Thursday, March 1, 2012

စကားပုံများ (Proverbs)

- A child that lives with ridicule learns to be timid.
ကဲ့ရဲ့ခြင်းနှင့်အတူနေရသောကလေးသည် ကြောက်တတ်၏။
- A child that lives with criticism learn to be condemns.
ပြစ်တင်ဝေဖန်ခံရသောကလေးသည် ကဲ့ရဲ့ရှုံ့ ချတတ်၏။
- A child that lives with distrust learn to be deceitful.
အယုံအကြည်ကင်းမဲ့ခြင်းနှင့်အတူနေရသောကလေးသည် လိမ်လည်တတ်၏။
- A child that lives with antagonism learn to be hostile.
အမုန်းတရားနှင့်အတူနေရသောကလေးသည် ရန်လိုတတ်၏။
- A child that lives with affection learn to love.
မေတ္တာနှင့်အတူနေရသောကလေးသည်ချစ်ခင်တတ်၏။
- A child that lives with encouragement learns confidence.
အားပေးမှုနှင့်အတူနေရသောကလေးသည်မိမိကိုယ်ကို အားကိုးတတ်၏။
- A child that lives with truth learns justice.
သစ္စာတရားနှင့်အတူနေရသောကလေးသည် တရားသဖြင့်ပြုတတ်၏။
- A child that lives with praise learns to appreciate.
ချီးမွမ်းခြင်းနှင့်အတူနေရသောကလေးသည် နှစ်သက်ခံယူတတ်၏။
- A child that lives with knowledge learns wisdom.
အတတ်ပညာနှင့်အတူနေရသောကလေးသည် လိမ္မာရေးခြားရှိ၏။
- Before borrowing money from friend, decide which you need more.
မိတ်ဆွေဆီက ငွေမချေးယူခင် မိတ်ဆွေနှင့်ငွေ ဘယ်ဟာပိုလိုအပ်တယ်ဆိုတာ ဦးစွာဆုံးဖြတ်ရန်လိုအပ်သည်။
- Made yourself an honest and then you maybe sure there is one rascal less the world.
သင့်ကိုယ်သင်ရိုးသားသူတစ်ယောက်ဖြစ်အောင်လုပ်လိုက်ပါက ကမ္ဘာမှာ လူဆိုးတစ်ယောက်လျော့ သွားပြီဆိုတာ သေချာတယ်။
- Words are the most useful powerful drug used by man.
စကားလုံးများသည် လူသားများအသုံးပြုနေသောသြဇာအထက်မြက်ဆုံးသောဆေးဝါးပေတည်း။
- The act of God is prejudicial to no one.
ဘုရားသခင်၏အလိုတော်အတိုင်း ဆောက်ရွက်ခြင်းသည်မည်သူ့ ကိုမျှထိခိုက်နစ်နာစေခြင်းမရှိ။
- There are two freedoms; the false where a man is free to do what he likes. The true where a man is free to do what he ought to.
လွတ်လပ်မှုနှစ်မျိုးရှိသည်။ မှားသောလွတ်လပ်မှုမှာ လူတစ်ယောက်သည် သူလုပ်ချင်ရာကိုလုပ်ဖို့ လွတ်လပ်သည်။ မှန်သောလွတ်လပ်မှုမှာ သူလုပ်သင့်ရာကိုလုပ်ဖို့ လွတ်လပ်သည်။
- Where does the family start? It starts with a young man falling in love with a girl no superior alternative has yet been found.
မိသားစုဘယ်ကစသည်ဆိုသည်မှာလူငယ်တစ်ယောက်က သူငယ်မတစ်ယောက်ကိုစပြီးချစ်ကြိုက်ရာမှ စသည်။ ထိုထက်သာသည့်အခြားအကြောင်းအရာများကိုမတွေ့ ရသေးပေ။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com