ချင်းပြည်နယ် ထန်တလန်မြို့ အထက်တန်း ကျောင်းအုပ်ဆရာကြီး U Htay Aung က
အလယ် တန်းပြဆရာ ဆရာ Lian Cung နှင့် ဆရာ PaChung တို့အား စာသင်မခိုင်းပဲ
လက်သမား ခိုင်းစားနေကြောင်း သိရသည်။
ဆရာ Lian Cung သည် အဌမတန်းကျောင်းသားတွေကို အင်္ဂလိပ်စာသင်ပြသူဖြစ်ပြီး ဆရာ PaChung သည် အဌမတန်း ကျောင်း သားတွေကို သင်္ချာ ဘာသာ သင်ပြသူဖြစ်ကြောင်း သိရ သည်။
“ ဆရာနှစ်ဦးကို ပျက်စီးသွားတဲ့ ကျောင်းအိမ်သာ၊ ကျောင်းခန်းအကာ၊ ရေအိုးစိမ် နဲ့ အခြားလက်သမားဆိုင် ရာအားလုံးကို လိုအပ်သလို လုပ်ခိုင်းတယ်၊ အင်္ဂလပ်စာနဲ့ သင်္ချာဆိုတာ အင်မတန်မှ အရေးကြီးတဲ့ဘာသာရပ် လေ” ဟု ကျောင်းသား မိဘတဦးက ပြောသည်။
ကျောင်းအုပ်ကြီးကသူတို့နေရာမှာ အင်္ဂလပ်စာ နှင့် သင်္ချာမေဂျာ ဘွဲ့မရသူများအား အစားထိုးသင်ကြားခိုင်း သဖြင့် ကျောင်း သားမိဘတွေ စိတ်မကောင်းကြကြောင်း ထို့ကြောင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် Pi Zatlem ထံ အကြောင်းကြား လိုက်သည်ဟုသိရသည်။
“မတတ်သာတဲ့အဆုံး Pi Zatlem ကို ပြောတော့တာပါ” ဟု ပြောသည်။
အဆိုပါ ကျောင်းဆရာနှစ်ဦးသည် လက်သမားသက်တမ်းသည် ကျောင်းအုပ်ဆရာကြီး Pu Tha Nawn လက်ထက် ၂၀၀၇ ခုနှစ်မှစပြီး ယခု ဦး U Htay Aung လက်ထက်အထိ သက်တမ်း ၆ နှစ် ရှိပြီဖြစ်ကြောင်း ပြောကြသည်။
“ ဆရာ နှစ်ဦး ခင်ဗျာ ကျောင်းဆရာပုံတောင် မပေါက်တော့ဘူး၊ ကျောင်းသားကလေးတွေတောင် ကျောင်း ဆရာလို့ မသိကြတော့ဘူး၊ လက်သမား လုံးလုံးဖြစ်သွားကြတယ်” ဟု ရုံး ၀န်ထမ်းတဦး က ပြောသည်။

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com