ဥရောပကိုကာကွယ်မည့် ကြားဖြတ်ပဲ့ထိန်းဒုံးခွင်းစနစ်ကို တပ်ဆင်လိုက်ပြီဖြစ်ကြောင်း နေတိုးအတွင်းရေးမှူးချုပ်က မေလ ၂၀ ရက်တွင် ပြောကြားခဲ့ရာ ရုရှားနှင့် တင်းမာမှု မြင့်တက်လာဖွယ်ရှိကြောင်း သိရသည်။
ဥရောပသမဂ္ဂရှိ ပြည်သူ၊ ပိုင်နက်နှင့် စစ်တပ်အားလုံးကို လွှမ်းခြုံကာကွယ်နိုင်မည့် ကာလရှည်ရည်မှန်းချက်ကို ပထမအဆင့် ခြေလှမ်းလှမ်း လိုက်ခြင်းဖြစ်ကြောင်း နေတိုးအတွင်းရေးမှူးချုပ် အန်ဒါစ်ဖို့ဟ်ရာမူဆင်န်က နေတိုးဆွေးနွေးပွဲ ပထမနေ့တွင် ပြောကြားခဲ့သည်။
မြေထဲပင်လယ်ရှိ အမေရိကန် စစ်သင်္ဘောတစ်စီးပေါ်တွင် ယင်းဒုံးခွင်းစနစ်များ တပ်ဆင်လိုက်ခြင်းဖြစ်ပြီး စစ်သင်္ဘောလေးစီးတွင် တပ်ဆင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယခုတပ်ဆင်လိုက်သည့် ကြား ဖြတ်ဒုံးခွင်းစနစ်မှာ မဟာမိတ်နိုင်ငံတို့၏ ဂြိုဟ်တု၊ သင်္ဘော၊ ရေဒါနှင့် ကြားဖြတ် ထောက်လှမ်းရေးစနစ်များ စသည့် ဒုံးခွင်းစနစ်များကို ချိတ်ဆက်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
ယင်းကြားဖြတ်စနစ်ကို ဂျာမနီရှိ အမေရိကန် အခြေစိုက်စခန်းတစ်ခုမှနေ၍ နေတိုးက ထိန်းချုပ်ကွပ်ကဲမည်ဖြစ်သည်။ ယင်းကြား ဖြတ်ဒုံးခွင်းစနစ်က အီရန် သို့မဟုတ် အရှေ့အလယ်ပိုင်း နိုင်ငံအချို့မှ ပဲ့ထိန်းဒုံးကျည်ပစ်ခတ်မှု ကြုံရနိုင်သည့် ဥရောပတောင်ပိုင်းကို ဦးတည်ကာ ကွယ်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်ဟု ယုံကြည်ရသည်။
ယင်းဒုံးခွင်းစနစ်များတွင် ပူးပေါင်းပါဝင်ရန် နေတိုးက ရုရှားကို ဖိတ်ခေါ်ခဲ့ရာ ယင်းစနစ်များသည် မော်စကို၏ ဒုံးခွင်းစနစ်များကို အဟန့်အတားမဖြစ်စေကြောင်း အာမခံသည့် တရားဝင် သဘောတူညီချက် ရယူရန် ရုရှားက တောင်းဆိုခဲ့သဖြင့် မပြေလည်ဖြစ်ခဲ့သည်။ ယင်းစနစ်များမှာ အရှေ့အလယ်ပိုင်းနိုင်ငံများမှ ဒုံးကျည်များကို တန်ပြန်ရန်အတွက်သာ တိုက်ရိုက်ရည်ရွယ်ကြောင်း အိုဘားမားအစိုးရနှင့် ဥရောပသမဂ္ဂ မဟာမိတ်များက ထုတ်ဖော်ပြောကြားခဲ့သည်။

Ref:CNN

6:29 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com