ကျွန်တော်တို့ဟာ ပညတ်တော်များကို လိုက်လျှောက်ခြင်း၊ ကောင်းမွန်စွာအသက်ရှင်ခြင်း၊ စသည်တို့ ဖြင့် ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ မကယ်တင်နိုင်ပါ။ ကျွန်တော်တို့ဟာ ဘယ်လောက် ကောင်းနိုင် မှာလဲ။ ကျွန်တော်တို့သည် ကောင်းမွန်စွာ အသက်ရှင်နိုင်သည် ဆိုစေဦးတော့၊ ပြည့်ဝစုံလင်သော ဘုရားသခင်၏ ကယ်တင်ခြင်းတရားနှင့် ထိုက်တန်သော သူတော့ မဖြစ်နိုင်ပါ။ ဘုရားသခင်၏ တန်ခိုးတော်နှင့် နိမိတ်လက္ခဏာများ မပါမရှိပါဘဲလျက်နှင့် ကောင်းရာသုဂတိဘုံသို့ ရောက်နိုင်သော ကယ်တင်ရာတန်ခိုးတော်ကို မည်သူမျှ မခံစားနိုင်ပါ။ ဘုရားသခင်၏ ကျေးဇူးတော်၊ ချစ်ခြင်းမေတ္တာ၊ ဂရုဏာတော် တို့အားဖြင့်သာ ရရှိနိုင်ပါသည်။ ဘုရားသခင်၏ ကယ်တင်ခြင်းနိမိတ်လက္ခဏာ တန်ခိုးများကို မည်သည့်ကြိုးစားအားထုပ်မှု တစ်စုံ တစ်ရာမှ မရှိဘဲ အခမဲ့ သက်သက်ဖြင့် ရရှိနိုင်ပါသည်။ ထိုအရာသည် ဘုရားသခင်၏ လက်ဆောင် တစ်ခုသာဖြစ်ပါသည်။ သင့်အနေဖြင့် လက္ခံရယူနိုင်ရန် မည်သည့်အလုပ်ကိုမျှ လုပ်ဆောင်စရာမလိုပါ။ သင့်အနေဖြင့် ထိုအရာကို လက္ခံရယူလိုသောစိတ် တစ်စုံတစ်ရာ မရှိပါက ထိုလက်ဆောင်ကို မရရှိနိုင် ပါ။ ဘုရားသခင်၏ နှုတ်ခပတ်တော်တွင် ဖော်ပြထားသည်မှာ
"ယုံကြည်ခြင်းအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျှောက် ရောက်ရသည်မဟုတ်။ ဘုရားသခင်သနားတော်မူရာ ဖြစ်သတည်း။ ကိုယ့်ကုသိုလ်ကြောင့် ကယ်တင် တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ၀ါကြွားစရာ အခွင့်မရှိ"။ (ဧဖက် ၂း၈-၉)
ဘုရားသခင်လိုအပ်ကြောင်း သိသောသူများနှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို အမှီပြုသော သူများအားလုံး ကိုယ်တိုင် ၀န်ခံရမည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော အကြံအစည်တော် ကိုပင်ဖြစ်သည်။ ဘုရားသခင်က ကျွန်တော်တို့ကို သူတော်စင်ဖြစ်စေသော အကြံအစည်တော်သည် ကျွန်တော်တို့ ကိုယ်တိုင်အားဖြင့် ဖြောင့်မက်ခြင်းနှင့် အပြစ်ကင်းစင်စေခြင်းမဟုတ်ဘဲ ကျေးဇူးတော် အားဖြင့်သာ ဖြစ်စေခဲ့ပါသည်။ အပြစ်သားများသည် မပြည့်စုံပါ။ ကိုယ်တိုင်လည်းမဖြောင့်မက်ပါ။ သို့သော်လည်း ဘုရားသခင်၏ ကျေးဇူးတော်၊ မေတ္တာတော်၊ ဂရုဏာတော်များကို ခံယူနိုင်ပါသည်။ ကျမ်တော်မြတ်ထဲမှ ကျမ်းပိုဒ်တစ်ပိုဒ် အောက်ပါအတိုင်း ဆိုထားပါသည်။
ပညတ်တရားအားဖြင့် ရသောဖြောင့်မက်ခြင်းကို မကိုးစားဘဲ၊ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ရသော ဖြောင့်မက်ခြင်းတည်းဟူသော ယုံကြည်ခြင်းအတွက်ကြောင့် ဘုရားသခင်ပေးသော ဖြောင့် မက်ခြင်းကို ငါကိုးစား၏။ (ဖိလိပ္ပိ ၃း၉)



5:30 PM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com