22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, February 27, 2012

အူမကြီးကင်ဆာကို ၇၅ ရာခိုင်နှုန်း လျော့ကျနိုင်စေမည့် နည်းလမ်းများ

အစိမ်းရောင် သဘာဝအပင်များ
Harvard တက္ကသိုလ်မှ လေ့လာမှု အကြံပြုချက်အရ ဆလတ်ရွက် နေ့စဉ်စားသူတွေဟာ အူမကြီးကင်ဆာဖြစ်နှုန်း
၇၅ ရာခိုင်နှုန်း လျော့ကျစေတယ်လို့ ဆိုလိုပါတယ်။ လေ့လာမှုအရ အစိမ်းရောင်အရွက်တွေမှာ ပါဝင်တဲ့
Carotenoids နဲ့ စွမ်းအင်ပြည့် အင်ဒီအောက်ဆီးဒင့်တွေက အူနံရံက ဆဲလ်တွေရဲ့လုပ်ဆောင်ချက်ကို ကောင်းမွန်
စေပြီး ကင်ဆာဖြစ်စေတဲ့ အရာတွေကို ချေဖျက်ပေးနိုင်စွမ်းရှိတာ ကြောင့်ပါ။ ဟင်းနုနယ်၊ ပန်းဂေါ်ဖီစိမ်းနဲ့ ဂေါ်ဖီ
စိမ်းထုပ်တွေမှာ Carotenoids တွေ ပါဝင်ပါတယ်။


ကော်ဖီသောက်ပါ
လေ့လာမှုအရ ကော်ဖီတစ်နေ့ သုံးခွက်သောက်တာဟာ တခြားအစားအစာ စားသုံးမှုပုံစံနဲ့ ဘ၀နေထိုင်မှုပုံစံကို
မပြောင်းလဲရင်သာ ရောဂါတွေဖြစ်မှုနှုန်းကို ၃၀ ရာခိုင်နှုန်းလောက် လျော့နည်းစေတယ်လို့ ဆိုပါတယ်။ ဒါကတော့
ဓာတ်တိုးဆန့်ကျင်ပစ္စည်းနှစ်မျိုးဖြစ်တဲ့ Chlorogenic နဲ့ Caffeic acids တွေဟာ ကျန်းမာရေးကို အံ့သြလောက်
အောင် အကျိုးရှိစေတာကြောင့်လို့ ဆိုပါတယ်။



သစ်ကြားသီးစားပါ
ဂျပန်နိုင်ငံ Nagoya တက္ကသိုလ်မှ လေ့လာမှုတွေအရ သစ်ကြားသီးကို တစ်နေ့ ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံ စား
ပေးတာဟာ အူမကြီးကင်ဆာကို ၄၆ ရာခိုင်နှုန်းလောက် လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ Omega-3 ကြွယ်ဝစွာ
ပါဝင်တဲ့ သစ်ကြားသီးဟာ ကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေကို ချေဖျက်ပေးနိုင်တာကြောင့်ပါ။



ကယ်လ်စီယမ်မှိဝဲပါ
လေ့လာမှုအရ ကယ်လ်စီယမ်က ခန္ဓာကိုယ်ထဲက မကောင်းတဲ့အဆီတွေကို ထိန်းချုပ်ပေးနိုင်ပြီး အစာခြေစနစ်ကို
လည်း ကောင်းမွန်စေပါတယ်။ နွားနို့ ရှစ်အောင်စ၊ ဒိန်ချဉ်ခြောက်အောင်စနဲ့ ချိစ် တစ် အောင်စတွေမှာ ကယ်လ်စီ
ယမ် ၃၀၀ မီလီဂရမ်စီ ပါဝင်ကြပါတယ်။ လူတစ်ယောက်အတွက် ကယ်လ်စီယမ် တစ်နေ့ ၆၀၀ ကနေ ၁၀၀၀ မီလီ
ဂရမ်အထိ လိုအပ်ပါတယ်။

ကြက်သွန်နီစားပါ
ကြက်သွန်နီထဲမှာ သဘာဝနည်းအရ ကင်ဆာကို တိုက်ထုတ်ပေးနိုင်တဲ့ Sulfur နဲ့ Quercetion တွေ ကြွယ်ဝစွာ ပါဝင်
တာကြောင့် နေ့စဉ်ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံစာလောက် စားပေးသင့်ပါတယ်။



Tips!
အသင့်ပြုလုပ်ထားတဲ့ အစားအစာဖြစ်တဲ့ ဟော့ဒေါ့၊ Sausugesနဲ့ ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ အသားတွေ
ဟာ အူမကြီးကင်ဆာဖြစ်နှုန်းကို မြင့်မားစေတာကြောင့် အနီရောင်အသားနဲ့ ပင်လယ်စာတွေကိုသာ
ရွေးချယ်ပေးသင့်ပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )