
5:10 PM

Admin
No comments

အမေရိကန်စက်မှုလုပ်ငန်း ကုမ္ပဏီကြီး
General Elecric (GE) သည် မြန်မာ့
လေကြောင်းအတွက် Embrear (EMBR3.SA)
E190 အမျိုးအစား ဂျက်လေယာဉ်နှစ်စင်းကို
ရောင်းချပေးသွားရန် စာချုပ်ချုပ်
ဆိုခဲ့သည်။
ကုမ္ပဏီ၏အဆိုအရ ယင်းဂျက်လေယာဉ်နှစ်စင်းကို လာမည့်နိုဝင်ဘာနှင့်
ဒီဇင်ဘာတွင် မြန်မာနိုင်ငံသို့ တင်ပို့မည်ဟုသိရပြီး ဈေးနှုန်းကိုမူ ဖော်ပြထားခြင်း
မရှိပေ။
GE ကုမ္ပဏီသည် အမေရိကန်က မြန်မာနိုင်ငံအား ကုန်သွယ်ရေးနှင့်
ကူးသန်းရောင်းဝယ်ရေး ပိတ်ဆို့မှုများဖြေလျှော့ပေးအပြီး ပြည်တွင်း၌ လုပ်ငန်း
များလုပ်ကိုင်ရန် ပထမဆုံးစတင်ခဲ့သော ကုမ္ပဏီဖြစ်သည်။
GE သည် ပြီးခဲ့သည့်ဇူလိုင်လက မြန်မာကုမ္ပဏီတစ်ခုမှတစ်ဆင့် ပြည်တွင်းရှိ ဆေးရုံ
နှစ်ခုသို့ X-Ray ဓာတ်မှန်စက်များပေးသွင်းရန် သဘောတူစာချုပ်ချုပ်ဆိုခဲ့သည်။
ကွန်နက်တီကပ်ပြည်နယ်အခြေစိုက် ယင်းကုမ္ပဏီသည် အမေရိကန် ဥပဒေကခွင့်ပြုသည်နှင့် မြန်မာနိုင်ငံတွင်း၌ ရုံးခွဲတစ်ခုဖွင့်လှစ်ထားရှိရန်
ရည်ရွယ်ထားသည်။
မြန်မာနိုင်ငံတွင် အခြားအမေရိကန်ကုမ္ပဏီများဖြစ်သော ကိုကာကိုလာနှင့် ပက်ပ်စီတို့
သည်လည်း ၄င်းတို့၏ ထုတ်ကုန်များကို ပြည်တွင်း၌ ရောင်းချသွားရန် ပြီးခဲ့
သည့်နှစ်လကပင် သဘောစာချုပ်များ ချုပ်ဆိုခဲ့ပြီး စတင်ရောင်း
ချနေကြပြီဖြစ်သည်။
ကိုးကား-ရိုက်တာ
7Day News

6:26 AM

Admin
No comments
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေမူကြမ်း (FDI) ကို ပြင်ဆင်
ဖြည့်စွက်ဖို့အတွက် နိုင်ငံတော်သမ္မတက ပြည်သူ့လွှတ်တော်ထံ ပြန်လည်
ပေးပို့လိုက်တယ်လို့ အေပီ သတင်းတစ်ပုဒ်မှာ ဒီကနေ့ ဖော်ပြပါတယ်။
Photo: Pyithu Hluttaw
နေပြည်တော်ရှိ ပြည်သူ့ လွှတ်တော် အဆောက်အဦး
ဒီကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်အမတ် တစ်ဦးဖြစ်တဲ့ ဒေါက်တာ မြဥာဏစိုးက အခုလို ပြောပါတယ်။
"သမ္မတကြီး အခုပြန်ပို့တဲ့
ပြင်ဆင်ချက်တွေဟာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေအတွက် သင့်တော်တဲ့
အချက်တွေဆိုရင် ကျွန်တော်တို့ လွှတ်တော်ကလည်း ပြုပြင်ပေးရမှာ ဖြစ်ပါတယ်။
အခုက လွှတ်တော် ကျင်းပနေတဲ့အချိန် မဟုတ်သေးတဲ့ အခါကျတော့ ကျင်းပတဲ့
အောက်တိုဘာ ဒုတိယပတ်လောက်ကျမှပဲ ဘယ်အချက်တွေဆိုတာ ကျွန်တော်တို့
သိရှိရမှာပါ"
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းကို ပြီးခဲ့တဲ့ ၂ ပတ်လောက်က
လွှတ်တော်က အတည်ပြုပြီး သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုး အတည်ပြုပေးဖို့
ပေးပို့ခဲ့ပါတယ်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကလည်း အခုမူကြမ်းဟာ ပြင်ဆင်ဖို့
လိုအပ်ချက်တွေရှိသေးတယ်လို့လည်း ထောက်ပြတယ်လို့ အေပီသတင်းက ဆိုပါတယ်။

11:37 AM

Admin
No comments

မန္တလေးမြို့ရှိ အချို့သော လမ်းမကြီးတွေမှာ
ကွမ်းယာ ဆိုင်ဖွင့်လှစ် ရောင်းချမှု များကို
ခွင့်ပြုမပေး တော့ဘူးလို့ မန္တလေး မြို့တော်
စည်ပင် သာယာရေးကော်မတီ သန့်ရှင်းရေး
ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက်
အရ သိရပါတယ်။
ဒီလို ကွမ်းယာဆိုင် ဖွင့်လှစ် ရောင်းချခွင့် မပြုမှုကို မန္တလေးမြို့ရှိ အဓိက လမ်းမကြီး တွေနဲ့
လမ်းဆုံ လမ်းခွ နေရာများမှာ ဖွင့်လှစ်မှုကို တားမြစ် ထားတာ ဖြစ်ပါတယ်။ အခုလို အဓိက
လမ်းမကြီးတွေနဲ့ လမ်းဆုံ လမ်းခွ နေရာများမှာ ရောင်းချခွင့် မရှိတော့ ပေမယ့် လမ်းကြားတွေ
အတွင်း မှာတော့ စည်းကမ်း တကျနဲ့ ရောင်းချခွင့် ရရှိနေဦးမှာ ဖြစ်တယ်လို့
သိရပါတယ်။
မန္တလေးမြို့ အတွင်း အခုလို ကွမ်းယာဆိုင် ဖွင့်လှစ်မှုကို ကန့်သတ်မှု သာမက
လက်ဘက်ရည် ဆိုင်များ၊ စားသောက်ဆိုင် များမှာလည်း ကွမ်းတံတွေး မထွေးဖို့နဲ့
အမှိုက်များ စနစ်တကျ စွန့်ပစ်ဖို့ အတွက် အမှိုက်ပုံး ထားရှိ ဆောင်ရွက်ဖို့ ကိုလည်း
လမ်းညွှန် ထားပါတယ်။
ဒီလို လမ်းညွှန်ချက် အတိုင်း ဆောင်ရွက်မှုများ မပြုလုပ်ပါက မန္တလေး မြို့တော် စည်ပင်
သာယာရေး ကော်မတီ အနေနဲ့ ပထမအကြိမ် ကျူးလွန်မှု အတွက် သတိပေးပြီး ဒုတိယ
အကြိမ် ထပ်မံ ကျူးလွန်ရင်တော့ ဒဏ်ရိုက် အရေးယူမှာ ဖြစ်တယ်လို့ သိ
ရပါတယ်။
အခုလို ဒဏ်ရိုက် အရေးယူရာ မှာတော့ ဒဏ်ကြေး အဖြစ် ကျပ် တစ်သောင်းခွဲမှ
လေးသောင်းခွဲထိ သတ်မှတ် ထားတယ်လို့ သိရပါတယ်။
MRTV 4

6:16 AM

Admin
No comments
မြန်မာနှင့် ကုန်သွယ်ရေး လုပ်နေသော ဘင်္ဂလားဒေခ်ျ့ နိုင်ငံမှ တက်ကနက် ဘောင်တော် ဆိပ်ကမ်းကို လာရောက် လည်ပတ်ခဲ့သော အမေရိကန် စီးပွားရေး အဖွဲ့ တစ်ဖွဲ့သည် ဘင်္ဂလာဒေခ်ျ့ ခရီးစဉ် ပြီးဆုံးပါက မြန်မာ နိုင်ငံကို သွားရောက်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။
Teknaf land port Photo: thedailystar
မြန်မာ ခရီးစဉ် အတွင်း ရခိုင်ပြည်နယ် စစ်တွေသို့ သွားရောက်ဖွယ် ရှိကြောင်း သိရသည်။
အမေရိကန် စီးပွားရေး အဖွဲ့သည် ယမန်နေ့က နံနက် ၁၀ နာရီခန့်က ဘင်္ဂလာဒေခ်ျ့ နိုင်ငံ တက်ကနက် ဆိပ်ကမ်းကို သွားရောက်လည်ပတ်ခဲ့ပြီး လာမည့် သောကြာနေ့တွင် မြန်မာနိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် စီးပွားရေး အရ ရင်းနှီး မြုပ်နှံမူ ပြုလုပ်ရန် အမေရိကန် သံတမန် အဖွဲ့အား ဘင်္ဂလာဒေခ်ျ့ အစိုးရမှ တိုက်တွန်း ပြောကြားပြီးနောက် အဆိုပါ အဖွဲ့သည် ဘင်္ဂလာဒေခ်ျ့နှင့် မြန်မာ စီးပွားရေး အခြေအနေ များကို လာရောက်လေ့လာခြင်း ဖြစ်သည်။
တက်ကနက် ဆိပ်ကမ်းကို လာရောက် လည်ပတ်စဉ် မြန်မာနှင့် ကုန်သွယ်ရေး လုပ်နေသော ဘင်္ဂလီ ကုန်သည်ကြီးများနှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပြီး အခက်အခဲများကိုလည်း မေးမြန်း သွားခဲ့သည်ဟု သိရသည်။
အမေရိကန်နိုင်ငံမှ စီးပွားရေးအဖွဲ့မှာ စစ်တကောင်းဆိပ်နှင့် အိန္ဒိယနှင့်ဘင်္ဂလား နယ်စပ်ဂိတ်တခုဖြစ် သည့် ဘန်နာပူလ်သို့လည်း သွားရောက်လေ့လာခဲ့ကြောင်း သိရှိရသည်။
တက်ကနက်ဆိပ်ကမ်းမှာ မြန်မာနိုင်ငံနှင့် စီးပွားရေးလုပ်ကိုင်ရာတွင် အဓိက ကုန်သွယ်နေသော ဆိပ်ကမ်း ဖြစ်ပြီး နိုင်ငံတော် ၀င်ငွေ အများအပြား ရရှိနေသာ ဆိပ်ကမ်းတစ်ခု ဖြစ်သည်။
၎င်းတက်ကနက် ဆိပ်ကမ်းကို ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည့် ဆူပူအကြမ်းဖက်မှုကြောင့် လအတန်ကြာ ရပ်တန့်ခဲ့ပြီး နှစ်ဘက်နိုင်ငံ၏ နယ်စပ် စီးပွားရေးကို ထိခိုက်စေခဲ့သည်။
စက်တင်ဘာလ ၁၁ ရက်နေ့က အမေရိကန်နိုင်ငံ အာရှ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဂျိုးဇက်ယွန်း ဦးဆောင်သော အဖွဲ့ ရောက်လာပြီးနောက် ယခုစီးပွားရေး အဖွဲ့သည် တက်ကနက် မြို့သို့ ရောက်လာသော အဆင့်မြင့်ဆုံး စီးပွားရေး အဖွဲ့ ဖြစ်သည်။
တက်ကနက်သို့ လာရောက်သော အမေရိကန် စီးပွားရေး အဖွဲ့နှင့် အတူ ဒက္ကားမြို့ရှိ အမေရိကန် သံရုံးမှ နိုင်ငံရေးနှင့် စီပွားရေး ဆိုင်ရာ သံအရာရှိများ လိုက်ပါလာကြောင်း သိရသည်။

3:30 PM

Admin
No comments

ကျပ်ငါးထောင်တန် ကြိုတင်ငွေဖြည့်
ကတ်များကို စက်တင်ဘာ တတိယပတ်
အတွင်း စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
ကျပ် ၅၀၀၀ တန် ကြိုတင်ငွေဖြည့်ကတ်များနှင့် ပက်သက်ပြီး E-Lite မှ တာဝန်ရှိသူ
တစ်ဦးက ''အမြန်ဆုံး ရောင်းနိုင်အောင် ပြုလုပ်နေပါတယ်။ တစ်ခုတည်းက
ထုတ်မှာမဟုတ်ပါဘူး။
နောက်ထပ် ကုမ္ပဏီနှစ်ခုကလည်း ထုတ်မှာပါ။ ထုတ်တဲ့ကတ် တိုင်းမှာ ထုတ်တဲ့
ကုမ္ပဏီအမှတ်အသား ပါမှာပါ''ဟု ပြောကြားသည်။
ကျပ် ၅၀၀၀ တန် ကြိုတင်ငွေ ဖြည့်ကတ်များ၏ အရောင်မှာ CDMA 800 mhz သည်
ခဲရောင်ဖြစ်၍ 450 mhz ဆိုလျှင် ရွှေဝါရောင်ဖြစ်ပြီး GSM ဆိုလျှင် စိမ်းပြာရောင်ဖြစ်ကြောင်း
သိရသည်။
Eleven Media Group

8:19 AM

Admin
No comments
အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်း။ (နိုဝင်ဘာလ ၂၅၊ ၂၀၁၁)။
အိန္ဒိယနိုင်ငံမှာ ဘဏ္ဍာရေးလိုငွေပြမှုကို လျှော့ချနိုင်ဖို့နဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို စွဲဆောင်နိုင်ဖို့ ရည်ရွယ်ပြုလုပ်တဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲရေး မူအပေါ် ဝေဖန်နေတာကို ဝန်ကြီးချုပ် မန်မိုဟန်ဆင်း (Manmohan Singh) က ကာကွယ် ပြောကြားလိုက်ပါတယ်။ ဒါဟာ နိုင်ငံအတွက် အရေးကြီးတဲ့ ဆောင်ရွက်မှုဖြစ်တယ်လို့ စနေနေ့က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဒီဇယ်ဆီဈေးတွေကို ၁၂ ရာခိုင်နှုန်းလောက် တိုးမြှင့်လိုက်တဲ့ကိစ္စကိုလည်း ဝန်ကြီးချုပ်က ထောက်ခံပြောခဲ့ပါတယ်။ အိန္ဒိယ က လောင်စာဆီဈေးတွေဟာ ကမ္ဘာ့ဈေးတွေနဲ့ ကိုက်ညီဖို့ အရေးကြီးတယ်လို့ သူကပြောခဲ့တာပါ။
ကြာသပတေးနေ့က အစိုးရအဖွဲ့ အစည်းအဝေးမှာ ဒီဇယ်ဆီဈေးကို တလီတာကို ၅ ရူပီ (Rupee) လောက် ဈေးမြှင့်ဖို့ကိစ္စကို သမ္မတက အတည်ပြုလိုက်တဲ့ အတွက် နိုင်ငံရေး မဟာမိတ်တချို့နဲ့၊ အတိုက်အခံတွေရဲ့ ဝေဖန်မှုကို ခံနေရတာဖြစ်ပါတယ်။ သောကြာနေ့ကလည်း နိုင်ငံခြားပိုင် ကုန်ပစ္စည်း လက်လီဆိုင်ကြီးတွေကို အိန္ဒိယ အစိုးရက ဖွင့်ခွင့်ပြုလိုက်ပါတယ်။ နိုင်ငံခြားက ဆိုင်ကြီးတွေ လာဖွင့်ရင် ပြည်တွင်းက လက်ဆီဆိုင်လေးတွေကို ထိခိုက်နိုင်သလို အလုပ်အကိုင်တွေလည်း ထိခိုက်နိုင်တယ်လို့ ဆန့်ကျင်သူတွေက ပြောနေကြပါတယ်။

7:53 AM

Admin
No comments
မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးအား ဒေသတွင်းနိုင်ငံတွင်းလေကြောင်းကုန်စည်စီးဆင်းရာ လေဆိပ်ကြီးအဖြစ် အကောင်အထည်ဖော်ရန်အပြင် လေကြောင်းနှင့်ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ဆုံရပ်(Aviation and Logistics Hub) တစ်ခုအဖြစ်သို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရ သည်။
အဆိုပါဆုံးဖြတ်ချက်ကို နေပြည်တော်ပို့ဆောင်ရေး ဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေး၊ ညွှန်ကြားမှုဦးစီးဌာန၏ လေကြောင်းပို့ဆောင်ရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲက သိရှိရသည်။
မြန်မာ့မြေနေရာအနေအထားအရ အချက်အချာကျပြီး ကုန်စည်စီးဆင်းသွားလာရန်နှင့် လေကြောင်း ထောက်ပံ့ ပို့ဆောင် ရေးဆုံရပ်အဖြစ် ဆောင်ရွက်ရန်အပိုင်း(၆)ပိုင်း ခွဲ၍ဆောင်ရွက်မည်ဖြစ်သည်။
''ပုဂ္ဂလိက ကဏ္ဍပါဝင်နိုင်ဖို့အတွက် မန္တလေးလေဆိပ်ကို LOCAL ဦးစားပေးမယ်၊ နိုင်ငံခြားနဲ့လည်း Joint လုပ်နိုင်တယ်၊ လုပ်ငန်းတွေက ငွေကြေးရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ၊ စီမံခန့်ခွဲမှုတွေ လိုအပ်တယ်၊ မြန်မာ့ ရင်းနှီး မြှုပ်နှံမှုဥပဒေအရ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်၊ စိစစ်ရေးအဖွဲ့ (၃)ဖွဲ့ နဲ့စိစစ်ရွေးချယ်သွားမှာဖြစ်ပြီး မြန်မာ့ရင်းနှီးမြှုပ်နှံမှုကောင်မရှင်ရဲ့ သတ်မှတ်ချက်နဲ့ညီညွတ်တာကို ခေါ်ယူမှာ ဖြစ်ပါတယ်” ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောသည်။
ဦးတင်နိုင်ထွန်းမှာ လေကြောင်းပို့ဆောင်ရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် စာတမ်းတင်သွင်းခဲ့သူလည်းဖြစ်သည်။
အဆိုပါကဏ္ဍအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် ပါဝင်ဆောင်ရွက်နိုင်ရေးအတွက်လည်း စီမံဆောင်ရွက် ထားကြောင်း သိရှိရသည်။
အကြိုအရည်အချင်းစစ်ဆေးခြင်းဖြင့် ပုဂ္ဂလိကသို့ တင်ဒါခေါ်ယူမည်ဖြစ်သလို တစ်လအတွင်း တင်သွင်းရမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
“တင်ဒါအောင်တဲ့အဖွဲ့က ၂ဝ၁၃ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့မှာ လုပ်ငန်းတွေ စတင်ဆောင်ရွက်ရမယ်၊ ပြည်တွင်းကို ဦးစားပေးပေမဲ့ ပြည်ပနဲ့လည်း မဖြစ်မနေ ပူးပေါင်းဆောင်ရွက်ရမယ်၊ အဲလိုမှ Market ခေါ်နိုင်မှာပါ ''ဟု၎င်းက ဆက်ပြောသည်။
မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီး ၁၉၉၆ခုနှစ်၊မေလ (၁၇)ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၂ဝဝဝ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။
လက်ရှိလေဆိပ်လုပ်ငန်းများကိုမြေ ၃၆၈၂ ဧကပေါ်တွင် ဆောင်ရွက်ထားခြင်းဖြစ်ပြီး လေဆိပ်လုပ်ငန်းများ၊ လေကြောင်း ကုန်သွယ်ရေးလုပ်ငန်းများ၊ လေကြောင်းဖွံ့ဖြိုးရေးလုပ်ငန်းများကို ယင်းမြေဧရိယာပေါ်တွင် ပုဂ္ဂလိကကဏ္ဍပါဝင်ဆောင် ရွက်ခွင့်ပြုမည်ဖြစ်သည်။

6:18 AM

Admin
No comments
မြန်မာနိုင်ငံမှာရှိတဲ့ အစိုးရပိုင်ဘဏ်တွေနဲ့ ပုဂ္ဂလိကဘဏ် (၁၇)ဘဏ် ပူးပေါင်းပြီး ရင်းနှီးငွေ အမေရိကန်ဒေါ်လာ လေးသန်း မတည် ထူထောင်ထားတဲ့ မြန်မာပေးမန့် ယူနီယံကနေ Debit Card တွေ စတင်အသုံးပြုနိုင်ပြီ ဖြစ်တဲ့အကြောင်း မိတ်ဆက်ပွဲ အခမ်းအနားကို ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
RFA
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၄ ရက်က ရန်ကုန်မြို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် မြန်မာ ပေးမန့်ယူနီယံ Debit Card မိတ်ဆက်ပွဲ အခမ်းအနား ကျင်းပနေစဉ်။
အမ်ပီယူကတ်တွေကို လက်တလောမှာ Debit Card အဖြစ် စတင်အသုံးပြုနိုင်မှာဖြစ်ပြီး မကြာခင် Credit Card တွေအဖြစ် ဆက်လက်ထုတ်ဝေတဲ့အခါ Master ၊ Visa ၊ American Express ၊ JCB ၊ China Union Pay Card စတဲ့ နိုင်ငံတကာ အကြေးဝယ်ကတ်ပြားတွေနဲ့လည်း ချိတ်ဆက် သုံးနိုင်မယ်လို့ ပြောပါတယ်။
အမ်ပီယူ Dabit Card တွေကို လက်ရှိနိုင်ငံတစ်ဝန်းမှာ တပ်ဆင်ထားတဲ့ အေတီအမ် ငွေထုတ်စက်ပေါင်း ၁၂၇ လုံးမှာ အသုံးပြုနိုင်မှာဖြစ်ပြီး များမကြာခင်မှာ နိုင်ငံတကာမှာ တပ်ဆင်ထားတဲ့ ငွေထုတ်စက်တွေမှာပါ အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ မြန်မာပေးမန့်ယူနီယံ အတွင်းရေးမှူး အေဂျီဒီဘဏ် အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းဦးက ပြောပါတယ်။
ဒီကနေ့ စတင်မိတ်ဆက်လိုက်တဲ့ အမ်ပီယူ debit ကဒ်တွေကို ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်က ဈေးဝယ်စင်တာတွေနဲ့ ဟိုတယ်တွေမှာပါ ငွေပေးချေနိုင်မယ်လို့ သိရပါတယ်။
အမ်ပီယူကဒ်နဲ့ အေတီအမ် စက်တွေကနေ ငွေထုတ်တဲ့အခါ တစ်ရက်ကို အနည်းဆုံး ကျပ်တစ်ထောင်ကနေ အများဆုံး ကျပ်ဆယ်သိန်းအထိ ထုတ်ယူဖို့ ကန့်သတ်ထားတယ်လို့လည်း သိရပါတယ်။

6:13 AM

Admin
No comments
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ရဲ့ အမေရိကန် ခရီးစဉ်ကာလနဲ့ တိုက်ဆိုင်ပြီး မြန်မာနိုင်ငံကနေ အမေရိကန်ကို တင်ပို့တဲ့ သွင်းကုန်ပိတ်ဆို့ အရေးယူမှုတချို့ကို ဖြေလျှော့ပေးဖို့ အမေရိကန် အစိုးရက ကြိုးပမ်းနေတယ်လို့ မနေ့ကထုတ်ဝေတဲ့ Financial Times သတင်းစာကြီးက ရေးသားလိုက်ပါတယ်။
RFA
အမေရိကန် ကွန်ဂရက်လွှတ်တော် အဆောက်အဦး။
ဒီလို ပို့ကုန်အရေးယူမှု လျှော့ချနိုင်ဖို့အတွက် သမ္မတ အိမ်ဖြူတော်၊ အမေရိကန် နိုင်ငံခြားရေးဌာနနဲ့အမေရိကန် လွှတ်တော်တို့ ဆွေးနွေးနေကြပါတယ်။
ဒါပေမယ့် လျှော့ပေးဖို့ ကြိုးစားနေတဲ့အထဲမှာ စစ်ဘက်ဆိုင်ရာ ပိတ်ပင်ထားတာတွေ မပါဝင်ဘူးလို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံသားတွေ မြန်မာနိုင်ငံမှာ စီးပွားရေးရင်းနှီးမြုပ်နှံခွင့် ပိတ်ဆို့ထားတာကိုတော့ အမေရိကန်သမ္မတ အိမ်ဖြူတော်ရဲ့ လုပ်ပိုင်ခွင့်နဲ့ ဖြေလျှော့ပေးခဲ့ပြီး ဖြစ်ပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံကသွင်းကုန် ပိတ်ဆို့ထားတာ လျှော့ပေးဖို့ကိုတော့ အမေရိကန် လွှတ်တော်ရဲ့ သဘောတူချက်ရဖို့လိုနေပြီး လွှတ်တော်ရဲ့ သဘောတူချက်ကို နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲ မတိုင်ခင် ရဖို့ကတော့ ဖြစ်နိုင်ခြေ နည်းတယ်လို့ သတင်းစာက ရေးပါတယ်။
ဒါပေမယ့် သမ္မတ ဦးသိန်းစိန် အမေရိကန်ကို ရောက်တဲ့အခါမှာ မြန်မာပို့ကုန် ပိတ်ဆို့ထားမှုကို စတင်ဖြေလျှော့ပေးနေပြီ ဆိုတဲ့အကြောင်း အမေရိကန်အစိုးရက တရားဝင် ကြေညာနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ ဒီရလဒ် ထွက်လာဖို့ အမေရိကန်နိုင်ငံခြားရေးဌာနက ကမကထပြု ဆောင်ရွက်နေပါတယ်။
ဒီကိစ္စမှာလွှတ်တော်ရော၊ ဒေါ်အောင်ဆန်းစုကြည်ကပါ ထောက်ခံမယ်ဆိုရင် ဖြစ်လာနိုင်တယ်လို့ ဝါရှင်တန်အခြေစိုက် သုံးသပ်သူတွေက ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်လွှတ်တော်က ချီးမြှင့်မယ့် ရွှေတံဆိပ်ဆု လက်ခံဖို့ လာမယ့် ၁၇ ရက်နေ့မှာ ဝါရှင်တန်ဒီစီမြို့ကို ရောက်မှာဖြစ်ပြီး သမ္မတ ဦးသိန်းစိန်ကတော့ ကုလသမဂ္ဂ အထွေထွေညီလာခံတက်ဖို့ နယူးယောက်မြို့ကို လာမှာဖြစ်ပါတယ်။

6:24 PM

Admin
No comments
မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၃အာဆီယံဆီးဂိမ်းပြိုင်ပွဲအမီ ပြည်တွင်း အင်တာနက်လိုင်းမြန်နှုန်းများကို ဂျပန်နည်းပညာအကူအညီဖြင့် 10GB အထိ တိုးမြှင့်ဆောင်ရွက်သွား ရန် ပြင်ဆင်နေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရှိရသည်။
အင်တာနက်မြန်နှုန်းများ အဆင့်မြှင့်တင်ခြင်းကို နေပြည်တော်၌ အဓိကဆောင်ရွက်သွားမည်ဖြစ်ပြီး ရန်ကုန်-မန္တလေး-နေပြည်တော် ဖိုက်ဘာဆက်ကြောင်း အဆင့်မြှင့်တင်ခြင်းကိုလည်း ပြုလုပ်သွားမည် ဖြစ်သည်။
“ဒီလိုပါ ဆီးဂိမ်းပြိုင်ပွဲအမီ ပြည်တွင်းအင်တာနက်လိုင်းတွေ မြန်နှုန်းကို အကောင်းဆုံးလုပ်ပေးမှာပါ၊
ဘာလို့လည်းဆိုတော့ နိုင်ငံခြားသားတွေလည်း အများဆုံးလာရောက်မှာဖြစ်တယ်၊ပြီးတော့ဆက်သွယ် ရေး ပိုမိုအဆင်ပြေနိုင်အောင်လို့ပါ”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
ထိုကဲ့သို့ ပြည်တွင်းအင်တာနက်လိုင်းများ၏ မြန်နှုန်းတိုးမြှင့်ဆောင်ရွက်ရာ၌ လိုအပ်သည့် နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပညာရပ်ပိုင်းဆိုင်ရာ လေ့ကျင့်သင်တန်းပေးမှုများကို ဂျပန်နိုင်ငံမှကူညီဆောင်ရွက် ပေးနေကြောင်းကိုလည်း သိရှိရသည်။
အင်တာနက်စနစ်ကို ယုံကြည်၍ နိုင်ငံခြားကုမ္ပဏီများမှ အပ်နှံသည့် Outsourcing လုပ်ငန်းများကို ပြည်တွင်းမှ လုပ်ကိုင်ကြရန် လိုအပ်ကြောင်း၊ အင်တာနက်စနစ်ချို့ယွင်းခဲ့ပါက လျော်ကြေးအနေဖြင့် ပြန်လည်ပေးအပ်သွားမည် ဖြစ်သည့်အတွက် ယုံကြည်စိတ်ချစွာ လုပ်ကိုင်ဆောင်ရွက်စေလိုကြောင်းဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသိန်းထွန်းက ပြောသည်။
ယခုလ (၇)ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်သည့် ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်းပညာဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အဖွဲ့အစည်းအသီးသီး၌ လုပ်ကိုင်ဆောင်ရွက်နေသူများအတွက်လည်း အင်တာနက်စနစ်နှင့် ပတ်သက်၍ တာဝန်ယူမည်ဖြစ်ကြောင်းကို လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သေးသည်။
လက်ရှိအချိန်တွင် ပြည်တွင်း၌ သုံးစွဲနေသည့် တစ်နိုင်ငံလုံး၏အင်တာနက်မြန်နှုန်း Bandwidth မှာ 3GB ဝန်းကျင်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးက သိရှိရသည်။

11:34 AM

Admin
No comments

အမေရိကန်ပြည်ထောင်စုက သတင်းနည်းပညာ ဧရာမ ကုမ္မဏီကြီးဖြစ်တဲ့ ပန်းသီး (Apple) ကုမ္ပဏီ ဟာ အားလုံးက မျှော်လင့် စောင့်စားနေကြတဲ့ iPhone အမျိုးအစားသစ် လက်ကိုင်ဖုန်းဖြစ်တဲ့ iPhone 5 ကို စက်တင်ဘာ (၁၂)ရက်နေ့က စတင် မိတ်ဆက် ပွဲထုတ်လိုက်ပါပြီ။
အခု iPhone 5 ဟာ အရင်နှစ်က ရောင်းချခဲ့တဲ့ iPhone 4S ထက် မြင်ကွင်း screen ပိုကြီးပေမဲ့ iPhone 4S ထက် သေးငယ် ပေါ့ပါးတယ်လို့ Apple ကုမ္ပဏီက ဆိုပါတယ်။
ကာလီဖိုးနီးယား (California) ပြည်နယ်က ဆန်ဖရန်စစ္စကို (San Francisco) မြို့မှာ ကျင်းပတဲ့ Apple ကုမ္ပဏီရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ iPhone 5 ကို မိတ်ဆက်ပွဲထုတ်ခဲ့တာပါ။ အရင်က iPhone 4S ဟာ တတိယမျိုးဆက်ကွန်ယက် (Third Generation Network) 3 G နဲ့ ချိတ်ဆက်မှု ၀န်ဆောင်ပေးထားစဉ်မှာ တောင်ကိုးရီး ယားက Samsung ကုမ္ပဏီက စတုတ္ထမျိုးဆက်ကွန်ယက် (Forth Generation Network) 4 G နဲ့ ချိတ်ဆက် ၀န်ဆောင်မှုပေးတဲ့ Android အမျိုးအစား Galaxy S III လက်ကိုင်ဖုန်းကို ထုတ်လုပ်ရောင်းချခဲ့တာကြောင့် iPhone အမျိုးအစား လက်ကိုင်ဖုန်းတွေ ဈေး ကွက်မှာ အရောင်းထိုင်းသွားခဲ့ပါတယ်။
တခြား လက်ကိုင်ဖုန်း အမျိုးအစားတွေကလည်း အဆင့်မြင့်နည်းပညာတွေနဲ့ ထုတ်လုပ်လာ တာကြောင့် ကမ္ဘာ့လက်ကိုင်ဖုန်း ဈေးကွက်မှာ အဆင့်မြင့်နည်းပညာ smart phone တွေကို ပဲ တောင်းဆိုလာခဲ့ကြတာပါ။
အခုအခါမှာတော့ ဒီ လက်ကိုင်ဖုန်း smart phone တွေထဲမှာ ဦးဆောင်မှုကို ပြန်ပြီးရယူဖို့ iPhone 5 နဲ့ Apple ကုမ္ပဏီက ကြိုးပမ်းလိုက်တာလည်း ဖြစ်ပါတယ်။ အခု iPhone 5 ကို အလျူမီနီယံသတ္ထုနဲ့ ဖလ်နဲ့ ပေါင်းစပ်ထုတ်လုပ်ပြီးတော့ အထူ (၇.၆) မီလီမီတာ၊ ဗျက် (၁၀၂) မီလီမီတာ၊ အလေးချိန် (၁၂၂) ဂရမ်ရှိတယ်လို့ Apple ကုမ္ပဏီက ဆိုပါတယ်။
Phone 5 မှာ မိုက်ကရိုဖုန်း သုံးလုံးပါရှိပြီး အင်တာနက်ချိတ်ဆက်မှုတွေကို အမြန်ဆုံး speed နဲ့ ၀န်ဆောင်မှုပေးနိုင်မှာ ဖြစ်ကြောင်း၊ အနိမ့်ဆုံး 16 giga bite သိုလှောင်နိုင်တဲ့ iPhone 5 တစ်လုံးကို နှစ်နှစ် စာချုပ်နဲ့ တယ်လီဖုန်းလိုင်း ယူသူတွေကို အမေရိကန်ဒေါ်လာ (၁၉၉) ဒေါ်လာနဲ့ ရောင်းချပေးမှာ ဖြစ်ပါ တယ်။

11:43 AM

Admin
No comments

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးတွေ
နိုင်ငံတကာက မြင်သိလာတာကြောင့်
နိုင်ငံတကာ က မြန်မာကို စိတ်ဝင်စားမှု
မြင့်မားလားပြီး လာရောက်ရင်းနှီးမြှုပ်နှံ
မှုတွေ လုပ်ဖို့ ပြင်ဆင်လေ့လာနေကြချိန်မှာ Western Uninon နိုင်ငံတကာ ငွေလွှဲပြောင်းမှု
ကုမ္ပဏီလည်း ပါလာပါပြီ။
Western Union ဆိုတာကို နိုင်ငံခြား တိုင်းပြည်ရောက်တဲ့သူတော်တော်များများ သိကြပါတယ်။
ပြည်တွင်းနေ နိုင်ငံခြားနဲ့ ငွေကြေး လွှဲပြောင်းရေး လုပ်ငန်း ထိတွေ့ ဖူးသူတွေလည်း သိကြပါတယ်။
Western Union ဆိုတဲ့ နိုင်ငံတကာ ငွေကြေး လွှဲပြောင်းတာတွေ လုပ်ပေးတဲ့ ဘဏ္ဍာရေး ၀န်ဆောင်မှု ကုမ္ပဏီ ဟာ ပထမ ဆုံးအနေနဲ့ ပြည်တွင်း ဘဏ်တခုနဲ့ တွဲဖက်ပြီး မြန်မာနိုင်ငံမှာ ငွေကြေး ၀န်ဆောင်မှု လုပ်ငန်း လည် ပတ် မှုတွေ လုပ်ပါတော့မယ်။
WU ဟာ မြန်မာနိုင်ငံက မြန်မာ အရှေ့တိုင်းဘဏ် (Myanmar Oriental Bank- MOB) နဲ့ အတူ ပူးပေါင်း လုပ်ဖို့ လက် မှတ်ရေးထိုးခဲ့ပါပြီ။ MOB ဟာ မြန်မာနိုင်ငံမှာ ပထမဆုံး WU ရဲ့ အေ့ဂျင့်အဖြစ်နဲ့ ငွေကြေး လွှဲပြောင်း တဲ့ လုပ်ငန်းတွေကို လုပ်ကိုင်သွားမှာဖြစ်ပါတယ်။
WU ဟာ နိုင်ငံပေါင်း ၂၀၀ ကျော်မှာ အေ့ဂျင့်ပေါင်း ၅ သိန်းကျော် ရှိပါတယ်။ ငွေကြေး ၀န်ဆောင်မှုလုပ်ရာ မှာ ငွေစက္ကူ၊ အကြွေးဝယ် ကတ်၊ ဒစ်ဂျစ်တယ် စနစ်တွေနဲ့ နိုင်ငံတကာ ငွေကြေး လွှဲပြောင်းမှု ၀န်ဆောင်မှု လုပ်နေတာဖြစ်ပါတယ်။
WU ဟာ နိုင်ငံလုံးဆိုင်ရာ ထိပ်တန်း ငွေကြေးလွှဲပြောင်းတဲ့ ကုမ္ပဏီကြီးဖြစ်ပြီး အမေရိကန်၊ ဥရောပ သမဂ္ဂနဲ့ သြစတြေးလျ တို့ ဦးဆောင်တဲ့ နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ဒဏ်ခတ်မှုတွေ ရုပ်သိမ်း ပလပ်လိုက်ပြီး ၃ လ ကြာပြီးနောက် မြန်မာနဲ့ နိုင်ငံတကာငွေကြေး ပုံမှန်အခြေအနေကို ဖြစ်စေဖို့ လမ်းခင်း လုပ်ဆောင်လိုက်တာလည်းဖြစ်ပါတယ်။
ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်၊ ကိုရီယား၊ အမေရိကန်၊ ဥရောပနဲ့ သြစတြေလျ စတဲ့ နိုင်ငံ
တွေမှာ အလုပ် လုပ်ကိုင်နေကြတဲ့ မြန်မာပြည်က လူတွေက ၂ သန်းကျော်မယ်လို့ ခန့်မှန်း ထားတာကို StockAnalist အွန်လိုင်း သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
MOB ကတော့ မြန်မာနိုင်ငံမှာ ၁၉ နှစ်ကြာ လည်ပတ်နေတဲ့ မြန်မာနိုင်ငံက ပုဂ္ဂလိက ဘဏ်တခုလည်းဖြစ်ပါ တယ်။ အခုဆို ရင် နိုင်ငံခြားငွေ ၀န်ဆောင်မှုကို လုပ်ခွင့်ရတဲ့ ဘဏ်လည်းဖြစ်လာတာပါ။
WU က MOB နဲ့ ငွေကြေး လွှဲပြောင်းရေးအတွက် မဏာမအဆင့်မှာ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်နဲ့ မုံရွာ အပါအ၀င် ပြည် တွင်းက နေရာ ၁၉ ခုအတွက် အဆင်ပြေမယ်လို့ ဆိုပါတယ်။
(ဧရာဝတီ)

11:42 AM

Admin
No comments

Apple ကုမ္ပဏီက ထုတ်မယ့် iPhone
အသစ် အမျိုးအစား iPhone 5 ဒီကနေ
့ ဗုဒ္ဓဟူးနေ့ မှာ စပြီး ရောင်းချမယ်လို့
ခန့်မှန်းနေကြပါတယ်။ iPhone 5 ကို 4G
လို့ အများက သိကြတဲ့ စတုတ္ထမျိုးဆက်
4th Generation လက်ကိုင်ဖုန်း ကွန်ယက် နဲ့ ပဲ အသုံးပြု သွားရလိမ့်မယ်လို့
ခန့်မှန်းနေကြပါတယ်။
4G ကွန်ယက်ကို SAMSUNG ကုမ္ပဏီက ထုတ်လုပ်တဲ့ Galaxy S III အပြင် တခြားသော လက်ကိုင်ဖုန်း အမျိုးအစားတွေမှာလည်း လက်ရှိ အသုံးပြုနေကြပါတယ်။
iPhone 5 အသစ်ဟာ အရွယ်အစား ပိုပြီး ကြီးမယ်လို့ ခန့်မှန်းနေကြသလို လာမယ့် သီတင်း တပတ် နှစ်ပတ်အတွင်းမှာ စ ထုတ်လုပ်ရောင်းချမယ်လို့ ခန့်မှန်းနေကြပါတယ်။
Apple ကုမ္ပဏီရဲ့ iPhone ဈေးကွက်ဟာ ဆမ်ဆောင်းကုမ္ပဏီက ထုတ်တဲ့ Phone လောက် မရောင်းရပေမယ့် သူ့ဈေးကွက်ဟာ အခုထိ ခိုင်ခို်င်မာမာ ရှိနေပါတယ်။
VOA (မြန်မာပိုင်း)

6:21 AM

Admin
No comments
ကမ္ဘာ့နာမည်ကြီး ကိုကာကိုလာ ကုမ္ပဏီက မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် ကိုကာကိုလာ ဖျော်ရည်တွေကို တရားဝင် စတင်ပို့ဆောင်လိုက်ပြီလို့ မနေ့က ကြေညာလိုက်ပါတယ်။
ကိုကာကိုလာ ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ စက်ရုံတည်ဆောက် ထုတ်လုပ်ရေးအတွက် မြန်မာနိုင်ငံက ပင်းယကုမ္ပဏီနဲ့ ဖက်စပ်ထုတ်ဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လာမယ့် ၃ နှစ်အတွင်း မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံသွားဖို့ရှိပြီး မြန်မာနိုင်ငံသား ၂ဝဝဝ လောက်ကို အလုပ်အကိုင် ဖန်တီးပေးနိုင်မယ်လို့လည်း သမ္မတရုံးက ပြီးခဲ့တဲ့ စက်တင်ဘာလက ထုတ်ပြန် ကြေညာကြောင်း သိရပါတယ်။
ကိုကာကိုလာ ဖျော်ရည်ကို အိမ်နီးချင်း နိုင်ငံတွေကနေ မြန်မာနိုင်ငံကို အရင်နှစ်ပေါင်းများစွာ တင်ပို့ ရောင်းချနေကြပေမယ့် ကုမ္ပဏီရဲ့ တရားဝင် ခွင့်ပြုချက်နဲ့ မဟုတ်ပါဘူး။
ကိုကာကိုလာနည်းတူ ပြိုင်ဖက် ပက်စီကုမ္ပဏီကလည်း မြန်မာနိုင်ငံမှာ ပက်စီဖျော်ရည်စတင်ရောင်းချနိုင်ဖို့ ပြင်ဆင်နေပြီ ဖြစ်ကြောင်း ပြီးခဲ့တဲ့လက ကြေညာခဲ့ပါတယ်။
ပက်စီကုမ္ပဏီဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ နောက်ပိုင်းမှာ မြန်မာနိုင်ငံ ဈေးကွက်ကို ၀င်ရောက်ခဲ့ပေမယ့် အမေရိကန်နဲ့ အနောက်နိုင်ငံတွေမှာ ပက်စီကုမ္ပဏီ သပိတ်မှောက်ရေး လှုပ်ရှားမှုတွေကြောင့် မြန်မာနိုင်ငံ ဈေးကွက်က ရုပ်သိမ်းခဲ့ရပါတယ်။
အခုတော့ ပြိုင်ဖက်ကုမ္ပဏီကြီး နှစ်ခု မြန်မာ့ဈေးကွက်မှာ ပြန်လည် နေရာ ယူလာကြတာ ဖြစ်ပါတယ်။

6:16 AM

Admin
No comments
ကြိုတင် ငွေပေးချေကတ် အသုံးပြုသော မိုဘိုင်းဖုန်း များတွင် အ သုံးပြုနိုင်ရန် အတွက် ကျပ်ငါး ထောင်တန်ငွေဖြည့် ကတ်များကို အသုံးပြုနိုင်တော့မည်ဖြစ်ပြီး ယခု လအတွင်းတွင် စတင်အသုံးပြုနိုင် မည်ဖြစ်သည်ဟု မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ယင်းကဲ့သို့ ကျပ်ငါးထောင် တန်ငွေဖြည့်ကတ်များ ထွက်ရှိခြင်း နှင့်ပတ်သက်၍ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးကလည်း နေပြည်တော်တွင်ပြုလုပ်သွားသော အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြား ခဲ့သည်ဟုသိရသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း မှ တာဝန်ရှိသူတစ်ဦးက “မိုဘိုင်း ဖုန်းငွေဖြည့်ကတ်တွေကို ငါးထောင် တန်ပဲထုတ်ပေးမှာပါ”ဟု ပြော သည်။
အဆိုပါ ငွေဖြည့်ကတ်များ မှာ ပြည်တွင်းတွင် အသုံးပြုနေ သော မိုဘိုင်းဖုန်းများအားလုံးအ တွက် ထုတ်လုပ်သွားမည်ဖြစ်ပြီးအသုံးပြုသူများ အဆင်ပြေစွာ ဝယ် ယူနိုင်ရန်အတွက် ထုတ်လုပ်သွား ခြင်းဖြစ်သည်။ အဆိုပါငွေ ဖြည့်ကတ်များကို ထုတ်လုပ်ပြီး ပါကလည်း ဈေးကွက် အတွင်းရှိ မိုဘိုင်းဖုန်းဆိုင်များ အား လုံးတွင် ဝယ်ယူနိုင်ရန် စီစဉ်ပေး မည်ဖြစ်သည်ဟုလည်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရ သည်။
ယင်းသို့ကျပ်ငါးထောင်တန် ငွေဖြည့်ကတ်များ ထွက်ရှိလာခြင်း နှင့်ပတ်သက်ပြီး ပြည်တွင်းမိုဘိုင်း ဖုန်းဆိုင်တစ်ဆိုင်က “ငါးထောင် တန် ငွေဖြည့်ကတ်ထွက်တာ ကောင်းပါတယ်။ အဲဒါငွေများများ မ ဖြည့်နိုင်တဲ့သူတွေအတွက် အ ဆင်ပြေပါတယ်။ တချို့ဆို ကတ်မ ဖြည့်နိုင်လို့ ချက်ချင်းငွေမဖြည့်ရ သူတွေတောင် ရှိပါတယ်။ ငါး ထောင်ဆိုတာ အဆင်ပြေတဲ့နှုန်း ထားတစ်ခုလို့ထင်ပါတယ်။ ဒီထက် နည်းရင်လည်း ခဏခဏဖြည့်နေ ရမှာပါ။ ငါးထောင်ဆိုတာအများ ကြီးတော့ အဆင်ပြေပါတယ်” ဟု သုံးသပ်ပြောကြားသည်။
မြန်မာ့ ဆက်သွယ်ရေးလုပ် ငန်းမှ ကြိုတင်ငွေဖြည့်ကတ်အ သုံးပြုရသော မိုဘိုင်းဖုန်းများအ တွက် ရောင်းချပေးသော ကြိုတင် ငွေဖြည့်ကတ်များမှာ လက်ရှိ အချိန်တွင် ကျပ်တစ်သောင်းတန် ငွေဖြည့်ကတ်က အနည်းဆုံးဖြစ် ပြီး နှစ်သောင်း၊ သုံးသောင်း အထိရှိသည်။
နိုင်ငံခြားဖုန်းခေါ် ဆိုလိုပါက အက်ဖ်အီးစီငွေဖြည့် ကတ်များကို ထည့်သွင်းရမည် ဖြစ်သည်။ လက်ရှိတွင် ကြိုတင်ငွေဖြည့် ကတ်အသုံးပြုနေသော မိုဘိုင်းဖုန်း များမှာ ဂျီအက်စ်အမ်ဖုန်းများ၊ WCDMA 800 MHz ဖုန်းများ၊ CDMA 450 MHz ဖုန်းများ၊ WCDMA ဖုန်းများဖြစ်သည်။ ယခင်က အသုံးပြုသော ဘီလ်စနစ် သုံးဖုန်းများကိုလည်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းကကြိုတင် ငွေ ဖြည့်ကတ်အဖြစ်သို့ ပြောင်းလဲအ သုံးပြုနိုင်ရန် ဆောင်ရွက်ပေးခဲ့ သည်။

6:09 AM

Admin
No comments
တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံ တို့သည် ကမ္ဘာ့ စီးပွားရေး အခြေအနေနှင့် ပတ်သက်၍ အရေးတကြီး သတိပေးလိုက်ပြီး ဒေသတွင်း စီးပွားရေးပေါင်းစည်းမှု ပိုမို နက်ရှိုင်းအောင် ကြိုးပမ်းခြင်းဖြင့် အချင်းချင်းကာကွယ်ရန် စနေနေ့တွင် ကျင်းပသည့် ထိပ်သီးအစည်းအဝေးတစ်ခုတွင် အာရှ-ပစိဖိတ်နိုင်ငံများကို တိုက်တွန်းလိုက်ကြောင်း သိရသည်။
ကမ္ဘာ့စီးပွားရေး ပြန်လည် ဦး မော့လာမည့် အခွင့်အရေးများတိုး တက်လာရေးအတွက် အာရှတိုက် ၏ အကြီးမားဆုံးဖြစ်သည့် အေ ပတ်ခေါ် အာရှ-ပစိဖိတ်စီးပွားရေး ကော်ပိုရေးရှင်းအနေဖြင့် ၄င်း၏ စီး ပွားရေးပြန်လည် ဟန်ချက်ညီစေ ခြင်းဖြင့် အဖွဲ့ဝင် နိုင်ငံ ၂၁ နိုင်ငံကို အားကောင်းလာအောင် ပေကျင်း ကပြုလုပ်မည်ဟု တရုတ်သမ္မတ ဟူကျင်းတောင်က ထုတ်ဖော်ပြော ဆိုခဲ့သည်။
ကုန်သွယ်ဖလှယ်ရေး၏ အတားအဆီးများကို ချေမှုန်းပစ်ရ မည်ဟုAPEC ထိပ်သီး အစည်း အဝေးဖွင့်လှစ်သည့် အမှာစကား တွင် ရုရှားသမ္မတ ဗလာဒီမာပူတင် က ထုတ်ဖော်ပြောဆိုခဲ့သည်။ အဆိုပါ အေပက်ထိပ်သီးအစည်း အဝေးကို ဗလာဒီဗော့စတော့ရှိ ပစိ ဖိတ်ဆိပ်ကမ်းနှင့် ဆက်ထားသော ကျွန်းလေးတစ်ကျွန်းပေါ်တွင် အိမ် ရှင်နိုင်ငံအဖြစ်ကျင်းပလျက်ရှိသည်။
“တံတားတွေ တည်ဆောက် ဖို့အရေးကြီးပါတယ်၊ နံရံတွေ တည် ဆောက်လို့မရပါဘူး၊ ကျွန်တော်တို့တွေဟာ ပိုမိုကြီးမားတဲ့ ပေါင်း စည်းမှုကို ဆက်ကြိုးပမ်းရမှာပါ။ ကမ္ဘာ့စီးပွားရေး ပြန်ဦးမော့လာရေး ဟာ တုန့်နှေးယိမ်းယိုင်နေပါသေး တယ်။ ကုန်စည်နဲ့ဝန်ဆောင်မှုတွေ ကို အလုံးအရင်းနဲ့ ကုန်သွယ်ဖ လှယ်နိုင်ရေးကို တိုးမြှင့်ခြင်းဖြင့် အနုတ်လက္ခဏာပြတဲ့ လမ်းကြောင်း တွေကို ကျွန်တော်တို့ကျော်လွှား နိုင်ပါတယ်”ဟု မစ္စတာ ပူတင်က ကန်ဒေါ်လာ ၁ ဘီလီယံတန် ကြိုး တံတားပုံချိတ်ထားသည့် အခန်း တွင်းနေရာယူထိုင်နေသည့် APEC ခေါင်းဆောင်များကို ထုတ်ဖော် ပြောဆိုခဲ့သည်။
“စီးပွားရေး အဆောက်အအုံ ကိုထိန်းညှိရင်း ငွေဖောင်းပွမှု မျှော် မှန်းချက်တွေကို စီမံခန့်ခွဲရင်း၊ တည် ငြိမ်အောင်လုပ်တာနဲ့ တစ်ဟုန်ထိုး ကြီးထွားလာမှုအကြား ဟန်ချက် ကို ကျွန်တော်တို့ ထိန်းဖို့လုပ်မှာ ပါ”ဟု တရုတ်သမ္မတ ဟူကျင်း တောင်ကထုတ်ဖော်ပြောဆိုခဲ့သည်။
တရုတ်နိုင်ငံ၏ စီးပွားရေး ကြီးထွားမှုသည် ဥရောပ၏ ကြွေးမြီး ပြဿနာများ ပိုမိုဆိုးရွားလာမှု ကြောင့် နှေးကွေးလျက်ရှိကြောင်း ဟူက ဆိုသည်။ ဟူသည် ကွန်မြူနစ်ပါတီ ကွန်ဂရက်ကျင်းပပြီးနောက်ဆောင်း ဦးရာသီတွင် တရုတ်နိုင်ငံ၏ ခေါင်း ဆောင်အဖြစ် ရပ်စဲမည်ဖြစ်သော်လည်း ၄င်းသည်စီးပွားရေးအတွက် တည်ငြိမ်အောင် ပြုလုပ်မည်ဟု ကတိပြုခဲ့သည်။ APEC တွင် အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ တောင်ကိုရီး ယား၊ အင်ဒိုနီးရှားနှင့် ကနေဒါနိုင်ငံ တို့လည်းပါဝင်သည်ဟုသိရသည်။

5:56 AM

Admin
No comments
ခရီးသွား လာရောက်မှု ၅၀ ရာခိုင်နှုန်းထိ တိုးတက်လာခဲ့သော မြန်မာနိုင်ငံ၏ ခရီးသွား
လုပ်ငန်း အပေါ် တွက်ချက်၍ လာမည့် ၂၀၁၃
ခုနှစ်အတွက် ရန်ကုန်မြို့တွင် နိုင်ငံခြား
ရင်းနှီးမြုပ်နှံမှု ဟိုတယ် လေးလုံး ထပ်မံ ဆောက်လုပ်နေကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးအောင်ဇော်ဝင်းက ပြောကြားသည်။
အဆိုပါ ဟိုတယ်များမှာ အိပ်ခန်း ၂၄၀ ပါရှန်ဂရီလာ ကွန်းပလပ်စ်၊ အိပ်ခန်း၆၀ (လက်ရှိ) ပါရိုစ့် ဂါးဒင်း၊ အိပ်ခန်း ၂၇၀ ပါ စင်တာပွိုင့်၊ အိပ်ခန်း ၁၀၀ ပါန၀ရတ် ဟိုတယ်တို့ ဖြစ်ပြီး ယင်းတို့နှင့်အတူ ပြည်တွင်း လုပ်ငန်းရှင်များက ချဲ့ထွင်နေသော ဟိုတယ် အခန်းစုစုပေါင်း ၁၀၀၀ အပါအဝင် ၂၀၁၃ခုနှစ်အတွင်း ၀င်ရောက်လာမည့် ဧည်သည် ပေါင်း ကိုးသိန်းအတွက် အခန်းပေါင်း၁၆၇၀ ထွက်ပေါ်လာမည် ဖြစ်ကြောင်း ၎င်းကအသိပေး ပြောကြားသည်။
‘’ကျွန်တော်တို့ တွက်ချက်ထားတာအရ ဒီနှစ်ကုန်အထိကို ခြောက်သိန်းကျော် လာမယ်၊ ဒီအတွက်အခု ရန်ကုန်မှာ ရှိနေတဲ့ အခန်း အနေအထားအရ လုံလောက်တယ်၊
ဒါပေမယ့် နောက်နှစ်ဆိုရင် အခုထက် ၅၀ ရာခိုင်နှုန်းလာမယ်လို့ ခန့်မှန်းထားတဲ့ အတွက် လိုအပ်တဲ့ အခန်းတွေကို အသစ်ဆောက်နေတဲ့ ဟိုတယ်တွေကနေ ရလာဖို့ ရှိတယ်’’ဟု၎င်းက ရန်ကုန်အင်း
ယားလိပ် ဟိုတယ်တွင် ပြုလုပ်သော လုပ်ငန်း တိုးတက်ရေး ဆွေးနွေးပွဲတွင် မေးမြန်း သိရှိရသည်။
မြန်မာနိုင်ငံသို့ ၂၀၁၁ ခုနှစ်တွင် နိုင်ငံခြား ခရီးသွား ရှစ်သိန်းကျော် ဝင်ရောက်ခဲ့ပြီး ယင်းတို့ထဲမှ လေးသိန်း နီးပါးသည် ရန်ကုန်လေဆိပ်သို့ လေကြောင်းခရီးဖြင့် ဝင်ရောက်ခဲ့ကြောင်း၊ ၂၀၁၂ခုနှစ် ခရီးသွား ရာသီ အစတွင်လည်း ယင်းထက် ၅၀ ရာခိုင်နှုန်း တိုးတက် ရောက်ရှိခဲ့ရာ ယခုနှစ် နှစ်လယ် စာရင်းများ အရ ခရီးသွား ခြောက်သိန်း နီးပါး လာရောက်ခဲ့ကြောင်း ဟိုတယ် ခရီးဝန်ကြီးဌာန စာရင်းများ အရ သိရသည်။
ရန်ကုန်မြို့ရှိ ဟိုတယ်လုံးရေ ၁၉၅ လုံးတွင် အိပ်ခန်းပေါင်း ၈၃၅၆ ခန်းရှိရာ နှစ်ကုန်ပိုင်းအထိ ယခုဝင်ရောက်ခဲ့သည့် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည်များထက် ကျော်လွန်ကာ ဧည့်သည် ခုနှစ်သိန်းကျော်အထိ လက်ခံနိုင်သေးကြောင်း ညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်။
The Voice Weekly

5:45 AM

Admin
No comments
စင်ကာပူ နိုင်ငံတွင် မြန်မာ နိုင်ငံရှိ Civil ဘွဲ့ရ အင်ဂျင်နီယာ များအား Project Manager ရာထူး ဖြင့် တာဝန် ထမ်းဆောင်ရန် အလုပ် များ ခေါ်ယူ နေလျက် ရှိကြောင်း ကျောက်တံတား မြို့နယ် အခြေစိုက် Successive World Employment Agency မှ စုံစမ်း သိရသည်။
“အင်ဂျင်နီယာနဲ့ ပတ်သက် တဲ့ သင်တန်းတွေ ပေါ့ဘာသင်တန်း မဆိုရတယ်၊ အဲဒီသင်တန်းဆင်း လက်မှတ်တွေရယ်၊Civil ဘွဲ့ လက်မှတ်ရယ်၊ အင်္ဂလိပ်စကား ကောင်းကောင်းပြောနိုင်သူတွေရယ်ုဆိုရင် လစာကောင်းမယ်”ဟု ၄င်း ကဆိုသည်။
စင်ကာပူနိုင်ငံတွင် Project Manager ရာထူးဖြင့် အလုပ်လုပ် ကိုင်သူများအား လစာအဖြစ် စင် ကာပူဒေါ်လာ ၃၀ဝ၀ ရရှိမည် ဖြစ် ပြီး မိမိကျွမ်းကျင်မှုနှင့် အတွေ့ အကြုံလုပ်သက်များအပေါ်မူတည် ပြီး လစာတိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။
“ဘယ်ကုမ္ပဏီမှာ လုပ်ရမယ် လို့တော့ သီးသန့်မရှိဘူး။ မိမိ အရည်အချင်း၊ အတွေ့အကြုံအဲဒါ တွေပေါ်မူတည်ပြီး ကုမ္ပဏီရွေးပျွေးမှာပါ”ဟု Successive World အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ Project Manager အဖြစ် အလုပ်လုပ်ကိုင်လိုသူများသည် လုပ်သက်အတွေ့အကြုံ ၃ နှစ်နှင့် အထက်ရှိရမည်ဖြစ်သည်ဟု ၄င်း တို့က ဆက်လက်ပြောသည်။
“ဝန်ဆောင်ခအနေနဲ့ စင်ကာ ပူဒေါ်လာ ၄၅၀ဝ လို့သတ်မှတ်ထားတယ်။ အရစ်ကျငွေချေစနစ် တော့မရှိဘူး။ လက်ငင်းပဲငွေချေ ရမယ်။ နောက်ပြီးတော့ လေယာဉ် လက်မှတ်တစ်ကြောင်းစာ ဝယ်ရ မယ်”ဟု ၄င်းကဆက်လက်ဆို သည်။
အဆိုပါစင်ကာပူနိုင်ငံတွင် Project Manager ရာထူးဖြင့် အလုပ်လုပ်ကိုင်ရန် စိတ်ဝင်စားသူ များသည် ဓာတ်ပုံ သုံးပုံ၊ ကိုယ်ရေးအကျဉ်း၊ ဘွဲ့လက်မှတ်၊ မှတ်ပုံ တင် ၊ သန်းခေါင်စာရင်း အပြင် သင်တန်းဆင်းလက်မှတ်များဖြင့် လာရောက်လျှောက်ထားနိုင်ပြီး အင်တာဗျူးအားOnline အင် တာဗျူးစနစ်ဖြင့် ဖြေဆိုရမည်ဖြစ် ကြောင်းသိရသည်။
ထိုProject Manager ရာ ထူးဖြင့် စင်ကာပူ နိုင်ငံတွင် အလုပ် ရရှိသူများသည် နေစရာ၊ စားစရာအား မိမိအစီအစဉ်ဖြင့်သာ နေထိုင် စားသောက် ရမည် ဖြစ်သော်လည်း စင်ကာပူ(S'pass) ဖြင့်သွား ရောက် အလုပ်လုပ်ကိုင်ရမည်ဖြစ် သည်ဟု Successive World Employment Agency မှတာဝန် ရှိသူများ၏ ပြောကြားချက် အရ သိ ရသည်။

8:14 AM

Admin
No comments
မလေးရှားနိုင်ငံရှိ အိုင်ဖုန်း (Apple) စက်ရုံတွင် အလုပ်လုပ် ကိုင်ရန် မြန်မာ အမျိုးသမီး လုပ်သား များအား ခေါ်ယူနေလျက်ရှိကြောင်း တာမွေမြို့နယ်အခြေစိုက် မြန်မာ လုပ်သားစီမံခန့်ခွဲမှုဆိုင်ရာ ဝန် ဆောင်မှုကုမ္ပဏီက တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရ သည်။
အိုင်ဖုန်း(Apple) စက်ရုံ တွင် အလုပ်လုပ်ကိုင်မည်ဆိုပါက လစာ ၅၆၄ ရင်းဂစ် ရရှိမည်ဖြစ်ပြီး တစ် ရက်စာ လစာမှာ ၂၁ ရင်းဂစ်ရရှိ မည်ဖြစ်ကြောင်း ၄င်းကဆိုသည်။ “OT ကြေးလဲရှိတယ်။ OT ကြေးကတော့ ဘယ်လောက်ရ တယ်ဆိုတာ ကိုယ့်အပေါ်မှာပဲ မူ တည်တယ်။ နာရီပိုင်းပဲ လုပ်မယ် ဆိုရင် နာရီပိုင်းစာပဲရမယ်၊ တစ်ရက် လုံးလုပ်မယ်ဆိုရင် တစ်ရက်စာ ၂၁ ရင်းဂစ်ရမှာပါဟု ၄င်းကဆက် လက်ပြောသည်။
အဆိုပါစက်ရုံတွင် အလုပ် လုပ်ကိုင်ရန် အမျိုးသမီးလုပ်သား များသာ အဓိကခေါ်ယူလျက်ရှိပြီး လုပ်ကိုင်လိုသူများသည် အသက် ၁၈ နှစ်နှင့် ၃၅ နှစ်ဝန်းကျင်အတွင်း ရှိသူဖြစ်ရမည်ဟု ကျောက်တံတား မြို့နယ်၌ရှိသည့် ပြည်ပအလုပ် အကိုင်ရှာဖွေရေးအေဂျင်စီမှ တာ ဝန်ရှိသူတစ်ဦးက ဆိုသည်။
“ပညာအရည်အချင်းက အဲ ဒီလောက်ကြီးမလိုဘူး၊ ဘာသာ စကားလည်း သိပ်မလိုဘူး။ အဲဒီ အိုင်ဖုန်းစက်ရုံမှာ ဘာလုပ်ရမလဲ ဆိုတော့ ဖုန်းထဲမှာရှိတဲ့ ဆားကစ် ပြားတွေနဲ့ပတ်သက်ပြီးလုပ်ရမှာ။ ပင်ပင်ပန်းပန်းကြီးလုပ်ရမယ့်အလုပ် တော့ မဟုတ်ပါဘူး”ဟု ၄င်းက ဆက်လက်ပြောသည်။ ထို အိုင်ဖုန်း(Apple) စက် ရုံတွင် အလုပ်လုပ်ကိုင်လိုသူများ သည် လုပ်ငန်းအတွေ့အကြုံမရှိသူ များလည်း အလုပ်လုပ်ကိုင်နိုင်မည် ဖြစ်ကြောင်း သိရသည်။
“အင်တာဗျူးကတော့ ဘယ် နေ့ဘယ်ရက်လို့မရှိဘူး။ C V Form ရယ်၊ မှတ်ပုံတင်ရယ်၊ သန်းခေါင် စာရင်းရယ် အဲဒါတွေနဲ့ အလုပ်လာ လျှောက်လို့ရပါတယ်။ အဲဒါတွေနဲ့ ရုံးကိုလာတော့မှ ဘာတွေထပ်ပြီး လိုအပ်မယ်၊ ဘာတွေထပ်လုပ်ရ မယ်ဆိုတာ ပြောပြပေးမယ်”ဟု မြန်မာလုပ်သားစီမံခန့်ခွဲမှုဆိုင်ရာ ဝန်ဆောင်မှုကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးကဆိုသည်။ မလေးရှားနိုင်ငံရှိ အိုင်ဖုန်း (Apple) စက်ရုံတွင် အလုပ်လုပ် ကိုင်မည့် သူများအား နေစရာ စီစဉ် ပေးမည်ဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံကူးလက်မှတ်မရှိသူများအား ဝန်ဆောင်မှုမျိုး ပြုလုပ်ပေးနေလျက် ရှိကြောင်း မြန်မာလုပ်သားစီမံခန့် ခွဲမှုဆိုင်ရာ ဝန်ဆောင်မှု ကုမ္ပဏီမှ သိရသည်။

6:18 AM

Admin
No comments
မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်မှ ကန်ဒေါ်လာ သုညဒသမ ၆၈၉ သန်းတန်ဖိုးရှိ ဆိုင်ကယ် ၂၀၂၂ စီးကို သြဂုတ်လ ၂၂ ရက်မှ ၂၈ ရက်ထိကာလ အတွင်းမှာ တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်ကထက် ၂၈၈ စီး ပိုမို တင်သွင်းခဲ့ပါတယ်။ လွယ်ဂျယ်နယ်စပ်မှာ ယခင် အပတ်က သုံးဘီးဆိုင်ကယ် တင်သွင်းမှု ရှိခဲ့သော်လည်း ယခု အပတ်မှာ တင်သွင်းမှုမရှိကြောင်း သိရှိရပါတယ်။ သြဂုတ်လ အတွင်း ဆိုင်ကယ် ၉၀၇၉ စီး တင်သွင်းခဲ့ပြီးဖြစ်ကြောင်း သိရှိရပါတယ်။