22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, September 25, 2012

ဆွီဒင် ဓါတ်ပုံဆရာ ရိုက်ကူးသော သားအိမ်တွင်း၌ သန္ဓေသားလောင်း ကြီးထွားလာပုံ


Lennart Nilsson သည် ဆွီဒင် နိုင်ငံသား 
ဓါတ်ပုံဆရာနှင့် သိပ္ပံပညာရှင်
 ဖြစ်သည်။


 သူ၏ ရိုက်ကူးခဲ့သော ဓါတ်ပုံများတွင် တစ်ချိန်က ဓါတ်ပုံ ရိုက်ကူး၍ မရနိုင်ဟု 
ယူဆထားသော လူ၏ သန္ဓေသားလောင်း နှင့် အခြား ဆေးပညာဆိုင်ရာ ဓါတ်ပုံ
များများအပြင် သူ၏ အနုစိတ် ဓါတ်ပုံပညာမှာ အထူးထင်ရှားသည်။
၁၉၆၅ ခုနှစ်တွင် Lennart Nilsson သည် သားအိမ်အတွင်း၌ လူ၏ သန္ဓေ
သားလောင်း ကြီးထွားလာပုံ အဆင့်အဆင့်ကို ဆက်တိုက် ရိုက်ကူးကာ Life 
မဂ္ဂဇင်းတွင် ပုံနှိပ်ဖော်ပြခဲ့သည်။ 
ထိုအချိန်က ထုတ်ဝေသည့် ပထမ ၄ ရက်အတွင်းမှာပင် စာအုပ် ၈ သန်းခန့် ရောင်းချခဲ့
ရသည်။
 အဆိုပါ မှတ်တမ်းပြုဖွယ် ဓါတ်ပုံများကို “A Child Is Born” စာအုပ် တွင် ပြန်
လည်စုဆည်း ဖော်ပြခဲ့ကြောင်း သိရသည်။
သီတင်း၅ပါတ်။ သန္ဓေသားလောင်းသည် ၆ မီလီမီတာခန့်သာ ရှည်လျားသည်။
 မျက်နှာပြင်တွင် ပါးစပ်နေရာ ပွင့်လာကာ မျက်လုံးပေါက် နှာခေါင်းပေါက်
 ဖြစ်ပေါ်လာမည့် နေရာများလည်း ပေါ်ပေါက်လာသည်။
သီတင်း၈ပါတ်အကြာ။ အလျင်အမြန် ကြီးထွားလာသော သန္ဓေသားလောင်းကို
 ထိခိုက်မှု မရှိစေရန် ရေမွာခေါ် အရည်အိပ်ထဲထွင် ကာကွယ်ထားသည်။
သီတင်း၁၀ပါတ်အကြာ။ မျက်ခွံသည် တစ်ဝက်ခန့်ပိတ်နေပြီး နောက် 
ရက်အနည်းငယ် အကြာတွင် အပြည့်ပိတ်သွားမည် ဖြစ်သည်။
သီတင်း၁၆ပါတ်အကြာ။ သန္ဓေသားလောင်းသည် လက်ဖြင့် မိမိကိုယ်ကို နှင့် 
ပါတ်ဝန်းကျင်ကို စမ်းနိုင်လာသည်။
သန္ဓေသားလောင်းသည် ချက်ကြိုးကို ထိနိုင် ကိုင်နိုင်လာသည်။ အရိုးများသည်
 ပျော့ပြောင်းသော အချောင်းများအဖြစ် တည်ရှိပြီး သွေးကြောများ ဆက်နွယ်နေ
မှုကို အရေပြားမှ တဆင့် မြင်ရသည်။
သီတင်း၁၈ပါတ်အကြာ။ သန္ဓေသားလောင်းသည် ပြင်ပအသံများကို
 စတင်ကြားသိနိုင်ပြီ ဖြစ်သည်။
သီတင်းပါတ်၂၀အကြာ။ lanugo ဟုခေါ်သော အမွှေးအမျှင်များ
 မျက်နှာပေါ်တွင် စတင်ပေါ်ပေါက်လာသည်။
good health

Monday, September 17, 2012

အမျိုးသမီး ရင်သားကို နေ့စဉ် ကြည့်ရှုခံစားသည့် အမျိုးသားများ၏ ကျန်းမာရေးကောင်းမွန်နိုင်

လှပကျော့ရှင်းသည့် အမျိုးသမီးတဦး၏ ရင်
သားအလှကို နေ့စဉ် (၁၀)မိနစ်စီ
 ကြည့်ရှုခံစားခြင်းသည် အမျိုးသားများ
အတွက် ကျန်းမာရေးကောင်းမွန်စေကြောင်း 
သိရှိရသည်။


ယင်း အလေ့အကျင့်ကြောင့် ရရှိလာသည့် လှုံဆော်မှုသည် နာရီဝက် ကြာအောင် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းနှင့် ညီမျှကြောင်း ဒေါက်တာ ကာရန် ၀ီသာဘီက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာ ၀ီသာဘီ ဦးဆောင်သော ဂျာမနီနိုင်ငံ ဆေးရုံ(၃)ခုမှ ဆရာဝန်များသည် အမျိုးသားအယောက်(၂၀၀) တို့၏ နေ့စဉ် ဓလေ့စရိုက် များကို (၅)နှစ် အချိန်ယူ လေ့လာခဲ့ကြရာ ၎င်းတို့အနက် ထက်ဝက်သည် မနက်လင်းချိန်တွင် အရင်ဆုံး မြင်ချင်သည့် ကိစ္စမှာ စိတ်လှုပ်ရှားဖွယ်ကောင်းလှသည့် အမျိုးသမီးတဦး၏ ခန္ဓာကိုယ်အလှဖြစ်ကြောင်း
 ပြောကြားထားပြီး ကျန်တ၀က်မှာမူ ထိုကိစ္စအတွက် ထောက်ခံခြင်းမပြုဘဲ
 ကြားနေကြသည်။

ပညာရှင်များသည် ပထမအဖွဲ့မှ ပုဂ္ဂိုလ်များအား ၎င်းတို့ ဆန္ဒအတိုင်းဆောင်ရွက်ရန်

 ခွင့်ပြုထားပြီး ကျန်အဖွဲ့ကိုမူ နှစ်သက်ရာ အာရုံအလိုက် ခံစားခွင့်ပေး
ထားသည်။

(၅)နှစ်ကြာပြီးနောက် နေ့စဉ်နေ့တိုင်း အမျိုးသမီးများ၏ လှပသော ရင်သားကို

အရသာခံ ကြည့်ရှုခွင့်ရသည့် အမျိုးသားများသည် သွေးဖိအား ပြဿနာ၊
 သွေးကြောနှင့် ဆိုင်သောရောဂါများ၊ သွေးခုန်နှုန်း မမှန်ကန်မှုများ
 ဖြစ်ပေါ်နိုင်ခြေ သိသိသာသာကျဆင်းသွားသည်ကို လေ့လာတွေ့ရှိခဲ့သည်။


                                  
လိင်နှင့်ဆိုင်သည့် စိတ်လှုပ်ရှားမှုသည် နှလုံးအား ပိုမိုလှုပ်ရှား သက်ဝင်စေကာ

 သွေးလှည့်ပတ် စီးဆင်းမှုကို လျင်မြန်ကောင်းမွန်စေသည်။

ထို့ကြောင့်လည်း လိင်စိတ်ကို လှုံဆော်ပေးနိုင်သည့် ရင်သားအလှကို

 နေ့စဉ်ခံစားထိတွေ့နေသည့် အမျိုးသားများအတွက် ကျန်းမာရေး ပိုမိုကောင်းမွန်နေသည်မှာ မေးခွန်းထုတ်စရာ မလိုသည့် ရလဒ်ဖြစ်ကြောင်း 
 ဒေါက်တာဝီသာဘီက ရှင်းပြခဲ့သည်။

ထို့အပြင် ထိုအပြုအမူကို ကာလရှည်ကြာ ပြုလုပ်ပါက နှလုံးရောဂါဖြစ်နိုင်ခြေ 

 ထက်ဝက်မျှ ကျဆင်း နိုင်သည်ဟုလည်းဆိုသည်။


                                   လှပကျော့ရှင်းသည့် အမျိုးသမီးတဦး၏ 
                                   ရင်သားအလှကို နေ့စဉ်
                                  ကြည့်ရှုခံစားနေသည့်အမျိုးသားတစ်ဦး © 
                                  (Photo: New England Journal of Medicine)

ထို့ကြောင့်လည်း ဒေါက်တာဝီသာဘီက အမျိုးသားများ (အထူးသဖြင့် အသက်

 ၄၀ ကျော် ပုဂ္ဂိုလ်များ)သည် D-Cup အရွယ်၊ သို့မဟုတ် ပိုကြီးသော အမျိုး
သမီးရင်သားများကို နေ့စဉ်နေ့တိုင်း (၁၀)မိနစ်မျှ ခံစားကြည့်ရှုသင့်ကြောင်း 
တိုက်တွန်းနှိုးဆော်ထားသည်ကို ဂျာမဏီနိုင်ငံထုတ် နယူးအင်္ဂလန် ဆေးပညာ
ဂျာနယ်တွင် ဖေါ်ပြထားသည်။

Sunday, September 16, 2012

လက်ဖက်ရည်ကြမ်းက ဦးနှောက်ဆဲလ် ထုတ်လုပ်မှုကို မြင့်မားစေနိုင်


 

လက်ဖက်ရည် ကြမ်းမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ မှတ်ဉာဏ်၊ နေရာ ဒေသနဲ့ သက်ဆိုင်တဲ့ သင်ကြားမှုတွေမှာ အကျိုးရှိနိုင်တဲ့ ဦးနှောက်ဆဲလ် ထုတ်လုပ်မှု မြင့်မားနိုင်ကြောင်း  မကြာခင်က ပြုလုပ်တဲ့ မော်လီကျူလာ အာဟာရနဲ့ အစားအသောက်ဆိုင်ရာ လေ့လာမှုမှာ ဖော်ပြထားပါတယ်။
လက်ဖက်ရည်ကြမ်းကို နှလုံးသွေးကြောရောဂါ မဖြစ်အောင် ကာကွယ်ဖို့ လေ့လာမှုတွေ အများအပြား ပြုလုပ်ထားပြီး ဖြစ်ပါတယ်။ အခုလေ့လာမှုမှာ လက်ဖက်ရည်ကြမ်းမှာ ပါဝင်တဲ့ ဓာတုပစ္စည်း (Epigallocatechin- 3 gallate, EGCG)  ရဲ့ ဂုဏ်သတ္တိဟာ ဦးနှောက်ဆဲလ်တွေအပေါ် အကျိုးသက်ရောက်မှုကို လေ့လာခဲ့ပါတယ်။
EGCG ဟာ ဓာတ်တိုး ဆန့်ကျင်ပစ္စည်း တစ်မျိုးဖြစ်ပြီး အသက်ကြီးခြင်းနဲ့ သက်ဆိုင်တဲ့ ပျက်စီးယိုယွင်းတဲ့ ရောဂါတွေပေါ်မှာ အလွန် အကျိုးရှိတယ်လို့ တွေ့ရှိခဲ့ပါတယ်။ EGCG ဟာ ဦးနှောက် အာရုံခံဆဲလ်တွေ ထုတ်လုပ်မှု မြင့်မားစေတာကြောင့် သင်ကြားရေးမှာ အထောက်အကူဖြစ်စေပြီး အရာဝတ္ထုတွေ၊ အမည်နာမတွေနဲ့ နေရာဒေသတွေကို မှတ်မိနိုင်စွမ်း ပိုကောင်းလာတယ်လို့ ဆိုပါတယ်။

အဆစ်ရောင်ရမ်းမှု မဖြစ်အောင် ကာကွယ်နိုင်မည့် နည်းလမ်းများ


 

၁။ အဆစ် နာကျင်မှုမှ ကင်း ဝေး အောင် ဗီတာမင်စီ မှီဝဲ ပါ
ဗီတာမင်စီဟာ အဆစ်ရောင်တဲ့ ဖြစ်စဉ်ကို သိသိ သာသာ နှေးကွေးစေရုံသာမက နေ့စဉ် ၂၀၀ မီလီဂရမ် မှီဝဲတာကြောင့် အဆစ်ရောင်ရောဂါကို ၁၀၀ ရာခိုင်နှုန်း မဖြစ်အောင်  ကာကွယ်နိုင်တယ်လို့ လေ့လာမှုအရ သက်သေ ပြထားနိုင်ပါတယ်။ ဗီတာမင်စီမှာ အစွမ်းထက် ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ အမြောက်အမြား ပါဝင်တာကြောင့် အဆစ်ကို ဒုက္ခပေးမယ့် ဓာတ်တိုးပစ္စည်းတွေကို ဖျက်ဆီးပစ်နိုင်လို့ပါလို့ ကျွမ်းကျင်သူတွေက ရှင်းပြထားပါတယ်။
၂။ ရူမတွိုက် အဆစ်ရောင်ရောဂါကို ကာကွယ်နိုင်အောင် လက်ဖက်ရည်ကြမ်း သောက်ပါ
နေ့စဉ် လက်ဖက်ရည်ကြမ်းလေးခွက် သောက်တာကြောင့် ရူမတွိုက် အဆစ်ရောင်ရောဂါ ဖြစ်နိုင်ခြေ ၅၃ ရာခိုင်နှုန်း လျှော့ချနိုင်တယ်လို့ သုတေသီတွေက အကြံပေးထားကြပါတယ်။ လက်ဖက်ခြောက်မှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေဟာ အဆစ်တွေကို တိုက်ခိုက်မယ့် ခုခံအား ဆဲလ်တွေကို တားမြစ်ပေးနိုင်လို့ပါ။
၃။ အဆစ်အတွင်း အာဟာရ ပြည့်ဝအောင် ငါးအဆီ စားပါ
အပတ်စဉ် ငါး ၁၈ အောင်စ ဒါမှမဟုတ် နေ့စဉ် Fish Oil ၁ဂရမ် မှီဝဲတာကြောင့် အဆစ်တစ်သျှူးအတွင်း အာဟာရပြည့်ဝစေပြီး အဆစ်ရောင်ရောဂါ မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။
၎။ အရိုးနု တည်ဆောက်နိုင်တဲ့ လေ့ကျင့်ခန်း ပြုလုပ်ပါ
လေ့ကျင့်ခန်း အားလုံးဟာ ကြွက်သားတွေ တင်းအားကောင်းမွန်စေပြီး အဆစ်တွေ ကွေးနိုင်ဆန့်နိုင်အား မြင့်တက်စေနိုင်ပါတယ်။ ဒါပေမဲ့ စက်ဘီးစီးတာလိုမျိုး ထပ်ကာထပ်ကာ ရွေ့လျားမှုပြုလုပ်ရတဲ့ လေ့ကျင့်ခန်းတွေဟာ ခြေထောက်နဲ့ တင်ပဆုံမှာရှိတဲ့ အရိုးနုတွေကို တည်ဆောက်နိုင်တာမို့ နေ့စဉ် အနည်းဆုံး ၁၂ မိနစ်ခန့် စက်ဘီးစီးလေ့ကျင့်ခန်း ပြုလုပ်ပါ။
၅။ ရောင်ရမ်းမှု ဖြစ်စဉ်ကို တားမြစ်နိုင်တဲ့ သံလွင်ဆီနဲ့ ဟင်းချက်ပါ
သံလွင်ဆီမှာ ရောင်ရမ်းမှုကို တားမြစ်နိုင်တဲ့ အစွမ်းထက် ဒြပ်ပေါင်း (Squlene) ပါဝင်တာမို့ အဆစ်ရောင်ရောဂါ ဖြစ်နိုင်ခြေကို ၄၀ ရာခိုင်နှုန်းထိ လျှော့ချနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

အညောင်းပြေ လည်ပင်းမချိုးရ


 

အညောင်းပြေအောင် လည်ပင်း ချိုးခြင်းဟာ လေဖြတ်နိုင်တဲ့ ကျန်းမာရေး ပြဿနာ တွေ့နိုင်ပါတယ်။ ဗြိတိန်နိုင်ငံ ဘရူနယ်လ် ယူနီဗာစီတီ မှ သုတေသီများရဲ့ လေ့လာသုတေ သနပြုချက်အရ အနှိပ်ခန်းတွေမှာ သို့မဟုတ် ဆံပင်ညှပ် ဆိုင်တွေမှာ ခေါင်းလျှော်ပြီး လည်ပင်းကို ချိုးချ အညောင်းပြေအောင် လုပ်ပေးခြင်းမျိုး တွေဟာ ဆေးပညာအလိုအရ အမှန် တကယ် လုံးဝမလိုအပ်ပါဘူးတဲ့။
ဘာဖြစ်လို့လဲ ဆိုတော့ ဦးနှောက်နှင့် ကျောရိုးနာဗ် အာရုံကြောတွေဆီ သွေးပို့ပေးတဲ့ သွေးကြောများ ထိခိုက် စေပြီး ပြင်းထန်ဆိုးဝါးတဲ့ အာရုံခံ သွေးကြော ဆိုင်ရာ နောက်ဆက်တွဲ ရောဂါတွေ ရရှိနိုင်တဲ့ အတွက်ဖြစ်ပါ တကယ်တော့ စိတ်ဖိစီးမှုများတဲ့အခါ ဖြစ်တတ်ပါတယ်။
ဇက်ချိုးလိုက်ရင် သက်သာတယ် ဆိုတာ မဟုတ်ပါ။ အညောင်းပြေ ညင်ညင်သာသာ နှိပ်နယ်ပေးခြင်း သို့မဟုတ် လည်ပင်း လေ့ကျင့်ခန်း (ကျန်းမာရေးပြဿနာ မဖြစ်လာနိုင်လောက်တဲ့အထိပဲ) တွေ လောက်သာ ညင်သာစွာ လုပ်ပေးနိုင်ပါ တယ်။

ပိုးရှိသူ၏ အပေါ်ယံထွက်သည့်သွေးမှ HIV ရောဂါကူးစက်ခံရမှု မရှိနိုင်


 

HIV  ပိုးရှိသူ၏ အပေါ်ယံထွက်သော သွေးမှလည်း အခြားသူများထံသို့ ရောဂါကူးစက်ခံရမှုမရှိနိုင်ကြောင်း လူမှုရေးအဖွဲ့အစည်းများ မှပညာရှင်တို့က ဆိုသည်။
 
HIV ပိုးမှာ ပိုးရှိသူနှင့် အတူနေထိုင်လျှင်လည်း ကူးစက်မခံရနိုင်သလို ART ဆေးဝါးသောက်သုံးနေရသူ၏ ပိုးမှာလည်း အခြားသူများသို့ မကူးစက်နိုင်ကြောင်းကိုလည်း သိရသည်။
 
''ရုပ်ရှင်တွေထဲမှာပါတဲ့  ပိုးရှိတဲ့သူက အကျင့်ယုတ်ပြီး အသားတွေအပေါ်ကို သူ့ရဲ့သွေးတွေ လောင်း ပြီး လုပ်လိုက်တယ်ဆိုတာတွေက အလကားပါ အပေါ်ယံထွက်တဲ့ သွေးနဲ့လည်း ပိုးကူးစက်ခံရမှု မရှိနိုင်ပါဘူး။ ကူးစက်ခံရနိုင်တဲ့နည်းလမ်းတွေနဲ့ပဲ ပိုးကူးနိုင်တာပါ။'' ဟု Burnet Institute  မှ ဒေါက်တာဒေါ်နန်းပန်းအိခမ်းက ပြောသည်။
 
HIV  ပိုးကူးစက်ခံရနိုင်သည့် နည်းလမ်းများမှာ အမျိုးသမီးလိင်လုပ်သားများနှင့် ဆက်ဆံခြင်း၊ ယောက်ျားချင်း လိင်ဆက်ဆံခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အပ်တစ်ချောင်းထဲဖြင့် မျှဝေသုံးစွဲခြင်း၊ အခြားအန္တရာယ်ရှိသော အမူအကျင့်များကြောင့်သာ  ကူးစက်ပျံ့ပွားမှု ဖြစ် ကြောင်းကိုလည်း သိရှိရသည်။
 
ထို့ကြောင့် ပိုးကူးစက်ခံရမှုမရှိအောင်  စည်းကမ်းတကျနေထိုင်သွားသင့်ကြောင်းနှင့်  မိမိကိုယ်ကို ကာကွယ်မှသာ  ရောဂါပိုးကူးစက်ခံရမှုနှုန်း လျှော့ကျနိုင်မည်ဖြစ်ကြောင်း အကူအညီပေးရေးအဖွဲ့များ က ထောက်ပြပြောဆိုကြသည်။
 
ART ဆေးဝါးသည်လည်း  HIV ပိုးအား အရှင်းမပျောက်ကင်းနိုင်ခြင်းမှာ ဆေးအာနိသင်သည် ခန္ဓာကိုယ် အတွင်းထဲထိ လိုက်လံချေဖျက်နိုင်ချင်းမရှိသောကြောင့် ပိုးပွားမလာအောင် ထိန်းထားရုံသာတတ် နိုင်ကြောင်း၊ ဝေဒနာရှင်များအနေဖြင့်  ဆေးကိုဆွဲသောက်ရမည်ဖြစ်ပြီး ဆေးပြတ်သွားလျှင်လည်း  HIV  ပိုးပြန်တက်လာနိုင်သည့်အတွက် စိုးရိမ်ရကြောင်းကိုလည်း ပညာရှင်တို့က ဆိုသည်။
 
မြန်မာနိုင်ငံတွင် ပိုးကူးစက်နှုန်းကျဆင်းလာရခြင်းအကြောင်းရင်းများမှာ ကူညီပေးရေးအဖွဲ့စည်းများ ပေါ်ပေါက်လာခြင်း၊ ပိုးကူးစက်ခံရပြီး သေနှုန်းမြင့်တတ်ခြင်း၊ ဆေးကုနိုင်ရန် နည်းပညာကောင်းများ ပေါ်ပေါက်လာခြင်းတို့ကြောင့် HIV ကူးစက် ခံရနှုန်းကျဆင်းလာခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။
 
''ဒီထက်ပိုပြီး ကူးစက်နှုန်းတွေ ကျဆင်းလာဖို့ လိုအပ်တယ်။ ပိုးကူးစက်ခံရတာအများဆုံးဆိုတဲ့ နိုင်ငံတွေဟာ ကျွန်တော်တို့နိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကူးစက်တာများတယ်။ ဆေးသောက်ဖို့နဲ့ ကာကွယ်နိုင်ဖို့အတွက်ကို ပြည်သူတွေဆီကို သတင်းအချက်လက်တွေ များများရောက်အောင် လုပ် ပေးဖို့လိုတယ်။ အစိုးရပိုင်းက ဆေးရဖို့ ကူညီပေးတာလည်း အရမ်းနည်းနေသေးတယ်။''ဟု Burnet Institute မှ ဒေါက်တာလှဋ္ဌေးက သုံးသပ်ပြောကြားသည်။
 
 HIV ပိုးကူးစက်ခံရသူများသည် အချိန်မှီဆေးကုသမှုခံယူသင့်ကြောင်းနှင့် ကြောက်စရာမလို ရှက်စရာမလိုပဲ ဆေးသောက်သုံးလျှင် လူ့သက်တမ်းစေ့နေနိုင်မည်ဖြစ်ကြောင်း ကာကွယ်ရေး၊ ကုသရေးလုပ်ငန်းများ လုပ်ကိုင်နေသူများထံက သိရှိရသည်။
 
ပို့းကူးစက်ခံရသူများသည် ART ဆေးဝါးများကို အမြန်ဆုံးသောက်သုံးရန် လိုအပ်ကြောင်းနှင့် အဆိုပါ ART ဆေးဝါး ရရှိရန်အတွက်လည်း ဆေးပေးနိုင်သည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ပြီး နည်းလမ်းတကျ သောက်သုံးနိုင်မှသာ ကာကွယ်တားဆီးနိုင်မည်ဖြစ်သည်။
 
အဆိုပါ ART ဆေးဝါးများသောက်သုံးရာတွင်လည်း အမျိုးအစားပေါင်းစုံရှိသည့်အတွက် ဆေးဝါးတိုင်းမှာ ပိုးရှိသူတိုင်းနှင့် မတည့်သဖြင့် မိမိနှင့် သင့်တော်သောဆေးဝါးများကိုသာ ပညာရှင်တို့၏ လမ်းညွှန်မှုဖြင့် စမ်းသပ်သောက်သုံးသင့်ကြောင်း သိရှိရသည်။
 
မြန်မာနိုင်ငံတွင် ပိုးကူးစက်ခံရနှုန်းကျဆင်းနေသည်ဟု ဆိုနိုင်သော်လည်း အမျိုးသမီးလိင် လုပ်သားများ၊ ယောက်ျားချင်း လိင်ဆက်ဆံသည့်သူများ၊ မူးယစ်ဆေးထိုးသွင်းသုံးစွဲသူများ အကြားတွင် ယနေ့ထိတိုင် ကူးစက်နှုန်းမြင့်မားလျှက်ရှိနေဆဲဖြစ်ကြောင်း  သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။

Friday, September 14, 2012

"ချွေးအလွန်အကျွံ ထွက်ခြင်းကို ဘယ်လို ကုသမလဲ"

ချွေးအလွန် အကျွံ ထွက်ခြင်း Hyperhidrosis
ဆိုတာ ကတော့ အေးနေတဲ့ အချိန်နဲ့
အနားယူနေ စဉ်မှာ ချွေးများ ထွက်နေခြင်း
 ဖြစ်ပါ တယ်။


 ချွေးအလွန် အကျွံ ထွက်ခြင်းဟာ ချွေးဂလင်းအိတ်
အလုပ်လုပ်မှုများတဲ့ သူတွေမှာ ဖြစ်တတ်ပြီး အခြားသော ကျန်းမာရေးပြဿနာ
တစ်ခုခုကြောင့် ဥပမာ- စိတ်လှုပ်ရှားခြင်း၊
 နှလုံးရော ဂါ၊ သွေးဆုံးခြင်း သို့မဟုတ် ကင်ဆာ ရောဂါ ခံစားနေရသူတွေ
မှာလည်း ဖြစ်တတ်ပါတယ်။

ထိုကဲ့သို့သော သူများအတွက် ဆရာဝန် များဟာ မကြာခဏ အလူမီနီယမ်
ကလိုရိုက် ပါဝင်တဲ့ ချွေးနံ့ပျောက်ဆေးကို အသုံးပြုဖို့ ညွန်ကြားလေ့ရှိကြပါ တယ်။
 Anticholinergic Drugs ကဲ့သို့သောဆေးဝါးများဟာ ချွေး ဂလင်းများအား
လှုံ့ဆော်မှုကို ကာ ကွယ်ပေးနိုင်တာကြောင့် အဆိုပါ ဆေးဝါးများကိုလည်း
ဆရာဝန်များက ညွှန်ကြားလေ့ရှိပါတယ်။

ဒါပေမယ့် ထို ဆေးဝါးများရဲ့ဘေးထွက်ဆိုးကျိုးက တော့ အာခေါင်ခြောက်ခြင်း၊
 မူးဝေ ခြင်း၊ ဆီးသွားရတာ ခက်ခဲခြင်းတို့ ဖြစ်စေနိုင်ပါတယ်။Iontophoresis
ဆိုတဲ့နည်းလမ်းကတော့ လျှပ်စစ် ဓာတ်ကို အသုံးပြုပြီး ချွေးဂလင်းများ ကို
ယာယီပိတ်ဆို့သွားစေကာ ချွေး ထွက်လွန်ခြင်းပြဿနာကို
 ဖြေရှင်းနိုင် ပါတယ်။

အရေးအကြောင်းပျောက် စေတဲ့ Botox ထိုးဆေးကို အသုံးပြု ပြီး ချိုင်းချွေးအလွန်အကျွံထွက်ခြင်း ပြဿနာကို ဖြေရှင်းနိုင်ပေမယ့် အခြားသော
 ခန္ဓာကိုယ်အစိတ်အပိုင်း များတွင် ထိုးပါက ထိုအစိတ်အပိုင်း ရှိ ကြွက်သားများ
အင်အားချည့်နဲ့ သွားပြီး ပြင်းထန်စွာ နာကျင်မှုကို ခံစားရစေနိုင်ပါတယ်။
ဒါ့ကြောင့် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ ချွေး အလွန်အကျွံထွက်ခြင်း
အခြေအနေ ကို စနစ်တကျ ကုသသင့်ပါတယ်။

ဇင်မာမြင့် Ref:Medicine.net

Thursday, September 13, 2012

ဗီတာမင် D က တီဘီလူနာများအား နာလန်ထ မြန်စေ


 

ဗီတာမင်D ပမာဏ မြောက်မြားစွာ စားသုံးခြင်းဖြင့် တီဘီလူနာ များအား နာလန်ထ မြန်စေကြောင်း လေ့လာမှုတစ်ခုမှ သိရသည်။ တွေ့ရှိ ချက်များအရ ဗီတာမင် D မြောက်မြားစွာ စားသုံးပါက ခန္ဓာကိုယ်မှ ကူးစက်ရောဂါပိုးအား တုံ့ပြန်သော ရောင်ရမ်းမှုဖြစ်ပေါ် ခြင်းကို နည်းပါး စေခြင်းဖြင့် နာလန်ထ မြန်စေကြောင်း၊ အဆုတ်များအား ထိခိုက်မှုလည်း နည်းကြောင်း သိရသည်။
ထို့အပြင် ဗီတာမင်D ဖြည့်စွက်အားဆေး သောက်ပေးခြင်းအားဖြင့် နမိုးနီးယား အဆုတ် ရောင်ကဲ့သို့သော ရောဂါများခံစားနေရသော လူနာများကိုလည်း နာလန်ထမြန်စေကြောင်း သိရသည်။ ရောင်ရမ်းခြင်း တုံ့ပြန်မှုများသည် အဆုတ်အတွင်း တီဘီရောဂါကြောင့် အခေါင်းပေါက်များ ဖြစ်ပေါ် လေ့ရှိသည်။ ထိုအခေါင်းပေါက်များ မြန်ဆန်စွာ ပြန်ကောင်းလာ စေခြင်းဖြင့် တီဘီရောဂါလည်း သက်သာမှု မြန်လာကြောင်း၊ အဆုတ် ပျက်စီးမှု နည်းစေကြောင်း သိရသည်။
ထိုလေ့လာမှုမှာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ဆေးရုံများတွင် ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး လူနာများအား အုပ်စုနှစ်စုခွဲကာ တီဘီဆေးအပြင် ဗီတာမင်D ကိုပါ ထပ်ဆောင်း၍ပေးသောအုပ်စုနှင့် ဗီတာမင်D မပေးသော အုပ်စုဟူ၍ ခွဲခြားလေ့လာခဲ့ခြင်းဖြစ်သည်။
ဗီတာမင်D သောက်သည့်လူနာ များတွင် သလိပ်ထဲ၌ တီဘီပိုး ပါရှိမှုမှာ ပျမ်းမျှခြင်းအားဖြင့် ၂၃ ရက်ကြာ တိုက်ကျွေးပြီးသောအခါ တီဘီပိုးရှာ မတွေ့သည့်အခြေအနေသို့ ရောက်ရှိ သွားစေနိုင်ကြောင်း၊ ဗီတာမင်D မတိုက်ကျွေးသည့် လူနာများတွင်မူ ၃၆ ရက်ကြာမှ ပိုးမတွေ့သည့်အခြေအနေသို့ရောက်ရှိနိုင်ကြောင်းသိရသည်။

H.pylori (Helicobacter Pylori) ပိုးဝင်ခြင်း


 

H.pylori ပိုးက လူ ၁၀၀ အနက် ၈၀ ရာခိုင်နှုန်းမှာ ရှိနေတတ် ပါတယ်။ ဒါပေမဲ့ ဒုက္ခပေးတာ၊ မပေးတာတော့ ကွာခြားမှု ရှိပါတယ်။ H.pylori ပိုးဟာ အက်စစ်တွေကို အထွက်များစေတာကြောင့် တချို့လူတွေမှာ အူသိမ်ဦး အနာ(Duodenal Ulcer)၊ အစာအိမ် ရောင်ရမ်းမှု (Gastritis)၊ အစာအိမ်အနာ (Gastric Ulcer)၊ အစာအိမ်ကင်ဆာ (Stomach Cancer) စတဲ့ အစာအိမ် အူလမ်းကြောင်းဆိုင်ရာ ရောဂါ ဝေဒနာတွေ အဖြစ်များတတ်ပါတယ်။
H.pylori ပိုးကို ပဋိဇီဝပိုးသတ်ဆေး သတ်မှတ်ကာလ ပြည့်မီအောင် သောက်ပေးလိုက်ရင် ပိုးသေစေနိုင်ပါတယ်။ ဒါပေမဲ့ H.pylori ပိုးက ပျောက်ပြီးလည်း အချိန်မရွေး ပြန်ဖြစ်လာနိုင်ပါတယ်။ တချို့လူတွေမှာ ရှိနေတဲ့ H.pylori ပိုးက အစာအိမ်ကနေ အက်စစ် ထွက်စေတတ်ပါတယ်။ အထူးသဖြင့် အစာအိမ် အတွင်းနံရံ Mucosa ရဲ့ ခုခံမှု ကျသွားတဲ့အခါ အထွက်များတဲ့ အက်စစ်တွေက အနာ ဖြစ်စေပါတယ်။ H.pylori ပိုးကို အစာအိမ်မှန်ပြောင်း (Endoscopy) နဲ့ ကြည့်ပြီး အသားစယူ စစ်ဆေးရင် ချက်ချင်း တွေ့ရပါတယ်။ အတိအကျ သိရပါတယ်။ H.pylori ပိုးတိုင်းတာတဲ့ Breath Test လို တခြား စမ်းသပ်နည်းတွေပေါ်တာ ၁၀ နှစ်ကျော် ကြာပါပြီ။ ဒီနည်းက ပေါ်တာကြာပေမယ့် ခေတ်မစားပါဘူး။ ခေတ်မစားရတဲ့ အကြောင်းရင်းက မှန်ပြောင်းနဲ့ကြည့်ပြီး စစ်တာလောက် မတိကျလို့ပါ။
အစာအိမ် မှန်ပြောင်းကြည့်တဲ့နည်းနဲ့ပဲ သေချာတွေ့ရပါတယ်။ H.pylori ပိုးကို မကုရင် တချို့ မျိုးကွဲ (Gene) တွေကြောင့် ကင်ဆာဖြစ်စေနိုင်ပါတယ်။ ဒီတစ်ချက်တည်းကြောင့်တော့ မဟုတ်ပါဘူး။ အသားစိမ်း၊ ငါးစိမ်းစားတာ၊ ဆေးလိပ်၊ အရက် အလွန်အမင်းသောက်တာ၊ အစာအိမ်ကင်ဆာ မျိုးရိုးဗီဇရှိတာ၊ မသန့်ရှင်း မလတ်ဆတ်တဲ့ အစားအသောက်စားတာ စတဲ့ အခြေအနေတွေနဲ့ တွဲနေရင် ကင်ဆာဖြစ်နိုင်ခြေ ရှိတာပါ။ အစာအိမ်ကင်ဆာ ဖြစ်နေသူတွေမှာ H.pylori ပိုး အတွေ့ရများပါတယ်။ H.pylori ပိုးကို ပဋိဇီဝ ပိုးသတ်ဆေးနဲ့ သတ်လိုက်ရင် အစာအိမ်ရောဂါတွေ ကင်းရှင်းသွားနိုင်ပါတယ်။ ဒါပေမဲ့ H.pylori ပိုးက ပြန်ဖြစ်နိုင်ခြေ များပါတယ်။ ပါမောက္ခ ဦးအေးမွန် ခွဲစိတ်အထူးကုဆရာဝန်ကြီး

Wednesday, September 12, 2012

ရှာလကာရည်၏ ဆေးဖက်ဝင်အစွမ်း


 

ထမင်းမစားခင် ရှာလကာ ရည်ကို လက်ဖက် ရည်ဇွန်း တစ်ဇွန်း ပုံမှန် သောက်ပေးရင် ကိုယ်အလေးချိန် လျော့ကျစေတယ်လို့ နာမည်ကျော် အနုပညာရှင် တချို့က ဆိုပါတယ်။  ရှာလကာရည်မှာ အဲဒီအကျိုးကျေးဇူး အပါအဝင် အောက်ပါ တခြားအာနိသင်တွေလည်း ရှိပါတယ်။
(၁) အဆိပ်အတောက်ကို ပြေလျော့စေပါတယ်
ရှာလကာရည်မှာ သဘာဝ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အင်ဇိုင်းအများအပြား ပါဝင်တာကြောင့် ကိုယ်တွင်း အဆိပ်အတောက်ကို ပြေလျော့စေပါတယ်။ ရှာလကာရည်ဟာ အဆိပ်တွေနဲ့ ပေါင်းစပ်နိုင်ပြီး ခန္ဓာကိုယ်ကနေ ထိထိရောက်ရောက် စွန့်ထုတ်နိုင်ဖို့ ကူညီပေးပါတယ်။ ရှာလကာရည်ဟာ သွေးလှည့်ပတ်မှုစနစ်ကို လှုံ့ဆော်ပေးပြီး အသည်းမှာ အဆိပ်ချေဖျက်တဲ့ စနစ်ကို အကူအညီပေးလို့ပါ။
ရှာလကာရည်ဟာ သွေးသန့်စင်စေတယ်လို့ ရှေးကတည်းက ယုံကြည်ထားကြပါတယ်။ ရှာလကာရည်ဟာ ကိုယ်တွင်း အချွဲမြှေးတွေကို ပြေလျော့စေတဲ့နည်းနဲ့ အဆိပ်တွေကို ချေဖျက်ပေးသလို သားနံရည်စနစ်မှာ သွေးလှည့်ပတ်မှု ကောင်းစေတဲ့နည်းနဲ့ သားနံရည်ကျိတ်တွေကို သန့်စင်ပေးပါတယ်။
သားနံရည်စနစ် ကျန်းမာနေရင် ကိုယ်တွင်းရှိ ဆဲလ်တွေထဲက အဆိပ်တွေကို ဖယ်ရှားပေးကာ ကိုယ်ခံအားစနစ်ရဲ့ တုံ့ပြန်နိုင်စွမ်းကို ပိုမိုကောင်းမွန်စေပါတယ်။
(၂) ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်
ရှာလကာရည်ဟာ သွေးတွင်း သကြားဓာတ်ကို အချိန်ကြာကြာ တည်ငြိမ်စေတာကြောင့် ကိုယ်အလေးချိန် လျော့ကျအောင် ကူညီပေးသလို အစာစားချင်စိတ်ကို ထိန်းချုပ်ပေးပါတယ်။ ကိုယ်အလေးချိန် ကျချင်ရင် ထမင်းမစားခင် ရေထဲမှာ ရှာလကာရည် လက်ဖက်စားဇွန်း တစ်ဇွန်းထည့်ပြီး သောက်ပေးသင့်ပါတယ်။ ဒါမှမဟုတ် အရွက်သုပ်တွေထဲကို ရှာလကာရည် ထည့်စားသင့်ပါတယ်။
(၃) အစာကြေညက်စေပါတယ်
ရှာလကာရည်ဟာ အစာကြေညက်လွယ်စေတဲ့ အစွမ်းရှိပါတယ်။ တချို့ အစားအသောက်တွေ စားပြီး အစာမကြေတာနဲ့ အစာခြေလမ်းကြောင်း ပြဿနာတွေကို သက်သာစေသလို အစာစားတိုင်း ရှာလကာရည် ထည့်စားပေးတာကြောင့် နာတာရှည်ရင်ပူတဲ့ ဝေဒနာကိုလည်း သက်သာစေပါတယ်။
(၄) အရေပြား ပြဿနာတွေကို သက်သာစေပါတယ်
ရှာလကာရည်ကို နေ့စဉ်သောက်တာကြောင့် အသားအရေကို ကြည်လင် ရှင်းသန့်စေတယ်လို့ တချို့မှတ်တမ်းတွေအရ သိရပါတယ်။ ဝက်ခြံပေါက်လွယ်တဲ့ အသားအရေအတွက် ရှာလကာရည်ကို သုံးနိုင်ပါတယ်။
ရှာလကာရည် တစ်ခွက်နဲ့ ဆားခါးတစ်ခွက်ကို ရောပြီး ကြက်သီးနွေးရေထဲ ထည့်ချိုးရင် အရေပြားရှိ အညစ်အကြေးတွေကို ကင်းစင်စေပါတယ်။ ဒါက နှင်းခူလို အရေပြားပြဿနာတွေကို သက်သာစေပါတယ်။
(၅)  ကြွက်နို့ပျောက်စေပါတယ်
ရှာလကာရည်ကို ကြွက်နို့ကုသဖို့အတွက် အိမ်တွင်းကုထုံးအနေနဲ့ သုံးပါတယ်။ ရှာလကာရည်ကို ဝါဂွမ်းစကို နှစ်ပြီး ကြွက်နို့နေရာမှာ လိမ်းပြီး ပတ်တီးစည်းထားပါ။ တစ်ညလုံး ထားပါ။ ကြွက်နို့ပျောက်တဲ့အထိ ညတိုင်း ဆက်တိုက်လုပ်ဆောင်ပေးပါ။
(၆) နာမကျန်းမှုကို သက်သာစေပါတယ်
ရှာလကာရည်ဟာ အဖြစ်များတဲ့ နာမကျန်းမှုကို သက်သာစေတဲ့အစွမ်း ရှိပါတယ်။ ရှာလကာရည်မှာ ပိုးသတ်အာနိသင်ရှိလို့ပါ။
(၇) ဆံကေသာကို နူးညံ့ပျော့ပျောင်း စေပါတယ်
ရှာလကာရည်ရဲ့အဓိက ပါဝင်ပစ္စည်းဖြစ်တဲ့ အဆီတစ်အက်စစ်ဟာ ဆံပင်သားမှာ ကပ်ညိနေတဲ့ ကွန်ဒီရှင်နာနဲ့ ဆံပင်လိမ်းဆီတွေကို ကင်းစင်စေပြီး ဆံပင်သားကို သန်စွမ်းကာ ဆံပင်သားနူးညံ့တောက်ပစေပါတယ်။ ဒါ့အပြင် ဆံပင်သားမှာ ကပ်ညိနေတဲ့ ဘက်တီးရီးယားပိုးတွေကို သေစေပြီး ဗောက်ပျောက်စေကာ ဆံပင်သားရဲ့ စံ အဆင့်ကို ဟန်ချက်ညီစေပါတယ်။
ခေါင်းလျှော်ပြီးချိန်မှာ ဆံပင်သားကို ရေအေးဆေးပြီးတာနဲ့ ရှာလကာရည်အနည်းငယ် လိမ်းပေးပါ။ ဆံပင်သားကို ပိုမိုတောက်ပစေပါတယ်။ ဒါပေမဲ့ နေ့တိုင်း မသုံးသင့်ပါဘူး။ ဆံပင်ခြောက်သွားချိန်မှာ အနံ့ပျောက်သွားပါလိမ့်မယ်။

Monday, September 10, 2012

အရိုးအဆစ်နာရောဂါ၊ လေးဖက်နာ ရှိသူများအတွက် ခံနိုင်ရည်ဖြင့် ကုသခြင်း


 

အရိုးအဆစ် ရောဂါ အမျိုးမျိုးတွင် လူသိ အများဆုံးမှာ လေးဖက်နာ ရောဂါဟု အဆို ရှိပါသည်။ အရိုးအဆစ်ရောဂါ အထူးကု သမားတော်ကြီးတစ်ဦး၏ အဆိုအရ  လေးဖက်နာရောဂါသည် အဆစ်ရောင်ရောဂါ အမျိုးပေါင်း (၁၀၀) ထဲမှာ အုပ်စုတစ်ခု ဖြစ်သည်ဟု ဆိုသည်။
အရိုးအဆစ်ရောဂါ (၃၀၀) ကျော်ထဲမှ အုပ်စုတစ်ခု ဖြစ်သည်။ အရိုးအဆစ် ရောဂါများတွင် အသက်ကြီးသူများဖြစ်သော အရိုးကျီးပေါင်းတက် ရောဂါ၊ ခါးနာရောဂါ၊ ဒူးနာရော၈ါ၊ ဂေါက်ရောဂါများလည်း ပါဝင်သည်ဟု ဆိုသည်။ ကမ္ဘာ့ ဆေးပညာရှင်များ သုတေသန ပြုချက်အရ အမျိုးသမီးများမှာ ယောက်ျားများထက်ပို၍ အရိုးပွပြီိး အရိုးအဆစ် ကိုက်ခဲရောဂါများ ပို၍ဖြစ်လွယ်သည်။
အမျိုးသမီးများ သွေးဆုံးချိန်တွင် ပို၍ အရိုးပွပြီးအကြောတက်၊ အကြောရောင်၊ အရိုးအဆစ်နာနှင့် လေးဖက်နာ ရောဂါများ ပါဝင်လာလေ့ရှိသည်။ မြန်မာတိုင်းရင်းဆေးဝါး ထုတ်လုပ်သူနှင့် ရောင်းချသူများထံ မေးမြန်းကြည့်သောအခါ အကြောတက်ပျောက်ဆေး၊ အဆစ်အမျက်ကိုက် ပျောက်ဆေး၊ လေးဖက်နာဆေး၊ အဆီနာ အကြောပြေဆေးများကို ကြော်ငြာရှိသမျှ ဝယ်ယူ သောက်သုံးလေ့ ရှိသူများမှာ အမျိုးသမီးများက အများစုဖြစ်သည်ဟု ဆိုသည်။
ကြော်ငြာရောင်းချသော မြန်မာ့ဆေးအများစုတွင် ဘေးထွက်ဆိုးကျိုးကို ဖော်ပြလေ့ မရှိသဖြင့် သတိထားပြီး ဝယ်ယူသုံးစွဲကြဖို့ လိုသည်။ အနောက်တိုင်း ဆေးများမှာ ဆရာဝန်ကြီးများ ညွှန်ကြားချက်ဖြင့်သာ ဝယ်ယူသုံးစွဲကြသော်လည်း တိုင်းရင်းမြန်မာဆေးများမှာ ကြော်ငြာထည့်ပြီး ဝယ်ယူ သုံးစွဲသူများသဖြင့် အမှားများစွာ တွေ့ရလေ့ ရှိသည်။ ထို့အပြင် ဆေးဈေးပေါခြင်း၊ သာမန် လက်လုပ်လက်စားများ ဝယ်ယူသုံးစွဲနိုင်သော ဈေးနှုန်းဖြစ်ခြင်းကြောင့် သုံးစွဲသူများခြင်း ဖြစ်သည်။ သို့သော် အနောက်တိုင်း ဆေးထက် အားသာသည်မှာ မြန်မာဆေးသည် ရောဂါမပျောက်သည့်တိုင်း ဘေးထွက်ဆိုးကျိုး နည်းသဖြင့် နာမည်ပျက် သိပ်မတွေ့ရခြင်း ဖြစ်သည်။ သို့သော် ရောင်းတန်းဆေးများ၏ အကျိုးအပြစ်ကို ဆင်ခြင်သုံးစွဲသင့်ပါသည်။
တစ်ခါတရံ အာနိသင် မရှိသော၊ ရောဂါနှင့် ကျိုးကြောင်းမဆီလျော်သော ဆေးများကို ဝယ်ယူသုံးစွဲရင်း အချိန်ကုန်သွားတတ်သည်။ ရောဂါ ရင့်သွားတတ်သည်။ အရိုးအဆစ်ရောင် ရောဂါ၊ လေးဖက်နာနှင့် အကြောတက်ရောဂါ အမျိုးမျိုးတို့အတွက် အနောက်တိုင်းဆေးမှာ အကိုက်အခဲ ပျောက်ဆေးများက အဓိက ပါဝင်လေ့ ရှိသည်။ ယနေ့ အနောက်တိုင်း ဆေးဆိုင်များတွင် အရောင်းရဆုံး ဆေးများမှာလည်း အကိုက်အခဲ ပျောက်ဆေးများသာ ဖြစ်သည်။ သာမာန်အကြောတက်၊ အကိုက်အခဲ ပျောက်ဆေးအဖြစ် သုံးစွဲကြသောဆေးမှာ ပါရာစီတာမောဖြစ်ပြီး အစာအိမ်ကို မထိခိုက်နိုင်ဟု ကြော်ငြာများတွင် တွေ့ရသည်။
ကိုက်တိုင်း ပါရာဇီတာမောကို သောက်သူများလာသဖြင့် လမ်းဘေးကုန်စုံဆိုင်၊ ကွမ်းယာဆိုင်မှအစ ပါရာစီတာမောကို အိမ်သုံးဆေးအဖြစ် ရောင်းချသည်။ သို့သော် ပါရာစီတာမောသည် အကိုက်အခဲ ပျောက်ချိန်မှာ နာရီပိုင်းမျှသာ ဖြစ်သည်။ နောက်ဆက်တွဲ ဆိုးကျိုးမှာ သောက်သုံးမှု များပြားလာလျှင် အစာအိမ်နှင့် အူလမ်းကြောင်းသာမက အသည်းခြောက်ရောဂါကို ဖြစ်စေနိုင်သည်။ရှေးနှစ်ပေါင်း ၁၀၀ ခန့်ကတည်းက သုံးစွဲလာခဲ့သော အက်စပရင် အကိုက်အခဲပျောက်ဆေးမှာလည်း အဆစ်အမျက်ရောင်ရောဂါ၊ ဂေါက်ရောဂါသာမက နှလုံးသွေးကြောကျဉ်း ရောဂါများအတွက်ပါ ရည်ညွှန်း ရောင်းချကြသည်။
တွင်ကျယ်စွာ ထုတ်လုပ်ရောင်းချသဖြင့် အက်စပရင်ဖောင်ဒေးရှင်းဟူ၍ပင် ရှိသည်။ သို့သော် နောက်ဆက်တွဲမှာ အစာအိမ် သွေးယိုခြင်း၊ အူနှင့်အူမကြီးတစ်လျှောက်တွင် အနာများဖြစ်ခြင်း၊ သွေးယိုစိမ့်ခြင်းတို့ ဖြစ်သူများလာခဲ့သဖြင့် ဆရာဝန်ကြီးများကပါ ရှောင်ရှား သုံးစွဲလာသည်။ အက်စပရင်ကြောင့် ဦးနှောက် သွေးကြောပေါက်ပြီး လေဖြတ်သူပင် ရှိသည်။ ပေါင်စတန်ဟူသော အကိုက်အခဲပျောက်ဆေးအပြင် စားဆေးတစ်မျိုးသည် ဂေါက်ရောဂါ ရှိသူများအတွက် တစ်ချိန်က ခေတ်စားလိုက်သေးသည်။
ထိုဆေးသောက်လျှင် အစာအိမ်ဆေးပါ တွဲသောက်ရသည်။ နောက်ပိုင်းတွင် ဆိုးကျိုးများလာသည်။ ဗိုက်အောင့်ဝေဒနာ ခံစားရသူ များလာသဖြင့် ဆရာဝန်များ သုံးစွဲမှု နည်းသွားသည်။ အခြား အကိုက်အခဲ ပျောက်ဆေးမှာလည်း ထိုနည်း၎င်းပင် ဖြစ်သည်။ အချို့မှာ အစာအိမ် မကောင်းသဖြင့် စအိုမှထည့်ရသော ဆေးများပင် ရှိသည်။ ထိုဆေးများမှာလည်း ကြာကြာသုံးစွဲ၍ မကောင်းပေ။
တစ်ခါက နိုင်ငံခြားသို့ ပညာတော်သင်သွားသော ဆရာဝန်တစ်ဦးသည် အင်္ဂလန်နိုင်ငံတွင် နှင်းကျသော အချိန်နှင့်တိုက်ဆိုင်ပြီး ရောက်လာသည်။ သူသည် ဥတုပြောင်းကြောင့် နှာစေး၊ နှာရည်ယိုပြီး ခေါင်းအလွန်ကိုက်သည်။ မြန်မာပြည်မှလည်း ဆေးပါမလာသဖြင့် သူ့အရင် ဆယ်နှစ်ကျော်က ရောက်နှင့်ပြီးသော မြန်မာနိုင်ငံမှ ဆရာဝန်ကြီးတစ်ဦး၏ အိမ်သို့ သွားလည်ပြီး နှာမွန်ပြီး ခေါင်းကိုက်နေလို့ အကိုက်အခဲ ပျောက်ဆေးနှင့် အင်တီဘိုင်အိုတစ် ကလေးများ မရှိဘူးလားဟု တောင်းသောက်သည်။
ဆရာဝန်ကြီးက ရာသီဥတုပြင်းလို့ ဖြစ်တာပဲ ဘာကြောင့်ဆေးတွေ သောက်မှာလဲဆိုကာ အိမ်ရှင်မကို ကြက်သွန်ဖြူ မီးဖုတ်ခိုင်းသည်။ ပြီးနောက် ထိုဆရာဝန်လေးကို ပူပူနွေးနွေး စားစေသည်ဟု ဆိုသည်။ ကြက်သွန်ဖြူမီးဖုတ်သည် ရာသီဥတုဒဏ်ခံနိုင်ပြီး အကိုက်အခဲကို သက်သာစေသည်ဟု ပြောသဖြင့် ထိုဆရာဝန်ကလေးမှာ ရှက်ရှက်နှင့် ဆရာဝန်ကြီးကျွေးသော ကြက်သွန်ဖြူ မီးဖုတ်ဖြင့်ပင် ဝေဒနာ သက်သာရတော့သည်ဟု ကိုယ်တွေ့မှတ်တမ်း ရေးထားသည်ကို ဖတ်ရှုရဖူးပါသည်။
ကြက်သွန်ဖြူသည် မြန်မာလူမျိုးတို့ ဟင်းချက်လျှင် နေ့စဉ်ပါသော အစားအစာဖြစ်သည်။ မြန်မာ့ရိုးရာ လက်ဖက်သုပ် တစ်ပွဲတွင်လည်း ကြက်သွန်ဖြူ အစိုရော၊ အကြော်ပါ ပါသည်။ ကြက်သွန်ဖြူသည် လေသက်သည်ဟုသာ သိထားကြသည်။ တကယ်တော့ ကြက်သွန်ဖြူသည် အညောင်းအကိုက်နှင့် ဒူလာရောဂါများအတွက်လည်း သင့်တော်သော အကိုက်အခဲပျောက်ဆေး ဖြစ်သည်။ ဒူလာရောဂါကို အချို့က ဂေါက် Gout ရောဂါဟု ဘာသာပြန်ဆိုကြသည်။
မဟုတ်ပါ။ ယောက်ျား ဒူလာ၊ မိန်းမမီးယပ်ဟု အဆိုရှိသည်။ ရှေးဗိန္ဓော ဆရာကြီးများ၏ အယူအဆအရ အရိုးအဆစ် ကိုက်ခဲသော လေးဖက်နာဆန်ဆန် ရောဂါအားလုံးကို (ယောက်ျားတွင် ဖြစ်လျှင်) ဒူလာရောဂါဟု ခေါ်ခဲ့ပုံရသည်။ ဒူလာမျက်စိ၊ မီးယပ်မျက်စိဟူသော စကားလည်း ရှိသည်။ ဒူလာစွဲကပ်ရာမှ မျက်စိမှုန်သွားလျှင် ဒူလာမျက်စိ၊ မီးယပ်သွေးဆုံးကိုင်ရာမှ မျက်စိဟူသော စကားလည်း ရှိသည်။
ဒူလာစွဲကပ်ရာမှ မျက်စိမှုန်သွားလျှင် ဒူလာမျက်စိ မီးယပ်သွေးဆုံးကိုင်ရာမှ မျက်စိတွေကြည့်မကောင်း၊မှုန်သွားလျှင် မီးယပ်မျက်စိဟု ခေါ်ကြသည်။ ရှေးကလူကြီးများသည် ဒူလာ၊ အရိုးအဆစ်ကိုက် ရောဂါများအတွက် အကိုက်အခဲ ပျောက်ဆေးများ သောက်လေ့ မရှိကြပါ။ အနင်းအနှိပ် ခံလေ့ရှိသည်။ သက်ကြီးရွယ်အိုများ၊ ဘုန်းကြီးရဟန်းများသည် အကိုက်အခဲကို အနင်းအနှိပ်ခံခြင်းဖြင့် ဖြေဖျောက်လေ့ရှိသည်။ နည်းလမ်းမှန်သော အနှိပ်ခံခြင်း Massage ကိုနိုင်ငံတကာတွင် လက်ခံထားသည်။ အကိုက်အခဲများကို သက်သာစေရုံသာမက စိတ်ကိုပါ ပြေလျော့သွားစေသည်။
Ten-sions များ၊ Stress များကို ပါသက်သာစေသည်ဟု အနောက်တိုင်း ဆေးပညာ မဂ္ဂဇင်းများတွင် ထောက်ခံ ရေးသားထာသည်ကို ဖတ်ရဖူးသည်။ တစ်နည်းအားဖြင့် အနှိပ်ခံခြင်းကို ဖွဖွညင်ညင်သာသာ ပွတ်သပ်ပေးသော စနစ်သုံးပြီး အဆစ်ကိုက်၊ အဆစ်နာ၊ လေးဖက်နာ ဝေဒနာသည်များကို သက်သာစေနိုင်သည်။ အကိုက်အခဲ ပျောက်ဆေးများ နေ့စဉ် သောက်နေရခြင်းမှ သက်သာစေနိုင်သော အထောက်အကူ ဖြစ်ပေသည်။
လေးဖက်နာ ရောဂါ၊ အဆစ်ရောင်၊ အဆစ်ကိုက်နှင့် ဂေါက်ရောဂါခေါ် အဆစ်တစ်ဆစ်ချင်းရောင်သော ရောဂါများမှ ပျောက်ကင်းရန် ခက်ခဲသော ရောဂါမျိုး ဖြစ်သည်။ ဖြစ်လိုက် ပျောက်လိုက်နှင့် အမြစ်မပြတ်နိုင် ဖြစ်နေတတ်သည်။ အဆစ်ရောင် လေးဖက်နာကုသော ဆေးများသည် များသောအားဖြင့် အစာအိမ်ကိုထိသော အကိုက်အခဲ ပျောက်ဆေးများနှင့် ဘေးထွက်ဆိုးကျိုးများသော ဆေးပြင်းများသာ ဖြစ်သည်။ ထို့ကြောင့် ဆေးမပါဘဲ ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်သော နည်းလမ်းများကို ကုထုံးတစ်ခုသဖွယ် ရှာဖွေကျင့်သုံးဖို့ လိုသည်။ လေးဖက်နာနှင့် အရိုးအဆစ်ကိုက် ရောဂါသည်များအတွက် အိန္ဒိယနိုင်ငံနှင့် အနောက်တိုင်း နိုင်ငံများတွင် ယောဂသင်တန်း များစွာရှိသည်ဟု သိရသည်။
မြန်မာနိုင်ငံတွင်လည်း တရားစခန်းများသည် တရားအတွက်သာမက ကိုယ်တွင်းရောဂါများကိုပါ ရှုမှတ်ပြီး ပပျောက်နိုင်သော နည်းလမ်းများ ရှိနိုင်ပေသည်။ ကိုယ်ခံအား မြှင့်တင်ခြင်း၏ ပထမဆုံအးဆင့်မှာ မိမိကိုယ်မိမိ ယုံကြည်ခြင်းနှင့် စိတ်ဓာတ်မြှင့်တင်ခြင်းပင် ဖြစ်သည်။ မိမိကိုယ်မိမိ ရောဂါသည်အဖြစ် ခွေအိပ်မနေဘဲ တက်ကြွသော အပြုအမူများဖြင့် စတင်ရမည် ဖြစ်သည်။
မည်သည့်အစာမျှ မစားချင်သော စိတ်ကိုဖယ်ဖျောက်ပြီး သင့်တင့်အောင် စားတတ်ရမည်။ လူအများအတွင်းသို့ သွားလာလည်ပတ်ခြင်း၊ စကားပြောခြင်း ပြုလုပ်ရမည်။ မိမိတတ်နိုင်သမျှ မပင်ပန်းသော အားကစားနည်း တစ်မျိုးမျိုးကို ပြုလုပ်ပေးပါ။ ဆေးဝါးမပါသော ရောဂါပျောက်ကင်းနည်းမှာ ကိုယ်ခံအားနှင့် စိတ်ဓာတ်ကို မြှင့်တင်ခြင်းသာ ဖြစ်ပေသည်။

Sunday, September 9, 2012

နှုတ်ခမ်းနီဆိုးခြင်းနှင့် ပတ်သက်ပြီး သိသင့်သိထိုက်သည်များ

မိန်းကလေးတိုင်း အလှဆုံး ပြင်ဆင်ခြယ်သ အပြီးမှာ နှုတ်ခမ်းနီ ဆိုးပြီး အလှတရားကို ပြီးပြည့်စုံစေပါတယ်။  မိန်းကလေးအများစု မက်မက်မောမော အသုံးပြုတတ်ကြတဲ့ နှုတ်ခမ်းနီနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တာတွေကို ဖော်ပြလိုက်ပါတယ်။
(၁) SPF ပါသော နှုတ်ခမ်းနီကို ဘာကြောင့် ရွေးချယ်သင့်တာလဲ။
SPF အနည်းဆုံး ၁၅ ဆ ပါဝင်တဲ့ နှုတ်ခမ်းနီအဆီကို ဆိုးပေးတာက နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် နှုတ်ခမ်းသား ပျက်စီးတာကို ကာကွယ်ပေးပါတယ်။ နှုတ်ခမ်းနီကို SPF ၁၅ နဲ့အထက် ပါဝင်တာကို ရွေးချယ်ဝယ်ယူပါ။ အောက်ခံ နှုတ်ခမ်းနီ ဆိုးပြီး အပေါ်မှ SPF ပါဝင်တဲ့ နှုတ်ခမ်းနီအဆီကို ထပ်ဆိုးပေးပါ။ လှပရွှန်းစိုတဲ့ နှုတ်ခမ်းတစ်စုံကြောင့် နေရောင်အောက်မှာ ဆွဲဆောင်မှု အပြည့် ရှိနေစေပါတယ်။
(၂) ဓာတ်မတည့်မှု နည်းစေတယ် (Hypo-allergenic) လို့ ရေးထားတဲ့ နှုတ်ခမ်းနီတိုင်းက ဓာတ်မတည့်မှု လျော့နည် စေပါသလား။
Hypoallergenic လို့ ရေးထားတဲ့ နှုတ်ခမ်းနီတွေတိုင်းက ဓာတ်မတည့်မှု လုံးဝမဖြစ်နိုင်ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဓာတ်မတည့်မှု ဖြစ်နိုင်ခြေ နည်းတယ်လို့သာ မှတ်ယူနိုင်ပါတယ်။ ဘယ်အလှပြင်ပစ္စည်းမှ ဓာတ်မတည့်မှု မဖြစ်နိုင်ပါဘူးလို့ အာမမခံနိုင်ပါဘူး။
(၃) နှုတ်ခမ်းကို ဘာကြောင့် အစိုဓာတ် ထိန်းပေးသင့်တာလဲ။
နှုတ်ခမ်းကို အစိုဓာတ် ထိန်းပေးတာကြောင့် နှုတ်ခမ်းမှာ အရေးကြောင်း ဖြစ်တာကို ကာကွယ်ပေးပြီး ရှိပြီးသား အရေးကြောင်းတွေကိုလည်း လျော့နည်းစေပါတယ်။ မျက်နှာကို အစိုဓာတ်ထိန်း ခရင်မ်လိမ်းတဲ့အခါ နှုတ်ခမ်းသားလေးတွေပါ မမေ့မလျော့ လိမ်းပေးပါ။ ပြီးမှ အပေါ်က နှုတ်ခမ်းနီဆိုးပါ။
(၄) ညမအိပ်ခင် နှုတ်ခမ်းနီတွေ ဘာကြောင့် ဖျက်သင့်တာလဲ။
နှုတ်ခမ်းနီ အပါအဝင် မျက်နှာမှာ ပြင်ဆင်ခြယ်သထားတာတွေကို ညအိပ်ယာ မဝင်မီမှာ ဖျက်ပေးဖို့ လိုပါတယ်။ တစ်နေကုန် ကပ်ငြိနေတဲ့ ချွေးတွေ၊ ဖုန်တွေ၊ အမှုန်တွေနဲ့ မိတ်ကပ်တွေ ပေါင်းပြီး မျက်နှာမှာ ချွေးပေါက်တွေ ပိတ်စေပါတယ်။
သင့်နှုတ်ခမ်းကိုလည်း သန့်တယ် မထင်လိုက်ပါနဲ့။ အစာစားတိုင်း သင့်နှုတ်ခမ်း မှာ ကပ်တင်ကျန်နေတဲ့ အစာအကြွင်းအကျန်တွေ ရှိနေနိုင်ပါတယ်။ သင်က နှုတ်ခမ်းနီကို မဖျက်ဘဲ ထပ်ထပ်ပြီး ဆိုးတတ်သူ ဆိုရင်တော့ နှုတ်ခမ်းနီမှာ ဖုန်မှုန့်တွေအပြင် အစာအမှုန်တွေပါ ကပ်ငြိနေနိုင်ပါတယ်။ အိပ်ယာမဝင်မီမှာ နှုတ်ခမ်းနီတွေကို သေချာစွာ သန့်စင်ဆေးကြောပြီးမှ အိပ်စက် အနားယူပါ။
(၅) နှုတ်ခမ်းနီဆိုးရာမှာ အသုံးပြုရတဲ့ စုတ်တံတွေ ဘာကြောင့် သန့်ရှင်းဖို့ လိုအပ်တာလဲ။
နှုတ်ခမ်းနီဆိုးရာမှာ အသုံးပြုရတဲ့ စုတ်တံတွေနဲ့ သင့်လက်ချောင်းတွေမှာ ဘက်တီးရီးယားပိုးတွေ ရှိနေနိုင်ပြီး သင့်ခန္ဓာကိုယ်တွင်းကို အလွယ်တကူ ကူးစက်ဝင်ရောက်နိုင်တာကြောင့် သန့်ရှင်းစွာထားဖို့ လိုပါတယ်။ နှုတ်ခမ်းနီ ဆိုးရာမှာ အသုံးပြုရတဲ့ စုတ်တံတွေက စိုစွတ်နေတာကြောင့် ဘက်တီးရီးယားပိုးတွေ ပေါက်ပွားရှင်သန်မှု အများဆုံးပါ။
အစိုဓာတ်ရှိရုံတင်မကဘဲ အပူနဲ့ ထိတွေ့မှု ရတာကလည်း ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားနိုင်ပါတယ်။ အပူဓာတ်က ဘက်တီးရီးယားတွေ မရှင်သန်နိုင်အောင် ကာကွယ်ပေးထားတဲ့ နှုတ်ခမ်းနီထဲမှာ ပါဝင်တဲ့ တာရှည်ခံစေတဲ့ အရာတွေကို ပျက်စီးစေတာကြောင့်ပါ။ ဒါကြောင့် နှုတ်ခမ်းနီဘူးတွေ ထားသိုတဲ့နေရာကနေ ရောင်ခြည်တိုက်ရိုက် ကျရောက်တဲ့နေရာ၊ အပူရနိုင်တဲ့ နေရာမျိုးတွေ မဖြစ်သင့်ပါဘူး။
(၆) နှုတ်ခမ်းနီတချို့မှာ ပါဝင်တဲ့ ခဲ (lead) က အန္တရာယ် ကင်းပါသလား။
နှုတ်ခမ်းနီတချို့မှာ ခဲ (Lead) အနည်းငယ် ပါဝင်တတ်ပါတယ်။ နှုတ်ခမ်းနီက ခန္ဓာကိုယ်ပြင်ပ၊ အပေါ်ယံမှာသာ အသုံးပြုတာဖြစ်ပြီး အနည်းငယ် ပမာဏလောက်သာ ခန္ဓာကိုယ်တွင်း ဝင်ရောက်နိုင်ခြေ ရှိပါတယ်။ အမေရိကန် FDA က နှုတ်ခမ်းနီတချို့မှာ ပါဝင်တဲ့ ခဲက ဘေးကင်းမှု မရှိဘူးလို့လည်း ပြောပါတယ်။
(၇) နှုတ်ခမ်းနီတောင့်တွေကို ဈေးကွက်အတွင်း မရောင်းချမီ FDA ရဲ့ ထောက်ခံချက်ကို ရယူပါသလား။
နှုတ်ခမ်းနီဘူး အပါအဝင် အလှပြင်ပစ္စည်း ထုတ်လုပ်ရောင်းချသူတွေဟာ FDA ရဲ့ ထောက်ခံချက်ကို ရယူတာမျိုး မရှိဘဲ ထုတ်လုပ်ရောင်းချတတ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ အလှပြင်ပစ္စည်း ဝယ်ယူရာမှာ ကိုယ်နဲ့ ဓာတ်မတည့်မှု ဖြစ်စေတဲ့အရာနဲ့ အန္တရာယ် ဖြစ်စေနိုင်တဲ့ ပါဝင်ပစ္စည်းတွေ မပါတာကို ရွေးချယ်ဝယ်ယူတတ်ဖို့တော့ လိုပါတယ်။

အရက်တစ်ခွက် သောက်သုံးခြင်းဖြင့် ကင်ဆာရောဂါ ဖြစ်နိုင်ခြေ မြင့်မား


 

နေ့စဉ် အရက် တစ်ခွက်နှုန်းနဲ့ သောက်ရင်တောင် ကင်ဆာရောဂါ ဖြစ်နိုင်ခြေ မြင့်မား ကြောင်း အီတလီမှ သုတေသန ပညာရှင်တွေ ပြုလုပ်တဲ့ လေ့လာမှု အသစ်အရ တွေ့ရှိ ခဲ့ပါတယ်။
မီလန်တက္ကသိုလ်မှ သုတေသီတွေက အရက်အနည်းငယ် သောက်သုံးတာကြောင့် နှစ်စဉ်နှစ်တိုင်း ကမ္ဘာတစ်ဝန်းမှာ လူပေါင်း ၃၄၀၀၀ ကျော် သေဆုံးနေတယ်လို့ တွေ့ရှိခဲ့ပါတယ်။
လေ့လာသူတွေက အရက်အနည်းငယ် သောက်သုံးသူ ၉၂၀၀၀ ပါဝင်တဲ့ အမျိုးသားနဲ့ အမျိုးသမီးပေါင်း ၁၅၀၀၀၀ ယောက်ကို လေ့လာခဲ့ရာ နေ့စဉ် အရက်တစ်ခွက် သောက်သုံးတာကြောင့် ခံတွင်း၊ အစာမျိုပြွန်၊ လည်ချောင်းနဲ့ သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေများကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် အရက်ကို ပမာဏ အနည်းငယ် အသုံးပြုရင်တောင် ကင်ဆာဖြစ်နိုင်ခြေ မြင့်မားနိုင်ကြောင်း သုတေသီတွေက ကောက်ချက်ချ ထားပါတယ်။

Thursday, September 6, 2012

ပန်းဂေါ်ဖီစိမ်းရဲ့ အာနိသင် မပျက် ပျယ်စေဖို့ ချက်ပြုတ် ရာမှာ အရေးကြီး


 

ပန်းဂေါ်ဖီစိမ်း (Broccoli)က ကင်ဆာကို ကာကွယ် ရာမှာနှင့် တိုက် ဖျက်ရာမှာ အစွမ်း ထက်မြက်ကြောင်း လူသိ များပါတယ်။ အဲသလိုပဲ သင် လည်း သိထားမယ်။ သို့ပေမယ့် ဒီ စူပါ အစားအစာကို ဘယ်လို ပြင်ဆင် ချက်ပြုတ် သလဲ ဆိုတာကလည်း အရေး ကြီးတယ်။
အမေရိကန်ရှိ အီလီနွိုက် တက္ကသိုလ်က လေ့လာမှုသစ်တစ်ရပ် က ပန်းဂေါ်ဖီကို သင့်တင့်လျောက် ပတ်စွာ ပြင်ဆင်စားသောက်ခြင်းက ကင်ဆာတိုက်ဖျက်တဲ့ ဓာတုပစ္စည်း ဖြစ်တဲ့ (Sulforaphane) ကို မပျက် စီးအောင် ထိန်းသိမ်းပေးတယ်။ ချက် ပြုတ်တာ အချိန်ကြာရင် အင်ဇိုင်း တစ်မျိုးဖြစ်တဲ့Myrosinase ကို ပျက်စီးစေတယ်။ ယင်းအင်ဇိုင်းက Sulforaphaneဖြစ်ပေါ်ရာမှာအရေး ကြီးတယ်။ ၂ -၄မိနစ်ကြာ ရေနွေး ငွေ့တိုက်ခြင်းက အကောင်းဆုံးချက် ပြုတ်ခြင်း နည်းလမ်းပဲဖြစ်တယ်။ ပြင်ဆင်ချက်ပြုတ်ပုံသာ အရေးကြီး တာမဟုတ်။
ပန်းဂေါ်ဖီစိမ်းနှင့် ပန်းဂေါ်ဖီစိမ်းပင်ပေါက်များ ရောစပ် ချက်ပြုတ်ခြင်းက ယင်းရဲ့ ကင်ဆာ တိုက်ဖျက်ရေးအစွမ်းသတ္တိကို အင်အား တိုးစေတယ်။ ပန်းဂေါ်ဖီစိမ်း ပင်ပေါက် များမှာလည်းMyrosinaseအင်ဇိုင်း ပါဝင်တယ်။ ချက်ပြုတ်ပြီး ပန်းဂေါ်ဖီ စိမ်းနှင့် အပင်ပေါက်များရောပြီးစားခြင်း ဖြင့် အပင်ပေါက်များမှာပါတMyrosinase က ချက်ပြုတ်ရာမှာ ပျက်စီး သွားတဲ့Myrosinase နေရာကိုအစားထိုး နိုင်မှာ ဖြစ်ပါတယ်။

Tuesday, September 4, 2012

ကုလားပဲ၏ ကျန်းမာရေး အကျိုးကျေးဇူးများ

 
ကုလားပဲကို စွယ်စုံရတဲ့ ဟင်းအမည်တစ်မျိုးလို့ ဆိုရမှာပါ။ ဟင်းချိုအဖြစ် ချက်သောက်လို့ ရသလို ကုလားပဲသုပ်၊ ကုလားပဲခြမ်းကြော် စသဖြင့်လည်း စားနိုင်ပါတယ်။ ကုလားပဲ စားတာကြောင့် အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။
(၁) ဆာလောင်မှုကို ထိန်းချုပ်ပေးပါတယ်
ကုလားပဲမှာ အမျှင်ဓာတ်နဲ့ ပရိုတင်းဓာတ်များစွာ ပါဝင်ပြီး Glycemic Index နည်းပါတယ်။ ဒါကြောင့် တစ်နေ့မှာ ကုလားပဲဟင်း ခွက်တစ်ဝက်စာခန့် စားပေးရင် ကြာကြာ ဗိုက်ပြည့်စေပြီး အစာများများ မစားဖြစ်အောင် ထိန်းပေးပါတယ်။ ဒါကြောင့် ကယ်လိုရီ နည်းနည်းစားဖြစ်ကာ ကိုယ်အလေးချိန် မတက်အောင် ထိန်းပေးနိုင်ပါတယ်။
(၂) သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေပါတယ်
နေ့စဉ်စားတဲ့ အစားအသောက်ထဲမှာ ကုလားပဲဟင်း ခွက်ရဲ့ လေးပုံသုံးပုံ ထည့်စားတာကြောင့် အမျှင်ဓာတ်ကို ရရှိစေကာ မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေသလို နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။
 (၃) အစာခြေလမ်းကြောင်းရဲ့ လုပ်ငန်းတွေကို ပံ့ပိုးပေးပါတယ်
ကုလားပဲမှာ ပါဝင်တဲ့ အမျှင်ဓာတ်ဟာ အစာခြေ လမ်းကြောင်းစနစ်ကို ကျန်းမာစေတဲ့အပြင် အူမကြီးရှိ ဆဲလ်တွေကို ကျန်းမာစေပါတယ်။ အူမကြီးဆဲလ်တွေ ကျန်းမာတာကြောင့် လုပ်ငန်းဆောင်တာ ပိုကောင်းမွန်ပြီး အူမကြီးကင်ဆာ အပါအဝင် အူမကြီးရောဂါဖြစ်နှုန်းကို လျော့ကျစေပါတယ်။
 (၄) အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိရှိပါတယ်
ကုလားပဲမှာ ဆာပိုနင်လို့ခေါ်တဲ့ ဖိုင်တိုကမ်မီကယ် ပါဝင်တာကြောင့် အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိရှိပါတယ်။ ကုလားပဲမှာ ဗီတာမင်စီ၊ ဗီတာမင်B6 နဲ့ သွပ်ဓာတ်တို့အပြင် ဖောလိတ်ဓာတ်လည်း များစွာပါဝင်ပါတယ်။ အင်တီအောက်ဆီးဒင့်တွေက တစ်ကိုယ်လုံးရှိ နှလုံးသွေးကြောစနစ်၊ အသက်ရှူလမ်းကြောင်းစနစ်နဲ့ နာ့ဗ်ကြောစနစ်တွေကို ထောက်ပံ့ပေးတာကြောင့် နှလုံးရောဂါ၊ အဆုတ်ရောဂါစတဲ့ ရောဂါဝေဒနာတွေရဲ့ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။
 (၅) နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်
ကုလားပဲကို နေ့စဉ် အနည်းငယ်စားတာက သွေးတွင်းမကောင်းတဲ့ အဆီတွေကို လျော့ကျစေတာကြောင့် နှလုံးသွေးကြောရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။ ကုလားပဲမှာပါတဲ့ အမျှင်ဓာတ်ဟာ သွေးကြောနံရံကို ကျန်းမာစေတာကြောင့် သွေးလှည့်ပတ်စီးဆင်းမှုကို ကောင်းမွန်စေပါတယ်။
 (၆) သွေးတွင်း သကြားဓာတ်ကို ဟန်ချက်ညီမျှစေပါတယ်
ကုလားပဲမှာ ပါဝင်တဲ့ ပရိုတင်းနဲ့ အမျှင်ဓာတ်နှစ်မျိုးဟာ အစာခြေလမ်းကြောင်း စနစ်အတွင်း သွေးလည့်ပတ်စီးဆင်းမှုကို ကောင်းစေပြီး အစာချေဖျက်မှုကို ပုံမှန်ဖြစ်စေပါတယ်။ ဒါကြောင့် အစာက ထွက်လာတဲ့ သကြားဓာတ်ကို ကောင်းကောင်း ထိန်းချုပ်နိုင်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ် ပါဝင်မှုကြောင့် သွေးတွင်း သကြားဓာတ်အပေါ် အစာခြေစနစ်ရဲ့ သက်ရောက်မှုကို ဟန်ချက်ညီမျှစေပါတယ်။
(၇) ကယ်လိုရီရယူမှုကို ထိန်းပေးပါတယ်
ကုလားပဲနဲ့ ကိုယ်အလေးချိန် ထိန်းသိမ်းနိုင်စွမ်းအကြား ဆက်စပ်မှုကို လေ့လာခဲ့တဲ့အခါ ကုလားပဲစားရင် စိတ်ကျေနပ်မှု ရရှိစေကာ ဆာလောင်မှုနဲ့ အစာစား ချင်စိတ်ကို ထိန်းချုပ်ပေးတာကြောင့် ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ကြောင်း သိရပါတယ်။ ကုလားပဲဟာ အစာကြေညက်စေကာ ကယ်လိုရီ ရယူမှုကိုလည်း ထိန်းချုပ်ပေးပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် လျော့ကျလိုသူတွေနဲ့ ကိုယ်အလေးချိန် ထိန်းနေသူတို့အတွက် ကုလားပဲဟင်းကို စားပေးပြီး တခြား ကယ်လိုရီ များတဲ့ အစာတွေကို လျှော့စား သင့်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ် ဝမ်းချုပ်ခြင်း အတွက် ဆေးဝါး မပါဘဲ ဖြေရှင်း ရအောင်


 

ဝမ်းချုပ် တာကို ကိုယ်ဝန်ဆောင် အမျိုးသမီး အများစု ခံစားရ တတ်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင် တတိယ သုံးလပတ်မှာ ပိုမို ခံစားရတတ် ပါတယ်။ ကိုယ်ဝန်ဆောင် ချိန် ဖြစ်တာကြောင့် ဝမ်းချုပ်တာကို ဖြေရှင်းတဲ့အခါ အလွယ်တကူ ဆေးဝါးတွေ မသောက်သုံး သင့်ပါဘူး။ ဝမ်းချုပ် တာကို ဆေးဝါး မပါဘဲ ဖြေရှင်းကြည့်ရအောင်...။
အမျှင်ဓာတ်များများ ပါဝင်အောင် စားပါ
ကိုယ်ဝန်ဆောင်တွေ အနေနဲ့ တစ်နေ့ကို အမျှင်ဓာတ်က ၂၈ ဂရမ်လောက် စားသင့်ပါတယ်။ အမျှင်ဓာတ်က ဝမ်းပျော့ပျော့ သွားစေဖို့ ကူညီပေးပါတယ်။
(၁) သစ်သီး
ဘယ်ရီသီး၊ မက်မန်းသီး၊ ပန်းသစ်တော်သီး၊ သစ်တော်သီး၊ စတော်ဘယ်ရီသီး၊ ပန်းသီး၊ မန်ကျည်းသီး စတာတွေမှာ အမျှင်ဓာတ်တွေ များစွာ ပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အမျှင်ဓာတ်ကြွယ်ဝတဲ့ သစ်သီးတွေ စားပေးပါက ဝမ်းချုပ်တာကို ကာကွယ်ပေးပြီး ဝမ်းမှန်စေပါတယ်။
 (၂) ဟင်းသီးဟင်းရွက်
ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာကို ကာကွယ်ဖို့အတွက် ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ပဲပင်ပေါက်၊ မုန်လာဥနီ၊ ဟင်းနုနယ်ရွက် စတဲ့ ဟင်းသီးဟင်းရွက်တွေကို စားပေးသင့်ပါတယ်။
 (၃) ပဲအမျိုးမျိုး
ပဲအမျိုးမျိုးမှာ ပါဝင်တဲ့ အမျှင်ဓာတ်က ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေထက် နှစ်ဆ ပါဝင်ပါတယ်။ ပဲကြီးစေ့၊ ပဲထောပတ်၊ ပဲနီလေး၊ ဘိုကိတ်ပဲ စတာတွေမှာ အမျှင်ဓာတ်တွေ များစွာ ပါဝင်ပါတယ်။
 (၄) ကောက်နှံတစ်ခုလုံး
ကိုယ်ဝန်ဆောင် တစ်ယောက် အနေနဲ့ မနက်စာကို ကောက်နှံတစ်ခုလုံး ပါဝင်စာကို စားပေးပါ။ ကောက်နှံတစ်ခုလုံး ပါဝင်စာမှာ အမျှင်ဓာတ် ပြည့်ဝစွာ ပါဝင်တာကြောင့်ပါ။ ကောက်နှံတစ်ခုလုံး ပါဝင်စာ တစ်ခွက်စားပါက အမျှင်ဓာတ် ၅ ဂရမ် ရရှိပါတယ်။
 (၅) သရေစာ
သရေစာအဖြစ် အဆင်သင့်စာတွေ စားသုံးမှုကို ရှောင်ပါ။ ဆီးသီးခြောက်၊ စပျစ်သီးခြောက်၊ မက်မန်းသီးခြောက်၊ စွန်ပလွံသီးခြောက်တွေ စားပေးပါက ဝမ်းပျော့ပျော့ သွားစေပါတယ်။
 (၆) အစေ့အဆန်
ဗာဒံစေ့၊ သစ်ကြားသီး၊ မြေပဲ စတဲ့ အစေ့အဆန်တွေကလည်း ဝမ်းချုပ်တာကို ကာကွယ်ပေးနိုင်ပါတယ်။
 (၇) အာလူးနှင့် ကန်စွန်းဥ
မြေအောက်မှ ရရှိနိုင်တဲ့ အာလူးနဲ့ ကန်စွန်းဥတွေကလည်း အမျှင်ဓာတ်ကို ရရှိနိုင်တာကြောင့် စားသင့်ပါတယ်။
 ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ပါ
ကိုယ်ဝန်ဆောင်တွေ အနေနဲ့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေတော့ မလုပ်သင့်ပါဘူး။
 (၁) လမ်းလျှောက်ခြင်း
ကိုယ်ဝန်ဆောင်ချိန်မှာ လမ်းလျှောက်တာက အကောင်းဆုံး လေ့ကျင့်ခန်း တစ်ခုပါ။ လမ်းလျှောက်တာအပြင် ရေကူးတာ၊ ယောဂကျင့်တာနဲ့ အိမ်တွင်းမှာပဲ ကိုယ်လက် လှုပ်ရှားမှုတွေကို ပြုလုပ်ပေးတာက အစာအိမ်နဲ့ အူလမ်းကြောင်း လှုပ်ရှားမှုကို ကောင်းစေပါတယ်။
 (၂) Kegel လေ့ကျင့်ခန်း
တင်ပါးဆုံ ကြွက်သားတွေ အားနည်းတဲ့ အခါမှာလည်း ဝမ်းသွားတဲ့ အကျင့်ကို ပြောင်းလဲစေပြီး ဝမ်းချုပ်တတ်ပါတယ်။ တင်ပါးဆုံ ကြွက်သားတွေ အားကောင်းဖို့ Kegel လေ့ကျင့်ခန်း လုပ်ပေးပါ။ အခြား အကြောင်းအရာများ ဝမ်းချုပ်တာကို ကာကွယ်နိုင်တဲ့ အခြား အကြောင်းအရာတွေလည်း ရှိနေပါသေးတယ်။
 (၁) ရေများများ သောက်ပါ
ရေသောက်နည်းတာကလည်း ဝမ်းချုပ်စေတဲ့ အကြောင်းတစ်ခုပါ။ တစ်နေ့ကို ရေနှစ်လီတာ ဒါမှမဟုတ် သုံးလီတာလောက် သောက်ပါ။ မနက် အိပ်ရာ ထ, ထချင်းမှာ ရေကို တဝသောက်ပေးတာက ဝမ်းသွားတဲ့ အကျင့်ကို ပုံမှန်ဖြစ်စေပါတယ်။
 (၂) အားဆေးများ
ကိုယ်ဝန်ဆောင်ချိန်မှာ ဆရာဝန်တွေက သံဓာတ်ပါတဲ့ အားဆေးတွေ သောက်သုံးဖို့ ညွှန်ကြားပါတယ်။ သံဓာတ် ၃၀ မီလီဂရမ်နဲ့ အထက် ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္ထုဓာတ် မျိုးစုံပါတဲ့ အားဆေးတွေက ကိုယ်ဝန်ဆောင်တွေမှာ ဝမ်းချုပ်တာကို ဖြစ်စေပါတယ်။ ဝမ်းချုပ်တာကို ဆိုးဆိုးရွားရွား ခံစားနေရတယ် ဆိုရင်တော့ ဆရာဝန်ကို ပြောပြတိုင်ပင်ပါ။ ကိုယ့်သဘောနဲ့ကိုယ် ဝမ်းနုတ်ဆေးတွေ မသောက်သင့်ပါဘူး။
 (၃) အဆီများသော အစားအစာများ
အဆီများတဲ့ အစားအစာတွေဖြစ်တဲ့ ဆီကြော်စာတွေ တတ်နိုင်သမျှ ရှောင်ပါ။ ဝမ်းချုပ်စေနိုင်တာကြောင့်ပါ။
 (၄) အိမ်တွင်းကုထုံး
ချင်းလက်ဖက်ရည် သောက်ပေးပါ။ ကိုယ်ဝန်ဆောင် ဝမ်းချုပ်တာအတွက် အကောင်းဆုံး အိမ်တွင်းကုထုံး တစ်လက်ပါ။

Sunday, September 2, 2012

တင်းမာမှု ပြေလျော့စေရန် မိမိ ဘာသာ နှိပ်နယ်နည်း


 

သင်ဟာ တစ်နေကုန် လူပင်ပန်း၊ စိတ်ပင်ပန်း ဖြစ်နေတာကြောင့် အနားယူ လိုရင် အောက်ပါအတိုင်း အနှိပ်ခံကြည့်ပါ။ ပစ္စည်းကိရိယာ မလိုအပ်ဘဲ နေရာ မရွေး ပြုလုပ်နိုင် ပါတယ်။ သီချင်းသံအေးအေး ပဲ လိုအပ်ပါတယ်။
ဇက်ကြောနဲ့ နောက်ကျောတက်နေရင်
သင့်လက်ဖဝါးကို သင့်ရင်ဘတ်ပေါ်မှကျော်ပြီး တခြားတစ်ဖက်မှ ပခုံးပေါ်မှာ တင်ကာ အပေါ်ပိုင်းနောက်ကျော ကြွက်သားတွေရဲ့ ဧရိယာနေရာ ကျယ်ကျယ်ရနိုင်သမျှကို နှိပ်နယ်ပေးပါ။ နှစ်ဖက်စလုံး ပြုလုပ်ပါ။
 ခေါင်းကိုက်နေရင်
သင့်လက်ဖဝါးတွေ ပူနွေးလာအောင် လက်ဖဝါးနှစ်ဖက်ကို အတူတူ ပွတ်တိုက်ပေးပါ။ အဲဒီပူနွေးနေတဲ့ လက်ဖဝါးနှစ်ဖက်ကို မျက်လုံးပေါ်မှာ စက္ကန့် ၃၀ ခန့် အုပ်ထားပေးပါ။ လက်ဖဝါးနှစ်ဖက်ကို နားထင်ပေါ်ကိုရွှေ့ပြီး နားထင်မှာ စက္ကန့် ၃၀ ခန့် စက်ဝိုင်း ပုံသဏ္ဌာန် နှိပ်ပေးပါ။ အသာအယာပြုလုပ်ပါ။ ပြီးရင် သင့်လက်ချောင်းတွေကို ဦးခေါင်းထိပ်ဘက်ကို ရွှေ့ပြီး ဦးခေါင်းခွံပေါ်မှာ Direction မျိုးစုံ လှည့်လည်ပြီး နှိပ်ပေးပါ။ ဦးခေါင်းခွံပေါ်မှ အရေပြားရွေ့လျားဖို့ လိုအပ်တာမို့ ဖိအားအနည်းငယ်ပေးဖို့ လိုအပ်ပါတယ်။ ဦးခေါင်းခွံတစ်ခုလုံးကို ကာမိအောင် လက်ချောင်း ၁၀ ချောင်းစလုံးကို အသုံးပြုပါ။
 ကြာရှည်မတ်တတ်ရပ်နေရပါသလား
သင့်လက်ဖဝါးတွေနဲ့ နောက်ကျောအောက်ပိုင်း ကြွက်သားတွေပေါ်မှာ ဖိနှိပ်ပေးပါ။ စက်ဝိုင်းပုံသဏ္ဌာန် ခပ်ပြင်းပြင်း ဖိနှိပ်ရမှာဖြစ်ပြီး သင့်လက်တွေကို အပေါ်ပိုင်းနေရာဘက်သို့ ရွှေ့နိုင်သမျှ တဖြည်းဖြည်းချင်း ရွှေ့သွားပေးပါ။ ကျောရိုးတစ်ဖက်တစ်ချက်စီနဲ့ တစ်လက်မစီ ခွာပြီးပြုလုပ်ပေးပါ။
 လက်မောင်း နာကျင်နေရင်
သင်ရဲ့လက်မောင်းကို သင်ရဲ့အခြားလက်တစ်ဖက်နဲ့ တံတောင်ဆစ်နေရာမှ စတင်ပြီး ဖျစ်ညှစ်ကာ အပေါ်ဘက်သို့ တဖြည်းဖြည်း နှိပ်နယ်သွားပါ။ လက်ဖဝါးနဲ့ ဖိအားပေးကာ နှိပ်ရမှာဖြစ်ပြီး လက်ချောင်းတွေနဲ့ ရွေ့လျားမှု တည်ငြိမ်အောင် ထိန်းထားပေးပါ။

ကိုယ်ဝန်ဆောင်စဉ် အရေပြား ယားယံနေ သလား


 

ကိုယ်ဝန်ဆောင်ချိန် အရေပြားယား ယံမှု ဖြစ်ရသော အကြောင်း ရင်းများ
-ကြီးထွားလာတဲ့သန္ဓေသားကြောင့် ဝမ်းဗိုက်အရေပြားဟာ တဖြည်းဖြည်း ဆွဲဆန့်လာပါတယ်။ အလားတူ မိခင်နို့ထွက်ရှိဖို့ ပြင်ဆင်နေတဲ့ ရင်သားတစ်ဝိုက် အရေပြားကလည်း ကြီးလာပါတယ်။ ဒီအချက်တွေက အရေပြား ယားယံစေတဲ့ အဓိက အချက်တွေပါ။
-ကိုယ်ဝန်ဆောင်ချိန်အတွင်း ခန္ဓာကိုယ်မှာ အပြောင်းအလဲမျိုးစုံ ဖြစ်လာပါတယ်။ အီစထရိုဂျင် ဟော်မုန်းထွက်ရှိမှုကလည်း အပြောင်းအလဲ ဖြစ်လာတဲ့အတွက် လက်ဖဝါး၊ ခြေဖဝါးတွေ ယားယံလာတတ်ပါတယ်။ ဒီယားယံမှုက ယာယီပဲဖြစ်ပြီး ကလေးမွေးပြီးချိန်မှာ သက်သာသွားလေ့ ရှိပါတယ်။
-တချို့ အမျိုးသမီးတွေက ကိုယ်ဝန်ဆောင်ချိန်အတွင်း ချွေးအလွန်ထွက်ပါတယ်။ အဲဒီအခါ ဝမ်းဗိုက်မှာ အနီပြင်တွေ ဖြစ်လာလေ့ရှိပြီး ယားယံတတ်ပါတယ်။ ဒီအခြေအနေမှာ ဆရာဝန်နဲ့ ပြသင့်ပါတယ်။
-ကိုယ်ဝန် တတိယ သုံးလပတ်အတွင်းမှာ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁၅၀ အနက် တစ်ဦးမှာ ဝမ်းဗိုက်၊ ပေါင်၊ တင်ပါးနဲ့ လက်မောင်းတွေမှာ ယားယံတဲ့ အနီကွက်ကြီးတွေ ပေါ်လာတတ်ပါတယ်။ ဒါက ဘာအန္တရာယ်မှ မရှိပေမယ့် အလွန် ယားယံတတ်ပါတယ်။ သားဦး ကိုယ်ဝန်ဆောင်သူ ဒါမှမဟုတ် အမြွှာ ကိုယ်ဝန်ဆောင်သူတွေမှာ အဖြစ်များပါတယ်။
-ကိုယ်ဝန်ဆောင်ချိန် ဝမ်းဗိုက်တစ်ဝိုက်မှာ ရေယုန်လို အရည်ကြည်ဖုတွေ ဖြစ်ပေါ်ကာ ယားယံတတ်ပါတယ်။ ဒါဟာ ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေအထိ ပျံ့နှံ့တတ်ပြီး ကိုယ်ဝန်ဆောင်ချိန်မှာပဲ ယာယီ ဖြစ်တတ်တာပါ။ -ကိုယ်ဝန်ဆောင်ချိန်မှာ အသည်းရောဂါ တချို့ကြောင့်လည်း လက်နဲ့ခြေတွေ ယားယံရတတ်ပါတယ်။ တကယ်လို့ ယားယံတာက အသားဝါတာ၊ ပျို့ချင် အန်ချင်ဖြစ်တာနဲ့ ပျို့အန်တာတို့နဲ့ တွဲဖြစ်ရင် ဆရာဝန်နဲ့ ပြဖို့ လိုအပ်ပါတယ်။
 ကိုယ်ဝန်ဆောင်ချိန် ယားယံမှု သက်သာစေရန် အိမ်တွင်းကုထုံးများ
-ကိုယ်ဝန်ဆောင်ချိန်မှာ အရေပြားယားယံမှု သက်သာစေဖို့ ကြက်သီးနွေးရေကို ကြာကြာ မချိုးသင့်ပါဘူး။ ကြက်သီးနွေးရေနဲ့ ကြာကြာ ချိုးတာက အရေပြား ခြောက်သွေ့ပြီး ယားယံတတ်ပါတယ်။ ဒါကြောင့် ယားယံနေတဲ့ အရေပြားကို ကုသဖို့ရာအတွက် ဂျုံမှုန့်အကြမ်း ထည့်ထားတဲ့ ကြက်သီးနွေးရေ ချိုးပေးပါ။
-ရေချိုးတဲ့အခါ တိုက်တဲ့ ဆပ်ပြာသုံးရာမှာ အယ်လ်ကိုဟောပါတဲ့ ဆပ်ပြာကို မသုံးပါနဲ့။ နူးညံ့ပြီး အမွှေးနံ့ မပါတဲ့ အစိုဓာတ်ထိန်း ဆပ်ပြာကို ရွေးသုံးပေးပါ။ အနံ့မွှေးလွန်းတဲ့ ဆပ်ပြာတိုက်ရင် ယားယံမှုကို ပိုဆိုးစေပါတယ်။
-ကိုယ်ဝန်ဆောင်ချိန်အတွင်း ပေါ့ပါးတဲ့ ချည်သားဝတ်စုံကို ဝတ်ပေးပါ။ တင်းကျပ်တဲ့ အဝတ်အစားတွေကို အရေပြားကို ပွတ်တိုက်မှု ဖြစ်စေပြီး ယားယံမှုကို ပိုဆိုးစေတာကြောင့် ရှောင်သင့်ပါတယ်။ -အရေပြား ခြောက်သွေ့မှုကြောင့် ယားယံမှုကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် အရေပြားကို အမြဲတမ်း စိုပြည်နေအောင် အစိုဓာတ် ထိန်းပေးသင့်ပါတယ်။ အထူးသဖြင့် ရှားစောင်းလက်ပပ် ဒါမှမဟုတ် ယားတဲ့နေရာကို Cocoa Butter ပါဝင်တဲ့ ခရမ် လိမ်းပေးပါ။ -အရေပြား ယားယံမှု သက်သာစေဖို့ အရေပြားကို ခပ်ကြမ်းကြမ်း မပွတ်ပါနဲ့။ ယားတဲ့အခါ အယားသက်သာအောင် ကလမင်းလိုးရှင်း (Calamine Lotion) လိမ်းပေးပါ။

Friday, August 31, 2012

ဆေးဝါးမလိုဘဲ သင့်ကိုယ်ခံအား တိုးစေချင်ပါသလား?


 

ဓာတ်အပ် စိုက်နေရာ တစ်ခု (Acupuncture Point) ဖြစ်တဲ့ Gall Bladder 20 နေရာကို အသာအယာ ဖိအားပေးခြင်းဖြင့် သင့်ကိုယ်ခံအားကို တိုးတက်စေရုံမက မောပန်းနွမ်းနယ်ခြင်းနှင့် စိတ် ကျခြင်းဝေဒနာ ကိုလျော့ပါး သက်သာစေနိုင် ပါတယ်။ Gall Bladder 20 သင့်ရဲ့ လက်ခလယ်များကို သင့်ရဲ့ ဦးခေါင်းခွံအောက်ခြေရှိ ချိုင့်ခွက်နေရာထဲထားပြီး အားပါပါဖိပေးပါ။ ဖိပေးတဲ့နေရာက ကျောရိုးရဲ့ တစ်ဘက်တစ်ချက်အကွာအဝေး ၂ လက်မ လောက် ထားပေးရပါမယ်။


ဦးလှမြင့်(ဂန္ဓမာ)Ref : Do-it-Yourself Health

Thursday, August 30, 2012

""အဝလွန်သူများအတွက် ရှောက်ရွက်၏ အစွမ်း""

အ၀လွန်သူများ၊ ဗိုက်ခေါက်ထူပြီး လာသော
အမျိုးသမီးများအတွက် ပထမဦးစွာ
ရှောက်ရွက်ကြမ်းများကို ရှာထားပါ။
ပုလင်းတစ်လုံးစီတွင် ရိုးရိုးသကြား
သုံးဇွန်း(ဟင်းစားဇွန်း) စီထည့် ရပါမည်။


ပုလင်းများတစ်လုံးစီတွင် ရှောက်၉ရွက် စီထည့်ပေးပါ။ ရေကျက်အေးများ ပုလင်းများ
ထဲသို့အပြည့်ထည့်ပြီး အဆို့ ပိတ်လျက် နေပူတွင်ကိုးရက်စီ ထည့်ပေးပါ။

ေ၇ကျက်အေးများ ပုလင်းထဲသို့ အပြည့် ထည့်ပြီး အဆို့ပိတ်လျက် နေပူတွင် ကိုးရက်
လှန်းပေးပါ။

ကိုးရက်စေ့လျှင် ဆးဝါးအဖြစ် သုံးနိုင်ပြီ။ နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် အဆိုပါေ၇ှာက်၇ွက် ဆေးရည်ပုလင်းကို လှုပ်ပြီး လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့်ကို မှန်မှန်
သောက်သုံးသွား ပေးပါ။

 တစ်လနှစ်လ ရှိသောအခါ အမျိုးသမီးများ ခါးသေးရင်ချီပြီး အဆီပို ဗိုက်ရွှဲမှုများ ကျသွား၍
အသားအရေ စစ်သွားပါမည်။

အဆီကျဓာတ်စာဆေးများစားခြင်း ထက် စိတ်ချရသော ရိုးရာဆေးနည်း ဖြစ်ပါသည်။ မှန်မှန် သောက်သုံးခြင်းဖြင့် အသည်းအဆီဖုံးခြင်းနှင့် နှလုံးအဆီ ပိတ်ခြင်းတို့မှလည်း သက်သာ
ပျောက်ကင်း စေပါသည်။

လစဉ် မြန်မာ လဆန်း တစ်ရက်နေ့၌ ရှောက်ရွက်နှစ်ရွက်၊ သုံးရွက် ကိုရှာပြီး စားဖြစ်အောင်
စားထားရန် အမှာရှိသည်။ ထို့သို့စားပေးခြင်းဖြင့် လေရောဂါများ မ၀င်ရောက်နိုင်၊ လေထိုး၊
 လေအောင့်၊ လေငန်းရောဂါများ မ၀င်ရောက်နိုင်။

လေငန်းရောဂါရှင်များ ရှောက်ရွက်၊ ငရုတ်ကောင်းနှင့် ကြက်သွန်ဖြူတို့ဖြင့် ဟင်းခါးချက်ကာ
 နေ့စဉ်သောက်သုံး ပေးခြင်းဖြင့် လေငန်းရောဂါမှ သက်သာ ပျောက်ကင်းစေသည်။

Health Articles

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )