22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, October 10, 2012

မြောက်ကိုရီးယား ဒုံးကျည်ကြွားမယ့်အစား ပြည်သူကို ဝအောင်ကျွေးသင့်

တောင်ကိုးရီးယားရဲ့  ပဲ့ထိန်းတပ် ဒုံးကျည်တွေကို လက်ရှိထက် သုံးဆပိုမိုတဲ့ အကွာအဝေးထိ ပစ်နိုင်စွမ်း ရှိအောင် ချဲ့ထွင်ခွင့်ပြုတဲ့ စစ်ရေးသဘောတူညီ ချက်တစ်ရပ်ကို အမေရိကန်နဲ့ တောင်ကိုးရီးယားတို့
လက်မှတ်ရေးထိုးပြီး နှစ်ရက်အကြာမှာ မြောက်ကိုးရီးယားက သူ့ရဲ့ ဒုံးကျည်တွေဟာ အမေရိကန် ပြည်ထောင်စုအထိ ရောက်အောင် ပစ်နိုင်စွမ်းရှိတယ်လို့ အောက်တိုဘာ (၉)ရက်နေ့ အင်္ဂါနေ့က သတိပေးလိုက်ပါတယ်။

ပြုံယမ်းမြို့တော် မြောက်ကိုးရီး ယား အမျိုးသားကာ ကွယ်ရေးကော်မရှင် ရဲ့ ပြောရေးဆိုခွင့်ရှိသူ က မြောက်ကိုးရီးယားမှာ မဟာဗျူဟာမြောက်ဒုံးကျည်တပ်ဖွဲ့တွေ ရှိနေပြီးတော့ အမေရိကန် ပြည်ထောင် စုကိုသာ မက အမေရိကန်စစ်စခန်းတွေရှိရာ တောင်ကိုးရီးယား၊ ဂျပန်နဲ့ ဂူအမ်ကျွန်းတွေကိုပါ ပစ်ခတ်နိုင်စွမ်းရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

အမေ ရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စဗစ်တိုးရီးယားနျူလယ်န် (Victoria Nuland)က၊ မြောက်ကိုးရီးယားဟာ သူ့ဒုံးကျည်တွေရဲ့ စွမ်းရည်ကို ရှိတာထက် ပိုမိုကြွားလုံး ထုတ်နေပြီးတော့ တကယ်တမ်းမှာ မြောက်ကိုးရီးယားအစိုးရဟာ မြောက်ကိုးရီးယားပြည်သူတွေ ထမင်းဝအောင်ကျွေးရမယ့်အလုပ် ကို အာရုံစိုက်သင့်တယ်လို့ အင်္ဂါနေ့က တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

ခြိမ်းခြောက်မှုတွေနဲ့ ရန်လိုရန်စလုပ်နေတာတွေက၊ မြောက်ကိုးရီးယားကို နိုင်ငံတကာ မိသားစုထဲ ပြန် ၀င်နိုင်အောင်ကြိုးပမ်းမှုတွေကို သေးသိမ်သွားစေလိမ့်မယ်လို့လည်း မစ္စဗစ်နျူလယ်န်က ဆိုပါတယ်။
BOA (မြန်မာပိုင်း)

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )