Friday, March 9, 2012

SopCast လေးပါ

မရှိသေးသူများအတွက် ရည်ရွယ်ပြီး SopCast လေးကို မျှဝေးပေးလိုက်တယ်... ကျတော်ဒီ SopCast သုံးခဲ့ပြီး စသိခဲ့တာ ၉လလောက်ရှိခဲ့ပြီး... ကျတော်တို့ ဘောလုံးပွဲဝါသနာတွေအတွက် အင်တာနက်ရရင် တော်တော်လေးကောင်းတယ်ဗျာ..  ပြီးခဲ့တဲ့ ၂၀၀၉ ကနေ ၂၀၁၁ ခုနှစ် မတ်လအထိဆိုရင် ကျောင်းမှာနေပြီး စလောင်း (satellite)နဲ့ ဘောလုံးပွဲကြည့်ခဲ့တယ်.. ကျောင်းပြီးသွားသည့်နောက်ပိုင်းမှာ (satellite) မရှိတော့လို့ ဘောလုံးပွဲကြည့်ချင်တယ်...  ကြည့်ချင်တယ်... လမ်းဘေးမှာ ဖွင့်ထားသည့် စားသောက်ဆိုင်တွေက satellite ရှိလို့ အမြဲတမ်းသွားကြည့်နေတယ်.. ကြည့်ရင်လည်း ဒီလိုနဲ့ကြည့်လို့မရဘူးဖြစ်နေတယ်... ဆိုင်မှာရောင်းတဲ့ အစားအစာ တစ်ခုတစ်ခုဝယ်ရပြီး ကြည့်နေရတာ... ဆိုင်ကရောင်းတဲ့ အစားအစာတွေလည်း တော်တော်လေးကို ဈေးကြီးတယ်ဗျာ.. အပြင်ကဆိုင်နဲ့ဆိုရင် ၂ဆတိုးရောင်းတယ်... နောက်ဆုံးတော့ အဲလိုအမြဲတမ်းသွားနေရင် မွဲမယ်ဆိုပြီး စိတ်ထဲမှာ နည်းလမ်းတစ်ခုခုတော့ ရှာရမယ်လို့ စဉ်စားလာတယ်... နောက်ဆုံးတော့ ဆရာ Google ကို အားကိုးပြီးရှာတယ်.. ၁ နာရီကျော်ကျော်လောက် အချိန်ကုန်မယ်... တွေ့သမျှ Software တွေကို စက်ထဲမှာ အကုန်လုံး Run တယ်.. နောက်ဆုံးတော့ ဒီ SopCast နဲ့ အဆင်ပြေသွားတယ်... ခုဏတုန်းက ဈေးကြီးတဲ့ဆိုင်ကိုလည်းသိပ်သွားစရာမလိုတော့ဘူး... သွားစရာမလိုပေမဲ့ တစ်ပတ်ကို တစ်ကြိမ်တော့ မရောက်ရောက်အောင်းသွားခဲ့သေးတယ်... ဒီ SopCast က ဘောလုံးပွဲ တောင်မကဘူး..  Movies, Documentary,..... etc များကိုလည်း ကြည့်နိုင်တယ်... ကျတော်လို satellite မရှိသည့် ဘောလုံးဝါသနာရှင်များ ဘောလုံးပွဲကိုဘယ်လိုတိုက်ရိုက်ရှာကြည့်ရမလည်း မသိသေးရင် အောက်မှာကွန့်မန်းပေးထားနိုင်ပါတယ်... ကျတော် အချိန်ရသလောက်တော့ ပြန်ရှင်းပြပေးပါတယ်... ဒါမှမဟုတ် ဘောလုံးပွဲ တိုက်ရိုက်လွှင့်နေတဲ့အချိန်မှာ လင့်တွေကျတော်ပေးထားမယ်.. အချိန်နည်းနည်းရလို့ ကျတော်နှင့် SopCast ဘယ်လိုရင်းနှီးတဲ့ အကြောင်း မိတ်ဆက်ပေးတာ..  ဒီလောက်ပါဘဲဗျာ.. ရေးထားသည့်စာကို မျက်စိညောင်းစေရင် (သို့)အဓိပ္ပါယ်မရှိရင်တော့  နားလည်ခွင့်လွတ်ပေးပါဗျာ.. အောက်မှာ ဒေါင်းလုတ်လုပ်နိုင်ပါပြီ..... 
rar password က  http://maimaicom.blogspot.com/
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com