22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  
Wednesday, February 22, 2012
သူဆင်းရဲနှင့်အ၀တ်အစားပုံပြင်
တစ်ခါတုန်းက ဆင်းရဲသားတစ်ဦးဟာ အ၀တ်အစား အနွမ်းလေးတွေဝတ်ပြီး ဂုဏ်ပြုညစာစားပွဲကို တက်ရောက်ဖို့ နန်းတော်ကြီးဆီလာခဲ့တယ် ။ ယဉ်ကျေးမှုအရ သူ့ကို လက်ခံထားလိုက်ပေမယ့် သူ့ရဲ့ ဟောင်းနွမ်းစုတ်ပြတ်လှတဲ့ အ၀တ်အစားကြောင့် သူ့ကို ဂုဏ်ပြုညစာစားပွဲဟိုး အစွန်ဆုံးနေရာမှာ နေရာချထားခဲ့ကြတယ် ။ အဲဒီအချိန်မှာပဲ ညစာ စားပွဲအတွက် ပန်းကန်တွေ ရောက်လာခဲ့တယ် ။ ဒါပေမယ့် သူ့ အတွက်တော့ ဘာအစားအစာမှ ပါမ လာခဲ့ပါဘူး ။
ဒါကြောင့် သူဟာ ညစာစားပွဲက ထွက်ခွာလာခဲ့တယ် ။ နာရီများစွာကြာပြီးတဲ့အခါ အဖိုးတန်ကျောက် မျက်ရတ နာတွေ စီခြယ်ထားတဲ့ ၀တ်ရုံကြီးကို ဆင်မြန်းလို့ သူဟာ ညစာစားပွဲကိုပြန်လာခဲ့တယ် ။ အဲဒီဝတ်ရုံကို ချမ်းသာ တဲ့သူ့သူငယ်ချင်းတစ်ယောက်ဆီကနေ သူဌားယူလာခဲ့ခြင်းဖြစ်တယ် ။ သူအ၀င်အ၀ကိုရောက်ရောက်ခြင်းပဲ လူတွေ က သူ့ကိုပျာပျာသလဲ ကြိုဆိုကြပြီးညစာစားပွဲရဲ့ ထိပ်ဆုံးမှာ နေရာချထားပေးကြတယ် ။ သူထိုင်နေတဲ့ စားပွဲထိပ်မှာပဲ စားစရာတွေ အလျှံပယ်အောင် လာချပေးကြတယ် ။
“ အိုး...ဘယ်လောက် တောင်အရသာရှိလိုက်တဲ့အစားအစာတွေလည်း ကဲကဲ စားကြစားကြ ” ဆိုပြီး သူဟာ ဇွန်းနဲ့ခပ်လိုက် သူ့အ၀တ်အစားတွေပေါ်လောင်းချလိုက်လုပ်နေခဲ့တယ် ။ သူ့ဘေးမှာ ထိုင်နေ တဲ့ ဆွေကြီး မျိုးကြီးထဲကတစ်ယောက်က သူ့ရဲ့ညစ်ပတ်ပေရေနေပုံကိုကြည့်ပြီး “ သူဌေးမင်းခင်ဗျား ဘာကြောင့် အ၀တ်အ စားတွေကို အစားအစာတွေလောင်းချနေရတာပါလဲ ” လို့မေးလိုက်တယ် ။
အဲဒီအခါ ဆင်းရဲသားက ရယ်မောလိုက်ပြီး “ အိုး ...ကျုပ်ဝတ်ရုံက အတော်ကြည့် ရဆိုးသွား တယ်ဆိုရင် ကျုပ်ကိုခွင့်လွှတ်ပါ ဗျာ ဒါပေမယ့် ဒီအ၀တ်အစားတွေက ကျုပ်ကို ဒီစားစရာတွေ သယ်ဆောင်လာပေးတာလေ ဒါကြောင့် သူတို့ကို အရင်ကျွေးမှ တရားမျှ တမှာမဟုတ်ဘူးလား ” လို့ပြန်ပြောလိုက်ပါတော့တယ် ။
####################################
လူတွေဟာ လူတစ်ယောက်ကို အကဲခတ်ပြီဆိုရင် အဲဒီလူ ဘယ်လိုလူမျိုးလဲဆိုတာထက် အဲဒီလူ ဘယ်လို အ၀တ်အစားဝတ်သလဲဆိုတာကိုပဲ အပေါ်ယံ ကြည့်တတ်ကြတာများပါတယ် ။ အလှူကြီးတွေနဲ့ ဧည့်ခံ ပွဲတွေမှာလည်း တကယ်စားသောက်ချင်တဲ့ သူဆင်းရဲတွေကို မောင်းထုတ်ပြီး အ၀တ်အစားလှလှ တန်ဖိုးကြီးကြီး ၀တ်ထားတဲ့သူတွေကိုပဲ အသားပေး ဧည့်ခံလေ့ရှိကြတယ် ။ တကယ်တော့ အ၀တ်အစားဆိုတာ လူနေမှု ဘ၀အတွက် အတိုင်းအတာတစ်ခုထိ အရေးပါတယ်ဆိုတာ မှန်ပေမယ့်လည်း သေချာတွေးကြည့်ရင် ကျွန်တော် တို့ စွပ်ထားတဲ့ အခွံ သာသာမျှသာဖြစ်တယ် ။ လူ့ တန်ဖိုးဆိုတာ အဲဒီအခွံ တွေအောက်က အနှစ်တွေ အသားတွေ ဖြစ်တဲ့ အကျင့်စရိုက် ၊ ရိုးသားမှု ၊ စိတ်ဓါတ် စတာတွေကို ခေါ်ဆိုခြင်းဖြစ်ပါတယ် ။
သက်တန့်ချို
ကျောက်ဆစ်သမားပုံပြင်
ဟိုးရှေးရှေးတုန်းက ကျောက်တောင်တွေကို ထုဆစ်ပြီး အသက်မွေးဝမ်းကျောင်း လုပ်ရတဲ့ ကျောက်ဆစ် သမားတစ်ဦးရှိတယ် ။ သူဟာ နေ့ တိုင်း ကျောက်တောင်ကြီးအောက်ခြေကနေစပြီး ကျောက်တွေကို ထုဆစ်လို့ ရလာတဲ့ ကျောက်တုံးတွေကို ပြန်ရောင်းခြင်းအားဖြင့် အသက်မွေးဝမ်းကြောင်းပြုတယ် ။ တစ်နေ့တော့ သူဟာ သူထုဆစ်လို့ ရလာတဲ့ကျောက်တွေကို ရောင်းဖို့ မြို့ထဲကို ရောက်လာခဲ့ပါတယ် ။ အဲဒီလိုနဲ့ သူဟာ မြို့ထဲမှာ လျှောက်သွားနေတုန်းမှာ အလွန်ခမ်းနားတဲ့ အိမ်ကြီးနဲ့ သူဌေးကြီးတစ်ဦးကိုတွေ့သွားတယ် ။ အဲဒါနဲ့သူ က
“ အင်း ဒီလို ချမ်းသာ ကြွယ်ဝတဲ့ သူဌေးကြီးဖြစ်ပြီး ဒီလိုအိမ်ကြီးထဲမှာ ငါနေရရင်သိပ်ကောင်းမှာပဲလို့ ” တွေးမိလိုက်တယ် ။ ခဏလေးမှာပဲ သူဟာ အိမ်ကြီးပေါ်က သူဌေးကြီးတစ်ဦးဖြစ်သွားပါတော့တယ် ။ ဒီလိုနဲ့သူဟာ သူဌေးကြီးအဖြစ်နဲ့ အိမ်ကြီးပေါ်မှာ နေရင်းတစ်နေ့တော့ အိမ်ရှေ့ပြတင်းပေါက်ကနေ အပြင်ကိုကြည့်မိတယ် ။ အဲဒီအခါ အရာရှိကြီးတစ်ဦးက ဝေါယဉ်လှလှကြီးနဲ့ အိမ်ရှေ့ကနေ ဖြတ်သွားတာကိုတွေ့လိုက်ရပါတယ် ။ အဲဒီတော့သူက
“ အင်း ငါလည်း ဒီလို ဝေါယဉ်လှလှကြီးစီးလိုက်ရရင်သိပ်ကောင်းမှာပဲ ” လို့တွေးမိလိုက်တယ် ။ အဲဒီလိုတွေး လိုက်တာနဲ့တပြိုင်နက် သူဟာ အဲဒီဝေါယဉ်လှလှကြီးအပေါ်ကို ရောက်သွားပါတယ် ။ သူလည်းပျော် ရွှင်သွားတာပေါ့ ။ ဒီလိုနဲ့ဝေါယဉ်ကြီးက သူ့ကို သယ်ဆောင်ပြီးမြို့ထဲကို လှည့်ပတ်သွားပါတော့တယ် ။ အဲဒီလို သွားနေခိုက်မှာ နေမင်းဟာ အလွန်ကို ပူပြင်းလို့ သူ ဟာ “ အင်း နေကလည်းအရမ်းပူလိုက်တာနော် ငါ နေမင်းကြီးဖြစ်ချင်လိုက်တာ ” လို့တွေးမိပြန်တယ် ။ အဲဒီလိုတွေးလိုက်တာနဲ့ သူဟာ နေမင်း ကြီးဖြစ်သွားပါတော့တယ် ။ နေမင်းကြီးအဖြစ်နဲ့ သူဟာ ကမ္ဘာမြေကြီးကို အစွမ်းကုန် ပူပြင်းလိုက်ရလို့ သူကျေနပ် သွားတယ် ။ အဲဒီလို ကျေနပ်နေတုန်းမှာပဲ သူ့ရှေ့ကို တိမ်တစ်အုပ်ဝင်လာပြီး သူ့ကိုဖုံးအပ်သွားပါတော့တယ် ။
ဒီတော့သူက “ အင်း ငါ့ကို တိမ်တွေက ဖုံးအုပ်သွားကြပြီ ငါတိမ်တွေဖြစ်ချင်လိုက်တာ ” လို့တွေးလိုက်ပြန်တယ် ။ အဲဒီလိုတွေးလိုက်တာနဲ့ပဲ သူဟာ တိမ်တွေ ဖြစ်သွားပြီး ကောင်းကင်မှာ လှည့်ပတ်နေပါတော့တယ် ။ သိပ်မကြာခင်မှာ ပဲ လေပြင်းတွေ တိုက်ပြီး တိမ်တွေကို လွင့်စင်သွားစေခဲ့တယ် ။ ဒီတော့ သူက “ အင်း တိမ်ဖြစ်ရတာလည်း သိပ်မကောင်းပါဘူး တကယ်စွမ်းအားရှိတာက လေတွေပဲ ဒီတော့ ငါ လေပြင်းတွေ ဖြစ်ချင်တယ် ” လို့တွေးလိုက်ပြန်ပါတယ် ။ ခဏနေတော့သူဟာ အရှိန်အဟုန်ပြင်း စွာနဲ့ လေပြင်းတွေ ဖြစ်သွားတယ် ။ လေပြင်းတွေအဖြစ်နဲ့သူဟာ ရှိရှိသမျှတိမ်တိုက်တွေနဲ့ အရာအားလုံးကို ဝှေ့ယမ်းတိုက် ပစ် ပါတော့ တယ် ။ ဒီလိုနဲ့သူဟာ လေပြင်းတွေ တိုက်နေတုန်း ကျောက်တောင် ကြီးတစ်ခုနား ကိုရောက်တော့ ကျောက်တောင်ကြီးကို လေပြင်းတွေက မတိုးနိုင်ဘူးဆိုတာ သူသိသွားတယ် ။ ဒီတော့သူက “ အင်း တကယ့် ကို ခိုင်မာတာက ကျောက်တောင်ကြီးပါ လား ငါ ကျောက်တောင်ကြီးပဲဖြစ်ချင်တော့တယ် ” လို့ တွေးလိုက်ပြန်တယ် ။ ခဏနေတော့ သူဟာ ကျောက်တောင်ကြီးအဖြစ်ကိုရောက်ရှိသွားတယ် ။ သူဟာ အင်အားကြီးတယ် ကြံ့ခိုင်တယ်လို့ ထင်တဲ့ ကျောက်တောင်ကြီးအဖြစ်နဲ့ ကျေနပ်နေတုန်းမှာ သူ့အောက်မှာ “ တောက်..တောက်...တောက် ” ဆိုတဲ့အသံကိုကြားလိုက်ရတယ် ။
သူငုံ့ကြည့်လိုက်တော့ ကျောက်ဆစ်သမားတစ်ဦးဖြစ်နေပါတော့တယ် ။
####################################
ကျွန်တော်တို့ဟာ ဘ၀မှာ အကောင်းဆုံး ဆိုတဲ့ အလုပ် ၊ အကောင်းဆုံးဆိုတဲ့ အရာတွေ ကိုပဲ ရှာဖွေဖို့အမြဲကြိုးစားနေမိကြတယ် ။ ကိုယ်နဲ့ သင့်တော်တဲ့အလုပ် ကိုယ်နဲ့ သင့်တော်တဲ့ ဘ၀မှာနေရတာထက် ကိုယ်နဲ့ အဆင်မပြေတဲ့ ဘ၀တွေကိုေ ရာက်ဖို့ပဲ ခုန်ကူးဖို့ ကြိုးစားနေမိကြတယ် ။ တကယ်တော့ ကိုယ်ဝါသ နာပါတဲ့အလုပ်နဲ့ ကိုယ်ဖြစ်ချင်တဲ့ဘ၀ “ ကိုယ့်ဘ၀ ” ကသာလျှင် ကိုယ့်ရဲ့ တကယ့်အစစ်အမှန် Real life ဖြစ် ပါတယ် ။
သက်တန့်ချို
အဖိုးတန်သော လူသားတစ်ယောက်
တစ်ခါတုန်းက နာမည်ကြီး ဟောပြောသူတစ်ယောက်ဟာ ဒေါ်လာ ၂၀ တန် ငွေစက္ကူလေး ကိုကိုင်ပြီး တက်လာပါတယ် ။ ဟောပြောမယ့်အခန်းထဲမှာ လူ ၂၀၀ လောက်ထိုင်နေတယ် ။ သူကမေးလိုက်တယ် “ ဒီ ဒေါ် လာ ၂၀ ကို ဘယ်သူတွေလိုချင်ပါသလဲ ”
လက်တွေ လေထဲကို မြောက်တက်သွားကြတယ် ။ အကုန်လုံးလိုလို လက်ထောင်လိုက်ကြတယ် ။
သူကဆက်ပြောတယ် ။ “ ကျွန်တော်ခင်ဗျားတို့ ထဲကတစ်ယောက်ကို ဒီငွေပေးဖို့ပါပဲ ဒါပေမယ့်ခဏစောင့်ပါဦး ” အဲဒီလိုပြော ပြီး သူဟာ ဒေါ်လာ ၂၀ ကို တွန့်ခြေလိုက်တယ် ။ ပြီးတော့သူ ဆက်မေးတယ် ။ “ ဘယ်သူ လိုချင် ပါသေးလဲ ”
လက်တွေ လေထဲကို မြောက်တက်သွားကြတုန်းပါပဲ ။ “ ကောင်းပြီ ” သူက ဆက်ပြောတယ် “ ကဲ ဒီလိုဆိုရင်ရော ” သူကပြောပြောဆိုဆို ဒေါ်လာ ၂၀ ကို အောက်ကိုပစ်ချလိုက်တယ် ။ ပြီးတော့ ကြမ်းပြင်မှာ သူ့ခြေထောက်က ဖိနပ်နဲ့ နင်းခြေလိုက်တယ် ။ ဒေါ်လာ ၂၀ တန်စက္ကူဟာ ညစ်ပတ်ပြီး အတော်လေးကို ရုပ်ဆိုးသွားတယ် ။ သူက ပြန်ကောက် လိုက်တယ် ။
“ ကဲ အခု ဘယ်သူလိုချင်ပါသေးလဲ ” စကားသံဆုံးဆုံးချင်းမှာပဲ လက်တွေ အတော်များများ လေထဲမှာ မြောက်သွားကြတယ် ။
“ ကဲ ခင်ဗျားတို့အားလုံး အခုဆိုရင် အရမ်းကို တန်ဖိုးရှိတဲ့ သင်ခန်းစာတစ်ခုကိုရသွားကြပါပြီ ။ ကျွန်တော်ငွေစက္ကူ ကို ဘယ်လိုပဲလုပ်လုပ် ခင်ဗျားတို့ လိုချင်နေကြတုန်း ။ ဘာကြောင့်လည်း ဆိုတော့ ငွေစက္ကူ ရဲ့တန်ဖိုး မပြောင်းလဲသွားလို့ပါ ဒေါ်လာ ၂၀ တန်နေတုန်းပါပဲ ”
##########################################
ကျွန်တော်တို့ ဘ၀တွေမှာ အကြိမ်များစွာ ကျဆုံးခဲ့ခြင်း ၊ နင်းခြေခံရခြင်း နဲ့ ကျွန်တော်တို့ ကိုယ့်ဘာသာချခဲ့တဲ့ ဆုံးဖြတ်ချက်တွေကြောင့် စိတ်ဓါတ်နဲ့ တန်ဖိုးတွေဟာ မြေကြီးပေါ်မှာလို ညစ်ပတ်နေခဲ့ရတယ် ။
တခါတရံမှာ ကျွန်တော်တို့ဟာ ဘ၀ဟာ တန်ဖိုးမရှိဘူး ငါဟာ ဘာမှအသုံးမကျဘူး စသဖြင့် အမျိုးမျိုးတွေး တတ်ကြ တယ် ။ ဘာတွေဘယ်လိုပဲဖြစ်ခဲ့ပါစေ ဘာတွေဘယ်လိုပဲဖြစ်နေပါစေ --- သင့်ရဲ့တန်ဖိုးကို သင် ဘယ်တော့ မှ မဆုံးရှုံးပါစေနဲ့ ။ သင်ဟာ တကယ်တော့ သိပ်အဖိုးတန်တဲ့ လူသားပါ ဒါကို ဘယ်တော့မှ မမေ့ပါနဲ့ ။
သက်တန့်ချို
အသိပညာ ရဲ့ တန်ဖိုး
တခါတုန်းက အလွန်ကြီးမားတဲ့ သဘောင်္ကြီးတစ်စင်းရဲ့ အင်ဂျင်ဟာ ပျက်သွားတယ် ။ သဘောင်္ပိုင်ရှင်ဟာ စက်ပြင်သမားတွေ တစ်ယောက်ပြီးတစ်ယောက် ပြောင်းပြီးပြပေမယ့် ဘယ်သူကမှ အင်ဂျင်ပြန်ကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာ အဖြေ ရှာမတွေ့ခဲ့ကြဘူး ။ တစ်နေ့မှာ စက်ပြင်သမားတွေက သင်္ဘောအင် ဂျင်နဲ့ပတ်သတ်လို့ ငယ်ငယ်ကတည်းကတတ်ကျွမ်းခဲ့တဲ့ အဖိုးအိုတစ်ဦးကိုခေါ်လာတယ် ။ အဖိုးအိုက အိတ်ကြီး တစ်လုံးကိုလွယ်ထားတယ် ။ ရောက်ရောက်ခြင်းပဲ သူဟာ အင်ဂျင်ဆီကိုသွားပြီးအလုပ်လုပ်ဖို့ စတင်ပါတယ် ။ အဖိုးအိုဟာ အင်ဂျင်ကို ဂရုတစိုက်နဲ့ သေချာကြည့်တယ် အပေါ် ကနေ အောက်ခြေ အထိ သေသေ ချာချာစစ်ဆေးတယ် ။
အဲဒီနေရာမှာ သင်္ဘောပိုင်ရှင်ကလည်း ကြည့်နေတယ် ။ အဖိုးအို ဘာလုပ်မလဲဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့ ။ အကုန်လုံးကြည့်ပြီးတဲ့အခါ အဖိုးအိုဟာ အိတ်ထဲကို လက်နှိုက်လိုက်ပြီး တူသေးသေးလေး တစ်ချောင်း ကိုထုတ်လိုက်တယ် ။ ပြီးတော့ တစ်နေရာကို ညှင်သာစွာ ခေါက်လိုက်တယ် ။ ရုတ်တရက်ပဲ အင်ဂျင်က စက်နှိုးသွားပါတယ် ။ အဖိုးအိုဟာ သူ့ တူလေးကို ဂရုတစိုက်အိတ်ထဲထည့်ပြီး ထွက်ခွာသွားတယ် ။ ခဏလေးပါပဲ --- အင်ဂျင်ပြင်တာပြီးသွားပါပြီ ။
တစ်ပတ်ကြာပြီးနောက်မှာ သဘောင်္ပိုင်ရှင်ဟာ အဖိုးအိုဆီက ငွေတောင်းခံလွှာကို လက်ခံရရှိခဲ့တယ် ။ ဒေါ်လာ ၁၀၀၀၀ ဖြစ်ပါသတဲ့ ။
“ ဘာ ” သဘောင်္ပိုင်ရှင် ထိတ်လန့်သွားတယ် ။ “ သူက ဘာများ ခက်ခဲစွာ လုပ်ရလို့လဲ ”
ဒီလိုနဲ့ သဘောင်္ပိုင်ရှင်က အဖိုးအိုကို ပစ္စည်းတန်ဖိုးနဲ့တကွ ကုန်ကျစရိတ်ကိုတောင်းခံလွှာပို့လိုက်တယ် ။ အဖိုးအို က စာပြန်ပို့လိုက်တယ် ။
“ တူ နှင့် ထု ခ --- ၂ ဒေါ်လာ
မည်သည့်နေရာကို ထု ရမလဲ သိသည့် အသိပညာခ - ၉၉၉၈ ဒေါ်လာ ”
####################################
လောကကြီးမှာ အသိပညာ အတတ်ပညာဟာ အရာအားလုံးကို ဖြေရှင်းပေးနိုင်သလို ဘ၀ရဲ့ အောင်မြင် ခြင်းသော့ ချက်လည်းဖြစ်တယ် ။ ဒါကြောင့် ကျွန်တော်တို့အားလုံးလည်း အသိပညာတစ်ခုခုကို စူးစိုက်လေ့ လာသင်ကြားကြဖို့လိုတယ် ။ ဘယ်နေရာလေး (Key point ) ကို အားစိုက်ပြုပြင်ရမလဲဆိုတာ သိခြင်း ဟာ လော က မှာ အရေးကြီးဆုံး အရာတစ်ခုပါပဲ ။
သက်တန့်ချို
ထုပ်ပိုးထားတဲ့အရာတွေထဲမှာ လိုချင်တာတွေရှိနေတတ်တယ်
ထုပ်ပိုးထားတဲ့အရာတွေထဲမှာ လိုချင်တာတွေရှိနေတတ်တယ်
တစ်ခါတုန်းက ဘွဲ့ယူဖို့ စောင့်နေတဲ့ လူငယ်လေးတစ်ယောက်ရှိတယ် ။ သူ့ ဖခင်ဟာလည်း ချမ်းသာကြွယ်ဝတဲ့ သူဌေးတစ်ဦးဖြစ်တယ် ။ လပေါင်းများစွာ အဲဒီလူငယ်လေးရဲ့စိတ်မှာ ကိန်းအောင်းနေတဲ့အရာတစ်ခုကတော့ ကားပြခန်း တစ်ခုက ထုတ်တဲ့ ပြိုင်ကားလှလှလေးတစ်စင်းကိုပိုင်ဆိုင်ရဖို့ပဲဖြစ်ပါတယ် ။ ဒါကြောင့် သူက သူ့အဖေ ကို အဲဒီကားလေးလိုချင်ကြောင်းပြောခဲ့တယ် ။
ဒီလိုနဲ့ ဘွဲ့ယူဖို့ရက်ကနီးလာပါပြီ ။ လူငယ်လေးက သူ့ဖခင်က သူ့ကိုကားဝယ်ပေးမယ့် အရိပ်အယောင် များတွေ့ရမ လားဆိုတဲ့ မျှော်လင့်ချက်နဲ့စောင့်နေခဲ့တယ် ။ နောက်ဆုံး -- ဘွဲ့ယူမယ့် မနက်ခင်းမှာပေါ့ ။ သူ့အဖေ က သူ့ရုံးခန်းထဲကို လာဖို့ လူငယ်လေးကိုခေါ်လိုက်တယ် ။ သူ့အဖေက ဒီလိုသားမျိုး တစ်ယောက်ရှိနေခဲ့အတွက် သူအလွန်ပဲ ၀မ်းသာဂုဏ်ယူရပါကြောင်းပြောင်းပြီး သူ့သားကို ဘယ်လောက်ချစ်ကြောင်းပြောခဲ့တယ် ။ ပြီးတော့ လှပတဲ့စက္ကူနဲ့ထုပ်ထားတဲ့ လက်ဆောင်သေတ္တာလေးကို သူ့သားကို ပေးခဲ့တယ် ။
သိချင်စိတ်ပြင်းပျနေတဲ့လူငယ်လေးက သေတ္တာလေးကို အလျှင်အမြန်ဖွင့်ကြည့်ပြီး တွေ့လိုက်ရတဲ့အရာကတော့ သားရေနဲ့ဖုံးထားတဲ့ တရားစာအုပ်လေးတစ်အုပ်ပါပဲ ။ သူ အလွန်ကို စိတ်ပျက်သွားခဲ့တယ် ။ ချက်ချင်း ပဲ ဒေါသတွေထွက်လာခဲ့ပြီး သူ့အဖေကို “ အဖေ့မှာ ရှိတဲ့ ငွေကြေးတွေအကုန်လုံးနဲ့ ကျွန်တော့် ကို ပေးတာ ကျတော့ ဒီစာအုပ်လေးတစ်အုပ်တဲ့လား ” လို့ အော်ဟစ်ပြောဆိုခဲ့တယ် ။ ပြီးတော့ အဲဒီစာအုပ်ကို လွှင့်ပစ်ခဲ့ပြီး ရုံးခန်းကနေ ပြေးဆင်းခဲ့တယ် ။ သူ ဒီလိုနဲ့ ---- သူ့အဖေဆီကို ပြန်လာခဲ့တော့ဘူး ။
--------------------------------------------------------
နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာတော့ လူငယ်လေးဟာ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ဖြစ်လာခဲ့တယ် ။ သူ့အိမ်ထောင်ကျပြီး လှပတဲ့အိမ်ကြီးနဲ့ မိသားစုတစ်စုလည်းပိုင်ဆိုင်ခဲ့တယ် ။ သူအ ရွယ်ရောက် လာတဲ့အခါ နားလည်လိုက်တာက သူ့ဖခင်ဟာ အခုလောက်ဆို အသက်ကြီးနေပြီး သူ့ဖခင်ကိုတစ်ခေါက်လောက်ပြန်သွားတွေ့သင့်တဲ့အကြောင်းပေါ့ ။သူဘွဲ့ယူတဲ့နေ့ကစပြီး သူ့အဖေကို သွားမတွေ့ ခဲ့တာ အခုထိပါပဲ ။ ဒီလိုနဲ့ သူ့အဖေကို သွားတွေ့ဖို့ မစီစဉ်ရသေးခင်မှာပဲ သူ့အဖေ ဆုံးသွားပြီဖြစ်တဲ့အကြောင်း ဒါကြောင့်ပိုင်ဆိုင်မှုတွေ ပေးဖို့ အိမ်ပြန်လာဖို့ အကြောင်းကို ကြေးနန်းစာရောက်လာခဲ့တယ် ။ သူ အိမ်ကို ချက်ချင်းပြန်သွားခဲ့တယ် ။
သူ့အဖေအိမ်ကို ရောက်တဲ့အခါမှာတော့ သူ ရုတ်တရက် ၀မ်းနည်းမှုတွေ နောင်တရမှုတွေနဲ့ ယူကြုံးမရ မှုတွေက နှလုံးသားကို မွန်းကြပ်ခံစားစေခဲ့တယ် ။ သူ့အဖေရဲ့ အရေးကြီးတဲ့ စာရွက်စာတမ်းတွေကို သူ ရှာဖွေကြည့် တဲ့အခါမှာတော့ သူနှစ်ပေါင်းများစွာကတည်းက လွင့်ပစ်ခဲ့တဲ့ တရားစာအုပ်လေးကို အသစ်လေး အတိုင်း သူတွေ့ခဲ့ရတယ် ။ မျက်ရည်တွေနဲ့ သူ စာအုပ်လေးကို ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အ ထဲကနေ စာအုပ်လေး တစ်အိတ်နဲ့ထည့်ထားတဲ့ ကားသော့လေး တစ်ချောင်းထွက်ကျလာပါတယ် ။
ကားသော့လေးနဲ့တွဲထားတဲ့စာအိတ်ထဲမှာ ကားကို သူ့နာမည်နဲ့ သူ့အဖေက ၀ယ်ပေး ထားကြောင်း သူတွေ့လိုက်ရတယ် ။ သူလိုချင်တဲ့ကားလေး သူလိုချင်တဲ့ ပြခန်းက ပြိုင်ကားလှလှကလေးကို ၀ယ်ယူထားတဲ့ ရက်စွဲ ကတော့ သူဘွဲ့ယူတဲ့နေ့ပဲဖြစ်ပါတယ် ။ စာရွက်ပေါ်မှာ ရေးထားတာကတော့ “ ငွေချေပြီး ” ဆိုတဲ့ နဲ့နောက် သူ့အဖေ လက်ရေးနဲ့ရေးထား တဲ့ “ အဖေမင်းကို သိပ်ချစ်တယ် သား ” ဆိုတဲ့ စာသားလေးပဲဖြစ်ပါတယ် ။
#############################
ကျွန်တော်တို့ဟာ ထုပ်ပိုးမထားတဲ့ အရာတွေကိုပဲ မျှော်လင့်ချက်ကြီးကြီးကြည့်မိကြတယ် ။ တကယ်တော့ ထုပ်ပိုးထားတဲ့ အရာတွေမှာလည်း ကျွန်တော်တို့လိုချင်တဲ့အရာတွေ ရှိနေတတ်ပါတယ် ။ မိဘတွေအပေါ်မှာ ကိုယ်လိုချင် တာမရလို့ စိတ်မဆိုး စိတ်မကောက်ကြပါနဲ့ ။ ဘ၀ဟာ အရမ်းကိုတိုတောင်းလွန်းလှတယ် ။ ကိုယ်လိုချင် တဲ့အရာ ကို မိဘတွေက ၀ယ်ပေးနိုင်သည်ဖြစ်စေ ၀ယ်မပေးနိုင်သည်ဖြစ်စေ ကိုယ့်ကို မွေး ဖွားကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တဲ့ ကျေးဇူးနဲ့တင် ဒါဟာ ကျွန်တော်တို့အတွက် မိဘတွေဆီက အထိုက် တန်ဆုံးပေး တဲ့လက်ဆောင်ဖြစ်ပါတယ် ။
သက်တန့်ချို
Feb 20-2012
သစ်ခုတ်သမားနှင့်ပုဆိန်
တစ်ခါတုန်းက သစ်ခုတ်သမားတစ်ဦးဟာ ကုန်သည်သူဌေးကြီးတစ်ဦးဆီမှာ အလုပ်ရဖို့အတွက် အကူအညီ သွားတောင်း တယ် ။ သစ်ခုတ်တဲ့အလုပ်ကိုသူရသွားပါတယ် ။ သူ့လုပ်ခ လစာကလည်းအရမ်းကောင်းတဲ့အတွက် သူ့အ တွက် အခြေအနေအားလုံးဟာ ကောင်းနေပါတယ် ။ ဒါကြောင့် သစ်ခုတ်သမားဟာသူအစွမ်းကုန် သူ့အလုပ် ကိုလုပ်ဖို့ဆုံးဖြတ်လိုက်တယ် ။
သူ့ သူဌေးက သူ့ကို ပုဆိန်တစ်လက်ကိုပေးပြီး ခုတ်ရမယ့်နေရာတွေကိုလိုက်ပြတယ် ။ ပထမရက်မှာတော့ သစ်ခုတ် သမားဟာ အပင် ၁၅ ပင်ကိုခုတ်နိုင်ပါတယ် ။ “ ဂုဏ်ယူပါတယ် ” လို့ သူဌေးကပြောတယ် “ အလုပ်ကို ကြိုး စားပြီးလုပ်ပါ ”
သူ့သူဌေးရဲ့အားပေးစကားကြောင့် သူအားတတ်သွားပြီးနောက်ရက်မှာလည်း အလုပ်ကို ဒီထက်ပိုကြိုးစားတယ် ။ ဒါပေမယ့်နောက်ရက်မှာ သူဟာ ၁၀ ပင်ပဲခုတ်နိုင်ခဲ့တယ် ။ တတိယရက်မှာလည်းသူဟာပိုပြီး ကြိုးစားခုတ်ခဲ့တယ် ။ ဒါပေမယ့် ၇ ပင်ပဲခုတ်နိုင်ခဲ့တယ် ။ နေ့ရက်တွေကြာလာတာနဲ့အမျှ သူဟာ အပင်တွေကိုလျော့လျော့ပြီးပဲ ခုတ်နိုင် ခဲ့တယ် ။
“ ငါ့စွမ်းအားတွေကျဆင်းနေပြီ ” လို့ သစ်ခုတ်သမားကတွေးထင်လိုက်တယ် ။ ဒါနဲ့သူဟာ သူ့သူဌေးဆီကိုသွားပြီး သူ ဘာကြောင့် ဒီလို အပင်တွေ ကိုကြိုးစားခုတ်ပေမယ့်လည်းလျော့ပြီးပဲ ခုတ်နိုင်ရသလဲ ဆိုတာ နားမလည် တဲ့အကြောင်းမေးမြန်းခဲ့တယ် ။
“ သင်ဟာ ဘယ်အချိန်တုန်းက သင့်ပုဆိန်ကိုသွေးခဲ့သလဲ ” လို့ သူဌေးကမေးတယ် ။ “ သွေးရမယ် ဟုတ်လား ကျွန်တော် ဟာ အပင်တွေကို ခုတ်ဖို့အလုပ်များနေတဲ့အတွက် ပုဆိန်ကိုသွေးဖို့ အချိန်မရှိခဲ့ပါဘူး ” လို့ သစ် ခုတ်သ မားက ပြန်ဖြေရှင်း သူ့လိုအပ်ချက်ကို သူ ရှင်းရှင်းလင်းလင်းသိသွားခဲ့တယ် ။
############################
ကျွန်တော်တို့အများစုဟာ ကျွန်တော်တို့ရဲ့ ကျွမ်းကျင်တတ်မြောက်မှု Skills တွေကို ဘယ်တော့မှ Update မလုပ်မိကြ ဘူး ။ ကျွန်တော်တို့ သင်ယူခဲ့တာ သင်ယူနေတာ တတ်ထားတာလေးတွေဟာ ဘ၀အ တွက်ပြည့်စုံ လုံလောက်နေပြီလို့ပဲ ထင်နေမိတတ်ကြတယ် ။ Good ဆိုတဲ့စကားလုံးနဲ့မလုံလောက်သေးပါဘူး Better ဆိုတဲ့စကားလုံးရအောင်ကြိုးစားရဦးမှာပါ ။ ကိုယ်တတ်မြောက်ထားတဲ့အရည်အသွေးတွေကို ထက်မြနေအောင် အချိန်တိုင်းသွေးထားမှသာ ကျွန်တော်တို့လိုချင်တဲ့ Success ဆိုတဲ့ အောင်မြင်မှုကိုရရှိမှာဖြစ်ပါတယ် ။
သက်တန့်ချို
Friday, February 3, 2012
စက္ကူလှေ
ပြီးခဲ့တဲ့နှစ်က ဘယ်သတင်းဌာနတွေကိုပဲကြည့်ကြည့် စစ်ပွဲသတင်း၊ လူထုအုံကြွမှု၊ ငလျင်ဘေး၊ မိုးသက်မုန်တိုင်း ဓါတ်ရောင်ခြည်သင့်မှု......စတဲ့ အနိဌာရုံတွေပဲ မြင်နေကြားနေရတယ်ဗျာ။ အဲဒီလိုတွေ ဖြစ်ရကြားရတာများ လာတာနဲ့အမျှ နောက်ဆုံးသောကာလနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ၊ ဗျာဒိတ်ကျမ်းထဲက အဖြစ်အပျက်တွေ ကျနော်တို့အသင်းတော်မှာ အတော့်ကို HOT လာတယ်။ အဲဒီမေးခွန်းတွေ အကြောင်းက အဓိက မဟုတ်ပါဘူး။ အဓိကပြောချင်တာက နောက်ဆုံးသောကာလမှာ ကျနော်တို့တွေ ရှိသင့်ရှိအပ်တဲ့ သတိနဲ့ သိသင့်သိအပ်တဲ့ အမြင်အကြောင်း တစ်နည်းအားဖြင့် အမြင်မှန်၊ သတိမှန်ဖို့ ပြောချင်ပါတယ်။
ကျနော်အမှတ်မမှားဘူးဆိုရင် ( ၂၀၀၅ ) ခုနှစ်လောက်ကထင်ပါရဲ့။ ချင်းပြည်နယ် ကလေးမြို့မှာ Crusade သွားလုပ်ကြရင်းနဲ့ ကားမဲလ်တောင်ကို ရောက်ဖြစ်ခဲ့ပါတယ်။ အဲဒီကားမဲလ်တောင်ခြေမှာ စမ်းချောင်းလေးတစ် ခုရှိတယ်ဗျ။ ကျနော်တို့ သူငယ်ချင်းတွေအားလုံး ကျောပိုးအိတ်ထဲမှာ ပါလာတဲ့ ဗလာစာအုပ်တွေထဲက စာရွက်တွေဖြဲ၊ လှေလုပ်ပြီး ချောင်းထဲမှာ မျှောကြတယ်။ ပြီးတဲ့နောက် သူ့လှေ၊ ကိုယ့်လှေ ဘယ်ဟာက ပိုပြီး မြန်သလဲဆိုတာကို ပြိုင်ကြတော့ အော်လိုက် ဟစ်လိုက်နဲ့ ပျော်စရာကြီး။           ဒါပေမယ့် ဘယ်လှေမှ မျက်စိတဆုံးမခံပါဘူး။ မျက်စိရှေ့တင် ရေစိုပြီး ပုံပျက်ပန်းပျက်နဲ့ နစ်ကုန်ပါလေရော.....။
၂၀၀၈ ခုနှစ်၊ မေလ (၂) ရက်နေ့မှာ မြစ်ဝကျွန်းပေါ်ဒေသကို နာဂစ်မုန်တိုင်း ၀င်ရောက်တိုက်ခတ်သွားတဲ့နောက် အဲဒီဒေသကို ကျနော်တို့သူငယ်ချင်းတွေ ရောက်ဖြစ်ကြတယ်။ ကယ်ဆယ်ရေးတွေ၊ ပြန်လည်ထူထောင်ရေးတွေ လုပ်ရင်းနဲ့ ဘိုကလေးတစ်ခွင်ကို ပြဲပြဲစင်ရောက်ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်ရောက်မှ လွန်ခဲ့တဲ့ (၃) နှစ်လောက်က စက္ကူလှေတွေ အပြိုင်မျှော်ခဲ့ဖူးတာကို ပြန်အမှတ်ရမိလာသလို ဘုရားသခင်ရဲ့ သွန်သင်မှုကို သဘောပေါက်လာခဲ့တယ်။ ကျနော်တို့တွေ လောကမှာ အပြိုင်အဆိုင်ရှာဖွေနေကြတဲ့ ပညာတွေ၊ စည်းစိမ်တွေ၊ ရာထူးတွေ ၊ ဂုဏ်ဒြပ်တွေကစလို့ ဘာသာတရားတွေအဆုံး အရာရာတိုင်းဟာ စက္ကူလှေတွေချည်းပဲလို့ နားလည်လာခဲ့မိတယ်။ အဲဒီလို ဘယ်အချိန်မှာ ရေနူးပြီး ရိရွဲပျက်စီးသွားမယ်မှန်း မသိနိုင်တဲ့၊ အာမချံက်မရှိတဲ့ စက္ကူလှေတွေကို အားကိုးပြီး သူ့ထက်ငါ အပြိုင်အဆိုင်နဲ့ မာန်တက်ရင်းက ဘ၀ပင်လယ်ကြီးကို ကျနော်တို့တွေ ဖြတ်သန်းနေကြတယ်။ အချိန်တန်လာလို့ နောက်ဆုံးအချိန်ရောက်လာမှ သတိဝင်လာတော့ ကျနော်တို့မှာ ဘာအားကိုးရာမှ မရှိတော့ နစ်ပါလေရော။ တကယ်တော့ လူ့ဘ၀ဆိုတာ ဘာမှမပါဘဲ ၀င်လာရသလို ဘာမှမပါဘဲ ပြန်ထွက်သွားရတဲ့ အခန်းတစ်ခန်းပါပဲ။ ဒေသနာ ၅း၁၅-၁၆ မှာ ဒီအကြောင်းအရာကို ဖော်ပြထားပါတယ်။ " စည်းစိမ်ရှင်သည် အမိဝမ်းထဲက အလျင်းမပါဘဲ ထွက်လာသကဲ့သို့ ထိုနည်းတူ ပြန်သွားရမည်။ ကြိုးစားအားထုတ်၍ရသော ဥစ္စာတစ်စုံတစ်ခုကိုမျှ လက်နှင့် ဆွဲကိုက် လျှောက်ယူ၍ မသွားရ။ သူသည် လာသကဲ့သို့ အလျင်းမခြားနားဘဲ သွားရသော အမှုအရာသည် အလွန်ဆိုးသော အမှုအရာဖြစ်၏ ။ လေကို ရအံ့သောငှာ ကြိုးစားအားထုတ်သောသူသည် အဘယ်ကျေးဇူးရှိသနည်း။ " တကယ်တော့ ကျနော်တို့ ဘ၀မှာ နောက်ဆုံးသောအချိန်အထိ  ပါလာမယ့်အရာ ဒီထက်ပိုပြီး တိတိကျကျပြောရရင် ထာဝရကာလအတွက် ကောင်းရာဘုံဘ၀နဲ့ ငရဲကို အဆုံးအဖြတ်ပေးမယ့် အရာက သခင်ယေရှုပဲ ဖြစ်ပါတယ်။ ထိုသခင်သည်သာလျှင် စစ်မက်ဖြစ်ပွားခြင်း၊ ရေကြီးခြင်း၊ ငလျင်လှုပ်ခြင်း စတဲ့ အခြေအနေတိုင်းမှာ မပျက်စီးတည်တံ့နေနိုင်တဲ့ သင်္ဘောကြီး ဖြစ်ပါတယ်။ အဲဒီလို သင်္ဘောကြီးထဲကို ၀င်ရောက်လာနိုင်ဖို့အတွက် လက်ရှိ ကိုယ်အားကိုးနေတဲ့ စက္ကူလှေထဲကနေ စွန့်ခွာပြီး ပြီးထွက်လာဖို့က မိတ်ဆွေ လုပ်ရမယ့် အပိုင်းဖြစ်ပါတယ်။
ကျနော်တို့ရဲ့ အသက်တာမှာ မဖြစ်မနေ ကြုံရမယ့် အရာ (၃) ခုရှိပါတယ်။ အဲဒီအရာကို ကြိုပြီး ပြင်ဆင်မထားရင်တော့ အင်မတန်ကို ဒုက္ခများပါလိမ့်မယ်။
(၁) အခွန်အခ (၂) အပြောင်းအလဲ (၃) သေခြင်းတရားပါ။ ဒီအရာ (၃) ခုကို ကြုံလာမယ့် နေ့အတွက် ကျနော်တို့ရဲ့ ပြင်ဆင်မှုကတော့ မိတ်ဆွေရဲ့ စက္ကူလှေကို စွန့်ပြီး သခင်ယေရှုဆိုတဲ့ ကယ်တင်ခြင်း သဘောင်္ကြီးထဲကို ခြေစုံပစ်ဝင်လိုက်ဖို့ပါပဲ။ ကျနော်တို့ရဲ့ ဘ၀မှာ ကိုယ့်ရဲ့သေနေ့အတွက် စိတ်အေးနိုင်အောင် အသင့်ပြင်ထားကြရအောင်။ နောက်ဆုံးသောကာလရဲ့ လှိုင်းတံပိုး တွေ ဘယ်လောက်ပဲ ကြမ်းနေ ထန်နေပါစေ...... သခင်ယေရှုရဲ့ အထဲမှာသာ အသက်ရှင် နေမယ်ဆိုရင် မိတ်ဆွေဟာ နောက်ဆုံးသော ကာလအတွက် အသင့်ဖြစ်နေပါပြီ။ ဒီကနေ့ကစလို့ ကျနော်တို့ရဲ့ ကိုယ်စွမ်း ကိုယ်စတွေ၊ စည်းစိမ် ဂုဏ်ဒြပ်တွေဟာ စက္ကူလှေတွေ ပါလားလို့ အမြင်မှန် ရကြရအောင်လားဗျာ။
ချစ်ခြင်းအားဖြင့်
မိုးစက်နီ
Friday, January 27, 2012
ဝန်လေး၍ ပင်ပန်းသောသူ အပေါင်းတို့ ငါ့ထံသို့လာကြလော့။
အဆွေ ….. အဘယ့်ကြောင့် ဒုက္ခဆင်းရဲခံနေရသနည်း?  Samual Soe Lwin .. 
ချစ်သောအဆွေ၏ ပရိဒေ၀ သောက (အို၊နာ၊သေရေး) ဒုက္ခဆင်းရဲရောက်နေရခြင်းသည် တရားသဘောအားဖြင့် ဆင်ခြင်ကြည့်သော် လူသည် မိမိဘ၀ကို မိမိမပိုင်နိုင်၊ မစီမံနိုင်သောကြောင့်သာ လက်လှမ်းမီရာ ဆေးရုံ၊ ဆေးခန်း၊ လောကဓါတ်ပညာ အတိုအထွာတို့မှ အားကိုးရာရလိုရငြား မျှော်လင့်ချက်ဖြင့် လုပ်ဆောင်နေခြင်းပင်မဟုတ်ပါလား?
“ထက်ရပ်ဘုံတစ်ခွင်နှင့် အောက်ရပ်လူ့ပြည်မှ အပ်ငယ်နှစ်ချောင်း ထိပ်ခြင်းတိုက်ပါသော်မှ လူအဖြစ်ကားရခဲစွတည်း၊ အကယ်လူဖြစ် ဘုရားကိုဖက်ပါမှ မွန်မြတ်ဘ၀ ဆိုအပ်လှ´´ဆိုသော စကားအတိုင်း ရခဲလှသော လူဘ၀တွင် ချစ်သောအဆွေ၏ အားကိုးအားထားပြုရာသည် တဒင်္ဂသာတည်သည့် လောကီဏ္ဍာ၊ ဂုဏ်ရှိန်သတင်း၊ ကျော်စောကိတ္တိတို့ဖြင့် ဘဝ
ကို အချိန်ကုန်လွန်စေကာ၊ ဖာသိဖာသာဖြင့် ဘ၀ကို ရေစုန်မျောကာ လျှစ်လျှူရှုရန်ကား မသင့်လျှော်ပါလေ။ သေခြင်းတရားအား မကြားနာလိုကြသော်လည်း ရှောင်လွှဲရနိုင်ကောင်းသော အရာမဟုတ်သဖြင့် ပညာနှင့် ပြည့်စုံသော အဆွေသည် အသင့်ပြင်ဆင်ထားရှိရန် လိုအပ်လှပေသည်၊။
လူသည် ဓါတ်ကြီးလေးပါးဖြင့်၎င်း၊ အာရုံငါးပါးတို့ဖြင့်၎င်း၊ လိုတမရ ဒုက္ခဆင်းရဲ ဖျားနာနေကြရခြင်းလား၊ သို့တည်းမဟုတ် ဥတု၊ ဗီဇ၊ ကမ္မ၊ နိယာမ တရားသဘောတို့ကြောင့် ဒုက္ခ ပရိဒေ၀တို့နှင့် ယှဉ်တွဲနေရခြင်းမဟုတ်ပါလား။
တရားရှာကိုယ်မှာတွေ့ဟူ၍ ဆိုနိုင်သော်ငြားလည်း ဘုရားကိုကား ကိုယ်ခန္ဓာမှာရှာ၍ မတွေ့နိုင်ပါလေ။
`အနာနှင့်ဆေးတည့်အောင်ပေး ပျောက်ရေးမခက်ပါ´ ဆိုသည့်အတိုင်း လူ့ဘ၀၏အဖြေသည် ဤလောကတွင် မရှိပေ၊ ဘုရားမှတပါး အားကိုးစရာမရှိခြင်းကြောင့် ဤဒုက္ခတိဘုံတွင် မိဘ၊ ဘိုးဘွားမှအစ ကြီးငယ်မဟူ ကိုယ်စီ အပူဒုက္ခ တို့ဖြင့်ရှိကြပြီး၊ အချို့က မူးယစ်ဆေးဝါး တို့ဖြင့်၎င်း၊ ကာမဂုဏ်စည်းစိမ်တို့ဖြင့်၎င်း၊ သတင်းသီလ၊ ဘာသာတရားကိုင်းရှိုင်းခြင်းတို့ဖြင့်၎င်း ကုစားရန်ကြိုးစားကြသော်လည်း ဧငြိမ်းရာ အစစ်အမှန်ကိုကား မတွေ့ရှိနိုင်ကြပေ။ အကြောင်းမှာ ဘုရားကို ပေလျာယကန်ပြုကာ ပလပ်ထားကြခြင်းကြောင့်ပင်ဖြစ်လေသည်။
ဘုရားဟူသည် မပစ်ပယ်ကောင်းသလို မပြစ်မှားအပ်ပေ၊ အကယ်၍ ပစ်မှားခဲ့သော်ကား မိဘ၊ ဆရာသမားတို့ကို စော်ကားသောအပြစ်တရားမှ ရသောကျိန်ခြင်းထက် ကြီးလေးလှသော ဘုရားစာရေသင့် (ကျိန်ခြင်းခံ)၍ ဘ၀ပင်လယ်တွင် ကမ်းမမြင် လမ်းမမြင်ဘဲ အားကိုးရာမဲ့ ဒုက္ခတို့ကိုသာ အဖေါ်ပြုရချေတော့မည်။ ထို့ကြောင့်လည်း လူသားသင်နှင့် ကျွန်ုပ်တို့သည် ဒုက္ခရောက်ခဲ့ရလေပြီ။ ဤအရာတို့သည် အားလုံးအတွက် ကျွန်ုပ်တို့အဘယ်သို့ ဆက်နွယ်နေကြောင်း မြတ်ဘုရား ကျမ်းဂန်မြတ်တွင် အောက်ပါအတိုင်း ဖေါ်ပြထားပါသည်။
၁။ သြကာသလောက။
အစအဦး၌ မြတ်ဘုရားရှင်သည် သြကာသ လောကကို သူ၏ ဣဒ္ဓိပါတ်တန်ခိုးတော်ဖြင့် စီရင်ဖန်ဆင်းတော်မူလေ၏။ စကြာဝဠာ၊ နေ၊ လ၊ ကြယ်တာရာတို့မှအစ နေ့နှင့်ညတို့ပါဝင်ခဲ့ပါတယ် ဓမ္မမိတ်ဆွေ၊
၂။ သတ္တလောက။
တဖန်မြတ်ဘုရားရှင်သည် သူ၏ သဗ္ဗညုတဥာဏ်တော်ရှိသည့်အတိုင်း ဦးစွာ ကုန်းမြေ၊ သစ်ပင်၊ ပန်းမာလာတို့ကို စီရင်ပြီးသော် ကြီးငယ်၊ မျိုးစုံ သတ္တ၀ါအပေါင်းတို့ကို စီရင်ဖန်ဆင်းတော်မူလေသည်။ သို့သော် သင်နှင့် ကျွန်ုပ်တို့လူသားတို့ကိုကား ထိုသို့ မပြုဘဲ တမူထူးကဲစွာ ဖန်ဆင်းတော်မူခဲ့လေသည်ကို ချစ်သောဓမ္မအဆွေ သိမြင်စေရန် မြတ်ဘုရားအလိုတော်ရှိတော်မူလေသည်။
၃။ နိစ္စလောက။
ရှင်တော်မြတ်ဘုရားသည် မနုဿဟူ၍ ခေါ်ဆိုကြသော ကျွန်ုပ်တို့ကိုကား ဓါတ်ကြီးလေးပါး (ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယော)တို့ဖြင့် သာမက ရုပ်ခန္ဓာကို ပြုပြင်ပြီးသော် အသက်မဲ့ ရုပ်သာရှိသေးသော လူသားအား ဇီဝ အသက်တည်းဟူသော နာမ်သက်ကိုပေး၍ အို၊ နာ၊ သေခြင်းကင်းသော လူသားဘ၀ကို ဖန်းဆင်းတော်မူလေသည်။
ထိုလောက သုံးပါးတို့၏ အရှင်မြတ်ဘုရားက လူသားတို့အား ဓမ္မလမ်းစဉ်တစ်ခုကို ချမှတ်ပေးလေသည်။ ၎င်းမှာ ဘုရားစကားတော်နှင့်အညီ နာယူမှတ်သားကာ နေ၊ထိုင်၊ သွားလာစေပြီး မရှိစကား နားဝမှာပင် မကြားရသော ဘ၀ဖြင့် ကောင်းကြီးမင်္ဂလာဖြင့် စစ်မှန်သော လူဘ၀တွင် ဘုရားဖက်၍ အသက်ရှည်ရှည် လိုတရ ဘ၀ဖြင့် နေထိုင်စေတော်မူခဲ့လေသည်။
၎။ အနိစ္စလောက။
“ကဲ ဒါဆို နိစ္စလောကမှ အခုတော့ အနိစ္စလောကဖြစ်လာရခြင်းက ဘာကြောင့်လည်း”ဟူ၍ အဆွေမေးလိုကောင်း မေးပေလိမ့်မည်။
ထိုအရာကိုပင် စာရေးသူကလည်း ဖြေဆိုလိုပေ၏။ အို၊ နာ၊ သေခြင်း မမြဲခြင်းတရားတို့သည် ငါသာလျှင်သခင် ငါသာလျှင်အရှင်ဟူ၍ ဘုရားကို ဖက်ပြိုင်ကာ ဘုရား စာရေ (ကျိန်ခြင်း) သင့်သော မာရ်နတ်မင်း၏ စကားအား ယုံမှတ်၍ ဘုရားကဲ့သို့၎င်း၊ ဘုရားလိုဖြစ်ချင်သောကြောင့် ထိုကနဦး လူသားတို့သည် ဖန်ဆင်းခြင်းရဲ့အရှင်၊ ဖန်ဆင်းသခင်ရဲ့နေရာတွင် ဖန်ဆင်းခံ မာရ်နတ်မင်းကို ရှေ့တန်းတင်မှားမိခြင်းကြောင့် မိဘစာရေသင့်ခြင်းတို့ထက် ကြီးမားသော ဘုရားစာရေသင့်ခြင်းကြောင့် အို၊ နာ၊ သေခြင်း ကင်းသော နိစ္စဘုံသားဘ၀မှသည် ရုတ်ခြည်းပင် အို၊ နာ၊ သေခြင်း၊ ဒုက္ခဆင်းရဲ အတိပြည့်သော အနိစ္စဘုံသို့ရောက်ခဲ့ကြရလေသည်။
ထို့ကြောင့် မိတ်ဆွေ…… အဘယ့်ကြောင့် သင်နှင့် ကျွန်ုပ် ဒုက္ခ၌ ကျင်လည်နေရပါသနည်းဟူမူကား ဘုရားကို ဘုရားမှန်းမသိ၊ တရားကို တရားမှန်းမသိ ၊ ဘုရားကို ဘုရားလို မဆည်းကပ်၊ တရားကို တရားလို မမှတ်ယူ ပစ်ပယ်စော်ကားမိသော အကြောင်းတရားအကျိုးဆက်တို့ကြောင့်ပင် ဖြစ်လေတော့သတည်း။
၅။ နိစ္စဘုံသို့သွားရာလမ်း။
ကျွန်ုပ်တို့သည် ဘုရားမဲ့ဝါဒီများယုံကြည်သကဲ့သို့ လူသည် မွေးဖွားခြင်းဖြင့် စကာ သင်္ချိုင်းတွင် လမ်းဆုံးသွားမည့်သူများ မဟုတ်ပေ။
အကြောင်းမှာ လူသည် အပြစ်၏ အကျိုးဆက်ကြောင့် ဤရုပ်ခန္ဓာသည် သေလွန်ရသော်လည်း နာမ်သက်ခန္ဓာကား ပေးတော်မူသော ဘုရားရှင်ထံသို့ တစ်ဖန်ပြန်၍ စစ်ကြောခြင်းကို ခံရပေတော့မည်။ ထို့ကြောင့်လည်း ငယ်စဉ်က ကြားဘူးသော ဓမ္မကဗျာ၌ ပါသောစာစကားလေးအား အလျှဉ်းသင့်၍ ပြောရမည်ဆိုပါက “သေပြီးမုချ မရဏာမင်းထံရောက်ရ”ဆိုသည့်အတိုင်း အမှန် စစ်ကြောခံရပေမည်။
ကောင်းမှုကုသိုလ်၊ အာပါဒ်ဖြေခြင်းတို့သည် လူလူခြင်းတို့ရှေ့တွင် လက်ခံဖွယ်ဟူ၍ ထင်မှတ်ကြသော်လည်း ဘုရားကိုဖက်ပြိုင်၊ ငါသာလျှင် ပဓါန၊ ငါသာလျှင် ငါ့ရဲ့ပဲ့ကိုင်ရှင်ဟူသော“ငါတကောကောသူ (မိစ္ဆာဒိဌိ) ဖြစ်ခဲ့ပါမူ ပြုမိလေသမျ အရာရာအားလုံးတို့သည် သဲထဲရေသွန် (အဟောသိကံ) ဖြစ်ရပေမည်။ ဤကား လူမျိုးရေးနှင့်မဆိုင် ကျွန်ုပ်တို့နှင့် ဘုရားအကြားသာ ဆိုင်လေသည်တကား။
ထို့ကြောင့် အဆွေ ဒုက္ခဆင်းရဲတို့ဖြင့် ပြည့်နှက်နေသော ဤဘ၀တွင် ဘ၀ နာမှုတွေထဲမှာ ထင်ယောင်ယိုးမှား အချိန်ဖြုန်းတီးမနေပဲ ဘ၀နာ စခန်းသို့ ဆိုက်ရောက်ရန် အချိန်ကောင်းသည် ယခုပင်ဖြစ်လေ၏။
“ကွေးသောလက်မဆန့်မီ၊ ဆန့်သောလက် မကွေးမီ” ကျွန်ုပ်တို့၏ ဘ၀သည်ကား အမှန် ချုပ်ငြိမ်းကာ ဘ၀အသက်ဆီမီးစာ ကုန်ဆုံးသွားနိုင်ပေသည် မဟုတ်ပါလား။
“ဘုရားမှတပါး အားကိုးရာအခြားမရှိ”ဆိုသော စကားအတိုင်း စွန့်ခြင်းကြီးများစွာဖြင့် ကျွန်ုပ်တို့အတွက် “ဇီဝိတဒါန” အသက်တော်ကိုပင် စွန့်လွတ်တော်မူပြီး သေခြင်းမဇ္ဈုမာန်ကို အောင်၍ “နိစ္စထာဝရ”အို၊ နာ၊ သေခြင်းကင်းရာ နန်းအမတ မာဂ်လမ်းကို ဖွင့်ပေးတော်မူသော ယေရှုခရစ်တော်အား မိမိပြုမိလေသမျှ ကာယ၊ ၀စီ၊ မနော အလီလီတို့၏ အပြစ်တို့အား သံဝေဂရလျှက် ၀န်ခံတောင်းပန် လျှောက်ကြားပါက အဆွေသည် ဘုရားစာရေ၊ တရားစာရေ သင့်ခြင်းတို့မှကင်းကာ “ငါတို့သည်ကား နွယ်တော်သားပင် ဘုရားမျိုးပင်ဖြစ်ကြလေ”ဟူသောဓမ္မသဘောအတိုင်း ဘုရားရဲ့အတွင်းလူဖြစ်ကာ ထိုအရှင်ခရစ်တော်ဘုရား၏ စောင့်ထိန်းပဲ့ပြင် မှုအစ “ဘ၀၏မွန်မြတ်ရခဲလှခြင်း” ဟူသော အနှစ်သာရတို့ကို အမှန်သိမြင်လာကာ ဒိဌကိုယ့်တွေ့ခံစားလာရပေတော့မည်။
ဝန်လေး၍ ပင်ပန်းသောသူ အပေါင်းတို့ ငါ့ထံသို့လာကြလော့။ ငါသည်ချမ်းသာပေးမည်။ ဆိုးသောကာလ မရောက်မီ သင့်ကို ဖန်ဆင်းတော်မူသော အရှင် (ဘုရားမြတ်) ကိုအောက်မေ့လော။ ငါ့ကိုခေါ်လော၊ ငါထူးမည်၊ ကြီးသောအရာ သင်မသိနိုင်အောင် နက်နဲသော အရာတို့ကို ငါပြမည်။ အမြင့်ဆုံးသော ဘုရား၏ ကွယ်ကာရာ ဌာနတော်၌ နေသောသူသည် အနန္တ တန်ခိုးရှင် အရိပ်ကိုခိုရလိမ့်မည်ဟူ၍ ကတိပေးတော်မူသော ထိုဘုရားမြတ်အား ယခုပင်ခေါ်ဖိတ်၍ တရားဖက်၍ အမျက်ပြေ၊ ဘုရားဖက်၍ အသက်ရှည်ကာ ဒုက္ခဘုံမှ လွတ်ငြိမ်းနိုင်ကြပါစေသော်………..။
နာမတော်မြတ်၌
SAMUEL SOE LWIN
Monday, December 19, 2011
တစ်သက်တာအတွက် ခရစ္စမတ်လက်ဆောင်~~
ရင်ထဲစွဲကျန်ရစ်စေတဲ့ ဒီလို တကယ့်အဖြစ်အပျက်လေးတစ်ခု ရှိခဲ့ပါတယ်။
ခရစ္စမတ်ရောက်တော့မယ်။ အမေရိကန် ချီကာဂို အနောက်မြောက်အရပ်မှာရှိတဲ့ Park Pridge မြို့ရဲ့ နေရာအနှံ့မှာ
ခရစ္စမတ်ကိုကြိုဆိုတဲ့ အသက်အငွေ့တွေနဲ့ စည်ကားလို့နေခဲ့တယ်။
အလယ်တန်းကျောင်းတက်နေတဲ့ "ရှယ်လီ"ဟာ မကြာသေးခင်က လက်ခံရရှိခဲ့တဲ့ ခရစ္စမတ်ကတ်တွေကို အထပ်လိုက်
ကိုင်ပြီး သူငယ်ချင်း "ဟီလာရီ"ကိုကြွားဖို့ ပြင်ဆင်နေခဲ့တယ်။ ဒါပေမယ့် ဟီလာရီယူလာတဲ့ ခရစ္စမတ်ကတ်က သူ့ထက်
ပိုများနေတာကို တွေ့လိုက်ရတယ်။
"နင့်မှာ သူငယ်ချင်းတွေ များလှချည်လား? နည်းတစ်နည်းတော့ ရှိရမယ်?" ရှယ်လီက အားကျကျမေးတယ်။
"နည်းကတော့... တခြားသူအပေါ် ရိုးသားမယ်၊ နွေးထွေးမယ်" လို့ပြောပြီး ဟီလာရီဟာ ရှယ်လီကို လွန်ခဲ့တဲ့(၂)နှစ်က
သူတွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို ပြောပြခဲ့တယ်။
"အဲဒီအချိန်က နွေဦးရာသီပေါ့။ နွေးနွေးထွေးထွေး ညနေခင်းတစ်ခုမှာ ဖေဖေနဲ့ကျွန်မ ပန်းခြံထဲလမ်းလျှောက်နေခဲ့တယ်။
အဲဒီအချိန်မှာ ရယ်စရာကောင်းတဲ့ အဘွားအိုတစ်ဦးကို ကျွန်မတွေ့လိုက်တယ်။ ဒီလောက်ပူနွေးတဲ့ ရာသီဥတုမှာ သူကသိုး
မွေးအင်္ကျီအထူကြီးကို ဝတ်ထားတယ်။ လည်ပင်းမှာလည်း သားရေပုဝါ ပတ်ထားတယ်။ သူ့ပုံစံက နှင်းတွေအရမ်းကျနေ
လို့ဝတ်ထားတဲ့ပုံစံမျိုးပဲ။ ဖေဖေရဲ့လက်မောင်းကို ကျွန်မအသာအယာဆွဲပြီး "ဖေဖေ... အဲဒီအဘွားအိုရဲ့ပုံစံက ရယ်စရာ
အရမ်းကောင်းတာပဲနော်" လို့ ပြောလိုက်တယ်"
"ကျွန်မရဲ့စကားကြောင့် ဖေဖေရဲ့ပုံစံ အရမ်းတည်ကြည်သွားတယ်။
ခဏလောက်တိတ်ဆိတ်သွားပြီးမှ ဖေဖေ စကားစတယ်။
"ဟီလာရီ... သမီးကြည့်ရတာ အရည်အချင်းတစ်ခု လျော့နေသလိုပဲ။ တခြားလူကို သမီး မနှစ်သက်၊ မလိုလားတတ်
ဘူး။ ဒါဟာ တခြားလူနဲ့ ပြောဆိုဆက်ဆံတဲ့အခါ သမီးမှာ ရိုးသားမှုနဲ့ ဖော်ရွေမှုမရှိကြောင်း သက်သေပြနေတာပဲ"
"အဲဒီတုန်းက ဖေဖေဟာ ပြဿနာကို အကြီးချဲ့နေတယ်လို့ ကျွန်မထင်ခဲ့တယ်။ ဖေဖေ့ကို မကျေမနပ်နဲ့
"အဲဒီအဘွားအိုရဲ့ပုံစံကို ရယ်စရာကြီးလို့ ဖေဖေမထင်ခဲ့ဘူးပေါ့" လို့ ကျွန်မပြန်မေးတယ်"
"သမီးနဲ့ ဆန့်ကျင်ဖက်ပဲ.. အဲဒီအဘွားအိုပုံစံကို ဖေဖေနှစ်သက်တယ်" လို့
ဖေဖေပြန်ပြောတော့ ကျွန်မအရမ်း အံ့သြသွားမိတယ်"
"အဲဒီအဘွားအိုဟာ ဖျားနေလို့၊ နေထိုင်မကောင်းသေးလို့ အနွေးထည်၊ မာဖလာတွေ ဝတ်ထားတာလည်း ဖြစ်နိုင်တယ်။
ဒါပေမယ့် သစ်ကိုင်းပေါ်က ပန်းပွင့်တစ်ပွင့်ကို သူကြည့်နေတဲ့ပုံစံက အရမ်းကို အသက်ဝင်နေတယ်။ ကဲ.. သူ့ပုံစံ ချစ်စရာ
ကောင်းမနေဘူးလား....နွေဦးရာသီကို သူငမ်းလင့်နေတယ်။ သဘာဝကို သူနှစ်သက်၊ သဘောကျတယ်။ ဒီအဘွားအိုဟာ
လူကိုဆွဲဆောင်စေတယ်လို့ ဖေဖေထင်တယ်" လို့ ဖေဖေက ဆက်ပြောတယ်။
"အဲဒီအချိန်ကျမှ အဘွားအိုကို နောက်တစ်ခေါက် ကျွန်မသေချာပြန်ကြည့်မိတယ်။ အဘွားအိုဟာ ဖေဖေပြောသလိုပဲ
နွေဦးကိုတောင့်တတဲ့ အရိပ်အယောင်တွေ သူ့မျက်လုံးထဲ ထင်ဟပ်နေတယ်။ မျက်နှာပေါ်ပေါ်နေတဲ့ သူ့အပြုံးတွေက
သူ့နှလုံးသားရဲ့အပျော်ကို ဖုံးဖိမထားနိုင်ခဲ့ဘူး။
"ဖေဖေဟာ အဘွားအိုရှေ့ ကျွန်မကိုခေါ်သွားပြီး အပြုံးလေးနဲ့ "နွေဦးကို အရသာခံနေတဲ့ အန်တီ့ရဲ့ပုံစံက လူကို
ဆွဲဆောင်စေတယ်။ အန်တီကြောင့် နွေဦးရာသီက ပိုလှသွားပါတယ်" လို့ပြောတယ်။ အဘွားအိုဟာ စိတ်လှုပ်ရှားစွာ
နဲ့ "ကျေးဇူး.......ကျေးဇူးတင်ပါတယ်" လို့ ပြောပြောဆိုဆိုနဲ့ သူ့လက်ဆွဲအိတ်ထဲကနေ ဘီစကစ်တစ်ထုပ်ထုတ်ပြီး
ကျွန်မကို လှမ်းပေးတယ်။ "သမီးလေးက အရမ်းချစ်ဖို့ကောင်းတာပဲ" တဲ့။
အဲဒီအဖြစ်အပျက်နောက်ပိုင်း ဖေဖေက ကျွန်မကို "သူတစ်ပါးကိုရိုးရိုးသားသား၊ ကြင်ကြင်နာနာနဲ့ လိုလားတတ်ရတယ်။
လူတိုင်းမှာ ဖေဖေတို့လိုလားနှစ်သက်စေတဲ့အရာတွေ ရှိတယ်။ ဒါမှ သမီးမှာ သူငယ်ချင်းတွေ အများကြီးရှိလာနိုင်တယ်"
လို့ပြောခဲ့ပါတယ်။
ဟီလာရီ ရဲ့အဖြစ်အပျက်က ရှယ်လီစိတ်ကို နက်နက်ရှိုင်းရှိုင်း လှုံ့ဆော်ခဲ့တယ်။
အချိန်ကမြားအလျင်လို မြန်ဆန်ခဲ့တယ်။ မျက်စိတစ်မှိတ်အတွင်းမှာ ခရစ္စမတ်ရက်ကို ရောက်လာခဲ့တယ်။ အဲဒီနေ့က
အိမ်မှာ ခရစ္စမတ်သစ်ပင်၊ လက်ဆောင်တွေ ပြင်ဆင်ရင်းနဲ့ ဟီလာရီတစ်ယောက် အလုပ်များနေခဲ့တယ်။ အဲဒီအချိန်မှာ
ရှယ်လီတစ်ယောက် မျက်နှာပေါ်မှာ အပြုံးတွေနဲ့ အိမ်ထဲပြေးဝင်လာပြီး ဟီလာရီကို အားပါးတရပွေ့ဖက်လိုက်တယ်။
ပြီးတော့ "ဟီလာ.. ကျေးဇူးတင်ပါတယ်။ ဒီနှစ်ခရစ္စမတ်မှာ ငါ ခရစ္စမတ်ကတ်တွေ (၈၂)ခုတောင် ရလိုက်တယ်။
မနှစ်ကထက် ၁ဝဆတောင် ပိုခဲ့ပါတယ်" လို့ပြောတယ်။
"ငါပေးမယ့် ကတ်လေးလဲ ထည့်တွက်လိုက်ပါဦး"
ဟီလာရီက ပြောပြောဆိုဆို အလှဆုံးကတ်တစ်ခုကို ကမ်းပေးလိုက်တယ်။
ကတ်ပေါ်မှာက...............
"လိုလားနှစ်သက်တယ်ဆိုတာ ခင်မင်ရင်းနှီးဖို့ ပေါင်းကူးတံတားလေးပါ။
သူတစ်ပါးကို ကြင်ကြင်နာနာနဲ့ လိုလားတတ်ပါစေလို့ ဆန္ဒပြုပါတယ်" လို့ ရေးထားတယ်။
ဖခင်ရဲ့အသွန်အသင်ကို ဟီလာရီ စွဲစွဲမြဲမြဲမှတ်ယူခဲ့တယ်။ အလယ်တန်းကနေ တက္ကသိုလ်အထိ အဲဒီနောက် အလုပ်အထိ၊
လောကကြီးထဲအထိ ဘယ်နေရာရောက်ရောက် ဟီလာရီဟာ သူငယ်ချင်းတွေ ဝိုင်းဝိုင်းလည်တဲ့ဗဟို ဖြစ်ခဲ့တယ်။ ဒီနေ့
အထိသူဟာ အမေရိကန်မှာသာမက တစ်ကမ္ဘာလုံးရဲ့ စိတ်ဝင်စား၊ အလေးထားမှုကို ခံနေတဲ့ (Hillary Clinton)
ဖြစ်ခဲ့တယ်။
တကယ်တော့ လိုလား၊ နှစ်သက်တယ်ဆို တခြားလူကို အပေါ်ယံသာမန်လောက်ပဲ ချီးကျူးတာမျိုး မဟုတ်ပါဘူး။
လူတစ်ယောက်ရဲ့ နှလုံးသားထဲကနေ လှပတဲ့ အပြုသဘောဆောင် တွေးတောမှုကိုပါ ရောင်ပြန်ဟပ်စေပါတယ်။
နွေဦးရာသီလို ကြည်လင်နွေးထွေးတဲ့ စိတ်ရှိသူမှသာ နွေဦးရဲ့အလှအပကို ခံစားတတ်မှာဖြစ်တယ်။
နှလုံးသားထဲမှာ နေရောင်ရှိမှ မြင်မြင်သမျှအရာတွေ လင်းလက်မှာဖြစ်တယ်။
ဖြူစင်ရိုးသားတဲ့ တွေးတောမှုက သေးငယ်တဲ့ အပြုအမူလေးကိုတောင် ကြီးကျယ်မြင့်မြတ်စေပါတယ်။
သူတစ်ပါးကို နှစ်သက်လိုလားတတ်မှ အပြုသဘောဆောင်တဲ့၊ အကောင်းမြင်တတ်တဲ့ အတွေးတွေကို မွေးမြူတတ်မှာ၊
တစ်သက်လုံး ခံစားတတ်မှာဖြစ်တယ်။
Thursday, July 21, 2011
ကျွှနိုပ်ကြောင့်သာ ဤအကြောင်းဖန်
နေမြင့်လေ အရူးရင့်လေဟူ၍သူကြားဘူးခဲ့သည်ကားမှန်၏၊ သို့သော်ထိုကဲ့သို့ သောစကားပုံသည် ကိုယ်တိုင်ကြုံလာမည်ဟူ၍ကား လုံးဝထင်မှတ်မထားခဲ့ပါလေ၊ အကြောင်းတိုက်ဆိုင်၍ဆိုရသော်ကား တကြိမ်သည် ဆိုသာသော်လည်း ၊ နှစ်ကြိမ်မှ သည် သုံးလေးကြိမ်ရောက်လာသောအခါ အဘယ်မှာလျှင် တိုင်ဆိုင်သည်ဟု ဆိုနိုင်ပါမည်နည်း။ ယခုသော်ကြည့်ပါ။သူ၏ ဘဝတွင် တွေ့ကြုံရင်ဆိုင်နေရသော အရာတို့သည်ကား အဘယ်သို့မှ ထင်မှတ်မထားသောအကြောင်းအရာကိစ္စများပင်ဖြစ်နေသည်။
တနေ့တနေ့ကိုကုန်လွန်ခဲ့ရသည်ကလည်း အလုပ်နှင့်လက်ဟူသည် ပြတ်သည်မရှိ၊ သို့တိုင်အောင် တမုဒ္ဒရာဝမ်းတထွာသည်ကား လုံးဝအလွတ်မပေး အနားမပေးပါ၊ သူရုန်းကန်နေရသည်က နဖူးကချွေးခြေမသို့ ကျသည့်တိုင် ဝမ်းတနပ်ကို မှန်ကန်ရုံသက်သက်သာ ဖြည့်ဆည်းပေးနေခြင်းလောက်သာဖြစ်သည်။ ဤသို့သော ဘဝပေးအခြေက ခက်ခဲသည့်အထဲမှာ သူ့အတွက် နေမြင့်လေ အရူးရင့်လေဖြစ်ရသည်က ‘သေခြင်းတရား၏နောက်တွင် အဘယ်သို့စိတ်အေးနိုင်မည်နည်း’ ဆိုသောအတွေးတို့က နေ့ညမပြတ် ဝင်ရောက်မင်းမူနေလေ့ရှိသည်မှာကလည်း၊ ဘဝပေးအခြေအနေနှင့် နှိုင်းယှဉ်ပါက ‘ အကျိုးကဆော့ အကန်းကမော့’ဆိုသကဲ့သိုသာ ဖြစ်၍ ကြားရသူအပေါင်းကာ အူလှိုက်သဲလှိုက်ရယ်ကောင်း ရယ်ကြပေမည်။ ရှိစေတော့ ကိုယ့်ဝမ်းနာ ကိုယ်သာသိသမို့ ဒီဒုက္ခမှ ကင်းလွတ်နိုင်ရေး လမ်းစတော့ရှိရမည်ဆိုသော မျော်လင့်ချက်ဖြင့် အသက်ဆက်ခဲ့ရသည်က၊ အသက်ပင် ထက်ဝက်ကျိုးခဲ့လေပြီ၊ တရားသဘောဖြင့် ပြောရပါက ‘သေခြင်းသို့ လမ်းတဝက်ချိုးခဲ့လေပြီ’။
ရခဲလေသောဘဝ၀ယ်၊ ခက်ခဲလေသော အခြေအနေအရများကြားဝယ် မွေးသမိခင်ကိုပဲ အကြောင်းပြု အပြစ်တင်ရလေမည်လား၊ ဤသည်ကလည်း မဖြစ်နိုင်၊ မွေးသမိခင်ဆိုသည်ကလည်း မဟာကျေးဇူးရှင် စာရင်းဝင်ဖြစ်နေသည် မဟုတ်ပါလား။ ဘာပဲဖြစ်ဖြစ် လောကတွင် အကျိုးရှိလျှင် အကြောင်းတော့ရှိရစမြဲပင်။ ထို့ကြောင့် တနေ့ဘဝအတွက် တွေ့ကိုတွေ့ရပေမည်ဆိုသည်က သူ၏ ထာဝရ အောင်ဘာလေ ထီဆုကြီးကို မျော်လင့်နေသော သူကဲ့သို့ပင် ကြီးမားကြီးထွားလာသည်မို နေမြင့်လေ အရူးရင်လေဟူ၍ ဆိုရခြင်းပါ။
“နွေဉီး ဘာကဘယ်လို စိတ်ကူးပေါက်ပြီး ဒီကောင်လေးတွေနှင့် ပေါင်းသင်းနေရတာလည်းကွာ၊ လူဆိုတာက တံငါးနားနီးတံငါ၊ မုဆိုးနားနီးမုဆိုးတဲ့ကွ တော်ကြာမင့်လည်း သူတို့လို ဖြစ်သွားဉီးမယ်နော် သတိထားပေါင်းပါကွာ ကောင်လေးရာ”
“စိတ်ချပါ ဉီးလေး သာအောင၊် စိတ်ခွါကိုယ်ပေါင်းဆိုတဲ့စကားအတိုင်း ကျွန်တော် သူတို့နှင့် ပေါင်းနေပေမဲ့ ဘယ်တော့မှ သတိမပြတ်ပါဘူးဗျာ”
“အေးပါကွာ ဒါဖြင့်ကောင်းတာပေါ့”
ဉီးလေးသာအောင်ဆိုသည်က သူ၏ဘကြီးဖြစ်ပြီး၊ အစစအရာရာတွင် ရှေ့ရေးကြိုတွေးကာ မြင်တတ်သူ နောင်ပြီး သူ၏ကောင်းစားရေးကိုသာ အစဉ်ရှေ့ရှု သောသူဖြစ်သည်။ ယခုပြောရခြင်းက သူ၌ အပေါင်းအသင်းသစ်များဖြစ်ကြသော၊ ပါးခိုရ်လာနှင့် မောင်ဗျက်ထောင်းတို့ကြောင့်ပင်ဖြစ်ပေလိမ့်မည်။ သူအနေဖြင့် မိတ်ဆွေသစ်များဖြစ်သော ပါးခိုရ်လာနှင့် မောင်ဗျက်ထောင်းတို့အား လုပ်ငန်းသဘောအရပေင်းသင်းဆက်ဆံပေမဲ့ ၊ လူမှုရေးကတခြား၊ ဘာသာရေးက တကဏ္ဍသီးသန့်ခြားနားထားလေသည်မို့ စိုးရိမ်စရာမရှိ။ သူတို့လမ်းသူတို့သွား၊ကိုယ့်လမ်းကိုယ်သွား ဖြစ်ပေသည်မဟုတ်ပါလား။
ယနေ့လည်း အားသည်ကတကြောင်း၊ အလုပ်ကိစ္စဖြင့် ကလေးမြို့သို့ စက်ဘီးလေးနင်းပြီးထွက်လာရာ၊ ဘာလိုလိုနှင့် ညောင်ပင်သာ ဘက်သို့ပင် ရောက်လု နီးနေပြီဖြစ်သည်၊ ဗိုလ်ချုပ်ဈေးဘက်လွန်၍ ဘုရားသုံးဆူဖက်မကွေ့ခင် ရုပ်ရှင်ရုံဘက်ကို ငဲ့စောင့်ကြည့်မိတော့ ‘ ဟော့ရှော့ ၂ ’ကိုရုံတင်ထားသည်ကိုတွေ့ရသည်၊ သူရုပ်ရှင်ကြိုက်ပါသည်၊ သို့သော် ဟိုအရင်တုန်းက ‘ နှမငယ်ထွေးငယ်ပါသေး’ နှင့် ‘ သွေးနဲ့သစ္စာတည်ပါမယ်’ လိုစသော ပညာပေး ကားမျိုးကိုသာ ကြိုတ်တတ်သောကြောင့် လာရင်းကိစ္စအတိုင်း ပါးခိုရ်လာ တို့အိမ်ရှိရာ ဘုရားသုံးဆူဘက်သို့ ကွေ့ဝင်လိုက်ပြီး၊ မီးသတ်စင်ကျော်လာတော့ အခန့်သင့်ပင် ရေချိုးနေသော ပါးရ်ခိုလာကိုတွေ့ရလေသည်။
“ ဟာနွေဉီး ဘာကိစ္စလည်းကွ စောစောစီးစီး၊ ခနစောင့်နော် ငါပြီးပါပြီ”
“အေးပါကွာ. ဘာမှမစိုးရိမ်နှင့်ငါ မင့်အိမ်ကို အေးအေးဆေးဆေးအလယ်လာခဲ့တာပါ”
ပါးခိုရ်လာက ချင်းတိုင်းရင်းသာဖြစ်ပေမဲ့ ဗမာစကားတော့ ကောင်းကောင်းတတ်သည်၊ သူ့မိဘများက တမူးမှဖြစ်ပြီး သူကလည်း အထက်တန်းပြီးသည်အထိ တမူးမှာ နေ၍ ကြီးပြင်းခဲ့သူဖြစ်သောကြောင့် ဗမာစကားကို ဗမာနီးနီးပြောနိုင်ဆိုနိုင်၍၊ လယ်လယ်ဝယ်ဝယ် အပေါင်းအသင်းကောင်းတဉီးဖြစ်သည်။ အိမ်ရှေ့တွင် သူစောင့်နေစဉ် သူ့မိန်းမဖြစ်သူ ခင်ခင်ထွေးက လဘက်သုပ်နှင့် ရေနွေးကြမ်းအား လာရောက်ချပေးသည်။ ခင်ခင်ထွေးက အမှန်တွင် ဗမာအမျိုးသမီးဖြစ်သည်၊ သို့သော် အကြောင်းပါ၍ ပါးခိုရ်လာနှင့် တွေ့ဆုံဖြစ်ကြခြင်းဖြစ်သည်။
“ ဆိုပါဉီး ကိုနွေဉီး ဘယ်လိုလည်း မလာစဖူး အလာထူးလှချည်လားအောက်မေ့နေတာ၊ ခုနကပြောစကားအရဆိုရင် အကြောင်းတခုခုတော့ ရှိကိုရှိနေတာပေါ့နော်”
“ဟုတ်တယ် ခင်ခင်ထွေး အမှန်တော့ငါနင်တို့
လင်မယားကို မေးချင်နေတာကြာပြီကွ မေးသင့်မမေးသင့်ဆိုတာကိုတာ ချင့်ချိန်နေတာ”
“ အားနာစရာမရှိ အားနာစရာရှာလို့ ငါ့ကောင်ရာ၊ မေးစရာရှိရင်မေးပေါ့ ငါသိသလောက်တော့ဖြေပေးမှာပေါ့၊ အေးဒါပေမဲ့ ငါမသိရင်တော့ ငါမသိဘူးလို့ ဖြေပါနော် စိတ်တော့မရှိနဲ့”
ခင်ခင်ထွေးနှင့်စကားပြောနေစဉ်၊ ရေချိုးရာမှ တက်လာသော ပါးခိုရ်လာရဲ့အဖြေစကားကို သူကောင်းစွာ စဉ်းစားနေခိုက် အားလုံး ခေတ္တမျ တိတ်ဆိတ်သွားသည်။ သူတို့၏ ကလေးဖြစ်သူ အောင်မင်းကျော်ကတော့ ပြေးလွားစော့ကစားနေသည်မှ အပ အိမ်ရှိအရာအားလုံး ငြိမ်သက်သွားသည်။ ထိုအခိုက်တွင် အိမ်ရှေ့မှ စော့ကစားနေသော ကလေးငယ်တသိုက်က အော်ဟစ်နေကြသည်။
သူတို့၏ သားငယ်လေး အောင်မင်းကျော်ကတော့ဖြင့် ကစားနေရာမှ အီးဗွီဒီအောက်စက်ကို ဖွင့်နေပြန်သည်။ အကြောင်းအားလျှော်စွာပင် တိုက်တိုက်ဆိုင်ဆိုင် ထွက်ပေါ်လာသည့် ကလေးသီချင်းကလေးက၊ သူ၏တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေသော စိတ်အား သာ၍ ရဲဆေးတင်ပေးသည့်အလားပင်ဖြစ်သည်။
“ တောင်စွယ်တောင်ကြား လျှိမြောင်ချိုမ့်ဝှမ်း ပန်းများပွင့်တဲ့မြေ၊ ဝေဟင်ယံမှာ ပျော်ရွှင်ငှက်များ သံပြိုင်သီကျူးနေ၊ ပင်လယ်ပြင်မှာ ငါးတွေစော့ကစားနေ၊ မြင့်မြတ်သန့်ရှင်း ထာဝရဘုရားရဲ့ အကြံတော်ပါပဲလေ.”
“အေးငါမေးချင်တာက အဲ့ဒါပါပဲ ကွာ”
“ဟယ် အရင်းမရှိ အဖျားမရှိနဲ့”
“ ဟုတ်ပါ့ကွာ မင့်ဟာက ရှင်းစမ်းပါဉီးကွာ၊ ငါလည်း ဗမာစကားတော့ ဒီနေရာမှာ နားမလည်တော့ဘူးကွာ နွေဉီး၊ မင့်နဲ့တွေ့မှ ငါလည်း ဗမာစကား မတတ်သေးမှန်းသိလာရတော့တယ်ကွာ ဟား..ဟား..ဟား”
အခုမှ သူပြောချင်လွန်းအားကြီးသွား၍ စကားက မလယ်ရှုပ်ဖြစ်သွားမှန်း သူချက်ချက်သဘောပေါက်လိုက်သည်။ ထို့ကြောင့် သူအရိုးရှင်းဆုံးဖြင့် မေးရန် အစပြုလိုက်သည်။
“ ဒီလိုကွာ ယေရှုဘုရားက အစိမ်းသေဆိုတာ တကယ်လားကွာ ငါအဲ့ဒါကို အရမ်းသိချင်တယ်၊ နောက်ပြီး သူက ဘာ့အတွက်ကြောင့် သူ့သေခြင်းက ဒီလောက် အရေးပါရတာလည်း ”
သူ၏အမေးစကားကိုကြားတော့ သူ့အထင်နှင့်တခြား ပါးခိုရ်လာနှင့် ခင်ခင်ထွေးတို့ကအပြုံးပင်မပျက် သူ့အား သေသေချာချာကြည့်ကာ စိတ်ရှည်လက်ရှည်ဖြင့် နားစွင့်ကာ နေကြလေသည်။ သူ၏စကားအဆုံးမှာတော့ ပါးခိုရလာက စကားဆက်သည်။
“ အေးပေါ့ကွာ ။မေးတော့လည်း ဖြေရတာပေါ့ အမှန်တော့ ယေရှုခရစ်တော်ဘုရားက လူတွေသတ်လို့သေတဲ့ဘုရားမဟုတ်ပါဘူးကွာ၊ လူသတ်လို့သေတဲ့ဘုရားဆိုရင်တော့ ငါလည်း မကိုးကွယ်ပါဘူး ”
“ ဟာ..အားလုံးက ဒီလိုပဲပြောနေကြတာပါပဲ မင့်ကျမှ ဘယ်လိုဖြစ်ရတာလည်း ငါနားမရှင်းတော့ဘူး၊ ဒါဆိုရင်တော့ တနေရာရာမှာ မှားနေပြီ ပါးခိုရ်လာ ”
“ ဟုတ်တယ် နွေဉီး မင့်ပြောသလို တနေရာရာမှာ လွဲနေတာကွ၊ ဒီနေ့လူတွေက ခရစ်ယာန်ဘာသာဝင်တိုင်းကို ယုံကြည်သူလို့ထင်ကြတာကိုက ပထမအမှားပဲ နောက်ပြီး ခရစ်ယာန်အမည်ခံတိုင်းက ဒီအကြောင်းကိုသိတယ်ဆိုတာက ဒုတိယအမှား နောင်ပြီး ခရစ်ယာန်ဘာသာမှာ ယုံတမ်းတွေနှင့် ပြည့်နေတဲ့ မဟုတ်တမ်းရားစကားတွေက တကယ့်အမှားတွေပါပဲ၊ မင့်ရှင်းအောင် ငါရှင်းပြမယ်
၁။ အချက်က ယေရှုခရစ်တော်ဘုရားက လူသတ်လို့သေတဲ့ဘုရားမဟုတ်ပါဘူးလို့ ဆိုရတာက ဟော့ဒီမှာကြည့် ‘ငါသည် ကိုအသက်ကို ကိုယ့်အလိုအလျှောက်စွန့်၏ ’ ဆိုတာပါပဲ နောက်ပြီး ယေရှုခရစ်တော်ရဲ့ ကားတိုင်ခရီးစဉ်မှာကြည့်ရင်လည်း ခရစ်တော်ဘုရားက ‘ အကျွန်ုပ်၏ အသက်ဝိညာဉ်အား ကိုယ်တော်လက်သို့အပ်ပါ၏ ’ လို့ဆိုထားတယ်ကွာ နောက် လူသတ်သမားက လှံဖြင့် ထိုးသတ်ရန်ကြည့်ပြီး သေမသေကိုစမ်းတော့ ခရစ်တော်ဘုရားက ‘ အသက်တော်ကို စွန့်ပြီးနေပြီးသား ဖြစ်ကြောင်းကို အရှင်းသားအတိုင်း ’ လို့တွေ့မြင်နိုင်ပါတယ်ကွာ၊ ဒါ့ကြောင့် ငါကလူသတ်လို့သေတဲ့ဘုရားဆိုရင်တော့ ငါလည်း မကိုးကွယ်ဘူးလို့ပြောရတာပေါ့ကွာ”
ရှင်းပြနေသည်က စိတ်ရောကိုယ်ပါမိုထင်ရဲ့ သူ့နေဖြင့် နားထောင်ရသည်ကလည်း တဆင့်စကား သမ္မာကျမ်းစကားတို့သည် တလွဲတချော်ဖြစ်နေပြီး၊ ကပြောင်းကပြန်ဖြစ်နေသည်ကိုတွေ့မြင်ရတော့ စိတ်မကောင်းဖြစ်မိသည်။ နောက်တဆက်တည်းပင် ပါးခိုရ်လာက ယေရှုခရစ်တော် သေခြင်း၏အရေးပါပုံအား ဆက်၍ရှင်းပြလေသည်။
၂။ အချက်က “ ခရစ်တော် ဤလောကကို ကြွလာရခြင်းက တိုက်ဆိုင်မှု မဟုတ်သလို သာမန်အမှုလည်းမဟုတ်ခဲ့ပါဘူး၊ ဤလောကကို ကြွလာမည့်အကြောင်းကို ဟိုနှစ်ပေါင်း ဘီစီ ၇၀ဝ ကတည်းက ကြိုတင်ပြောထားသော ကတိတော်စကားဖြစ်ပြီး၊ သူ၏မွေးဖွားခြင်းမှအစ သေခြင်းတိုင်အောင် အနာဂတ္တိဆိုတဲ့ တဘောင့်စကားတွေနှင့် ကြိုတင်ပြောဆိုထားတဲ့အရာတွေပါ။ လက်တွေ့ရှင်းရှင်းဆိုကြပါစို့ အခု မင်းတို့ငါတို တတွေအနေနှင့် ကာယ၊ ဝစီ၊ မနော ဆိုတဲ့ အကုသိုလ်အပြစ်ကြွေးတွေကို နေ့ရက်အစဉ်တိုင်းကျူးလွန်နေကြပြီး၊ ကုသိုလ်တပဲ ငရဲတပိဿာ ဆိုတဲ့အတိုင်း သူ့ကို ကိုယ်မကယ်နိုင်သလို၊ ကိုယ့်ကိုလည်း သူမကယ်နိုင်ဆိုတဲ့အခြေအနေမှာ ဘုရားရှင် က တပါးတည်းသော သားတော် ယေရှုခရစ်ကို ဤလောကသို့ စေလွတ်၍ ကိုယ်စားပြု ယတြာခံခဲ့ခြင်းဖြင့် အသက်လမ်းတံခါးကို ဖွင့်ပေးခဲ့တာက လူတိုင်းအတွက်ဖြစ်ပေမဲ့ ၊ မာန်ခဝါချပြီး လက်ခံယုံကြည်သောသူတိုင်းအတွက် ထာဝရအပြစ်စီရင်ခြင်းမှ လွတ်ကင်းကာ အို၊ နာ၊ သေခြင်းမှ လွတ်ကင်းရာ တမလွန်အေးငြိမ်းရာဘဝကို ရရှိပိုင်ဆိုင်နိုင်ရေးသက်သက်မို့ လွန်စွာအရေးပါအရာ ရောက်လှပါတယ်ကွာ၊ ဒါကိုမသိနိုင်ရန် သမ္မာကျမ်းစာမှကတော့ ဤလောက၏ ဘုရားသည် သူတို့၏ဉာဏ်မျက်စိကိုကွယ်စေ၏ လို့ဆိုထားတယ်ကွ”
သူပြောသောစကားများကို နားထောင်နေသော သူပင်လျှင် ဤသို့ထင်မှတ်မထားခဲ့ပေ၊ ထိုသို့ဆိုပါက ခရစ်တော်သည် အစိမ်းသေဟူ၍ ဆိုသော်လည်း သူနှင့် လောကီလူသားတို့အတွက် သေရန်ကြွဆင်းလာခြင်းဖြစ်ပြီး၊ သေခြင်းတရားကလည်း ကတိတော်ရှိသည့်အတိုင်း သေခြင်းတရားကို ပြောဆိုထားသော ကတိစကားနှင့်အညီး သေခြင်းတရားမှ ရှင်ပြန်ထမြောက်တော်မူခဲ့သည်ကို၊ သမ္မာကျမ်းစာမှာသာမက အပြင်သက်သေများဖြင့်ပင်လျှင် စစ်မှန်ကြောင်းပြသနေပေသည်။
ဤသို့မှန်နေပါက သူ့အနေဖြင့် ထပ်ဆင့်၍သိလိုသည်မှာကား ‘ယေရှုအသက်ရှင်ကြောင်း အဘယ်သို့သိနိုင်ပါအံ့နည်း ’။
“ ဒီလိုဆိုရင် ငါ့အနေနှင့် ယေရှုကိုကိုးကွယ်ခြင်တယ်ကွာ၊ အဲ့ဒီလိုကိုးကွယ်နိုင်ဖို့ ငါ့အနေနှင့် ဘယ်လိုကိုးကွယ်ဆည်းကပ်ရမလဲဆိုတာ ပြောပါဉီး”
“ ဟော့ဒီမှာ နွေဉီး ‘ထာဝရဘုရားသည် ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍သိမှတ်ကြလော့၊ ကိုယ်တော်ကိုခိုလှုံသောသူသည် မင်္ဂလာရှိ၏’ လို့သမ္မာကျမ်းစာက ဆိုထားပါတယ် နွေဉီးရာ ဆန္ဒရှိသူအတွက်တော့ ဘုရားရှင်က ကယ်မဖေးကူရန် အဆင်သင့်ပါကွာ ”
“ ဟုတ်ပါပြီကောကွာ ငါအခုဘာလုပ်ရတော့မှာလည်း”
“ ရိုးရိုးရှင်းရှင်းလေးဖြင့်သာ ဆုတောင်းလိုက်ပါ နွေဉီးရာ ကဗျာကာရန် မညီတာကို ဘုရားက မကြည့်ပါဘူး၊ စိတ်နှလုံးကိုသာကြည့်တဲ့ဘုရားက အသက်ထင်ရှားရှိတော်မူသည့်အကြောင်းကို သက်သေထူပါလိမ့်မယ်ကွာ ”
သူ့အနေဖြင့် ဘုရားဟူသည် ဘုရားသာဖြစ်ပြီး၊ အမှားအမှန်ကို သိမြင်လာသည်နှင့်အမျ လက်တွေ့ကျကျသိရှိနိုင်ရန် ပါးခိုရ်လာတို့အား ရှေ့မှတိုင်ပေးရန် တောင်းဆိုပြီး ခရစ်တော်ဘုရားအား အသက်ထင်ရှားရှိပါက သက်သေထူပေးရန်နှင့် မိမိဘဝအသက်တာတွင် ဆက်လက်၍အုပ်စိုးလမ်းပြပေးတော်မူရန် တောင်းခံလိုက်လေသည်နှင့် အမျ အနှစ်နှစ်အလလက မျော်လင့်တောင့်တခဲ့သော ဘဝ၏ ကွက်လပ်တို့သည် တမဟုတ်ချင်း ပြည့်လျှံသွားကာ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ပျော်ရွှင်ခြင်းတို့က ရင်တွင်းမှ လှိုက်လှိုက်လှဲလှဲ စီးဆင်းနေသည်က ပါးခိုရ်လာ ပြောသောစကားဖြင့် ပြောရပါက ‘ အသက်ရေထွက်ရာ စမ်းရေတွင်း’ ကဲ့သို့ဖြစ်နေသည်ကို တွေ့မြင်ခံစားနေရလေသည်။
ကိုယ်ကာယအတွက် ကိုယ်ကာယ အစာကိုကျွေးလေမှ ခန္ဒာသည် ဝဖြိုးကျန်းမာလာနိုင်ပေသည်။ စိတ်နှင့်ပါတ်သက်သော အစာအဟာရကိုလည်း စိတ်နှင့်ဆိုင်သော အစာအဟာရကသာ လိုက်ဖက်ညီထွေစေ၍ စိတ်ကိုကျန်းမာဝဖြိုးစေနိုင်ပေသည်။ ထို့နည်းတူစွာ နာမ်သက်ဝိညာဉ်အတွက်လည်း နာမ်သက်ဝိညာဉ်နှင့် ဆိုင်သော နံဝိညာဉ်ဘုရားနှင့်သာ ဆက်နွယ်လေပါမှ နာမ်သက်ဝိညာဉ်သက် ကျန်းမာ၍ ကိုယ်ခန္ဒာစိတ်ဝိညာဉ် သုံးပါးစလုံး အေးငြိမ်းချမ်းသာရလေသည်တကား။
နေမြင့်လေ အရူးရင့်လေဖြစ်ခဲ့သော နွေဉီး အခုတော့ ဘုရားရိပ်ရဲ့နေခြည်အောက်မှာ သောကတွေကင်းရှင်း၍ ဘဝခရီးက ယခုဘဝ နောင်ဘဝအတွက် မျော်လင့်ခဲ့သော နောင်တမလွန်ရေးအတွက် အောင်ဘာလေ ဆုကြီးကိုလည်း ယခုတော့ ဘုရားကိုသိုလ်ဖြင့် ရရှိခံစားရပြီ၊ စိတ်အေးလက်အေးဖြင့် အသက်သာသစ်ကို ရရှိပိုင်ဆိုင်ရပြီဖြစ်သောကြောင့် ၊ နေမြင့်လေလေ ဘုရားရှင်နှင့် သိကျွမ်းခြင်းက ရင့်သန်လေလေပင်ဖြစ်နေလေ၏။ ။
ဓမ္မအဆွေများဘဝအမောပြေ၍ ခိုင့်ခန့်နိုင်ကြပါစေ
နာမတော်မြတ်၌
Samuel Soe Lwin
မေတ္တာရောင်ပြန်
"အောင်အောင်ရေ"
အိမ်ရှေ့ မှ မောင်မောင်ရဲ့ ခေါ်သံကြောင့် အောင်အောင် ထမင်းဝိုင်းမှ အမြန်ထလိုက်သည်။ ....
"ဘာများ ဖြစ်တာလည်းကွာ မင့်ဟာက ရေးကြီးသုတ်ပျာနဲ့  ဘာလည်းပြော "
"ဟုတ်ပ နောက်က ကျားလိုက်တဲ့ အတိုင်း နင့်ဟာက ငါတောင် အထိတ်တလန့် ဖြစ်သွားတယ် "
အတူ ရှိနေသော မာလာ ကလဲ ဝင်ထောက်လိုက်လေသည်။
မောနေသေးသော မောင်မောင် စကားပင် မဆိုနိုင်အားသေးပဲ၊ မှားပါတယ် ကိုသောင်းရယ် ဆိုသော အထာဖြင့် ကြည့်နေသည် အလား .....
”ဟေ့ကောင်တွေ မင်းတို့ မနောက်နဲ့နော်၊ အခုဟာက မင်းကိစ္စကွ ဟိုလေ  ဟို”
” ဟယ် ဘာတွေဖြစ်နေမှန်းကို မသိဘူး တဟယ်ဟယ်နဲ့ သေရေး ရှင်ရေးဆိုရင်တော့ ပြီးပြီ” သူသာ မက မာလာကပင် စိတ်မရှည်စွာဖြင့် မောင့်မောင့် ခေါင်းအား ဝင်ထု လိုက်လေသည်။ သူလည်း အနည်းငယ်တော့ ရင်ခုန်မိတာကအမှန်။
” ဟိုလေ။ ခင်မေဝင်းက မင့်ကို တွေ့ ချင်လို့ တဲ့၊ သူငါ့ကို လာပြောတာ တော်တော်လေး အရေးကြီးပုံ ရတယ် ”
”အေးလေ ငါသွားတွေ့ လိုက်ပါ့မယ်။ မောင်မောင်ရာ စိတ်သာ ချပါ ”
ခင်မေ၀င်းသည် အောင်အောင်၏ ဘဝတွင် တစ်သက်မှာ တစ်ခါ နှလုံးသားနှင့်ရင်းပြီး ချစ်ခဲ့ရသူ ဖြစ်သည်။
သူကလည်း အဝင်း (ခင်မေ၀င်း) နှင့်ဝေး၍ မနေနိုင်သလို သူချစ်ရတဲ့ အဝင်း ကလည်း ထို့ အတူပါပင် ။ကံပုလဲ ရွာလယ်လမ်းလေးအတိုင်း ဆက်လျှောက်လာရင်း စိမ်းလန်းနေတဲ့ ဂျပန်ပိတောက်ပင်တွေက အစီအရီ ပေါက်နေတာကို တွေ့မြင်နေရသည်။ ပြေးလွှား ဆော့ကစား နေကြတဲ့ ကလေးတွေကို ကြည့်ရင်း သူ၏ ငယ်စဉ်ဘဝတွေကိုပင် ပြန် တမ်းတမိသလို ဤလမ်းမ ထက်မှာ ပင် သူနှင့် အဝင်းတို့ အတူကစားရင်း နေထိုင်လာခဲ့ကြတာ ယခုဆိုရင် ဘဝကြင်ဖေါ်အဖြစ်သို့ ပင် ကူးခြေတော့မည်။ လာမည့် ဝါကျွတ်တွင် နှစ်ကိုယ်အတူ နီးကြဖို့အရေး တောင်းရမ်းဖို့ ရန်ပင် တူနှစ်ကိုယ် တိုင်ပင်ခဲ့ပြီးပေပြီ။ လေပူတစ်ချက်ကို မှုတ်ထုတ်ရင်း ထွန်းလင်းတို့ အိမ်ဆီသို့ သူ ခြေဉီးတည်ကာ ကွေ့ ဝင်လိုက်သည်။
”ကြာလိုက်တာ ငအောင်ရာ”
”အဝင်း မင့်ကို စောင့်နေတာ အတော်ကြာသွားပြီ။ စိတ်မတိုဘူးတဲ့ အဝင်း ဘာ့ကြောင့်မှန်းမသိဘူး ပြန်မယ် တကဲကဲ လုပ်နေလို့ မနည်း ချော့ပြောထားရတယ် ငအောင်ရာ၊ မင့် လည်း နောက်မကျစဖူးပဲ ဘာ့ကြောင့် ဒီနေ့ မှ နောက်ကျရတာလဲ ”
” ဧည့်သည်တွေ ရောက်နေလို့ ပါကွာ ”
ထွန်းလင်း အား အားမပါစွာ ဖြေရင်း အိမ်ပေါ်သို့ လှမ်းကြည့်လိုက်မိသည်။ ထွန်းလင်းက ချစ်ရတဲ့ အဝင်းနှင့်တွေ့ ရန် အမြဲ စီစဉ်ပေးနေကျမို့ ယခုလည်း သူ့ အိမ်တွင် တွေ့ ဆုံရန် ချိန်းဆိုထားခြင်းဖြစ်သည်။ စောစော ထွက်လာရန် စိတ်ကူးခဲ့ပေမဲ့ ဆရာစောရန်အောင်တို့ ရောက်လာသောကြောင့် နောက်ကျသွားခဲ့ခြင်းကိုတော့ ရှင်းမပြဖြစ်ခဲ့တော့ပါ။ အိမ်ပေါ် ကုလားထိုင်တွင် အပေါက်ဝကို ကျောပေး ထိုင်နေသော အဝင်းကို တွေ့ တော့ သူ ရင်တွေ လေးနေမိသည်။
”စောင့်နေတာ ကြာလှပြီ ကိုအောင်ရာ။ ဘာကြောင့် နောက်ကျရတာလည်း ပြောပါဉီး”
စူပုပ်နေတဲ့ ချစ်သူ အဝင်းအား အဘယ်သို့ ဖျောင်းဖျရမည်ကိုပင် သူ မသိတော့လောက်အောင်ပင် သနားသွားမိသည်။ အဖြစ်မှန်ကိုတော့ ”အမှန်တရား ဟူသည် ဘယ်တော့မှ ဖုံးကွယ်၍မရ ဟူ၍ ” ဆိုထားသည်မို့  ဘာပဲဖြစ်ဖြစ် အသိတော့ ပေးရပေမည်သာ။
”ဧည့်သည် ရောက်နေလို့ ပါ အဝင်းရာ ကိုအောင် တောင်းပန်ပါတယ် ”
”ဒါတွေ ထားလိုက်ပါတော့။ အဝင်း ကိုအောင့်ကို မေးချင်တာက ဒီအတွက် မဟုတ်ပါဘူး .... အဝင်းလေ ကိုအောင့်အတွက် စိတ်မကောင်းလို့ ပါ“
“ဟာ အဝင်း အဲ့ဒီလိုပြောမှပဲ ကိုအောင် စိတ်ပူမိပြန်ပြီ ...... ပြောစရာရှိတာ ပြောပါ။ ကိုအောင် အဝင်းကို ဘယ်တုန်းကမှ မညာသလို နောင်လည်း ညာမှာ မဟုတ်ပါဘူး ”
ပြောပြောဆိုဆို စိုးရိမ်စိတ်တွေကြောင့် နံဘေးမှ ကိုယ်ကို အသာစောင်းငဲ့ကာ အဝင်း၏ လက်ကို ဖွဖွကလေး ဆုပ်နယ်ဖြစ်သည် .....မွှေးကြိုင် သင်းပျံ့ နေသော ကိုယ်သင်း ရနံ့ တို့ က နှာဝသို့ အေးမြမြ ဝင်ရောက်လာနေသော်လည်း မခံစားမိနိုင်တော့ပါ ....
”မြမြက လာပြောတယ် ...... ကိုအောင်.....ကိုအောင်က ခရစ်ယာန်ဘာသာထဲ ဝင်သွားပြီဆို ....... အဲ့ဒါ တကယ်လား ကိုအောင်”
ညိုးနွမ်းနေသော မျက်နှာဖြင့် မေးနေသော ချစ်တဲ့သူ အဝင်းအား သူ အဘယ်သို့ ပြောရပါအံနည်း ။ ”အကြင်သူသည် လူတို့ ရှေ့ မှာ ငါ့ကိုဝန်ခံအံ့ .... ငါသည်လည်း ထိုသူကို ကောင်းကင်တမန်နှင့် ခမည်းတော် ဘုရား ရှေ့ မှောက်တွင် ဝန်ခံမည်။ .... အကြင်သူသည် ငါ့ကို ငြင်းပယ်အံ့။ ငါသည်လည်း သူ့ ကို ငြင်းပယ်မည် ” ဆိုသော နှုတ်ကပါတ်တော်ကို ရင်တွင်းမှာ ပဲ့တင်ထပ်ကာ ကြားယောင်နေမိသည် ........
”ဘုရားသခင်ဟာ သင့်ကို ချစ်သော မေတ္တာတော်ကြောင့် ဤလောကသို့ ဆင်းကြွလာပြီး မဖေါက် မပြန်သော အဂ္ဂါပေ မေတ္တာစစ်ဖြင့် သင့်ကို အသက်ပေး ချစ်တော်မူခဲ့ပါတယ်.... ထိုမေတ္တာရှင် ဘုရားသခင်အား သင်မျက်ကွယ်ပြု။ လျှစ်လျှူမရှု လိုက်ပါနဲ့ လား ဓမ္မမိတ်ဆွေတို့ ရယ်”
သင်တန်း နောက်ဆုံးရက်မှ ဆရာစောရန်အောင် ဝေငှ ဟောကြားခဲ့သော ဒေသနာတရား စကားကိုလည်း ကြားယောင်နေမိပြီး .......သူ ချွေးပင် ပြန်နေမိသည်ထင့်... နောက်ဆုံးတော့ ဘုရားနှင့် နှလုံးသားအရေးကို ကောင်းစွာ ချိန်ထိုးခဲ့ပြီးပြီမို့  .....
” ဟုတ်တယ် အဝင်း ..... ကိုအောင် ခရစ်တော် ယေရှုဘုရားကို ကိုအောင့်ရဲ့ အသက်သခင် ကယ်တင်ရှင် အဖြစ် လက်ခံလိုက်တယ် ”
”တော်ပါတော့ ကိုအောင်ရယ် ..... အဝင်း ကတော့ ကြားတဲ့အချိန်မှာ ဘယ်လိုမှ ကိုအောင် ဒီလို မဖြစ်နိုင်ဘူးလို့ ထင်ခဲ့တာ အခုတော့ သဲထဲ ရေသွန်ဖြစ်ရပြီပေါ့ ကိုအောင် ...ဒါ .... ဒါဆို.... ကိုအောင်က .....”
 ”ကိုယ် ခရစ်ယာန် ဖြစ်သွားပေမဲ့ ကိုအောင် အဝင်း အပေါ်မှာ သစ္စာမမဲ့ပါဘူး အဝင်းရာ ”
သူ၏ စကားဆုံးတော့ သူမသည် သူ့ အား တစိမ်းသွင်သွင် ကြည့်ကာ ....
”ဒီမယ် ကိုအောင် ဘာသာရေးကို ဖေါက်လွဲဖေါက်ပြန်ပြုတဲ့ ကိုအောင့်လို လူမျိုးကို အဝင်း ဘယ်တော့မှ...ဘယ်တော့မှ .... ”
စကားကို အဆုံးတိုင်အောင် နားထောင်ခြင်း မရှိသလို ထင်ရာစွတ်ပြောနေလေတော့လည်း အငိုဖြင့် အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ဆိုနိုင်သော စကားကို ငိုသံနှောနေတဲ့ အဝင်း.....
”အဝင်း ကိုလည်း ကိုယ် ဘယ်တော့မှ သစ္စာ မမဲ့ခဲ့သလို ဆက်လက်ပြီးလည်း ချစ်နေမှာပါ အဝင်း။ နောက်ပြီး ယေရှု ခရစ်တော်ဆိုတာက ..... ကိုယ်တို့ လောကသားတွေ၊ အထူးသဖြင့် လောဘ။ ဒေါသ။ မောဟတွေ ပြည့်နှက်နေတဲ့ လောကီလူသားတွေအတွက် အသက်တော်ကိုစွန့် ပြီး အပြစ်ငရဲမှ ကယ်တင်ခဲ့တဲ့ ကယ်တင်ရှင်ပါ အဝင်းရယ်”
”တော်ပါတော့ ကိုအောင်....... အဝင်း အထင်ကြီးခဲ့လေသမျှ ရှင် ဟာလေ ဖွတ် သာသာနဲ့ အလကား လူမှန်း အခုလို ကြိုသိလိုက်ရတာ အဝင်း အတွက် သိပ် ကံကောင်းတယ်..... ဒီမယ် ကိုအောင်၊ အဝင်းကို အဲ့ဒီ ယေရှုထက် ပို မချစ်နိုင်ဘူး မဟုတ်လား။ ဖြေပါဉီး တရားဟော ဆရာကြီးရဲ့ ”
”အရာရာမှာ ဘုရားကိုသာ ဉီးထိပ်ထားရမယ် လို့ ဆိုထား .....”
”ဖြန်း .... ဖြန်း ”
”စကော လောက်မှ စောက် မနက်တဲ့ ရှင့်အတွက်....... ဒါနောက်ဆုံး လက်ဆောင်ပါပဲ ”
”ဒုန်း. ဒုန်း. ဒုန်း”
”အဝင်း..အဝင်း..ကိုအောင် ရှင်းပြပါရစေ..”
ပြောပြောဆိုဆို အဝင်း သူ့ ရှေ့ မှောက်မှ တားဆီးချိန်ပင် မရ ပြေးထွက်သွားလေတော့သည်....အနမ်းတွေ ဝေကာ၊ အကြင်နာ အပြည့်ဖြင့် အနမ်းမိုးတွေ ခြွေခဲ့သော သူ့ ပါးပြင်ထက်မှာ နူးညံ့သော လက်တစ်စုံက သံမဏိအသွင် ဖြစ်တည်ခဲ့သောကြောင့် ထူပူသွားသော သူ့ ပါးပြင်အား သူ အသာ ပွတ်သပ်မိလျှက်သာ ......
”ဆရာ.ဆရာ၊ ဟာ ဘာဖြစ်နေတာလည်းဗျာ.ခေါ်လည်း မကြား။ အော်လည်းမကြားနဲ့။ ပါး ယောင်နေလို့လား ဆရာ။ မှန်းစမ်း ညကလည်း အကောင်းကြီးပါ..ဟာ ဘာမှလည်း မဖြစ်ပါဘူး ”
လက်ထောက် သင်းအုပ်ဆရာ မောင်သွင်က ပြောပြောဆိုဆို သူ့ လက်ကို အသာဆွဲဖယ်ရင်း နောက်ဆုတ်သွားကာမှ သူ့ စိတ်တွေကို ပြန်စုစည်း မိလိုက်လေသည်။
”သြော်..ဘာမှ မဖြစ်ပါဘူးကွာ၊ အတွေးလွန် သွားလို့ ပါ”
”စိုးရိမ်သွားလို့ပါဆရာ..... ဆရာ့အတွက် စာတစ်စောင် ရောက်နေတယ် ကြားလို့ ကျွန်တော် ဉီးသောင်းပိုတို့ အိမ်က ယူလာပေးတာပါ။ ရော့ ဆရာ”
လက်တွင်းသို့ အတင်း ထိုးထဲ့ပေးပြီး၊ ထွက်ခွါသွားသော ဆရာမောင်သွင်အား မြင်ကွင်းမှ ကွယ်သွားသည့်အထိ ငေးကြည့်နေမိရင်း။ လက်မှ စာကို ကြည့်လိုက်တော့..
သို့  ဆရာစိုးညိုအောင် လှိုင်းဘုန်းမြို။ မော်ကျွန်းမြို့ နယ်။
လိပ်မူစာကို ကြည့်ပြီး သူ အံ့သြသွားမိသည်။ အလျင်အမြန်ပင် စာအိတ်ကို ဖွင့်ဖတ်မိသည်။ သေသပ်ကာ မိန်းခလေး ပီသသော လက်ရေးလေးက သူ အလွတ်ရနေသော ချစ်ရသူ အဝင်းရဲ့ လက်းရေး ဝိုင်းဝိုင်းလေးတွေမို့  သူ့ ရင်ကို လှိုက်ဖိုတလှည့် ..... ပဟေဠိတွေအဖြစ် တလှည့်စီ ဖြစ်ပေါ်နေစေသည်က အမှန်။
”အဝင်းရယ် ... ကိုအောင် မင်းလေးကို ခွင့်လွှတ် ရုံသာ မကပါဘူး။ အ၀င်းရဲ့ သစ္စာတရား နည်းတူ။ မဖေါက်မပြန်သော မေတ္တာတရားတွေဖြင့် ကိုအောင့် ရင်ထဲက အချစ် တွေက မင်းကလေးအတွက် ရှင်သန်နေဆဲပါကွာ။ မွှေးပျံ့ နေမြဲပါ။ ခိုင်မြဲနေဆဲပါ အဝင်း ”
ချစ်သော်လည်း။ မတူညီသော ထမ်းပိုးပေမို့ ဘယ်တော့ မှ မဆုံနိုင်ဟု သခင့် အလိုတော်ကို ရှေ့ တန်းတင်ရင်း ကုန်လွန်ဖြတ်သန်းခဲ့တဲ့ နေ့ တွေ ရှိခဲ့ပေမဲ့။ လွမ်းရေးထက် သခင့်ပေး တာဝန်သာ အဓိက ပေမို့ ထိန်းချုပ်ကာ ထားခဲ့တဲ့ အချစ်စိတ်တွေက အခုအချိန်မှာတော့ သူ့ ရင် အနက်ရှိုင်းဆုံးအတွင်း ကာလ အတန်ကြာ တိမ်မြုပ် နေရာမှ ရုန်းကန် ပေါက်ကွဲထွက်ရန် တာစူ နေခဲ့လေပြီ..။        ။
”ဓမ္မ အဆွေများ အမောပြေကာ အစဉ်ခိုင်ခန့် စေဖို့ ”
့နာမတော်မြတ်၌
Samuel Soe Lwin
Zawgyi Converter
Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter
ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )