ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ထဲမှာ ဒီနေ့မနက် ၁ နာရီ ၁၅ မိနစ်မှာ၊ ရထားသံလမ်း မိုင်းကွဲတာကြောင့် မန္တလေး-မြစ်ကြီးနား အဆန်ရထား အမှတ် ၃၃ ဟာ ရထားသံလမ်းချော်ပြီး ရထားတွဲ ၈ တွဲ တိမ်းမှောက်ခဲ့တယ်လို့ ဒေသခံတွေက ဧရာဝတီကို ပြောပြပါတယ်။
သံလမ်းမိုင်းထိတဲ့နေရာကတော့ မိုးညှင်းမြို့မရောက်ခင် ၁၆ မိုင်အလို၊ မော်ဟန် ဘူတာအလွန် စင့်ကြည်ရွာနားမှာလို့ သိရပါတယ်။
ကိုရင်တပါး၊ ဘုန်းတော်ကြီးတပါးနဲ့ လူတယောက် ဒဏ်ရာရပြီး မိုးညှင်းဆေးရုံကို ပို့ထားရတယ်လို့ ဆိုပါတယ်။ သံလမ်း မိုင်းကွဲတဲ့အချိန်နဲ့ တဆက်တည်းမှာ သေနတ်ဖောက်သံ လေး၊ ငါး ချက် ကြားလိုက်ရတယ်လို့လည်း စင့်ကြည်ဒေသခံတွေက ပြောပါတယ်။
ဒီလို သေနတ်သံတွေ ကြားခဲ့ရတာကြောင့် အဲ့ဒီဒေသမှာ တိုက်ပွဲများ ဖြစ်သလား၊ ရထားလမ်းမိုင်းကွဲမှု တရားခံက ဘယ်သူလည်းဆိုတာကိုတော့ မသိရသေးဘူး၊ စုံစမ်းနေဆဲပဲလို့ မိုးညှင်းရဲစခန်းက ပြောပါတယ်။
ကချင်ပြည်နယ်ထဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေနဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေသလို ကချင်ပြည်နယ်တွင်းမှာ ရထားလမ်း မိုင်းခွဲခံရတာတွေ၊ မြို့တွေထဲမှာ ဗုံးပေါက်ကွဲမှုတွေ ရံဖန်ရံခါ ကြုံတွေ့နေရပါတယ်။

3:14 PM
Admin

Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com