မေလ ၁၄ ရက်၊ ၂၀၁၂ ခုနှစ်- သူရမျိုး (YPI )
လုပ်ခ လစာငွေမလုံလောက်သည်ကို ဖြေရှင်းပေးဖို့ တင်ပြရန် အတွက် လှိုင်သာယာမြို့နယ် စက်မှုဇုံ ၄ မင်းကြီးမဟာမင်းခေါင်လမ်းပေါ်ရှိ Jasmine(စပါယ်ဖူး) အထည်စက်ရုံအလုပ်သမများ ယနေ့မနက်၉နာရီခန့်က စတင်စုရုံးခဲ့သည်။
ထိုသို့စုရုံးရခြင်းမှာ ဆန္ဒပြရန်မဟုတ်ဘဲ အလုပ်ရှင်နှင့်ညှိနှိုင်းရန် အလုပ်သမားရေးရာတာဝန်ရှိသူများကိုစောင့်စားခြင်းဖြစ်ကြောင်း အလုပ်သမများက ပြောသည်။
အဆိုပါစက်ရုံတွင် ပုဒ်ဖြတ်စားစနစ်ဖြင့် လုပ်ကိုင်ရပြီး အထည်အော်ဒါရှိလျှင်ရှိသလို အလုပ်သမတစ်ဦးလျှင် တစ်လ ကျပ် ၁၅၀၀၀ မှ ၃၀၀၀၀ ၀န်းကျင်သာရသဖြင့် ပုံသေလစာရရှိရန် တောင်ဆိုသွားမည်ဖြစ်ကြောင်း ၊ ၄င်းအပြင် တစ်လလျှင် ခွင့်၂ရက်အပြင် တစ်လ ၂ရက် ၁၀မိနစ်ခန့်နောက်ကျခွင့်ရရှိရန်လည်း တောင်းဆိုသွားမည်ဟု အထည်ချုပ်အလုပ်သမ မခင်ဝေက YPI သို့ ပြောသည်။
အဆိုပါ စံပါယ်ဖူး စက်ရုံအလုပ်သမ အခက်အခဲအားလှိုင်သာယာမြို့နယ် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီနှင့် မြို့နယ်အလုပ်သမားရေးရာ တာဝန်ရှိသူများမှ အလုပ်ရှင်နှင်အလုပ်သမများကြား စေ့စပ်ညှိနှိုင်းပေးသွားမည်ဟု မြို့နယ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဌ ဦးမြင့်သိန်းက ပြောသည်။ ။
Yangon Press International
လုပ်ခ လစာငွေမလုံလောက်သည်ကို ဖြေရှင်းပေးဖို့ တင်ပြရန် အတွက် လှိုင်သာယာမြို့နယ် စက်မှုဇုံ ၄ မင်းကြီးမဟာမင်းခေါင်လမ်းပေ
ထိုသို့စုရုံးရခြင်းမှာ ဆန္ဒပြရန်မဟုတ်ဘဲ အလုပ်ရှင်နှင့်ညှိနှိုင်းရန
အဆိုပါစက်ရုံတွင် ပုဒ်ဖြတ်စားစနစ်ဖြင့် လုပ်ကိုင်ရပြီး အထည်အော်ဒါရှိလျှင်ရှိသလို အလုပ်သမတစ်ဦးလျှင် တစ်လ ကျပ် ၁၅၀၀၀ မှ ၃၀၀၀၀ ၀န်းကျင်သာရသဖြင့် ပုံသေလစာရရှိရန် တောင်ဆိုသွားမည်ဖြစ်ကြောင်း
အဆိုပါ စံပါယ်ဖူး စက်ရုံအလုပ်သမ အခက်အခဲအားလှိုင်သာယာမြို့နယ
Yangon Press International
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com