22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, February 28, 2012

တပည့်တော်စစ်ဖြစ်ခြင်း၏အရေးကြီးပုံနှင့်အဖိုးအခ

အဓိကကျမ်းချက်များ။
ယော၊၁၅း၁၆ လုကာ၊၁၄း၂၆-၃၅ မဿဲ၊၂၈း၁၈-၂၀ လုကာ၊၉း၂၃
အဘယ်ကြောင့်တပည့်တော်ဖြစ်ရပါသနည်း။
တပည့်တော်ဖြစ်ခြင်း၏ အရေးကြီးပုံကို လောကကြီးသို့သခင်ယေရှုကြွ လာပြီး တပည့်တော်(၁၂)ပါးအားရွေးချယ်ကာ (၃)နှစ်နှင့်(၆)လတာ လေ့ကျင့်သင် ကြား ပေးခြင်းကိုကြည့်ခြင်းအားဖြင့် တပည့်တော်ဖြစ်ခြင်းသည် အလွန်အရေးကြီး သောအချက်ဖြစ်ကြောင်းနားလည်ရပါသည်။
သခင်ယေရှုအနေဖြင့် သူ၏နောက်တော်လိုက်များအား တပည့်တော်စစ် များဖြစ်ရန် လေ့ကျင့်သင်ကြားပေးရခြင်း၏ရည်ရွယ်ချက်မှာ နောက်တော်လိုက် တပည့်တော်များအားဖြင့် အသီးများစွာသီးစေရန်ဖြစ်ပါသည်။
တပည့်တော်ဖြစ်စေခြင်း နည်းဗျူဟာသည် ဘုရားသခင်အနေဖြင့်လူ့ သမိုင်းထဲတွင် လူများထံသို့ချဉ်းကပ်ရန် အကောင်းဆုံးနှင့် အသင့်တော်ဆုံးသော နည်းစနစ်တစ်ခုလည်းဖြစ်သည်။ တပည့်တော်ဖြစ်ခြင်းနှင့်ပတ်သက်၍ တမန်တော် (၁၂)ပါးနှင့်၊ တမန်တော်ရှင်ပေါလု၏ တပည့်တော်ဖြစ်ခြင်းကြောင့် တန်းဖိုးကြီးစွာ ပေးဆပ်မှုများတို့သည် မျက်မှောက်ခေတ်အတွက် အတုခိုးလုပ် ဆောင်ရမည့် စံချိန်စံညွန်းနှင့် သက်သေသာဓကများပင်ဖြစ်ပါသည်။ ထိုစဉ်က အရေအတွက် အားဖြင့်တပည့်တော်အရေအတွက်(၁၂)ပါးသာရှိသော်လည်း ထိုတပည့်တော်များ မှာခရစ်တော်ယေရှု၏ နှုတ်ဖြင့်သွန်သင်ခြင်း၊ လက်တွေ့သွန်သင်ခြင်းအောက်၌ ရင့်ကျက်သောတပည့်တော်များဖြစ်ခဲ့ကြပါသည်။ တနည်းဆိုသော် ခရစ်တော်၏အ မာခံများဖြစ်ကြပါသည်။
တပည့်တော်ဖြစ်ခြင်းသည် ဘုရားသခင်မှကမ္ဘာကြီးသို့ချဉ်းကပ်ရန်ကိုယ် တော်တိုင် ရွေးချယ်အကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့သော နည်းဗျူဟာ တစ်ရပ် ပင်ဖြစ်သည်။ တပည့်တော်ဖြစ်ခြင်း၏ အခြေခံအကျဆုံးအကြောင်းအရင်းမှာ ၀ိညာဉ်ရေးရာ ရင့်ကျက်သောနောက်လိုက်များ ဖြစ်လာရေးပင်ဖြစ်သည်။ ထိုရင့် ကျက်ခြင်းသည် အသက်ကြီးလာသည်နှင့်အမျှ အလိုအလျှောက် လောကီအတွေ့ အကြုံများမှ သွန်သင်ခြင်းအားဖြင့်ရရှိသော ရင့်ကျက်ခြင်းမျိုးမဟုတ်ပါ။ ခရစ်တော် ၏စကားတော်ကိုနားထောင်ခြင်း၊ ခရစ်တော်၏တရားတော်ကိုနာခံလိုက်လျှောက် ခြင်းအပေါ်အခြေခံသောကြီးထွားရင့်ကျက်ခြင်းဖြစ်ပါသည်။
ဝိညာဉ်ရေးရာရင့်ကျက်သူများ၌တွေ့ရှိရသောကြန်အင်လက္ခဏာ(၇)ရပ်
1. ဘုရားသခင်အတွက်အသီးသီးခြင်း(မဿဲ၊၂၅း၁၄-၃၀)။
2. တပါးသူအတွက်နှိမ့်ချသောအသက်တာ၊သဘောထား၊ဆန္ဒဖြင့်အစေခံခြင်း (ယော၊၁၃း၁၂-၁၇)။
3. အသက်တာကို အဖက်ဖက်မှကြည့်ပါက ကောင်းမြတ်သောအဆင့်တွင်ရှိ နေခြင်း(၂ကော၊၁၃း၁၁)။
4. အသက်တာ၌ ၀ိညာဉ်ရေးရာအသီးသီးခြင်းကို အဓိကအားဖြင့်တွေ့မြင်ရ ခြင်း (ဂလာ၊၅း၂၂-၂၃)။
5. ခရစ်တော်နှင့်နီးကပ်စွာမိဿဟာရဖွဲ့ခြင်း(ဂလာ၊၂း၂၀)။
6. ဘုရားရှေ့လူ့ရှေ့တွင် တည်ငြိမ်သောအသက်တာ၊ သင့်တင့်လျောက်ပတ် သောအသက်တာနှင့် ရိုးသားဖြူစင်သန့်ရှင်းသော အသက်တာဖြစ်ခြင်း (ဧဖက်၊၄း၁၁-၁၆)။
7. နှုတ်ကပတ်တော်နှင့် အသက်တာတစ်ထပ်တည်းရှိနေခြင်း ၊တနည်းအား ဖြင့် ခရစ်၏အသက်ရှင်မှုမျိုး အသက်တာ၌ ထင်ဟပ်နေခြင်း(ဟေဗြဲ၊၅း၁၃-၆း၂) တို့ဖြစ်ပါသည်။
ဝိညာဉ်ရေးရာရင့်ကျက်ရန်လုပ်ဆောင်ရမည့်အရာများ
1. ၀ိညာဉ်ရေးရာရင့်ကျက်ကြီးထွားလာရေးသည် သမ္မာကျမ်းစာမှဖေါ်ပြသော ယုံကြည်သူခရစ်ယာန်အားလုံးအတွက် အဓိကမျော်လင့်ချက် ဖြစ်သည်။ (ဧဖက်၊ ၄း၁၁-၁၆)။
2. ၀ိညာဉ်ရေးရာမရင့်ကျက်သောသူသည်ခေါင်းဆောင်မဖြစ်နိုင်ချေ။ အသင်း တော်ကြီးပွားတိုးတက်ရန် ၀ိညာဉ်ရေးရာရင့်ကျက်သော ခေါင်းဆောင်များ လိုအပ်ပါသည်။ ထိုခေါင်းဆောင်များသည် ဘုရားသခင်၏သိုးစုများကို ထိန်းသိမ်းကြရသော သိုးထိန်းများဖြစ်ကြပါသည်။(၁ပေ၊၅း၁-၃)။
3. ၀ိညာဉ်ရေးရာရင့်ကျက်သောခရစ်ယာန်များသာ စာတန်၏တစ်ဖက်၌မား မားမတ်မတ်ရပ်တည်နိုင်ကြပြီး စာတန်၏တန်ခိုးကိုလည်းထိရောက်စွာ တွန်းလှန်နိုင်ကြသည်။ ထို့ကြောင့်ဘုရားသခင်သည်ကျွန်ုပ်တို့အား ၀ိညာဉ် ရေးရာရင့်ကျက်သောတပည့်တော်များဖြစ်ရန် အလိုတော်ရှိခြင်းဖြစ်သည်။ (မဿဲ၊၁၂း၂၉)။
4. ထို့အတူဝိညာဉ်ရေးရာရင့်ကျက်သော ခရစ်ယာန်များသာ သက်ဆုံးတိုင် အောင်မပြိုမလဲ ကြံ့ကြံ့ခံနိုင်ပါလိမ့်မည်။
5. ၀ိညာဉ်ရေးရာရင့်ကျက်သော တပည့်တော်များသာ ခရစ်တော်၏မေတ္တာ တော်နှင့် ပုံသက်သေကို အခြားသူများအားပြသနိုင်သူများဖြစ်လိမ့်မည်။
စစ်မှန်သောတပည့်တော်တစ်ဦး၏ပေးဆပ်ရသောအဖိုးအခ
တပည့်တော်ဖြစ်ခြင်းသည် အရေးတကြီးမဖြစ်မနေလုပ်ဆောင်ရမည့်အမှုတော် လုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။ ခရစ်တော်ကိုယ်တော်တိုင် ဤအမှုတော်လုပ်ငန်းအ တွက် ပေးဆပ်ခဲ့ရပါသည်။ တပည့်တော်များဖြစ်သော သူ၏တမန်များအားတပည့် တော်များအဖြစ်သွန်သင်ရာတွင် အင်မတန်ခက်ခက်ခဲခဲပြဿနာအယူအဆများကို ရှင်းလင်းခြင်း၊ ခက်ခက်ခဲခဲသွန်သင်ရခြင်းမှ လုံးဝတပည့်တော်များ ဖြစ်သည့်တိုင် အောင်ဆောင်ရွက်ခဲ့ရကြောင်း တွေ့နိုင်သည်။ ခရစ်တော်သာမကနောက်တော် လိုက်တပည့်တော်များအပိုင်းမှာလည်းအမျိုးမျိုးသောပေးဆပ်မှုများ၊စွန့်လွတ်အနစ်နာခံမှုများ၊ဆုံးရှုံးမှုများအားဖြင့် ပေးဆပ်သင်ယူခဲ့ရပေသည်။ တနည်းအားဖြင့် မိမိကားတိုင်ကို မိမိကိုယ်တိုင်ထမ်းလျှက် နေ့စဉ်ခရစ်တော်နောက်တော်သို့ လိုက်ကြရသူများဖြစ်သည်(လုကာ၊၁၄း၂၇)။ တပည့်တော်ဖြစ်ခြင်းသည် လိုအပ် လျှင် မိမိတို့ဘ၀အသက်တာတစ်ခုလုံးကိုပင် ပေးဆပ်ကြရပါမည်။ အခြေခံအားဖြင့် ခရစ်တော်၏အမှုတော်မြတ်အတွက်ပါဝင်လိုပါက ခရစ်တော်၏အလိုတော်အတိုင်း အသုံးပြုရန် ကျွန်ုပ်တို့၏ရှိသမျှကို ခရစ်တော်ထံပေးအပ်ရမည်သာ။
အများသောသူတို့၏အနဲငယ်မျှသောပေးဆပ်လိုခြင်း
ခရစ်တော်မျှော်လင့်သော အသီးသီးတတ်သောတပည့်တော်ဖြစ်ရန် များစွာ ပေးဆပ်ရပါသည်။ အချို့သောခရစ်ယာန်များသည် ရေသာခိုပြီး အဆင်ပြေသလို မီးစဉ်ကြည့်ကခြင်း၊ ကိုယ်တိုင်ပေးဆပ်ရမည့်အခြေအနေမျိုးနှင့်တွေ့ကြုံလာသော အခါ အကြောင်းပြချက်အမျိုးမျိုးပြပြီး အဖိုးအခမပေးပဲ လွဲရှောက်သွားခြင်းများ တွေ့ရပါသည်။ အများသောခရစ်ယာန်များအနေဖြင့် တပါးသူအားသက်သေခံ ခြင်းတွင်ပျက်ကွက်ကြပါသသည်။ ကြောက်ရွံ့သလို၊ ရှက်သလိုဖြစ်ကြပါသည်။ ထို့ကြောင့်မျက်မှောက် ခေတ်အသင်းတော်အတော်များများသည်လည်း ဤသက် သေခံခြင်းအမှုတော်မြတ်၌ အားနဲနေကြောင်း တွေ့ရပါသည်။ အသင်းတော်သည် ခရစ်တော်နှင့်ဆက်သွယ် မှု၌ အားနဲနေပါသည်။ ခရစ်တော်၏တပည့်တော်မှန်လျှင် မိမိအသက်တာပြောင်းလဲ ခဲ့ပုံကို လက်တွေ့အသက်ရှင်မှုအားဖြင့်လည်းကောင်း၊ နှုတ်အားဖြင့်လည်းကောင်း သက်သေခံသောသူများဖြစ်ရပါမည်။ မျက်မှောက် ခောတ်အသင်းတော်များတွင် ပါဝင်လျှက်ရှိသော ခရစ်ယာန်များ၏၀ိညာဉ်ရေးရာ အခြေအနေသည် တပည့်တော်တစ်ဦးတွင်ရှိရမည့် အခြေခံအဆင့်၌သာ ရှိကြောင်း တွေ့ရပါသည်။ ထို့ကြောင့် အသင်းတော်သည် မှန်းချက်အတိုင်းနှမ်းမထွက်နိုင်ဘဲ အမှုတော်မြတ်အတွက် အနည်းမျှသာထိရောက်နေစေကြောင်း နားလည်ရပါသည်။
ဘုရားသခင်သည် တပည့်တော်စစ်အသက်တာဖြင့် စံနမူနာအဖြစ် အဆုံးစွန် ပေးဆပ်အသက်ရှင်ခဲ့သော ခရစ်တော်ယေရှုအသက်တာကိုတုပပြီး အသက်ရှင်ရန် ၊ရှေးကနောက်တော်လိုက်တပည့်တော်များပေးဆပ်မှုများအတိုင်း ပေးဆပ်အသက် ရှင်ရန် အလိုတော်ရှိပါသည်(၁ကော၊၁၁း၁)။
အဖိုးအခအားရည်တွက်ခြင်း။
ဘုရားသခင်သည် ခရစ်တော်အားကယ်တင်ရှင်အဖြစ် ယုံကြည်သောခရစ် ယာန်အားလုံးကို မိမိတို့ကိုယ်တိုင် တပည့်တော်များဖြစ်လိုစိတ်ဖြင့် ပါဝင်ကြရန် အလိုတော်ရှိပါသည်။ တနည်းအားဖြင့် ခရစ်တော်၌ရှိသောစိတ်နေစိတ်ထား၊ ဘုရားသခင်၏သတ်မှတ်ထားသောစံချိန်စံညွန်းအတိုင်း အသက်ရှင်သူများ ဖြစ်စေ လိုပါသည်။ ပေးဆပ်မှုမရှိသောသူသည် စစ်မှန်သောတပည့်တော်မဖြစ်နိုင်ပါ။ ခရစ် ယာန်ဆိုသည်မှာ မိမိကိုယ်ကိုငြင်းပယ်ရန် ဘုရားသခင်ရွေးကောက်ခြင်းခံရသူများ ဖြစ်သလို ခရစ်တော်၏လမ်းစဉ်အတိုင်း အသက်ရှင်ရန်အလို့ငှာ မိမိကားတိုင်ကိုမိမိ ထမ်းသောသူများလည်းဖြစ်ပါသည်။ ထိုကားတိုင်မှာ ဧ၀ံဂေလိအကျိုးအတွက် ကိုယ်တိုင်တာဝန်ယူပြီး ထမ်းရွက်သောကားတိုင်ပင်ဖြစ်သည်။ တပည့်တော်ဖြစ်လို လျှင် အဖိုးအခပေးဆပ်ရန် တောင်းဆိုခြင်းကိုမလွဲမသွေခံရမည်။ ပေးဆပ်ရန်၊အဖိုး အခပေးရန် စိမ်ခေါ်ချက်ကို မှက်မှောက်ခေတ်ခရစ်ယာန်များမည်သို့ တုန့်ပြန် မည်နည်း(လုကာ၊၉း၅၇-၆၂။ ယောဟန်၊၆း၆၀-၆၆။ မာကု၊၁၀း၁၇-၃၁)။
နောက်တော်လိုက်ပြီးပေးဆပ်သောတပည့်တော်များ၏ အရည်အတွက်မှာ နဲပါးသော်လည်း ကမ္ဘာကြီးအနှံ့သက်သေခံရန်လုံလောက်နေခြင်းသည် အံ့သြဖွယ် ရာပင်။
စစ်မှန်သောတပည့်တော်သည်အလုံးစုံကိုပေးဆပ်သူဖြစ်သည်။
1. စစ်မှန်သောတပည့်တော်တစ်ဦးသည် မိမိစိတ်တိုင်းကျ အားသန်သော အခန်းကဏ္ဍများကိုသာရွေးချယ်ပြီး အသက်ရှင်သူမဟုတ်ပါ။ ခရစ်တော်၏ တောင်းဆိုချက်ကိုသာအဓိကထား ၀န်ခံပေးဆပ်အသက်ရှင်သူဖြစ်သည်။
1. စစ်မှန်သောတပည့်တော်တစ်ဦးသည် ခရစ်အတွက် မိမိ၏ဘ၀အစိတ်အ ပိုင်းအချို့၊ အချိန်အချို့ကိုသာ ပေးဆပ်အသက်ရှင်သူမဟုတ်ပါ။ ခရစ် တော်သည်မိမိ၏အရှင်၊ အသက်သခင်ဟုအလေးအနက်ထားခံယူလျှက် မိမိကိုယ်ကိုမိမိမပိုင်ဘဲ ဘ၀တစ်ခုလုံးအားခရစ်တော်အတွက် ပုံအောပြီးအ သက်ရှင်သောသူသာလျှင်ဖြစ်သည်။
2. စစ်မှန်သောတပည့်တော်တစ်ဦးသည် နှုတ်ကပတ်တော်အားအကြွင်းမဲ့ယုံ ကြည်အားကိုးပြီး၊ ထိုနှုတ်ကပတ်တော်အတိုင်း စဉ်ဆက်မပြတ်အသက်ရှင် သောသူလည်းဖြစ်ပေသည်။
3. စစ်မှန်သောတပည့်တော်တစ်ဦးသည် အခြေအနေတိုင်း၌ ခရစ်တော်သာ ဆိုလျှင် မည်သို့တုန့်ပြန်အသက်ရှင်မည်နည်းဟူသောမေး ခွန်း၏အဖြေအ တိုင်း တုန့်ပြန်အသက်ရှင်သောသူ၊ အသက်သရဖူကိုသာအာရုံပြုလျက် ခရစ်တော်၏လမ်းစဉ်အတိုင်း သက်ဆုံးတိုင်အောင် အသက်ရှင်သူလည်း ဖြစ်သည်။
သမ္မာကျမ်းစာမှဖေါ်ပြတော်မူသောတပည့်တော်များ၏အခြေခံအချက်(၅)ချက်
1. သစ္စာရှိခြင်း။
2. ခရစ်တော်အားချစ်ခင်မြတ်နိုးပြီးရှေ့တန်းတင်ကာဦးစားပေးခြင်း။
3. ဆက်ကပ်ပူဇော်ခံရဆန္ဒရှိနေခြင်း။
4. ၀ိညာဉ်ရေးရာဆာလောင်မွတ်သိပ်ခြင်း။
5. သင်ယူလိုသော၊ သင်ကြားပေးလိုသော သဘောထားရှိခြင်းဖြစ်သည်။
တပည့်တော်ဖြစ်လိုလျှင်
ကိုယ်လက်ဝါးကားတိုင်ကိုထမ်း၍
ခရစ်တော်နောက်တော်သို့
နေ့တိုင်းလိုက်ရမည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )