ရိုက်နှက်ခံရပြီး နှစ်ရက် အကြာတွင်
သေဆုံး
သွားသည့် အိမ်အကူကို သရုပ် ဆောင်မေဇွန်
က ရိုက်နှက်ခဲ့ကြောင်း ၀န်ခံ ထားပြီးဖြစ်သည့် အဆိုပါ သေဆုံးမှုအတွက် သေဆုံးသူ၏ ကလီ
စာကို စစ်ဆေးနေဆဲ ဖြစ်ကြောင်း စက်တင်ဘာလ
၂၀ ရက် နေ့က ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးက တာဝန်ရှိသူတစ်ဦး အဆိုအရ သိရသည်။
ရန်ကုန်ဆေးရုံကြီးတွင် မူခင်း ဆရာဝန်ကြီးက ပြင်ပ ဒဏ်ရာများကို စစ်ေ

ဆးရာ၌
ဒဏ်ရာကြောင့် သေဆုံးခြင်း ဟုတ် မဟုတ်ကို တိကျသော အဖြေရရှိရန် အတွင်း
ကလီစာများကို ဓာတုဗေဒ ၀န်ရုံးနှင့် ရောဂါဗေဒဌာနတွင် ဆက်လက်စစ်ဆေး
လျက်ရှိကြောင်း၊ စစ်ဆေးပြန်ကြားချက် ကို မရရှိသေးကြောင်း ရန်ကုန်တိုင်းဒေသ
ကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှသိရသည်။
စက်တင်ဘာလ ၈ ရက်တွင် ကမာရွတ်မြို့နယ်၊ (၁) ရပ်ကွက်၊ ဗဟို လမ်း၊ တိုက်အမှတ် ၁၉၅၊ သုံးလွှာတွင် အသက် ၁၈နှစ်အရွယ် အိမ်အကူ မနုနုလွင် ကို အိမ်ရှင်ဖြစ်သူ သရုပ်ဆောင် မေဇွန် (ခေါ်)မျိုးဇာနည်ဇွန်က တိုက်ခန်းတွင် သော့ခတ်ပြီး ပုသိမ်သို့သွားနေကြောင်း၊ အိမ်ရှင်ပြန်လာသည့် စက်တင်ဘာလ ၁၀ ရက်တွင် မနုနုလွင်သည် နှာခေါင်း သွေးထွက်ပြီး ညာဘက်လက်ဖျံနှင့် ပခုံးတွင် သွားကိုက်ရာ၊ ညာနဖူးတွင်ဖူး ရောင်ပြီး ဘယ်ဘက်နို့အုံအောက်တွင် ညိုမည်းဒဏ်ရာများနှင့် သေဆုံးနေ ကြောင်း ကမာရွတ်မြို့နယ်ရဲစခန်းက ထုတ်ပြန်ထားသည်။
အဆိုပါ အိမ်အကူသေဆုံးမှုနှင့် ပတ်သက်ပြီး အိမ်ရှင်ဖြစ်သူက မသေခင် ၎င်းင်းနှင့်အတူ နေထိုင်စဉ်တွင် ရိုက်နှက်မှု များရှိသည်ဟု ၀န်ခံခဲ့သည့် အတွက် ယင်း မြို့နယ်ရဲစခန်းက လူသတ်မှုနှင့် နာကျင် စေမှုတို့ဖြင့် စစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး (သတင်းဖော်ပြပြီး The Voice Weekly Vol.8/No.37) ထံမှ သိရသည်

The Voice Weekly

5:24 PM
Admin

Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com