22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, May 14, 2012

တတိယ နေရာဖြင့် ရာသီ သိမ်းနိုင်ခဲ့သည့် အာဆင်နယ် ~ ၀က်စ်ဘရွန်းဝစ်ခ်ျ ၂ - ၃ အာဆင်နယ်

အာဆင်နယ် အသင်းသည် ၀က်စ်ဘရွန်းဝစ်ခ်ျအား နောက်မှ လိုက်ကစားခဲ့ရသော်လည်း အနိုင်ယူပြီး ရာသီကုန်တွင် အမှတ်ပေးဇယား တတိယ နေရာကို ပိုင်ပိုင်နိုင်နိုင် ရယူ သွားခဲ့သည်။


ဝက်စ်ဘရွန်းဝစ်ခ်ျသည် အန်တိုနီဖော်ကျွန်း၊ ရှိန်းလောင်း၊ ဂရေဟမ်ဒိုရန်စ်၊ ယူဆွတ်ဖ် မူလမ်ဘူ၊ ဆိုင်မွန်ကော့စ်၊ ဂျိမ်းစ်မော်ရစ်ဆင်၊ လီယမ်ရစ်ဂ်ျဝဲလ်၊ ဂျိုနက်စ် အော်လ်ဆင်၊ ဂါရတ်သ် မက်အော်လေ၊ ဘီလီဂျုံးစ်၊ မာတွန်ဖူလော့တို့ဖြင့် အာဆင်နယ်အား ရင်ဆိုင်ခဲ့သည်။ အာဆင်နယ်မှာမူ ရော်ဘင်ဗန်ပါစီ၊ ယိုဆေး ဘီနာယောင်၊ တိုမက်စ် ရိုဆစ်စကီး၊ ဂါဗင်ဟို၊ ဖရန်ဆစ် ကိုကွီလင်၊ အဲလက်စ်ဆောင်း၊ အန်ဒရီဆန်းတို့စ်၊ သောမတ်စ်ဗာမေလန်၊ လောရင့် ကိုစီရယ်လ်နီ၊ ကားလ်ဂျာကင်ဆန်၊ ဝေါ့ဆစ်ခ်ျ ဆက်ဇနီတို့ဖြင့် ပွဲထွက်လာသည်။
ချန်ပီယံလိဂ် ၀င်ခွင့်ရခဲ့သည့် အာဆင်နယ်

ပွဲအစ (၄)မိနစ်ကတည်းက အာဆင်နယ်အသင်း အဖွင့်ဂိုး သွင်းယူသည်။ ဂိုးသမား ဖူလော့၏ အူကြောင်ကြောင်နိုင်သော အမှားမှတစ်ဆင့် ဘီနာယောင် မထင်မှတ်ဘဲ ဘောလုံးရသွားပြီး လူမရှိသော ဂိုးပေါက်ထဲ ကန်ထည့်သွားခဲ့သည်။ (၁၂)မိနစ်တွင် ၀က်စ်ဘရွန်းဝစ်ခ်ျက ချေပဂိုး ပြန်သွင်းသည်။ လူကျွံထောင်ချောက်ကို သပ်ရပ်စွာ ဖောက်ထွက်သွားသည့် လောင်းက ကွင်းလယ်မှ မော်ရစ်ဆင် ထိုးပေးလိုက်သော ဘောလုံးကို ဆက်ဇနီ၏ ညာဘက်သို့ အနိမ့် ကန်သွင်းသွားခဲ့သည်။ နောက်ထပ် (၃)မိနစ် အကြာတွင် ၀က်စ်ဘရွန်းဝစ်ခ်ျက နောက်တစ်ဂိုး ထပ်သွင်းသည်။ မော်ရစ်ဆင်ထံမှပင် ထွက်လာသော ဘောလုံးကို ဒိုရန်စ်က ခေါင်းဖြင့် တစ်ချက်တော့ယူကာ မြေထောက်ကန်ချက်ဖြင့် ဂိုးသွင်းခဲ့ခြင်း ဖြစ်သည်။ မိနစ်(၃၀)တွင် အာဆင်နယ်တို့ ချေပဂိုး ပြန်လည် ရရှိသည်။ မူလမ်ဘူထံမှ ဘောလုံးကို ဆောင်းက ဖြတ်ယူပြီး ခင်းပေးလိုက်ရာ ဆန်းတို့စ်က ဧရိယာ အပြင်ဘက်မှ အပြင်းကန်သွင်းရာ ဂိုးဝင်သွားခဲ့သည်။ ပထမပိုင်း အပြီးတွင် (၂)ဂိုးစီ သရေဖြင့်သာ ရှိနေခဲ့သည်။

ဒုတိယပိုင်းတွင် အာဆင်နယ်သည် ချန်ပီယံလိဂ် တိုက်ရိုက်ဝင်ခွင့် နေရာအတွက် ပိုမိုကြိုးစား ကစားလာခဲ့သည်။ (၅၅)မိနစ်တွင် အာဆင်နယ်တို့ လိုအပ်သော အနိုင်ဂိုးကို ရရှိသွားသည်။ ဂိုးသမား ဖူလော့၏ စိတ်ပျက်ဖွယ် ဒုတိယမြောက် အမှားမှတစ်ဆင့် အိမ်ရှင်အသင်း ဂိုးပေးလိုက်ရခြင်း ဖြစ်သည်။ ဗန်ပါစီ ကန်တင်သော ထောင့်ကန်ဘောကို ဖူလော့ ထွက်ပုတ်ရာ ဂိုးအပြင်ဘက် ထွက်မသွားဘဲ ဂိုးပေါက်ထံ ဦးတည်သွားသဖြင့် ကိုစီရယ်လ်နီက အနီးကပ် ခေါင်းတိုက် ဂိုးသွင်းနိုင်ခဲ့သည်။ (၇၁)မိနစ်တွင် အနီးပေး စနစ်ဖြင့် ထိုးဖောက်လာသည့် ၀က်စ်ဘရွန်းဝစ်ခ်ျ၏ တိုက်စစ်ဆင်မှုမှ လူစားဝင် ကစားသမား ကိသ်အန်ဒရူးစ်၏ ကန်သွင်းမှုကို ဆက်ဇနီ ပုတ်ထုတ် ကာကွယ်ခဲ့သည့်နောက် နှစ်သင်းလုံး ဂိုးထပ်မရတော့ဘဲ အာဆင်နယ်က (၃-၂)ဖြင့် အနိုင်ယူကာ အမှတ်ပေးဇယား တတိယ နေရာကို သိမ်းပိုက်သွားခဲ့သည်။
Ref: Eurosportဂိုးသမား ဖူလော့၏ အူကြောင်ကြောင်နိုင်သော အမှားမှတစ်ဆင့် ဘီနာယောင် မထင်မှတ်ဘဲ ဘောလုံးရသွားပြီး လူမရှိသော ဂိုးပေါက်ထဲ ကန်ထည့်သွား ...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )