ကြိုဆိုလျှက်ဖိတ်ခေါ်ခြင်း
ဤ The Spirit Fruit လာလည်သူ အားလုံးကို ခရစ်တော်၏နာမတော်အားဖြင့် တရားဒေသနာ၊ သီချင်း ၊ကဗျာ ၊ဆောင်းပါး ၊ ဝတ္တူ ၊ သက်သေခံချက် etc... အမျိုးမျိုးဖြင့် ဘုရားသခင်ပေးထားသည့် ဝိညာဉ်ဆုကျေးဇူးအသီးသီးအားဖြင့် ပါဝင်ဆက်ကပ်ဖို့ရန် အားလုံးကို ဖိတ်ခေါ်ပါသည်။ စာမှုများပေးရန်ပို့ရန် လိပ်စာ Email - simonkamta@thespiritfruit.com
Free Software Download
သင်ရဲ့ လိုအပ်နေသော Software များကိုရှိပါက ကျေးဇူးတုန်ပြန်သည့်အနေဖြင့် မိတ်ဆွေရဲ့သူငယ်ချင်းများသို့ Share ပေးပါရန်
Live TV
ဤ website လာလည်သူများကို Menu bar ကနေ Live T V ကို clink ခြင်းအားဖြင့်သတင်းများ၊ ဗဟုသုတများ၊ အသိတရားများ ပိုမိုတိုးပွားလာစေရန် Hope TV မှ ( တရားဒေသနာ ) နှင့် ဒီမိုကရက်တစ်မြန်မာအသံ ရုပ်မြင်သံကြား အစီအစဉ်များကို တိုက်ရိုက်ကြည့်ရှု့ နိုင်ရန် စီစဉ်ပေးလိုက်ပါသည်။
Computer
ဒါကတော့ laptop ပြုပြင်နည်းနှင့်သိသင့်စရာများ ဆိုတဲ့ စာအုပ်ကလေးပါ . သန်းထိုက်(ရွှေရိပ်)ရေးထားတာပါ. laptop နဲ့ desktop က သဘောတရားချင်း တူတယ်လို့ ဆိုပေမယ့် တည်ဆောက်ပုံချင်း နည်းနည်းလေး ကွဲပါတယ်
English Sermon Video
Dear Lord Jesus, I give you my life. I receive You now as my Savior, my Lord, and my God. I am Yours forever, and I will serve You and follow You the rest of my days. From this moment on, I belong to You only. I no longer belong to this world, nor to the enemy of my soul. I belong to You, and I am born again. Amen!
Phone
(၁) အရေးပေါ် အတွက် keypad ကို locked လုပ်ထားရင်တောင် သင့် လက်ကိုင်ဖုန်းများဟာ 112 ဆိုတဲ့ နံပါတ်ကို နှိပ်လို့ ရတာ တွေ့ရ ပါလိမ့်မယ်။ အဲဒီနံပါတ်ဟာ ကမ္ဘာလုံးဆိုင်ရာ ၊ နိုင်ငံတကာ အရေးပေါ် ဖုန်းနံပါတ် ဖြစ်ပါတယ်။ သင်သာ လက်ကိုင်ဖုန်း ဆက်သွယ်နိုင်တဲ့ ဧရိယာထဲမှာ ရှိနေပါစေ၊ ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့ သင့်လက်ကိုင်ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှု ကွန်ယက်ကို အလိုအလျောက် ရှာမှာ ဖြစ်ပါတယ်။
IT နည်းပညာ
ကျွန်တော်တို့တွေ မြန်တာ ကြိုက်တာချည်းပဲ မဟုတ်လားဗျာ ။ ကွန်ပျူတာကို သုံးတာကို ပြောတာနော် ဗျာ ။ ခုလည်း Network Connections ကို လွယ်လွယ်နဲ့ မြန်မြန်ဖွင့်လို့ရအောင်လို့ပါဗျာ ။ Controlpen တွေဘာတွေ ကြာကြာရှည်ရှည်ဝေးဝေးဝင်မနေဘဲ့နဲ့ တစ်ချက်တည်း Enter လိုက်ရုံနဲ့ ကိုယ်သွားချင်တဲ့ နေရာကို ခပ်မြန်မြန်လေး သွားရအောင် ကျွန်တော် နည်းလမ်းပေးလိုက်မယ်ဗျာ ။
Zomi History
Khristian biakna England gamah AD 597 kumin St. Augustine in Khristian biakna tun pan hi. Tua ma-in Zomite mah bangin English ten zong sing bul suang bul, dawi namkim mah bia uh hi. Laimal zong nei lo-in thu pen la vive mah tawh ciamteh uh hi.
ကျန်းမာရေး
အမျိုးသမီးတွေ၏ ဆီးအိမ် သည် အမျိုးသားများထက် ပိုသေး သည့်အတွက် အမျိုးသမီးတွေက အမျိုးသားများထက် ဆီးသွား သည့် အကြိမ်အရေအတွက် ပိုများ သည်။ ကိုယ်ဝန်ဆောင်ခြင်းနှင့် မီးဖွားခြင်းကလည်း ဆီးယိုမကျ အောင်ထိန်းပေးသည့်ြွကက်သား ကိုလည်း အားပျော့စေနိုင်သည်။
Microsoft
ဒါကတော့ မနေ့က တင်ပေးတဲ့ Microsoft office 2010 all in one နဲ့ အဆင်မပြေရင် လိုရမယ်ရဖြစ်အောင်လို့ တင်ပေးလိုက်ပါတယ်. အထဲမှာ ms office 2010 အတွက် ကီးတွေအများကြီး ပါပါတယ်. ကြိုက်တဲ့ကီးကို ထည့်ပါ. အဆင်ပြေပါတယ်. အခုကဘာလို့ သေးတဲ့ဟာလေးတွေကို တင်ပေးရတာလဲဆိုရင် အင်တာနက်က ချိတ်နေရင်းနဲ့ မရတော့လို့ air card နဲ့ ပဲ သုံးနေရတော့ speed မကောင်းဘူး. အဲ့ဒါကြောင့် သေးတဲ့ဟာလေးတွေ တင်ပေးနေတာပါ.
Antivirus
ကွန်ပျူတာအတွက် အန္တရယ်ဖြစ်စေနိုင်သော Adware, Spyware, Remote Access Trojans, Internet Worms နှင့် အခြားသော malware စသည့် virus အမျိုးအစားများကို သတ်ပေးနိုင်ပါတယ်
Photoshop
Photoshop ကတော့ ဒီဇိုင်းလုပ်တာပဲဖြစ်ဖြစ်၊ Website တစ်ခုကိုမိမိလိုချင်တဲ့ ဒီဇိုင်း မျိုးဖန်တီးတာပဲဖြစ်ဖြစ်ပေါ့ မရှိမဖြစ် လိုအပ်ပါတယ် ...ကျွန်တော်တို့ ဥပမာဗျာ ဘလောက်မှာပဲဆိုကြပါစို့ .. သူတို့တွေဖန်တီးပေးထားတဲ့(မိမိကြိုက်နှစ်သက်ရာဝ template html ပုံစံကိုရွေး၊ သူတို့တင်ပေးထားတဲ့ template ကို html ကုတ်တွေကို ဒီအတိုင်းထားပြီး မိမိကိုယ်တိုင် photoshopနှင့်ပြင်၊ link တစ်ခုမှာ ချိတ်ပြီး သုံးကြည့်လိုက်ပါ .. အများလိုပဲ ကိုလိုချင်တဲ့ ဆိုက်လေးတစ်ခု ဖြစ်လာမှာပါ
Video Edit
video editing သမားများအတွက်ပါ. ၀ါသနာပါသူများအတွက် latest version လေးကို တင်ပေးလိုက်ပါတယ်. အထဲမှာ key file ပါပါတယ်. အဆင်ပြေ မယ်လို့ မျှော်လင့်ပါတယ်.
Converter
Converter တွေ အများကြီးရှိပါတယ်...။ သူ့ဟာနဲ့သူ ကောင်းကြပါတယ်..။ ဒီ Total Video Converter ကတော့ ကျွန်တော် အကြိုက်ဆုံးပါပဲ ..။ Format တော်တော်များများကို ပြောင်းရတာ တော်တော်အဆင်ပြေပါတယ်..။ အရင်က Portable Total-Video Converter တစ်ခုကို တင်ပေးခဲ့ဘူးပါတယ်..။ အခုဟာကတော့ Full Version လို့ ပြောရမှာပေါ့...
Sunday, September 9, 2012
နှုတ်ခမ်းနီဆိုးခြင်းနှင့် ပတ်သက်ပြီး သိသင့်သိထိုက်သည်များ
Thursday, September 6, 2012
အိုမင်းမှုကို ဘယ်လိုတားမလဲ
Saturday, September 1, 2012
""အမျိုးသားများအတွက် ဆံပင်ကျွတ်မှု ဖြေရှင်းနည်းများ""
ဆံပင်ကျွတ်ရသော အကြောင်းရင်းအမျိုးသား အများစု ဆံပင် ဆုံးရှုံး
တတ်ကြတာရဲ့ ၉၅ ရာခိုင်နှုန်းလောက်
ဟာ မျိုးရိုးဗီဇကြောင့် ဆံပင်ကျွတ်တာ
ဖြစ်တတ်ပါတယ်။ ဆေးကုသမှု
ခံယူနေရတဲ့သူတွေ၊ ဗီတာမင်အေ လွန်ကဲတာနဲ့ ပရိုတင်းဓာတ် မလုံလောက်သူတွေမှာ ဆံပင် ကျွတ်တတ်ကြပါတယ်။
နာမကျန်းဖြစ်တာနဲ့ ဖိစီးမှုတွေကလည်း ဆံသား ဆုံးရှုံးစေတဲ့ အကြောင်းရင်းတွေထဲမှာ ပါဝင်ပါတယ်။ လေ့လာမှုတွေအရ အမျိုးသားတစ်ယောက် အသက် ၅၀ ကျော်လာရင် ၈၅ ရာခိုင်နှုန်းလောက်ကတော့ ဆံပင် ကျွတ်လာတတ်ပါတယ်။ တချို့ဆိုရင် အသက် ၂၀ ကျော်ကတည်းက ဆံပင်ကျွတ်တဲ့ ပြဿနာကို ရင်ဆိုင်ကြရတတ်ပါတယ်။
ဆံသားကို ကြမ်းတမ်းစွာ ကိုင်တွယ်ခြင်း
ခေါင်းမကြာခဏ ဖြီးတာ၊ ဆံပင်ကို လက်နဲ့ ခဏခဏ ပွတ်သပ်တာ၊ ဆံပင်ကို စည်းနှောင်တာနဲ့ ဆံပင်ပုံစံ အမျိုးမျိုး ပြောင်းလဲတာတွေကြောင့် ဆံပင် ဆုံးရှုံးမှုတွေ ဖြစ်တတ်ပါတယ်။ ဆံသားကို ကြမ်းတမ်းစွာ ပွတ်သပ်တာကြောင့် ဆံသား ပျက်စီးစေတတ်ပါတယ်။
ဆေးလိပ်သောက်ခြင်း
လေ့လာမှု အမျိုးမျိုးတွေအရ ဆေးလိပ်သောက်တာနဲ့ ဆံပင်ကျွတ်တာဟာ ဆက်စပ်မှု ရှိတယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ သင်က ဆေးလိပ်သောက်တတ်သူ ဖြစ်နေပြီး ဆံပင်လည်း ကျွတ်တယ်ဆိုရင် ဆေးလိပ်သောက်တာကို ရပ်လိုက်ပါ။ ဆေးလိပ်သောက်တာကြောင့် အရေးကြောင်းဖြစ်တာနဲ့ အရွယ်မတိုင်ခင် အိုမင်းမှုကို ဖြစ်စေပါတယ်။
ဆံပင်ကို ဂရုစိုက်မှု မရှိခြင်း
အမျိုးသားတချို့က ဆံပင်နဲ့ ဦးရေပြားကို ဂရုစိုက်မှု နည်းတတ်ကြပါတယ်။ သင့်ဆံပင်က ဘယ်လိုပုံစံလဲ။ ဦးရေပြား ခြောက်သွေ့သူလား၊ အဆီပြန်သူလား၊ ပုံမှန်လား ဆိုတာကို သိထားတတ်တဲ့သူ ရှားပါတယ်။ ဒါကြောင့် သင့်ဆံပင်ပုံစံနဲ့ လိုက်ဖက်တဲ့ ခေါင်းလျှော်ရည်ကို ရွေးချယ်ဖို့လည်း မသိတတ်ကြပါဘူး။ သင့်အတွက် သင့်ဆံပင်ပုံစံကို သိဖို့ အခက်အခဲရှိနေရင် အောက်ပါအချက်တွေကို လေ့လာကြည့်ပါ။
သင့်ဆံပင်ပင်ပုံစံ
ခေါင်းလျှော်ပြီး နောက်တစ်ရက်မှာ သင့်ဆံပင်တွေက ခြောက်သွေ့ ဖွာလန်နေတာမျိုး နောက်တစ်ရက်တောင် မဟုတ်ဘဲ ခေါင်းလျှော်ပြီးချိန်မှာ ခြောက်သွေ့ ကြမ်းတမ်းနေတာမျိုး ဆိုရင် သင့်ဆံပင်ဟာ ခြောက်သွေ့တဲ့ထဲမှာ ပါပါတယ်။ ဒီလိုမမဟုတ်ဘဲ ဆံပင်သားဟာ ခေါင်းလျှော်ပြီးချိန်မှာ ပုံမှန်ဖြစ်နေပြီး နောက်တစ်ရက်မှာတော့ စေးကပ်နေတယ် ဆိုရင်တော့ အဆီထွက်တတ်တဲ့ ဦးရေပြားကို ပိုင်ဆိုင်ထားတာပါ။ ဘယ်လိုမှ ပြောင်းလဲမှုမရှိတဲ့ ဆံသားကတော့ ပုံမှန် ဦးရေပြားကို ပိုင်ဆိုင်ထားတာပါ။ ဒါ့အပြင် သင့်ဆံသား အထူအပါးပေါ် မူတည်ပြီး ခေါင်းလျှော်ရည်ကို ရွေးချယ် အသုံးပြုပေးပါ။
ကျန်းမာတဲ့ နေထိုင်မှုပုံစံ ရှိပါစေ
အမျိုးသမီး အများစုဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ဆံသား ဆုံးရှုံးတတ်ကြပါတယ်။ ကိုယ်ဝန်ဆောင်ပြီးချိန်မှာတော့ ပုံမှန် ဆံပင်ကျွတ်တာလောက်ပဲ ဖြစ်တတ်ပါတော့တယ်။ အမျိုးသားတွေ အနေနဲ့ကတော့ စိတ်ဖိစီးမှု၊ စိုးရိန်ပူပန်မှုတွေနဲ့ အစားအသောက် မမှန်တာ၊ ဆေးလိပ်သောက်တာ၊ ရေသောက်နည်းတာ၊ အရက် အလွန်အကျွံ သောက်တာနဲ့ တခြား အာဟာရ ချို့တဲ့တာတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒါကြောင့် အာဟာရမျှတဲ့ အစားအစာကို နေ့စဉ် စားသုံးပေးပြီး မနက်စာကို ပုံမှန် စားသုံးပေးပါ။
အရက် သောက်တတ်သူတွေ အနေနဲ့ ရေများများ သောက်ပေးဖို့ လိုပါတယ်။ ကိုယ်လက်လှုပ်ရှား အားကစား တစ်ခုခုကို ပုံမှန် ပြုလုပ်ပေးရင်း သန့်ရှင်းတဲ့လေကို ရှူတာမျိုး ပြုလုပ်ပေးပါ။ မိသားစုနဲ့အတူ ပျော်ရွှင်စွာ နေထိုင်တာမျိုးဟာလည်း စိတ်ကို ပျော်ရွှင်စေတဲ့ ဟော်မုန်းတစ်မျိုးကို ထွက်စေတာကြောင့် စိတ်ဖိစီးမှုနဲ့ ပင်ပန်း နွမ်းနယ်မှုတွေကို ပြေပျောက်စေပါတယ်။
ဦးရေပြားကို စစ်ဆေးပါ
ပုံမှန် သန့်ရှင်းမှုရှိပြီး မှန်ကန်တဲ့ စားသောက် နေထိုင်မှုပုံစံ ရှိနေတာတောင် ဆံသားဆုံးရှုံးမှု ရှိနေတယ်ဆိုရင် သင့်ဦးရေပြားကို စစ်ဆေးပေးဖို့ လိုပါတယ်။ အရေပြား ဆရာဝန်ဆီမှာ ဦးရေပြား စစ်ဆေးမှု ခံယူပြီး လိုအပ်တဲ့ ဆံပင်ပေါက်ဆေးတွေကို လိမ်းပေးဖို့ လိုပါတယ်။
ဦးရေပြား သန့်စင်ပေးတာမျိုး၊ သင်သောက်နေတဲ့ တချို့ ဆေးဝါးတွေကြောင့် ဆံပင် ဆုံးရှုံးတာဆိုရင် ဆေးတွေကို ပြောင်းလဲတာမျိုး ပြုလုပ်ပေးရပါမယ်။
လမင်းလေး Good heath
Sunday, August 26, 2012
အကုန်အကျ သက်သာပြီး ပိုလှလာစေမည့် နည်းများ
Sunday, August 19, 2012
ဆံပင် ကျွတ်စေသော အကြောင်း အရာများ အတွက် ဖြေရှင်းနည်း
Saturday, August 18, 2012
လှချင်ရက် စက်စက်ယို
ညအိပ်ရာ ဝင်ခါနီး ၁၅ မိနစ် လောက် အချိန်ပေးရုံမျှနှင့် တစ်ညတာလုံး သမားရိုးကျနည်းဖြင့် မျက်နှာအသားအရေ ပြုပြင်ထိန်းသိမ်းမှုပေးနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ သဘာဝနည်းဖြင့် အသားအရေလှပ စိုပြည်စေနိုင်တဲ့ ထိန်းသိမ်းမှုလေးတွေကိုယခုအပတ် ဖော်ပြလိုက်ပါတယ်။ ဆယ်ကျော်သက်တွေမဆိုထားနဲ့အသက် ၄၀ ကျော် လေဒီကြီးတွေတောင် မိတ်ကပ်ကို အားထားရပါတယ်။ ဒါပေမယ့်လည်း အဲဒီမိတ်ကပ်တွေကို ဓာတုပစ္စည်းမပါသဘာဝပစ္စည်းတွေနဲ့သာ ထုတ်လုပ်ထားတာဖြစ်ကြောင်း ဘယ်လိုပဲ ထပ်လောင်းကြော်ငြာ ကြော်ငြာ ပေမယ့် တာရှည်ခံဓာတုပစ္စည်း မပါဝင်ဘဲနဲ့ ထုတ်လုပ်လို့မရတာတော့အမှန်ပါပဲ။ ကောင်တာခုံပေါ်က စမ်းသုံး ကြည့်ဖို့ခွင့်ပြုထားတဲ့ အလှကုန် Tester များအား တစ်ခုချင်းသေချာလေ့လာကြည့်ပါ။ အလှကုန်တွေဟာ ထုတ်လုပ်ပြီးကာစ ကာလတွေမှာ အနံ့ကောင်းပေမယ့် အချိန်ကြာလာလေလေ ဓာတုအနံ့တွေ၊ ဆီချေးအနံ့တွေ ထွက်လာလေလေပါပဲ။ ဒါ့ကြောင့် မိမိဝယ်ထားတဲ့မိတ်ကပ်၊ အလှကုန်တွေကို ကပ်စေးနှဲပြီး နည်းနည်းလေးချင်းစီ နှစ်ရှည်လများ လိမ်းတတ်တဲ့သူတွေကတော့ ဒီလိုအနံ့တွေထွက်လာတာကို သတိထားမိကြမှာပါ။ တစ်နေကုန် အပြင်ထွက်ပြီးနေဒဏ်၊ လေဒဏ်၊ မိတ်ကပ်ဒဏ်၊ အဆီပြန်မှုဒဏ်၊ လမ်းမပေါ်ကဓာတ်ဆီဒီဇယ်ဆီငွေ့၊ ဆေးလိပ်ငွေ့၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေရဲ့ဒဏ်ကို ခံခဲ့ရပြီးနောက် အိမ်ပြန်ရောက်ချိန်မှာ မိမိတို့ရဲ့ အရေပြားကို ကြင်နာစွာ ပြုစုစောင့်ရှောက်ဖို့လိုပါတယ်။ အလုပ်ကပြန် ကျောင်းကပြန်လာရင်လူက နုံးချည့်နေပါပြီ။ စိတ်ရောလူပါပင်ပန်းနေချိန်ဖြစ်ရင် အိပ်ရာထဲ ထိုးအိပ်ဖို့လောက်ပဲ စဉ်းစားနေတတ်ပါတယ်။ ဒါပေမယ့် အသားအရေလှပစိုပြည်ဖို့အတွက် တစ်နေ့တာ ၂၄နာရီထဲက ၁၅ မိနစ်လောက် တော့အချိန်ပေးသင့်ပါတယ်။
အိပ်ရာထဲတန်းမဝင်လိုက်ပါနဲ့။ ရေမချိုးဖြစ်ရင်တောင် မျက်နှာလေးပေါ်က စိမ့်ဝင်နေတဲ့ မိတ်ကပ်တွေ၊ Moisturizer တွေ၊ Sunscreen တွေ ပြောင်စင်သွားအောင် မျက်နှာသစ် သန့်စင်ဆေးနဲ့ အသေအချာ သစ်ပေးပါ။ မိတ်ကပ် အကြွင်းအကျန်တွေ အိုင်းလိုင်နာ၊ အိုင်းရှဲဒိုးတွေကသင့်အရေပြားရှိ ချွေးပေါက်လေးတွေကို ပိတ်ဆို့သွား စေနိုင်တာမို့ သေချာ သန့်စင် ဆေးကြော ပေးဖို့ လိုအပ်ပါတယ်။ လိုအပ်လျှင် Cotton Pad ဂွမ်းလုံးလေးတွေသုံးပြီး ဖယ်ရှားပါ။ သန့်စင်ဆေးကြောရာမှာ ညင်သာနူးညံ့စွာကိုင်တွယ်ပါ။
အသက်ရလာတော့ အားလုံးသိတဲ့အတိုင်း မျက်နှာနှင့် လည်ပင်းကိုတင်းတင်းရင်းရင်းဖြစ်အောင် ထောက်ကန်ပေးထားတဲ့ ကိုလေဂျင်အမျှင်တွေ လျော့ရဲလာပါပြီ။ ဒါ့ကြောင့်အသားအရေကို တင်းရင်းစေတဲ့ဗီတာမင် A ဓာတ်စာများကို စားပေးရပါမယ်။ ဗီတာမင် A ဓာတ် ထည့်သွင်းထားတဲ့ အလှကုန်တွေကို ညအိပ်ရာဝင်ခါနီးတိုင်း လိမ်းပေးရမယ်။ ကိုလေဂျင်ဟာ အသားအရေ တင်းရင်းဖို့အတွက် အဓိကသော့ချက်တစ်ခုဖြစ်ပါတယ်။ ကိုလေဂျင်ထုတ်လုပ်မှုများများလေလေသင့်မှာအရေးအကြောင်း၊ အတွန့်အလိပ်နည်းလေလေဖြစ်ပါတယ်။ ကိုလေဂျင် ထုတ်လုပ် မှုကို အားပေးတဲ့ ညလိမ်းခရင်မ်တွေဟာ နေ့လိမ်းခရင်မ်တွေထက် အသားအရေကိုပိုမိုတင်းရင်းစေနိုင်ပါတယ်။
မှောက်အိပ်တဲ့အခါနဲ့ စောင်းအိပ်တဲ့အခါတွေမှာ အရည်တွေကမှောက်အိပ်တဲ့၊ စောင်းအိပ်တဲ့မျက်နှာဘက်မှာစုသွားပြီး အရေးအကြောင်းအတွန့်အလိပ်အပြင် မျက်နှာကြီး မို့အစ် လာ တတ်ပါတယ်။ ဒါ့ကြောင့်အသားအရေလည်း တင်းတင်းလေးဖြစ်၊ ဦးခေါင်း နောက်စေ့လည်း အနေတော်ပုံစံတကျ အခွက်ကလေးထဲဝင်အောင် အလယ်မှာချိုင့်တစ်ခုပါတဲ့ခေါင်းအုံးမျိုး ရှာဝယ်အုံးနိုင်ရင် ပိုအဆင်ပြေပါလိမ့်မယ်။ စောင်းအိပ်တတ်တဲ့သူမို့ စောင်းအိပ်မယ်ဆိုရင်ဘယ်နှင့်ညာ တစ်လှည့်စီပြောင်းပြီးစောင်းအိပ်ဖို့တော့ လိုပါတယ်။ တစ်ဖက် တည်းချည်း စောင်းအိပ် မယ်ဆိုရင် ဥပမာ အမြဲ ဘယ်ဘက်စောင်း အိပ်တတ်ရင် မျက်နှာရဲ့ဘယ်ဘက်ခြမ်းမှာ အရေးအကြောင်း ပိုများလာတတ်ပါတယ်။ ညာသန်ဆိုရင်လည်း ညာဘက်မှာ အရေးအကြောင်းများတတ်ပါတယ်။ အကောင်းဆုံးကတော့ နောက်ကျော ပခုံးတစ်ဝက်ခန့်မှာ ခေါင်းအုံးထားပြီး မေးလေးအပေါ်ဘက်မော့၊ ဦးခေါင်းနောက်လှန်ချ အိပ်နိုင်ခြင်းဟာ မျက်နှာ အရေးအကြောင်းများ တင်မကလည်ပင်းရှိအရေး အကြောင်းများကိုပါလျော့ကျစေ နိုင်ပါတယ်။ မယုံလျှင် ဦးခေါင်းနောက်လှန်ချပြီး အိပ်ကြည့်ပါ။ သိသာစွာ မျက်နှာလေး တင်းရင်း လာတာကို တွေ့ရပါမယ်။
မျက်နှာလေး ကြည်စင်နေစေ လိုပါက "စိတ်ပျိုမှကိုယ်နု" ဆိုသလို စိတ်ရွှင်လန်းနေဖို့ လိုပါတယ်။ စိတ်ကအမြဲရွှင်လန်းပျော်ရွှင်နေပါက မျက်နှာလေးမှာ အရေးအကြောင်းနည်းစေပါတယ်။ ဘဝမှာ "ပျော်ပျော်နေသေခဲ" ဆိုသလို ပျော်ရွှင်အောင် နေတတ်ထိုင်တတ် စိတ်ထားတတ်ပါမှလည်း ဘဝမှာ ပျော်ရွှင်စရာအဖြစ်အပျက်တွေနဲ့ကြုံတွေ့ရမှာပါ။ အရာအားလုံးကို အပြစ်မြင် နေမယ်ဆိုရင် စိတ်ညစ်စရာတွေချည်းပဲ ဖြစ်လာနေမှာပါ။ ဒါ့ကြောင့် ဟာသဝတ္ထုတွေ၊ ဟာသပြဇာတ်လေးတွေ၊ တီဗီစီးရီးတွေကို လူကြိုက်များကြတာဖြစ်ပါ တယ်။ ဘဝအမော လေးတွေကို အကောင်းမြင်စိတ်နဲ့ ကြည့်ရှုပါမှပျော်ရွှင်အေးချမ်းနိုင်ပါလိမ့်မယ်။သူငယ်ချင်းနဲ့ စကားစမြည်ပြောဆိုတာ၊ ပျော်ပွဲစားထွက်တာ၊ ချောကလက် ခါးခါးလေးစားတာ၊ အလှကုန်ပစ္စည်းလေးတွေအကြောင်း ဆွေးနွေးတာ၊ ဈေးဝယ်ထွက်ဖို့ ချိန်းတာတွေကလည်း မိမိတို့ရဲ့ စိတ်ကိုအာဟာရဖြည့်တင်းပေးသလို ဖြစ်စေပြီး စိတ်ကို ပျော်ရွှင်စေကာ စိတ်ညစ်စရာတွေကိုလည်း အာရုံမရောက်တော့ပါဘူး။
Wednesday, August 15, 2012
မျက်တောင်ခြယ် ဆေးသုံးသူ ပျိုမေများ သတိထား
Tuesday, August 7, 2012
အလှအပရဲ့ နောက်ကွယ်မှာ
ဆွဲဆောင်မှုမှာတော့ ငယ်ရွယ်နုပျိုခြင်းဟာ လူတိုင်း ပိုင်ဆိုင်လို့မရပါဘူး။အသက်အရွယ် ကြီးရင့်သူတစ်ယောက်အတွက် နုပျိုချင်နုပျိုနိုင်ပေမယ့် ငယ်ရွယ်တာတော့ ဖြစ်မလာနိုင်ဘူး။ ဒီတော့ငယ်ရွယ်နုပျိုမှုဟာ အချိန်အတိုင်းအတာရှိတာပေါ့။ အသက်ကြီးလာရင်တောင်
အသက်ကို လိမ်ပြောချင်ကြတယ်။ အသက်ကြီးတယ်ပြောတာ၊ အိုစာတာကို လုံးဝလက်မခံကြပါဘူး။ ဒီတော့ နုပျိုငယ်ရွယ်ခြင်းဟာ ဆွဲဆောင်မှုအတွက် အချိန်အတိုင်းအတာတစ်ခုအတွင်း ရမယ့်အကျိုး ရလာဒ် တစ်ခုပဲ။ <b>ဆွဲဆောင်မူ့အရှိဆုံး အရွယ်ကို စစ်တမ်းအရ ၂၁နှစ်လို့ သတ်မှတ်ကြတယ်။</b> နှစ်ဆကြီးလာရင် နှစ်ဆ ဆွဲဆောင်မှု့လျော့တာပဲ။
သုတေသန အလိုအရပြောရရင်တချို့အမျိုးသားတွေက အမျိုးသမီးတွေရဲ့ ရင်သားဟာ ဆွဲဆောင်မှုရှိတဲ့ အထဲမှာပါတယ်ဆိုတာပါပဲ။ တချို့လေ့လာချက်ကျတော့ ရင်သား ညီနေရင် အမျိုးသားတွေ ပိုကြိုက်သတဲ့။ နောက်တစ်ခါတချို့အဖွဲ့ကတော့ အမျိုးသမီးတွေရဲ့ ရင်သားကြီးပြီး၊ မာတင်းတာကို ကြိုက်ပြန်ရောတဲ့။ကြိုက်တာ မတူဘူးနော်။ အကြိုက်မတူတဲ့အတွက် ဆွဲဆောင်မှုကျ မတူပြန်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သုတေသနတွေရဲ့ ဆုံးဖြတ်ချက်ကတော့ ရင်သားကြီးတာဟာ Oestradial နဲ့ Progesteorone ဟော်မုန်းတွေ များနေလို့ပါပဲတဲ့။
ဒါကတော့ မမြင်ရဘူး။ တိုင်းတာပြီး ဆုံးဖြတ်ရတဲ့ စံနှုန်းစံထားပါ။ ဆွဲဆောင်မှုမှာတော့ ခန္ဓာကိုယ်ညွှန်းကိန်း (BMI)လည်းပါတာပေါ့။ အင်္ဂလိပ်လိုအရှည်ကတော့ သြိပျြှေုညိနထ ပေါ့။ ကျန်းမာရေးရှုထောင့်မှာလည်း နောက်ပိုင်းအရေးပါလာတယ်။ (BMI) ရဲ့ အရေးကြီး
မှုဟာ ခန္ဓာကိုယ်တစ်ခုလုံးအတွက်နဲ့ပါသက်ဆိုင်လာတာပေါ့။ အဲ... နောက်တစ်မျိုးပြောရရင်တော့ (BMI) ဟာ ဝတာ၊ မဝတာလည်း ဆုံးဖြတ်ပေးတာပဲလေ။ ဒီနေရာမှာတော့ မောင်ကေနိုင်း သိရတာက မိန်းကလေးတွေရဲ့ ဆွဲဆောင်မှုမှာ(BMI) ရလဒ် ပါနေတာပါပဲ။တွက်ချက်တဲ့နည်းတော့ ရှိပါတယ်။ မောင်ကေနိုင်းအရပ်က ၅ ပေ ၇ လက်မမြင့်ပြီး ပေါင်ချိန်က ၁၇၀ ဆိုပါစို့ဗျာ။ စာမျက်နှာ (D) မှာ ပါတဲ့ (BMI) တွက်နည်းအတိုင်း တွက်ကြည့်ရာ ၂၆ ဒသမ ၆၂၂ရရှိပါတယ်။ ပုံမှန်ရှိသင့်တဲ့ (BMI) က ၂၃ဝန်းကျင်ရှိရမယ်။၂၆ ဒသမ ၆၂ ဆိုတော့ ဝနေတယ်။ ပုံပျက်နေတယ်ပေါ့။ နောက်တစ်မျိုးပြောရရင်တော့ မလှဘူးပေါ့။ ဒါကြောင့် (BMI) ကို အရေးကြီးတဲ့အထဲမှာပါလာပြီး နောက်ပိုင်း Mobile Handset တွေဆိုရင် (BMI) တွက်ဖို့ တစ်ခါတည်း ထည့်ပေးထားတယ်။ ဒါကျ ဒီလိုမြှောက်စားတာတွေ မလိုတော့ဘူး။ တစ်ခါတည်း ထည့်လိုက်တာနဲ့ ဝနေတယ်၊ ပိန်နေတယ်၊ ပုံမှန်ပဲဆိုတဲ့အဖြေပါ ပေးတယ်။ ဒါကြောင့် ဆွဲဆောင်မှုနဲ့ အလှအတွက်ရော၊ ကျန်းမာရေးအတွက်ပါ (BMI) ဟာ တွက်ချက်ကြည့်သင့်တဲ့အထဲမှာ ရှိနေပါတယ်။
အမျိုးသမီးတွေအတွက် ခါး-တင်အချိုး ကလည်း ဆွဲဆောင်မှုနဲ့ အလှရဲ့အဓိကပါပဲ။ သူလည်း စံနှုန်းတော့ရှိတယ်ဗျ။ ဒါပေမဲ့ လူမျိုးနဲ့ခွဲပြီး အချိုးတွေကတော့ ကွာခြားမှုရှိတယ်။ တရုတ်လူမျိုးတွေက ဝ ဒသမ ၆ ရှိတယ်။ တောင်အမေရိကတိုက်နဲ့ အာဖရိကလူမျိုးတွေကလည်း ဝ ဒသမ ၈ နဲ့ ဝ ဒသမ ၉ ဝန်းကျင်ရှိကြတယ်။ ဒီအချိုးတွေရော၊ အလှအပတွေပါ စံနှုန်းထားပြီးတွက်တဲ့ အချိုးလေးရှိပါတယ်။ သူ့အခေါ်အဝေါ်ကတော့ ရွှေအချိုး (Golden Ratio) ပေါ့။ နောက်ပိုင်းကျတော့ ဒီရွှေအချိုးပါ တွက်
တဲ့အခါ အလှအပမှာ အရေးကြီးတာနဲ့ဆက်စပ်တာကို သိလာပါလိမ့်မယ်။ ထပ်ပြီးလည်း မောင်ကေနိုင်းကွသိုနညျွေိငသ နဲ့ပတ်သက်ပြီး ဖော်ပြပေးပါဦး မယ်။
ဆွဲဆောင်မှုရှိတဲ့အထဲမှာ အရပ်အမောင်းကိုလည်း မေ့ထားလို့မရပြန်ဘူး။ ဘယ်လိုပဲပြောပြော အရပ်ပုတဲ့သူက နေရာ၊ အခြေအနေမပေး၊ ဆွဲဆောင်မှုမရှိတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ အမျိုးသားတွေဟာ အမျိုးသမီးတွေကို အရပ်ရှည်တာ ကြိုက်ပေမယ့်သူတို့ထက်ရှည်ရင်
ဆွဲဆောင်မှုမရှိတော့ဘူးလို့ ဆိုပြန်ပါတယ်။ တွဲသွားတွဲလာ လမ်းလျှောက်တဲ့အခါ အမျိုးသမီးရဲ့ အရပ်က ပိုရှည်နေတဲ့မြင်ကွင်းကတော့ ယောကျာ်း၊ မိန်းမဆွဲဆောင်မှု အလှအပကို အကျည်းတန်စေပါတယ်။
လေ့လာသုံးသပ်မှုတွေအရ ခြေထောက်နဲ့ ခန္ဓာကိုယ်ရဲ့အချိုးတွေကိုကြည့်တဲ့အခါမှာပေါ့၊ ဆိုလိုတာက ခြေထောက်အရှည်၊ ခန္ဓာကိုယ်ပိုင်းအရှည်ပြောတာ။ ဒီလိုနှိုင်းယှဉ်ရင် ခြေထောက်ပိုင်းရှည်တာက ပိုပြီးဆွဲဆောင်မှုရှိတယ်တဲ့ဗျာ။ ဒါတော့ လူတိုင်းအမှုမဲ့၊ အမှတ်မဲ့ အချိုးအစားပဲ။ သေချာကြည့်ပြီး နှိုင်းယှဉ်ကြည့်မှ သိရမှာပဲ။
ဆံပင်ရဲ့အချက်တွေကလည်း အများကြီးရှိတာပေါ့။ ဒါပေမဲ့ ယေဘုယျဆွဲဆောင်မှုကို ဦးစားပေးပြောမယ်ဆိုရင်ဆံပင်ရှည်ရှည်နဲ့ အမျိုးသမီးဟာ ဆွဲဆောင်မှုရှိတယ်တဲ့။ ဒါကြောင့် ဘာကြောင့် ဒီလိုဖြစ်ပေါ်လာရသလဲ ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ ရှင်းပြချက်အရ ပြောရရင် ဆံပင်ရှည်တဲ့သူဟာ အာဟာရဓာတ်ပြည့်ဝပြီးသတ္တုဓာတ်၊ ဗီတာမင်ဓာတ်တွေ ပြည့်စုံ တဲ့အမျိုးသမီးလို့ သွယ်ဝိုက်ပြောတာပဲတဲ့။ နောက်ပြီး မောင်ကေနိုင်းတို့လို အာရှတိုက်သားတွေက ဆံပင် ရှည်လည်းရှည်၊ နက်လည်း နက်နေမှ ဆွဲဆောင်မှုရှိတာတဲ့။
ဒါက ပြောရခက်သားဗျာ၊ ကြည့်သောသူ မြင်၏ လို့ပြောရမှာပဲ။ အမျိုးသမီးတစ်ယောက်သွားလာ၊ လှုပ်ရှားမှု၊ ပျော့ပြောင်းနူးညံ့မှုဟန်ပန်တွေပေါ့။ ဒီအပြုအမူတွေက သွက်လက်ချက်ချာပြီးလှုပ်ရှားမှုက လှပနေရင် ကျန်းမာခြင်းနဲ့နုပျိုခြင်းကိုပါ ပြညွှန်းနေတာတဲ့။ တစ်ခုနဲ့တစ်ခု သွယ်ဝိုက်ဆက်စပ်တယ်နော်။
အသားအရောင်ကလည်း ဆွဲဆောင်မှုပဲပေါ့။ ရွှေဝါရောင်လို ဖြူဖွေးနေရင်လှနေတာပဲ။ ဒါပေမဲ့ ကပ္ပလီလို လူမျိုးကဒီလိုမြင်ရနိုင်မှာလား၊ လူမျိုးနဲ့တိုင်းပြည်နဲ့ဆိုင်သွားပြီ။ အာရှတိုက်သားတွေမှာ အနီရောင်နဲ့အဝါရောင်ကြားမှာရှိနေတဲ့ အရေပြားအရောင်ဟာ ကျန်းမာရေးအရဆွဲဆောင်မှုရှိတယ်။ ဒါဟာ အောက်ဆီဂျင်ထဲ ပါတဲ့သွေး (Oxygenated Blood)တွေ ခန္ဓာကိုယ်ထဲမှာ စီးဝင်နေတာဖြစ်လို့ သိပ်ကျန်းမာတဲ့သူ ဖြစ်တာကိုညွှန်းတာတဲ့။ ဒီတော့ ကျန်းမာခြင်းနဲ့အလှ ဆက်စပ်တာပေါ့။
Sunday, July 29, 2012
ခေတ်စားနေသော BB ခရင်မ် အကြောင်း အမေးအဖြေ
Tuesday, July 24, 2012
သင့်ကို ပိုမိုနုပျိုစေမည့် အပြုအမူ ငါးမျိုး
Saturday, July 21, 2012
မျက်နှာချွေးပြန်ခြင်းကို သက်သာစေမည့် နည်းလမ်း သုံးသွယ်
အရွယ် တင်နုပျို လိုသူတိုင်း ညဘက် လုပ်သင့်သည့် အသား အရေ ထိန်းသိမ်းနည်း
- မျက်နှာမှာ မိတ်ကပ်တွေလိမ်းပြီး ဘယ်တော့မှ မအိပ်ပါနဲ့။ မိတ်ကပ်တွေ လိမ်းပြီး အိပ်တာ ကြာလာရင် အသား အရေကို နွမ်းနယ်ထိခိုက်စေနိုင်ပါတယ်။ ဝက်ခြံနဲ့ အဖုအပိမ့်တွေကိုလည်း ဖြစ်စေ နိုင်ပါတယ်။
- အစိုဓာတ်ထိန်းခရင်မ်နဲ့အတှူနမကာ ကိုပါ လိမ်းပေးရင် အသားအရေကို ပိုမို တင်းရင်းစေပါတယ်။ အရေးကြောင်းပါး ပါးထင်နေတဲ့ နေရာတွေကို များများလိမ်း ပြီး အိပ်စက်ပေးပါ။
Friday, July 20, 2012
သားဖွား မိခင် ဆံပင် ကျွတ်ခြင်းမှ ကာကွယ်ခြင်း
အမျိုးသမီး များသည် သားမ ဖွား မီအချိန် က ၄င်းတို့ ၏ ဆံပင် များမှာ နက်ပြောင် နေတတ် သော် လည်း သား ဖွားပြီးသည့်နောက်ပိုင်း၌မူ ဆံပင်များ ကျွတ်တတ်၍ ဆံကေသာပါးလွှာ လျော့နည်းတတ်သည်ကို တွေ့ရ၏။ ဆံကေသာ သုတေသီတို့က သားဖွား မိခင် ဆံပင်ကျွတ်တတ်သည့် ရာခိုင် နှုန်းမှာ ၃၅ ရာခိုင်နှုန်းမှ ၄၅ ရာခိုင် နှုန်း အထိရှိသည်ဟု ဆိုပါသည်။ ဆံပင်သုတေသီတို့က သားဖွားမိခင် ဆံပင်ကျွတ်ခြင်းမှ ကာကွယ်နည်းများ ကို အောက်ပါအတိုင်းဖော်ညွှန်းလိုက် ပါသည်။
၎င်းမှာ -
၁။ နေ့စဉ် တစ်နေ့ ၂ ကြိမ်၊ တစ်ကြိမ်လျှင် ၁၀ မိနစ်မှ ၁၅ မိနစ် ခန့် မိမိ၏ ဆံကေသာများကို သစ်သားဘီးဖြင့် ဖြီးပြီး ဦးခွံအရေပြား ကို လက်ဖြင့်နှိပ်နယ်ပေးရပါမည်။ (ယင်းသို့ ပြုလုပ်ပေးခြင်းအားဖြင့်၊ မိမိ၏ ဦးခေါင်းပိုင်းသွေးလည်ပတ်မှု ရှိစေပြီး ဆံပင်အမြန်ပေါက်၍ ဆံပင် သန်လာပါလိမ့်မည်။)
၂။ သားဖွား မိခင်၏ ဦးခေါင်း မှာ အဆီအထွက်များတတ်သဖြင့် ရက်သတ္တပတ်လျှင် တစ်ကြိမ် ခေါင်း မှန်မှန်လျှော်ပေးရပါမည်။ မိမိနှင့် သင့်လျော်သော၊ တည့်သော ခေါင်း လျှော်ရည်ဖြင့်သာ ခေါင်းလျှော်ရပါ မည်။ မိမိ၏ ဆံကေသာများကို ကြမ်းကြမ်းမပွတ်ရ။ ညင်သာစွာ ကိုင်တွယ်ရပါမည်။
၃။ အစားအသောက် သတိပြု ဆင်ခြင်ပါ။ အာဟာရပြည့်ဝအောင် စားပေးပါ။ ကလေးနှင့် မိခင် နှစ် ယောက်စာ စားရမည်ကို အစဉ်အမြဲ သတိပြုပါ။ အစားမရွေးရ။ တစ်မျိုး တည်း မစားရ။ အသားစုံ၊ ဟင်းရွက် ဟင်းသီးစုံ၊ သစ်သီးစုံ စုံစုံလင်လင်၊ ပြည့်ပြည့်ဝ၀စားပေးရမည်။ (ကြိုက် သည်ဆိုကာ တစ်မျိုးတည်းဇွတ်မစားရ) ဟူ၍ ဖြစ်ပါသည်။ အထက်ဖော်ပြပါ အချက်အလက် များကို မှန်မှန်ကျင့် သုံးလိုက်နာသွား မည်ဆိုပါကမိမိ၏ဆံပင်မှာအမြန်ပေါက် ကာနက်ပြောင်ရှင်သန်လာပါလိမ့်မည်။
ကေတီအောင်သိန်း (ရန်ကုန်တက္ကသိုလ်) Ref : China People Daily News
Monday, July 16, 2012
အင်ဂျီလီနာ ဂျိုလီရဲ့ ဘဝထဲက ခန္ဓာကိုယ် အလှဆင်ခြင်း အနုပညာ (အပိုင်း - တစ်)
အလှပဆုံးနဲ့ ဆွဲဆောင်မှု အရှိဆုံးလို့ သတ်မှတ်ပြီး သတင်းတွေ၊ မဂ္ဂဇင်းတွေ၊





Friday, July 13, 2012
ချွေးပေါက်ကျဉ်းစေမယ့် နည်းလမ်းကောင်းများ

သင့်ချွေးပေါက်တွေဟာ မှန်ဘီလူးအောက်ရောက်နေသလို ကျယ်နေလို့ စိတ်ညစ်နေလား??? စိတ်မညစ်ပါနဲ့။ ချွေးပေါက်ကျဉ်းစေတဲ့ လွယ်ကူတဲ့ နည်းလေးတွေ ရှိပါတယ်။
ချွေးပေါက်လေးတွေ ပြန်ကျဉ်းအောင်က အပေါ်က ချွေးပေါက်ကျယ်စေတဲ့အကြောင်းတွေကိုလည်း သတိထားရပါမယ်။ ပြီးတော့ ချွေးပေါက်လေးတွေ ကျဉ်းသွားအောင် လုပ်ဆောင်ရမှာတွေကို ပြောပြပေးမယ်နော်။
အသားအရေထိန်းသိမ်းမယ်
- အဆီပိုတွေနဲ့ ဆဲလ်သေတွေကြောင့် ချွေးပေါက်တွေပိုကျယ်လာစေပြီး ၀က်ခြံတွေလည်း ဖြစ်စေတော့ အသားအရေကို သေချာသန့်စင်ပေးဖို့ အရေးကြီးတယ်နော်။
- တစ်ရက်ကို ၂ ကြိမ် ကိုယ့်အသားအရေနဲ့ အဆင်ပြေတဲ့ Facial Cleanser နဲ့ မျက်နှာသစ်ပေးပါ။
- ညဘက် ဘယ်လောက်ပဲအိပ်ချင်နေပါစေ မိတ်ကပ်တွေဖျက်ပြီးမှ အိပ်ပါ။
- မျက်နှာသစ်ပြီးတိုင်း Toner သုံးပေးရမယ်နော်။
- ဗီတာမင်စီပါတဲ့ ခရမ်တွေကို လိမ်းပေးရင်လည်း အသားအရေကို သန့်စင်စေသလို အသားအရေကို တင်းရင်းစေတဲ့ ကော်လာဂျင် ထုတ်လုပ်မှုကို အားပေးလို့ ချွေးပေါက်တွေကျဉ်းစေဖို့ အထောက်အကူ ပေးပါတယ်။
- ဆဲလ်အသေတွေကို သေချာဖယ်ရှားနိုင်ဖို့ တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ် Scrud နဲ့ မျက်နှာချေးချွတ်ပါ။
- တစ်ပတ်ကိုတစ်ကြိမ် မျက်နှာပေါင်းတင်ပေးဖို့လည်း မမေ့ပါနဲ့။ ချွေးပေါက်တွေကို သန့်စင်စေတဲ့ မျက်နှာပေါင်းတင်ကပ်ခွာ (Pore refining mark) ကို သုံးပေးတာပိုကောင်းပါတယ်နော်။
- Alpha Hydroxy Acid (AHA) 10% ပါတဲ့ လိမ်းဆေးတွေကို သုံးပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။
နေရောင်ခြည်ဒဏ်က ကာကွယ်မယ်
- နေရောင်ခြည်က အသားအရေရဲ့ တကယ့်ရန်သူပဲနော်။
- ချွေးပေါက်တွေကျယ်စေတဲ့ အဓိကအချက်လည်း ဖြစ်နေတော့ ဒီဆိုးကျိုးအရမ်းပေးတဲ့ နေရောင်ခြည်ဒဏ်ကို ကာကွယ်မယ်။
- နေရောင်ကာကွယ်ဆေးတွေ လိမ်းမယ်။
- နေကာမျက်မှန်၊ ထီး၊ ဦးထုပ်ပါမှ အပြင်ထွက်ကြမယ်လေ။
မိတ်ကပ်ကို အားမကိုးပါနဲ့
- ချွေးပေါက်တွေကို ဖုံးအောင်ဆိုပြီး မိတ်ကပ်တွေကို အထူကြီးလိမ်းမလို့လား။ မလုပ်လိုက်နဲ့နော်။
- သင့်အရေပြားလေး ကောင်းကောင်းအသက်ရှုပါစေလား။
- မိတ်ကပ်ကို အထူကြီးလိမ်းလေလေ ချွေးပေါက်တွေကို ပိတ်ဆို့စေပြီး အသားအရေကို ပိုထိခိုက်လေလေပဲလေ။
- မျက်နှာပြောင်ဖြစ်နေမှာဆိုးရင်တော့ ပေါင်ဒါမှုန့်တွေ၊ ပေါင်ဒါခဲ (Powder Cake) တွေ လိမ်းရင်ကို OK တယ်နော်။
- Oil Control အမျိုးအစားကိုပဲ ရွေးချယ်ဖို့တော့ မမေ့ပါနဲ့။
- မိတ်ကပ်လိမ်းတာ နဲလေ ကောင်းလေပါနော်။
- မိတ်ကပ်လိမ်းရင် အသုံးပြုတဲ့ ရေမြုပ်၊ ဘရှပ် စတာတွေကိုလည်း အမြဲသန့်ရှင်းအောင်ထားပါ။
- ရေမြုပ်၊ ဘရှပ်တွေပေါ်မှာရှိနေတဲ့ အဆီတွေ ဘက်တီးရီးယားတွေဟာ သင့်ချွေးပေါက်တွေထဲကို ၀င်ပြီး ကောင်းကောင်းဒုက္ခပေးနိုင်တယ်လေ။
- အဲဒီတော့ ရေမြုပ်၊ ဘရှပ်တွေကို အမြဲသန့်ရှင်းနေအောင် ဂရုစိုက်ရမယ်နော်။
ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ စားသောက်မှုပုံစံပြောင်းမယ်
- ရေကို များများသောက်ပါ။ ဒါမှ ခန္ဓာကိုယ်ထဲက အညစ်အကြေး အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်မှာလေ။
- အသီးအရွက်၊ အဆီနည်းတဲ့အသား၊ ငါး များများစားပါ။
- ရယ်ဒီမိတ်စားစရာတွေ၊ အချိုတွေ၊ အဆီအဆိမ့်တွေ၊ ကော်ဖီတွေက အရေပြားက အဆီထုတ်လုပ်မှုကို များစေလို့ ချွေးပေါက်ထဲမှာ အဆီတွေကြောင့် ချွေးပေါက်ပိုကျယ်လာစေသလို ချွေးပေါက်ပိတ်ပြီး ၀က်ခြံတွေပါ ဖြစ်စေနိုင်လို့ ဝေးဝေးက ရှောင်ရမယ်နော်။
"ချွေးပေါက်လေးတွေ ပြန်ကျဉ်းစေမယ့် သဘာဝရဲ့စွမ်းအားများ''
ဆဲလ်အသေတွေကို ပုံမှန်ဖယ်ရှားခြင်းဟာ ချွေးပေါက်တွေကို ပြန်ကျဉ်းစေမယ့် အကောင်းဆုံးနည်းပါပဲ။ ဆဲလ်အသေတွေကို ဖယ်ရှားတာကို အိမ်မှာပဲ သဘာဝပစ္စည်းတွေနဲ့ လုပ်လို့ရတယ်နော်။
- အရင်ဆုံး မျက်နှာသစ်ပါ။
- ပြီးတော့ မျက်နှာသုတ်ပုဝါကို ရေနွေးဆွတ် အရေညှစ်ပြီး မျက်နှာပေါ်ခဏတင်ထားပါ။
- ဒါမှ ချွေးပေါက်တွေကို ပွင့်စေပြီး ဆဲလ်သေတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်စေပါတယ်။
- ဂျုံ (သို့) မုန့်ဖုတ်ဆော်ဒါနဲ့ ရေကို ဆတူရောပြီး မျက်နှာပေါ်လိမ်းပါ။
- ခဏနေရင် ရေဆေးချလိုက်ရုံပါပဲ။
- တစ်ပတ်မှာ တစ်ခါထက်တော့ ပိုပြီး မလုပ်မိစေနဲ့နော်.. အလွန်အကျွံလုပ်ရင် အသားအရေကို ထိခိုက်သွားနိုင်တယ်လေ။
ချွေးပေါက်လေးတွေကျဉ်းစေတဲ့ အကုန်အကျလည်းမများ လွယ်ကူအစွမ်းထက်တဲ့ သဘာဝပစ္စည်းတွေနဲ့ ပေါင်းတင်နည်းတွေကိုလည်း လေ့လာကြည့်ရအောင်..။
သခွားသီးနဲ့ ထောပတ်သီး မျက်နှာပေါင်းတင်ဆေး
- ပါးပါးလှီးထားတဲ့ သခွားသီး လ္ဘက်ရည်ပန်းကန်လုံးတစ်ဝက်၊ ထောပတ်သီး လ္ဘက်ရည်ပန်းကန်လုံးတစ်ဝက်၊ ကြက်ဥအကာ တစ်လုံး၊ နို့မှုန့် လ္ဘက်ရည်ဇွန်း ၂ ဇွန်းအားလုံးကို သေချာသမပြီး ပျစ်ပျစ်လေးဖြစ်သွားအောင် Blender နဲ့ ရောမွှေလိုက်နော်။
- ရရှိလာတဲ့ အနှစ်ကို မျက်နှာနဲ့ လည်ပင်းမှာ နှံ့စပ်အောင်လိမ်းပေးပါ။
- ၃၀ မိနစ် (သို့) ခြောက်သွားတဲ့အခါ ရေနွေးနွေးလေးနဲ့ အရင်ဆေးချပြီး ရေအေးနဲ့ ပြန်ဆေးလိုက်ပါ။
- မျက်နှာနဲ့ လည်ပင်းကို ခြောက်သွေ့အောင် သုတ်ပြီးတဲ့အခါ သင့်ချွေးပေါက်လေးတွေကျဉ်းပြီး နူးညံ့ချောမွေ့နေတဲ့ မျက်နှာလေးကို တွေ့ပြီး သင်လည်း အရမ်းကို ပျော်ရွှင်သွားမှာနော်။
ကြက်ဥနဲ့ သံပုရာသီး မျက်နှာပေါင်းတင်ဆေး
- သံပုရာသီးတစ်ခြမ်းကို အရည်ညှစ်ပြီး ကြက်ဥအကာတစ်လုံးနဲ့ ၃ မိနစ်ခန့်ကြာအောင် ခေါက်မွှေပါ။
- ပြီးတော့ မျက်လုံးတ၀ှိက်ကို ချန်ထားပြီး မျက်နှာအနှံ့လိမ်းလိုက်ပါ။
- ၃၀ မိနစ်ကြာတဲ့အခါ ရေနွေးလေးနဲ့ ဆေးချပြီး အစိုဓာတ်ထိန်းခရမ်တစ်ခုခု လိမ်းပေးလိုက်ရင် ချွေးပေါက်လေးတွေကျဉ်းပြီး လန်းဆန်းချောမွေ့နေတဲ့ မျက်နှာလေးကို ရရှိပါလိမ့်မယ်နော်။
ငှက်ပျောသီးနဲ့ ပျားရည် မျက်နှာပေါင်းတင်ဆေး
- ဒါကတော့ အလွယ်ဆုံးနည်းလေးပါပဲ။
- ချေထားတဲ့ ငှက်ပျောသီးနဲ့ ပျားရည်ကိုရော သမအောင်မွှေပြီး အနှစ်ပျစ်ပျစ်လေးရလာတဲ့အခါ မျက်နှာပေါ်မှာ လိမ်းပါ။
- ၁၀ မိနစ်နေရင် ရေနွေးလေးနဲ့ ဆေးချလိုက်ရုံပါပဲ။
- အရမ်းလွယ်တယ်နော်.. ဒါပေမယ့် အရမ်းလည်း အစွမ်းထက်ပါတယ်။
- ငှက်ပျောသီးမှာပါတဲ့ သဘာဝအက်စစ်က ဆဲလ်ဟောင်းတွေကို ဖယ်ရှားပေးပြီး ပျားရည်က အသားအရေကို နူးညံ့ချောမွေ့စေတယ်လေ။
- ဒီနည်းနဲ့ပဲ ချွေးပေါက်လေးတွေကို ကျဉ်းစေတာပါ။
- ငှက်ပျောသီးအစား ချေထားတဲ့ စပျစ်သီး (သို့) စတော်ဘယ်ရီသီးနဲ့ ပျားရည်ကို ရောပြီးတော့လည်း လုပ်လို့ရတယ်နော်။
ချက်ချင်းလက်ငင်း ချွေးပေါက်ကျဉ်းစေ
- ချက်ချင်းလက်ငင်း ချွေးပေါက်ကျဉ်းစေဆိုတော့
စိတ်ဝင်စားသွားပြီ ဟုတ် ??
- ချွေးပေါက်တွေ ချက်ချင်းကျဉ်းစေဖို့အတွက် အအေးဓာတ်ကို သုံးရမှာပါ။
- နို့ထဲမှာပါတဲ့ လက်တစ်အက်စစ်လို့ခေါ်တဲ့ Alpha Hydroxy Acid ဟာ အသားအရေကို နူးညံ့ချောမွေ့စေသလို ဆဲလ်အသစ်ပွားတာကိုလည်း အားပေးတယ်လေ။
- အဲဒီတော့ အအေးဓာတ်နဲ့ နို့ရဲ့ အစွမ်းတွေကို အသုံးချပြီး ချွေးပေါက်တွေကျဉ်းအောင် လုပ်ကြစို့နော်။
- အ၀တ်သန့်သန့်တစ်ခုကို အအေးခံထားတဲ့နို့ထဲ နှစ်လိုက်ပါ။
- အ၀တ်မှာ ပိုနေတဲ့နို့တွေကို ညှစ်လိုက်ပြီး အ၀တ်ကိုမျက်နှာပေါ် ကပ်ထားပါ။
- ၅-၁၀ မိနစ်ကြာတဲ့အခါ အ၀တ်ကိုဖယ်ပြီး ရေအေးအေးလေးနဲ့ မျက်နှာသစ်လိုက်ရုံပါပဲ။
- ဒီနည်းလေးဟာ ချွေးပေါက်တွေကို ယာယီကျဉ်းသွားစေပြီး အသားအရေကို ချောမွေ့သွားစေသလို ချွေးပေါက်တွေထဲကို မိတ်ကပ်တွေ မ၀င်အောင်လည်း ကာကွယ်ပေးပါတယ်။
- အားလုံးအတွက် အသုံးတည့်မှာပါနော်။
အပေါ်မှာ ပြောပြခဲ့တာလေးတွေကို သေချာလိုက်လုပ်ပေးရင် ချွေးပေါက်လေးတွေ တဖြည်းဖြည်းကျဉ်းလာမယ့်အပြင် အသားအရေလည်း တကယ်ကို လှလာမှာနော်။ ချွေးပေါက်တွေကျဉ်းပြီး တင်းရင်းချောမွေ့လှပတဲ့ မျက်နှာလေးကို မြန်မြန်ပိုင်ဆိုင်နိုင်ပါစေရှင်။



8:03 AM
Admin


