Wednesday, March 28, 2012

Hardware အကြောင်း သိကောင်းစရာ

ကျွန်တော် စာမရေးဖြစ်တာ အတော်ကြာပြီ။အခုလည်း ညီလေး နေမကောင်းနေတဲ့ အချိန်လေးတွေမှာဆိုဒ်မှာစာလာဖတ်သူတွေ အတွက် အကျိုးရှိအောင် ပိုစ့်လေး တစ်ပိုစ့် တက်နိုင်သလောက်လေးပေါ့ တင်ပေးမယ်ဆိုတဲ့ စိတ်ကူးနဲ့ ခဏ စာဝင်ရေးတာပါ။ ကျွန်တော် အရင်နှစ်တွေကတော့ စာကို ဇောက်ချ ရေးနိုင်ပေမယ် ဒီနှစ်တော့ စာမရေးဖြစ်တော့တာပါ။ စာတန်း တစ်ဖတ် ကွန်ပျုတာပိုင်း တစ်ဖတ် စာရေးဖို့ တစ်ဖတ်နဲ့ ဆို အတော်လေး ဗျာများလို့ စာရေးတဲ့ အပိုင်းကို လက်လွှတ်လိုက်တော့တာပါ။ ဒါကြောင့်မို့ စာမရေးတာလည်း ကြာပြီ ဆိုတော့ မှားတာတွေ ရှိလာခဲရင်လည်း နားလည်ပေးနိုင်ပါစေလို့ ကျွန်တော် ဆုတောင်းပါတယ်ဗျာ။ ကဲ့ ဒီတော့ အစလည်း ပျိုးပြီးပြီ နိဒါန်းစပြီးရင်တော့ စာကိုယ်တော့ လာရတော့မယ် မဟုတ်လား။ ကျွန်တော်တို့ Hardware အကြောင်းကို စာအများကြီး ဖတ်စရာမလိုပဲ့ အတော် အသင့် တော်တော်လေး နားလည်သွားနိုင်အောင် ဒီပိုစ့်လေးကို တင်ပေးလိုက်တာပါ။
 
စာအုပ်တွေကိုပဲ့ ပြန်မျှတဲ့ သဘောပါပဲ့။ ဒါပေ့မယ် အကုန်လုံး တန်ဖိုးရှိပါတယ်။ ခဏလေး ဖတ်ယုံနဲ့ Hardware ဘယ်အပိုင်းက ဘာဆိုတာကို နားလည်မှာ ဖြစ်သလို ကိုယ်ကိုင်တွယ်တဲ့ စက်ရဲ့ သဘောတရား ပျက်တာ ပြင်တာကို ကိုယ်တိုင် ဖြေရှင်းနိုင်လာအောင် လမ်းပြပေးတဲ့ စာအုပ်တွေလို့ ပြောရင် ပိုမှန်မယ် ထင်ပါတယ်။
ATA,IDE,EIDE အကြောင်း
SATA အကြောင်း
USB အကြောင်း
BUS များ အကြောင်း
ကွန်ပျုတာ Connector များအကြောင်း
Core i3 ,Core i5 and Core i7 ကွာခြားချက်များ
Basic Dynamic and Dynamic များအကြောင်း
ဒီစာတွေကို သေချာ ဖတ်မယ်ဆိုရင် ကိုယ်တိုင် Hardware ပိုင်းကို နားလည်နိုင်လာမှာ ဖြစ်သလို သူများအကူညီ မလိုတော့ဘူးပေါ့။ ကိုယ်တိုင် ယုံကြည့်မူ ပြည့်လာတဲ့ အမျှ ကိုယ်တိုင် ဆုံးဖြတ်ချက် မှန်လာမယ်။ ကိုယ်တိုင်တက်သိနားလည်လာပါလိမ့်မယ်။ ဒါကတော့ စာဖတ်တဲ့ အကျိုးကျေးဇူးပေါ့။ ဒီတော့ စာဖတ်ကြပါဗျာ. မြန်မာတွေ စာတက်ဖို့ စာဖတ်ဖို့ လိုနေပြီ။
နိဂုဏ်း အနေနဲ့ကတော့ ကျွန်တော် အရင်က စာတွေတော်တော်လေး ရေးဖြစ်ပါတယ်။ နည်းပညာပိုစ့်တွေ များပါတယ်။ နောက်ပိုင်းတော့လည်း စာအုပ်တွေလောက်ပဲ့ ပြန်မျှပေးနိုင်တော့တဲ့ အတွက် တကယ်ပါ စိတ်ထဲ့မှာတော့ ဘယ်လိုကြီးလည်း မသိဘူး။ ဘာပဲ့ ဖြစ်ဖြစ် စာဖတ်ဖို့ တိုက်တွန်းရင်း နိဂုဏ်းချုပ်ပါရစေဗျာ။
အဆင်ပြေပါစေ..
သန့်ဇင်ဌေး
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com