အမျိုးသမီးများ တစ်နေ့လျှင်   လက်ဖက်ရည်နှစ်ခွက်မျှ နေ့စဉ် သောက်သုံးခြင်းသည် သားသမီးရရန် အခွင့်အလမ်းကို   တိုးပွားလာစေနိုင်ကြောင်း သိရှိရသည်။ သုတေသီများက လက်ဖက်ရည်   ပုံမှန်သောက်သော အိမ်ထောင်ရှင် အမျိုးသမီးများသည် သားသမီး ရနိုင်ရန်   သာမန်ထက် (၂၇) ရာခိုင်နှုန်းမျှ အခွင့်အရေး ပိုရလာမည်ဟု ထောက်ခံ   ပြောဆိုခဲ့ကြသည်။ လက်ဖက်ရည်တွင် ပါဝင်သော ဓာတ်သဘာဝများက အမျိုးသမီးများ   ကိုယ်ဝန်ရစေရန် လှုံ့ဆော်မှု ပေးနိုင်သည်ဟု ပညာရှင်များက ယုံကြည်နေသည်။     တစ်ဖက်တွင်လည်း ကိုလာကဲ့သို့ သကြားဓာတ်များသည့် အချိုရည်များ နေ့စဉ် တစ်နေ့   နှစ်ဘူးမျှ သောက်သုံးခြင်းသည် အမျိုးသမီးများ  ကိုယ်ဝန်ဆောင်နိုင်စွမ်းကို   လျော့ကျလာစေကြောင်း သိရသည်။ ထိုသို့သော  လက်ဖက်ရည်၊ ကော်ဖီကဲ့သို့  အချိုရည်မျိုးကို နေ့စဉ်ပုံမှန် သောက်သုံးနေသည့်  အမျိုးသမီးများသည်  ကိုယ်ဝန်ဆောင်နိုင်ခြေ သာမန်ထက် (၂၀)ရာခိုင်နှုန်းမျှ  ယုတ်လျော့သွားကြောင်း  သုတေသန ရလဒ်များက ညွှန်ပြနေခဲ့သည်။
ဘော်စတွန် တက္ကသိုလ်မှ ပရော်ဖက်ဆာ အဲလိဇဘက်သ် ဟတ်ခ်ျက နေ့စဉ် ပုံမှန် လက်ဖက်ရည်သောက်ခြင်းက အမျိုးသမီးများ၏ မျိုးပွားမှု စွမ်းရည်အပေါ် အကောင်းရော၊ အဆိုးပါ သက်ရောက်မှု မရှိဟုလည်း ဆိုသည်။ ကလေးယူရန် ကြိုးစားနေသည့် အမျိုးသမီး (၃၆၀၀)၏ နေထိုင်စားသောက်မှု ပုံစံများကို စံသတ်မှတ် လေ့လာကာ ယခုသုတေသန ရလဒ်ကို ပညာရှင်များက ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ အမျိုးသမီး အားလုံးသည် အသက်(၂၈)နှစ် ၀န်းကျင် ရှိကြပြီး ကဖိန်းဓာတ်နှင့် ကိုယ်ဝန်ရှိနိုင်ခြေ ဆက်စပ်မှု ရှိမရှိအပေါ် မိမိတို့ အဓိက ခြေရာခံ လေ့လာခဲ့ကြောင်း ပရော်ဖက်ဆာ ဟတ်ခ်ျက ရှင်းပြခဲ့သည်။
“တစ်နေ့ကို လက်ဖက်ရည် (၂)ခွက်နဲ့ (၃)ခွက်လောက် သောက်နေတဲ့ အမျိုးသမီးတွေက ကိုယ်ဝန်ရဖို့ (၂၇)ရာခိုင်နှုန်းလောက် အလားအလာ ပိုများလာတာ ကျွန်မတို့ ဖော်ထုတ်နိုင်ခဲ့တယ်။ ဒါပေမဲ့ ဒီရလဒ်မှာ လက်ဖက်ရည်ကို နို့နဲ့သောက်သလား၊ သံပုရာရည်နဲ့ ရောသောက်သလား ဆိုတာကို ကျွန်မတို့ တိတိကျကျ မသိပါဘူး။ ဘာပဲဖြစ်ဖြစ် လက်ဖက်ရည်ရဲ့ အာနိသင်ဟာ အမျိုးသမီးတွေ ကလေးရနိုင်တဲ့အခြေအနေအပေါ် အထောက်အကူ ပေးတယ်ဆိုတာကိုတော့ ကျွန်မတို့ ခိုင်ခိုင်မာမာ ကောက်ချက်ဆွဲနိုင်ခဲ့တယ်”ဟု ရှင်းလင်း ပြောဆိုသွားခဲ့သည်။

Source : www.planet.com.mm
 
 3:51 PM
3:51 PM
 Admin
Admin
 
 Posted in:
 Posted in:  

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com