လိုအပ်သောအရာသည်ငွေပထမမဟုတ်။ ဘုရားသခင်အတူပါရှိခြင်းကိုသိခြင်းဖြစ်သည်။
လိုအပ်သောအရာသည်အခြားသောအရာများတစ်ခုမှမဟုတ်။ ဘုရားကိုနံပါတ်(၁)ထားပြီး အခြားသောအရာများကိုနောက်မှထားရမည်။
ဘုရားသခင်အကြံအစည်တော်သည်နားမလည်နိုင်သော်လည်းပြည့်စုံသည်။
ဘုရားသခင်၏စိတ်တော်နှင့်တွေ့သောသူ
ဒါဝိဒ်သည်ဘုရားသခင်၏စိတ်တော်နှင့်တွေ့သောသူ ဖြစ်သည်။
(တမန် ၁၃း၂၂)
ရှမွေလမတိုင်မီတရားသူကြီးများအုပ်စိုးသည်။
ရှမွေလပြီးနောက်ဘုရင်တောင်းသောအခါရှောလုသည်ဘုရင်ဖြစ်ပြီးအနှစ်(၄၀)အုပ်စိုးသည်။
ရှောလုကိုပယ်၍ စိတ်နှလုံးတော်နှင့်ညီညွတ်သောသူ၊ အလိုတော်နှင့်ပြည့်စုံစေမည့်သူဒါဝိဒ်ကိုငါတွေ့ပြီ ဟုဘုရားသခင်ပြောခဲ့သည်။
ဘုရားသခင်သည်စိတ်နှလုံးတော်နှင့်တွေ့သောသူကိုအမြဲရှာနေသည်။
ထို့ကြောင့်ဒါဝိဒ်ကိုဘုရားသခင်သည်အလွန်ကောင်းကြီးပေးတော်မူသည်။
(အာဗြဟံသည်ရောက်သည့်နေရာတိုင်းတွင်ယဇ်ပလ္လင်တည်တတ်သောသူဖြစ်သည်။ ထို့ကြောင့်ဘုရားသခင်ကသူ့အားအဆွေဟုခေါ်သည်။ထို့ကြောင့်ရောက်သည့်နေရာတိုင်းတွင် ဘုရားဝတ်ပြုစည်းဝေးရာကိုရှာတတ်သောသူဖြစ်ရမည်။)
အဘယ်ကြောင့်ဒါဝိဒ်သည်ဘုရားသခင်၏စိတ်တော်နှင့်တွေ့သောသူဖြစ်ရသနည်း။
၁။ ဆာလံ ၁၃၂း၁-၁၀
“၁ အိုထာဝရဘုရား၊ ဒါဝိဒ်မင်းကို၎င်း၊ သူခံရသမျှသော ဆင်းရဲခြင်းကို၎င်း အောက်မေ့တော်မူပါ။
၂-၅ ထိုမင်းက၊ ယာကုပ် အမျိုးကိုးကွယ်သော တန်ခိုးရှင် ထာဝရဘုရား ကျိန်းဝပ်တော်မူရာ အရပ်ကို အကျွန်ုပ်သည် မတွေ့မှီ တိုင်အောင်၊ ကိုယ်နေရာအိမ်သို့မဝင်၊ ကိုယ်အိပ်ရာပေါ်သို့မတက်၊ ကိုယ်မျက်စိ အိပ်ရမည့်အခွင့်၊ မျက်ခမ်းမှိတ်ရမည့် အခွင့်ကို မပေးပါဟု၊ ယာကုပ်အမျိုး ကိုးကွယ်သော တန်ခိုးရှင်ထာဝရဘုရားထံ ကျိန်ဆို၍ အဓိဋ္ဌာန်ပြု၏။
၆ တဲ တော်သည် ဧဖရိမ်ပြည်မှာ ရှိကြောင်းကို ငါတို့သည် ကြားရပြီ။ ယာရိမ်တော၌ တွေ့ကြပြီ။
၇ ဘုံဗိမာန်တော်သို့ ဝင်၍၊ ခြေတော် တင်ရာ ခုံအောက်၌ ပြပ်ဝပ်ကိုးကွယ်ကြကုန်အံ့။
၈ အိုထာဝရဘုရား၊ ကျိန်းဝပ်တော်မူရာသို့ ဘုန်းတော်နှင့် ယှဉ်သော ဓမ္မသေတ္တာနှင့်တကွ တက်တော်မူပါ။
၉ ကိုယ်တော်၏ယဇ်ပုရောဟိတ်တို့သည် ဖြောင့်မတ် ခြင်းတန်ဆာကို ဆင်၍၊ ကိုယ်တော်၏ သန့်ရှင်းသူတို့သည် ရွှင်လန်းစွာ သီချင်းဆိုကြပါစေသော။
၁၀ ကိုယ်တော်၏ ကျွန်ဒါဝိဒ်မင်း၏ မျက်နှာကို ထောက်သဖြင့်၊ ကိုယ်တော်ထံ၌ ဘိသိက်ခံသော သူကို ငြင်းပယ်တော်မမူပါနှင့်။”
ပဋ္ဋိညာဉ်သေတ္တာတော်သည်ဘုရားသခင်အတူပါရှိခြင်း၊ အတူနေရခြင်းဖြစ်သည်။ ဒါဝိဒ်သည်ပဋ္ဋိညာဉ်သေတ္တာတော်အကြောင်းကိုကောင်းစွာသိသည်။
ပဋ္ဋိညာဉ်သေတ္တာတော်ရောက်သည့်နေရာတိုင်းတွင်စစ်အောင်နိုင်သည်။
ယခုထိုသေတ္တာတော်သည် ဧဖရိပ်တောင်၌ရောက်နေသည်။
ဘုရားသခင်နှင့်အတူနေရခြင်းအသက်တာကိုဒါဝိဒ်အလွန်တောင့်တသည်။ စွဲလမ်းနှစ်သက်သည်။
ဆာလံ ၁၃၂ တွင်ဒါဝိဒ်သည်ဘုရားသခင်သေတ္တာတော်၊ အတူပါရှိခြင်းကိုတမ်းတအောက်မေ့စွာဆုတောင်းခြင်းကိုဘုရားသခင်နှစ်သက်သည်။
ထို့ကြောင့်ငါ၏စိတ်တော်နှင့်တွေ့သောသူဟုပြောခဲ့သည်။
ပဋ္ဋိညာဉ်သေတ္တာ
မန္နမုန့်၊ အာရုန်၏လှံတံ၊ ပညတ်တော်(၁၀)ပါးရေးထားသောကျောက်ပြားသေတ္တာထဲတွင်ထည့်သည်။
ရွှေဖြင့်မွမ်းမံပြီးသေတ္တာပေါ်တွင်ခေရုဗိမ်(၂)ပါးထိုင်လျှက်ရှိသည်။ ယဇ်ပရောဟိတ်မင်းသည်တစ်နှစ်တစ်ခါသာဝင်ခွင့်ရသောဘုရားမျက်မှောက်တော်တည်ရာဖြစ်သည်။
ထို့ကြောင့်ဋ္ဋိညာဉ်သေတ္တာတော်ရှိလျှင်ဘုရားသခင်အတူပါရှိခြင်းဖြစ်သည်။
ပညတ်တော်(၁၀)ပါး
အဲဂုတ္တုထွက်ထွက်မြောက်ပြီးရက်ပေါင်း(၅၀)ပြည့်သောနေ့တွင်မောရှေအားဖြင့်သိနာတောင်တွင်
ဘုရားသခင်ပေးသည်။ မောရှေတောင်ပေါ်တွင်ရှိစဉ်ဣသရေလလူတို့သည်နွားသူငယ်ရုပ်ကိုထုလုပ် ကိုးကွယ်ခြင်းအားဖြင့်ပြစ်မှားကြသည်။ထိုအခါဘုရားသခင်သည်အမျက်ထွက်၍ထိုနေ့တွင်ပင် လူ(၃၀၀၀)သေသည်။
ခရစ်တော်အသေခံပြီးရက်ပေါင်း(၅၀)အကြာဝိညာဉ်တော်သွန်းလောင်းပြီးပေတရုတရားဟောခြင်းဖြင့်လူ(၃၀၀၀)ပြောင်းလဲလာသည်။
ပညတ်တရားသည်လူကိုသေစေပြီးကျေးဇူးဝိညာဉ်တော်တရားကအသက်ရှင်စေသည်။
ပဋ္ဋိညာဉ်သေတ္တာပေါ်တွင် ကရုဏာပလ္လင်(mercy seat)ရှိသည်။
ထို Mercy Seat သည်ခရစ်တော်ဖြစ်သည်။
မလိုက်နာနိုင်သောပညတ်တော်အပေါ်၌ခရစ်တော်တည်းဟူသောကျေးဇူးတော်ကဖုံးအုပ်ပေးထား
သည်။
ပညတ်တော်ကာလတွင်အပြစ်ရှိသော်လည်းသေစေ။
ကျေးဇူးတော်ကာလတွင်အပြစ်များသော်လည်းလွတ်စေဟုစီရင်သည်။
ကျေးဇူးတော်ကဖြောင့်မတ်ခြင်းကိုပေးသည်။
ဖြောင့်မတ်ခြင်းခြင်းဟုဆိုရာ၌အပြစ်တစ်ခါမှမလုပ်ဘူးသကဲ့သို့သတ်မှတ်ပေးခြင်းဖြစ်သည်။
အာရုန်၏တောင်ဝှေး(တော ၁၇း၈)
အစ္စရေးအမျိုးတို့၌ခေါင်းဆောင်တစ်ဦးစီရှိပြီးလူတို့သည်ခေါင်းဆောင်ကိုမလိုချင်သောကြောင့်အပြစ်တင်ကြသည်။ဘုရားသခင်ကခေါင်းဆောင်အလိုက်တောင်ဝှေးတစ်ချောင်းစီကိုယူစေပြီးသူ့ရှေ့တော်၌ထားစေ၏။ အာရုန်သည်လေ၀ိအမျိုးကိုယ်စားလှံတံကိုထားသည်။
နောက်နေ့တွင်အာရုန်လှံတံသည်အပွင့်ပွင့်လေသည်။
ရေ၊ မြေ၊ လေတို့နှင့်ဆက်ထားခြင်းမရှိဘဲအပွင့်ပွင့်စေသည်။
ဘုရားသခင် လုပ်နိုင်သည်။
ဘုရားသခင်ကသူရွေးကောက်သောခေါင်းဆောင်များကိုလူရှေ့တွင်အပွင့်ပွင့်ပြီးအသီးသီးစေသည်။
အသီးသည်လူတိုင်းစားစေဘို့ရန်ဖြစ်သည်။
ခေါင်းဆောင်မှုကိုမစတော်မူသောဘုရားဖြစ်သည်။
ခြေကုန်လက်ပန်းကျချိန်တွင်အပွင်ပွင့်စေသောဘုရားဖြစ်သည်။
မန္နမုန့်
ကောင်းကင်မှကျသောမုန့်ဖြစ်သည်။
မိမိလူတို့မစိုက်မပျိုးနိုင်သောအခါလုံလောက်သောအစာကိုကျွေးမွေးသည်။
ထိုမုန့်သည်မုန့်ဆီကြော်အရသာရှိသည်ဟုကျမ်းစာမှဖော်ပြသည်။
နေ့တိုင်းကောက်ပြီး ၆ ၇က်မြောက်နေ့တွင်နှစ်ရက်စာကောက်ရသည်။ (၇)ရက်မြောက်သောနေ့တွင်စားရန်ဖြစ်သည်။
ရ- ရက်မြောက်သောနေ့တွင်အလုပ်လုပ်ဘို့ရန်မဟုတ်။
အကောင်းဆုံးသောမုန့်ကိုကျွေးသည်။
ဘုရားသခင်သည်အသားကျွေးသောအခါအကောင်းဆုံးသောငုံးသားကိုကျွေးသောဘုရားဖြစ်သည်။
ဣသရေလလူတို့နေသောတဲမှတစ်ရက်ခရီးအထိငုံးများ ၂တောင်ထုရှိသည်။
အနည်းဆုံးကောက်သောသူ(၁၀)တောင်းကောက်နိုင်သည်။
အကောင်းဆုံးနှင့်ဝစွာကျွေးတော်မူသောဘုရားဟုသိစေသည်။
တဲတော်တွင်အခန်း(၃)ခန်းရှိသည်။
ပထမအခန်း-ရေအင်တုံ(အခြေလက်ဆေးရာနေရာ)
ဒုတိယအခန်း- ယဇ်ပလ္လင်(ယဇ်ကောင်ပူဇော်ရာနေရာ)
တတိယခန်း-သတ္တာတော်ရှိရာအခန်း(ဘုရားသခင်အသံတော်ကြားရာနေရာ)
ပထမနှင့်ဒုတိယခန်းသည်လူတိုင်းဝင်လို့ရသည်။
တတိယခန်းသည်လူတိုင်းဝင်လို့မရ။ ယဇ်ပရောဟိတ်မင်းကသာတစ်နှစ်တစ်ကြိမ်ဝင်ရသည်။
ကျွန်ုပ်တို့ဘုရားသခင်အားချီးမွမ်းကိုးကွယ်ခြင်းကိုပြုရာတွင် ပထမအခန်းကိုသာရောက်သောသူရှိ သည်။ ဘာမှန်မသိမခံစားဘဲချီးမွမ်းကိုးကွယ်ခြင်းပြီးသွားသည်။
ဒု တိယအခန်းကိုရောက်သောသူအမှန်ချီးမွမ်းပြီးစိတ်နှလုံးဖြင့်ချီးမွမ်းသူဖြစ်သည်။ မိမိအသက်တာကိုယဇ်ကောင်ကဲ့သို့ဘုရားအားပူဇော်နေသည်။ မျက်ရည်ကျလျှက်ဘုရားအားကျေးဇူးတင်စွာကိုးကွယ်နေတတ်သည်။
တတိယအခန်းသို့ရောက်သောသူသည် ဘုရားအသံကိုကြားရသောသူဖြစ်သည်။
ပထမအခန်း၌ခြေလက်ဆေးပြီးပြန်သောသူရှိသည်။
ဒုတိယအခန်းတွင်မိမိကိုယ်ကိုယ်ပူဇော်သည်ပြီးကိုးကွယ်နေသူလည်းရှိသည်။ သို့သော်ဘုရားအသံတော်ကြားသည်ထိမစောင့် (တတိယခန်းသို့မရောက်သေး)ဘဲပြီးသောသူလည်းရှိသည်။
ဘုရားသခင်သည်အမြဲတမ်းစကားပြောသောဘုရားဖြစ်သည်။
ဘုရားသခင်၏စကားတော်သည်ကျွန်ုပ်တို့အတွက်အရေးကြီးသည်။
သီချင်းများတွင်လည်းဘုရားသခင်ကိုတိုက်ရိုက်ဆိုသောသီချင်း၊ ကိုးကွယ်ခြင်းသီချင်းရှိသကဲ့သို့
လူတို့အား အားပေးသက်သေခံသောသီချင်း၊လူတို့အားခေါ်ဖိတ်သောသီချင်းများလည်းရှိသည်။
ချီးမွမ်းကိုးကွယ်ခြင်း၌ တတိယခန်းသို့ရောက်အောင်သွားဘို့အရေးကြီးသည်။
အတွင်းရှိရှိသမျှနှင့်ချီးမွမ်းရမည်။ အပေါ်ယံသီချင်းဆိုရမည်မဟုတ်။
ထိုကကြောင့်အစည်းအဝေးတစ်ခုတွင်အစမှီဘို့အရေးကြီးသည်။ချီးမွမ်းကိုးကွယ်ခြင်းပြီး(သို့)အလယ်တွင်ရောက်ရမည်မဟုတ်။
သူများ ဒုတိယခန်းရောက်ချိန်မှရောက်လျှင်သင်ကငြီးငွေ့နေမည်။ နားမလည်နိုင်ဖြစ်မည်။ ကြာလိုက်တာဟုသင်ယူဆမိလိမ့်မည်။ သူတစ်ပါးကိုအပြစ်တင်မည်။
ရှောလုသည်သေတ္တာတော်ဘယ်ရောက်ရောက်ဂရုမစိုက်။ သို့သော်ဒါဝိဒ်သည်အလွန်ဂရုစိုက်သည်။
ဘုရားသခင်၏အတူပါရှိခြင်းကိုသူအလွန်တောင့်တသည်။ မအိပ်မစားနိုင်လောက်အောင်သူတောင့်တသည်။
ထို့ကြောင့်သူ၏နှလုံးသားကိုဘုရားသခင်နှစ်သက်သည်။
အခြားသောဒါဝိဒ်၏အရည်အချင်းများကပထမမဟုတ်။
ဘုရားသခင်နှင့်အတူနေခြင်းကိုသူနှစ်သက်ခြင်းသည်ဘုရားသခင်၏နှလုံးတော်နှင့်တွေ့စေသည်။
ဘုရားသခင်အတူပါရှိသောအခါ အသံတော်ကိုကြားရသည်။
ဘုရားသခင်နှင့်အတူရှိခြင်းကိုတောင့်တာဆာငတ်သောဒါဝိဒ်အသက်တာကိုဘုရားနှစ်သက်သော
ကြောင်းထူးခြားစွာချီးမြှောက်ခဲ့သည်။
၁ချုပ် ၂၈း၎
“ဣသရေလအမျိုးဘုရားသခင်ထာဝရဘုရားသည်ငါ့အဆွေအမျိုးသားချင်းထဲကငါ့ကိုရွေးကောက်၍ဣသရေလရှင်ဘုရင်အ
ရာ၌အမြဲချီးမြှောက်တော်မူ၏။ ယုဒအမျိုးကိုရွေးကောက်၍အခြားသောအမျိုးတို့ကိုအုပ်စိုး၇သောအခွင့်ကိုပေးတော်မူ၏။ ယုဒအမျိုးတွင်ငါ့အဘ၏အိမ်ထောင်ကို၎င်း၊ငါ့အဘ၏သားတို့တွင်ငါ့ကို၎င်းနှစ်သက်၍ဣသရေလနိုင်ငံလုံးကိုစိုးစံရသော
အခွင့်ကိုပေးတော်မူ၏။”
ဆာလံ ၁၃၂ မှဆုတောင်းချက်သည်အနှစ်(၂၀)ကြာသောအခါဒါဝိဒ်အသက်တာ၌ပြည့်စုံလာသည်။
၂ဓမ္မ ၆း၁၁
သေတ္တာတော်သည်သြဗဒေဒုံအိမ်တွင်(၃)လကြာသောအခါသူသည်အလွန်ချမ်းသာလာသည်။
ထိုသေတ္တာတော်ကိုထိုအိမ်မှသယ်စဉ်(၆)လှမ်းလှမ်းတိုင်းပွဲတစ်ခါလုပ်သည်။(နွား၇ကောင်၊ သိုး၇ကောင်သတ်သည်) မဝေးလှသော်လည်း(၂)လခန့်ကြာသည်။
၆ရက်အလုပ်လုပ်ပြီး(၇)ရက်မြောက်သောနေ့၌ပွဲလုပ်ရသည်။(ချီးမွမ်းခြင်းပွဲလုပ်ရသည်)
(၆ရက်အလုပ်လုပ်ပြီး ၇ရက်မြောက်သောနေ့တွင်ချီးမွမ်းပွဲလုပ်ရန်ဘုရားကျောင်းသို့ သွားရမည် ဖြစ်ကြောင်းသိစေသည်)
ပဋ္ဋိညာဉ်သေတ္တာတော်မြို့တွင်းသို့ဝင်လာသောအခါဒါဝိးသည်ဝမ်းမြောက်လွန်းသောကြောင့်ဘုရင့်
ဝတ်လုံကိုချွတ်ပြီးကသည်။ ပိတ်သင်တိုင်းနှင့်ကသည်။
ဒါဝိဒ်မင်းကသောအခါဇနီးမိခေလက ကဲ့ရဲ့ပြစ်တင်သောစကားကိုပြောသည်။
ထို့ကြောင့်မိခေလသည်မြုံသောသူဖြစ်လာသည်။
ရှောလုသမီးဘက်၌ပါသောသူများဆုံးရှုံးမည်။(မချီးမွမ်းဘဲချီးမွမ်းခြင်းကိုပြစ်တင်သောသူများ)
ဒါဝိဒ်ဘက်၌ရှိသောသူသည်ကောင်းစားမည်။(စိတ်နှလုံးအကြွင်းမဲ့ချီးမွမ်းသောသူများ)
သင်ရောဘုရားသခင်အတူပါရှိခြင်းကိုနှစ်သက်ပါသလား။
တောင့်တပါသလား။
မျှော်လင့်ပါသလား။
ဆုတောင်းဘူးပါသလား။
ဘုရားအတူပါရှိခြင်းသည်အရာရာပြည့်စုံခြင်းဖြစ်သည်။
ငွေရဘို့ရန်ပထမမဟုတ်။
အောင်မြင်ခြင်းရဘို့ရန်လည်းအရင်မဖြစ်ရ။
ဘုရားသခင်အတူပါရှိခြင်းသည်သာလျှင်အရာရာအားလုံးပြည့်စုံရာဖြစ်သည်။
Sunday, January 29, 2012
Zawgyi Converter
Note - If you don't install zawgyi myanmar font in your computer,
can be use this zawgyi converter
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com