ခုဆိုရင်ဆုဂျေတို့တစ်တွေ...အဆိုတော်တွေကို..အင်တာဗျူးလာတာ..တော်တော်လေးကို..
ခရီးရောက်နေပြီနော်...ပင်ပန်းခဲ့သမျှအရာတွေဟာလည်း..သူငယ်ချင်းတို့ရဲ့..အားပေးသံလေး
တွေကြားမှာ...ပျောက်ကွယ်ရင်း...နောက်ထပ်အားအင်သစ်တွေလည်းရလာတာအမှန်ပါနော်..
တစ်ဆက်တည်း...တင်ခဲ့ပြီးတဲ့အဆိုတော်တွေကလည်း..အားပေးတဲ့ဖူးစာရှင်ပရိတ်သတ်ကြီးကို
ကျေးဇူးအရမ်းတင်တဲ့အကြောင်းစကားလေးပါးလိုက်ပါတယ်နာ်..
ခုတစ်ပတ်ဆုဂျေတင်ပြတဲ့အဆိုတော်ကတော့...rock သီချင်းများစွာကို..
အသံပါဝါကောင်းကောင်းနဲ့...ခပ်မိုက်မိုက်ဟဲတတ်တဲ့..ကိုပြည့်စုံဖြစ်ပါတယ်ရှင်...မိနစ်သုံးဆယ်
ဆိုတဲ့တစ်ကိုယ်တော် Album လည်းထွက်ရှိသလို...ရောခ့်ဂီတ၀ါသနာအိုးလေးတွေကြား..
ရေပန်းစားနေသူဆိုရင်လည်းမမှားပါဘူးနော်...ကိုပြည့်စုံနဲ့ဆုဂျေတို့ဗျူးထားတာလေးကိုလည်း..
အရင့်အရင်ကလိုပဲ..နွေးထွေးစွာအားပေးမယ်လို့..ယုံကြည်နေမယ်နော်...း)
*ပထမဆုံးအကို့ရဲ့..Biographyလေးမိတ်ဆက်ပေးပါနော်အကို
***ဟုတ်ကဲ့ပါညီမလေး..ဦးသန်းဆောင်+ဒေါ်ခင်ကြွေ တို.ကမွေးတဲ့ မွေးချင်း(၇)ယောက်မှ ဒုတိယသား
အသက်(၂၇) တတိယနှစ် အင်္ဂလိပ်စာပါ...။မွေးရပ်ကတော့ကချင်ပြည်နယ်..မိုးကောင်းပါ
*ပရိတ်သတ်တွေကသိချင်နေတယ်လေ...အကိုဘာလို့သီချင်းဆိုတာပါလဲတဲ့..။
***သံသရာမှာလူလာဖြစ်ဖို.အရမ်းခက်ခဲပါတယ်လူဖြစ်လာခိုက်မှာကိုယ်အဖြစ်ချင်ဆုံးအလုပ်ကိုလုပ်တဲ့အနေနဲ.
သီချင်းဆိုတာပါညီမလေး..။
*ဂီတအပေါ်အကိုဘယ်လောက်ထိရူးသွပ်ပါသလဲ...
***အသွေးအသားထဲမှာဂီတဆိုတာအမြဲရှိပါတယ်။စိတ်ကူးအိပ်မက်တိုင်းမှာပေါ့ဗျာ...
*အကိုသီချင်းကိုဘယ်အရွယ်ကစဆိုပါသလဲ..
***သီချင်းဆိုတတ်တာနဲ.ဆိုပြီလေ...း)။
*စင်ပေါ်ကိုဘယ်အရွယ်ကစတက်ဖူးတာပါလဲ..
***စင်ပေါ်စတက်တာကတော့ 2003 Dec 1ပါညီမလေး။
*ငယ်ငယ်ကတည်းကနေ..ခုချိန်ထိလေးစားအားကျတဲ့အဆိုတော်တွေပြောပြပါနော်..
***အများကြီးပါပဲ ။ ထူးအိမ်သင် နဲ.အငဲ ကိုတော့ အရမ်းနှစ်သက်ပြီးလေးစားရပါတယ်ဗျာ။
*ဘယ်လိုဂီတအမျိုးအစားကိုအကိုခရေဇီဖြစ်ပါသလဲ..
***Rockပေါ့ဗျာ။
*အကို့တစ်ကိုယ်တော်ခွေလေးကိုအချိန်ဘယ်လောက်ကြာကြာယူခဲ့ရပါသလဲ...
***သိပ်မကြာပါဘူး သီချင်းရွေးတာကစရင်တော့ (၁)နှစ်လောက်ပါပဲညီမလေး။
*အခွေမှာပါတဲ့သီချင်ူးအားလုံးကအကို့စိတ်ကြိုက်တွေချည်းလား..
***ဟုတ်ပါတယ်ဗျာ..။အကို့စိတ်ကြိုက်တွေချည်းပါ..။
*အခွေတိုင်လ်တယ်ကို..ဘာလို့မိနစ်သုံးဆယ်လို့ပေးတာပါလဲအကို..
***အဲ့ဒီသီချင်းကစာသားအဆက်အစပ်မိမိနဲ.သံစဉ်လေးလည်းလှတယ်။အကြောင်းအရာလေးကို လှလှပပဖွဲ.
ဆိုထားတာကြောင့်ပါ..အဲခေါင်းစဉ်လေးပေးမိတယ်ဆိုပါတော့နော်..။
*တေးရေးတွေထဲမှာအကိုသဘောကျတဲ့သူတွေက..
***အများကြီးပဲ တစ်ယောက်တစ်မျိုးစီပေါ့..အားလုံးလိုလိုသဘောကျပါတယ်ညီမလေး။
*ဘယ် B**d နဲ့ဆိုရတာအားရပါသလဲအကို..
***အကိုတို. B**d `ZING´ပေါ့ဗျာ..။
*ရှိုးအတွေ့အကြုံရောဘယ်လောက်ရှိပြီလဲအကို..
***နည်းနည်းပါးပါးပါ။ရန်ကုန်၊မန်းတလေးနဲ.ကချင်ပြည်နယ်မနောပွဲ၊သင်္ကြန်နဲ.နေရာတော်တော်များများပေါ့
*ပထမဆုံးဆိုတဲ့ရှိုးမှာ..အကို့စိတ်ခံစားချက်လေး..
***ပျော်ပါတယ်..ညီမလေး။
*ရှိုးမှာဆိုရင်အကို့သီချင်းတွေပဲဆိုတာလား..
***ဟုတ်ပါတယ်..
*လတ်တလောနားထောင်ဖြစ်နေတဲ့သီချင်းကရော..
***တော်တော်များများနားထောင်ဖြစ်နေပါတယ်..။
*တစ်ကိုယ်တော်ခွေလေးလုပ်ဖို့အတွက်ဘယ်လိုအခက်အခဲတွေကျော်ဖြတ်ခဲ့ရပါသလဲအကို..
***အခက်အခဲတွေကတော့အများကြီးပါပဲ...။
*ကြုံလာတဲ့အခက်အခဲတွေကိုဘယ်လိုစိတ်နဲ့ဖြတ်ကျော်ပါသလဲအကို..
***လုပ်ချင်တာကိုလုပ်နေရတဲ့အတွက် ဘယ်လိုအခက်အခဲဖြစ်ဖြစ်ဂရုကိုမစိုက်တတ်တာအကို့စိတ်ပါ..
အေးအေးဆေးဆေးပါပဲ..အဲဒီစိတ်လေးနဲ့ကျော်ဖြတ်ပါတယ်ညီမလေး..။
*အကို့အခွေထဲမှာအကိုအခိုက်ဆုံးသီချင်းတွေက...
***အားလုံးလို့ဖြေရင်..လွန်တယ်ပြောမှာလား..။
*ပရိတ်သတ်ကြိုက်တာနဲ့အကို့အကြိုက်တူတဲ့သီချင်းတွေရှိလား..
***ပရိတ်သတ်တွေကလည်းတစ်ယောက်တစ်မျိုးစီကြိုက်ကြတာဗျ။
တော်တော်များများကတော့ `အိပ်မက်ရှည်´၊`မိနစ်သုံးဆယ်´တို.ကိုကြိုက်ကြတယ်ထင်တယ်။
*VCD ကိုရောဘယ်တော့လောက်ဖြန့်မလဲအကို...
***ရိုက်လို.တော့ပြီးပြီ အမြန်ဆုံးထွက်နိုင်အောင်ကြိုးစားနေပါတယ်။
*သရုပ်ဆောင်တွေကရောဘယ်သူ့စိတ်ကြိုက်ရွေးချယ်ပါသလဲ...
***ဒါရိုက်တာတွေ ရွေးကြတာပါ။
*ဒါရိုက်တာဘယ်သူတွေနဲ့ရိုက်ထားတာလဲ..
*ရှိုးမှာဆိုရင်အကို့သီချင်းတွေပဲဆိုတာလား..
***ဟုတ်ပါတယ်..
*လတ်တလောနားထောင်ဖြစ်နေတဲ့သီချင်းကရော..
***တော်တော်များများနားထောင်ဖြစ်နေပါတယ်..။
*တစ်ကိုယ်တော်ခွေလေးလုပ်ဖို့အတွက်ဘယ်လိုအခက်အခဲတွေကျော်ဖြတ်ခဲ့ရပါသလဲအကို..
***အခက်အခဲတွေကတော့အများကြီးပါပဲ...။
*ကြုံလာတဲ့အခက်အခဲတွေကိုဘယ်လိုစိတ်နဲ့ဖြတ်ကျော်ပါသလဲအကို..
***လုပ်ချင်တာကိုလုပ်နေရတဲ့အတွက် ဘယ်လိုအခက်အခဲဖြစ်ဖြစ်ဂရုကိုမစိုက်တတ်တာအကို့စိတ်ပါ..
အေးအေးဆေးဆေးပါပဲ..အဲဒီစိတ်လေးနဲ့ကျော်ဖြတ်ပါတယ်ညီမလေး..။
*အကို့အခွေထဲမှာအကိုအခိုက်ဆုံးသီချင်းတွေက...
***အားလုံးလို့ဖြေရင်..လွန်တယ်ပြောမှာလား..။
*ပရိတ်သတ်ကြိုက်တာနဲ့အကို့အကြိုက်တူတဲ့သီချင်းတွေရှိလား..
***ပရိတ်သတ်တွေကလည်းတစ်ယောက်တစ်မျိုးစီကြိုက်ကြတာဗျ။
တော်တော်များများကတော့ `အိပ်မက်ရှည်´၊`မိနစ်သုံးဆယ်´တို.ကိုကြိုက်ကြတယ်ထင်တယ်။
*VCD ကိုရောဘယ်တော့လောက်ဖြန့်မလဲအကို...
***ရိုက်လို.တော့ပြီးပြီ အမြန်ဆုံးထွက်နိုင်အောင်ကြိုးစားနေပါတယ်။
*သရုပ်ဆောင်တွေကရောဘယ်သူ့စိတ်ကြိုက်ရွေးချယ်ပါသလဲ...
***ဒါရိုက်တာတွေ ရွေးကြတာပါ။
*ဒါရိုက်တာဘယ်သူတွေနဲ့ရိုက်ထားတာလဲ..
***ကိုGဇုန်းကိ ။ကိုဖုန်းမြင့်။
*သီချင်းဖွင့်ပြီးသရုပ်ဆောင်ရိုက်တာနဲ့...Live showဆန်ဆန်ရိုက်တာ..ဘယ်ဟာကိုပိုနှစ်သက်ပါသလဲအကို..
***အမှန်တော့ MTVပုံစံတွေပဲရိုက်ချင်ခဲ့တာပါ။ဒါပေမယ့်အားလုံးနဲ.အဆင်ပြေမယ့်ပုံစံမျိုးလေးပဲရိုက်ဖြစ်ပါတယ်။
*သီချင်းဆိုတာအပြင်တစ်ခြားဘာလုပ်ရတာလဲအကိုဝါသနာပါပါသလဲ..
***စာဖတ်ရတာနဲ.ဘောလုံးအားကစား
*ဒုတိယအယ်လ်ဘန်ကိုရောဘယ်တော့လောက်ထွက်မယ်မှန်းထားပါသလဲ..
***လောလောဆယ်တော့VCD အတွက်ပဲ ကြိုးစားနေပါတယ်
*အသံအတွက်ရောဘယ်လိုဂရုစိုက်ပါသလဲအကို..
***ထွေထွေထူးထူးတော့ မရှိပါဘူး...နေတိုင်းတော့ သီချင်းဆိုဖြစ်တယ်...
*ကျန်းမာရေးနဲ့ပတ်သက်ပြီးအကိုခံယူထားတာလေးကရော..
***ကိုယ့်ကျန်းမာရေးကိုတော့ ကိုယ် ဂရုစိုက်ရမှာပါ
*အောင်မြင်မှုနဲ့ပတ်သက်ပြီးအကိုလက်ခံထားတဲ့ဖလော်လေးက...
***နောက်မှပြောပြမယ်
*အောင်မြင်မှုကိုရေ၇ှည်တည်တံ့ဖို့ဘာတွေလိုမယ်လို့အကိုထင်ပါသလဲ..
***အရည်အချင်း၊ စိတ်ဓါတ် နဲ့ နံပါတ်တစ်ကတော့ ပရိသတ်ပေါ့ဗျာ။
*အောင်မြင်မှုတစ်ခုရဖို့ပရိတ်သတ်ကဘယ်နှစ်ရာခိုင်နှုန်းလောက်ပါနေမလဲအကို..
***၁၀၀%ပေါ့ညီမလေးရ။
*အကို့မှာချစ်သူရှိနေပြီလားတဲ့..
***အချစ်အကြောင်းကို ပြောလည်းမပြောချင်ဘူး။. ချစ်လည်းမချစ်ချင်တော့ဘူး(ဟားဟား)
**ပရိတ်သတ်တွေကိုအကိုပြောချင်တဲ့စကားလေးက...
***လေးစားပါတယ်... ပရိသတ်ကြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပြီး အောင်မြင်ပျော်ရွှင်ကြပါစေဗျာ။
*အကိုလုပ်ချင်ဆုံးအလုပ်လေးနဲ့မလုပ်ချင်ဆုံးအလုပ်လေးကိုလည်းပြောပြပါနော်..
***အလုပ်ချင်ဆုံးအလုပ်က..လူအများကို အကျိုးပြုချင်တယ်...... မလုပ်ချင်ဆုံးအလုပ်က အကို..မလိမ်ချင်ဘူး။
*အကို့ကိုဆက်သွယ်ချင်ရင်..
***အမှတ်(၂၂)..၆လွှာ။သြဘာလမ်း၊ကျောက်မြောင်း။
*ခုလိုဖြေကြားပေးတဲ့အကို့ကိုကျေးဇူးတင်ပါတယ်နော်...။
***ဟုတ်ကဲ့ ညီမလေးကိုလည်း ကျေးဇူးတင်ပါတယ်.....။
*ခုလိုဖြေကြားပေးတဲ့အကို့ကိုကျေးဇူးတင်ပါတယ်နော်...။
***ဟုတ်ကဲ့ ညီမလေးကိုလည်း ကျေးဇူးတင်ပါတယ်.....။
ဒါလေးကအကိုပြည့်စုံ(မိနစ်သုံးဆယ်)ရဲ့သီချင်းလေးတွေပါနော်...
သေရာပါအမှတ်အသား
အပြစ်ရှိသူ
လူ
**အင်တာဗျူးလေးဖြစ်မြောက်အောင်ဝိုင်းဝန်းကူညီပေးပါသော...
ကိုဖြိုး(ဖူးစာရှင်လေး)
မွန်လေး(ဖူးစာရှင်လေး)
မန်ဘာသူငယ်ချင်းများ(ဖူးစာရှင်လေး)
တို့အားကျေးဇူးတင်ရှိပါကြောင်း..............။
မေတ္တာဖြင့်
ဆုဂျေ
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com