အမျိုးသမီး များသည် သားမ ဖွား မီအချိန် က ၄င်းတို့ ၏ ဆံပင် များမှာ နက်ပြောင် နေတတ် သော် လည်း သား ဖွားပြီးသည့်နောက်ပိုင်း၌မူ ဆံပင်များ ကျွတ်တတ်၍ ဆံကေသာပါးလွှာ လျော့နည်းတတ်သည်ကို တွေ့ရ၏။ ဆံကေသာ သုတေသီတို့က သားဖွား မိခင် ဆံပင်ကျွတ်တတ်သည့် ရာခိုင် နှုန်းမှာ ၃၅ ရာခိုင်နှုန်းမှ ၄၅ ရာခိုင် နှုန်း အထိရှိသည်ဟု ဆိုပါသည်။ ဆံပင်သုတေသီတို့က သားဖွားမိခင် ဆံပင်ကျွတ်ခြင်းမှ ကာကွယ်နည်းများ ကို အောက်ပါအတိုင်းဖော်ညွှန်းလိုက် ပါသည်။
၎င်းမှာ -
၁။ နေ့စဉ် တစ်နေ့ ၂ ကြိမ်၊ တစ်ကြိမ်လျှင် ၁၀ မိနစ်မှ ၁၅ မိနစ် ခန့် မိမိ၏ ဆံကေသာများကို သစ်သားဘီးဖြင့် ဖြီးပြီး ဦးခွံအရေပြား ကို လက်ဖြင့်နှိပ်နယ်ပေးရပါမည်။ (ယင်းသို့ ပြုလုပ်ပေးခြင်းအားဖြင့်၊ မိမိ၏ ဦးခေါင်းပိုင်းသွေးလည်ပတ်မှု ရှိစေပြီး ဆံပင်အမြန်ပေါက်၍ ဆံပင် သန်လာပါလိမ့်မည်။)
၂။ သားဖွား မိခင်၏ ဦးခေါင်း မှာ အဆီအထွက်များတတ်သဖြင့် ရက်သတ္တပတ်လျှင် တစ်ကြိမ် ခေါင်း မှန်မှန်လျှော်ပေးရပါမည်။ မိမိနှင့် သင့်လျော်သော၊ တည့်သော ခေါင်း လျှော်ရည်ဖြင့်သာ ခေါင်းလျှော်ရပါ မည်။ မိမိ၏ ဆံကေသာများကို ကြမ်းကြမ်းမပွတ်ရ။ ညင်သာစွာ ကိုင်တွယ်ရပါမည်။
၃။ အစားအသောက် သတိပြု ဆင်ခြင်ပါ။ အာဟာရပြည့်ဝအောင် စားပေးပါ။ ကလေးနှင့် မိခင် နှစ် ယောက်စာ စားရမည်ကို အစဉ်အမြဲ သတိပြုပါ။ အစားမရွေးရ။ တစ်မျိုး တည်း မစားရ။ အသားစုံ၊ ဟင်းရွက် ဟင်းသီးစုံ၊ သစ်သီးစုံ စုံစုံလင်လင်၊ ပြည့်ပြည့်ဝ၀စားပေးရမည်။ (ကြိုက် သည်ဆိုကာ တစ်မျိုးတည်းဇွတ်မစားရ) ဟူ၍ ဖြစ်ပါသည်။ အထက်ဖော်ပြပါ အချက်အလက် များကို မှန်မှန်ကျင့် သုံးလိုက်နာသွား မည်ဆိုပါကမိမိ၏ဆံပင်မှာအမြန်ပေါက် ကာနက်ပြောင်ရှင်သန်လာပါလိမ့်မည်။
ကေတီအောင်သိန်း (ရန်ကုန်တက္ကသိုလ်) Ref : China People Daily News
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com