22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, October 10, 2012

ပါကစ္စတန်မှာ မိန်းခလေး အခွင့်အရေး တိုက်ပွဲဝင်သူ ၉ တန်းကျောင်းသူလေးကို သစ္စာဖောက်ဆိုပြီး တာလီဘန်က သေနတ်နဲ့ ပစ်ခတ်

မိန်းခလေး အခွင့်အရေးတွေအတွက်  လှုပ်ရှားပေးလို့ နိုင်ငံတကာက လှိုက် လှိုက်လှဲလှဲ အားပေးထောက်ခံမှုကို ရရှိထားတဲ့ ၁၄ နှစ်အရွယ် ပါကစ္စတန် ကျောင်းသူလေးကို တာလီဘန်တွေက ပစ်ခတ်သတ်ဖြတ်ရာမှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားပါတယ်။ ကိုးတန်းကျောင်းသူလေး မာလာလာ ယူဆက်ဖ်ဇာအိ (Malala Yousafzai) ဟာ ကျောင်းကားစီးပြီး ပြန်လာချိန်မှာ မျက်နှာဖုံးစွပ်ထားတဲ့ တာလီဘန် နှစ်ဦးအနက် တဦးက ကားကို တားပါတယ်။ ကားမောင်းသူက ကားကို အတင်းမောင်းပြေးပေမယ့် လူသတ်သမားတဦးက ဘတ်စ်ကားနောက်ပေါက်ကနေ အတင်းတက်လာပြီး မာလာလာရဲ့ နာမည်ကို မေးရင်း ဦးခေါင်းကို ပစ္စတိုသေနတ်နဲ့ ချိန်ရွယ် ပစ်ခတ်ပါတော့တယ်။ ခုနှစ်တန်း ကျောင်းသူလေးတဦးလည်း ခြေထောက်မှာ သေနတ်ထိမှန်ခဲ့ရပါသေးတယ်။ ကျောင်းသူလေး...

မြောက်ကိုရီးယား ဒုံးကျည်ကြွားမယ့်အစား ပြည်သူကို ဝအောင်ကျွေးသင့်

တောင်ကိုးရီးယားရဲ့  ပဲ့ထိန်းတပ် ဒုံးကျည်တွေကို လက်ရှိထက် သုံးဆပိုမိုတဲ့ အကွာအဝေးထိ ပစ်နိုင်စွမ်း ရှိအောင် ချဲ့ထွင်ခွင့်ပြုတဲ့ စစ်ရေးသဘောတူညီ ချက်တစ်ရပ်ကို အမေရိကန်နဲ့ တောင်ကိုးရီးယားတို့ လက်မှတ်ရေးထိုးပြီး နှစ်ရက်အကြာမှာ မြောက်ကိုးရီးယားက သူ့ရဲ့ ဒုံးကျည်တွေဟာ အမေရိကန် ပြည်ထောင်စုအထိ ရောက်အောင် ပစ်နိုင်စွမ်းရှိတယ်လို့ အောက်တိုဘာ (၉)ရက်နေ့ အင်္ဂါနေ့က သတိပေးလိုက်ပါတယ်။ပြုံယမ်းမြို့တော် မြောက်ကိုးရီး ယား အမျိုးသားကာ ကွယ်ရေးကော်မရှင် ရဲ့ ပြောရေးဆိုခွင့်ရှိသူ က မြောက်ကိုးရီးယားမှာ မဟာဗျူဟာမြောက်ဒုံးကျည်တပ်ဖွဲ့တွေ ရှိနေပြီးတော့ အမေရိကန် ပြည်ထောင် စုကိုသာ မက အမေရိကန်စစ်စခန်းတွေရှိရာ တောင်ကိုးရီးယား၊ ဂျပန်နဲ့ ဂူအမ်ကျွန်းတွေကိုပါ ပစ်ခတ်နိုင်စွမ်းရှိတယ်လို့...

ရွှေပြည်သာ မြို့နယ်တွင်း အုပ်ချုပ်ရေးမှူးအဖြစ် အမျိုးသမီး ၁၃ ဦး ရွေးချယ်ခံခဲ့ရ

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ်(၈)ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေး ချယ်ရေးအတွက်  ဆယ်အိမ်စုကိုယ်စား  လှယ်ရွေးချယ်  ရာတွင်အမျိုးသမီး(၁၃)ဦး  ရွေးချယ်ခံခဲ့ရကြောင်း သိရှိရသည်။ "အများထောက်ခံတဲ့ ဆယ်အိမ်စုကိုယ်စားလှယ်တွေထဲကအုပ်ချုပ်ရေးမှူးအတွက်အရွေးချယ်ခံတဲ့ ကိုယ်စား လှယ်တွေကို မူဝါဒ(၁၁)ချက်နဲ့ သေချာစီစစ်မယ်။ ပြီးရင် ကိုယ်စားလှယ်ကအမျိုးသမီးဖြစ်ဖြစ်အမျိုးသားဖြစ်ဖြစ် ခရိုင်က စီစစ်မယ်၊ ပြီးရင် တိုင်းကရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ်ခန့်အပ်သွားမှာဖြစ်တယ်"ဟု အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ကြီးကြပ်ရေးအဖွဲ့ဝင် အမှတ်(၄)ဗိုလ်ကြီးဦးလှိုင်မြင့်(ငြိမ်း)က ပြောသည်။ ဆယ်အိမ်စုကိုယ်စားလှယ်များရွေးချယ်မူခြင်းကို အဆိုပါက ရပ်ကွက်ရှိန၀ရတ်လမ်းအားဗဟိုပြု၍...

လက်ပံတောင်း စီမံကိန်း ရပ်ရန် ရွာသင်္ချိုင်းတွင် သရုပ်ဖော် ဆန္ဒပြ

လက်ပံတောင်း ကြေးနီစီမံကိန်း ကန့်ကွက်သည့်အနေဖြင့် ဘိုးဘွားများ၏ အုတ်ဂူသို့ သွားရောက် တိုင်တည်သည့် သရုပ်ဖော် ဆန္ဒပြပွဲ (Performance Art)တရပ် အင်္ဂါနေ့ နေ့လည်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဆည်တဲကျေးရွာ၏ အနောက်ဖက် သင်္ချိုင်းမြေတွင်  လယ်မြေအသိမ်းခံ ၂၆ ရွာမှ လယ်သမား အင်အား ၁,၅ဝဝ ကျော်ဖြင့် စုပေါင်း ကျင်းပခဲ့ကြောင်း ကိုယ်တိုင်ပါဝင်ခဲ့သူ ပြည်သူ့ အကျိုးဆောင် ကွန်ယက်မှ ကိုအောင်စိုး က ပြောသည်။ “လယ်သမားတွေက သူတို့ရဲ့ ဘိုးဘွားအုတ်ဂူတွေဆီ သွားပြီးတော့ လယ်ယာမြေတွေ အဓမ္မသိမ်းခံနေရပြီ ဆိုတဲ့ အကြောင်း တိုင်တည်ကြတဲ့ အချိန်မှာ ဘိုးဘွားတွေရဲ့ ဝိဉာဉ်တွေက ထွက်လာပြီးတော့ သူတို့တွေက လည်း ကြေးနီ စီမံကိန်းကို လက်မခံနိုင်တဲ့ အကြောင်းတွေကို ဆန္ဒထုတ်ဖော်တာပါ။ အုတ်ဂူတွေကနေ၊ တမလွန်ကနေ ဘိုးဘွားတွေ ထလာကြပြီးတော့ ဆန့်ကျင်တဲ့အကြောင်း ပြောတယ်။ လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းပစ်၊...

စစ်တွေ ရဟန်းတော်များ ဆန္ဒပြပွဲ လူတစ်သောင်းခန့် ပူးပေါင်းပါဝင်

စစ်တွေတွင်  ယနေ့ ပြုလုပ်သော ရဟန်းတော်များ ဦးဆောင် ဆန္ဒပြပွဲသို့ လူတစ်သောင်းခန့် ပူးပေါင်း ပါဝင်လာသဖြင့် လူထု လူပ်ရှားမူ ဆန္ဒပြပွဲ တစ်ခု အဖြစ်သို့ ပြောင်းလဲ ရောက်ရှိသွားပြီ ဖြစ်ကြောင်း ဦးဆောင် ဆရာတော် တစ်ပါးက နိရဉ္စရာသို့ မိန့်ကြားသည်။ Photo by: Coral Arakan အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအသင်း OIC ရုံးအား မြန်မာနိုင်ငံတွင် ဖွင့်လှစ်ရန် အစိုးရက ကြိုးပမ်းနေသည့်အပေါ် သံဃာတော်များက ဆန္ဒပြ ကန့်ကွက်ခဲ့ခြင်း ဖြစ်ကြောင်း ဦးဆောင်ရာတွင် ပါဝင်သူ ဆရာတော် ဦးပညာဇောတက ပြောသည်။“အခု ဦးဇင်းတို့က ဦးဥတ္တမ ပန်းခြံကို ရောက်ရှိနေပါတယ်။ ရဟန်းတော်တွေက ၇၀၀နဲ့ ၁၀၀၀ ကြား လောက်မှာ ရှိမှာပါ။ လူကတော့ သောင်းချီပြီး ရှိမယ် ထင်ပါတယ်။ ဘင်္ဂလာဒေခ်ျ့  သံရုံးရှိရာ...

လုံခြုံမှုအတွက် မျှော်လင့်နေကြရသည့် အဆောင်သူလေးများဘဝ

အပျိုကြီးဖြစ်၍ ဇီဇာကြောင်သည်ဟု  အများက သတ်မှတ်ခြင်းခံရသူ ဒေါ်ကြည် မှာ အလုပ်ကြောင့် မောက်မာသည့်ပုံ  ပေါက်နေသည်။ မတစ်ရာ သမီးတွေကို အုပ်ချုပ်နေရသူဖြစ်ခြင်းကြောင့် ယခုလို မျက်နှာပေါက်တင်းနေရခြင်းဖြစ်ဟန် တူသည်။ "အဆောင်မှာက နှစ်ရှည်ပြီး အလုပ်လုပ်တဲ့သူတွေ များလာတယ်။ အရင်တုန်းက ကျောင်းသူတွေ သင်တန်း လာတက်တဲ့ကောင် မလေးတွေ အတွက် ရည်ရွယ်ပြီးဖွင့်တာ။  တချို့ကျတော့ ကျောင်းပြီး သွားလို့ အလုပ်လုပ်ဖို့ ဆက်နေတဲ့သူတွေ လည်းရှိတော့   နောက်ပိုင်းမှာ လှည်းတန်းလိုနေရာမျိုးတွေမှာ အဆောင်တွေက ပိုများလာတာ။ သူတို့ကို ကိုယ့်ညီမ၊ သားသမီးလို ချစ်တော့ အမြဲဆို ဆုံးမနေရ တယ်။” ဟု ဒေါ်ကြည်က ဆိုသည်။  ရန်ကုန်မြို့ ကမာရွတ်လှည်းတန်းရှိ...

မြေလွတ်မြေရိုင်း နည်းဥပဒေ အမြန်ဆုံး ပြဋ္ဌာန်းရေးတောင်းဆို

ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ (UNA) အပါအ၀င် တောင်သူလယ်သမား အရေး နဲ့ လယ်ယာမြေအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက အစိုးရ အနေနဲ့ မြေလွတ်မြေရိုင်း နည်းဥပဒေတွေ အမြန်ဆုံး ပြဋ္ဌာန်းပေးဖို့ ဒီကနေ့ တောင်းဆိုလိုက်ကြပါတယ်။ RFA ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က ပြုလုပ်သည့် မြေလွတ် မြေလပ် မြေရိုင်း စီမံခန့်ခွဲမှု ဆွေးနွေးပွဲတွင် ကိုယ်စားလှယ်တစ်ဦး ပါဝင်ဆွေးနွေးနေစဉ်။ ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာ ရှိတဲ့ တော်ဝင်နှင်းဆီခန်းမမှာ မြေလွတ် မြေလပ် မြေရိုင်း စီမံခန့်ခွဲမှု ဆွေးနွေးပွဲ ကျင်းပခဲ့တာဖြစ်ပြီး အဲဒီကနေ သဘောထားအမြင် ၁၀ ချက် ထုတ်ပြန်ပြီး တောင်းဆိုလိုက်ကြတာပါ။  ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့...
Page 1 of 117212345Next

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )