22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, October 7, 2012

နေ့ လည်ကျောင်းဆင်း ထမင်းစားနားချိန်တွင် ချောင်းဦးရွာမူလတန်းကျောင်း မီးလောင်ခံရ

အောက်တိုဘာ ၂ရက်နေ့ က နေ့ လည်
ပိုင်းထမင်းစားကျောင်းဆင်း ချိန်တွင်
စစ်ကိုင်းမြို့ နယ်၊ မယ်ဇလီ ချောင်း အုပ်စု၊
 ချောင်းဦးကျေးရွာ အခြေခံပညာမူလတန်း

ကျောင်းမှာ နေ့ ၁၂နာရီ ၂ဝ အချိန်က မီးလောင်ခံ ရကြောင်း
 သိရသည်။

ယင်း မီးလောင် မှုမှာ ၄၅မိနစ်ခန့်ကြာမြင့်ပြီး အဆောက် အဦး တစ်ခုလုံး မီးလောင်
ကျွမ်း ခံရပြီးမှ မီးငြိမ်းသွားခြင်း ဖြစ်သည်။ မီးလောင်ခံရသော အဆောက်အဦး မှာ
အလျား ၄၅ပေ၊ အနံ ၁၈ပေအရွယ်ရှိ သွပ်မိုး၊ ထရံကာအဆောက်
အဦး ဖြစ်သည်။

''မီးလောင်တာက ဆရာမတွေရော၊ ကျောင်းသား၊ ကျောင်းသူတွေမရှိချိန်မှာ
 လောင်တာ။ မီးလောင်ချိန်မှာ အနားမကပ်နိုင်လို့ မငြိမ်းသတ်နိုင်ဘဲဖြစ်ရတယ်။
ဒီကျောင်းကို ၁၉၈၈ ကဆောက်လုပ်ခဲ့တာပါ။ အစက ဝါးကပ်မိုး၊ ထရံကာပါ။ ကျောင်း အုပ်ဆရာမ ကြီး ဒေါ်ဌေးဌေးဆင့် လက်ထက်မှာ သွပ်မိုးဖြစ်လာတာပါ။

စာသင်ဆောင်တစ်ခုလုံး အလောင်ခံရသလို ထိုင်ခုံ ၁ရလုံး၊ ဗီရိုတွေနဲ့ ကလေးတွေရဲ့
လွယ်အိတ် ၁၄လုံးလည်း မီးလောင်တဲ့အထဲ ပါသွား ပါတယ်။''ဟု ချောင်း ဦး ကျေးရွာ
အုပ်ချုပ် ရေးမှူး ဦးကျော်လေးကပြောသည်။

ချောင်းဦးကျေးရွာမှာ စစ်ကိုင်းမြို့နှင့် ၁၇ မိုင်ခန့်အကွာတွင်ရှိပြီး ဧရာဝတီမြစ်
ကမ်းနံဘေးရှိ ရွာဖြစ်သည်။

အိမ်ခြေ ၅ဝရှိပြီး အ.မ.ကကျောင်းတွင် ကျောင်းအုပ်ဆရာမတစ်ဦး၊ လက်ထောက်
ဆရာမတစ်ဦး တို့က ကျောင်းသား၊ ကျောင်းသူ ၃၁ ဦးတို့  အား စာသင်ကြားပေး
လျက်ရှိသည်။

 မီးလောင်ကျွမ်းမှု ကိစ္စနှင့်ပတ်သတ်၍ စစ်ကိုင်းမြို့ နယ်၊ မင်းကွန်းရဲစခန်းမှ လူမရှိချိန်တွင် လောင်ကျွမ်းခြင်း  ဖြစ်သဖြင့် မသင်္ကာသူ   မယ်ဇလီချောင်းကျေးရွာမှ
လူတစ်ဦးကို ခေါ်ယူ စစ် ဆေး မေးမြန်း လျက်ရှိကြောင်း သိရသည်။


                                         ချောင်းဦးရွာမူလတန်းကျောင်း မီးလောင်ခံရမှုမြင်ကွင်း

''ကျောင်းအုပ် ဆရာမကြီး ဒေါ်ချောစုလှိုင်ဆိုရင် ကျောင်းမီးလောင်ခံရလို့ ငိုရှာတယ်။
ရွာကအိမ်ခြေနည်းတဲ့ရွာဖြစ်တာတကြောင်း၊လက်လုပ်လက်စားဆင်းရဲသားတွေ
 နေတဲ့ရွာဖြစ်တာ ကြောင့် ကျောင်းသစ်ဆောက်ဖို့ မလွယ်ပါဘူး။

 အောက် တိုဘာ ၄ရက်နေ့က အလှူခံရတဲ့ငွေရယ်၊ လာရောက်လှူဒါန်း
တဲ့ငွေရယ်ပေါင်းပြီး ၄ခန်း၊ ၂ခန်းယာယီကျောင်းဆောင်လေး
 ဆောက်ထား ပါတယ်။

အခြေအနေပေးမယ်ဆိုရင် ကျောင်းဆောင်သစ်တစ်ဆောင် ဆောက်လုပ် မှာပါ။
 စာသင်ခုံ နဲ့ ထိုင်ခုံတွေ လည်း မယ်ဇလီချောင်းနဲ့ ချောင်းဦးရွာကလှူလို့ ထိုက်သင့်
သလောက် ရပြီးပါပြီ။''ဟု မယ်ဇလီချောင်း  ကျေးရွာမှ ရာအိမ်မှူးဦးဆွေ
ကပြောသည်။

Yangon Media Group

Thursday, September 27, 2012

ကျောင်းအုပ်ကြီးက ကျောင်းဆရာနှစ်ဦးအား စာမသင်ခိုင်းပဲ လက်သမားခိုင်းစား

ချင်းပြည်နယ် ထန်တလန်မြို့ အထက်တန်း ကျောင်းအုပ်ဆရာကြီး U Htay Aung က အလယ် တန်းပြဆရာ ဆရာ Lian Cung  နှင့် ဆရာ PaChung တို့အား စာသင်မခိုင်းပဲ လက်သမား ခိုင်းစားနေကြောင်း သိရသည်။
thantlang-sianinn
ဆရာ Lian Cung သည် အဌမတန်းကျောင်းသားတွေကို အင်္ဂလိပ်စာသင်ပြသူဖြစ်ပြီး ဆရာ PaChung သည် အဌမတန်း ကျောင်း သားတွေကို သင်္ချာ ဘာသာ သင်ပြသူဖြစ်ကြောင်း သိရ သည်။

“ ဆရာနှစ်ဦးကို ပျက်စီးသွားတဲ့ ကျောင်းအိမ်သာ၊ ကျောင်းခန်းအကာ၊ ရေအိုးစိမ် နဲ့ အခြားလက်သမားဆိုင် ရာအားလုံးကို လိုအပ်သလို လုပ်ခိုင်းတယ်၊ အင်္ဂလပ်စာနဲ့ သင်္ချာဆိုတာ အင်မတန်မှ အရေးကြီးတဲ့ဘာသာရပ် လေ” ဟု ကျောင်းသား မိဘတဦးက ပြောသည်။

ကျောင်းအုပ်ကြီးကသူတို့နေရာမှာ အင်္ဂလပ်စာ နှင့် သင်္ချာမေဂျာ ဘွဲ့မရသူများအား အစားထိုးသင်ကြားခိုင်း သဖြင့် ကျောင်း သားမိဘတွေ စိတ်မကောင်းကြကြောင်း ထို့ကြောင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် Pi Zatlem ထံ အကြောင်းကြား လိုက်သည်ဟုသိရသည်။

“မတတ်သာတဲ့အဆုံး Pi Zatlem ကို ပြောတော့တာပါ” ဟု ပြောသည်။

အဆိုပါ ကျောင်းဆရာနှစ်ဦးသည် လက်သမားသက်တမ်းသည် ကျောင်းအုပ်ဆရာကြီး Pu Tha Nawn လက်ထက် ၂၀၀၇ ခုနှစ်မှစပြီး ယခု ဦး U Htay Aung လက်ထက်အထိ သက်တမ်း ၆ နှစ် ရှိပြီဖြစ်ကြောင်း ပြောကြသည်။

“ ဆရာ နှစ်ဦး ခင်ဗျာ ကျောင်းဆရာပုံတောင် မပေါက်တော့ဘူး၊ ကျောင်းသားကလေးတွေတောင် ကျောင်း ဆရာလို့ မသိကြတော့ဘူး၊ လက်သမား လုံးလုံးဖြစ်သွားကြတယ်” ဟု ရုံး ၀န်ထမ်းတဦး က ပြောသည်။

Tuesday, September 25, 2012

ထိပ်တန်းတက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုမည့် ဂျပန် စက်ရုပ်ကျောင်းသား

လွန်လေပြီးသော ဆယ်စုနှစ်များက
သိပ္ပံစာရေးဆရာများက စိတ်ကူးယဉ်
 ဇာတ်လမ်းများ ရေးသားခဲ့ဖူးသည်။
သို့သော် သူတို့ စိတ်ကူးယဉ်မှုများမှာ

အမှန်တကယ် ဖြစ်လာကြသည်ကို တွေ့နေရသည်။ ယခုလည်း ပညာရေးတွင်
 စိတ်လှုပ်ရှားဖွယ်ရာ သတင်းတစ်ပုဒ်ကို ဖတ်ရပြန်ပါသည်။

များမကြာမီကာလတွင် ဂျပန် သုတေသီများက ကျောင်းသင် ဘာသာရပ်မျိုးစုံကို
 စာမေးပွဲဝင်ဖြေနိုင်မည့် စက်ရုပ်နှင့် AI မှတ်ဥာဏ်ကို တီထွင်လိုက်ပြီဖြစ်သည်။

ဂျပန်နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်ကြီး ၀င်ခွင့် စာမေးပွဲကို ကောင်းမွန်စွာ ဖြေဆိုနိုင်ရန် ယုံကြည်နေကြသည်။

၂၀၁၂ ခုနှစ် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်သို့ ၀င်ခွင့်စာမေးပွဲကို အမှတ်များများဖြင့်
 အောင်မြင်နိုင်စေရန် ဖူဂျစ်ဆုနှင့် ဂျပန် အမျိုးသား သတင်းအချက်အလက်နည်းပညာ
တက္ကသိုလ်က မျှော်လင့်ထားသည်။

စက်ရုပ်သည် မေးခွန်းများကို စိစစ်တွက်ချက်ခြင်း၊ သရုပ်ခွဲခြင်းတို့လုပ်ဆောင်ရန်
 မေးခွန်းလွှာပါ ပုံသေနည်းများနှင့် ညီမျှခြင်းတို့ကို စက်ရုပ်ဘာသာစကား အက္ခရာ
သင်္ချာသို့ ပြောင်းလဲရမည် ဖြစ်ကြောင်းသိရသည်။

လူသားများ နားလည်သည့် ဘာသာစကားကို စက်ရုပ်အနေဖြင့် နားလည်ရန် အခက်
အခဲတော့ ရှိနေသေးသည်။

မောက္ခသတင်း
Source: AFP

Sunday, September 23, 2012

တက္ကသိုလ်ဝင်စာမေးပွဲဝင်ခွင့် လျှောက်လွှာကြေး အပိုကောက်ခံ


ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့ရှိ အစိုးရအထက်တန်းကျောင်းတွင် ၂၀၁၃ ခုနှစ်
 တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ခွင့်လျှောက်
လွှာ အပိုငွေများကောက်ခံခဲ့ကြောင်း ကျောင်း
သားမိဘများထံမှ သိရသည်။

ဘုရားသုံးဆူမြို့အထက ပညာရည်ချွန် ဆုပေးပွဲအခမ်းအနား

ကရင်ပြည်နယ် ကြားအင်းဆိပ်ကြီးမြို့တွင် တက္ကသိုလ်ဝင်တန်း လျှောက်
လွှာကြေးတစ်စုံအတွက် မြန်မာငွေ ၂၅၀ဝ- ကျပ်နှုန်းပေးသွင်းကြရသော်လည်း
ဘုရားသုံးဆူမြို့နယ်ခွဲတွင် မြန်မာကျပ်ငွေ ၇၀ဝ၀ တန်ဖိုးနှင့်ညီမျှ သော
ထိုင်းဘတ်ငွေ ၂၅၀ ကောက်ခံခဲ့ခြင်း ဖြစ်သည်။

“ကျောင်းက ဒီတနင်္ဂနွေနေ့ဆို ကြာအင်းဆိပ်ကြီးကို လျှောက်လွှာသွား
တင်ကြတော့မယ်လို့ပြောတယ်၊ မနေ့ကအပြီးပေးသွင်းခဲ့ပြီးပြီ” ဟု ကျောင်းသားမိဘ
တစ်ဦးက ပြောသည်။

တက္ကသိုလ်ဝင်တန်းလျှောက်လွှာများကို ဘုရားသုံးဆူမြို့မှ ကြာအင်းဆိပ်ကြီးမြို့
သို့ သွားရောက်ပေးပို့ရသည့် အတွက် လမ်းခရီးဝန်ဆောင်ခစရိတ်ပါ အပိုကြေးငွေကောက်ခံခြင်းဖြစ်သည်ဟုလည်း ပညာရေးဝန်ထမ်း
တစ်ဦးက ပြောသည်။

အဆိုပါလျှောက်လွှာများကို နေပြည်တော်ရုံးအမှတ် ၅၂- မြန်မာနိုင်ငံစာစစ်(ရုံးချုပ်)
 နှင့် ရန်ကုန်မြို့၊ လှိုင်တက္ကသိုလ်ရှိ မြန်မာနိုင်ငံစာစစ်အဖွဲ့(ဇွဲကပင်ဆောင်)၌ ယခု
လစက်တင်ဘာ ၃ ရက်နေ့မှစတင်ရောင်းချခဲ့ပြီး လျှောက်လွှာပိတ်ရက်မှာ ယခုလ
၂၈ ဖြစ်သည်ဟု သတင်းစာများတွင် ရေးသားဖေါ်ပြခဲ့သည်။

ဘရားသုံးဆူမြို့ အထကတွင် ယခုနှစ်တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား
ဦးရေ ၈၀ ကျော်ရှိသည်။


Saturday, September 22, 2012

လုပ်ပိုင်ခွင့်အာဏာကို ရှေ့တန်းတင်ပြီး အာဏာပြနေသော ရန်ကုန်အဝေးသင်တက္ကသိုလ်မှ ဒုပါမောက္ခချုပ်အကြောင်း (ပေးစာ)

ရန်ကုန်အဝေးသင်တက္ကသိုလ်မှ ဒုတိယ
ပါမောက္ခချုပ်သည် အဂတိလိုက်စားသော
 အထက်အရာရှိများနှင့်ပူးပေါင်းကာ
အဝေးသင်တက္ကသိုလ်ဝင်းအတွင်းတွင်
 မြန်မာ့ဆက်သွယ်ရေးတာဝါတိုင် ဆောက်

လုပ်ခွင့်ပြုခြင်းတွင် ကျပ်သိန်ပေါင်း ၂၅၀၀၀၀၀ (နှစ်ဆယ့်ငါးသိန်း) လာတ်စားမှုရှိခဲ့တယ်။

ဒါ့အပြင် ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေသော ဆရာ/မ များအား ကျောင်းမတက်ဘဲ အပြင်တွင် အဝေးသင်ကျောင်းသား/သူများကို

ကျူးရှင်ပြနေကြသည်ဟု စွပ်စွဲခြင်း၊ အမှန်တကယ်က သူကိုယ်တိုင် တက္ကသိုလ်ဝင်တန်း
(ဆယ်တန်း)နှင့် အဝေးသင်ကျောင်းသား/သူ အချို့ကို အိမ်တွင်ခေါ်ကာ ကျူရှင်သင်နေ
သည်ကို လူသိမှာ၊ လူတွေပြောမှာကို စိုးရိမ်ပြီး ရှိရှိသမျှ ဆရာ/မ တွေကို ၀ါးလုံးရှည်ဖြင့် လှမ်းရိုက်ခြင်းပုံစံဖြစ်သည်။

သြဂုတ်လ တတိယအပတ်ကဆိုရင်(ယခု သြဂုတ်လ) သက်ဆိုင်ရာ ဘာသာရပ်ဌာနတွေကို

 လိုက်ပြီး အကြောင်း အမျိုးမျိုးကြောင့် ကျောင်းမတက်နိုင်ပဲ ခွင့်ယူထားသော ဆရာ/မ တွေကိုဆိုရင် ကျောင်းချိန်မှာ ကျူရှင် ထွက်သင်နေ ကြတယ် ပါမောက္ခ ဌာနမှူးများ ဒီကိစ္စကိုမသိကြဘူးလား၊ ပါမောက္ခဌာနမှူးလုပ်ပြီး ဒီလောက်တောင် အသုံးမကျဘူးလား———!
 ဆိုပြီး ရိုင်းစိုင်းစွာ ပြောဆိုသွားတာတို့ ဌာနအချို့တွင် ရှိခဲ့ပါတယ်။

နာယကဂုတ် (၆) ပါးမှာတစ်ပါးနှင့်မျှ မညီဘူး။ မိမိရာထူးတက်ဖို့အတွက် အထက်ဖားအောက်ဖိလုပ်ခြင်းသာဖြစ်တယ်။ တကယ်ဆိုရင် ဘယ်တက္ကသိုလ်က ဒုတိယပါမောက္ခချုပ်ပဲဖြစ်ဖြစ် အဝေးသင်ကျောင်းသား/သူများကို ကျူရှင် မပြသင့်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ သူတို့လက်ထဲမှာ အဝေးသင်မေးခွန်းရှိတယ်လေ။ နောက်ပြီး သူတို့မှာ နိုင်ငံတော်က ပေးထားတဲ့ facility အပြည့်အ၀လည်း ရထားတယ်။


အခွင့်အရေးလိုချင်လို့ ဒီလိုပြောတာ မဟုတ်ပါဘူး၊ မပြောမဖြစ် ပြောရာတာပါ။ သူကိုယ်တိုင်မဟုတ်တာတွေကို လျှောက်လုပ်ပြီး လူတကာတွေကို လိုက်စွပ်စွဲတာ

မဖြစ်သင့်တဲ့ ကိစ္စပါ၊ လူကြီးမဆန်ပဲ တော်တော်ရိုင်းတယ်။ ကျူရှင်ပြတဲ့ ဆရာ/မ များ
လည်းရှိကောင်းရှိမှပါ ဒါပေမဲ့ မပြတဲ့ဆရာ/မတွေအတွက် အခုလိုစွပ်စွဲတာဟာ
လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို စော်ကားတာနဲ့ အတူတူပါပဲ။

နောက်ပြီး အခုလက်ရှိ အစိုးရသစ်လက်ထက်မှာ နိုင်ငံတော်ကို အဘက်ဘက်က

 ပြုပြင်ပြောင်းလဲနေတဲ့ အချိန်မှာ ပညာရေးလည်း အဓိကအခန်းကဏ္ဍတက ပါဝင်နေတာ
ကို လူတိုင်းအသိ အကြီးအကဲများကလည်း တက္ကသိုလ် ဆရာ/မများ၏ အရည်အသွေးမြင့်မား
ရန် တစ်ခန်းတစ်ကဏ္ဍတက ကူညီဆောင်ရွက်ပြီး ပြုလုပ် နေတဲ့အချိန်မှာ ပြည်ပနိုင်ငံများက ပညာတော်သင်ခေါ်ရင် သက်ဆိုင်ရာသတ်မှတ်ချက်များပြည့်မီသော်လည်း ပညာတော်သင် လျှောက်လို့မရအောင် ဘက်ပေါင်းစုံမှ နှောင့်နှေးအောင်ပြုလုပ်ခြင်း၊

သက်ဆိုင်ရာဘာသာရပ်ဌာနများသို့ အကြောင်းကြား စာကို အချိန်နောက်ကျမှပေးပို့ခြင်း၊

ထို့အပြင် စီမံရေးရာဌာနမှူးများမှလည်း အချိန်မီ မဆောင်ရွက်ခြင်း၊
 ကျောင်းအုပ်ကြီး ထံ ထပ်ဆင့်တင်ပြမှုများကိုလည်း နောက်ကျမှသွားရောက်
တင်ပြခြင်း၊

ရုံးဝန်ထမ်းများလုပ်ရမည့်အလုပ်ကို ဆရာ/မများကို ပြန်လည်ခိုင်းစေခြင်း၊


သက်ဆိုင်ရာဘာသာရပ်ဌာနများနှင့် ကာယကံရှင် ဆရာ/မ ထံသို့ ပြန်လည် အကြောင်းကြား

ခြင်း တို့ကို အချိန်နှင့် တပြေးညီ မပြုလုပ်တာကြောင့် အထက်ကနိုင်ငံတော်အကြီး
အကဲ၏ ချမှတ်သောမူဝါဒတွေ မည်မျှပင် ကောင်းနေပါစေ ဒီလိုကျောင်းအုပ်ကြီးမျိုးနှင့်
လိုက်ဖက်ညီသော စီမံရေးရာမှ ၀န်ထမ်းများ ရှိနေသရွှေ့ ဤတက္ကသိုလ် တိုးတက်ဖို့
မလွယ်ပါဘူး။
ကျပ်သိန်ပေါင်း ၂၅၀၀၀၀၀ (နှစ်ဆယ့်ငါးသိန်း) လာတ်စားမှုဖြင့် ဆောက်လုပ်ခွင့်ပြုထားသော ဆက်သွယ်ရေးတာဝါတိုင်

ကျပ်သိန်ပေါင်း၂၅၀၀၀၀၀(နှစ်ဆယ့်ငါးသိန်း) လာတ်စားမှုဖြင့် ဆောက်လုပ်ခွင့်ပြုထားသော ဆက်သွယ်ရေးတာဝါတိုင်

ထို့အပြင် အပတ်စဉ်၊ လစဉ် ဌာနမှူးများ အစည်းအဝေးတွင် ဆရာ/မများ အရည်အသွေး မြင့်မားရန် ပြုလုပ်ရမည်ဟု အစည်းအဝေးတိုင်းတွင် မှာကြား
သည်ကို သက်ဆိုင်ရာ ပါမောက္ခဌာနမှူးများမှတဆင့် ပြန်လည်ပြောကြား၍ သိရှိရသည်။ နိုင်ငံတော်အကြီးအကဲများမှလည်း ဤကဲ့သို့မှာကြားထား
သည်ကို သိရှိရပါတယ်။

သို့သော် အဝေးသင်တက္ကသိုလ်တွင် အမှန်တကယ်လက်တွေ့မှာတော့အဲဒီလိုမဟုတ်ပါဘူး။

 စီမံနှင့် ဒုချုပ်ကို ဖားနိုင်သူကိုမှသာ အဆင်ပြေကြောင်း တွေ့ရပါတယ်။

ဆရာ/မများ အငယ်ပိုင်းတွေဆိုရင် preliminary (PhD) အကြိုသင်တန်း၊ Global English သင်တန်း၊

ဆီမီယိုနှင့် အခြားသော ဘာသာရပ်ဆိုင်ရာ အရည်အသွေးမြှင့်သင်တန်းများ တက်ရောက်ရန် ခွင့်ပြုချက် တောင်းခံသောအခါ၊ လူစားပေးမှ တက်ခွင့်ရမှာတို့၊ မူလတာဝန်ပျက်ကွက်မှု မရှိရတို့
စသည်ဖြင့် နည်းမျိုးစုံနှင့် ၀င်ခွင့်လျှောက်လွှာ တင်ရမည့်ရက်ထက် နောက်ကျအောင်
 ပြုလုပ်ဖန်တီးပြီး သင်တန်းတက်ခွင့်မရအောင်ပြုလုပ်နေပါတယ်။ အပြောနှင့်အလုပ်
 တော်တော်ကိုက်တဲ့ ဒုတိယပါမောက္ခချုပ်ပါလား။

မြန်မာနိုင်ငံပညာရေးလောက အထူးသဖြင့် အဆင့်မြင့်ပညာဦးစီးဌာနမှာ ဤကဲ့သို့

ဝန်ထမ်းမျိုး ရှိနေသရွေ့တော့ မြန်မာ့ ပညာရေးကို ရင်လေးမိပါတယ်။

လူကသာ အဆင့်မြင့်ပညာဦးစီးဌာနအောက်မှာ တာဝန်ထမ်းဆောင်နေတာ

 စိတ်ဓါတ် ကတော့ ဘယ်လောက်မြင့်လဲဆိုတာ ကိုယ်ကိုတိုင် စစ်ဆေးကြည့်
ဖို့လိုပါလိမ့်မယ်။

အဝေးသင်တက္ကသိုလ်ကျောင်းသား/သူများ

Thursday, September 6, 2012

ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ပညာသင်ရန် မြန်မာအင်ဂျင်နီယာ ၅၈ ဦး တရုတ်သွားမည်

ရန်ကုန်၊ စက်တင်ဘာ ၆
ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း

 ပညာရပ်ဆိုင်ရာ ဘာ သာရပ်တို့ကို 
 လေ့လာရန် တရုတ် နိုင်ငံသို့ မြန်မာ
အင်ဂျင်နီယာ လူ ငယ် အယောက် ၅၈

ဦး သွား ရောက်ကြမည်ဟု သိရသည်။

ဦးရေအများဆုံးအဖြစ် ပထမ ဦးဆုံး စတင်သွားရောက်မည့် အဆိုပါ လူငယ်တို့မှာ 

စီချင်ပြည် နယ်၊ ချန်ဒူးမြို့ရှိ Southwest Petroleum University တွင် ၃ လ ကြာ
သွားရောက်သင်ယူကြ မည်ဖြစ်ကာ စက်တင်ဘာ ၈ ရက်နေ့တွင် ရန်ကုန်လေဆိပ်မှ
 ထွက်ခွာကြမည် ဖြစ် သည်။

၎င်းတို့သည် သင်ယူပြီး မြန်မာနိုင်ငံသို့ ပြန်ရောက်လာပါ က ကျောက်ဖြူ-ကူမင်း ရေနံနှင့် 
သဘာဝဓာတ်ငွေ့ ပိုက်လိုင်းလုပ် ငန်းတွင် တာဝန်ထမ်းဆောင်ကြ မည် ဖြစ်ပြီး အပြည့်အဝ 
ပညာ သင်ဆု အပြင် လစဉ်လစာငွေ တို့ကိုပါခံစားကြရမည်ဟု သိရသည်။ကျောက်ဖြူ-ကူမင်း
 ရေနံ နှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံ ကိန်းကို မြန်မာတရုတ် CNPC ၊ အိန္ဒိယ၊
 တောင်ကိုရီးယား ဒေဝူး ကုမ္ပဏီတို့ ရှယ်ယာတို့ စုပေါင်း ကာ လုပ်ကိုင်နေသည


Popular News

Wednesday, August 29, 2012

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )