"သင်တို့လည်း ငါ့ကိုအဘယ်သူဖြစ်သည် ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊ ရှိမုန်ပေတရုက၊ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင် တော်မူသောဘုရားသခင်၏ သားတော်ဖြစ်တော် မူသည်ဟု လျှောက်လေ၏။
ယေရှုကလည်း၊ ရှိမုန်ဗာယောန၊ သင်သည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ အသွေးအသားသည် ဤအကြောင်းအရာကို သင့်အားဘော်ပြသည် မဟုတ်။ ကောင်းကင်ဘုံ၌ရှိ တော်မူသော ငါ့ခမည်းတော်သည် ဘော်ပြတော်မူသတည်း။
ငါဆိုသည်ကား၊ သင်သည် ပေတရုဖြစ်၏။"(မဿဲ ၁၆း၁၆-၁၈)
ဤလောကတွင်အသင်းတော်များတည်ရှိနေရခြင်း၏ဘုရားသခင့်ရည်ရွယ်ချက်ကိုသိဘို့လိုသည်။
ယနေ့သည်အသင်းတော်ခေတ်ကာလဖြစ်သောကြောင့်အသင်းတော်များစွာတိုးပွားလျှက်ရှိသည်။
ဘုရားသခင်၏ရည်ရွယ်ချက်ကိုပြည့်စုံစေသောအသင်းတော်ဖြစ်ဘို့ရန်အရေးကြီးသည်။
ယနေ့အသင်းတော်ထဲတွင်"ငါသာပဓာန" ဟူသော"လူသားကိုဗဟိုပြုသောဝါဒ"ကြီးစိုးဝင်ရောက်လျှက်ရှိ သည်။ မိမိကြားချင်သောအရာကိုကြားရသောအသင်းတော်များသို့သာသွားချင်ကြသည်။ သမ္မာတရားအားလုံးကိုနားမခံလိုကြ။ မိမိကိုယ်ကိုယ်သာဗဟိုပြုနေခြင်းဖြစ်သည်။
အသင်းတော်တွင်မပါဝင်ဘဲနေသောသူတို့အတွက်လည်းအန္တရာယ်များသည်။
အသင်းတော်သည်ခရစ်တော်၏ကိုယ်ခန္ဓာတော်ဖြစ်သည်။ လက်သည်ခန္ဓာနှင့်ကွာလျှင်ပုပ်သွားသကဲ့သို့ယုံကြည်သူသည်လည်းအသင်းတော်နှင့်ကွာလျှင်ရေရှည်မတည်မြဲ၊ မကြီးထွားနိုင်။
အသင်းတော်ကိုကိုယ်ခန္ဓာနှင့်ခိုင်းနှိုင်းထားသကဲ့သို့စုပေါင်းလုပ်ဆောင်ရသောနေရာဖြစ်သည်။ တစ်ဦးကောင်းနေလို့မရ။ တစ်ဦးတည်းလုပ်ဆောင်၍လည်းမရပေ။
အသင်းတော်ဆိုသည်မှာအဘယ်နည်း။
၁။ အသင်းတော်ဆိုသည်မှအသက်တာပြောင်းလဲခြင်းရှိသောလူအစုအဝေးကိုဆိုလိုသည်။
"ငါဆိုသည်ကား၊ သင်သည် ပေတရုဖြစ်၏။" ပေတရုသည်ခရစ်တော်နှင့်မတွေ့မီသူ၏အမည်မှာရှိမုန်=ကျူပင်ဖြစ်သည်။
ကျူပင်ဆိုသည်မှာမတည်ငြိမ်၊ လေတိုက်ရာကိုယိမ်းယိုင်တတ်သောသဘော၊ သာသည့်ဘက်ကိုယိမ်းတတ်သည့်သဘောရှိသည်။ ခရစ်တော်နှင့်တွေ့ပြီးခရစ်တော်ကသူ့အမည်ကအစေဲပာင်းလဲပေးလိုက်သည်။ သူသည်ပေတရု=ကျောက်ဖြစ်လာသည်။
ခိုင်ခံ့တည်မြဲပြီးခရစ်တော်အတွက်မယိမ်းမယိုင်ရပ်တည်ပေးသောတမန်တော်ကြီးဖြစ်လသည်။
ထို့ကြောင့်အသင်းတော်သည်ခရစ်တော်နှင့်တွေ့ပြီးအသက်တာပြောင်းလဲသောလူစုဖြစ်သည်။
အသက်တာပြောင်းလဲခြင်းမရှိဘဲရပ်တည်နေသောအသင်းတော်သည်အသင်းတော်မဟုတ်၊ အဖွဲ့အစည်းသက်သက်သာဖြစ်သည်။
၂။ အသင်းတော်ဆိုသည်မှာခရစ်တော်ကိုကောင်းစွာသိကျွမ်းသောလူစုဖြစ်သည်။
"ရှိမုန်ပေတရုက၊ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင် တော်မူသောဘုရားသခင်၏ သားတော်ဖြစ်တော် မူသည်ဟု လျှောက်လေ၏။"
ပေတရုသည်ခရစ်တော်မည်သူမည်ဝါဖြစ်ကြောင်းကောင်းစွာသိကျွမ်းသည်။
ခရစ်တော်ယေရှု၏အကြောင်းကိုသိခြင်းမဟုတ်။ တစ်ဦးချင်းစီနှလုံးသားမှခရစ်တော်ကိုသိကျွမ်းခြင်းဖြစ်သည်။
ဘုရားသခင်၏ဖွင့်ပြခြင်းမရှိလျှင်လည်းခရစ်တော်ကိုမသိနိုင်။နှုတ်ကပတ်တော်ကိုလည်းနားမလည်နိုင်။
ခရစ်တော်နှင့်အကျွမ်းတ၀င်ရှိသောအသင်းတော်သည်စိုးရိမ်စရာမရှိ၊ ခရစ်တော်ကထောက်ပံ့တော်မူသည်။
၃။ အသင်းတော်သည်ဘုရားသခင်၏ဖွင့်ပြခြင်းများကိုခံရသောနေရာဖြစ်သည်။
"ယေရှုကလည်း၊ ရှိမုန်ဗာယောန၊ သင်သည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ အသွေးအသားသည် ဤအကြောင်းအရာကို သင့်အားဘော်ပြသည် မဟုတ်။ ကောင်းကင်ဘုံ၌ရှိ တော်မူသော ငါ့ခမည်းတော်သည် ဘော်ပြတော်မူသတည်း။"
ပေတရုသည်ဘုရားသခင်ဖွင့်ပြခြင်းအားဖြင့်ခရစ်တော်ယေရှုသည်မည်သူဖြစ်ကြောင်းကောင်းစွာသိခဲ့သည်။
အသင်းတော်သည်လူကိုကျေနပ်စေရန်တည်ရှိနေခြင်းမဟုတ်ဘဲဘုရားသခင်ကိုကျေနပ်စေရန်ရပ်တည်
သောအသင်းတော်ဖြစ်ရမည်။
ထို့ကြောင့်ဘုရားသခင်၏ဖွင့်ပြချက်အတိုင်းလုပ်ဆောင်သောအသင်းတော်များဖြစ်ဘို့ရန်အရေးကြီးသည်။
အသွေးအသားမှဖွင့်ပြချက်များသည်လူကျေနပ်စေဘို့ရန်သာဦးတည်ပြီးဘုရားသခင်၏ဖွင့်ပြချက်များအတိုင်းလုပ်ဆောင်သောအခါဘုရားသခင်၏စိတ်တော်ကိုကျေနပ်စေသည်။ အလိုတော်ကိုပြည့်စုံစေသည်။
ထို့ကြောင့်ယုံကြည်သူတစ်ဦးသည်မိမိပါသင်သောအသင်းတော်ကိုကောင်းစွာရွေးချယ်ဘိုရရန်လိုသည်။
အသင်းတော်အားဖြင့်ဘုရားသခင်အမှုပြုသည်။ ကောင်းကြီးဖြစ်စေသည်။
မိမိအသက်တာတိုးတက်ပြောင်းလဲခြင်းရှိမရှိဆန်းစစ်ပါ။ အသက်တာပြောင်းလဲမှုမရှိလျှင်ဘုရားသခင်၏ကောင်းကြီးမစီးဆင်းနိုင်ပါ။
အသင်းတော်ဆိုသည်မှယုံကြည်သူတစ်ယောက်စီတိုင်းကိုလည်းဆိုလိုသည်။ ယုံကြည်သူတိုင်းသည်သန့်ရှင်းသောဝိညာဉ်တော်ကျိန်းဝပ်ရာဗိမာန်တော်များဖြစ်သည်။ (၁ကော၃း၁၆)
ထို့ကြောင့်ယုံကြည်သူတိုင်းသည်အသက်တာပြောင်းလဲမှုရှိရမည်။
ယုံကြည်သူတိုင်းသည်ခရစ်တော်နှင့်ကျွမ်းဝင်သောမိဿဟာယရှိရမည်။
ယုံကြည်သူတိုင်းသည်ဘုရားသခင်၏ဖွင့်ပြချက်များကိုခံယူရရှိနေရမည်။
Rev. Zaw Lin Aung(Open Door Church, Taunggyi)
8th Jan 2012 @ KEPONGmcf, Malaysia
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com