
ဝက်ဘ်ဆိုဒ်တွေ ပေါ်မှာ ကာလ ကြာရှည်စွာ ဖော်ပြခြင်းခံခဲ့ရတဲ့ အမေရိကန် အမျိုးသမီး သရုပ်ဆောင် တစ်ယောက်ကို ဖော်ပြပါ ဆိုရင် အင်ဂျလီနာ ဂျိုလီကိုပဲ ညွှန်းရလိမ့်မယ်လို့ ထင်တယ်။ သူဟာ "Lara Croft: Tomb Raider", "Hackers", "Mr. & Mrs. Smith", "Girl, Interrupted", "Wanted", "Changeling" , “Salt” အစရှိတဲ့ နာမည်ကျော် ရုပ်ရှင် ဇာတ်ကားတွေမှာ အဓိက ဇာတ်ကောင် နေရာက ပါဝင် သရုပ်ဆောင် ခဲ့သူပါ။ နောက်ပြီး “Kung Fu Panda” ဆိုတဲ့ ကာတွန်း ရုပ်ရှင်မှာလည်း အသံနဲ့ ပါဝင် သရုပ်ဆောင် ခဲ့ပါသေးတယ်။ ဒါဟာ သူ့အကြောင်းကို သတိရစေဖို့ အကျဉ်းချုပ် ပြန်လည်ဖော်ပြပေးတာပါ။ သူ့ရဲ့ အောင်မြင် ကျော်ကြားမှုတွေကို ကျွန်တော့်ရဲ့ စာဖတ်ပရိသတ်ကြီးလည်း သိနှင့်ပြီးသားမို့ တကယ်ဆို မိတ်ဆက်စရာတောင် မလိုအပ်ပါဘူး။
သူရဲ့ တက်တူးတွေအပေါ်မှာ စွဲလမ်း နှစ်သက်မှုကလည်း သူရဲ့ပရိသတ်နဲ့ သူ့ကို အာရုံစိုက်နေတဲ့ မီဒီယာတွေ အပေါ် အလွန့်အလွန် ဆွဲဆောင်နိုင်စွမ်း ကြီးခဲ့ပါတယ်။ အဲဒီ တက်တူးတွေဟာဆိုရင် သူ့ရဲ့ ကိုယ်ရည် ကိုယ်သွေးနဲ့ စိတ်ခံစားမှုတွေ အဖြစ် သူ့ရဲ့ဘဝကို နေ့စဉ် ရောင်ပြန်ဟပ်နေတာပါ။ သူဟာ အယူအဆ တစ်ခုကို ထာဝရ အဖြစ် ထိုးနှံလိုက်ပေမယ့် အဲဒီ့ အယူအဆဟာ သူ့ခန္ဓာကိုယ်ပေါ်မှာ ကြာရှည် ခံလေ့ မရှိပါဘူး။ ဒါကြောင့် သူရဲ့ တက်တူး စုစည်းမှုတွေဟာလည်း သူ့ဘဝရဲ့ ဂရုအစိုက်ဆုံး ကိစ္စတွေကို သတိပေး နိုင်ဖို့အတွက် အမြဲတမ်း ပြောင်းလဲ ဖြစ်ပေါ်နေရပါတယ်။
၁။ သေခြင်း

သူဟာ အလွန် ငယ်ရွယ်တဲ့ အချိန်မှာ ပထမဆုံး တက်တူး တစ်ခုကို စတင်ရယူခဲ့တာပါ။ သေခြင်းလို့ အဓိပ္ပါယ် ရတဲ့ ဂျပန်ရိုးရာ ခန်းဂျီ စာလုံးလေး တစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့ ဘယ်ဘက် ပခုံးပေါ်မှာပါ။ ဘဝကို အဓိပ္ပါယ် ရှိရှိနဲ့ အပြည့်အဝ နေထိုင်သွားဖို့ သတိပေးတဲ့ အနေနဲ့ ထိုးနှံခဲ့ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် သူရဲ့ မွေးစားသား မတ်ဒေါ့ဇ် ကိုအတည်ပြုပြီးတဲ့နောက်မှာတော့ အဲဒီ တက်တူးကို ဖျက်ပြီး ရှေးဟောင်း ခမာစာတမ်း အချို့နဲ့ ဖုံးအုပ်ခဲ့ပါတယ်။
၂။ အပြာရောင်လျှာနဲ့ ထရိုင်ဘယ် နဂါးတစ်ကောင်၊ လက်ဝါးကပ်တိုင် တစ်ခု၊ လက်တင်စာသားအချို့

သူဟာ အဲဒီ အပြာရောင်လျှာနဲ့ ထရိုင်ဘယ် နဂါးတစ်ကောင်ပုံ တက်တူးကို အရက်နဲ့ မူးယစ်ဆေးစွဲနေတဲ့ အချိန်မှာ ရယူခဲ့တာပါ။ သူဟာ အဲဒီ တက်တူးကို ရယူမိခဲ့တဲ့အတွက် အလွန်ဝမ်းနည်းခဲ့ပါတယ်။ ဒါကြောင့် အဲဒီ တက်တူး ကို လက်တင်စာသားအချို့ ပါဝင်တဲ့ အနက်ရောင် လက်ဝါးကပ်တိုင်ပုံနဲ့ ဖုံးအုပ်ခဲ့ပါတယ်။ ဂျော်နီ လိ မယ်လာနဲ့ လက်မထပ်ခင်တစ်ရက်အလိုမှာ ထိုးခဲ့တာပါ။ ဘယ်အရာက အကျိုးပြုပြီး ဘယ် အရာက ပျက်သုန်းစေတာလဲ လို့ အဓိပ္ပါယ်ရပါတယ်။

၃။ A prayer for the wild at heart, kept in cages

တန်နက်စီ ဝီလျှံ ရဲ့ စာသားတစ်ခုကို ကိုးကားထားတာပါ။ သူရဲ့ ဘယ်ဘက် လက်မောင်း အတွင်းမှာ ထိုးနှံ ထားတာ ဖြစ်ပါတယ်။ သူ့ရဲ့ မိခင် မာခက်လင်း ဘားထရန့်ရဲ့ မျက်စိရှေ့မှောက်မှာ အဲဒီ့ တက်တူးကို ရယူ ခဲ့တာပါ။ ဒီလို ထိုးနှံခဲ့တာဆိုတော့ အဲဒီ စကားလုံးတွေက ဘာကို ဆိုလိုတာလဲ။ သူ့ရဲ့ အပြောအရတော့
“အချိန်တိုင်း စက္ကန့်တိုင်းမှာ လုံးဝ လွတ်ငြိမ်းနေတဲ့သူ၊ လုံးဝ ပြီးပြည့်စုံနေတဲ့ လူရယ်လို့ ရှိလိမ့်မယ် မထင် ပါဘူး။ ကျွန်မတို့ကို သက်တောင့် သက်သာ ဖြစ်စေတဲ့ အရာတွေ အားလုံးဟာ ကျွန်မတို့ အနီးအနား က လှောင့်ချိုင့် တွေ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတက်တူးဟာ အဲဒီ လှောင်ချိုင့်တွေကို ချိုးဖျက်ပြီး ပျော်ရွှင်မှု ကို ရှာဖွေဖို့ အတွက် လူသား အားလုံးကို ဆုတောင်းပေးခြင်း ဖြစ်ပါတယ်။”
၎။ ထရိုင်ဘယ် တက်တူးတစ်ခု၊ ပြတင်းပေါက် တစ်ပေါက်နဲ့ ထရိုင်ဘယ် နဂါးတစ်ကောင်

သူရဲ့ ခါးမှာပါ။ ထရိုင်ဘယ် တက်တူး တစ်ခု၊ ပြတင်းပေါက်တစ်ပေါက်နဲ့ Tribal နဂါးတစ်ကောင် ပုံ ဖြစ်ပါ တယ်။ အခု အချိန်မှာတော့ အဲဒီ တက်တူးတွေကို Bengal ကျားတစ်ကောင်ပုံနဲ့ တစ်ပိုင်းတစ်စ ဖုံးအုပ်ထားပါတယ်။
၅။ Bengal ကျားတစ်ကောင်

ခမာစာတမ်းတက်တူးတွေအပြင် ဒီ Bengal ကျားပုံ တက်တူးဟာလည်း သူ့ရဲ့ နာမည်ကျော် တက်တူးတွေ ထဲ က တစ်ခု ဖြစ်ပါတယ်။ အဲဒီ တက်တူးရဲ့ အရွယ်အစားဟာ အလျား ၃ဝ စင်တီမီတာ ရှည်ပြီး အနံ ၂ဝ စင်တီမီတာ ကျယ်ပါတယ်။ ထိုင်းရိုးရာ တက်တူး နည်းစနစ်ဖြစ်တဲ့ စုတ်နဲ့ ထိုးခဲ့တာပါ။ အဲဒီ နည်းစနစ်မှာ ဆိုရင် လက်ချည်း သက်သက်ကိုပဲ အသုံးပြုပါတယ်။ ပြီးတော့ တက်တူး ထိုးနေတဲ့အချိန်မှာ အဲဒီ တက်တူးပေါ်ကို ကောင်းခြင်းမင်္ဂလာတွေ ကျရောက်စေဖို့ ဗုဒ္ဓ ဓမ္မတေး ဂါထာတွေကို တက်တူးပညာရှင်က ရွတ်ဆိုပူဇော် ပေးရပါတယ်။ ကြာချိန်ကတော့ နှစ်နာရီပါ။ လွန်ခဲ့တဲ့ ၂ဝဝ၄ ခုနှစ်က ဘန်ကောက်နိုင်ငံမှာ ထိုးခဲ့တာ ဖြစ်ပါတယ်။
အင်ဂျီလီနာ ဂျိုလီရဲ့ ဘဝထဲက ခန္ဓာကိုယ် အလှဆင်ခြင်း အနုပညာ (အပိုင်း - နှစ်) ကို နောက်တစ်ပတ် တနင်္ဂနွေနေ့မှာ ဆက်လက်ရေးသား ဖော်ပြ ပေးပါ့မယ်။
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com