22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, August 17, 2012

Samsung ထံမှ လျော်ကြေး Apple ရရှိလို


 

အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုး နီးယား ပြည်နယ် ၊ဆန်ဟို ဆေးမြို့တွင် ရင်ဆိုင် နေကြသော Apple နှင့် Samsung တို့၏ တရား ရေးကိစ္စများနှင့် ပတ်သက်၍ ရုံး တော် အမှုတွဲ များကို အများသိစေ ရန် ဖော်ထုတ် ပြသချက်များ အရ Apple က ၄င်းတို့၏ နည်းပညာနှင့် ပုံစံပိုင်း မူပိုင်ခွင့် အမြောက်အမြား ကို ချိုးဖောက်မှုနှင့် ပတ်သက်၍ Samsung ထံမှ နစ်နာကြေးရလိုကြောင်း ဦးတိုက်လျှောက်ထားမှုများရှိသည် ဟု သိရှိရသည်။
Apple သည်၎င်းတို့၏မူပိုင်ခွင့် နှင့်ပတ်သက်၍ သုံးစွဲသူများကိုထင် ယောင်ထင်မှားဖြစ်စေခဲ့ပြီး ဈေး ကွက်ရောင်းချမှုကိုလည်းထိခိုက်မှု များရှိခဲ့သည့်အချက်ကို ထောက်ပြ ကာSamsungထံမှ အဆိုပါနစ်နာမှု များအတွက် လျော်ကြေးရရှိလိုခြင်း ဖြစ်သည်။
အမေရိကန်တွင်တင်ပို့ ရောင်းချသည့်Galaxy Sတစ်ခု တည်းနှင့်ပတ်သက်၍ Apple ၏ရောင်းချမှုဆိုင်ရာနစ်နာမှုအတွက် ဒေါ်လာ ၁.၉၈ ဘီလီယံရရှိလိုခြင်း ဖြစ်ပြီး နောက်ထပ်ဒေါ်လာ ၁.၃၄ ဘီလီယံကိုမူ အခြားသော devices များအတွက် ရရှိလိုခြင်းဖြစ်သည့် အတွက်Apple ရရှိလိုသည့်လျော် ကြေးငွေပမာဏစုစုပေါင်းမှာ ဒေါ် လာ၂.၅ဘီလီယံကျော်ရှိမည်ဖြစ် သည်။
အဆိုပါလျော်ကြေးများတွင် mobile phone carriers များဖြစ်သော Sprint ၏Epic 4G အတွက် ဒေါ်လာ ၃၂၅သန်း၊ AT&T ၏ Captivate အ တွက်ဒေါ်လာ ၂၀၂သန်းတို့ပါဝင်သလို အမေရိကန်မူပိုင်ခွင့်ဥပဒေ အရGalaxy S2 အတွက်လည်း ဒေါ် လာ ၆၄၂သန်းတို့အသီးသီးပါဝင် နေသည်။
ယခုအမှုနှင့်ပတ်သက် သည့်ကြားနာစစ်ဆေးမှုများကို အ များသိရှိရန်ဆက်လက်ထုတ်ပြန် ကြေညာသွားမည်ဖြစ်သလို အမှု မှာလည်းယခုလကုန်အထိကြာမြင့် ဖွယ်လည်းရှိနေသည်။ အကယ်၍ Apple ၏မူပိုင်ခွင့်ဆိုင်ရာချိုးဖောက် မှုများအတွက်တရားစွဲဆိုမှုအနိုင်ရ ပါက Samsung မှာ လျော်ကြေး ၂.၅ ဘီလီယံကျော်ပေးရဖွယ်ရှိသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )