ယန်းမားဗီးလားအား ခေါ်ယူနိုင်ရေး တိုက်ပွဲတွင် ကျရှုံး သွားသည့်နောက် အင်တာမီလန်၏ ကွင်းလယ်ခံစစ် ကစားသမား ၀ယ်ယူရေး ပစ်မှတ်သည် ပရီးမီးယားလိဂ်သို့ ပြောင်းလဲ ကျရောက်လာခဲ့သည်။
ပြင်သစ်ကလပ် ရိန်းစ်မှ မားဗီးလားအား အင်တာက ချိတ်ဆက်မှု အဆင်မပြေ ဖြစ်ခဲ့သည့်နောက် မန်ချက်စတာ စီးတီးမှ နီဂယ်လ်ဒီဂျောင်နှင့် နယူးကာဆယ်လ် ယူနိုက်တက်မှ ချိခ်တီယော့တီတို့အား အီတလီ ကလပ်က စိတ်ဝင်စားလာသည်။ အင်တာအသင်းသည် နွေရာသီတွင် အသင်း၏ ဖွဲ့စည်းမှုကို အပြောင်းအလဲများစွာ ပြုလုပ်ရန် ရည်ရွယ်ထားပြီး နည်းပြ အန်ဒရီရာ စထရာမက်ကွိုင်နီ စိတ်တိုင်းကျ အသင်းအား တည်ဆောက်သွားမည် ဖြစ်သည်။ လက်ရှိတွင် မာကျောပြီး ခံစစ်အားသန်သော ကွင်းလယ်လူတစ်ဦး ရရှိရေးသည် အင်တာ၏ ဦးစားပေး ရည်ရွယ်ချက် ဖြစ်နေသည်။

အင်တာမှ စောင့်ကြည့်နေသည့် ဒီဂျောင်(R)
အင်တာသည် မားဗီးလား အတွက် ပြီးခဲ့သည့် အပတ်က ရိန်းစ်နှင့် ဆွေးနွေး ခဲ့သော်လည်း ပေါင်စတာလင် (၁၇)သန်းတန် ကစားသမား ကိုယ်တိုင်က အာဆင်နယ်ကို ရွေးချယ်ရန် အားသန်နေသည်။ အင်တာသည် အာဆင်နယ်မှ ကင်မရွန်း လက်ရွေးစင် အဲလက်စ်ဆောင်းကို ချဉ်းကပ်ခဲ့သေးပြီး ဆောင်းကိုယ်တိုင်က ဆန်စီရို၏ အနေအထားကို သာယာမိကြောင်း ၀န်ခံခဲ့သည့်တိုင် အာဆင်နယ်ကမူ သွေးအေးအေးသာ ရှိနေခဲ့သည်။ အင်တာ၏ ကစားသမားသစ် ရှာဖွေရေး ကင်းထောက်များသည် ယခုအခါ နယူးကာဆယ်လ် ကွင်းလယ်လူ တီယော့တီအား အလွန်မျက်စိကျလျှက် ရှိနေသည်။
လက်ရှိတွင် မာကျောပြီး ခံစစ်အားသန်သော ကွင်းလယ်လူတစ်ဦး ရရှိရေးသည် အင်တာ၏ ဦးစားပေး ရည်ရွယ်ချက် ဖြစ်နေ...
နည်းစနစ် ဒါရိုက်တာ မာကို ဘရန်ကာကမူ ဒီဂျောင်သည် မန်စီးတီးတွင် အရန်ခုံ၌သာ အထိုင်များနေသည့်အတွက် အင်တာက ခေါ်ယူရန် ပိုမိုလွယ်ကူမည်ဟု မျှော်လင့်လျှက် ရှိသည်။ ထို့အပြင် ဒီဂျောင်သည် အင်တာအသင်းမှ ကွင်းလယ်လူ ၀က်စ်လေရှနိုက်ဒါနှင့် ရင်းနှီးရာ ရှနိုက်ဒါက ၎င်းအား ဆက်သွယ် စည်းရုံးနိုင်မည်ဟု ဘရန်ကာက ယုံကြည်နေကြောင်း သိရှိရသည်။
Ref: Daily Mail



12:49 PM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com