22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, October 7, 2012

All Mobile Secret Code 2013 (သိထားသင့်တဲ့ Mobile Secret Code များ)


all mobile secret code, nokia cable finder, 2013


 Mobile Phone တော်တော်များများရဲ့ Secret Code တွေစုစည်းပေးထားတဲ့ Program လေးပါ Mobile ပြင်သူတွေ သိထားသင့် ဆောင်ထားသင့်တဲ့ Software လေးပါ...။

Free Download All Mobile Phone Secret Code Like, Nokia, Samsung, LG, Motorola, China and All Others Mobile Phone. This is an excelent application for Mobile Secret Code Collection and Nokia Cable Finder Solution. Download All Mobile Secret Code Application 2013 Free and Enjoy.

Sunday, September 2, 2012

iPhone အသုံးပြုမှု လက်စွဲ လမ်းညွှန် ( E-Book )






အခု တင်ပေးလိုက်တဲ့ စာအုပ်လေးကတော့ iPhone အသုံးပြုနည်း စာအုပ်လေးပဲ ဖြစ်ပါတယ် .. နောက်ဆုံး Update အထိ မပါဝင်ပေမယ် အသုံးဝင်မဲ့သူတွေ အတွက်တော့ အထောက်အကူ ပြုမယ်လို့ထင်လို့ တင်ပေးလိုက်ပါတယ်.. လိုအပ်တဲ့ သူများကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေ ဒေါင်းလော့ ချသွား လိုက်ပါ .. ကျွန်တော် နှစ်နေရာခွဲပြီး တင်ပေးလိုက်ပါတယ် ..




အားလုံးပဲ အဆင်ပြေကြပါစေ ... ကျေးဇူးတင်ပါတယ်ခင်ဗျာ ...

Tuesday, August 28, 2012

Local Applications များကို Jailbreak နှင့် iTunes အကောင့်မရှိဘဲ အခမဲ့ သုံးစွဲနိုင်မည်


 

iOS Device များဖြစ်သော iPhone, iPad များအတွက် မြန်မာ အင်္ဂလိပ် နှစ်ဘာသာဖြင့် အသုံးပြု နိုင်သော မိုဘိုင်းဖုန်းသုံး Application များကို မည်သူ့ အကူ အညီမှ မလိုဘဲ ကိုယ်တိုင် အလွယ် တကူ အခမဲ့ download ရယူပြီး iOS Device များအတွင်း ထည့်သွင်း အသုံးပြုနိုင်ရန် အတွက် www.bitmyanmar.com. mm/kanaung ဝက်ဘ်ဆိုဒ်ကို လွှင့် တင်ထားလျက် ရှိကြောင်း သိရှိ ရသည်။
အဆိုပါ ဝက်ဘ်ဆိုဒ်မှLocal User များအတွက် Local Application များ download ရယူ အသုံးပြုနိုင်ပြီး ကွန်ပျူတာမှdownload ရယူပါကavailable application များကို android OS သုံးdevice များအတွက်သာ download ရယူနိုင်မည်ဖြစ်ပြီး iDevice အတွက် iPhone မှ ဒေါင်းလုတ်ရယူရမည်ဖြစ်ကြောင်း သိရှိရသည်။
“iOS အတွက်ဆိုရင်တော့ iPhone ကနေdownload ရယူ ရမှာပါ။ အိုင်ဖုန်းကMobile Browser ဖြစ်တဲ့ Safari Browser ကနေတစ်ဆင့် ဝက်ဘ်ဆိုဒ်ကိုဝင်ပြီးdownload ရယူရင် iOS အတွက် download လုပ်လို့ ရမှာပါ။ ကွန်ပျူတာကနေကြည့်ရင် တော့ Android အတွက်ပဲ download လုပ်ရပါလိမ့်မယ်” ဟု iBagan Innovation Technology မှတာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါ ဝက်ဘ်ဆိုဒ်တွင် Local Application ဖြစ်သော The Hot News,The Voice Weekly, The Express Time Journal, KBZ Bank, Satiilon Lubricant, Ykko Restaurnent စသည့်မိုဘိုင်းအသုံးချ Application များ dwonload ရယူနိုင်သည်။
iOS နှင့်Android သုံး မိုဘိုင်းဖုန်းသုံးLocal Application များကို download ရယူနိုင်သည့် www. bitmyanmar.com. mm/kanaung ဝက်ဘ်ဆိုဒ်ကို iBagan Innovation Technology မှ လွှင့်တင်ထားခြင်းဖြစ်ပြီး download ရယူသုံးစွဲခြင်းနှင့် ပတ်သက်၍ သိရှိလိုသူများကို အမှတ် ၂၃၊ မြေနုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။ ဖုန်း ဝ၁-၂၃၀၄၁၂၁၊ ဝ၉-၇၃၁၄၂၉၇၄၊ ဝ၉- ၄၄၈၀ဝ၃၅၄၆ တို့သို့ ဆက် သွယ်နိုင်ကြောင်း သိရှိရသည်။

Thursday, July 19, 2012

Zawgyi-One for Samsung Galaxy Phones

Samsung Galaxy အမျိုးအစားဖုန်းတွေဟာ root လုပ်စရာမလိုဘဲ မြန်မာဖောင့်ထည့်သွင်းနိုင်ပါတယ်။ Samsung Galaxy ဖုန်းတွေမှာမြန်မာစာမြင်ရဖို့အတွက်အောက်မှာပေးထားတဲ့ဖိုင်လေးကိုအရင် download ရယူလိုက်ပါ။



ရယူပြီးပြီဆိုရင်တော့ Zawgyi-One apk ဖိုင်လေးကိုဖုန်းထဲမှာ install လုပ်လိုက်ပါ။ ပြီးလျှင် Setting > Display > Font ထဲသို့သွားပြီး Zawgyi-One ကိုရွေးပေးလိုက်ပါ။ ဒါဆိုရင် ကိုယ့်ရဲ့ Samsung Galaxy အမျိုးအစားဖုန်းမှာ root လုပ်စရာမလိုဘဲ မြန်မာ font သွင်းကာ မြန်မာစာမြင်နိုင်ပြီဖြစ်ပါတယ်။

Monday, April 30, 2012

Jailbreak လုပ်တာကောင်းသလား

ခုချိန်မှာ iPhone တွေကို jailbreaking လုပ်တာ အတော်လေး ရေပန်း စားနေတယ်။ အထူးသဖြင့် iPhone 4S တွေကို jailbreak လုပ်တဲ့ ဆော့ဖ်ဝဲ application တွေလည်း အများကြီးပေါ်ထွက်လာတယ်။
လူတွေရဲ့ အမြင်မှာ iPhone တွေကို jailbreak လုပ်လိုက်ရင် အကျိုးအမြတ်တွေ အများကြီးရနိုင်တယ်လို့ ထင်ကြပါတယ်။ အလားတူ jailbreak မလုပ်ခြင်းကြောင့်လည်း ရရှိနိုင်တဲ့ အကျိုးတရားတွေ လည်းရှိနေပါတယ်။ လုပ်ချင်တဲ့သူတွေက လုပ်ဖို့ဆွယ်မယ်။ မလုပ်သင့်ဘူး ထင်တဲ့သူတွေက မလုပ်သင့်ကြောင်း ဆွယ်တရားဟောလိမ့်မယ်။ ‘ဒီတော့ လုပ်သင့်-မလုပ်သင့် ဘက်နှစ်ဘက် အမြင်ကိုကြည့်ရအောင်။

Jailbreaking ဆိုတာဘာလဲ
Jailbreak လုပ်တယ်ဆိုတာ Apple ကုမ္ဋဏီက iOS လို့ခေါ်တဲ့ operating system နဲ့ run တဲ့ သူ့ထုတ်ကုန်ပစ္စည်းတွေ အပေါ်မှာ ကန့်သတ်ထားတဲ့ သတ်မှတ်ချက်တွေကို ချိုးဖောက်ပြီးတော့ ကိုယ်သုံး ချင်တဲ့ လိုင်း၊ ကိုယ်သုံးချင်တဲ့ဆော့ဖ်ဝဲတွေနဲ့ သုံးနိုင်အောင် တရားမဝင် ပြုလုပ်ခြင်းလို့ အကြမ်းဖျင်း အဓိပ္ဋာယ်ဖွင့်ဆိုနိုင်ပါတယ်။
ဥပမာ နောက်ဆုံးထွက် iPhone 4S လိုမျိုးမှာ jailbreak လုပ်တာတွေ ခေတ် စားတယ်။ တစ်နည်းပြောရရင်တော့ ပိတ်ထားတာတွေကို ပွင့်သွားအောင် နည်းမျိုးစုံသုံးပြီး၊ သတ်မှတ်ထားတဲ့ ဟာ့ဒ်ဝဲအပေါ်မှာ အခြား ကိုယ်သုံးချင်တဲ့ နာမည်ကြီး ဆော့ဖ်ဝဲနဲ့ application တွေကို သုံးနိုင်အောင် စီစဉ်ခြင်း လို့ ဆိုနိုင်ပါတယ်။

iPhone 4 နဲ့ iPhone 4S တွေကို jailbreak လုပ်သင့်တယ်
iPhone ပိုင်ဆိုင်သူတွေအနေနဲ့ jailbreak ဟာ စိတ်ဝင်စားစရာ ကောင်းတဲ့ စွန့်စားမှုတစ်ခုလို့ဆိုနိုင်တယ်။ Application တွေ၊ network နဲ့ system တွေကို လမ်းပွင့်သွားပြီး ပြဿနာအတော်များများကို ဖြေ ရှင်းပြီးသားဖြစ်သွားလိမ့်မယ်။ မိုဘိုင်းဖုန်း အတော်များများဟာ သူတို့ ကိုယ်ပိုင် share တွေနဲ့သာ အဆင်ပြေကြတာများတယ်။
ကိုယ့်ဖုန်းကို ကိုယ့် system အတိုင်း ကန့်သတ်ချက်တွေရှိနေသရွေ့ jailbreaking တွေကခေတ်စားနေမှာပဲ။ ကန့်သတ်ချက်တွေကို မကြိုက်ရင်၊ iPhone အတွက် သတ်မှတ်ပေးထားတဲ့ application တွေကိုပဲ မသုံးချင်ရင်၊ iPhone 4/4S တွေကို လိုတာထက် ပိုသုံးချင်ရင် jailbreaking လုပ်သင့် တယ်လို့ အကြံပြုကြတယ်။

Jailbreaking လုပ်သင့်တယ်ဆိုတဲ့ အမြင် ၃ ရပ်ရှိတယ်
၁- အခြား Network တွေကိုပါ ရနိုင်တယ်
iPhone သုံးသူတွေမှာ ပြဿနာက အထူးသဖြင့် iPhone 4 နဲ့ 4S မော်ဒယ်တွေမှာ သတ်မှတ်ထားတဲ့ network ကုမ္ဋဏီတွေရဲ့ လိုင်းခွင် အတွင်းမှာသာ သုံးနိုင်မယ်ဆိုတဲ့  ပြဿနာပဲဖြစ်ပါတယ်။ ဥပမာ iPhone တွေ ကို AT&T ကုမ္ဋဏီက လိုင်းသုံးစွဲခွင့် မူပိုင်ယူထားတယ်။ အဲဒီ မူပိုင်ခွင့်ဟာ ၂ဝ၁၂ ခုနှစ် အထိ သက်ရောက်မှုရှိနေလိမ့်ဦးမယ်။
AT&T ကုမ္ဋဏီဟာ ဆက်သွယ်ရေးဝန်ဆောင်မှုပေးရာမှာ ပြဿနာ ပေါင်းစုံရင်ဆိုင်နေရတယ်။ ဖုန်းခေါ်ရင်ပြုတ်ကျတာမျိုး၊ လိုင်းမကောင်း တာမျိုးတွေ ဖြစ်တတ်လို့ မိုဘိုင်းဖုန်းသုံးသူတွေဟာ AT&T နဲ့မှ သုံးရမယ် ဆိုတဲ့ ဖုန်းတွေကို ရှောင်တတ်ကြတယ်။
ဒါပေမယ့် iPhone ကိုမှ ကြိုက်တယ်ဆို တဲ့သူတွေကတော့ မလွှဲ မရှောင်သာ jailbreaking လုပ်တဲ့ ဆော့ဖ်ဝဲတွေကိုပဲ အားကိုးအားထား ပြုကြရတော့တယ်။ နောက်ဆုံးပေါ် iPhone 4S ကို jailbreak လုပ်တဲ့ ဆော့ဖ်ဝဲဟာ T-Mobile ကုမ္ဋဏီရဲ့ GSM လိုင်းဝန်ဆောင်မှုကို ရရှိအောင် ပြုလုပ်ပေးနိုင်တယ်။ T-Mobile ကတော့ အမေရိကန် ပြင်ပနိုင်ငံတွေမှာပါ သုံးနိုင်ပြီး လိုင်းခွင်လည်း ပိုမိတာကြောင့် လူကြိုက်များတယ်။
၂ - Application များများ သုံးနိုင်ခွင့်ရှိတယ်
Apple Store လို့ခေါ်တဲ့ အွန်လိုင်း application စတိုးမှာ Apple ကထုတ်သမျှ ဆော့ဖ်ဝဲ application တွေကို ရနိုင်တယ်။ အသုံးဝင်တဲ့ ဆော့ဖ်ဝဲတွေ၊ ဂိမ်းတွေကို ရယူနိုင်တယ်။ တကယ်လို့ iPhione 4/ 4S တွေကို jailbreak လုပ်လိုက်ရင် Apple က ကန့်သတ်ထားတဲ့ application တွေကိုပါ သုံးလို့ရသွားမယ်။ ခွင့်မပြုတာကို သုံးချင်ရင် တရားဝင်ခွင့်ပြုချက်တွေကို ချိုးဖောက် ရပါတယ်။ ‘ဒါမှလည်း ဂိမ်း အတော်များများကို ကစားနိုင်ပါလိမ့်မယ်။
Jailbreaking application တွေမှာ အကောင်းဆုံးတွေက
- MyWi
MyWi နဲ့ဆိုရင် iPhone 4S ကို မိုဘိုင်း hotspot တစ်ခုလို သုံးနိုင်တယ်။
- MxTube
YouTube က ဗီဒိယိုဖိုင်တွေကို download ချယူနိုင်တယ်။ ‘ဒါကြောင့် အင်တာနက်မရရင်လည်း offline မှာ ကြည့်နိုင်တယ်။
- PDANet
လူတိုင်းနဲ့ အင်တာနက် connection မှာ share လုပ်နိုင်လိမ့်မယ်။
- MY3G
Wi-Fi ရချင်ရင်သုံးနိုင်တယ်။ ခုထိ တော့ 3G ပဲရသေးတယ်။ YouTube ဗီဒီယိုဖိုင်တွေကို ကြည်လင်ပြတ်သားစွာ ကြည့်နိုင်တယ်။
- Intelliscreen
ဒီ application က ကိုယ့်လုပ်ငန်းအစီအစဉ်နဲ့ အီးမေးလ် account တွေကို ဖုန်းရဲ့ screen ပေါ်မှာ ပေါ်နေအောင် စီစဉ်ထားလို့ရတယ်။
၃ - 3G နဲ့ ဗီဒီယို Chat လုပ်နိုင်
iPhone 4 မှာကတည်းက ထူးခြားတဲ့ FaceTime video chat ဆိုတာပါတယ်။ အဲဒီ chat ကလည်း Wi-Fi network နဲ့မှရတယ်။ 3G connection နဲ့ FaceTime ကိုသုံးချင်ရင် iPhone 4S ကို jailbreak လုပ်မှရတယ်။ ‘ဒါမှလည်း iPhone ရဲ့ feature တွေကို 3G နဲ့ ရနိုင်တယ်။ Wi-Fi သုံးတာလောက် မကောင်းဘူးဆိုပေမယ့် အဆင်တော့ ပြေပါလိမ့် မယ်။ Wi-Fi နဲ့ connection ကျနေရင်လည်း ပြဿနာမရှိတော့ဘူးပေါ့။

ဒါတွေကတော့ jailbreaking လုပ်ရခြင်း အကျိုးတရားတွေလို့ ပြောရမယ်။ နောက်ထပ် အဆိုးတရား သုံးချက်ရှိသေးတယ်။ မလုပ်သင့် ဘူးဆိုတဲ့ အမြင်တွေပေါ့။
၁ - ဝရမ်တီ ပျက်ပြယ်သွားမယ်
Jailbreaking လုပ်တယ်ဆိုတာကို ဥပဒေကြောင်းနဲ့ညီတယ်၊ တရားဝင်တယ်လို့ ထင်နေကြပါတယ်။ အနည်းဆုံးကတော့ ပေးထားတဲ့ ဝရမ်တီ ပျက်ပြယ်သွားနိုင်ပါတယ်။ တကယ်လို့ ကိုယ့် iPhone မှာ ဝရမ်တီမရှိရင် ဖုန်းနဲ့ပတ်သက်ပြီး ပျက်စီး၊  ချွတ်ယွင်း၊ အခြား ပြဿနာတွေကို Apple ကုမ္ဋဏီအနေနဲ့ တာဝန်ယူတော့မှာ မဟုတ် ပါဘူး။ ဝရမ်တီဆုံးရှုံးတာမခံချင်ရင် jailbreaking မလုပ်ပါနဲ့လို့ပဲ တားရတော့မယ်။
၂ - အပိတ်ခံရမယ်
iPhone ကို လုံးဝသုံးမရနိုင်တဲ့ အနေအထား ဖြစ်သွားနိုင်တယ်။ တကယ်လို့ iPhone 4S ပေါ်မှာ ဆော့ဖ်ဝဲ application တွေကို jailbreak လုပ်ပြီးသုံးမယ်ဆိုရင် အပိတ်ခံလိုက်ရတဲ့အဖြစ်ကို ရင်ဆိုင်ရနိုင် တယ် ဆိုတာကို စိတ်ထဲမှာထားပြီးတော့မှ လုပ်သင့်တယ်။ ‘ဒီလိုဖြစ်သွားရင် သိမ်းထား မှတ်ထားတာတွေ ဆုံးရှုံးပြီး အသစ်ကနေ ပြန်စရတော့မှာဖြစ်လို့ စဉ်းစားသင့်တယ်။
၃ - လုံခြုံရေးပြဿနာ ဆင်ခြင်စရာ
Jailbreak လုပ်ထားတဲ့ iPhone တွေမှာ လုံခြုံရေးအတွက် သိပ်စိတ်မချရဘူး။ Jailbreak လုပ်လိုက်ကတည်းက ကိုယ့် iPhone ထဲကို ဟက်ကာတွေက မဟုတ်တာတွေထည့်ပေးလိုက်ပြီးပြီလို့ အချို့က ယူဆကြတယ်။ ‘ဒါကြောင့် jailbreak လုပ်ပြီးရင် ဖုန်းက ကိုယ့်ဘက်မှာ သိပ်မရှိတော့ဘူး။ စိတ်မချရတော့ဘူးလို့ ပြောကြတယ်။
Jailbreak ကို လုပ်သင့်တယ်၊ မလုပ် သင့်ဘူးလို့ အမျိုးမျိုး အငြင်းပွားနေကြတာ ယခုပြောခဲ့တာတွေထက် အများကြီးရှိနိုင်ပါ သေးတယ်။ ဘာပြောပြော မလုပ်မီစဉ်းစား ပါလို့ပဲ သတိပေးချင်ပါတယ်။
တင်ညွန့်

Saturday, March 31, 2012

Huawei ဖုန်းများအတွင်းသို့ မြန်မာစာ Font နှင့် Keyboard ထည့်သွင်း အသုံးပြုနည်း





ကျနော့် မှာ Huawei ဖုံး မရှိတဲ့ အတွက် ကိုယ်တိုင် ရှင်းမပြနိုင်ပါဘူး...:)  
ဒါပေမဲ့.... ကျနော် ကိုယ်တိုင် စမ်းသပ် ထားတာ မဟုတ်သည့်တိုင်... နားလည် တတ်ကျွမ်းတဲ့ ဆရာ့ ဆရာတွေ ရေးသား ထားသမျှတွေကို အများ အကျိုးအတွက် မွှေနှောက်ရှာဖွေပြီး ပြန်လည်မျှဝေ လိုက်ပါတယ်...။ ဓာတ်ပုံ ကိုတော့ ပို့စ်လေးနဲ့ တူအောင် Google ကနေ ခိုးပြီး တင်ပေးလိုက်တာပါ...:D

CDMA 800MHz ဖုန်းများဖြစ်သော Huawei C8500, C8600 ဖုန်းများအတွင်းသို့ မြန်မာစာ Font နှင့် Keyboard ထည့်သွင်းအသုံးပြုလိုသူများအတွက် ထည့်သွင်းနည်း အဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။ ထည့်သွင်းအသုံးပြုရန် လိုအပ်သော Installer များကတော့ z4 root, FontChangerLite နှင့် MyanDroid Keyboard စသည်တို့လိုအပ်ပါတယ်။ FontChanger အတွင်း သို့ ထည့်သွင်းရန် Myanmar Unicode.ttf နှင့် Zawgyi.ttf စသည့် Font များလည်း လိုအပ်ပါတယ်။ Software များကို ဖုန်းအတွင်းသို့ Install မပြုလုပ်ခင် ပထမဦးစွာ ဖုန်းအတွင်းရှိ Setting ထဲမှ Applications အတွင်းသို့ဝင်ပြီး Unknown Sources ကို အမှန်ခြစ်ပေးရပါမည်။ ထို့ပြင် Applications ထဲမှ Development ထဲဝင်ပြီး USB debugging ကိုလည်း အမှန်ခြစ်ပေးရပါမည်။ ဖုန်းကို Root ပြုလုပ်ခြင်း Software ထည့်သွင်းရာတွင် z4 root ကို အရင်ဆုံး Install ပြုလုပ်ရမည်ဖြစ်သည်။ ပြီးနောက် z4 root အတွင်းသို့ဝင်ပါ။ Superuser Request ပေါ်လာလျှင် Remember ကို အမှန်ခြစ်ပြီး Allow ကိုနှပ်ပါ။ ပြီးနောက် Root ကို ရွေးချယ်ပေးရပါမည်။ ထိုအခါ ဖုန်းကို Root လုပ်ပြီး ဖုန်းမှာ Restart ကျသွားမည်ဖြစ်သည်။ ဖုန်းပြန်ပွင့်လာပါက Root လုပ်ခြင်း ပြီးဆုံးမည်ဖြစ်သည်။ FontChanger Life ထည့်သွင်းခြင်း Root လုပ်ခြင်းပြီးဆုံးပါက FontChangerLite Software ကို Install ပြုလုပ်ရပါမည်။ ဖုန်းအတွင်းသို့ FontChangerLite Software ကို ထည့်သွင်းပြီးပါက ဖုန်းကို Computer ဖြင့် ချိတ်ဆက်ပြီး SD Card အတွင်းသို့ ၀င်ကြည့်ပါက FontChanger ကိုတွေ့မြင်ရပြီး ထို FontChanger အတွင်းသို့ မြန်မာစာ Font များဖြစ်သည့် Myanmar Unicode.ttf နှင့် Zawgyi.ttf ကို ထည့်သွင်းပေးရပါမည်။ ပြီးနောက် Computer နှင့် ချိတ်ဆက်မှုကိုဖြုတ်၍ ဖုန်းအတွင်းရှိ Font Changer Lite အတွင်းသို့ဝင်ကြည့်ပါက ထည့်သွင်းထားသော Fonts နှစ်ခုကို တွေ့မြင်ရပါ မည်။ ကြိုက်နှစ်သက်ရာ Font ကို ရွေးချယ်နိုင်ပါတယ်။ MyanDroid Keyboard ထည့်သွင်းအသုံးပြုခြင်း FontChanger Lite အတွင်း Font ကို ရွေးချယ်ပြီးပါက MyanDroid Keyboard Software ကို Install ပြုလုပ်ရပါမည်။ Keyboard ကို ထည့်သွင်းပြီးပါက ဖုန်း Setting အတွင်းရှိ Language & Keyboard အတွင်းသို့ဝင်ပြီး MyanDroid Soft Keyboard ကို အမှန်ခြစ် ပေးရပါမည်။ အထပ်ပါလုပ်ဆောင်ချက်များ အားလုံးပြုလုပ်ပြီးပါက ဖုန်းအတွင်းသို့ မြန်မာစာ Font နှင့် Keyboard ထည့်သွင်းခြင်း ပြီးဆုံးမည်ဖြစ်ပါတယ်။ မြန်မာစာ Keyboard ကို အသုံးပြုရန် Browser (သို့) Message ပို့သော နေရာသို့သွားပြီး Android Keyboard ပေါ်ရှိ ( ?123 ) ခလုပ် (သို့) စာတန်းပေါ်သော နေရာလွတ်ကို ဖိနှိပ်ထားပါ။ Keyboard Menu ပေါ်လာလျှင် Input Method ကို နှိပ်၍ MyanDroid Soft Keyboard ကို ရွေးချယ်ပေးပါက မြန်မာစာ လက်ကွက်ဖြင့် ရိုက်နှိပ်နိုင်သော Keyboard ပေါ်လာပြီး စတင်အသုံးပြု နိုင်မည်ဖြစ်သည်။ 

ref:http://www.amp-guide.com



 လိုအပ်တဲ့ ဆော့ဝဲလ် တွေကိုတော့ ပေးထားတဲ့ လင့်မှာ ဒေါင်းမရလို့.... ရှာဖွေပြီး တင်ပေးလိုက်ပါတယ်..။  အောက်မှာ ဒေါင်းယူနိုင်ပါတယ်..။


အဆင်ပြေ ပျော်ရွှင်ကြပါစေဗျားးးး။

Friday, March 2, 2012

Android Phone/Tablet များတွင် Root လုပ်စရာမလိုပဲ မြန်မာဖောင့် ထည့်နည်း

ကျွန်တော် အခု Android Phone တွေမှာ Root လုပ်စရာ မလိုပဲ မြန်မာဖောင့် ထည့်တဲ့ နည်းလမ်းလေးကို ပြန်ပြီးတော့ ရှယ်ပေးသွားပါမယ် .. Myanmar Mobile Application Store မှာတော့ ပိုပြီးတော့ စုံပါတယ် .. ကျွန်တော် အဆင်ပြေတဲ့ နည်းလမ်းလေးကို ပြန်ပြီးတော့ တစ်ခြား အဆင်မပြေ သေးတဲ့ သူတွေ ရှိရင်လည်း အဆင်ပြေအောင် ပြန်ရေးပေးသွားပါမယ် .. အမှန်တကယ် လုပ်ကြည့်လိုက်ရင်တော့ အဆင့်တွေက အရမ်းမများပါဘူး .. ကျွန်တော် မသိသေးတဲ့ သူတွေ အခက်အခဲ ရှိမှာ စိုးလို့ တစ်ဆင့်ချင်း ရှင်းပြပေး ထားတဲ့ အတွက် .. ပုံတွေ အရမ်း များနေလို့ပါ .. တစ်ဆင့်ချင်းပဲ လိုက်လုပ် ကြည့်လိုက်ပါ .. အဆင်ပြေသွား ပါလိမ့်မယ် ..
ကျွန်တော်တို့ မြန်မာဖောင့် သွင်းဖို့အတွက် အရင်ဆုံး အောက်မှာ တင်ပေးထားတဲ့ Myanmar Font ဆိုတဲ့ Folder လေးကို ဒေါင်းလော့ ချလိုက်ပါ .. Zawgyi_One.apk , Fontomizer_0.8.apk နဲ့ FrozenKeyboard_1.1.3.apk ဆိုပြီး Android Application သုံးခု တွေ့ရပါလိမ့်မယ် .. အဲ့ဒီကောင်လေးကို မိမိတို့ ဖုန်းရဲ့ SD CARD ထဲကို ထည့်လိုက်ပါ .. ပြီးသွားရင်တော့ ပထမဆုံး မြန်မာဖောင့်သွင်းဖို့အတွက် အပေါ်မှာ ဖော်ပြထားတဲ့ Application လေးတွေကို မိမိတို့ဖုန်းရဲ့ Android OS ထဲမှာ Install လုပ်လို့ ရဖို့အတွက် unknow sources ကိုသွားရွေးပေးထားဖို့လိုပါလိမ့်မယ် .. ဒါမှသာ Android Market ထဲက မဟုတ်တဲ့ Application တွေကို မိမိတို့ Android OS ထဲမှာ Install လုပ်လို့ရမှာ ဖြစ်ပါတယ် .. အောက်က ပုံမှာ ပြထားသလို အဆင့်ဆင့် သွားပြီး လုပ်ပေးလိုက်ပါ ..
အရင်ဆုံး Setting ကိုသွားပါ .. 

အောက်ကပုံမှာ ပြထားတဲ့အတိုင်း Unknow sources ကို အမှန်ခြစ်လေး ပေးလိုက်ပါ .. ဒါဆိုရင် မိမိတို့ Android OS ထဲမှာ Android Market ကမဟုတ်တဲ့ Application တွေကို Install လုပ်လို့ ရသွားပါလိမ့်မယ်..


အပေါ်က အဆင့်အတိုင်း ပြောင်းပြီး သွားပြီး ဆိုရင်တော့ Myanmar Font နဲ့ Keyboard ကို Install လုပ်ဖို့ အတွက် အောက်မှာ ပြထားတဲ့ အတိုင်း အဆင့်ဆင့် သွားလိုက်ပါ .. ပထမဆုံး My file ကိုသွားလိုက်ပါ ..


ပြီးရင် စောစောက SD Card ထဲကို ထည့်လိုက်တဲ့ Myanmar fonts ဆိုတဲ့ Folder လေးကို ဖွင့်လိုက်ပါ ..


အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Application သုံးခု တွေ့ပါလိမ့်မယ် .. သုံးခုလုံးကို Install လုပ်လိုက်ပါ .. 


ကျွန်တော် Zawgyi-One.apk ဆိုတဲ့ ကောင်လေးကို နမူနာ Install လုပ်ပြထားပါတယ် ..



အပေါ်က အဆင့်အတိုင်း Application သုံးခုလုံးကို Install လုပ်ပြီးသွားပြီ ဆိုရင်တော့ မြန်မာဖောင့် ရေးလို့ရဖို့နဲ့ ဖတ်လို့ရဖို့ အတွက် အောက်မှာ ပြထားတဲ့ အဆင့်လေးတွေ အတိုင်း လိုက်ပြင် ပေးလိုက်ပါ .. 
အရင်ဆုံး မြန်မာလက်ကွက် ရိုက်လို့ရအောင် လုပ်ပါမယ် .. အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Setting ကိုသွားလိုက်ပါ .. 




အောက်ကပုံအတိုင်း FrozenKeyboard ကို အမှန်ခြစ်လေး ရွေးပေးလိုက်ပါ ..



ပြီးရင် နောက်တစ်အဆင့်  FrozenKeyboard အပေါ်မှာ ရှိတဲ့ Select input method ကိုသွားလိုက်ပါ .. 
ပြီးရင် အောက်က ပုံမှာ ပြထားတဲ့အတိုင်း FrozenKeyboard ကိုရွေးပေးလိုက်ပါ .. 


အပေါ်က အဆင့်တွေ အတိုင်း ပြောင်းပေး ပြီးသွားပြီ ဆိုရင်တော့ မြန်မာ လက်ကွက်ကို အသုံးပြုလို့ ရသွားပါလိမ့်မယ် .. နောက်တစ်ဆင့် မြန်မာစာ ပေါ်အောင် အောက်က အဆင့်အတိုင်း သွားပြီး ပြောင်းပေး လိုက်ပါ .. 
အရင်ဆုံး  Setting ကိုသွားလိုက်ပါ .. 


ပြီးရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Display ကိုသွားလိုက်ပါ ..






အောက်က ပုံအတိုင်း ပေါ်လာပြီ ဆိုရင်တော့ Zawgyi One TTF ကိုရွေးပေးလိုက်ပါ .. 


ဒါဆိုရင်တော့ မိမိတို့ Android OS မှာ မြန်မာဖောင့်ကို ကောင်းကောင်း ရေးလို့ ဖတ်လို့ ရသွားပါလိမ့်မယ် ..






Myanmar  Fonts  Download




ဒီပို့စ်လေးကို  PDF ဖြင့် လိုချင်တယ် ဆိုရင် အောက်မှာ ယူလိုက်ပါ ..


အားလုံးပဲ အဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..

G-Mail မှ Free SMS ပို့ချင်သူများအတွက်

အခု Free SMS ပို့ချင်သူတွေ အတွက် G-Mail ကနေ Free SMS ပို့လို့ရမဲ့ နည်းလမ်းလေးကို ရေးပေး သွားပါမယ် .. လုပ်နည်းလေးက လည်း အရမ်း လွယ်ပါတယ် .. G-mail Setting ထဲက Lab ထဲမှာ တစ်ချက် သွားပြင် ပေးယုံပါပဲ .. ပြီးရင် ဖုန်းကို SMS ပို့ချင်တယ် ဆိုရင် မိမိ G-Mail လေးကို ဖွင့်ပြီး အလွယ် တကူ ပို့ယုံပါပဲ .. Oversea က ဖုန်းတော်တော် များများတော့ ရမယ် ထင်ပါတယ် .. မြန်မာပြည်တော့ ကျွန်တော် စမ်းကြည့်တာတော့ မရပါဘူး ... စမ်းတော့ ကြည့်လိုက် အုံးပေါ့ဗျာ .. ကျွန်တော် မေအာက်မှာ ဘယ်လို လုပ်ရမယ် ဆိုတာကို ပုံလေးတွေနဲ့ ပြပေးထားပါတယ် ။။
အရင်ဆုံး မိမိတို့ G-Mail အကောင့်ကို ၀င်လိုက်ပါ .. ပြီးရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Setting ကို သွားလိုက်ပါ .. 
ပြီးရင်အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Labs ကိုသွားလိုက်ပါ ။။
ပြီးရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း SMS ( text messaging ) in Chat နဲ့ SMS is Chat gadet ကို Enable ပေးလိုက်ပါ ..



ပြီးရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Save Changes ပေးလိုက်ပါ .. 
ဒါဆိုရင်တော့ SMS ပို့လို့ ရသွားပါပြီ .. မိမိတို့ Gmail account name ရဲ့ အပေါ်မှာ ကြည့်လိုက်ပါ .. Chat and SMS ဆိုပြီး Gadet လေး ပေါ်လာပါလိမ့်မယ် .. အောက် ပုံမှာ ပြထားသိလို မိမိတို့ ပို့ချင်တဲ့ ဖုန်းနံပါတ်ကို ရိုက်ထည့် ပေးလိုက်ပါ .. နိုင်ငံ ကုဒ်တွေ တော့မှန်ဖို့ လိုပါလိမ့်မယ် ..
အောက်က အဆင့်မှာ Contact name မှာ မိမိတို့ စိတ်ကြိုက် အမည် တစ်ခုကို ရိုက်ထည့် ပေးလိုက်ပါ .. ပြီးရင် Save လိုက်ပါ .. ဒါဆိုရင် G-mail မှာ Chat သုံသလို SMS ပို့လို့ ရသွားပါလိမ့်မယ် ..
အားလုံးပဲ အဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..

Ice Cream Sandwich Launcher

အခု ကျွန်တော် Android အသုံးပြုတဲ့ သူတွေ အတွက် အရမ်းလန်းတဲ့ Luncher လေးတစ်ခု တင် ပေးလိုက်ပါတယ် .. အများစုလည်း သိကြမယ် ထင်ပါတယ် .. အခုနောက်ဆုံး Android 4 Ice cream sandwich ပုံစံမျိုး မိမိတို့ရဲ့ Andriod Phone ထဲမှာ အသုံးပြုချင်သူတွေ အတွက်ပါ .. Luncher ပုံစံလေးကတော့ တော်တော် မိုက်ပါတယ် .. ကျွန်တော်လည်း အဲ့ဒီ ကောင်လေးကိုပဲ အခု သုံးနေတာပါ .. လှလည်းလှပါတယ် .. ကျွန်တော်တို့ Windows မှာဆိုရင်တော့ Themes လေးတွေ ပြောင်း သုံးသလိုပါပဲ .. ဒီကောင်လေးကို မိမိတို့ ဖုန်းထဲမှာ Install လုပ်ပြီး သွားရင် Ice cream sandwich 2.4 နဲ့ ICS Wallpaper ဆိုပြီး Application နှစ်ခု တွေ့ရပါလိမ့်မယ် .. အသုံးပြုရတာလည်း လွယ်ပါတယ် .. မိမိတို့ စိတ်ကြိုက် မဖြစ်လို့ မသုံးချင်တော့ ဘူးဆိုရင်လည်း Uninstall ပြန်လုပ် ပေးလိုက်ယုံပါပဲ .. ကျွန်တော် အောက်မှာ Feautre လေးတွေကို ခံစားလို့ရအောင် ပုံလေးတွေ တင်ပေးလိုက်ပါတယ် .. ကြိုက်ရင်တော့ ဒေါင်းထားလိုက်ပေါ့ဗျာ ..






အားလုံးပဲ အဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..

GPS နဲ့ GPRS ,AGPS မတူညီမူများ





ကျွန်တော့ရဲ့ စာဖတ်ပရိတ်သတ်တွေ သိမှာပါ။ ကျွန်တော် ရေးသမျှပိုစ့်တွေ တော်တော်များများက  IT knowledge ပိုင်းတွေကို ဦးစားပေးရေးဖြစ်ပါတယ်။ ဗဟုသုတပိုင်း သိသင့်သိထိုက်တာတွေကိုပဲ့ ကျွန်တော် အများစု ရေးဖြစ် ဖတ်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော် ရေးတဲ့ ပိုစ့်တွေမှာ လိုအပ်ချက်တွေ ရှိနေရင် ထောက်ပြဝေဖန်နိုင်ပါတယ်။
ဒီနေ့လည်း GPS နဲ့ GPRS ,AGPS အကြောင်းကို ကျွန်တော်ရေးပါဦးမယ်။ ဒီအကြောင်းကို မရေးခင်က ကျွန်တော် 3G နဲံ့ 4G ကွာခြားချက်ကို ရေးခဲ့ပါသေးတယ်။ laptop and Notebook ဘယ်လိုကွာတယ်ဆိုတာ ဖော်ပြဖူးခဲ့သလို flash song လုပ်နည်း. Laptop ၀ယ်ရာတွင် သိရမည့် အချက်များ. Cloud computing. အကြောင်း .ISO အကြောင်း  window version များအကြောင်း နဲ့ စပ်ဆက်မိတဲ့ အကြောင်းအရာတော်တော်များများကို ဖော်ပြရေးပြခဲ့ဘူးပါတယ်။ ဒီနေ့ကတော့ GPS နဲ့ AGPS အကြာင်းကို ရေးပါမယ်။ ဘာလို့ ဒီအကြောင်းကို ရေးတာလည်းဆိုတာကတော့

ကျွန်တော်တို့ ခုနောက်ပိုင်း ကင်မရာ ၀ယ်တဲ့ အချိန် ဖြစ်ဖြစ် ဖုန်းဝယ်တဲ့ အချိန်ဖြစ်ဖြစ် GPS ,AGPSနဲ့ GPRS ဆိုပြီး ပါလာတာတွေ ရှိတယ်။ ဒီ၃ မျိုးမှာ ဘာတွေ ကွာခြားသလို ဘယ်လို စွမ်းဆောင်ရည်တွေ ရှိသလဲဆိုတာကို သိဖို့လူတိုင်းလိုအပ်ပါတယ်။ ဒါကြောင့် ကျွန်တော် သိသလောက် ပြန်လည်မျှဝေပေးချင်ပါတယ်။ စာဖတ်သူများ ရှေ့ဆက်ဖတ်နိုင်ပါတယ်။
ဒါတွေ မပြောခင် စာဖတ်သူတို့ ကင်မရာတို့ ဖုန်းတို့ ၀ယ်တော့မယ်ဆိုရင် အောက်က ပုံလေးထဲ့ကလို နေရာမှာ GPS ,AGPS ,GPRS ပါလာရင် ဘာတွေ သုံးလို့ရတယ်ဆိုတာရယ်. ဘာအကျိုးသက်ရောက်မူ ရှိမယ်ဆိုတာကို စာဖတ်သူ သိရဲ့လားဆိုတာကို တွေးကြည့်ပေးပါဦး ။
 
GPS


GPS ဆိုတာကနေ စပါမယ်။ GPS ဆိုတာ ခေတ်မှီတိုးတက်နေတဲ့ နိုင်ငံတော်တွေရဲ့ တပ်မတော်တွေအတွက် ထုတ်လုပ်လာခဲ့တဲ့ system တခုပါ။ GPS ရဲ့ အရှည်ကတော့ Global Positioning System ပါ။ သူက ဘယ်လို အလုပ်လုပ်လည်းဆိုတော့ မြန်မာလို နားလည်လွယ်အောင်ပြောရရင် ဂြိုလ်ပတ်လမ်းပေါ်မှာရှိတဲ့ satellites 32 ခုကနေပြီးတော့ တချိန်တည်းမှာပဲ့ information 4 ခုကို သိနိုင်တယ်လို့ဆိုပါတယ်။ GPS မှာ location ကို  satellites ကတွက်ပေးသမျှ ကိုယ်သုံးနေတဲ့ device ပေါ်ကို ပြန်ချပေးပါတယ်။ ဒါကတော့ GPS မှာ အလုပ်လုပ်တဲ့ system ကိုဖော်ပြပေးတာ ဖြစ်ပါတယ်။GPS စနစ် တခု အလုပ်လုပ်ဖို့တွက် station ၃ ခု ဒါမှမဟုတ် အထက်ကို လိုအပ်ပါတယ်။
ဒီကြားတည်း ညှပ်ပြောချင်တာက GPS က AGPS ထက် အကွာအဝေး အတိုင်အတာ ရှည်ရှည်သုံးလို့ ရပါတယ်။ ဥပမာ ကားပေါ်. ရထားပေါ် နဲ့ သဘောင်္ပေါ်တွေမှာက အစ တွင်တွင်ကျယ်ကျယ်သုံးနေပါပြီ။ GPS ဆိုတာ positioning service တခုဆိုတာကိုလည်း သတိထားလာခဲ့ပေးပါဦး။ AGPS ကတော့ ဘာတွက်သုံးလည်းဆိုတာကို ဆက်ကြပါဦးစို့..
AGPS


AGPS ကတော့ mobile phones တွေနေရာတခုတည်းကနေပဲ့ Data Link တွေကို ရနိုင်ဖို့တွက်ရည်ရွယ်ထားတာပါ။  AGPS ကလည်း GPS လိုပဲ့ Location ရှာတဲ့ နေရာမှာ အသုံးပြုလို့ရတယ်ဆိုပေ့မယ့် သူမှာ extra charges တွေ လိုအပ်ပါတယ် ။ ဘာလို့လည်းဆိုတော့ data link တွေကို ရဖို့ပါပဲ့။unlimited data plan ကို ရရှိထားတဲ့ လူတစ်ယောက်တွက် AGPS က အသုံးဝင်ပေ့မယ် unlimited data plan မဟုတ်တဲ့ တခုဆိုရင်တော့ mobile phone company က ချပေးထားတဲ့ amount အပေါ်မှာ မူတည်ပြီးပဲ သုံးလို့ရပါလိမ့်မယ်။ အဲ့တာတွေ ပြောပြီး မေ့တော့မလို့ AGPS ဆိုတာ assistance Global Positioning System ကိုပြောတာပါ။AGPS မှာတော့ကြားခံ assistance server တခု ရှိပါတယ်။ ဒီ server တွေကနေတဆင့် မိမိရောက်ရှိနေတဲ့ location ကို ပြန်တွက်ပေးပါတယ်။server ကြားတည်းက ခံတယ်ဆိုလို့ GPS ထက် location တွက်ချက်နုန်းနှေးသွားတယ်တော့ မထင်လိုက်နဲ့နော်  AGPS က GPS ထက်ပိုမြန်ပါတယ်။

GPRS (General Packet Radio Service)


ကဲ့ ဒီကောင်လေးကတော့ ဒီ ၃ ခုထဲ့မှာ ကွဲထွက်လာတယ်လို့ ဆိုရမှာပဲ့ အပေါ်က GPS ရော AGPS ရောက Location ရှာတဲ့နေရာမှာ သုံးပေ့မယ့် ဒီကောင်လေးကတော့ email တွေ  multimedia messaging တွေနဲ့ အင်တာနက် browser တွေအတွက်ပဲ့ ဖြစ်ပါတယ်။ နောက်ထပ် ကွဲတာတွေ ထပ်ကြည့်ပါဦးနော်... ဘာတွေများလဲဗျ..
ဟုတ်ကဲ့ ကျွန်တော် ဆက်ပြောပြပါဦးမယ်။ GPRS က Data service တခုပါပဲ.။ ဒီထက်ပိုတာက  video calls service တွေထက် 2G telecommunication networks ကို အထောက်ကူပေးတဲ့ technology လိုဆိုပါတယ်။နောက်ပြီး GPRS ဆိုတာ 2G technologies ရဲ့ အစိတ်အပိုင်းတခုပါပဲ့။နဲ့နဲ ဟောင်းတဲ့ အထဲထဲမှာ ပါနေပြီလို့လည်း ဆိုလို့တော့ရတာပေါ့ 2G  ဆိုတာကို :P နောက်ပိုင်းတော့ 3G  က GPRS နေရာကို အစားထိုး ၀င်ရောက်ခဲ့တာပါပဲ့။GPRS ရဲ့ သိသာထင်ရှားပြီး ကွဲထွက်လာတဲ့ အချက်က cellular towers တွေနဲ့ အလုပ်လုပ်တာပါပဲ့။tower မရှိတဲ့နေရာဆိုရင် အလုပ်မလုပ်တော့ဘူးလို့ ဆိုလို့ရပါတယ်။ တခုတော့ ရှိတယ်နော် GPS လိုတော့  stations ၃ခု မလိုပါဘူး။ တခုတည်းရှိယုံနဲ့ အလုပ်လုပ်ပါတယ်။
ကဲ ဒီတော့ ကျွန်တော် GPS နဲ့ ယှဉ်ပြီးပဲ့ ၃ ခုလုံးကို အနှစ် ပြန်ချုပ်ပြီး နိုင်းယှဉ်ပြပေးလိုက်ပါတယ်။
GPS Vs AGPS အနှစ်ချုပ်ကွာခြားချက်..
  • GPS က  satellites တခုတည်းပေါ်မှာ တွက်ချက်ပေ့မယ့်  AGPS ကတော့  satellites နဲ့ assistance server အားထားပြီး အလုပ်လုပ်ပါတယ်။
  • AGPS receiver တွေက mobile device တွေတွက် အဓိကထားသလို GPS ကတော့  standalone devices တွေတွက်ပါ။
  • AGPS တွက်ချက်နူန်းက GPS ထက် location ရှာတာ ပိုမြန်ပါတယ်။
  • အပေါ်မှာ ပြောဖို့ မေ့သွားတယ်ဗျာ.. AGPS ထဲ့မှာ တခုကျန်နေတာလေးကို ဒီနေရာမှာပဲ့ ဖြည့်ပြောသွားပါဦးမယ်။ AGPS က  certain situations တွေမှာ GPS ထက်ပိုပြီး ယုံကြည်စိတ်ချရပါတယ်။
  • GPS က Free ဆိုပေ့မယ့် AGPS မှာတော့  additional charges ဒါမှမဟုတ် extra charges တွေ လိုအပ်ပါတယ်။ ဒါတွေကိုတော့ ဖုန်းကုမဏ္ဍီတွေကနေ ရောင်းချပါတယ်။
GPS vs GPRS အနှစ်ချုပ် ခြားနားချက်..
  1. GPS ကpositioning service တခုလို့ ဆိုပေ့မယ့် GPRS ကတော့ mobile phones တွေမှာသုံးတဲ့ Data Service တခုပါ။
  2. GPS က ကမာပေါ်မှာ ရှိတဲ့ location တွေကို ရှာပေးနေတဲ့ အရာ... GPRS ကတော့  emails,နဲ့ browse တွေအတွက် ပါပဲ့။
  3. GPS က  satellites တွေ စုထားတဲ့ ဒါမှမဟုတ် အများစုနဲ့ အလုပ်လုပ်နေတာ ဖြစ်ပေ့မယ် GPRS မှာတော့  terrestrial tower ( အမြင့် မျှော်စင်လို့ သတ်မှတ်လို့ရသလို တောင်စွန်တောင်ဖျားမှာ ထောင်ထားသောလို့လည်း သတ်မှတ်လို့ရပါတယ်။) ဒါမှမဟုတ်  cellular towers တွေ နဲ့ အလုပ်လုပ်ပါတယ်။ ပြောချင်တာတော့ ကန့်သတ်ချက်က ဒီ tower တွေ ရှိတဲ့ နယ်မြေအတွင်းပဲ့ အသုံးပြုလို့ရပါမယ်လို့ ဆိုလိုရပါတယ်။
  4. GPS ကအလုပ်လုပ်ဖို့တွက်  stations ၃ ခု လိုနေချိန်မှာတော GPRS က  station တခုပဲ့လိုပါတယ်။
  5. GPS က ကောင်းကင်ကို မြင်ရတဲ့ ဘယ်နေရာမဆို အလုပ်လုပ်နေချိန်မှာတော့  GPRS က limit တွေ ပြည့်နေတဲ့ tower တွေနဲ့ အလုပ်လုပ်ပါတယ်။
နောက်ထပ် ရှင်းပြချင်တာတွေ ရှိပါသေးတယ်။ SMTP ဆိုတာ ဘာအတွက် IAMP ဆိုတာ ဘာ WAP, EDGE ဆိုတာ ဘယ်လို နေရာတွေတွက် ဘာအတွက် mobile တွေမှာ ပါလာတယ်ဆိုတာကို ပြောပြဖော်ပြပေးချင်ပါသေးတယ်။ ဒီလို ပိုင်းတွေကျ စိတ်မ၀င်စားမှာလည်းဆိုတာနဲ့ တောင်းဆိုသူ ရှိမှာသာ ကျွန်တော် ဆက်လက်ဖော်ပြပေးပါ့မယ်။ ကျွန်တော် အပေါ်မှာ ဖော်ပြပေးခဲ့သလောက်ဆို  Mobile တွေမှာပါလာတဲ့  GPS တွေက ဘာအတွက် ဘယ်လို အလုပ်လုပ်တယ်ဆိုတာကို အကြမ်းဖျင်းနားလည်နိုင်ပါလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်မိပါတယ်။ အားလုံးပျော်ရွှင်ပါစေ..


ဒီပိုစ့်တွက် PDF 
next one links

အဆင်ပြေပါစေ..
TZH ..

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )