Tuesday, February 21, 2012

နေလောင်ဒဏ်ခံရသူများအတွက်

 
    











 နေပူထဲမှာပဲ အလုပ်လုပ်နေရတဲ့ သူတွေဟာ နေလောင်ဒဏ်ခံရလို့ အသားအရေတွေ ညိုမည်းလာနိုင်တယ်နော်။ တချို့သူတွေကတော့ တင်းတိပ်တွေ မှဲ့ခြောက်တွေထွက်လာရော။ တင်းတိပ်၊ မှဲ့ခြောက်တွေ၊ အမဲစက်တွေ ရှိသူတွေအတွက် အလှဖျက်တဲ့ တင်းတိပ် နဲ့  အစက်အပျောက်တွေရဲ့အဝေးဆုံးမှာ ဆိုတဲ့ ပို့စ်တွေကို တင်ပြီးပါပြီ။ ခုကတော့ နေပူထဲမှာအလုပ်လုပ်နေရတဲ့သူတွေ၊ နေပူထဲသွားလာနေရသူတွေ နေလောင်ဒဏ်မခံရအောင် နေလောင်ထားတာတွေ သက်သာအောင် ဘယ်လိုတွေဂရုစိုက်ရမယ်ဆိုတာလေးတွေကို သူငယ်ချင်းတို့ကို ပြောပြမယ်နော်။

- နေပူထဲမထွက်ခင် အနည်းဆုံး နာရီဝက်ကြိုပြီးတော့ နေရောင်ခြည်ဒဏ်ကနေကာကွယ်ပေးနိုင်တဲ့ SPF
အနည်းဆုံး ၃၀ လောက်ပါတဲ့ Suncream တွေကို မျက်နှာရော၊ ခြေလက်တွေပါ နေရောင်ခြည်နဲ့ ထိတွေ့ရမယ့်
နေရာမှန်သမျှကို လိမ်းပေးပါ။

- အကျီလက်ရှည်၊ ဘောင်းဘီရှည်တို့ကို ၀တ်ဆင်ပါ။ အရောင်ဖျော့ဖျော့ ပွပွချောင်ချောင် ချည်သားအ၀တ်အထည်တွေက အကောင်းဆုံးပါပဲ။

- အပြင်ထွက်တော့မယ်ဆိုရင် ထီး၊ ဦးထုပ်၊ နေကာမျက်မှန်တွေကို မမေ့ပါနဲ့။

- ဖြစ်နိုင်ရင် မနက် ၁၀ နာရီမှ ညနေ ၃ နာရီကြားမှာ နေပူထဲမထွက်ပဲ အရိပ်ထဲမှာပဲနေပါ။ အလုပ်လုပ်မှ ဖြစ်မယ်ဆိုရင်လည်း နားနားပြီး လုပ်ပါ။

- နေပူထဲ အလုပ်လုပ်ရတဲ့သူတွေက ရေများများသောက်ပေးပါ။ ရေခဲရေတော့ မသောက်ပါနဲ့။ ချွေးထွက်များရင် ဓာတ်ဆားရည်သောက်ပါ။

- နေပူထဲ အလုပ်လုပ်ရတဲ့အခါ သာမန်ထက်ပိုပြီး စွမ်းအင်ကုန်တဲ့အတွက် အစားအစာများများစားပေးဖို့လည်း လိုပါတယ်။

- အရက်၊ ဘီယာ၊ ကော်ဖီတို့ဟာလည်း ရေဓာတ်ဆုံးရူံးမူကို ဖြစ်စေလို့ မသောက်သင့်ပါဘူး။




နေလောင်ပြီးသွားရင်တော့ နဂိုအတိုင်းပြန်ဖြစ်ဖို့ကို အချိန်တော့ယူရမှာပါ။ ခု နေလောင်ကွက်ရှိတဲ့သူတွေ အတွက် နေလောင်ကွက်တွေကို သက်သာပျောက်ကင်းသွားအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ပြောပြမယ်နော်။ တစ်ပတ်ကို တစ်ကြိမ်လောက်ပဲ လုပ်ပေးရမှာပါ။

- သံပရာရည်အနဲငယ်၊ သကြားနဲ့ ဂလစ်စရင်း ၂ စက်လောက်ကိုရောပြီး Facial Scrub အနေနဲ့သုံးရင် နေလောင်တာကို သက်သာပျောက်ကင်းစေပါတယ်။ အသားအရေကို နူးညံ့လှပစေပါတယ်။ Scrub နဲ့ မျက်နှာကို ညင်ညင်သာသာလေးပွတ်ပေးပြီး ၂ မိနစ်လောက်နေရင် ရေနွေးလေးနဲ့ ဆေးချလိုက်ရုံပါပဲ။ ခန္ဓာကိုယ် တခြားနေရာတွေမှာလဲ သုံးနိုင်ပါတယ်။

- ဂျူံမူန့်၊ ဒိန်ချဉ်နဲ့ ခရမ်းချဉ်သီးအရည် အနည်းငယ်ကိုရောပြီး နေလောင်တဲ့ နေရာတွေပေါ်မှာ ညီညီညာညာလေး လိမ်းပေးပါ။ ပြီးတော့ ခြောက်သွားတဲ့ အခါ ( သို့ ) မိနစ် ၂၀ - ၃၀ လောက်ကြာတဲ့အခါ ရေအေးလေးနဲ့ ဆေးချလိုက်ပါ။

- သံပုရာသီးကို တစ်ခြမ်းခြမ်းပြီး နေလောင်ထားတဲ့နေရာကို ပွတ်ပေးပါ။ ၅ မိနစ် ၁၀ မိနစ် ကြာတဲ့အခါ ရေစင်အောင် ဆေးလိုက်ပါ။ တစ်ပတ်ကို ၂ ကြိမ်ထက်တော့ ပိုမလုပ်မိပါစေနဲ့။

- ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း နဲ့ သံပုရာရည် ၁ ဇွန်းကို သမအောင် ရောမွှေပြီး နေလောင်တဲ့နေရာတွေကို
လိမ်းပေးပြီး ၂၀ မိနစ်လောက်နေပြီး ရေဆေးချလိုက်ရင်လည်း အစွမ်းထက်တဲ့ နည်းလေးပါပဲ။

- ဂျူံမူန့်စားပွဲတင်ဇွန်း ၁ ဇွန်း၊ သံပရာရည် ၂ - ၃ စက်၊ နွားနို့စိမ်း ၂ ဇွန်း တို့ကိုရောမွှေပြီး ညီညီညာညာလေး
လိမ်းပါ။ ၂၀ မိနစ်လောက်နေရင် ရေဆေးချလိုက်ပါ။ တပတ်ကို တစ်ကြိမ်လုပ်ရင် တလလောက်နေရင်
သိသိသာသာသက်သာလာမှာပါ။
ရင်နှင်းသူငယ်ချင်းလေးတွေ နေလောင်ခြင်းကင်းပြီး အလှပိုနိုင်ကြပါစေရှင်..

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com