ဧပြီလ ၃၀ ရက်နေ့  ၂၀၁၂ က တန်ပိုကြေးကောက်ခံထားသည့် ဖြတ်ပိုင်း |
မေလ ၁ ရက်နေ့ ၂၀၁၂
အေးကိုမိသားစု ဆောက်လုပ်ရေးကုမ္မဏီမှ တာဝန်ယူထားသော မွန်ပြည်နယ်
မော်လမြိုင် - ရေး -သံဖြူဇရပ် လမ်းအပိုင်းတွင် တန်ပိုတင်ဆောင်လာသော
မော်တော်ယာဉ်များကို တန်ပိုကြေးလိုအပ်သည်ထက် ပိုမိုကောက်ခံနေပါသဖြင့်
ကားသမားများအတွက် အခက်အခဲဖြစ်နေပါသည်။
မော်လမြိုင် - ရေး - သံဖြူဇရပ်လမ်းတွင်ပြေးဆွဲမောင်း

ဟိုင်းလပ်မော်တော်ကားများကို ၂ တန် အထိသာ တင်ခွင့်ပြုပြီး
တန်ပိုတင်ဆောင်လာသော မော်တော်ကားများကို တန်ပိုကြေးကောက်ခံနေပါသည်။
လိုင်းကားများသည် လူစီးရန်နှင့် ကုန်ပစ္စည်းတင်ဆောင်ရန်အတွက်ပြေး
ဝန်ပိုတင်ဆောင်ကြရပါသည်။
မော်လမြိုင် ကြာအင်းဂိတ်တွင် ကတ္တားချိန်သောအခါ ကား၏ အရှေ့ဘီး၂
ဘီးသာချိန်ပြီး တန်ပိုကြေးများကို အဆမတန်ကောက်ခံနေသောကြောင့်
ကားသမားများအတွက် အဆင်မပြေမှုများဖြစ်နေ၍ သက်ဆိုင်ရာလူကြီးမင်းများမှ
အဆင်ပြေအောင် လုပ်ဆောင်ပေးစေလိုကြောင်း ဒေသခံ ကားသမားများက
ပြောပါသည်။
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com