြသလဲလို့ မေးတယ်။
ပထမတစ်ယောက်
အဲဒီနေ့က ကျွန်တော်အိပ်ရာထနောက်ကျလို့ အဝတ်အစား သပ်သပ်ရပ်ရပ် မဝတ်သေးဘဲ
ကပျာကယာ အိမ်ပေါ်ထပ်ကပြေးဆင်းခဲ့တယ်။ တက္ကစီတစ်စီး လှမ်းတားလိုက်ချိန် အပေါ်ထပ်ကနေ
အဝတ်ဘီရိုတစ်လုံး ပြုတ်ကျလာတယ်။ အဲဒီမှာကျွန်တော်သေသွားခဲ့တယ်။
ဒုတိယတစ်ယောက်
အဲဒီနေ့က ကျွန်တော်ခရီးကနေ အချိန်စောပြီးပြန်လာခဲ့တယ်။ ကျွန်တော်ပြန်လာတာကို
အံ့သြဝမ်းသာအောင်ဆိုပြီး ကျွန်တော့်မိန်းမကို ကျွန်တော်ကြိုမပြောခဲ့ဘူး။ အိမ်ရောက်တော့ အိပ်ခန်းထဲကနေ
ယောက်ျားအသံတစ်သံကြားလို့ အခန်းထဲ ကျွန်တော်ပြေးဝင်သွားတယ်။ ပြတင်းပေါက်ကနေ အပြင်ကိုလှမ်းကြည့်
တော့ အဝတ်အစား မသပ်မရပ်နဲ့ ယောက်ျားတစ်ယောက်ကို ကျွန်တော် လှမ်းမြင်လိုက်တယ်။ ကျွန်တော်လည်း
စိတ်တိုတိုနဲ့ အဝတ်ဘီရိုယူပြီး အဲဒီလူပေါ် ပစ်ချလိုက်တယ်။ ပြီးတော့ ကိုယ့်ကိုယ်ကို သေကြောင်းကြံလိုက်တယ်။
တတိယတစ်ယောက်
ကျွန်တော်က အပြစ်မဲ့ပါ။ အသစ်တွေ့တဲ့ ကောင်မလေးနဲ့ ကျွန်တော်ကြည်နူးနေတုန်း
သူ့ယောက်ျား ပြန်ရောက်လာခဲ့တယ်။ ရုတ်တရက်မို့ ကြံရာမရတာနဲ့ အဝတ်ဘီရိုထဲ ကျွန်တော်ဝင်ပုန်းနေခဲ့တယ်။
အဲဒီမှာ "ဝုန်း" ဆိုတဲ့အသံနဲ့အတူ ကျွန်တော်သေသွားခဲ့တာပါပဲ။
ဒီညတော့ အိပ်ရတော့မယ်
ခရီးသည်တင်လေယာဉ်တစ်စီးတွင် အလွန်ကို ထုံအလွန်းသော ချူချာနှစ်ယောက် လိုက်ပါလာသည်။
ထိုစဉ်လေယာဉ်မယ်က 'လေယာဉ်အင်ဂျင်တစ်လုံး ပျက်သွားပါတယ်။ ဒါပေမယ့် ကျန်တဲ့သုံးလုံးနဲ့
ဆက်လက်ပြီး သွားနိုင်ပါတယ်။ ဒါပေမယ့် ခရီးစဉ်အဆုံးကို တစ်နာရီ နောက်ကျပြီးမှ ရောက်ပါမယ်။
မစိုးရိမ်ကြပါနဲ့' ဟု ကြေညာလေသည်။
နောက်နာရီဝက်ခန့်အကြာတွင် လေယာဉ်မယ်က 'နောက်ထပ်အင်ဂျင်တစ်လုံး ပျက်သွားပြန်ပါတယ်။
ကျန်သေးတဲ့အင်ဂျင်နှစ်လုံးနဲ့ ဆက်လက်သွားနေပါတယ်။ ခရီးစဉ်အဆုံးကိုတော့ နောက်ထပ် သုံးနာရီကြာမှ
ရောက်ပါမယ်။ မစိုးရိမ်ပါနဲ့'ဟု ထပ်မံ ကြေညာလေသည်။
နောက်တစ်နာရီခန့် အကြာတွင် လေယာဉ်မယ်က 'ကျန်တဲ့ အင်ဂျင်နှစ်လုံးပါ ပျက်စီးသွားပါပြီ'
ဟုကြေညာလေသည်။ ထိုအခါ ချူချာတစ်ယောက်က နောက်ထပ်ချူချာကို ပြောလိုက်ပုံက 'သေချာပြီ။
အဲဒါဆို ဒီညတော့လေယာဉ်ပျံပေါ်မှာပဲ အိပ်ရတော့မယ်'
ရွှေချထားရမည့် အကြံ
အလုပ်ဝင်စ ရဲတပ်သားအသစ်ကလေးနှစ်ယောက် လှည့်ကင်းတာဝန်ကျသည်။ ပတ္တရောင်လှည့်ရာက
မြို့တွင်းတစ်နေရာမှ လက်ပစ်ဗုံးသုံးလုံးကို ရှာဖွေတွေ့ရှိသည်။
လက်နက်ပုန်း လက်ပစ်ဗုံးများကို အပ်နှံရန် ရဲစခန်းသို့ ပြန်အလာ တစ်ယောက်က စိုးရိမ်တကြီး မေးသည်။
"တို့ အခု သိမ်းလာတဲ့ လက်ပစ်ဗုံးတွေထဲက တစ်လုံးလုံး ထပေါက်ရင်တော့ ဒုက္ခပဲကွာ၊ ဘယ်လိုလုပ်ကြမလဲ"
တစ်ယောက်ကတော့ အေးဆေးပဲ။ စိုးရိမ်ကြီးနေသူကို ခုလို အားပေးနှစ်သိမ့်လိုက်လေသည်။
"ဒီလောက်လဲ မစိုးရိမ်ပါနဲ့ကွာ၊ ထပေါက်တော့လည်း ဘာဖြစ်လဲ၊ စခန်းရောက်တဲ့အခါ လက်ပစ်ဗုံးနှစ်လုံးတည်း
တွေ့ခဲ့တယ်လို့ အစီရင်ခံလိုက်ရုံပေါ့"
စိတ်ထားတတ်ရင် မြတ်တယ်
တခါက ကက်သလစ်ဘာသာဝင်တွေနေတဲ့ ရွာတစ်ရွာကို
ဂျူးလူမျိုးတစ်ယောက်ပြောင်းလာပါသတဲ့။ သူက ကက်သလစ်တွေရဲ့
ဘုရားရှိခိုးကျောင်းနားမှာ အိမ်ဆောက်ပြီးနေတယ်။ အဲဒီမှာ
သောကြာနေ့ရောက်လာတော့ ကက်သလစ်တွေရဲ့ ဘုရားရှိခိုးပွဲရှိပါတယ်တဲ့။
ကက်သလစ်တွေက ဘုရားကျောင်းထဲမှာ ဘုရားရှိခိုးနေကြတဲ့အချိန်မှာ
အဲဒီဂျူးလူမျိုးရဲ့ နေအိမ်ထဲကနေပြီးတော့ အမဲသားကြော်နံ့က
စူးစူးဝါးဝါးထွက်လာတယ်တဲ့။ ကက်သလစ်ဘာသာဝင်တွေလည်း စိတ်အနှောင့်အယှက်
ဖြစ်ကြတာပေါ့။ ဘာလို့လည်းဆိုတော့ ကက်သလစ်တွေက သောကြာနေ့တိုင်း
ဘုရားရှိခိုး ၊ အမဲသားမစားပဲ ငါးကိုစားကြတာကိုး။ သူတို့ရဲ့
ဥပုသ်ရက်လို့ခေါ်ရမလားပဲ။
အဲလို ဂျူးလူမျိုးရဲ့ အိမ်ထဲကထွက်လာတဲ့ အမဲသားကြော်နံ့က
သူတို့ဘာသာရေးနေ့မှာ အနှောင့်အယှက်တစ်ခုလို ဖြစ်နေတော့တာပေါ့။ အဲဒီတော့
ကက်သလစ်တွေက ဂျူးလူမျိုးကို သူတို့ကက်သလစ်ဘာသာဝင်ဖို့
စည်းရုံးရအောင်ဆိုပြီး တိုင်ပင်ကြတယ်။ ပြီးတော့
ဂျူးလူမျိုးကြီးဆီသွားပြီးတော့ တိုက်တွန်းကြတယ်။ သူတို့ဘာသာကို
ဝင်ပါဆိုပြီးတော့ပေါ့။
ပထမတော့ ဂျူးကြီးကငြင်းပါသေးတယ်။ နောက်တော့ ရွာခံလူထုရဲ့ဆန္ဒကို
လွန်ဆန်နေလို့ သူ့အတွက် အကျိုးမရှိနိုင်ဘူးဆိုတာ သဘောပေါက်သွားပုံရပါတယ်။
ကက်သလစ်ဘာသာဝင်ဖို့ လက်ခံလိုက်တယ်။
အဲလိုနဲ့ သူ့ကို ကက်သလစ်ဘာသာထဲသွတ်သွင်းတဲ့ အခမ်းအနားကို
ကျင်းပမယ့်ရက်ရောက်လာပါရော။ ခေါင်းကိုင်ဘုန်းကြီးက သူ့ကိုပြောတယ်။
`ငါ့သား… ငါ့သားဟာ ဂျူးအဖြစ်နဲ့မွေးတယ်။ ဂျူးအဖြစ်နဲ့ ကြီးလာတယ်။ ကဲ … ခု
ငါ့သားဟာ ကက်သလစ်ဖြစ်ပြီ´
အဲလိုသွတ်သွင်းပြီးတော့ သူ့ကို ဘုန်းကြီးက သူတို့ကက်သလစ်တွေဟာ
သောကြာနေ့တိုင်း အမဲသားရှောင်ပြီးတော့ ငါးကိုပဲစားကြကြောင်း
အထူးသတိပေးရှင်းပြတယ်။ ဂျူးလည်း ဘုန်းကြီးရှင်းပြတာကို
ခေါင်းလေးတညိတ်ညိတ်နဲ့ နားထောင်ပြီးတော့ပြန်သွားရှာတယ်။
အဲလိုနဲ့ နောက်တစ်ပတ် သောကြာနေ့ကို ရောက်လာပြန်ရောတဲ့။ ကက်သလစ်တွေလည်း
ဒီတစ်ခါတော့ အေးအေးဆေးဆေး ၀တ်ပြုလို့ရပြီဆိုပြီး စိတ်ချမ်းသာနေကြတာပေါ့။
သိပ်မကြာပါဘူး။ ဂျူးအိမ်ထဲက အရင်လိုပဲ အမဲသားကြော်နံ့က
ထောင်းခနဲထွက်လာပြန်ရောတဲ့။ အဲဒါနဲ့ ရွာသားတွေရော ၊ ဘုန်းကြီးရော
ဂျူးရဲ့အိမ်ဘက်ကို ထွက်လာကြတာပေါ့။ ဂျူးကို တားမြစ်ဖို့လေ။ ဒါပေမယ့်
သူတို့ မအောင်မြင်လိုက်ပါဘူး။ ဘာလို့လည်းဆိုတော့ ဂျူးက အမဲသားကြော်ကို
ဒယ်အိုးပေါ်မှာ အပြန်ပြန် အလှန်လှန် ယောင်းမနဲ့မွှေပြီးတော့ အော်နေတာကိုး။
`မင်းဟာ နွားအဖြစ်နဲ့မွေးတယ် နွားအဖြစ်နဲ့ကြီးလာတယ် ကဲ… ခု မင်းငါးဖြစ်ပြီ´     
တစ်ခါက
လင်မယား နှစ်ယောက်သည် ငါးမျှားလို့ရသော အပန်းဖြေစခန်းတစ်ခုကို
အားလပ်ရက်ခရီးထွက်ခဲ့ကြသည်။ ယောင်္ကျားက ငါးမျှားလျှင် ခဏတဖြုတ်
ပဲမျှားချင်၏် ။ မိန်းမကတော့ စာဖတ်ဝါသနာ ပါလေသည်။ တစ်ရက်သောမနက်ခင်းမှာ
အချိန် အကြာကြီး ငါးမျှားရာမှ ပြန်လာသော ယောင်္ကျားက တရေးတမောအိပ်ရန်
ဆုံးဖြတ်လိုက်သည် ။ မိန်းမ ကတော့ စာဖတ်မည်ဟု စိတ်ကူး၍ ရေကန်ထဲတွင်
လှေထုတ်လှော်သည်။ ဟိုနားဒီနား လှေလှော် ကြည့်ရင်း ပျင်းလာသောအခါ
စာအုပ်ထုတ် ၍ စာဖတ်နေလိုက်သည် ။
ထိုအခါ တာဝန်ရှိသူအရာရှိတစ်ယောက် မော်တော်ဘုတ်ဖြင့် ရောက်လာသည် ။
လှေအနား ကပ်လာကာ ဒီလိုစမေးလေသည် ........
"မင်္ဂလာမနက်ခင်းပါ မိန်းကလေး၊ မင်းဒီမှာဘာ လုပ်နေတာ လဲ"
မိန်းကလေးက...
"စာအုပ် ဖတ်နေ ပါတယ်" ဟုပြန်ဖြေရင်း ဒီလူ မျက်စိကန်းနေတာလားဟု တွေးလိုက်သည်။
"ဒီနေရာမှာ ငါးမျှားခွင့် မရှိဘူး မိန်းကလေး" "ဒီနေရာဟာ ကန့်သတ်နယ်မြေ"
"ကျမ ငါးမမျှားပါဘူး အရာရှိကြီးရယ် ..စာဖတ်နေတာ ရှင်မမြင်ဘူးလား"
"မင်းရဲ့ လှေပေါ်မှာ ငါးမျှားတံတွေနဲ့ ငါးမျှားတဲ့ ပစ္စည်းကရိယာ အစုံအလင်ပါနေတယ်"
"………"
"မင်းကို ဒါဏ်ငွေရိုက် အရေးယူရလိမ့်မယ် မိန်းကလေး"
"ရှင်က ငါးမျှားတံတွေနဲ့ ငါးမျှားတဲ့ ပစ္စည်းကရိယာ အစုံအလင်ပါနေလို့
ကျမကို ဒါဏ်ငွေရိုက်မယ်ဆိုရင် ရှင့်ကိုလဲ မုဒိမ်းမှု နဲ့တရားပြန်စွဲ
ရလိမ့်မယ်" ဟု မိန်းကလေးက ပက်ခနဲ ပြန်ပြောလိုက်သည် ။
" ဟာ…ငါမင်းကို လက်ဖျားနဲ့တောင် မထိဘူးနော်"အရာရှိက ကြောက်လှန့်တကြား ပြောလိုက်၏။
"မှန်ပါတယ် ၊ ဒါပေမဲ့ ရှင့်မှာလည်း ပစ္စည်းကရိယာ အစုံအလင်ပါနေတာပဲမဟုတ်လား" ပာုပြောလိုက်လေသည်......
နိုင်ငံတကာ အမျိုးသမီး ညီလာခံတစ်ခု ကျင်းပသည်။
ကမ္ဘာအရပ်ရပ်မှ အမျိုးသမီးအများအပြား တက်ရောက်ကြသည်။
အမေရိကန် အမျိုးသမီးတစ်ယောက်က သူ့အတွေ့အကြုံကိုပြောပြသည်။
"ကျွန်မ ယောက်ျားနဲ့ လက်ထပ်တဲ့နေ့မှာပဲ သူ့ကို ပြောလိုက်တယ်။ ကျွန်မ
သန့်ရှင်းရေး မလုပ်နိုင်ဘူး၊ အိမ်မရှင်းနိုင်ဘူးလို့။ အဲ့ဒီနောက် သူ့ကို
တစ်ရက် နှစ်ရက် မမြင်ရဘူး။ သုံးရက်မြောက်နေ့မှ သူပုံးတစ်ပုံးနဲ့
ပြန်ရောက်လာတယ်။ ပုံးထဲမှာ စက်ရုပ်တစ်ရုပ်၊ အဲ့ဒီ စက်ရုပ်က သန့်ရှင်းရေး
လုပ်ပေးတယ်။ အိမ်ရှင်းပေးတယ်"
အင်္ဂလိပ် အမျိုးသမီး အလှည့်ရောက်လာသည်။
"ကျွန်မလည်း ယောက်ျားနဲ့ လက်ထပ်တဲ့နေ့မှာ ပြောလိုက်တယ်။ ကျွန်မ ထမင်း
မချက်နိုင်ဘူး၊ ပန်းကန်လည်း မဆေးနိုင်ဘူးလို့။ တစ်ရက် နှစ်ရက် မမြင်ရဘူး။
သုံးရက်မြောက်နေ့မှ သေတ္တာတစ်လုံးနဲ့ ပြန်ရောက်လာတယ်။ သေတ္တာထဲမှာ
စက်ရုပ်တစ်ရုပ်၊ အဲ့ဒီ စက်ရုပ်က ထမင်းချက်ပေးတယ်၊ ပန်းကန်ဆေးပေးတယ်။
မြန်မာအမျိုးသမီး အလှည့်သို့ ရောက်လာရာ ...
"ကျွန်မလည်း ယောက်ျားနဲ့ လက်ထပ်တဲ့နေ့မှာ ပြောလိုက်တယ်။ ကျွန်မ
တံမြက်စည်း မလှည်းနိုင်ဘူး၊ ရေမခပ်နိုင်ဘူး၊ ထမင်းမချက်ပေးနိုင်ဘူး၊
ပန်းကန်လည်း မဆေးနိုင်ဘူး။ တစ်ရက် မမြင်ရဘူး။ နှစ်ရက်မမြင်ရဘူး။ အဲ့..
သုံးရက်မြောက်နေ့မှာ ဘယ်ဖက် မျက်လုံးက နည်းနည်း ပြန်မြင်လာတယ်"
မီးမီးရှက်ရှက်......
နယ်စပ်မြို့လေး တမြို့ရှိ အိမ်တအိမ်တွင် အရမ်းရှက်တတ်သော အပျိုကြီးညီမ နှစ်ယောက်နေထိုင်သည်၊
အဲဒီ ညီမနှစ်ယောက်ဟာ ဘယ်လောက်ရှက်တတ်သလဲ ဆိုရင် လူမှန်းသိတတ်ချိန်မှစပြီး သူစိမ်းတွေနဲ့လဲ
ဆက်ဆံမှုနည်းပါပြီးယောကျာင်္းလေးများနဲ့လဲ အကျွမ်းတ၀င်သိပ်မရှိပဲ အိမ်ထဲမှာတွင်သာ အနေများကြလေသည်။
ထို အပျိုကြီးများ၏မိဘနှစ်ပါးသည် သူတို့အတွက်အစိုးရိမ်လွန်နေကြသည်။
အဘိုးကြီး ။ ။ မိန်းမရေ..ငါတို့သမီးနှစ်ယောက်အတွက် ဘယ်လိုလုပ်ကြမလဲ။
ဒီလို အရှက်အကြောက်ကြီးနေရင်တော့
ငါတို့ မရှိတော့ရင် သူတို့ဘယ်လိုနေထိုင်ကြမလဲ?
အဘွားကြီး။ ။ ဟုတ်တယ်ရှင့် သူတို့အတွက် တခုခုတော့ ကျွန်မတို့ လုပ်ပေးသင့်နေပြီထင်တယ်။
တနေ့တော့ သူတို့မြို့မှာ ကာယအလှမယ် ပြိုင်ပွဲကျင်းပလေသည်။
အဲဒီမှာ အဘိုးကြီးက သူ့သမီးနှစ်ယောက်ကြည့်ရအောင် လက်မှတ်နှစ်စောင် ၀ယ်ခဲ့လေသည်။
အိမ်ရောက်တော့ "သမီးတို့ရေ သမီးတို့ နှစ်ယောက်လဲ အပြင်မထွက်တာကြာပြ။ီသမီးတို့အတွက်
ကာယအလှမယ်ပြိုင်ပွဲကြည့်ရအောင်လက်မှတ်ဝယ်ခဲ့တယ်။
သမီးတို့ သွားကြည့်လိုက်လိုက်ဦး"
အဲဒီတော့ အပျိုကြီးညီအမ နှစ်ယောက်လဲ သွားကြည့်ကြလေသည်။
သိပ်မကြာမီ အပျိုကြီးညီမ နှစ်ယောက် သုတ်သုတ်သုတ်သုတ်နဲ့ ပြန်ရောက်လာကြသည်။
သူ၏ ဖခင်မှာ စိုးရိမ်ပြီး မေးမြန်းလေသည်။ အဘိုးကြီး။ ။
ဘာဖြစ်လို့ မြန်မြန်ပြန်ခဲ့တာလဲ သမီးတို့! ဘာတွေဖြစ်လို့လဲ?
အပျိုကြီး။ ။ သမီးတို့လဲ အဖေလက်မှတ်ဝယ်ပေးလို့ သွားကြည့်ပါတယ်။
ပထမတော့ ကာယအလှမယ် ပြိုင်ပွဲတုန်းက အရမ်းကြည့်ကောင်းတယ်။
ကာယ အလှမယ်လေးတွေက ချောသလားမမေးနဲ့ အဖေရယ်။
ကာယအလှမယ်ပြိုင်ပွဲ ပြီးတော့ ကာယဗလမောင်တွေ ထွက်လာတယ် အဖေရယ်။
ကာယဗလမောင်တွေက အ၀တ်အစားတွေလဲ မပါဘူး အဖေရယ်။ သမီးတို့ ရှက်လိုက်တာ မပြောပါနဲ့တော့။
အဲဒါ သမီးတို့ ရှက်လွန်းလို့ ကာယမလမောင်တွေရဲ့ အ၀တ်အစားရှိတဲ့ နေရာလေးကိုပဲ လက်ကလေးနဲ့ကွယ်ပြီး
တချိန်လုံးကြည့်ခဲ့တယ် အဖေရဲ့။
အဘိုးကြီး၊ ။ တော်သေးတာပေါ့ ရှက်လွန်းလို့ အ၀တ်အစားရှိတဲ့ နေရာလေးကိုပဲ တချိန်လုံးကြည့်ခဲ့လို့ပေါ့။
မရှက်များ မရှက်ရင်......
ကဲ စဉ်းစားသာကြည့်ပါတော့ ကာယဗလမောင်တွေရဲ့ အ၀တ်အစားရှိတဲ့နေရာ?
> ဘဲနင်းမိသူ....
>
> လူသုံးယောက်ကွယ်လွန်ပြီးနောက်ကောင်းကင်ဘုံကိုရောက်လာတယ်။
>
> ဂိတ်ဝမှာစိန့်ပီတာ (ဂိတ်ဝစောင့်တဲ့တမန်တော်)ရပ်နေတယ်(ဝင်ခွင့်ဗီဇာစစ်တယ်ပေါ့ဗျာ)။
ကောင်းပြီ အချက်အလက်ပြည့်စုံတယ်…မောင်မင်းတို့ကောင်းကင်ဘုံကိုဝင်နိုင်ပြီ။
တစ်ခုတော့မှာချင်တယ် ဒီမှာ"ဘဲ"တွေသိပ်ပေါများတယ်…ဒါပေမယ့်…"ဘဲ"တွေကို
တက်မနင်းမိစေနဲ့လို့ စိန့်ပီတာကအသေအချာမှာကြားပြီးဂိတ်တံခါးဖွင့်ပေးလိုက်တယ်။
ကောင်းကင်ဘုံမှာခြေချဘို့တောင်အတော်ခက်ခဲအောင်"ဘဲ"တွေကိုဖွေးဖွေးလှုပ်မြင်ရတာ
အံ့စရာပါတဲ့။ ၅မိနစ်လောက်ကြာတော့လူသုံးယောက်ထဲက တစ်ယောက် "ဘဲ"
တစ်ကောင်ကိုနင်းမိတယ်။ ချက်ချင်းဆိုသလို စိန့်ပီတာရောက်လာတယ်။
အဲဒီလူနဲ့ရုပ်ဆိုးလွန်းတဲ့အမျိုးသမီးတစ်ဦးကိုအတူတွဲချည်ပြီး "ကဲ…ဘဲကိုတက်နင်းမိသူ
မောင်မင်း ရရှိသင့်တဲ့အပြစ်ဒဏ်က ဒီအမျိုးသမီးနဲ့သံသရာတိုင်အောင်ပေါင်းသင်းနေထိုင်
စေသတည်းတဲ့"။ ၁၀မိနစ်လောက်ကြာပြန်တော့နောက်တစ်ယောက်က "ဘဲ"ကို
နင်းမိပြန်တာပေါ့။ မြန်လိုက်တဲ့စိန့်ပီတာ လှစ်ခနဲရောက်လာတယ်။
ဒီတစ်ခါပိုလို့တောင်ရုပ်ဆိုးတဲ့
အမျိုးသမီးပါလာတယ်။ ထုံးစံအတိုင်းအပြစ်ဒဏ်ကတော့ မကွဲမကွာအနှီအမျိုးသမီးနဲ့
ရာသက်ပန်ပေါင်းသင်းစေသတည်းပေါ့။ နောက်ဆုံးလူကတော့ အတော်သွေးပျက်နေတယ်။
ရုပ်ဆိုးတဲ့မိန်းမနဲ့အိမ်ထောင်ကျမှာသူသိပ်ကြောက်တယ်။"ဘဲ"မနင်းမိအောင်အရမ်းကို
ဂရုတစိုက်နေလိုက်တာအတော်ကြာကြာဘဲတဲ့။ သူကောင်းကင်ဘုံရောက်တဲ့နှစ်ပါတ်လည်နေ့
ရောက်တော့ စိန့်ပီတာရောက်လာတယ်။ ညနေဆည်းဆာမှာသူ့ကိုသာယာလှပတဲ့ကမ်းစပ်ကို
ခေါ်သွားတယ်။ အဲဒီမှာအလွန်ချောမောလှပတဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့ရတယ်တဲ့။
သေချာတာကတော့ သူနဲ့အဲဒီအမျိုးသမီးနဲ့စုံဖက်ပေးတော့မှာပါ။
စိတ်လှုပ်ရှားစွာနဲ့ စိန့်ပီတာကို
မေးလိုက်တယ်…"အရှင်အဘယ်အမှုအရာတွေကြောင့်ကျွန်တော်မျိုးအနှီကောင်းချီးမင်္ဂလာနှင့်
ထိုက်တန်ရပါသလဲ"။ စိန့်ပီတာမဖြေခင်ဘဲ အမျိုးသမီးကဝင်ဖြေလိုက်တယ်…
"ရှင့်ကိစ္စကိုတော့မသိပါဘူး…ကျွန်မအပြစ်ကတော့တချက်ကလေး
သတိလက်လွတ်ဖြစ်ပြီး အဲဒီသောက်ဘဲတစ်ကောင်ကိုနင်းမိတာပါဘဲ".လို့စိတ်ဆိုးမာန်ဆိုးပြောလိုက်သတဲ့။
>
ကဲ…နောက်ဆုံးတတိယလူဘယ်လိုဆိုတာသဘောပေါက်မယ်လို့
ထင်ပါတယ်။ လက်စသတ်တော့ သူကိုယ်တိုင်ကရုပ်ဆိုးအကျည်းတန်သူဖြစ်နေတော့တာကိုး။
လူဆိုတာက ကိုယ့်အားနည်းချက်ကိုသိပ်မစဉ်းစားကြဘူးနော်။
သူရဲ့ထိုက်တန်မှုကြောင့်ကောင်းမှုခံစားကြတယ်လို့တဘက်သတ်ထင်ကြတာကလား။
ဘာဘဲဖြစ်ဖြစ်ပေါ့လေ…ရုပ်ဆိုးလို့စိတ်ဓါတ်တော့မကျနဲ့ပေါ့ဗျာ။ "ဘဲ"နင်းမိသူတွေထဲက
ချောမောလှပသူလေးတွေရနိုင်ပါသေးတယ်။
 မကြောက်ပါနဲ့ 
တိရိစ္ဆာန်ရုံတစ်ခုမှာပေါ့........၀က်ဝံကသေသွားတော့အစားထိုးဖို့မရှိဘူးဖြစ်နေတယ်
ဒါနဲ့ နေ့စားတစ်ယောက်ငှားပြီးတော့ဝက်ဝံသားရေခြုံ ခိုင်းပြီး ၀က်ဝံအတုလုပ်ခိုင်းတာပေါ့.....
တစ်ရက်ငါးရာပေးပြီးတော့ အဲတစ်ရက်ကျတော့ ဧည့်သည်များတုန်းမှာ leader က၀က်ဝံလေးရေ
လူများတုန်း နောက်ကျွမ်းထိုးပြလိုက်ပါဆိုတော့
ဝက်ဝံကကျွမ်းထိုးတာလွန်ပြီး ကျားခြံထဲရောက်သွားရော သူက၀က်ဝံဟန်ဆောင်ထားတဲ့လူဆိုတော့
ကြောက်တာပေါ့ တုန်နေတာပဲ...
ကျားကလဲလာနေပြီ ကျားကသူ့ကိုခြေထောက်ကနေစနမ်းကြည့်တယ်...
ဟန်ဆောင်ထားတဲ့သူကလဲ သူ့ကိုကျားကကိုက်တော့မယ်ထင်တာပေါ့ ကြောက်လွန်းလို့တုန်နေပြီ..
ကျားက သူ့နားရွက်နားကိုလာနမ်းတယ်
ပြီးတော့ သူ့ကိုတိုးတိုးလေးစကားပြောသွားတယ်....
" မကြောက်ပါနဲ့ကွာ ငါလဲမင်းလို တစ်ရက်ငါးရာစားပဲကွ.... "
           သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ပါတယ်....။
အခု မက်အိမ်ရဲ့ ကျန်းမာရေးအခြေအနေကြောင့် ရက်အနည်းငယ်မက်အိမ် အနားယူရမှာဖြစ်လို့ ...
ဟာသလေးတွေ ထပ်မတင်ပေးနိုင်တော့ဘူးနော်....။ မက်အိမ်ကျန်းမာလာမှ သူငယ်ချင်းအားလုံးအတွက်
ဟာသကောင်းကောင်းလေးတွေ ထပ်တင်ပေးမယ်နော်... ။  ဘ၀ဆိုတာ နေရတာ ခပ်တိုတိုလေးရယ်...
အချိန်ပြည့်စိတ်ညစ်နေရင်ပိုတောင် အသက်တိုသေးတယ်....မက်အိမ်တို့ကတော့ တိုတိုလေးနေရမယ့်
အသက်ရှင်ရက်တွေကို ပျော်ရွှင်မူနဲ့ပဲ ဖြတ်သန်းချင်တယ်
သူငယ်ချင်းတို့အားလုံး အမြဲတမ်းပျော်ရွှင်နိုင်ပါစေနော်...
မက်အိမ်အမြဲတမ်းဆုတောင်းပေးမယ်......
ခင်တဲ့
မက်အိမ်
သူငယ်ချင်းရဲ့ စကားတစ်ခွန်းက အားဆေးတစ်ခွက်ထက်ပိုပါတယ်.......
တစ်ချက်ရယ်မောခြင်းဖြင့်.....တစ်ရက်အသက် ပိုရှည်မှာ မစိုးရိမ်ကြပါနဲ့နော်...
အားရပါရ ရယ်ပလိုက်သိလား....။
Wednesday, August 31, 2011
တွေးစရာ ၊ရယ်စရာ (၅)
မိမိ။         ။ ဒေါ်လေးကြည် ... ဒေါ်လေးကြည် မိ ဒေါ်လေးကြည့်ကိုပြောစရာရှိတယ်၊ နားထောင်ပြီး စိတ်သိပ်မဆိုးနဲ့နော်။
ဒေါ်လေးကြည်။          ။ ဘာကိစ္စလည်း မိမိရဲ့ ပြောကြည့်လေ။
မိမိ။        ။ မိလေ ခုဏကဟိုဖက်လမ်းမှာ ဒေါ်လေးကြည်ယောက်ျား ဦးမှတ်ကို ကောင်မလေးတစ်ယောက်နောက် လိုက်နေတာ တွေ့ခဲ့တယ်။
ဒေါ်လေးကြည်။         ။ အော် ဒါလား အရေးကြီးတဲ့ကိစ္စမှမဟုတ်တာပဲ မိမိရယ် သူက အသက်၆၀ကျော်နေပြီလေ............... ဘယ်သူလိုချင်မှာလည်း မိမိ စဉ်းစားကြည့်လေ ခွေးလည်း ကားမြင်ရင်လိုက်တတ်သေးတာပဲ လိုက်လို့မှီသွားတော့ကော အဲ့ကားကို သူမောင်းနိုင်လိမ့်မယ်လို့ မိမိ ထင်လို့လား။
XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX
လူနာ ။         ။ ဒေါက်တာ ဒေါက်တာလွန်ခဲတဲ့တစ်နှစ်လောက်က ပြောခဲ့တယ်လေ ကျွန်တော့်ရောဂါက စိုစွတ်တဲ့အရာတွေကိုရှောင်ရမယ် ဆိုတာလေ မှတ်မိသေးလား။
ဒေါက်တာ။      ။ မှတ်မိတယ်လေ ဘာများထပ်သိချင်တာရှိသေးလို့လည်း။
လူနာ ။          ။ အဲ့တာ ကျွန်တော် တစ်ခုလောက်မေးပါရစေ ကျွန်တော် ဒီနေ့ကစပြီး ရေစချိုးလို့ရပြီလား ဒေါက်တာ။
XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX
ကလေးလေးနှစ်ယောက် စကားပြောနေတာကြားနေရတယ်
ပါပုလေး ။         ။ မေမေတို့ မိန်းမတွေက ဘာလို့ဗိုက်ကြီးတာ ခုချက်ခြင်းကြီးခုချင်ခြင်းမမွေးပဲ အကြာကြီးပြီးမှ ကလေးလေးတွေ မွေးရလည်း မသိဘူးနော်။
မီးမီးလေး ။        ။ နင်ကလည်း ဒါလေးတောင်မသိဘူးလား၊ မွေးပေးတဲ့ဆရာဝန်တွေ အဲ့တာမှအနားရတာလေ မဟုတ်ရင် ကလေးမွေးပေးတာနဲ့တင် ပင်ပန်းလို့သေမှာ။
XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX
မောင်ငယ်တစ်ယောက် ဘဲဥ၀ယ်တာမှာပြီး ဆားဘဲဥတွေဝယ်မိသွားတယ် အိမ်ရောက်တော့ပြုတ်စားကြည့်ရာမှာ ငန်တူးနေတာကို စားမိတယ် ဒီတော့ သူ့အစ်ကိုမောင်ကြီးကိုမေးတယ်
မောင်ငယ်။        ။ ဖွီးးးးးး ဘာလို့ဒီဘဲဥတွေ ငန်တူးနေတာလည်း။
မောင်ကြီး။        ။ ရှူး တိုးတိုးပြောစမ်းပါ မင်းကလည်း ဒါလေးတောင်မသိဘူးလို့ လူကြားလို့တောင် မကောင်းဘူး၊ ဒီဘဲဥက ပင်လယ်နဲ့နီးတဲ့ ဒေသကဘဲ ဥတဲ့ဥဖြစ်နေလို့ပေါ့ကွ။
Tuesday, August 16, 2011
တွေးစရာ ၊ရယ်စရာ (၄)
ရေပြင်တစ်နေရာရှိ သင်္ဘောတစ်စင်းတွင် သင်္ဘောသားနှင့် ကက်ပတိန် ၂
ယောက်သာရှိသည်။ ၂ ယောက်တည်းရှိသောကြောင့် သင်္ဘော၏ တစ်နေ့တာဖြစ်စဉ်များကို
မှတ်တမ်းရေးရန် တစ်ယောက်တစ်လှည့်တာဝန်ယူရသည်။
ကက်ပတိန်အလှည့်တွင် သင်္ဘောသားအရက်မူးနေသောကြောင့် “ယနေ့
သင်္ဘောသားအရက်မူးသည်” ဟုရေးလိုက်သည်။
သင်္ဘောသားအမူးပြေသောအခါ ကျနော်အရက်တစ်ခါပဲ သောက်မိသောကြောင့်
အရက်သမားအဖြစ်မခံနိုင်ပါ။ ထိုမှတ်ချက်ကိုပြန်ဖျက်ပေးပါ ဟုပြောသောအခါ
ကက်ပတိန်က အမှန်ကိုအမှန်အတိုင်းရေးတာကွ ဟုဆိုကာ မဖျက်ပေးဘဲနေသည်။
သင်္ဘောသားစိတ်ဆိုးပြီး မှတ်ထားသည်။ နောက်နေ့ သင်္ဘောသားအလှည့်ကျသောအခါ
အမှန်အတိုင်းဤသို့ရေးလိုက်သည်။
“ယနေ့ကက်ပတိန် အရက်မမူးပါ။”
********************************************************
လူတွေ့စာမေးပွဲတစ်ခုတွင်….
ကျောင်းသား။    ။ ကျွန်တော်တချိန်လုံး အိပ်မက်ထဲမှာ ပရော်ဖက်ဆာ
ဖြစ်ပြီလို့ဘဲမက်နေတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ပရော်ဖက်ဆာ
အရမ်းဖြစ်ချင်ပါတယ်။ ဘယ်လိုလုပ်ရမလဲ ပြောပြပေးပါဦးခင်ဗျာ။
ပရော်ဖက်ဆာ။   ။ အအိပ်လျှော့ ငါ့တပည့်။
********************************************************
* သေနည်းကောင်း*
ဤသို့ ပြောနေသံကို တစ်နေရာတွင် ကြားခဲ့ရသည် ။
*”ငါသေတဲ့အခါမှာ ငါ့အဘိုးလိုပဲ အိပ်ပျော်နေတုန်း ငြိမ်းငြိမ်းချမ်းချမ်း
သေသွားချင်တယ်ကွာ၊ သူ့ကားထဲက ခရီးသည်တွေလိုတော့ စူးစူးဝါးဝါး
ငယ်သံပါအောင် အော်ဟစ်ပြီး မသေချင်ဘူး”
*********************************************************
*ဘယ်သူနဲ့နေမှာလဲ*
မောင်ချစ် ။ ငါသေသွားခဲ့ရင် မင်း နောက်အိမ်ထောင်ပြုမှာလား ?
ဇနီးဖြစ်သူ ။ ဟင့်အင်း .. ကျွန်မညီမနဲ့ပဲ နေမှာ .. ဒါနဲ့ ရှင်ကော ..
ကျွန်မသေသွားရင် နောက်အိမ်ထောင်ပြုမှာလား ?
မောင်ချစ် ။ ဟင့်အင်း .. ငါလဲ မင်းလိုပဲ .. မင်းညီမနဲ့ပဲနေမှာပေါ့
**********************************************************
*မင်္ဂလာဆောင်တခု၌ဖြစ်သည်*
မိန်းမဘက်မှပါသောကလေးများသည်အဖွားဖြစ်သူနှင့်နေနေသည်
ကလေးများကဆိုးသဖြင့်အဖွားဖြစ်သူသည်စိတ်မရှည်တော့ပဲ
” ဟဲ့
ကလေးတွေငြိမ်ငြိမ်နေကြ၊ဒီလိုဆိုးနေရင်နောက်တခါနင်အမေမင်္ဂလာဆောင်ရင်မလိုက်ရတော့ဘူး”
*********************************************************
*အဖေ့အပေါ် မူတည်တယ်*
” မေမေ အပြင်သွားရင် သား အိမ်မှာ ဘာလုပ် ကျန်ရစ် မလဲကွဲ့ ”
” အိမ်ဖော် မခင်ပု နဲ့ ဖြစ်ဖြစ် ၊ မော်တော်ကားနဲ့ ဖြစ်ဖြစ် ကစားမှာပေါ့။
ဒါပေမယ့် အဲဒီ နှစ်ခုအနက် ဖေဖေဘာကို  ရွေးမယ်ဆိုတာ မူတည်ပါတယ် ”
**********************************************************
*မဖြစ်ဘူး*
” ဒေါက်တာ ကျွန်တော် အမြဲတမ်း စိတ်အားငယ်သလို ဖြစ်နေတယ် ၊
ဘာလုပ်ရမယ်ဆိုတာ အကြံပေးပါအုန်း ”
” လွယ်လွယ်လေးပဲ ၊ အလုပ်ထဲမှာ ခေါင်းမြုပ်ထားလိုက်ပေါ့ဗျာ ”
“ဟာ….ဒါတော့ မဖြစ်ဘူး ဆရာ ၊ ကျွန်တော်က ဘိလပ်မြေ ဖျော်တဲ့သူ ။”
**********************************************************
*ရွေးချယ်မှု*
ပါမောက္ခ က ကျောင်းသားအား နောက်ဆုံး စာမေးပွဲအတွက် လူတွေ့ စစ်မေးနေသည်။
” ရွှေ နဲ့ အသိဥာဏ် နှစ်ခုယှဉ်လာရင် မင်းဘာကို ရွေးချယ် မလဲ ”
” ရွှေကို ယူမှာပေါ့ ”
” ဆရာကတော့ အသိဥာဏ်ကို ယူမယ် ၊ ဘာကြောင့်လဲ သိလား ”
” သိပါတယ် ၊ မိမိမှာ မပြည့်စုံတာကို ယူချင်ကြတာဟာ လူ့သဘာဝပဲ ဥစ္စာ ”
*သမ်းပြတာမဟုတ်ပါ*
” ရှင် တော်တော်ရိုင်းပါလား ၊ ကျွန်မရှေ့မှာပါးစပ်ကို လက်ဝါးနဲ့မကာဘဲ သမ်းပြတာနှစ်ကြိမ်ရှိသွားပြီ “
” အထင်မလွဲပါနဲ့ဗျာ ၊ ကျွန်တော် တစ်ခုခုပြောဖို့ကြံတိုင်း ခင်ဗျားကရေပတ်မ၀င်အောင် ပြောနေတာကိုးဗျ ”
**********************************************************
*ယောက်ျားဆိုတာ*
” ဟောဟိုထိုင်နေတဲ့လူဟာ ခုနကတစ်ချိန်လုံးလိုလို ကျွန်မကိုစိုက်ကြည့်နေတာ ၊ အခုမမရောက်လာမှပဲ ခပ်တည်တည်နေဖော်ရတော့တယ် “
” ဘယ်သူလဲ ဟိုလူလား ၊ အဲဒါမမအမျိုးသားလေ ”
**********************************************************
*တလွဲမထင်ပါနဲ့*
” ခင်ဗျားကြည့်ရတာ မုဆိုးဝါတော်တော်ရင့်နေပြီနဲ့တူတယ် “
” ဘာဖြစ်လို့လဲဗျ “
” ဒီတစ်နေ့လုံး ခြင်္သေ့တွေ ၊ ကျားတွေပဲလိုက်ပစ်နေတာ တွေ့လို့ပါ “
” ဒါကဒီလိုပါ ၊ ဒီမနက်ထွက်လာတုန်းက စာကလေးတွေ ၊ ငှက်တွေဖမ်းဖို့ပါပဲ ၊ ဒါပေမဲ့ မျက်မှန်ကသစ်ကိုင်းနဲ့ငြိပြီး ကျပျောက်သွားလို့ ”
*********************************************************
*ဆရာ့ညွှန်ကြားချက်*
” တပည့်ရေ ၊ ဟိုဓါတ်ကြိုးတစ်ချောင်းကို ခဏကိုင်ကြည့်စမ်းကွာ “
” ဟုတ်ကဲ့ဆရာ “
” ဘယ်လိုနေလဲကွ “
” ဘယ်လိုမှ မနေဘူးဆရာ “
” အင်း ….. ဒါဆို ကျန်တဲ့တစ်စကို သွားမကိုင်နဲ့ ဓါတ်လိုက်လိမ့်မယ် ”
*******************************
Wednesday, August 10, 2011
တွေးစရာ ၊ရယ်စရာ (၃)
(၁)- လူငယ်ကောင်လေးတစ်ဦးက သူ့ချစ်သူကောင်မလေးရဲ့အဖေဆီမှာ ချစ်သူကိုလက်ထပ်ခွင့်တောင်းနေစဉ်...
လူငယ်။ ။ ဦးရဲ့သမီးနဲ့ကျွန်တော်တို့နှစ်ယောက် ချစ်သူတွေဖြစ်နေကြပါပြီ ကျွန်တော်သူ့ကိုလက်ထပ်ချင်ပါတယ်...
ဖခင်။ ။ မင်းအရက်သောက်တတ်သလား?
လူငယ်။ ။ ဟာ...နေပါအုံးဦး အရေးကြီးတဲ့ကိစ္စအရင်ပြောပါအုံး ပြီးမှသောက်ကြတာပေါ့...
(၂)- လူငယ်တစ်ယောက်က သူ့ချစ်သူကို အိမ်သို့ခေါ်လာသည်။ ကောင်မလေးကိုလူငယ်ရဲ့ဖခင်က မြင်သောအခါ တော်တော်လေးကို တုန်လှုပ်၊စိတ်ရှုပ်သွား၏။ထို့ကြောင့် သူရဲ့သားကို အခန်းထဲသို့တီးတိုးခေါ်၍ ပြော၏။
ဖခင်။ ။ဒီလောက်ရုပ်ဆိုးတဲ့ မိန်းကလေးကိုအဖေတစ်ခါမှ မမြင်ဖူးဘူး။ မေးစေ့မှာလဲ အမွှေးတွေနဲ့ မျက်စိကလဲ စွေနေသေးတယ် ဒီကြားထဲသွားကခေါခေါ လက်တစ်ဖက်ကလဲ သိမ်နေသလိုပဲ...
သား။ ။ဖေဖေကလဲ တိုးတိုးပြောစရာမလိုပါဘူး သူကနားလဲကန်းနေသေးတယ်အဖေရဲ့ သနားစရာလေးပါဗျာ...
(၃)- တစ်ခါက သဲကန္တာရမှာ ဆာလောင်ပြီး သေလုနီးနီး ဖြစ်နေတဲ့ လူမဲတစ်ယောက်ဟာ နတ်မီးခွက်တစ်လုံး ကောက်တွေ့သတဲ့။ မီးခွက်ကို ပွတ်လိုက်တော့ မီးခွက် စောင့်နတ်က ထွက်လာပြီး လိုရာဆု (၃)ဆုကို တောင်းခိုင်းလိုက်တယ်။ သူက ခဏလောက် စဉ်းစားပြီး
(၁) နေ့တိုင်း ရေသောက်ရပါစေ
(၂) လူဖြူတစ်ယောက် ဖြစ်ရပါစေ
(၃) နေ့တိုင်း ကောင်မလေးတွေရဲ့ တင်ပါးကို မြင်ရပါစေ
လို့ ဆုတောင်းလိုက်တာနဲ့ ဘုန်း...ဆိုတဲ့ အသံကြီးနဲ့အတူ အဲဒီလူမဲဟာ......
--------
--------
--------
--------
အိမ်သာအိုးတစ်လုံး ဖြစ်သွားသတဲ့...
(၄)-ဆေးခန်းတစ်ခုတွင်ဖြစ်သည်...ဆရာဝန်ကလူနာကို ဆေးထိုးရန်ပြင်နေသည်
လူနာ။ ။အား...နာတယ် နာတယ်...
ဆရာဝန်။ ။အပ်က ခင်ဗျားအသားကိုတောင် မထိရသေးဘူး...
လူနာ။ ။ဒါပေမဲ့ ဆရာကျွန်တော့်ခြေထောက်ကို တက်နင်းထားတယ်လေ...
(၅)-လူနာတစ်ယောက် ဆေးရုံတက်နေစဉ် တာဝန်ကျဆရာမက ဆေးတိုက်ရန်လာသည့် အချိန်ဖြစ်သည်...
ဆရာမ။ ။ကဲ..ဆေးသောက်ရမယ့် အချိန်ရောက်ပြီ...
လူနာ။ ။ဟာ...ဆရာမ ဆေးသောက်ပြီးပြီလေ
ဆရာမ။ ။ဘယ်တုန်းက ကျွန်မဆေးတိုက်လို့လဲ?
လူနာ။ ။ဒီစားပွဲပေါ်မှာ ဆရာမပဲတင်ထားခဲ့တာလေ အဲဒီ့ဆေးလုံးတွေ ကျွန်တော်အားလုံးသောက်လိုက်ပြီ...
ဆရာမ။ ။ဟာ..အဲဒါဆေးမဟုတ်ဘူး မနေ့ကမှရှင့်ရဲ့ ကျောက်ကပ်ထဲကခွဲထုတ်ထားတဲ့ ကျောက်ခဲတွေ ရှင်သတိရလာရင် ပြရအောင်ဆိုပြီးသိမ်းထားတာ...
♥♫မျိုးလေး♥♫ ဖတ်ဖူးတာလေးတွေ ပြန်မျှဝေပေးတာပါ... ဘယ်ကလဲတော့မမှတ်မိတော့ဘူး သူငယ်ချင်းတွေအားလုံး ပျော်ရွှင်ရယ်မောနိုင်ကြပါစေနော်။ ။ အစဉ်ကြိုးစားလျှက်...
Tuesday, August 9, 2011
တွေးစရာ ၊ရယ်စရာ (၂)
ရှစ်တန်းကျောင်းသား ကိုထက်တစ်ယောက် ဒုတိယအစမ်း စာမေးပွဲထပ်ကျပြန်လို့ ဆရာမက အတန်းရှေ့ခေါ်ထုတ်ပြီး ရိုက်ဖို့ပြင်နေပါပြီ
ကိုထက်။         ။ ဆရာမရယ် ခဏခဏရိုက်ခံနေရတာ ဖောက်သည်တွေတောင်ဖြစ်နေပြီ လျော့ဈေးလေးပေးတဲ့အနေနဲ့ လျော့ရိုက်ပါ။
ဆရာမ။          ။ အင်း … ဖောက်သည်တွေဖြစ်နေမှပဲ လျော့ပေးရမှပေါ့၊ တစ်ခုဝယ်တစ်ခုလက်ဆောင်ပေးတဲ့အနေနဲ့ ၁၀ချက်ရိုက်
                     ၁၀ချက်လက်ဆောင်ပေးတယ် လာခဲ့ စုစုပေါင်း အချက် နှစ်ဆယ်။
XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX
ပုံ့ပုံ့လေးရဲ့ မေမေက ပုံ့ပုံ့လေးအတွက် ညီမလေးတစ်ယောက် မွေးပေးပြီး ငါးရက်အကြာမှာ အိမ်နီးခြင်းဦးလေးကြီးက ပုံ့ပုံ့လေးကိုစတယ်
ဦးလေးကြီး။     ။ ပုံ့ပုံ့ မောင်လေးလိုချင်နေတာမဟုတ်လား။
ပုံ့ပုံ့လေး။         ။ ဟုတ်တယ် ပုံ့ကမောင်လေးနဲ့ ဘောလုံးကန်ချင်နေတာ။
ဦးလေးကြီး။     ။ အဲ့တာဆို ဖေဖေနဲ့ မေမေကိုပြောလိုက်လေ ညီမလေးကိုပြန်ပို့ခိုင်းပြီး မောင်လေးတစ်ယောက်နဲ့ လဲယူလာခိုင်းလိုက်။
ပုံ့ပုံ့လေး။         ။ လဲလို့ မရလောက်တော့ဘူး ဦးလေးကြီးရဲ့ ညီမလေးကို ပုံ့တို့ သုံးထားတာ ငါးရက်တောင်ရှိနေပြီ။
XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX
သားအဖနှစ်ယောက်သား တောင်တစ်တောင်ကို အတူတူတက်နေချိန်တွင် ဖခင်ဖြစ်သူမှာ ခြေချော်ကာ တောင်အောက်သို့ ပြုတ်ကျသွားပါသည် ထို့ကြောင့်သားဖြစ်သူမှာ စိုးရိမ်တစ်ကြီး အော်ဟစ်မေးလိုက်ပါသည်။
သား ။            ။ ဖေဖေ ဘယ်လိုနေသေးတယ် ဒဏ်ရာတွေများလား။
ဖခင်။             ။ မသိသေးဘူး၊ အောက်ကိုကျနေတုန်းပဲ တောင်ခြေမရောက်သေးဘူး။
XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX
အဘွားအို တစ်ဦးသည် အခင်ဆုံးသူငယ်ချင်းတစ်ယောက် သေဆုံးသွားသောကြောင့် အသုဘသို့ ပန်းခွေတစ်ခွေပို့ပေးရန် ပန်းဆိုင်သို့ သွားရောက်မှာကြားပါသည်။
အသွားအို။       ။ ပန်းခွေရဲ့ ဖဲပြားကြိုးက အဖြူရောင်ပဲနော်။ နောင်ပြီး စာတန်းကို ၀မ်းနည်းခြင်းအထိမ်းအမှတ်နဲ့ ရွှေရောင်စာလုံး ခပ်ကြီးကြီးနဲ့ရေးမယ် ကောင်းမွန်ရာနေပါ၊ အပေါ်အောက်နှစ်နေရာမှာ ထပ်ဖြည့် ငါတို့နတ်ပြည်မှာဆုံကြမယ်၊ ဖြည့်စရာ နေရာ ကျန်သေးတယ်ဆိုရင်ပေါ့။
အသုဘချသောရက်တွင် အသုဘလာသောသူများ အဘွားအို၏ပန်းခွေအား မြင်လိုက်ရချိန်တွင် ငိုအားထက် ရယ်အားသန်ရ ပါတော့သည်။ ပန်းခွေတွင်ရေးထားသောစာမှာ
ဝမ်းနည်းခြင်း အထိမ်းအမှတ်နဲ့ ကောင်းမွန်ရာနေပါ အပေါ်အောက်နှစ်နေရာငါတို့နတ်ပြည်မှာဆုံကြမယ်၊ နေရာကျန်သေးတယ် ဆိုရင်ပေါ့်
Friday, August 5, 2011
တွေးစရာ ၊ရယ်စရာ (၁)
အင်တာဗျူးတစ်ခုတွင်….
မန်နေဂျာ။ ။ မင်းရဲ့မွေးနေ့ ပြောပါ။
ကိုထုံ ။ ။ အောက်တိုဘာ ၁၃ပါ။
မန်နေဂျာ။ ။ ဘယ် ခုနှစ်လဲ?
ကိုထုံ ။ ။ နှစ်တိုင်း...
*2.*
နိုင်ငံခြားခရီးမှ ပြန်ရောက်လာသော ကိုထုံက သူမိန်းမကိုမေးတယ်…
“ငါက နိုင်ငံခြားသားနဲ့များ တူနေလား”
“တူပါဘူး၊ ဘာလို့ လဲ”
“လန်ဒန်မှာ အမျိုးသမီးတယောက်က ငါ့ကို
နိုင်ငံခြားသားလားလို့ လာမေးနေလို့”
*3.*
အမေရိကန်တိုးရစ် တစ်ယောက်က ကိုထုံကို မေးကြည့်တယ်….
အမေရိကန်။ ။ ဒီရွာမှာ ကြီးကျယ်မြင့်မြတ်တဲ့လူ တစ်ယောက်ယောက်များ
မွေးဖွားခဲ့ဘူးသလား?
ကိုထုံ ။ ။ ဟင့်အင်း…ဒီရွာမှာကတော့ ကလေးလေး တွေပဲမွေးတာ...
*4.*
စာသင်ခန်းအတွင်း၌ဖြစ်သည်…
ဆရာ ။ ။ ဂန္ဒီ ဂျရမ်သီ အကြောင်း မှတ်ချက် ရေးပါ
ကိုထုံ ။ ။ ဂန္ဒီ ဟာကြီးကျယ်မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ ဂျရမ်သီ
ကိုတော့ ကျနော် မသိပါဘူး။
*5.*
ကိုထုံနဲ့ သူ့ဇနီးသည်တို့ ကားငှားစီးလာစဉ်ဖြစ်သည်။
ကားဒရိုင်ဘာက နောက်ကြည့်မှန်ကို ချိန်နေပါတယ်။ ဒါကိုမြင်တဲ့ကိုထုံက…
“မင်းက ငါ့မိန်းကို ခိုးကြည့်မလို့ပေါ့လေ၊ ဘယ်ရမလဲကွာ…ဖယ်စမ်း ငါမောင်းမယ်၊
ဒီမှာလာထိုင်”
*6.*
အင်တာဗျူးတစ်ခုတွင်….
မန်နေဂျာ။ ။ မင်းဟာ သုံးထပ်တိုက်ပေါ်ရောက်နေတယ်လို့
စိတ်ကူးကြည့်လိုက်၊ အဲဒီတိုက်ကိုမီးလောင်နေပြီဆိုပါတော့၊ မင်းဘာဆက်လုပ်မလဲ?
ကိုထုံ ။ ။ လွယ်လွယ်လေး၊ စိတ်ကူးနေတာကို ရပ်လိုက်မှာပေါ့၊
*7.*
ကိုထုံ ။ ။ အဲဒီကောင်မလေးက နားလေးနေတယ်ထင်တယ်ကွ
သူငယ်ချင်း ။ ။ ဘာလို့ လဲ?
ကိုထုံ ။ ။ ငါက သူ့ကိုချစ်တယ်လို့ပြောတာကို…သူ့က ထီးကအသစ်ကြီးနော်
လို့ပြန်ပြောတယ်လေ...
*8.*
စာသင်ခန်းအတွင်း၌ဖြစ်သည်…
ဆရာ ။ ။ ကမ္ဘာပေါ်မှာ ရှေးအကျဆုံး သတ္တဝါကို ပြောပါ
ကိုထုံ ။ ။ မြင်းကျား
ဆရာ ။ ။ ဘာလို့လဲ?
ကိုထုံ ။ ။ သူက အဖြူအမဲ ပဲရှိသေးတယ်လေ…
*9.*
ကွန်ပြူတာကုမ္မဏီ ၏ အင်တာဗျူးတစ်ခုတွင်….
မန်နေဂျာ။ ။ မင်း MS office ကို သိသလား?
ကိုထုံ ။ ။ လိပ်စာသာပေးလိုက်ပါ၊ ကျွန်တော်ရအောင်ရှာသွားလိုက်ပါ့မယ်…
*10.*
စာသင်ခန်းအတွင်း၌ဖြစ်သည်…
ဆရာ ။ ။ လိမ္မော်သီး နဲ့ ပန်းသီး ရဲ့ခြားနားချက်ကိုပြောပါ
ကိုထုံ ။ ။ လိမ္မော်သီးရဲ့ အရောင်က လိမ္မော်ရောင်ဖြစ်ပေမယ့်
ပန်းသီးရဲ့အရောင်က ပန်းရောင်မဟုတ်ဘူးလေ။
(ဆက်လက်ကြိုးစားပါအုံးမည်...)   ♥♫မျိုးလေး♥♫
Zawgyi Converter
Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter
ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )