၁။ အသိတရားပေါ်မူတည်ပြီး လူ့ဘ၀အနိမ့်အမြင့်ဖြစ်လာတယ်။
၂။ ရိုးသားမှု့သည် တန်ဖိုးကြီး၍ ရှားပါးသော အရာဖြစ်တယ်။
၃။ လူတစ်ယောက်ရဲ့ အမြင့်ဆုံးတန်ဖိုးသည် ယုံကြည်စိတ်ချရမှု့ဖြစ်တယ်။
၎။ ဂုဏ်သိက္ခာကိုတန်ဖိုးထားတဲ့သူဟာ ကိုယ်ပြောတဲ့စကားကိုတန်ဖိုးထားတယ်။
၅။ အပြစ်ရှိ၍ လိပ်ပြာမသန့်ခြင်းဟာ စွပ်စွဲမည့်သူမလို။
၆။ စိတ်ဓာတ်တည်ငြိမ်ရင့်ကျက်တာဟာ အသက်ကြီးတာငယ်တာနှင့်မဆိုင်။
၇။ လိုချင်သောအရာတစ်ခုကိုရဖို့အတွက် ထိုက်တန်သောရင်းနှီးမှု့တစ်ခုတော့ ပေးဆပ်ရမယ်။
၈။ အခတ်အခဲဆိုတာ မရှိခဲ့ရင် အရည်အချင်းဆိုတာ ထုတ်ဖေါ်ခွင့်ရှိမှာမဟုတ်။
၉။ ဒုက္ခဆိုတာ နောင်တစ်ချိန်မှာ ဟာသဖြစ်သွားမှာပါ။
၁၀။ လောကမှာတက်သိသူများပြီး သိတက်တဲ့သူရှားတယ်။
၁၁။ တစ်ခါမကောင်းမိတာနဲ့ အခါတစ်ရာကောင်းခဲ့တာကို မမေ့ပါနဲ။
၁၂။ နေရာတကာ ခွင့်လွတ်ခြင်းသည် လူမိုက်မှားကို မြေတောင်မြှောက်ပေးခြင်းနဲ့တူသည်။
၁၃။ သည်းခံတက်သူရဲ့ ဒေါသကို သတိထားပါ။
၁၄။ ပေးဆပ်ခြင်းတွေသိပ်များလျှင် ပေါက်ကွဲမှုတွေ ပြင်းထန်တက်တယ်။
၁၅။ ကမ္ဘာမှာ စိတ်မချမ်းမြေ့ဆုံးက ပညာမဲ့ခြင်းပဲ။
၁၆။ ကမ္ဘာမှာ အကျည်းတန်ဆုံးက တခြားလူရဲ့ဘ၀ကိုမနာလိုခြင်းပဲ။
၁၇။ ကမ္ဘာမှာ ၀မ်းနည်းစရာအကောင်းဆုံးက မုသားစကားပြောဆိုချင်းပဲ။
၁၈။ ကမ္ဘာမှာ အလှဆုံးတ၇ားက အရာရာကိုမေတ္တာတရားထားခြင်းပဲ။
၁၉။ ကမ္ဘာမှာ အဖိုးအတန်ဆုံးက သူတစ်ပါးကိုအကျိုးဆောင်ပြီး တုန့်ပြန်ကျေးဇူး မတောင်းဆိုခြင်းပဲ။
(ဆရာတစ်ဦးရဲ့ ဆုံးမစာကို ပြန်လည်ဝေငှပါသည်။)



8:21 AM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com