Friday, February 17, 2012

ဦးနှောက်ကို ပျက်ဆီးစေသောအကြောင်း ၁၀-ချက်

ကျန်းမာရေးနဲ့ ပတ်သက်ပြီး တစ်ခုပြီးတစ်ခုဖြစ်နေတော့မှ ကျန်းမာရေးကို သေချာ ဂရုစိုက်ဖို့ သတိရပါတယ်။
အဲ့ဒါကြောင့် အခုလည်း ဖတ်မိတဲ့ ဦးနှောက်ကို ပျက်ဆီးစေ တဲ့ အချက် ၁၀-ချက်ကို သူငယ်ချင်းတွေအတွက်
အသုံးတည့်မယ်ထင်လို့ မျှဝေလိုက် ပါတယ်။
စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ…။
၁။ မနက်စာမစားခြင်း
     မနက်စာမစားသူတွေရဲ့ သွေးထဲမှာ သကြားဓာတ် ပိုနည်းတက်ပါတယ်။
    အဲ့ဒါရဲ့ အကျိုးဆက်အနေနဲ့ ဦးနှောက်တွေအတွက် လုံလောက်တဲ့အာဟာရ မရတော့ ဘဲ
     ဦးနှောက်ရဲ့စွမ်းရည်ကို ကျဆင်းစေပါတယ်။
၂။ လွန်ကဲစွာစားသောက်ခြင်း
    လိုအပ်တာထက် ပိုစားသောက်ခြင်းအားဖြင့် ဦးနှောက်ရဲ့
     သွေးလွှတ်ကြော တွေကို တင်းမာစေပြီး စိတ်စွမ်းရည်ကိုပါ ကျဆင်းစေပါတယ်။
၃။ ဆေးလိပ်သောက်ခြင်း
      ဆေးလိပ်သောက်ခြင်းကြောင့် ဦးနှောက်ကို ကျုံ့စေသလို
     အယ်လ်ဇိုင်းမား ရောဂါ(လူရဲ့မှတ်ဥာဏ်နဲ့ စဉ်းစာဆင်ခြင်နိုင်စွမ်းတွေကို ကျဆင်းစေတဲ့ရောဂါ)ပါ ဖြစ် လာနိုင်ပါတယ်။
၎။ အချိုများလွန်ကဲစွာစားခြင်း
     အချိုဓာတ်တွေ လွန်ကဲနေခဲ့ရင် ပရိုတိန်းဓာတ်နဲ့ အာဟာရတွေ စုပ်ယူမှုကို
    အဟန့် အတားဖြစ်စေပြီး အာဟာရချို့တဲ့စေတဲ့အပြင် ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ အနှောက် အ ယှက် ဖြစ်စေပါတယ်။
၅။ လေထုညစ်ညမ်းခြင်း
    ဦးနှောက်ဟာ ကိုယ်ခန္ဓာမှာ အောက်ဆီဂျင်ကို အများဆုံးအသုံးပြုတဲ့အစိတ် အပိုင်းဖြစ်ပါတယ်။
    ညစ်ညမ်းတဲ့လေကို ရှူသွင်ခြင်းအားဖြင့် ဦးနှောက်ကို အောက်ဆီဂျင် ထောက်ပံ့မှု လျော့နည်းစေပြီး ဦးနှောက်ရဲ့
    စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။
၆။ အိပ်ချိန်မလုံလောက်ခြင်း
     အိပ်စက်ခြင်းဟာ ဦးနှောက်ကို အနားရစေပါတယ်။    
     အိပ်ချိန်မလုံလောက်တာ မျိုး ရေရှည်ဖြစ်လာတဲ့အခါမှာ ဦးနှောက်ရဲ့ ဆဲလ်တွေ သေဆုံးတဲ့နှုန်း မြင့်မားလာစေပါတယ်။
၇။ အိပ်ချိန်မှာ ခေါင်းကို ဖုံးအုပ်ထားခြင်း
     ခေါင်းကို ဖုံးအုပ်ပြီး(ခေါင်းမြီးခြုံပြီး)အိပ်ခြင်းအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ
    စုစည်းမှု့ကို တိုးလာစေပြီး အောက်ဆီဂျင်စုစည်းမှုကိုတော့ လျော့ကျစေတာကြောင့် ဦးနှောက် ကိုပျက်ဆီးစေတဲ့
    အကျိုးဆက်ကို ရစေပါတယ်။
၈။ ကျန်းမာရေးမကောင်းချိန်မှာ ဦးနှောက်ကို အသုံးပြုခြင်း
    ကျန်းမာရေး မကောင်းချိန်မှာ(ဦးနှောက်သုံးရတဲ့)အလုပ်ပြင်းထန်စွာ လုပ်တာမျိုး စာကျက် စာဖတ်တာမျိုးတွေဟာ
    ဦးနှောက်ရဲ့ စွမ်းဆောင်နိုင်မှုတွေကို လျော့ကျစေသလို ဦး နှောက်ကို လည်းပျက်ဆီးစေပါတယ်။
၉။ စိတ်ဝင်စားတက်ကြွစွာ စဉ်းစားတွေးခေါ်မှု့ မရှိခြင်း
     စဉ်းစားတွေးခေါ်ခြင်းဟာ ဦးနှောက်ကို
     လေ့ကျင့်ပေးဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။
     ဦးနှောက်ကို တက်ကြွစေတဲ့ စဉ်းစားတွေးခေါ်မှု့တွေ မလုပ်ပေးရင် ဦးနှောက် ကို ကျုံ့စေပါတယ်။
၁၀။ စကားနည်းခြင်း
      အသိဥာဏ် အတွေးအခေါ်ပိုင်းပါတဲ့ စကားစမြည်မျိုး ပြောပေးခြင်းကြောင့်
     ဦး နှောက်ရဲ့ စွမ်းရည်ကို တိုးတက်စေပါတယ်။ ။
            from ; လမ်းသစ်ဂျာနယ်
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com