22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, September 15, 2012

"ပျက်စီးသွားသော CD, DVD မှ Data များကို ပြန်ယူနည်း"



စီဒီ၊ ဗီစီဒီ၊ ဒီဗီဒီတို့မှာ ခြစ်ရာများ၊ ထင်းရာများ
 ကြီးကြီးမားမားဖြစ်သွား လို့ ခွေ ဖွင့်မရတော့
တာမျိုး၊ မဖတ်တော့တာမျိုးတို့ ကြံဖူးမယ်
ထင်ပါတယ်။ 
 
 Laser printed လုပ်ထားတဲ့အတွက် လက်သည်းနဲ့ ချစ်မိရင်တောင် အခန့်မသင့်ရင် Data တွေပျက်ဆီးပါတယ်။ အဆိုးဆုံးကတော့ ခွေလုံးဝ ဖွင့်လို့ မရတော့တာပဲ ဖြစ်ပါတယ်။ အခု ဒီပြဿနာကို ဖြေရှင်း လို့ရတဲ့ ဆော့ဖ်ဝဲရှိပါတယ်။

အချက်အလက်အားလုံးကို အကောင်းအတိုင်း ပြန်မရဘူးဆိုရင်တောင်မှ စီဒီထဲမှာ ကျန်ရှိနေသေးတဲ့ အချက်အလက်၊ ရုပ်ရှင်၊ သီချင်း၊ MTV၊ Application အစရှိသဖြင့် အားလုံးကို ပြန်ရယူနိုင်မှာ ဖြစ်ပါတယ်။

၁။ အောက်ပါ လခ့်တွင် Roadkil’s Unstoppable Copierကို ဒေါင်းလုခ်ဆွဲပါ။

ဒီမှာဒေါင်းပါ။

၂။ unstopcp by techday.zip ကို Extract လုပ်ပါ။ unstopcpc.exe ကို run ပေးပါ။

၃။ မိမိ ဒေတာပြန်လိုချင်သော စီဒီကို ကွန်ပျူတာထဲ ထည့်ပါ။

၎။ ဖွင့်ထားတဲ့ Application မှာ Browse ကိုနှိပ်ပြီး ခွေကိုရွေးရ ပါမယ်။ ပြီးတော့ Target မှာ ကိုယ် save လုပ်ချင်တဲ့ နေရာကို ညွန်းပေးနိုင်ပါတယ်။ ယာယီအားဖြင့် Desktop ပေါ်တင်ချင်ရင်လည်း Desktop ကိုရွေးချယ်နိုင်ပါတယ်။

၅။ copy ကိုနှိပ်လိုက်ရင် သူ့အလိုအလျောက် ပြန်ပြီးတော့ ကော်ပီ လုပ်ပေးပြီ ဖြစ်ပါတယ်။

သို့ပေမယ့် Roadkil’s က အသုံးပြုရတာ နှေးတယ်ပါတယ်။ ဒါကြောင့် Data copy speed မြန်ချင်တယ်ဆိုရင်

၁။ ကိုrun ထားတဲ့ application – unstopcpc.exe က Setting Tab ကိုဝင်ပါ တယ်။

၂။ Best Data Recovery နဲ့ Fastest Data Recovery ကြားထဲက ကိုလိုသ လို မြန်သချင်သလောက် တင်ပေးလို့ရပါတယ်။ အဆုံးထိတင်လည်းရ ပါတယ်။

စာဖတ်သူတို့ အသုံးပြုလို့အဆင်ပြေမယ်လို့ မျော်လင့်ပါတယ်။

အောင်ခမ်း (TSJ team)
http://techspacejournal.blogspot.com/2012/09/cd-dvd-data.html
— with Zeya Kyaw, Phoetode Cie Thu Maung and K

Tuesday, September 11, 2012

ဗိုင်းရပ်အကိုက်ခံရပြီးနောက် ပျောက်ဆုံးနေသော Data များ

ကွန်ပျူတာတွေမှာ ဗိုင်းရပ် အကိုက်ခံရပြီး နောက်ပိုင်းမှာ Data ပျောက်ကွယ် နေတာ မျိုး ဖြစ်တတ်ပါတယ်။ ထည့်ထားတဲ့ DATA တွေ မတွေ့ရတော့တဲ့အခါ စိတ်ညစ်ပြီး Viurs ကင်းသွားအောင် ဆိုပြီး format ပြုလုပ်ဖို့တော့ မစဉ်းစားလိုက်ပါနဲ့ အမှန်တကယ်တမ်းက Virus တွေဟာ များသောအားဖြင့် DATA တွေကို Hidden File အဖြစ် ပြောင်းလဲလိုက်ပါတယ်။

ပြီးတော့ မိမိ DATA တွေအစား အမည်တူ Virus တွေကိုတည် ဆောက်လိုက်ကြပါတယ်။ အသုံးပြုသူက မသိလို့ သွားပြီး ဖွင့်မိတဲ့အခါမှာတော့ User ရဲ့ ခွင့်ပြုချက်နဲ့ Virus တွေကို Run ခွင့် ပြုလိုက်သလို ဖြစ်သွားပါတယ်။ ဒါဆိုရင်တော့ အခြေအနေတော်တော် ဆိုးသွားပါပြီ။ Window ရဲ့ .exe တွေကိုလိုက်ပြီး ပူးနေရင်တော့ ပြသနာက စပါပြီ။ ကွန်ပျူတာ အသုံးပြုသူတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ အမှားလေးကို ပြောပြချင်ပါတယ်။
Virus ကို Run ပြုလုပ်မိသွားမှ သတိထားမိပြီး ငါ့ကွန်ပျူတာတော့ Virus ကိုက်ပါပြီဆိုပြီး Antivirus တွေထပ်တင် Update တွေလုပ် ပြီးတော့ Full Scan နဲ့ စစ်ချလိုက်ပါရော။ အဲဒီအခါမှာ Virus တွေပါ ဝင်ရောနေတဲ့ Window ရဲ့ System file တွေ exe တွေ အားလုံးကို Antivirus က Virus အဖြစ်နဲ့မြင်ပြီး Virus ပေါင်း ထောင်နဲ့သောင်းနဲ့ချီ ကိုက်နေသလိုမျိုး ပြတတ်ပါတယ်။
Full Scan စစ်လို့မပြီးခင်မှာပဲ Window ဟာ Restart ဖြစ်ပြီး ပြန်မတက်လာနိုင်တဲ့ ဘဝမျိုးကို ခဏခဏ ရောက်ကျရပါတယ်။ Recycler, Copy Shortcut လို Virus မျိုးတွေဟာ DATA တွေကို Hidden File, Folder အဖြစ် ပြောင်းလည်းပစ်ကြပါတယ်။ Hidden ဖြစ်နေတဲ့ သာမာန် File, Folder တွေကို ဖော်ရတာ မခက်ပေမယ့် Virus ကိုက်လို့ ပြန်ဖော်ရတဲ့အခါမှာတော့ လွယ်လွယ်ကူကူ မရရှိပဲ အခက်တွေ့ကြရပါတယ်။ ဒါကြောင့် Hidden တွေကို ပြန်ဖော်တဲ့ နည်းလေးကို ဖော်ပြပေးပါမယ်။
၁။ ပထမဆုံးအနေနဲ့ Tools ထဲက Folder options ကိုဝင်လိုက်ပါ(shortcut နဲ့ သွားချင်တယ်ဆိုရင်တော့ Alt+T– Alt+o)။
၂။ Folder options Box ကျလာ ပါလိမ့်မယ်။ အဲဒီအထဲကမှ View ထဲက Show hidden files, folders, and drives ကိုရွေးပြီးတော့ အမှန်ခြစ်နှစ်ခု ကို ဖြုတ်ပေးလိုက်ပါ။ အမှန်ခြစ်ဖြုတ်တုန်းမှာ Yes or No မေးရင် Yes ကိုနှိပ်ပေးလိုက်ပါ။ အခုဆိုရင် Hidden ဖြစ်နေတဲ့ဖိုင်တွေ ပြန်ပေါ်လာပါပြီ။ ကျနော်တို့ Hidden Files ကို ပြန်ဖော်ဖို့က နည်းလမ်းသုံးသွယ်ရှိပါတယ်။
၁။ Hidden folder ကို Right click>Properties> Hidden ကို အမှန်ခြစ်လေးဖြုတ်ပေးလိုက်ရင်လဲ ရပါတယ်။ ဒါကတော့ သာမာန် Hidden တွေကို ဖြုတ်တဲ့နည်းပေါ့။
၂။ ဒုတိယနည်းကတော့ Command Prompt ထဲကနေ ပြန်ဖော်တာပါ။
ပထမဦးဆုံး Start> All Programs> Accessories> Command Prompt ကို ခေါ်လိုက်ပါ။ shortcut နဲ့ သွားချင်တယ်ဆိုရင်တော့ (win + R> cmd) Command Prompt box ကျလာပြီဆိုရင် attrib –s –h –r drive name): (hidden folder name)။
၃။ တတိယအနေနဲ့ကတော့ Unhide software နဲ့ ပြန်ဖော်တာပဲ ဖြစ်ပါတယ်။ အပေါ်ကနည်းတွေနဲ့ မရရင် ဒီနည်းက အကောင်းဆုံးပါပဲ။ Software ကို ကျွန်တော်ကိုယ်တိုင် ပြုလုပ်ပေးထားတာမို့ စိတ်ချစွာနဲ့ အသုံးပြုနိုင်ပါတယ်။
Software ကို အရင်ဆုံး http://www.saithantsin.com/2012/08/unhide-software.html  မှ Download ဆွဲလိုက်ပါ။ rar ဖိုင်ကို ဖြည်လိုက်ပါ။
Hidden folder ကို ဆွဲယူပြီးတော့ software လေးပေါ် တင်ပေးလိုက်ပါ။
ဒါဆိုရင် Folder, File တွေဟာ အလိုလို ပြန်ပေါ်လာပါလိမ့်မယ်။ Hidden ဖြစ်နေတဲ့ File, Folder တွေအားလုံးကို တစ်ခုခြင်းစီ ဆွဲတင်ပေးပါ။ အားလုံး အဆင်ပြေ သွားပါလိမ့်မယ်။
စိုင်းသန့်စင်
www.saithantsin.com

Sunday, September 2, 2012

ကွန်ပျူတာမှ ပြသနာများ ဖြေရှင်းနည်း ( E-Book )


 
ကျွန်တော် အခုတင်ပေးလိုက်မဲံ စာအုပ်လေးကတော့ ကွန်ပျူတာ သမား တော်တော် များများ ဆောင်ထား သင့်တယ်လို့ ထင်ပါတယ် ... အ သုံးလည်း ၀င်ပါတယ် .. ကျွန်တော်တို့ ကွန်ပျူတာတွေမှာ ဖြစ်တက်တဲ့ Error တော်တော် များများကို Bios /  Cmos ကနေစတင်ပြီး လေ့လာလို့ ရမှာ ဖြစ်သလို Error များ ဖြစ်လာပြီ ဆိုရင်လည်း ဘယ်လို ပြုပြင်မှု ပေးရမယ် ဆိုတာကိုလည်း လေ့လာနိုင်မှာ ဖြစ်ပါတယ် .. လိုအပ်တဲ့ သူများအတွက်တော့ ကျွန်တော် နှစနေရာခွဲပြီး တင်ပေးထားပါတယ် .. မိမိတို့ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ချသွားလိုက်ပါ ...

အားလုံးပဲ အဆင်ပြေကြပါစေ ...  ကျေးဇူးတင်ပါတယ်ခင်ဗျာ ...

Using Laptops ( Ebook )



အခု ကျွန်တော် တင်ပေးမဲ့ စာအုပ်လေးကတော့ ဆရာ ဦးအောင်မြင့် ရေးသားထားတဲ့ Using Laptops ဆိုတဲ့ စာအုပ်လေးပဲ ဖြစ်ပါတယ် .. ဒီစာအုပ်လေးမှာ Laptop အကြောင်းကိုသာ မကပဲ Tablets အကြောင်းကိုလည်း ထည့်သွင်းရေးသား ပေးထားပါတယ် ..  ကျွန်တော်တို့ Laptop တွေအကြောင်းကို သိချင်သူများ အတွက်တော့ ဒီစာအုပ်လေးက အများကြီး အထောက်အကူ ပြုပေးမှာ ဖြစ်ပါတယ်. . လိုအပ်တဲ့ သူများ အတွက်တော့ ကျွန်တော် အောက်မှာ နှစ်နေရာ ခွဲပြီး တင်ပေးထားပါတယ် ။။ မိမိတို့ အဆင်ပြေတဲ့ လင့်ကနေသာ ယူသွားလိုက်ပါ..

အားလုံးပဲအဆင်ပြေကြပါစေ ...  ကျေးဇူးတင်ပါတယ်ခင်ဗျာ..

Tuesday, August 28, 2012

USB Disk Security 6.2.0 Full Keygen


ဟိုးအရှေ့မှာလည်း တော်တော်များများတင်ပေးခဲ့ပြီးပါပြီ။ ဒါပေမယ့် လင့်ခ်လေးတွေ ကတော့ သေနေလောက်ပြီထင်ပါတယ်။ အရင်အဟောင်းတွေကိုတော့ ကျွန်တော်ပြန်မ တင်ပေးတော့ပါဘူး။ နောက်ပိုင်းမှာ Update ဖြစ်တာလေးတွေကိုပဲ Full Version လေးရအောင်တင်တင်ပေးသွားပါ့မယ်။ ကျွန်တော် စာသိပ်မရေးဖြစ်တာကို ခွင့်လွှတ်ပေးပါဗျာ။ ကျွန်တော်စာပြန်ရေးပါ့မယ်။ မေးထားတာတွေကိုလည်း ကျွန်တော် အကောင်းဆုံး   ဖြစ်အောင်ကြိုးစားဖြေထား တာလေးတွေကို တင်ပေးသွားပါ့မယ်။ အခု ဒီ USB Disk Security လေးရဲ့ ဖိုင်ဆိုဒ်ကတော့ 4.9 MB ပဲရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ.။

USB Disk Security 6.2.0 Full Keygen 



အားလုံးပဲအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Windows 8 Activator v1.5.1



ကျွန်တော် ဒီတစ်ခါ Window 8 အသုံးပြုသူများအတွက် Activator လေးတင်ပေးလိုက်ပါတယ်။ တစ်ချက်ရှိတာကတော့ ကျွန်တော်တို့ Window 7 လိုတော့ အပြည့်မရသေးပါဘူး။ ဒါပေမယ့် ရက်ပေါင်း ၁၈၀ ရပါတယ်။ ရက်ပြည့်သွားရင်တော့ ဒီ Program လေးကို နောက်တစ်ကြိမ် ထပ် RUN လိုက်ပါ။ အဆင်ပြေပါလိမ့်မယ်။ကျွန်တော်တို့ ဒီကောင်လေးရဲ့ ဖိုင်ဆိုဒ်ကတော့ 6 MB ပဲရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ.။
ကျွန်တော်အောက်မှာ အဆင်ပြေအောင်နှစ်နေရာ ခွဲတင်ပေးထားပါတယ်။ အဆင်ပြေ မယ့်လင့်ခ် လေးကနေသာ ယူသွားလိုက်ပါဗျာ.။



Windows 8  Activator v1.5.1
အားလုံးပဲအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ.။ကျေးဇူးတင်ပါတယ်ခင်ဗျာ.။

Wednesday, August 22, 2012

Core i7 ချင်းအတူတူ ဘယ်သူမြတ်သလဲ?


 Core i7 ချင်းအတူတူ ဘယ်သူမြတ်သလဲIntel ရဲ့ Core i တတိယမျိုးဆက် ဖြစ်တဲ့ Ivy Bridge တွေ ထွက်လာ ပါပြီ။  နောက်မျိုးဆက် ထွက်လာရင် နိုင်ငံတကာမှာ ထုံးစံအတိုင်း ရှေ့မျိုးဆက်ကို ဈေးချ တယ်။ မြန်မာပြည်မှာ ရှေ့မျိုးဆက် ကို ဈေးမချဘူး။ နောက်မျိုးဆက်ကို ဈေးတင်ရောင်းတယ်။ သြဂုတ်လ ICT ပြပွဲမှာ Ivy Bridge တချို့ကို စပြီး တွေ့ရဖို့ ရှိပါတယ်။ ဒါပေမဲ့ ရွေးချယ် ပိုင်ခွင့် များများစားစားက ၂၀၁၂ နှစ်ကုန်ပိုင်းလောက်မှ ရပါလိမ့်မယ်။
Ivy Bridge ပါတဲ့ ကွန်ပျူတာတွေဟာ Sandy Bridge ပါတဲ့ Processor တွေထက်တော့ ဈေးပိုပြီးပေးရမှာ သေချာတယ်။ ဈေးပိုပေးဖို့ ထိုက်တန်ရဲ့လား ဆန်းစစ်ကြည့်ရအောင်။ Intel ရဲ့Tick နဲ့ Tock ပေါ်လစီရဆိုရင် ဒါဟာ Sandy Bridge ကနေ လုံးလုံးလျားလျား ပြောင်းလဲလာတဲ့ Tick ဖြစ်ပါတယ်။
Ivy Bridge ဟာ 22 nm Processor ဖြစ်ပြီး Sandy Bridge က 32 nm Processor ပါ။ Tick ရဲ့ သဘာဝအတိုင်း Processor ဟာ Efficiency တက်လာမယ်။ အသစ်မထွက်မီ Architexture ပိုင်း အသေးစားပြောင်းလဲမှု (Tock) တွေ လုပ်ပါမယ်။ Tock က မျိုးဆက်သစ် Processor ထွက်ပြီး တစ်နှစ်ဝန်းကျင်မှာ ထွက်လာလေ့ ရှိပါတယ်။
Ivy Bridge တွေမှာ Trigate Transistor နည်းပညာ ပါလာပါပြီ။ ဒါကြောင့် Core-i7 ချင်း တူရင်တောင် သူ့မှာ Low voltage performance ပိုကောင်းပါမယ်။ ပါဝါစားသုံးမှုကို ပိုပြီး ချွေတာနိုင်ပါမယ်။ Core-i Series အသစ်တွေမှာ ပါလာမယ့် Graphic Processor ဟာ HD 4000 ပါ။ ဒါကြောင့် Direct XII နဲ့ HDPI Graphic ကို အထောက်အပံ့ ပေးပါမယ်။
Performance အပိုင်း ဘယ်လောက် တက်လာသလဲ သိရအောင် Base Clock Speed 3.5GHz ရှိပြီး Turbo boost (Over Clock) လုပ်ရင် 3.9 GHz ထိ ရနိုင်တဲ့ Core i7-2000 K (Sandy Bridge) နဲ့ Core i7-3770K (Ivy Bridge) တို့ကို နှိုင်းယှဉ်ပြီး စမ်းသပ်ပါတယ်။ နောက်ဆုံးပေါ် DZ 77 GA 70K Motherboard တွေပေါ်တင်ပြီး စမ်းတာပါ။ RAM DDR3 1600 MHz 16Gb နဲ့ Win 7 Home Premium 64 bit version ကို သုံးပါတယ်။ Hard Disk ပေါ်မှာ စမ်းသပ်တာ မဟုတ်ဘဲ 256 Gb ရှိတဲ့ SSD (Intel) ပေါ်မှာတင်ပြီး စမ်းတာလည်း ဖြစ်ပါတယ်။
MotherBoard က Graphic card စိုက်လို့ရတာမို့ AMD Radeon HD 6850 Card ကိုလည်း စိုက်ထားပါတယ်။ Core i7 မျိုးဆက်နှစ်ခုကို နှိုင်းယှဉ်ပြီး စမ်းသပ်တဲ့ ပထမဆုံး စမ်းသပ်ချက်က Application Performance ဖြစ်ပါတယ်။ World bench 6 ဆော့ဖ်ဝဲသုံးပြီး ကွန်ပျူတာပေါ်မှာ အမှန်တကယ် သုံးရတဲ့ နေ့စဉ် လုပ်ငန်းဆောင်တာသုံး Application တွေအပေါ်မှာ Processor ရဲ့ စွမ်းဆောင်ရည်ကို တိုင်းတာပါတယ်။
World Bench 6 ရဲ့ တိုင်းတာချက် အရဆိုရင် Core i7 (Ivy Bridge) Processor ဟာ Core i7 (Sandy Bridge) Processor ထက် စွမ်းဆောင်ရည်ပိုင်းမှာ နည်းနည်းပဲ သာတယ်ဆိုတာ တွေ့ရပါတယ်။ Processor အမြင့်ကို တက်သုံးတဲ့အတွက် အလုံးစုံ စွမ်းဆောင်ရည် တိုးတက်မှုဟာ ၂.၆ ရာခိုင်နှုန်းပဲ ရှိပါတယ်။ Application တစ်ခုချင်းအလိုက် ပြောရရင် တချို့ Application တွေမှာ စွမ်းဆောင်ရည် ၆ ရာခိုင်နှုန်းအထိ တိုးတက် လုပ်ဆောင်နိုင်တယ်ဆိုတာ တွေ့ရပါတယ်။
စွမ်းဆောင်ရည် တိုးတက်မှုက အထင်ကြီးစရာ မရှိဘူးဆိုပေမယ့် World Bench 6 ဆော့ဖ်ဝဲ ရဲ့ Ageing test application ဟာ Processor အသစ်ရဲ့ အားသာချက်တွေကို အကဲဖြတ်ရာမှာ ထည့်မတွက်ဘဲ Processor နှစ်ခုလုံးမှာ တူညီစွာရှိတဲ့ စွမ်းဆောင်ချက်တွေပေါ်မှာ မူတည်ပြီး အကဲဖြတ်သွားတယ်ဆိုတာ သတိပြုဖို့ လိုပါတယ်။ ဒုတိယစမ်းသပ်တဲ့ နေရာက Video transcoding ဖြစ်ပါတယ်။ Video code ကို အသစ်ပြောင်းရေးတဲ့ လုပ်ငန်းစဉ်ပါ။ အရပ်အခေါ်ကတော့ Format ပြောင်းတာပေါ့။
အဲဒီစမ်းသပ်ချက်မှာ Cyber Link ကထုတ်တဲ့ Media Espresso ဆော့ဖ်ဝဲသုံးပြီး 1080p အဆင့်ရှိတဲ့ Bluray Video Clip အပိုင်းတို ၁၆ ခုကို iPad ပေါ်မှာ ကြည့်နိုင်မယ့် Format အဖြစ် ပြောင်းကြည့်ပါတယ်။ Media Espresso ဟာ Intel processor ရဲ့ Quick Sync Video technology ရဲ့ အားသာချက်ကို ယူပြီးသုံးပါတယ်။
Processor မှာတွဲထားတဲ့ Graphic processor ရဲ့စွမ်းဆောင်ရည်ကို မြှင့်ယူနိုင်တဲ့ နည်းပညာပါ။ ဒီနေရာမှာတော့ Core i7-3770k ဟာ Sandy Bridge Core i7 ထက် စွမ်းဆောင်ရည် ၄၅ ရာခိုင်နှုန်း သာလွန်တယ်ဆိုတာ တွေ့ရပါတယ်။ Processor အသစ်ဟာ အဲဒီလုပ်ငန်းစဉ်အတွက် ၁ မိနစ်နဲ့ ၃၇ စက္ကန့်သာ အချိန်ယူပြီး Processor အဟောင်းကတော့ ၂ မိနစ်နဲ့ ၂၁ စက္ကန့် အချိန်ယူပါတယ်။
Ivy Bridge မှာ ပါလာတဲ့ Graphic Engine ဟာ Sandy Bridge ထက် အများကြီး ပိုကောင်းတယ်ဆိုတာ ပြလိုက်သလိုပါပဲ။ ဗီဒီယို ရိုက်ကူးတည်းဖြတ် ထုတ်လုပ်ရေးသမားအတွက် ဝမ်းသာစရာ သတင်းဖြစ်ပါတယ်။နောက်ထပ် စမ်းသပ်တဲ့ နေရာတစ်ခုကတော့ ဂိမ်းကစားတဲ့ နေရာပါ။ ကွန်ပျူတာ သုံးစွဲသူ အတော်များများဟာ ဂိမ်းကစားတာနဲ့ မကင်းဘူး မဟုတ်လား။ ဂိမ်းဝါသနာရှင်တွေအတွက် Intel processor မှာ တွဲထည့်ပေးလိုက်တဲ့ Integrated graphic ဟာ အလုံးစုံသော ဂိမ်းတွေ ကစားဖို့အတွက် စွမ်းဆောင်ရည် မကောင်းပါဘူး။
ဒါပေမဲ့ HD 4000 Graphic ဟာ အဟောင်းထက်စာရင် စွမ်းဆောင်ရည် သိသိသာသာ တိုးတက်မှုတော့ ရှိပါတယ်။ Processor အဟောင်းနဲ့ မနိုင့်တနိုင် ဝန်ထမ်းပြီး ကစားခဲ့ရတဲ့ ဂိမ်းတွေဟာ Processor အသစ်ရဲ့ Graphic processor အသစ်မှာ ချောချောမွေ့မွေ့ ကစားနိုင်ပြီး ရုပ်ထွက်လည်း ပိုကောင်းလာပါတယ်။
Processor တွေရဲ့ Graphic စွမ်းရည်ပိုင်းကို စမ်းသပ်ရာမှာ အမြဲသုံးနေကျဖြစ်တဲ့ Crysis ကို 1280 x 720 (HD) နဲ့ Benchmark လုပ်ပြီး တိုင်းတာကြည့်တော့ Low quality mode မှာProcessor အသစ်ဟာ အဟောင်းထက် စွမ်းဆောင်ရည် ၁၅.၂ ရာခိုင်နှုန်း ပိုပြီး ကောင်းတယ်ဆိုတာ တွေ့ရပါတယ်။ Medium quality ကိုတင်ပြီး စမ်းလိုက်တဲ့အခါမှာ စွမ်းဆောင်ရည် တိုးတက်မှုဟာ ၃၆ ရာခိုင်နှုန်းအထိ ရှိတာမို့ Core i7 (Ivy Bridge) ရဲ့ Graphic စွမ်းဆောင်ရည်ဟာ အထင်ကြီးစရာ ကောင်းပါတယ်။ ကွန်ပျူတာ သုံးစွဲတဲ့အခါမှာ စွမ်းဆောင်ရည် မြင့်တာတွေချည်း ကြည့်လို့မရပါဘူး။ စွမ်းဆောင်ရည်နဲ့ ပါဝါစားသုံးမှုဟာ မျှမျှတတ ရှိရဲ့လားဆိုတာ ကြည့်ရပါတယ်။
ပါဝါစားသုံးမှု နည်းနည်းနဲ့ အလုပ်ပြီးမြောက်အောင် ချောချောမွေ့မွေ့ ဆောင်ရွက်သွားနိုင်မယ်ဆိုရင် ပိုကောင်းတာပေါ့။ Laptop ကွန်ပျူတာကိုင်ပြီး အပြင်မှာ တစ်နေကုန် အလုပ်လုပ်ရသူတွေအတွက် ဘက်ထရီအသုံးခံချိန် ပိုမြင့်လာမယ်ဆိုရင် ဝမ်းသာစရာပဲ မဟုတ်လား။ အပေါ်မှာပြောခဲ့တဲ့ Motherboard ပေါ်မှာ Processor တွေကို တစ်လှည့်စီတင်ပြီး System power consumption ကို နှိုင်းယှဉ် စမ်းသပ်ပါတယ်။ စမ်းသပ်ချက်က နှစ်မျိုးပါ။
ပထမစမ်းသပ်ချက်က System ကို ဘာအလုပ်မှ မခိုင်းဘဲ Idle ဖြစ်နေတဲ့ အနေအထားမှာ ပြလုပ်တာဖြစ်ပြီး ဒုတိယစမ်းသပ်ချက်က Media Espresso အလုပ်လုပ်နေတဲ့ အချိန်မှာ စမ်းသပ်တာ ဖြစ်ပါတယ်။ System Idle ဖြစ်နေချိန် စမ်းသပ်တာကတော့ သိပ်ပြီး မထူးခြားလှပါဘူး။ Ivy Bridge မှာ 55 Wat သုံးစွဲပြီး SandyBridge မှာ 58 Wat သုံးစွဲပါတယ်။ Media Espresso ကသုံးပြီး Load မောင်းတင် လိုက်ချိန်မှာတော့ ကွာခြားချက်က သိသာလာပြီ။ 22nm Processor နဲ့ သူ့ရဲ့ Tri Gate နည်းပညာရဲ့ အစွမ်းပြမှုကို တွေ့လာရပါပြီ။
အဲဒီအချိန်မှာ Sandy Bridge Core i7 က 142 Watt စားသုံးပြီး Ivy Bridge Core i7 က 113 Wat ပဲစားသုံးပါတယ်။ ပါဝါစားသုံးမှု နိမ့်တဲ့အချိန်မှာပဲ Ivy Bridge Core i7 ဟာ စွမ်းဆောင်ရည် ၄၅ ရာခိုင်နှုန်း ပိုပြီးကောင်းနေတယ် ဆိုတာကလည်း သတိပြုဖို့ကောင်းတဲ့ ကိစ္စဖြစ်ပါတယ်။ အလုံးစုံခြုံပြီး ပြောရမယ်ဆိုရင် ကွန်ပျူတာအသစ် ဝယ်မယ့်လူတွေဟာ Ivy Bridge ကို ပိုပြီးရွေးသင့်တယ်။
သူ့ရဲ့ အားသာချက်ဟာ Core i series အားလုံးမှာ အလားတူ ဖြစ်လိမ့်မယ်။ Sandy Bridge သမားတွေကလည်း အားငယ်စရာ အကြောင်းမရှိပါဘူး။ Socket အတူတူမို့ Processor အသစ် ပြောင်းဝယ်ပြီး MotherBoard အဟောင်းပေါ်မှာ တပ်ရုံပါပဲ။ Ivy Bridge processor တွေဟာ Laptop ကိုင်ဆောင်သူတွေကို ပိုပြီး အကျိုးရှိစေပါလိမ့်မယ်။ Graphic ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ပိုကောင်းလာပြီး ဘက်ထရီ အသုံးခံချိန် ၂၀ ရာခိုင်နှုန်းကနေအထက် တက်လာနိုင်လို့ ဖြစ်ပါတယ်။

Friday, June 8, 2012

TeamViewer 7.0.12541.0 with + Crack


TeamViewer 7.0.12541.0 with + Crack
ဒီကောင်လေးကိုတော့ ကွန်ပျူတာအသုံးပြုနေတဲ့ မိတ်ဆွေများ သိပြီးဖြစ်မှာပါ .မိမိတို့ ကွန်ပျူတာထဲမှာ ဒီဆော့ဝဲလ်လေးကိုထည့်ထားခြင်းအားဖြင့် ကွန်ပျူတာတစ်လုံးနှင့်တစ်လုံး( အထက် ) များကို ကွန်ပျူတာ တစ်လုံးထဲမှနေပြီး အမိန့် ပေးစေခိုင်းလို့ ရနိုင်ပါတယ်. အသုံးပြုရတာလဲလွယ်ကူပါတယ်. အသုံးပြု မည့်ကွန်ပျူတာတိုင်းကတော့ အွန်လိုင်းချိတ်ဆက်ထား ဖို့ လိုမှာဖြစ်ပါ တယ်. သူက အွန်လိုင်း အသုံးပြုပြီး အလုပ်လုပ်မှာဖြစ်တဲ့ အတွက်ကြောင့်ပါ။ကျနော်တို့ မြန်မာနိုင်ငံက မိတ်ဆွေများ အနေ နဲ့ အ ရမ်း အသုံး ဝင်တဲ့ ဆော့ဝဲလ်လေးဖြစ်ပါတယ်.အရမ်းဆိုဒ်ကြီးတဲ့ ဆော့ဝဲလ်တွေကို မိမိတို့ သူငယ်ချင်းတယောက်ဆီမှာ ရှိနေရုံနဲ့  မည်သည့် မန်မိုနီတွေကိုမှ အသုံးပြုစရာမလိုဘဲ အလွယ်တကူရွေ့ ပြောင်း မျှဝေပေးနိုင်ပါတယ်။ ဒီဆော့ဝဲလ်လေးကပေါ်နေတာကြာပြီဖြစ်ပေမယ့်လည်း တချို့ မိတ်ဆွေများ တကယ်မလုပ် တက်သေးကြ ဘူး လို့ ပြောပါတယ်.ကျနော်ပုံလေးတွေနဲ့ မရှင်းပြတော့ပါဘူးအတိုဆုံးအရှင်းဆုံးစာနဲ့ ဘဲညွှန်ပြပေးပါမယ်။
၁- ဒီဆော့ဝဲလ်လေးကို မိမိတို့ စက်ထဲမှာထည့်သွင်းလိုက်ပါ။ full version ဖြစ်အောင် တခါထဲလုပ်ပေးပါ။
How to Install:

a. Install from "TeamViewer_Setup.exe"
b. Don't run the program, if running, then exit
c. Extract the contenets of "CRACK" folder and paste [replace] in to the installed folder.
 
Crack File ထည့်နည်း

crack file ထဲမှာရှိတဲ့ ဖိုင်အားလုံးကို copy ယူပါ > TeamView icon > Right Click > Properties > Shortcut > Open File Location မှာသွားပြီး paste လုပ်လိုက်ပါ။ မှတ်ချက်။   ။တကယ်လို  error တစ်ခုခု ပြလာခဲ့ရင် 
Task Manager > services > TeamView7 > Right Click > Stop Service ကို Click လိုက်ပြီး အထက်ပါလမ်းကြောင်းအတိုင်း ပြန်ပြီး paste ပြန်လုပ်လိုက်ပါ ။
၂-ဆော့ဝဲလ်ကစက်ထဲမှာနေရာယူပြီးပြီဆိုရင် ၎င်းစက်အတွက် Team Viewer software > Allow Remote Cotrol အောက်မှာ ကိုယ်ပိုင် IP & PASSWORD ရပါလိမ့်မယ်။ IP ကတော့အမြဲတမ်းအသုံးပြုနိုင်ပြီး password ကတော့ တစ်ခါသုံးရင်တစ်ခါပြောင်းနေပါ လိမ့်မယ်။
၃- မိမိမှာ ip & password ရပြီးဆိုရင် အထက်ပါအတိုင်း မိမိနဲ့ ချိတ်ဆက်မယ့် ကွန်ပျူမှာလဲ ဒီဆော့ဝဲလ်ကိုထည့်သွင်းပြီး IP & PASSWORD ယူဖို့ လိုအပ်အုံးမှာဖြစ်ပါတယ်။ ဆိုလိုတာကတော့ မိမိတို့  အသုံးပြုဆက်သွယ်မယ့်ကွန်ပျူတာတိုင်းမှာ ဒီဆော့ဝဲလ်နဲ့  IP & PASSWORD တွေရှိနေရမှာပါ။
၎- အခုဆိုရင် မိမိတို့ စပြီးတော့ အွန်လိုင်းဖြစ်နေတဲ့ ကွန်ပျူတာ နှစ်လုံးကို စတင်ပြီး အသုံးပြုပါတော့မယ်။ ဒီနေရာမှာ တစ်ခုသတိထားစေချင်တာက မိမိနှင့်အခြားသူများပါ မိတ်ဆွေအဆင့်မယုံကြည်နိုင်ရသေးတဲ့ မည်သူ့ ကိုမဆို ဒီနည်းလမ်း ကို အသုံးမပြုစေချင်ပါဘူး အရေးကြီးတဲ့ ဖိုင်တွေ ခိုးယူနိုင်သလို ၊ မိမိရဲ့ ဖိုင်တွေလဲ ခိုးယူသွားနိုင်ပါတယ်။ မိမိအနေနှင့်အသုံးပြုမယ်ဆိုရင် တခြားကွန်ပျူမှာရှိနေတဲ့ Team Viewer software ရဲ့   IP & PASSWORD ယူပြီး မိမိစက်မှာရှိနေတဲ့  Team Viewer software > Control remote computer အောက်က Partner IP အကွက်မှာ  IP နံပါတ်ထည့်ပြီး connect to partner ကို click ပေးလိုက်ပါ။ ပြီးရင် password တောင်းပါလိမ့်မယ် ထည့်ပေးလိုက်ပြီးရင်တော့ မိမိတို့ ကွန်ပျူတာ နှစ်လုံး စတင်ပြီးနည်းပညာနှင့် အခြားအထွေထွေကိုဖလှယ်လို့ ရပါပြီး audio / video / chat စတာတွေကိုလဲ ပြုလုပ်နိုင်ပါတယ်. ဖိုင်တွေ ၊ ပရိုဂရမ်တွေပို့ ချင်တယ်ဆိုရင်တော့ File Transter မှာ ပို့ လို့ ရပါတယ်. ဖိုင်လက်ခံတဲ့ receive မှာ မိမိတို့ လက်ခံမယ့်နေရာကို ညွှန်းပေးရပါမယ်။ ဒီလောက်ဆိုရင်  ဒီဆော့ဝဲလ်လေးကိုအသုံးပြုနိုင်ကြပြီလို့ ထင်ပါတယ်. 

Operating System Supports:

Windows 98/NT(Service Pack 6a, at least IE 5.5)/Millennium Edition
Windows 2000/XP/Vista/7 (32+64 bit)
Windows Server 2003/Home Server/Server 2008/Server 2008R2/Home Server 2011

အသုံးပြုချင်တဲ့မိတ်ဆွေများ အောက်မှာ download ယူနိုင်ပါတယ်။
DOWNLOAD:

ကွန်ပြူတာအများအပြားအား Remote လုပ်ကာထိန်းချုပ်ထားနိုင်သော LiteManager Pro v4.4.0


                      LiteManager Pro ဟာ သင့်ကွန်ပြူတာအား အဝေးမှ ထိမ်းချုပ်ကိုင်တွယ်နိုင်တဲ့ Remote
ဆောဖ့်ဝဲလေးတစ်ခုဖြစ်ပါတယ်။ LiteManager Pro ဟာလွယ်ကူမြန်ဆန်ခြင်း၊လုံခြုံစိတ်ချမှုရှိခြင်းတို့အပြင်
သင့် PC အားမည်သည့်နေရာမှ မဆို ထိန်းချုပ်အသုံးပြုနိုင်စေမည့် ဆောဖ့်ဝဲတစ်ခုလို့ ဆိုနိုင်ပါတယ်။ ထိုကဲ့
သို့ Remote အနေဖြင့်အသုံးပြုမည်ဆိုပါက သင့်ကွန်ပြူတာ၏ Screen အား အရွယ်အစားသေးငယ်သော Window တစ်ခုအနေဖြင့် အမြဲတမ်း Monitor လုပ်နိုင်ရန် ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ထိုကဲ့သို့ Remoteလုပ်
ကာ PC အားအဝေးမှ ထိန်းချုပ်ကြည့်ရှုနေစဉ်မှာပင် Keyboard, Mouse တို့ဖြင့် Control လုပ်နိုင်မှာ ဖြစ်
ပြီး နှစ်သက်သလို manage ပြုလုပ်နိုင်ပါတယ်။




                         LiteManager Pro ဟာ Remote အပြင် အခြားသော Feature များကိုပါထည့်သွင်းပေး
ထားတဲ့ ဆောဖ့်ဝဲကောင်းတစ်ခုဖြစ်ပါတယ်။ LiteManager Pro တွင် System တစ်ခုလုံးအား ထိန်းချုပ်နိုင်
သည့် Administrator Tool များ၊ Remote launch များကိုထည့်သွင်းပေးထားတာကြောင့် File များအား Transfer ပြုလုပ်ကာပြောင်းရွှေ့ရယူခြင်း၊ Task manager အားအသုံးပြုထိန်းချုပ်နိုင်ခြင်း၊ အသံများနှင့်လုပ်
ဆောင်ချက်များ အားလုံးအား မှတ်သားထားနိုင်ခြင်း ၊ တို့ကိုဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ LiteManager Pro တွင် Client module LiteManager Viewer နှင့် Server Module LiteManager Server ဆိုပြီး အပိုင်း
နှစ်ပိုင်း ခွဲခြားပေးထားပါတယ်။ Client အား Administrator ကွန်ပြူတာတွင် ထည့်သွင်းထားရန် လိုအပ်ပြီး Server အား Remote ကွန်ပြူတာတွင်ထည့်သွင်းပေးထားရမှာဖြစ်ပါတယ်။ LiteManager Pro အား ထည့်
သွင်းပြီးပါက IP address ကို သတ်မှတ်ပေးရမှာဖြစ်ပြီး Server အတွင်းဝင်ရောက်ရာတွင်လည်း password
ပေးကာ သတ်မှတ်ပေးထားလို့ ရပါတယ်။
http://api.ning.com/files/MD*QRO8USlAjXsm0gzIMrxwZajH4ZWIGGlltd4I7Ru-9ddI6pPnKBbqeeKsWaOW93iUnvE3ujyu0AsECgHgIalNuHvn9-dMv/fig2.jpg




LiteManager Pro ဟာအသုံးပြုရလွယ်ကူပြီး Windows 7 တွင်လည်း ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ Remote ပြုလုပ်ကာ ထိန်းချုပ်ရာတွင်လည်း ကွန်ပြူတာတစ်လုံးအပြင် အခြားသော ကွန်ပြူတာအများ အပြားအား Remote ပြုလုပ်နိုင်ပြီး Administrator မှ အခြားသော ကွန်ပြူတာအားလုံးအား ထိန်းချုပ်နိုင်ရန် ရည်ရွယ်ပြီး ပြုလုပ်ထားတဲ့ ဆောဖ့်ဝဲတစ်ခုဖြစ်ပါတယ်။

http://api.ning.com/files/9XVZeERtDAwZrkx59IuL3FoMvNgbHmmK6py-iVMINE8LdwO-bCjxsGxoSp-Ls0D3EalIopNs6F56oEOve5XuEyU2Y9fNEZH8/fig3.jpg

LiteManager Pro ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဖိုင်များ Transfer ပြုလုပ်ခြင်း၊ Remote Task Manager အနေဖြင့် အသုံးပြုခြင်း၊ Power manage ပြုလုပ်ခြင်း၊ Text Chat အနေဖြင့် အသုံးပြုနိုင်ခြင်း၊ အခြားသော ကွန်ပြူတာများရဲ့လုပ်ဆောင်ချက်များအား စောင့်ကြည့်နိုင်သော Recorder အနေဖြင့် အသုံးပြုနိုင်ခြင်း၊ Network Map အနေဖြင့် အသုံးပြုနိုင် ခြင်း၊ Remote installation များပြုလုပ်နိုင်ခြင်း၊ Server များမှတဆင့်
လိုအပ်သော information များအား ရှာဖွေခြင်းစတာတွေ အတွက်အသုံးပြုနိုင်တဲ့ Remote ဆောဖ့်ဝဲလေး
တစ်ခုဖြစ်ပါတယ်။

ဒီလောက်ဆိုရင်တော့ ဒီ LiteManager Pro ရဲ့ အကြောင်းတော့ ကောင်းကောင်းလေးသိလောက်ပါပြီဗျာ
ဒီ Post လေးကိုမူရင်းရေးသားထားသူကတော့ ကျွန်တော်နဲ့ ညီအကိုလိုခင်နေတဲ့ MMiTD က ညီငယ် Deluxe ! ဖြစ်ပါတယ်ဗျာ။Software လေးကိုလိုချင်ရင်တော့အောက်က Link မှာဒေါင်းယူနိုင်ပါတယ်ဗျာ။
အားလုံးဘဲအဆင်ပြေကြပါစေနော်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT5wXlUDJ9FFCCUld0Wh86-Y9eVz3z97OfojT7mKHDKlIuinftaD5VEko25fADzw7qvlMbKJVA4GRsKZ-PC27zKQ3FpFGInaYxBAmhp34toRX7r3E28cG6KSrOjxpvSw6uvkumeGRJgzw/s1600/1.Download+Here.gif

DM Disk Editor and Data Recovery 2.4.3.434 Beta Portable

ကျွန်တော်အခု ကျွန်တော်တို့ စက်တွေရဲ့ Disk တွေကို Recovery လုပ်ပေးနိုင်ရုံသာမက Partition တွေကို လိုသလို Edit လုပ်ပေးနိုင်ပါတယ်။။ကျွန်တော်တို့ File systems တွေအနေနဲ့  FAT12/16, FAT32, NTFSတွေကို Support လုပ်ပေးနိုင်တဲ့ အပြင်  OS အနေနဲ့  Windows 9x/ME/2K/XP/Vista စတာတွေကို Support လုပ်ပေးနိုင်ပါတယ်။။ ကျွန်တော်သုံးရတာလည်း အဆင်ပြေအောင် Portable လေးပဲတင်ပေးလိုက်ပါတယ်။ အောက်မှာယူသွားလိုက်ပါဗျာ.။
ကျွန်တော်အောက်မှာ သုံးနေရာခွဲတင်ပေးထားပါတယ်။ အဆင်ပြေမယ့်လင့်ခ် လေးကနေသာ ယူသွားလိုက်ပါဗျာ။။
DM Disk Editor and Data Recovery 2.4.3.434 Beta Portable



အားလုံးပဲအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Thursday, May 10, 2012

G-talk မှာ သူပြောတာကြားရပြီး ကိုယ်ပြန်ပြောတာသူမကြား ရဘူးဆိုရင်

  
ကျွန်တော် Windows 7 မှာ Sound နဲ့ပါတ်သတ်ပြီး တော့ဖြစ်တက်တဲ့ Error လေးကို သူငယ်ချင်း တစ်ယောက် ကိုလဲ လုပ်ပေးဖြစ်ရင်းနဲ့ တကယ်လို့ မိမိတို့မှာ အခုလို Error မျိုးကြုံ လာရင် အလွယ်တကူ ဖြေရှင်းတက် သွားအောင် ရှင်းပြပေးသွားပါမယ်.. ကျွန်တော်တို့ G-Talk ကိုအသုံးပြုတဲ့ အခါမှာ တစ်ခါတစ်လေ ကိုယ်ကဒီက ပြောနေတာကို တစ်ဖက်လူက ကြားရပြီး သူပြောတာကို ကိုကမကြားရတာ မျိုးကြုံဖူး ကြပါလိမ့်မယ်.. ဒါက ကျွန်တော်က အသုံးများတဲ့ G-Talk မှာပြောပြတာပါ.. တစ်ခြား Chat Program တွေမှာလဲ ဒီတိုင်း လိုက်ပြင်ပေး ကြည့်ရင် အဆင်ပြေသွားပါလိိမ့်မယ်.. နောက်တစ်နည်းကတော့ ကျွန်တော်တို့ မိုက်ကိုရှေ့ ပေါက်ကနေ ထိုးပြီးအသုံး ပြုတဲ့အခါမှာ အသံမလာ တာပဲဖြစ်ပါတယ်.. ဒါကတော့ Realtek HD Audio Driver ကိုအသုံးပြု ထားတဲ့သူ တော်တော်များများ ကြုံတွေ့ရတာတွေ့ ရပါတယ်..အဲ့ဒါကို ဘယ်လိုဖြေရှင်း ရမယ်ဆိုတာကိုပါ ကျွန်တော်ရေးပေးသွားပါမယ်..

အရင်ဆုံး ကျွန်တော် မိုက်ကို ရှေ့ပေါက်ကနေ အသုံးပြုပြီး အသံမလာတဲ့ အခါမှာ ဘယ်လိုလုပ်ရမယ် ဆိုတဲ့ နည်းလမ်းလေးကို ပြောပြပေးပါမယ်.. ကျွန်တော်တို့ Realtek ကိုအသုံးပြုတဲ့ အောက်ကပုံ မှာဖော်ပြနေသလိုပဲ Icon လေးပေါ်နေပါလိမ့်မယ်.. အဲ့ဒီကောင်လေးကို ကလစ်လိုက်ပါ.. ပြီးရင် အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားသလို လိုက်ပြီးပြောင်းပေးလိုက်ရင် အဆင်ပြေသွား ပါလိမ့်မယ်..
အောက်ကပုံလေးကို ကြည့်ကြည့်လိုက်ပါ.. Microphone ပုံလေး ပျောက်နေတာ တွေ့ရပါလိမ့်မယ်..
အောက်ကပုံအတိုင်း မိုက်ကရိုဖုန်း ပုံလေးပြန်ပေါ် လာပြီဆိုရင်တော့ အဆင်ပြေ သွားပါလိမ့်မယ်.. ပြီးရင်တော့  OK ပေးလိုက်ယုံပါပဲ..
နောက်တစ်ချက်ကတော့ G-Talk မှာ သူပြောတာကို ကြားရပြီး ကိုပြောတာကို မကြားရတဲ့ ပြသနာပါ.. ဒါကိုမပြောခင် ကျွန်တော် Sound type တွေနဲ့ ပါတ်သတ်ပြီး သိသင့်တာလေး တစ်ခုပြောပြချင်ပါတယ်. ဘာကြောင့် အခုလိုပြောရလဲ ဆိုတော့ အများစုက အသံမလာတော့ ဘူးဆိုတာနဲ့ ဘာမှမစဉ်စား တော့ပါဘူး.. ရမ်းသမ်းမှန်းသမ်း နဲ့ကလိကြတာများပါတယ်.. အဲ့ဒါမှားပါတယ်.. Sound System ပိုင်းမှာ အဓိကက Input နဲ့ Output ပါပဲ.. Microphone က၀င်မယ်ဆိုရင် Speaker ကနေပြန်ထွက်မှာ ပါပဲ .. ဒါကရိုးရိုးလေးပါပဲ .. နောက်တစ်ခုက သူရဲ့ Sound Type လေးတွေကို သိထားသင့်ပါတယ်.. ကျွန်တော်ပြောနေရင် ရှုပ်နေပါလိမ့်မယ် .. ပုံလေးတွေနဲ့ ကြည့်လိုက်ရင် ပိုနားလည်သွားပါလိမ့်မယ်.. အရင်ဆုံး မိမိတို့ Tab Bar မှာရှိတဲ့ Speaker ပုံလေးကို Right Click ထောက်လိုက်ပါ.. ပြီးရင် Sound ဆိုတာလေးကို နှိပ်လိုက်ပါ.. Sound Option Box လေးပေါ်လာပြီဆိုရင် Playback ကို သွားလိုက်ပါ..
အောက်ကပုံမှာ ကျွန်တော် Sound Type လေးတွေကို မျဉ်းအနီနဲ့  ပြပေးထားပါတယ်.. ကျွန်တော်တို့ မိုက်နဲ့စကား ပြောတဲ့ အချိန်မှာ အဲ့ဒီကောင်လေးတွေကို သတိထားကြည့်ကြည့်ပါ .. မိမိတို့အသုံးပြု နေတဲ့ Sound Type က ညာဘက်မှာ အစိမ်းရောင် တုံးလေးတွေ ပြေးနေမှာဖြစ်ပါတယ်.. ကျွန်တော်တို့ အနေနဲ့ အဲ့ဒီအသုံးပြုနေတဲ့ Sound Type အမျိုးအစားကို Gtalk မှာပါလိုက်ပြီး ပြောင်းလဲပေးဖို့ လိုပါလိမ့်မယ်.. အောက်ကပုံမှာကြည့်ပါ  SB Audigy နဲ့ VIA High Definition Audio ဆိုပြီး နှစ်မျိုးတွေ့ရ ပါလိမ့်မယ်..ကျွန်တော် လက်ရှိသုံးနေတာက VIA High Definition Audio အမျိုးအစားပါ.. ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ G-talk မှာမိမိဆီက အသံမလာတာမျိုးကြုံလာရမယ်ဆိုရင် အခုဒီမှာ မိမိတို့သုံးနေတဲ့ Sound Type အမျိုးအစားကို G-Talk မှာပါ လိုက်ပြောင်းပေးလိုက်ရင် အဆင်ပြေသွား ပါလိမ့်မယ်..
နောက်တစ်ချက်  Tab Bar ပေါ်မှ Sound Icon လေးကိုကလစ်လိုက်ပါ .. ပြီးရင် Mixer ကိုနှိပ်လိုက်ပါ.. 
အောက်ကပုံအတိုင်း  Speaker ကိုထောက်လိုက်ရင် ပေါ်လာပါလိမ့်မယ်..ဒီကောင်လေးကို ဘာလို့ ပြရလဲဆိုတော့ ဒီကောင်က ကျွန်တော်တို့ Speaker Out ပါ .. ကျွန်တော်တို့ သီချင်းဖွင့်တာပဲ ဖြစ်ဖြစ် G-Talk ကနေစကား ပြောတာပဲဖြစ်ဖြစ် ထွက်မဲ့အသံက ဒီကောင်လေးကနေ တစ်ဆင့်ထွက်လာမှာပါ.. ဒီမှာလဲ ကျွန်တော် Sound Type တွေကို အနီရောင်နဲ့ ပြပေးထားပါတယ်.. ဒီအောက်ကပုံမှာ Speaker က VIA High Defination Audio ကိုရွေးထားတာ တွေ့ရပါလိမ့်မယ်.. ဘာလို့အဲ့ဒီကောင်ကို ရွေးထားရသလဲဆိုတော့ အပေါ်က ပုံမှာပြန်ကြည့်လိုက်ပါ..  အပေါ်မှာ ကျွန်တော်ပြောခဲ့ပါတယ် .. အခုကျွန်တော့် စက်မှာသုံးနေတဲ့ Sound Type က VIA High Defination Audio ဖြစ်ပါတယ်.. အဲ့ဒီအတွက် ဒီမှာလဲ VIA High Defination Audio ကိုရွေးပေးထားတာပါ .. တကယ်လို့သာ ကျွန်တော်တို့က VIA High Defination Audio ကိုရွေးမပေးပဲနဲ့  Speaker ချင်းအတူတူ SB Audigy ကိုရွေးပေးလိုက်မယ်ဆိုရင် ဘာသံမထွက်မှာမဟုတ်ပါဘူး.. ကျွန်တော်တို့က အပေါ်ကပုံမှာလို Sound Option မှာသွားကြည့်တဲ့အခါ  SB Audigy ကိုရွေးပေးထားတာ ဆိုရင်တော့ အခုဒီပုံမှာလဲ SB Audigy ကိုပဲရွေးပေး ရမှာဖြစ်ပါတယ်.. ဒါမှ မိမိတို့ကွန်ပျူတာက အသံက အပြင်ကိုထွက်လာမှာဖြစ်ပါတယ်.. တကယ်လို့ ကျွန်တော်တို့က Realtek ကိုသုံးထားတယ်ဆိုရင်လဲ ဒီနေရာမှာ Realtek ကိုရှာပြီး ရွေးပေးလိုက် ယုံပါပဲ..

အပေါ်မှာ ရှင်းပြခဲ့သလို မိမိတို့ အသုံးပြုထားတဲ့  Sound Type ကိုသိပြီဆိုရင်တော့ G-Talk ကိုဖွင့်လိုက်ပါ.. ပြီးရင် Setting ကိုသွားလိုက်ပါ.. ဒီနေရာမှာတစ်ခုပြောချင်တာက ဘာ Error မှမတက်ရင် သက်သက်ကြီး လိုက်ပြောင်းပေးစရာမလိုပါဘူး.. ကျွန်တော်အပေါ်မှာပြောခဲ့သလို ကိုယ်ပြောတာကိုကြား ရပြီး သူပြောတာကို မကြားရတာ ပဲဖြစ်ဖြစ် Error တစ်ခုခုကြုံ လာမှသာ ပြောင်းပေးရမှာဖြစ်ပါတယ်..
အပေါ်ကပုံအတိုင်း Input - microphone or headset မှာ မိမိတို့အသုံးပြုတဲ့ Sound Type ကိုရွေးပြီးပြောင်းပေး လိုက်ပါ..ပြီးရင် OK ပေးလိုက်ယုံပါပဲ.. ဒါဆိုရင် အဆင်ပြေသွားပါလိမ့်မယ်.. ဒီလောက်ဆိုရင်တော့ အားလုံးပဲ သဘောပေါက် သွားလိမ့်မယ်လို့ ထင်ပါတယ်..

ဒီပို့စ်လေးကို PDF ဖြင့်လိုချင်တယ်ဆိုရင်အောက်မှာဒေါင်းလော့ချလိုက်ပါ..

Download Ifile.itDownload  MediafireDownload  Multiupload
အားလုံးပဲအဆင်ပြေကြပါစေ.. ကျေးဇူးတင်ပါတယ်ခင်ဗျာ..

Saturday, March 31, 2012

WinRAR 4.11 Full Version


ဒီ WinRAR 4.11 က ထွက်တာကြာနေပါပြီ ဒီနေ့ သူငယ်ချင်း တစ်ယောက် ရှာပေးပါဆိုလို့ မသိသေးတဲ့ သူငယ်ချင်းတွေပါ အဆင်ပြေအောင် တင်ပေးလိုက်ပါတယ်..။ 

Install  ပြုလုပ်ပုံကို မသိသေးသူများ အတွက် ကတော့ အောက်က နည်းလမ်း လေးအတိုင်း လုပ်ပေးလိုက်ပါ..။

မိမိကွန်ပြူတာနဲ့ သက်ဆိုင်သော winrar (32bit or 64bit) ကို install လုပ်ပါ။
ပြီးလျှင် winrar icon ပေါ်မှာ right click > properties> open file location ကိုနှိပ်ပါ။ ဒါဆို အခု winrar ကို သွင်းထားတဲ့ folder ထဲရောက်နေပါပြီ။ ဒေါင်းလုပ်ဆွဲတုန်းက ပါလာတဲ့ Keygen လေးကို အဲဒီ winrar သွင်းထားတဲ့ဖိုဒါထဲကို ကူးလိုက်ပါ။ ပြီးရင် အဲဒီ Keygen လေးကို right click ထောက်ပြီး Run as Administrator ဆိုပြီး run လိုက်ပါ။ ပေါ်လာတဲ့ box ထဲမှာ Name, Type တွေကိုဖြည့်ပြီး Install License ကို နှိပ်လိုက်ပါ။ ဒါဆို သင့်ရဲ့ winrar လေးက အခုဆို ကိုယ်ပိုင် နာမည်လေးနဲ့ Full Version ဖြစ်သွားပါပြီ။
 
 

အားလုံပျော်ရွှင်ကြပါစေ...။

Wednesday, March 28, 2012

Hardware အကြောင်း သိကောင်းစရာ

ကျွန်တော် စာမရေးဖြစ်တာ အတော်ကြာပြီ။အခုလည်း ညီလေး နေမကောင်းနေတဲ့ အချိန်လေးတွေမှာဆိုဒ်မှာစာလာဖတ်သူတွေ အတွက် အကျိုးရှိအောင် ပိုစ့်လေး တစ်ပိုစ့် တက်နိုင်သလောက်လေးပေါ့ တင်ပေးမယ်ဆိုတဲ့ စိတ်ကူးနဲ့ ခဏ စာဝင်ရေးတာပါ။ ကျွန်တော် အရင်နှစ်တွေကတော့ စာကို ဇောက်ချ ရေးနိုင်ပေမယ် ဒီနှစ်တော့ စာမရေးဖြစ်တော့တာပါ။ စာတန်း တစ်ဖတ် ကွန်ပျုတာပိုင်း တစ်ဖတ် စာရေးဖို့ တစ်ဖတ်နဲ့ ဆို အတော်လေး ဗျာများလို့ စာရေးတဲ့ အပိုင်းကို လက်လွှတ်လိုက်တော့တာပါ။ ဒါကြောင့်မို့ စာမရေးတာလည်း ကြာပြီ ဆိုတော့ မှားတာတွေ ရှိလာခဲရင်လည်း နားလည်ပေးနိုင်ပါစေလို့ ကျွန်တော် ဆုတောင်းပါတယ်ဗျာ။ ကဲ့ ဒီတော့ အစလည်း ပျိုးပြီးပြီ နိဒါန်းစပြီးရင်တော့ စာကိုယ်တော့ လာရတော့မယ် မဟုတ်လား။ ကျွန်တော်တို့ Hardware အကြောင်းကို စာအများကြီး ဖတ်စရာမလိုပဲ့ အတော် အသင့် တော်တော်လေး နားလည်သွားနိုင်အောင် ဒီပိုစ့်လေးကို တင်ပေးလိုက်တာပါ။
 
စာအုပ်တွေကိုပဲ့ ပြန်မျှတဲ့ သဘောပါပဲ့။ ဒါပေ့မယ် အကုန်လုံး တန်ဖိုးရှိပါတယ်။ ခဏလေး ဖတ်ယုံနဲ့ Hardware ဘယ်အပိုင်းက ဘာဆိုတာကို နားလည်မှာ ဖြစ်သလို ကိုယ်ကိုင်တွယ်တဲ့ စက်ရဲ့ သဘောတရား ပျက်တာ ပြင်တာကို ကိုယ်တိုင် ဖြေရှင်းနိုင်လာအောင် လမ်းပြပေးတဲ့ စာအုပ်တွေလို့ ပြောရင် ပိုမှန်မယ် ထင်ပါတယ်။
ATA,IDE,EIDE အကြောင်း
SATA အကြောင်း
USB အကြောင်း
BUS များ အကြောင်း
ကွန်ပျုတာ Connector များအကြောင်း
Core i3 ,Core i5 and Core i7 ကွာခြားချက်များ
Basic Dynamic and Dynamic များအကြောင်း
ဒီစာတွေကို သေချာ ဖတ်မယ်ဆိုရင် ကိုယ်တိုင် Hardware ပိုင်းကို နားလည်နိုင်လာမှာ ဖြစ်သလို သူများအကူညီ မလိုတော့ဘူးပေါ့။ ကိုယ်တိုင် ယုံကြည့်မူ ပြည့်လာတဲ့ အမျှ ကိုယ်တိုင် ဆုံးဖြတ်ချက် မှန်လာမယ်။ ကိုယ်တိုင်တက်သိနားလည်လာပါလိမ့်မယ်။ ဒါကတော့ စာဖတ်တဲ့ အကျိုးကျေးဇူးပေါ့။ ဒီတော့ စာဖတ်ကြပါဗျာ. မြန်မာတွေ စာတက်ဖို့ စာဖတ်ဖို့ လိုနေပြီ။
နိဂုဏ်း အနေနဲ့ကတော့ ကျွန်တော် အရင်က စာတွေတော်တော်လေး ရေးဖြစ်ပါတယ်။ နည်းပညာပိုစ့်တွေ များပါတယ်။ နောက်ပိုင်းတော့လည်း စာအုပ်တွေလောက်ပဲ့ ပြန်မျှပေးနိုင်တော့တဲ့ အတွက် တကယ်ပါ စိတ်ထဲ့မှာတော့ ဘယ်လိုကြီးလည်း မသိဘူး။ ဘာပဲ့ ဖြစ်ဖြစ် စာဖတ်ဖို့ တိုက်တွန်းရင်း နိဂုဏ်းချုပ်ပါရစေဗျာ။
အဆင်ပြေပါစေ..
သန့်ဇင်ဌေး

Friday, March 16, 2012

Windows 7 SP 1 တွင် Language Pack ချိန်းပြီး သုံးချင်သူများ အတွက်

ကျွန်တော် ဒီနေ့တော့ Windows 7 SP1 ကို Language Pack ချိန်းပြီး အသုံးပြုချင် သူများအတွက် နည်းလမ်းလေးကို ပြန်ပြီးတော့ မျှဝေပေး သွားမှာ ဖြစ်ပါတယ် .. အရင်တုန်းကတော့ ရေးပေး ထားတာ ရှိပါတယ် .. အခု SP 1 အတွက် Language Pack ချိန်းလို့ရသွားပြီ ဖြစ်တဲ့အတွက် အသစ်ထပ်ရေးပေး သွားမှာ ဖြစ်ပါတယ် .. ကျွန်တော်တို့ အနေနဲ့ နိုင်ငံ ရပ်ခြားမှာ ရောက်နေတဲ့ အခါမှာ အများစု Laptop တွေဝယ် ကြတဲ့ အခါမှာ သူတို့ နိုင်ငံတွေရဲ့ Language တွေနဲ့ Windows တွေကို တင်ပေးလိုက်ကြပါတယ် .. အင်္ဂလိပ်လို အသုံးပြုတဲ့ နိုင်ငံတွေက ၀ယ်လိုက်တာ ဆိုရင်တော့ ပြသနာ မရှိပေမယ့် ဥပမာ ၊   ဂျပန်တို့ ၊ တရုတ်တို့ ၊ ရုရှားတို့ ကနေ ၀ယ်မယ်ဆိုရင် သူတို့ရဲ့ Language နဲ့ Windows ကိုသာ အသုံးပြုရမှာ ဖြစ်ပါတယ် .. အဲ့ဒီအခါမှာ ကျွန်တော်တို့ အနေနဲ့ Orginal Windows ကိုလည်း မဖြုတ်ချင်ဘူး English လိုလည်း အသုံးပြုချင်တယ် ဆိုရင် အခု ကျွန်တော် ရေးပေးသွားမဲ့ နည်းလမ်းလေး အတိုင်း Language Pack ချိန်းပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ် .. 

ကျွန်တော် တို့ Vistalizator   ဆိုတဲ့ ကောင်လေးကို သုံးပြီး ဆောင်ရွက်မှာ ဖြစ်ပါတယ် .. Vistalizator  ကို ဒီအောက်မှာ ပေးထားတဲ့ ဆိုဒ်လေးမှာ သွားပြီးတော့ လည်း ဒေါင်းလော့ ချနိုင်ပါတယ် .. ကျွန်တော် အဆင်ပြေအောင် အောက်မှာလည်း တင်ပေးထားတာ ရှိပါတယ် .. 
Vistalizor လေးကို ဒေါင်းလော့ ချပြီးသွားပြီ ဆိုရင်တော့ ကျွန်တော်တို့ Language Pack ချိန်းချင်တဲ့ Language အတွက် Language Pack ကို Windows 7 SP 1 အတွက် ဒီအောက်ကလင့်မှာ တင်ပေးထားပါတယ် .. သွားပြီးတော့ ဒေါင်းလော့ချလိုက်ပါ .. ဒေါင်းလော့ချတဲ့ အခါမှာ မိမိတို့ရဲ့ Windows Version အလိုက် 32 Bits နဲ့ 64 Bits ဆိုပြီး ခွဲတင်ပေးထားတာ ဖြစ်ပါတယ် .. မိမိတို့ အသုံးပြုနေတဲ့ Windows Version အောက်မှာ တင်ပေးထားတဲ့ Language Pack ကို ဒေါင်းလော့ ချလိုက်ပါ  ..
ကျွန်တော် အောက်မှာတော့  Windows 7 English Language Pack ( 64 Bits ) ကိုတင်ပေးထားပါတယ်  .. 
Vistalizator  ရော Language Pack ရော ဒေါင်းလော့ ချပြီးသွားပြီ ဆိုရင်တော့ Language Pack စပြီးချိန်း ကြရအောင်ဗျာ .. ဒီအဆင့်မှာ အများစု ကြုံရတာလေး တစ်ခုကို ပြောပြ ချင်ပါတယ် .. Vistalizator   ကို ဖွင့်လိုက်တဲ့ အခါမှာ အောက်က ပုံမှာ ပြထားသလို Error Code လေး တက်လာတာကို ကြုံဖူးတဲ့ သူများ ရှိပါလိမ့်မယ် .. 
 
အပေါ်က ပြထားတဲ့ Error   မျိုး ကြုံလာရပြီ ဆိုရင်တော့ အောက်မှာ ပြထားတဲ့ အဆင့်လေးတွေ အတိုင်း Vistalizator  ကို  Compatiblity မှာ  အမြင့်ဆုံး OS ကို ပြောင်းပေးလိုက်ပါ .. မိမိတို့စက်မှာ Windows 7 ကအမြင့်ဆုံး ဆိုရင် Windows 7 ကိုပြောင်းလိုက်ပါ .. ပြီးရင်တော့  Apply >> OK ပေးလိုက်ယုံပါပဲ .. 
အပေါ်က အဆင့်တွေ အတိုင်း ပြောင်းပြီးသွားလို့ Error မတက်တော့ ဘူးဆိုရင်  Vistalizator  ကို Run လိုက်ပါ .. ပြီးရင် အောက်ကပုံမှာ ပြထားတဲ့ အတိုင်း မိမိတို့ ချိန်းချင်တဲ့  Language Pack ကိုယူလိုက်ပါ ..
 အပေါ်က ပုံမှာ ပြထားတဲ့ အတိုင်း  Add Languages  မှတစ်ဆင့် မိမိတို့  အသုံးပြုချင်တဲ့  Language  Patch  File  ကိုရွေးချယ်လိုက်ပါ .. ဒါဆိုရင် အောက်ကပုံမှာ ပြထားတဲ့အတိုင်း Run နေပါလိမ့်မယ် .. ခဏ စောင့်ပေးလိုက်ပါ ..
အပ်ါက အဆင့်တွေ အတိုင်း ပြီးသွားပြီ ဆိုရင်တော့ အောက်မှာ ပြထားတဲ့ ပုံအတိုင်း ပေါ်လာပါလိမ့်မယ် ..  အောက်ကပုံအတိုင်း ပေါ်လာပြီ ဆိုရင်တော့  မိမိတို့ ပြောင်းချင်တဲ့ Language Pack File ကို  Double Click ပေးလိုက်ပါ   
ဒါဆိုရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း  Waring Box လေး ပေါ်လာပါလိမ့်မယ် .. OK ပေးလိုက်ပါ .. ပြီးရင်တော့ မိမိတို့ အသုံးပြုချင်တဲ့  Language Pack  File ကို စတင်ပြီး  Install လုပ်နေပါလိမ့်မယ် ..
အပေါ်က အဆင့်အတိုင်း ပေါ်လာပြီးလို့  OK  ပေးပြီးသွားပြီ ဆိုရင်တော့ အောက်ပုံမှာ ပြထားတဲ့အတိုင်း  Change Language  ကိုနှိပ်ပြီး  မိမိတို့ အသုံးပြုချင်တဲ့  Language Pack ကို ချိန်းပေးလိုက်ပါ ..
အပေါ်က ပေါ်မှာ ပြထားတဲ့ အတိုင်း  Information Box လေးပေါ်လာပြီ ဆိုရင်တော့ OK ပေးလိုက်ပြီး အောက်မှာ ပြထားတဲ့ အတိုင်း  Vistalizator လေးကို  Exit ပေးလိုက်ပါ .. 
အောက်ကပုံအတိုင်း  Confirm Box လေးပေါ်လာပြီ ဆိုရင်တော့ Yes  ကိုပေးလိုက်ပါ .. ဒါဆိုရင်  Restart ကျသွားပါလိမ့်မယ် .. Windows ပြန်တက်လာပြီ ဆိုရင်တော့ မိမိတို့  Windows က Language Pack ချိန်းပြီးသွားတာ တွေ့ရပါလိမ့်မယ် .. 
ဒီလောက် ဆိုရင်တော့ အားလုံးပဲ  Windows 7 SP 1 မှာ  Language Pack ချိန်းတက်သွားမယ်လို့ ထင်ပါတယ် .. 
ဒီပို့စ်လေးကို PDF FILE ဖြင့် လိုချင်တယ် ဆိုရင် အောက်မှာ ယူလိုက်ပါ ..
 အားလုံးပဲ အဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )