Wednesday, February 15, 2012

အခိုးခံရတဲ့ Gmail ကို ဘယ်လို ပြန်လည်ရယူမလဲ

သင့် ဂျီမေးအခိုးခံလိုက်ရပြီဆိုပါတော့။ password ရော security questionရော secondary email ပါ အပြောင်းခံလိုက်ရပြီဆိုပါတော့။ သင်ဘာဆက်လုပ်မလဲ။ဒီအတွက် မပူပါနဲ့။ ဂျီမေးက သင့်အတွက် service တခုပေးထားပါသေးတယ်။Google က ပေးထားတဲ့ ဖောင်ကိုဖြည့်ရပါမယ်။ account နဲ့ပက်သက်တဲ့ အချက်အလက်အသေးစိတ်တွေဖြည့်ရမှာပါ။ account ဖွင့်ထားတဲ့လူသာ သိလောက်မဲ့အချက်အလက်မျိုးပေါ့။ ဘာအချက်အလက်တွေပါမလဲ ဆိုတော့ ဥပမာ
  • နောက်ဆုံးLog in ဝင်ခဲ့တဲ့ရက်စွဲ၊
  • အကောင့် စဖွင့်ခဲ့တဲ့ ရက်စွဲ၊
  • အဲဒီအကောင့်နဲ့ သင်အသုံးပြုနေတဲ့ Google ရဲ့အခြား products တွေအကြောင်း၊
  • Google Blogger အသုံးပြုရင် အဲဒီ Blogger Account ရဲ့အချက်အလက်အသေးစိတ်။
အရေးအကြီးဆုံးကတော့ မေးခွန်းတွေကိုဖြေရာမှာ အသေးစိတ်နဲ့ အတတ်နိုင်ဆုံးတိတိကျကျ ဖြေပေးရပါမယ်။ ကိုယ်မသေချာတဲ့အကြောင်းဆိုရင်လဲ အတတ်နိုင် ဆုံးအနီးစပ်ဆုံးဖြေပေးလိုက်ပါ။သင့် account သင်ပြန်ရမရဆိုတာ သင့်အဖြေက ဘယ်လောက်နီးနီးစပ်စပ်မှန်လဲဆိုတဲ့ပေါ်မှာ မူတည်ပါလိမ့်မယ်။ ထပ်ပြီး သတိပြုရမယ့် အချက်တွေကတော့ Formပို့လျှင် တဖောင်သာ ပို့ရန် (ဖောင်အများကြီးမပို့ရန်)၊ ကိုယ့်ရဲ့အကောင့်ကို အမြဲအသုံးပြုနေကြ စက်(PC) ကပဲပို့ရန်။ဘာကြောင့်လဲဆိုတော့ သင့်formပို့လိုက်တဲ့ IP address ကို Googleကမှတ်သွားမှာမို့လို့ပါ။ ဒီ Form ပါမေးခွန်းများကိုသုံးပြီးတော့ ကိုယ့်Emailသူများခိုးယူခြင်းမှ ကာကွယ်နိုင်ပါသေးတယ်။ ဘယ်လိုကာကွယ်မှာလဲ။ လွယ်ပါတယ်။မေးခွန်းတွေကိုလေ့လာပြီး ကိုယ်နဲ့ပတ်သက်တဲ့ အချက် အလက်တွေ ကို လုံခြုံတဲ့တနေရာ မှာသိမ်းထားလိုက်ပေါ့။ နောက် Email အခိုးခံရတိုင်း အဲဒီအချက်အလက် အတိုင်းဖြေပြီး  ပြန်ရအောင်ယူပေါ့။ ဘာပဲဖြစ်ဖြစ် မလုပ်ကြည့်တာထက်စာရင် လုပ်ကြည့်တာပိုကောင်းတာပေါ့မလား။
Form ဖြည့်ရန် သွားရမယ့်လိပ်စာကတော့
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com