22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, August 12, 2012

စားသောက်ဆိုင်များနှင့် ဘီယာဘားများ တွင် သုံးနိုင်သည့် Restaurant Master ဆော့ဖ်ဝဲ ထွက်ရှိ

 
အင်္ဂလိပ်-မြန်မာ ဘာသာ စကား နှစ်မျိုး အသုံးပြုထားပြီး လွယ်ကူ ရိုးရှင်းသော ဒီဇိုင်း ပုံစံတို့ဖြင့် ရေးသားထားသော စားသောက်ဆိုင်များနှင့် ဘီယာဘား များတွင် အသုံးပြုနိုင်သည့် Restaurant Master ဆော့ဖ်ဝဲခွေကို ဈေးကွက်တွင်း၌ ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဆော့ဖ်ဝဲကို Excellent Software & Game ဈေးကွက်ဖြန့်ချိခြင်းဖြစ်ပြီး ယခင်ထွက်ရှိခဲ့သည့် ဈေးရောင်းချမှုဆိုင်ရာ ဆော့ဖ်ဝဲများဖြစ်သော Mini Seller နှင့် Super Market Manager တို့ကဲ့သို့ပင် လူတိုင်းအသုံးပြုနိုင်ရန် အရိုးရှင်းဆုံး ဒီဇိုင်း ရေးဆွဲထားကြောင်း သိရသည်။
မိမိ ဆိုင်အခြေအနေအလိုက် အခန်းများနှင့် စားပွဲဝိုင်း အရေအတွက်၊ ဟင်းလျာအမည်များ၊ အစားအစာများနှင့် အဖျော်ယမကာများ စသည်တို့ကို စိတ်ကြိုက် Setting များချိန်ညှိ၍ ခွဲခြားစာရင်းသွင်းနိုင်ပြီး Waiter တစ်ဦးချင်း အတွက်လည်း အသေးစိတ်ကစ၍ မှတ်သားထားနိုင်ပြီ ဖြစ်သည်။
ငွေရှင်းရာတွင် Room Fees, Government Tax, Table Charge များ ဖြည့်စွက်ရန် လိုအပ်ပါက အမှတ်ခြစ်လိုက်ရုံဖြင့် တိုက်ရိုက် ထည့်သွင်းသွားမည် ဖြစ်သည့်အပြင် Discount အစီအစဉ်အတွက် Function ပါဝင်သည်ကို တွေ့ရသည်။ စတင်သုံးစွဲချိန်တွင် ကျွမ်းကျင်မှုရှိစေရန်အတွက် အရည်အချင်းစစ် စာမျက်နှာကို ထည့်သွင်းပေးထားပြီး ကွန်ပျူတာ တစ်လုံးလျှင် ၄၀၀၀ ကျပ်ဖြင့် အသုံးပြုနိုင်ကြောင်း သိရှိရသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )