
သီချင်းတွေထဲမှာ ဘန်နီဖြိုးဆိုထားတဲ့ `နင်မရှိရင်´သီချင်းကို အကြိုက်ဆုံးပဲဖြစ်ပြီး တိုက်ဆိုင်မှု တစ်ခုက ဘန်နီဖြိုးက သူ့ရဲ့အခွေအတွက် ဗီစီဒီရိုက်ပေးဖို့လာကမ်းလှမ်းတဲ့အခါ သူအကြိုက်ဆုံးသီချင်းဖြစ်တဲ့ `နင်မရှိရင်´သီချင်းကို သရုပ်ဆောင်ပေး ရမှာဖြစ်ကြောင်း အောင်ရဲလင်းက ပြောပါတယ်။ အောင်ရဲလင်းက မန္တလေးနဲ့ပြင်ဦးလွင်က ရှုခင်းတွေနဲ့ ရိုက်ကူးခဲ့ရတဲ့ `တကယ်ဆိုရင် အချစ်ပဲလိုတယ်´ရုပ်ရှင် ဇာတ်ကားကြီးထဲက လမ်းသရဲတစ်ယောက်ပုံစံ ပြင်ဆင်ထားခဲ့ရတာကို သဘောကျပြီး သူ့ရဲ့ဗီဒီယိုဇာတ်ကား `အလှဖန်တီးရှင်´လိုမျိုးပဲ ပရိသတ်တွေကြိုက်မယ့် ဇာတ်ကားတစ်ခု ဖြစ်မှာပါလို့ ဆိုပါတယ်။
ဒီဇာတ်ကားကြီးနဲ့ပတ်သက်ပြီး အောင်ရဲလင်းက“ `တကယ်ဆိုရင်အချစ်ပဲလိုတယ်´ ဇာတ်ကားအတွက်ဇာတ်ရုပ်က အစအဆုံး လိုလေသေးမရှိအောင် ထူးထူးခြားခြား သေချာပြင်ဆင်ထားပါတယ်။ တက်တူးကလည်း သူငယ်ချင်းကို ဆွဲခိုင်းထားပါတယ်။ ဒီဇာတ်ကား ထွက်လာရင် ‘အလှဖန်တီး ရှင်’လို ပုံစံပဲဖြစ်မှာပဲ။ ဆံပင်က အစပြောင်းလဲထားတယ်လို့ပြောပါတယ်။
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com